အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅) အတိဒုက္ခကို အချိန်ကြိုတင် ခေါ်ယူမည့် နည်းလမ်း...
လင်းဖန်သည် ထိုသို့ တွေးတောပြီးနောက် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အင်မော်တယ် ခန္ဓာကိုယ် မှာ ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲပြီးမှသာ အင်မော်တယ်ဘုံတွင် လွတ်လပ်စွာ လှည့်လည် သွားလာနိုင် မည် မဟုတ်ပါလော...။
“ဒါနဲ့ ရှောင်လင်...၊ မင်းကိုတော့ ငါနဲ့အတူ ပြန်မခေါ်သွားတော့ဘူး...။ မင်း ဒီမှာပဲနေခဲ့ပြီး ငါ့အတွက် တယ်လီပို့ တည်နေရာမှတ်အဖြစ် တာဝန်ယူပေးရမယ်...။”
အင်မော်တယ်စံအိမ် အဆောင်ပြားကို ဟင်းလင်းပြင် အဆောင်ပြားနှင့် ပေါင်းစပ်သန့်စင်ပြီးနောက်တွင် တော့...၊ ၎င်းမှာ ဟင်းလင်းပြင်အဆောင်ပြား၏ စွမ်းရည်များကို သဘာဝကျစွာပင်ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပေသည်...။
လင်းဖန်သည် တည်နေရာမှတ် လုပ်ဆောင်ချက်ကို အသုံးပြု၍ ဤနေရာကို အချိန်မရွေး ရှာဖွေနိုင်ပြီဖြစ် ရာ ရှောင်လင်၏ စွမ်းရည်များအပေါ် မှီခိုနေရန် မလိုအပ်တော့ချေ...။
“လက်ခံရရှိပါတယ် သခင်...၊ စိတ်ချလက်ချသာ ပြန်ပါ...။ ကျွန်တော် ဒီအခွင့်အရေးကို သုံးပြီး အင်မော် တယ်စံအိမ်ကို သေချာ သန့်ရှင်းရေး လုပ်ထားလိုက်ပါ့မယ်...။”
“သခင် ပြန်လာတဲ့အခါကျရင်တော့...၊ ဤအင်မော်တယ်စံအိမ်ကြီးက အသစ်အတိုင်း ဖြစ်နေစေရမယ် လို့ ကျွန်တော် အာမခံပါတယ်...။”
ရတနာဝိညာဉ် တစ်ဦးအနေဖြင့် ရှောင်လင်သည် အရာရာကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်စွမ်း မရှိသော်လည်း ဤအင်မော်တယ် နန်းတော်အတွင်း၌ ထိုကဲ့သို့သော အလုပ်များကို လုပ်ဆောင်ရန် အင်မော်တယ် ရုပ်သေး များစွာ ရှိနေသည် မဟုတ်ပါလော...။
ယခင်က လင်ရွှီ အင်မော်တယ်အရှင် ကွယ်လွန်သွားခြင်းနှင့် ရှောင်လင် အိပ်စက်နေခဲ့ခြင်းတို့ကြောင့် ထိုရုပ်သေးများ၏ လည်ပတ်မှု ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်...။ ယခု ရှောင်လင် နိုးထလာပြီဖြစ်ရာ ၎င်းတို့ကို ပြန်လည် အသက်သွင်းနိုင်ပြီ ဖြစ်ချေသည်...။
ရှောင်လင်၏ စကားကို ကြားရသောအခါ လင်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်...။ ထို့နောက် စိတ်အာရုံတစ်ခုဖြင့်ပင် မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်သို့ တိုက်ရိုက် ပြန်ရောက်သွားတော့သည်။
ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် လင်းဖန်သည် ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများကို ဆက်သွယ်ကာ အတိဒုက္ခ ကျော်ဖြတ်ပြီး အင်မော်တယ်ဘုံသို့ တက်လှမ်းမည့်သူ၏ အခြေအနေကို စုံစမ်းလိုက်သည်။ အင်မော်တယ်ဘုံသို့ သွားရန်အတွက် အတိဒုက္ခကို ကျော်ဖြတ်ပြီး တက်လှမ်းရန် လိုအပ်သည် မဟုတ်ပါ လော...။
ယခင်က မြင့်မြတ်နယ်မြေ လေးခုမှ လူများနှင့် ဆက်သွယ်စဉ်ကလည်း ဇူးချွဲ မြင့်မြတ်နယ်မြေမှ တစ်ဦးသည် နောက်ဆုံး အတိဒုက္ခကို ကျော်ဖြတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း သူတို့ ပြောပြခဲ့ဖူးသည်...
“ရောင်းရင်း...၊ မင်းတို့ မြင့်မြတ်နယ်မြေက အဲဒီလူက ဘယ်တော့လောက် အတိဒုက္ခ ကျော်ဖြတ်မှာ လဲ...။”
ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများသည် လင်းဖန်၏ သတင်းစကားကို ရရှိသောအခါ...၊ သူက လူတွေကို ဒီလောက်အမြန် မလွှတ်ချင်သေးသောကြောင့် မေးမြန်းသည်ဟု ထင်မှတ်သွားကြလေသည်...။
“ရောင်းရင်း လင်း...၊ သူက နောက်ထပ် တစ်လလောက်နေရင် အတိဒုက္ခ ကျော်ဖြတ်နိုင်ပါပြီ...။ တကယ် လို့ အဲဒါက မြန်လွန်းတယ်လို့ ထင်ရင်တော့...၊ သူ့ကို ကျင့်ကြံမှု ထိန်းထားခိုင်းလို့ ရပါတယ်...။ ဒါပေမဲ့ သုံးလထက်တော့ နောက်မကျနိုင်ဘူးပေါ့...။”
သူတို့ မသိသည်မှာ...၊ လင်းဖန်ကတော့ တစ်လဆိုသည့် အချိန်ကိုပင် မစောင့်နိုင်တော့ဘဲစိတ်မရှည် ဖြစ်နေခြင်းပင်...။
“မြန်တယ် ဟုတ်လား...၊ ငါ့အထင်တော့ နှေးတောင် နှေးနေသေးတယ်...။”
“သူ့ကို အခုချက်ချင်း အတိဒုက္ခ ကျော်ဖြတ်ခိုင်းလို့ မရဘူးလား...။ ငါ့လူတွေကို နောက် ခုနစ်ရက်နေရင် သူ့နဲ့အတူ တက်လှမ်းခိုင်းချင်လို့လေ...။”
လင်းဖန်၏ စကားကြောင့် ဇူးချွဲ မြင့်မြတ်နယ်မြေမှ အင်မော်တယ်များ အံ့အားသင့်သွားသော်လည်း...၊ ခေါင်းယမ်းကာ ငြင်းဆိုလိုက်ကြလေသည်...။
“ရောင်းရင်း...၊ ငါပြောတဲ့ တစ်လဆိုတာ အမြန်ဆုံး အချိန်ကို ပြောတာပါ...။”
“သူ့ရဲ့ ကျင့်ကြံမှုက အဋ္ဌမအကြိမ် အတိဒုက္ခ အထွတ်အထိပ်ကို ရောက်ဖို့ နည်းနည်း လိုနေသေးတယ်...။ အထွတ်အထိပ်ကို မရောက်ဘဲနဲ့တော့ မိုးကြိုး အတိဒုက္ခကို ဆွဲဆောင်လို့ မရနိုင်ဘူးလေ...။ အထွတ် အထိပ် ရောက်ရင်တောင်မှ အဲဒီ မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းတွေ ပြင်ဆင်ရဦးမှာ မဟုတ်လား...။”
ဇူးချွဲ အင်မော်တယ်၏ စကားကြောင့် လင်းဖန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်...။
သူကတော့ တစ်လတိတိ မစောင့်ချင်ပေ...။ ကြည့်ရတာ အတိဒုက္ခကို အချိန်ကြိုတင် ခေါ်ယူနိုင်မည့် ဆေးလုံး သို့မဟုတ် မှော်လက်နက်များကို စုံစမ်းရမည့်အချိန်ရောက်ပြီ ဖြစ်ချေသည်...။
“မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ဖို့အတွက်ကတော့ စိတ်မပူပါနဲ့...။ ငါ ‘ကြီးမြတ်သောပြန်လည် ကုသခြင်း ဆေးလုံး’ ပေးမယ်...။ သူ အဲဒီဆေးကို သုံးပြီး အတိဒုက္ခကို ကျော်ဖြတ်လို့ ရတယ်...။”
“ကျင့်ကြံမှု မလုံလောက်လို့ မိုးကြိုးအတိဒုက္ခကို မခေါ်နိုင်တဲ့ ကိစ္စအတွက်ကတော့...၊ ငါ့ကို ခဏ လောက် စောင့်ပေးဦး...။”
“သူ့ကို အသင့်ပြင်ထားဖို့ ပြောလိုက်တော့...၊ အမြန်ဆုံးဆိုရင် ဒီနေ့...၊ ဒါမှမဟုတ် နောက်ဆုံး နောက်နေ့ ပေါ့...။ သူ ကိုးကြိမ်မြောက် တက်လှမ်းခြင်း အတိဒုက္ခကို ရင်ဆိုင်ဖို့ ပြင်ထားရမယ်...။”
လင်းဖန်၏ စကားကြောင့် ဇူးချွဲ အင်မော်တယ်မှာ မျက်မှောင်ကြုတ်သွားသော်လည်း လင်းဖန်၏ အကြံ ကို သဘောတူလိုက်လေသည်...။ ဘာပဲဖြစ်ဖြစ် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက အင်မော်တယ် ကိုး ယောက် ထျန်းယွမ်တိုက်ကြီးမှာ ရှိနေသရွေ့တော့ သူတို့ စိတ်မအေးနိုင်ကြပေ...။
မဟာမိတ် ဖွဲ့ထားသည်ဆိုသော်လည်း...၊ တစ်ဖက်လူက ရုတ်တရက် စိတ်ပြောင်းသွားလျှင်ရော မည်သို့ လုပ်ပါမည်နည်း...။
ထို့ကြောင့် တစ်ဖက်လူ၏ အဖွဲ့ဝင်များကို အင်မော်တယ်ဘုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခြင်းမှာ လင်းဖန် သာမက မြင့်မြတ်နယ်မြေ လေးခုစလုံး၏ အလိုဆန္ဒလည်း ဖြစ်နေသည်ပင်...။
“ကောင်းပြီ...၊ ဒါဆိုရင် သူ့ကို အခုပဲ အသင့်ပြင်ခိုင်းထားလိုက်ပါ့မယ်...။တစ်ချိန်တည်းမှာပဲ အထက်ဘုံ က စီနီယာတွေဆီကိုလည်းသတင်းပို့ထားလိုက်မယ်...။ အချိန်တန်ရင် လာကြိုဖို့ပေါ့...။”
ဆက်သွယ်ရေးကို အဆုံးသတ်ပြီးနောက် လင်းဖန်သည် ဆေးလုံးများကို စတင် သုတေသန ပြုတော့ သည်...။
သူ ပထမဆုံး ထုတ်ယူလိုက်သည်မှာ ထူးခြားသောဆေးလုံးဖြစ်သည့် ‘တက်လှမ်းခြင်းဆေးလုံး’ ပင် ဖြစ်သည်။
[တက်လှမ်းခြင်းဆေးလုံး (မြည်းတံဆိပ်) - ထူးခြားသော ဆေးလုံး...]
[မိတ်ဆက် - အရည်အချင်း မပြည့်ဝသော ဆေးဆရာတစ်ဦးက အဆင့်ကျော်၍ ဇွတ်အတင်း ဖော်စပ် ထားသော ဆေးလုံး...။]
[စွမ်းဆောင်ရည် - အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည့် အခွင့်အရေးကို (၅၀) ရာခိုင်နှုန်း တိုးမြင့်ပေး သည်...။]
“ဒီဆေးကတော့ အင်မော်တယ် ဖြစ်ဖို့ (၅၀) ရာခိုင်နှုန်း...။ သေပြီးမှ တက်လှမ်းဖို့က (၅၀) ရာခိုင်နှုန်း ပေါ့...။ ငါတို့ လောင်းကြည့်ကြမလား...။”
“မဖြစ်သေးပါဘူး...။ လူတစ်ယောက်ကို အသေသောက်ခိုင်းမိရင်...၊ နောက်ထပ် အတိဒုက္ခကို ကျော် ဖြတ်နိုင်မယ့်သူ ပေါ်လာဖို့ ဘယ်လောက်တောင် စောင့်ရဦးမှာလဲ မသိဘူး...။”
“ဒါ့အပြင်...၊ ဆေးသောက်ပြီး တိုက်ရိုက် တက်လှမ်းတာက တက်လှမ်းခြင်း လမ်းကြောင်းကို ဖန်တီးပေး နိုင်မလားဆိုတာလည်း မသေချာဘူးလေ...။”
ဖြတ်လမ်းဆေးလုံးကို ပြန်သိမ်းလိုက်ပြီးနောက် လင်းဖန်သည် သုတေသနကို ထပ်မံ စတင်ရပြန်သည်..။ မကြာမီမှာပင် လင်းဖန်၏ အကြည့်မှာ “လျှပ်စီးငါးချက်နှင်တံ” ဆီသို့ ရောက်ရှိသွားခဲ့လေသည်...။
“လျှပ်စီးနှင်တံက မိုးကြိုးနဲ့ ပတ်သက်နေတာပဲ...။ အဲဒါကို ‘တက်လှမ်းခြင်းဆေးလုံး’ နဲ့သာ ပေါင်းစပ် လိုက်ရင်...၊ တက်လှမ်းခြင်း မိုးကြိုးအတိဒုက္ခကို ဆွဲဆောင်သွားနိုင်မလား...။”
ဤသို့တွေးတောရင်း လင်းဖန်သည် အကယ်၍များ ဖြစ်လာနိုင်မလားဟု စမ်းကြည့်ရန် ဆုံးဖြတ်လိုက် သည်...။ ထို့နောက် သူသည် တက်လှမ်းခြင်းဆေးလုံးကို ထပ်မံထုတ်ယူကာ လျှပ်စီးငါးချက်နှင်တံနှင့် အတူ မီးဖိုထဲသို့ ထည့်လိုက်လေတော့သည်...။
[ပိုင်ရှင်...၊ ဆေးလုံးနဲ့ မှော်လက်နက်ကို အတူတူ သန့်စင်မယ် ဟုတ်လား...။ ဒါမျိုးကို ဘယ်လိုများ တွေးမိတာလဲ...။]
“ဘာဖြစ်လဲ...၊ ကော်တောင်မှ အတူတူ သန့်စင်လို့ ရသေးတာပဲ...။ ဒီမှော်လက်နက်ကျမှ ဘာလို့ မရရမှာလဲ...။”
ခေတ္တအကြာတွင် “ဒင်...” ဟူသော အသံနှင့်အတူ သန့်စင်မှု ပြီးဆုံးသွားခဲ့လေသည်...။ ဆေးမီးဖိုကို ဖွင့် လိုက်သောအခါ လျှပ်စစ်မီးပွားများ ထွက်ပေါ်နေသော ဆေးလုံးတစ်လုံးကို အတွင်း၌ တွေ့လိုက်ရ လေသည်...။
လင်းဖန် ဝေခွဲမနေတော့ဘဲ စိတ်ဝိညာဉ်ကျောက်တုံးများ အသုံးပြု၍ ချက်ချင်းပင် စစ်ဆေးလိုက်သည်...
[လျှပ်စစ်ပျံဆေးလုံး (မြည်းတံဆိပ်) - အထူးဆေး...]
[ဖော်ပြချက် - ထူးဆန်းသောဝါသနာရှိသူများအတွက် အထူးဆေး...။ ]
[အာနိသင် -သောက်သုံးပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးတွင်လျှပ်စစ်ဓာတ်လိုက်သလို တဆတ်ဆတ် တုန်ခါနေသည့် ခံစားချက်ကို ရရှိစေသည်...]
လင်းဖန် ဆက်ပြီး မကြည့်နိုင်တော့ချေ...။ ကြည့်ရသည်မှာ ဤသုတေသနမှာတော့ ကျရှုံးသွားပြီ ဖြစ် သည်...။ သို့သော် လင်းဖန် စိတ်မပျက်ဘဲ သူ ကျရှုံးရသည့် အကြောင်းရင်းကို စတင် ရှာဖွေတော့သည်။
ခဏအကြာတွင် လင်းဖန် တစ်ယောက်တည်း ရေရွတ်လိုက်သည်...။
“အင်း... ဒါက ဒီလျှပ်စီးနှင်တံရဲ့ အရည်အသွေးက အရမ်း နိမ့်နေလို့ ဖြစ်ရမယ်...။ လျှပ်စီး အာနိသင်က မပြင်းထန်ဘူးပေါ့...။”
“တကယ်လို့ နဝမအဆင့် လျှပ်စီးနှင်တံကိုမှ တက်လှမ်းခြင်းဆေးလုံးနဲ့ ပေါင်းစပ်လိုက်ရင်တော့...၊ အာနိသင်က လုံလောက်သွားလောက်ပြီ မဟုတ်ဘူးလား...။”
ထိုသို့တွေးတောပြီးနောက် လင်းဖန် ချက်ချင်းပင် သန့်စင်မှု ပြုလုပ်တော့သည်...။ အာနိသင် ပိုမို ပြင်း ထန်စေရန်အတွက် သန့်စင်မှု ဖြစ်စဉ်တွင် လင်းဖန်သည် အင်မော်တယ် စွမ်းအားများကို တိုက်ရိုက် ပေါင်းထည့်လိုက်လေသည်...။
သူတို့သည် နတ်ဘုရားတစ်ပိုင်းလက်နက် အဆင့်ရှိသော ‘လျှပ်စီးငါးချက်နှင်တံ’ ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြသည်...။ လင်းဖန် ဝေခွဲမနေတော့ဘဲ နောက်ထပ် တက်လှမ်းခြင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ... ထိုနတ်ဘုရားတစ်ပိုင်းလက်နက် လျှပ်စီးနှင်တံနှင့်အတူ ဆက်လက် သန့်စင်လိုက်ပြန် လေသည်...။
နောက်ထပ် စောင့်ဆိုင်းရမည့် အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက် သန့်စင်မှု ပြီးဆုံးသွားခဲ့လေသည်...။ လင်းဖန် စိတ်မရှည်စွာဖြင့် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် ရယ်မောလိုက်တော့သည်...။ ယခုအခါ မီးဖိုအတွင်း၌ ရှိနေသည်မှာ ဆေးလုံး မဟုတ်တော့ဘဲ မှော်လက်နက်တစ်ခု ဖြစ်နေသည် မဟုတ်ပါ လော..။.
“ဟားဟားဟား...၊ ငါ ထင်တဲ့အတိုင်းပဲ...။ လျှပ်စီး အာနိသင်သာ ပြင်းထန်ရင် မိုးကြိုးအတိဒုက္ခကို သေချာပေါက် ဆွဲဆောင်နိုင်တာပဲ...။”
[မိုးကြိုးနှင်တံ (မြည်းတံဆိပ်) - နတ်ဘုရားတစ်ပိုင်းလက်နက်...]
[မိတ်ဆက် - သာမန် လျှပ်စီးတွေက မင်းရဲ့ ထူးဆန်းတဲ့ ဝါသနာကို မဖြည့်ဆည်းပေးနိုင်တော့ဘူးဆို ရင်...၊မိုးကြိုးအတိဒုက္ခကိုရော ဘယ်လို ထင်လဲ...။]
[အာနိသင် - တက်လှမ်းခြင်း မိုးကြိုးအတိဒုက္ခရဲ့ ရိုက်နှက်မှုကို ဆွဲဆောင်နိုင်သည်...။]
[ဘေးထွက်ဆိုးကျိုး - တစ်ယောက်ကို တစ်ကြိမ်သာ ခံစားခွင့် ရှိသည်...]
ဘေးထွက်ဆိုးကျိုးကို မြင်လိုက်ရသောအခါ လင်းဖန် လန့်သွားပြီး... တက်လှမ်းခြင်းဆေးလုံး၏ (၅၀) ရာခိုင်နှုန်း သေနိုင်ခြေ ပေါ်လာပြီလားဟု ထင်လိုက်မိသည်...။ သို့သော် လင်းဖန် အခြား ဖြစ်နိုင်ခြေတစ်ခု ကို လျင်မြန်စွာပင် တွေးမိသွားခဲ့သည်။
၎င်းမှာ တက်လှမ်းခြင်း အတိဒုက္ခပင်...။ အဋ္ဌမအကြိမ် အတိဒုက္ခ ကျင့်ကြံသူ မဟုတ်လျှင် မည်သူမျှ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ လျှပ်စစ်ဓာတ်လိုက်ပြီး ပြာဖြစ်မသွားခင် တစ်ကြိမ်သာ ကြုံတွေ့နိုင်သည် မဟုတ်ပါလော...။
သို့သော် အကယ်၍ ထိုသူမှာ အဋ္ဌမအကြိမ် အတိဒုက္ခ ကျင့်ကြံသူ ဖြစ်ခဲ့လျှင်တော့၊ ဤအတွေ့အကြုံကို ခံစားပြီးနောက် တက်လှမ်းသွားမည်ဖြစ်ရာ သဘာဝကျကျပင် တစ်ကြိမ်သာ ခံစားနိုင်မည် ဖြစ်သည်။
“အင်း...၊ မဆိုးဘူး... မဆိုးဘူး...။ ဒါဆိုရင်တော့ ငါတို့ နောက် ခုနစ်ရက်နေရင် အင်မော်တယ်ဘုံဆီ တက်လှမ်းလို့ ရပြီပေါ့...။”
ထို့နောက်တွင်တော့ လင်းဖန်သည် ဇူးချွဲ မြင့်မြတ်နယ်မြေကို တစ်ဖက် ဆက်သွယ်လိုက်ပြီး အတိဒုက္ခ ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း အကြောင်းကြားလိုက်လေတော့သည်...။
ဇူးချွဲ မြင့်မြတ်နယ်မြေနှင့် မလှမ်းမကမ်းတွင် ရှိသော တောင်တန်းတစ်ခုဆီသို့... ၊ လင်းဖန်နှင့် ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများ စုဝေးရောက်ရှိလာခဲ့ကြလေသည်...။
“ရောင်းရင်း လင်း...၊ မင်း... တကယ်ပဲ ယုံကြည်ချက် ရှိလို့လား...။”
ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများ၏ အသံတွင် သိသာလှသော စိုးရိမ်မှုများကို ကြားလိုက်ရသဖြင့် လင်းဖန်က တစ်ဖက်လူ စိတ်အေးသွားစေရန် ခေါင်းညိတ်ပြလိုက်လေသည်...။
“စိတ်မပူပါနဲ့...၊ ဒီမိုးကြိုးနှင်တံက နတ်ဘုရားတစ်ပိုင်းလက်နက် အဆင့်ကို ရောက်နေပြီဆိုတော့...၊ အတိဒုက္ခ မိုးကြိုးကို သေချာပေါက် ဆွဲဆောင်နိုင်မှာပါ...။”
ထိုစကားကို ကြားသောအခါ ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများက ပြန်လည် တုံ့ပြန်လိုက်လေသည်...။
“အခု ကျွန်တော် စိုးရိမ်နေတာက မိုးကြိုးအတိဒုက္ခကို ဆွဲဆောင်နိုင်၊ မနိုင် မဟုတ်ပါဘူး...။ ဒီလို နည်းလမ်းနဲ့ ဆွဲဆောင်လိုက်တဲ့ မိုးကြိုးအတိဒုက္ခမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေ ရှိလာမလားဆို တာကိုပါ...။”