← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) ကမ္ဘာကြီးရဲ့ သန္ဓေသားလောင်းလား... ကြီးမားတဲ့ အထောက်အပံ့ကြီးပါလား

ပို၍ပင် အရှက်ရဖွယ်ကောင်းသည်မှာ သူသည် ထုံကျင်နေချိန်တွင် သူ၏ သွားရည်ကျခြင်းကို မထိန်း ချုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သွားရည်များသည် မြေပြင်ပေါ်သို့ ကျလာပြီး ဖုန်မှုန့်များနှင့် ရောနှောကာ သွားရည်ဘိလပ်မြေအဖြစ် ပြောင်းလဲသွားလေသည်။ သူ လှုပ်ရှားနေစဉ်တွင် သူ၏ မျက်နှာတစ်ခုလုံးသည် စေးကပ်နေသော အညစ်အကြေးများများဖြင့် ဖုံးလွှမ်းလျှက် ရှိနေခဲ့ပေသည်။

ပြန့်ကျဲနေသော ဆေးလုံးများပေါ်တွင်ပင်...

“အော့...”

“ငါ အတိဒုက္ခတွေကို အများကြီး ကြည့်ဖူးပါတယ်...။ ဒီတစ်ကြိမ်ကတော့ ငါ့ကို ပထမဆုံးအကြိမ် ရွံရှာမိအောင် လုပ်နိုင်တာပဲ...။”

“တော်သေးတာပေါ့...။ အကြီးအကဲဟယ်က သူ့ရဲ့ အတိဒုက္ခ ပြီးဆုံးတာနဲ့ အင်မော်တယ်ဘုံကို ချက်ချင်း တက်လှမ်းသွားမှာမို့လို့...။”

“ဟုတ်တယ်... ဒီနေ့ပြီးသွားရင် သူ ထျန်းယွမ်တိုက်ကြီးမှာ ဆက်နေဖို့ မျက်နှာရှိတော့မှာ မဟုတ်ဘူး...။”

“မိုးကြိုးအတိဒုက္ခ...၊ မြန်မြန်ပစ်ချလိုက်ပါတော့...။ ငါ ဆက်မကြည့်နိုင်တော့ဘူး...။”

လူအုပ်ကြီး၏ တီးတိုးရေရွတ်သံများကြားတွင် မိုးကြိုးအတိဒုက္ခသည် နောက်ဆုံး၌ ပျောက်ကွယ်သွား လေတော့သည်။

ဇာတ်ကောင်ဖြစ်သော အကြီးအကဲဟယ်သည် အတိဒုက္ခ ပြီးဆုံးသွားပြီးနောက် ဆက်နေရန် အလွန် ရှက်ရွံ့ နေပုံရပေသည်။ သူသည် နှုတ်ပင်မဆက်ဘဲ ထွက်ခွာသွားခဲ့လေတော့သည်။

လူတိုင်းက အကြီးအကဲဟယ်၏ ခံစားချက်ကို နားလည်သောကြောင့် ဂုဏ်ပြုစကားဆိုရန် သူ၏နောက်သို့ မလိုက်တော့ပေ။

“အဟမ်း...၊ အခု အကြီးအကဲဟယ်ရဲ့ အတိဒုက္ခက ပြီးဆုံးသွားပြီဆိုတော့ ကျွန်တော်လည်း ဆက်မနေ တော့ပါဘူး...။”

“ခုနစ်ရက်ကြာရင် ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့...။”

နှုတ်ဆက်စကား ဆိုပြီးနောက် လင်းဖန်သည် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။

မည်သို့ပင်ဆိုစေ သူသည် ဇူးချွဲ မြင့်မြတ်နယ်မြေမှ လူများ၏ မကျေမနပ်ဖြစ်နေသော အကြည့်များကို ထပ်မမြင်ချင်တော့ပေ။

ယခုကျန်ရှိနေသည်မှာ အကြီးအကဲဟယ်၏ အင်မော်တယ်ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်း ပြီးဆုံးသည် အထိ စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ၏ကိုယ်ပိုင် အင်မော်တယ်ခန္ဓာကိုယ်မှာ လည်း အသွင်ပြောင်းပြီးလောက်ပြီ ဖြစ်ချေသည်။

ရက်အနည်းငယ်အကြာ၊ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွင်း၌...

[ဒင်...။ ဂုဏ်ယူပါတယ် ပိုင်ရှင်...။ သင့်ရဲ့ အင်မော်တယ်ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းက ပြီးဆုံး သွားပါပြီ...။ သင်က အစစ်အမှန် အင်မော်တယ်အဆင့်ကို တရားဝင် တက်လှမ်းသွားပါပြီ...။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားတဲ့အတွက် လုပ်ဆောင် ချက်အသစ်တွေကို ဖွင့်လှစ်လိုက်ပါပြီ...။]

လင်းဖန်၏ စိတ်ထဲတွင် စနစ်၏ သာယာသော အသိပေးသံ ထွက်ပေါ်လာလေသည်။

“ဟားဟားဟား...၊ ပြီးသွားပြီ...။ ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က ပြီးပြည့်စုံသွားပြီ...။ ငါက နောက်ဆုံး တော့ အစစ်အမှန် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပြီပဲ...။”

“ပြီးပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိတာက လုပ်ဆောင်ချက်အသစ်တွေ ရရှိလာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...။ အဲဒါတွေက ဘာတွေများလဲ...။”

စနစ်၏မျက်နှာပြင်ကို ကြည့်လိုက်သောအခါ လင်းဖန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား လေတော့သည်။

“ကျစ်... ကမ္ဘာကြီးရဲ့ သန္ဓေသားလောင်းတဲ့လား...၊ ဘာကြီးလဲ...။”

မည်သည့် ရှင်းလင်းချက်မှ မပါရှိဘဲ စာလုံးအနည်းငယ်သာ ရှိနေဆဲဖြစ်သည်။

သူ့အနေဖြင့် စနစ်က သူ့ကို ရှင်းပြလာမည်ကိုသာ စောင့်ဆိုင်းရန်မှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ပေ။

[ပိုင်ရှင်...၊ ဒါကို ထပ်ပြီး ရှင်းပြဖို့ လိုသေးလို့လား...။]

[သန္ဓေသားလောင်း ကမ္ဘာဆိုတာက မြင့်မြတ်ရာနယ်မြေက မြင့်မြတ်နယ်မြေတစ်ခုအဖြစ်ကနေ အစစ် အမှန် ကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းလဲဖို့ စတင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ...။]

စနစ်၏ ရှင်းပြချက်ကြောင့် လင်းဖန် အံ့သြသွားလေသည်။ ထို့နောက် ဘာဖြစ်နေသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ မြင့်မြတ်နယ်မြေ၏ အံ့ဖွယ်အမျိုးမျိုးက လင်းဖန်ကို ၎င်းသည် မြင့်မြတ် နယ်မြေတစ်ခုမျှသာ ဖြစ်ကြောင်း နီးပါး မေ့လျော့သွားစေခဲ့သည်။ ၎င်းသည် အခြားသော မြင့်မြတ် နယ်မြေများနှင့် လျှို့ဝှက်နယ်မြေများထက် များစွာသာလွန်နေသော်လည်း ၎င်းသည် အထူးနေရာတစ်ခု မျှသာ ဖြစ်နေဆဲဖြစ်ပြီး ကမ္ဘာကြီးနှင့် မယှဉ်နိုင်သေးပေ။

ဤထျန်းယွမ်တိုက်ကြီးပင်လျှင် ကမ္ဘာတစ်ခုအဖြစ် အမှန်တကယ် မသတ်မှတ်နိုင်ပေ။ သို့မဟုတ်ပါက အဘယ်ကြောင့် ထျန်းယွမ်ကမ္ဘာဟု မခေါ်ဘဲ ထျန်းယွမ်တိုက်ကြီးဟု ခေါ်ဆိုနေပါမည်နည်း။

အင်မော်တယ်ဘုံကဲ့သို့သော နေရာများကိုသာ အစစ်အမှန် ကမ္ဘာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

*အခု ငါ့ရဲ့ကိုယ်ပိုင် မြင့်မြတ်ရာနယ်မြေက ဒီလို တည်ရှိမှုမျိုး တကယ် ဖြစ်လာတော့မှာလား...။*

သို့သော် အင်မော်တယ်ဘုံသည် အလွန် ပြီးပြည့်စုံပြီး ရင့်ကျက်သော ကမ္ဘာတစ်ခုဖြစ်ပြီး သူ၏ ကိုယ်ပိုင် မြင့်မြတ်ရာနယ်မြေမှာမူ သန္ဓေသားလောင်း အဆင့်တွင်သာ ရှိနေသေးသည်။

ထိုအရာကို တွေးတောပြီးနောက် လင်းဖန်သည် ချက်ချင်း ခေါင်းညိတ်ကာ သူ့ဘာသာ ရေရွတ်လိုက် လေသည်။

“ဒါဆိုရင် ဒီသန္ဓေသားလောင်း ကမ္ဘာက ဟင်းလင်းပြင်သားရဲတဲလိုပဲ အလုပ်လုပ်တာလား...။”

“အထဲမှာ 'ကမ္ဘာ' ဆိုတဲ့ စကားလုံး ပါနေလို့ ကမ္ဘာဦးသစ်ပင်ရဲ့ လုပ်ဆောင်ချက်လို့ ငါ ထင်နေခဲ့တာ...။”

သို့သော် လင်းဖန်၏ စကားများကို စနစ်က ချက်ချင်းပင် ပြင်ဆင်ပေးလိုက်သည်။

[ပိုင်ရှင်ရဲ့ နားလည်မှုက မှားယွင်းနေပါတယ်...။ ဒီသန္ဓေသားလောင်း ကမ္ဘာက ပစ္စည်းအများအပြားရဲ့ ပူးတွဲလုပ်ဆောင်ချက်အဖြစ် သတ်မှတ်ရမှာပါ...။]

“အို...၊ မင်းက ဘာကိုဆိုလိုတာလဲ...။”

[ဟင်းလင်းပြင်သားရဲတွေက သန္ဓေသားလောင်း ကမ္ဘာအတွက် အမြဲတမ်း ကြီးထွားနေတဲ့ နေရာကို ထောက်ပံ့ပေးပြီး ကမ္ဘာဦးသစ်ပင်ကတော့ ၎င်းရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးပါတယ်…။ ဒီနှစ်ခုက အရေးအကြီးဆုံးပါပဲ...]

[ဒါ့အပြင် သုံးချောင်းထောက် ရွှေကျီးကန်းက နေနဲ့ အခြားသော ကောင်းကင်ကိုယ်ထည်တွေကို ထောက်ပံ့ပေးနိုင်ပြီး ခရမ်းရွှေနတ်နဂါးကတော့ တောင်တန်းတွေ၊ မြစ်တွေနဲ့ ဝိညာဉ်ကြော စတာ တွေကို ထောက်ပံ့ပေးနိုင်ပါတယ်...။]

ဤနေရာအရောက်တွင် စနစ်၏ အသံသည် ရုတ်တရက် ပြတ်တောက်သွားလေသည်။

နောက်ဆက်တွဲကို စောင့်ဆိုင်းနေသော လင်းဖန်သည် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဆက်ပြောလေ...၊ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကကော...။ သူက ဘယ်လို အကူအညီပေးလဲ...။”

[အင်း... အဲဒါက လောလောဆယ်တော့ သိပ်အသုံးမဝင်သေးပါဘူး...။]

“ဟင်...၊ ဘာလို့လဲ... သူက အထူးအခွင့်အရေး ရနေလို့လား...။”

[ပိုင်ရှင်... ရှေ့က ပစ္စည်းလေးခုရဲ့ ဇာစ်မြစ်တွေကို စဉ်းစားကြည့်ပါ...။ ပြီးတော့မှ ဆေးမီးဖိုရဲ့ ဇာစ်မြစ်ကို စဉ်းစားကြည့်ပါ...။]

၎င်းကို ကြားသောအခါ လင်းဖန်သည် ချက်ချင်း သဘောပေါက်သွားလေသည်။

မှန်ပေသည်။ အရှေ့က သတ္တဝါများအားလုံးသည် ကမ္ဘာဦးသစ်ပင်၊ ခရမ်းရွှေနတ်နဂါး၊ သုံးချောင်း ထောက် ရွှေကျီးကန်းနှင့် ဟင်းလင်းပြင်သားရဲတို့ကဲ့သို့ အဆင့်မြင့်ပြီး ရှားပါးသော သတ္တဝါများ ဖြစ် ကြလေသည်။

ဆေးမီးဖိုကကော...၊

လင်းဖန်သည် စနစ်က သူ့ကို ပြောပြခဲ့ဖူးသော ပုံပြင်ကို ဝေဝေဝါးဝါး မှတ်မိသွားသည်။ ၎င်းသည် မူလ က သေမျိုးကမ္ဘာမှ အသားစားမြည်း တစ်ကောင်သာ ဖြစ်ချေသည်။

“ဟူး...၊ အင်းပေါ့လေ... သူတို့ရဲ့ နောက်ခံကို ထည့်စဉ်းစားရင် ဒီအဆင့်ထိ တိုးတက်လာတာကကို တော်တော်လေး အထင်ကြီးစရာကောင်းနေပါပြီ...။”

“တခြားသူတွေရဲ့ စမှတ်က သူတို့ရဲ့ ဆုံးမှတ်ဖြစ်နေတာကို သူတို့ဆီက ဘယ်လိုလုပ် ပိုကောင်းလာဖို့ မျှော်လင့်နိုင်မှာလဲ...။”

[ပိုင်ရှင် အရမ်းကြီး စိတ်မပျက်ပါနဲ့...၊ လောလောဆယ် သိပ်အသုံးမဝင်သေးဘူးလို့ဆိုလိုတာပါ... ။ အနာဂတ်မှာ အသုံးဝင်လာနိုင်ပါတယ်...။]

“ဥပမာအားဖြင့်...”

[ဥပမာအားဖြင့်...၊ အဟမ်း... ဖြစ်နိုင်တယ်လို့ပဲ ပြောတာပါ...။ သေချာပေါက် အလုပ်လုပ်မယ်လို့ ပြောတာ မဟုတ်ပါဘူး...။]

စနစ်၏ တုံ့ဆိုင်းနေသော စကားများကို ကြားသောအခါ လင်းဖန်၏ မျက်လုံးများ အနည်းငယ် ကျဉ်း မြောင်းသွားလေသည်။ စနစ်အပေါ် သူ၏ နားလည်မှုအရ စနစ်က ဤအချက်ကို ထည့်ပြောလာသည် ဆိုကတည်းက ၎င်းသည် သေချာပေါက် တည်ရှိနေရမည် ဖြစ်သည်။

ရုတ်တရက် လင်းဖန်သည် ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဆေးမီးဖို၏ အစောပိုင်း မိတ်ဆက်စကား ကို မှတ်မိသွားခဲ့လေသည်။

[အရန်ရတနာ - ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို။ (ဆေးသန့်စင်ခြင်း၊ လက်နက်ဖန်တီးခြင်းနှင့် အရာအားလုံး ဖန်တီးခြင်းတို့အတွက် အသုံးပြုနိုင်သည်။ အလွန်ထိရောက်သော ထုတ်လုပ်မှု ရှိသည်။)]

အဓိကအချက်မှာ “အရာအားလုံးကို ဖန်တီးခြင်း” ဟူသော စကားလုံးသုံးလုံးတွင် တည်ရှိနေပေသည်။

“အရာအားလုံး” ဆိုသည်မှာ အလွန်ကျယ်ပြန့်သော စကားလုံး ဖြစ်သည်။

*ကမ္ဘာကြီးသည် အရာအားလုံး ထဲမှ တစ်ခုလား။ ၎င်းက ကမ္ဘာကြီးကို ဖန်တီးနိုင်မည်လား…။*

၎င်းကို တွေးမိသောအခါ လင်းဖန်သည် ခေါင်းခါလိုက်ပြီး သူ၏ ရဲတင်းသော စိတ်ကူးကို ဖယ်ရှားလိုက် သည်။ ဆေးမီးဖို ထုတ်လုပ်သူအဖြစ် ၎င်း၏ ဇာစ်မြစ်အရ ၎င်းသည် ဤမျှလောက် အစွမ်းထက်နေသင့် သည်တော့ မဟုတ်ပေ။

*ဒါက ထျန်းယွမ်တိုက်ကြီးလိုမျိုး အရာတစ်ခုကို ဖန်တီးနေတာလား ဒါမှမဟုတ် မြင့်မြတ် နယ်မြေတွေ နဲ့ ဝိညာဉ်အကြွင်းအကျန်တွေကိုဖန်တီးနေတာများလား…။*

*ဒါမှမဟုတ် ငါမစဉ်းစားမိသေးတဲ့ အရာတစ်ခုခုများလား…။*

အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်လည်း သေချာသော အဖြေတစ်ခုကို မရနိုင်သေးပေ။

အနာဂတ်တွင် ဖြည်းဖြည်းချင်း အတည်ပြုရန် စောင့်ဆိုင်းရုံသာ ရှိတော့သည်။

ထို့နောက် လင်းဖန်သည် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ သန္ဓေသားလောင်း ကမ္ဘာ လုပ်ဆောင် ချက်ကို ထပ်ထည့်လိုက်ပြီးနောက် မြင့်မြတ်နယ်မြေ နေရာတွင် မည်သို့သော အပြောင်းအလဲများ ဖြစ် ပေါ်လာသည်ကို စတင်စစ်ဆေးလိုက်သည်။

မဟုတ်သေးပေ။ သူတို့သည် ၎င်းကို မြင့်မြတ်နယ်မြေဟု ဆက်လက် မခေါ်ဆိုသင့်တော့ပေ။ ၎င်းက သူ၏ အဆင့်အတန်းနှင့် ကိုက်ညီတော့မည် မဟုတ်ပေ။ ၎င်းကို မြင့်မြတ်နယ်မြေ ကမ္ဘာဟု ခေါ်ဆိုရမည် လား သို့မဟုတ် ဟင်းလင်းပြင် ကမ္ဘာဟု ခေါ်ဆိုရမည်လား။

လင်းဖန် လမ်းလျှောက်ရင်း စဉ်းစားနေစဉ် သင့်လျော်သော အမည်တစ်ခုကို လျင်မြန်စွာ စဉ်းစားမိသွား ခဲ့လေသည်။

*ဟင်းလင်းပြင် အင်မော်တယ်ဘုံ... *

ဤအမည်ပေးရခြင်း အကြောင်းရင်းမှာ လင်းဖန် စစ်ဆေးနေစဉ် ဟင်းလင်းပြင် အင်မော်တယ်ဘုံ အတွင်း၌ စတင်ကြီးထွားလာသောအင်မော်တယ်စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

၎င်းသည် အလွန်အားနည်းနေသော်လည်း သေချာစွာ စစ်ဆေးပြီးနောက် ၎င်းသည် သူ၏ကိုယ်ပိုင် ကမ္ဘာမှ ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအင် ဖြစ်ကြောင်း လင်းဖန် တွေ့ရှိခဲ့လေသည်။

“ဟားဟား...၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင် အင်မော်တယ်ဘုံက အင်မော် တယ်စွမ်းအင်တွေနဲ့ ပြည့်နှက်သွားတာနဲ့ ဒီနမည်က တကယ်ကို သူ့နမည်နဲ့ လိုက်ဖက်သွားမှာပဲ...။”

ထိုသို့ပြောပြီးနောက် လင်းဖန်သည် သနားစရာကောင်းလောက်အောင် နည်းပါးလှသော အင်မော်တယ် စွမ်းအင် ပမာဏကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်လေသည်။

“အင်း...၊ ဒီနှုန်းနဲ့ဆိုရင် အပြည့်အဝ အားသွင်းနိုင်ဖို့ ဘယ်လောက်ကြာမလဲ...။”

“ဒါ့အပြင် ဒီဟင်းလင်းပြင် အင်မော်တယ်ဘုံရဲ့ နေရာက ကြီးထွားကျယ်ပြန့်လာနေဆဲဆိုတော့ အနာဂတ် မှာ ပိုပြီးတော့တောင် ကျယ်ဝန်းလာဦးမှာ...။”

“ငါ အဆင့်တက်သွားပြီးရင် အင်မော်တယ်စွမ်းအင် ကြီးထွားလာတဲ့နှုန်းကလည်း တိုးလာသင့်တယ်မ လား...။”

ဤမေးခွန်းအတွက် စနစ်ထံမှ တုံ့ပြန်မှုကို မရရှိခဲ့သော်လည်း လင်းဖန်က သူ၏ ခန့်မှန်းချက်သည် မှန်ကန်နိုင်ဖွယ်ရှိသည်ဟု ခံစားခဲ့ရသည်။

ဆက်လက် တွေးတောမနေတော့ဘဲ လင်းဖန်သည် သူ၏ ဟင်းလင်းပြင် အင်မော်တယ်ဘုံကို ဆက်လက် ကင်းလှည့်နေလိုက်သည်။

လင်းဖန်သည် ကမ္ဘာဦးသစ်ပင်ထံသို့ ရောက်ရှိလာသောအခါ ဟင်းလင်းပြင် အင်မော်တယ်ဘုံအတွင်းရှိ အင်မော်တယ်စွမ်းအင်များကို ဤနေရာတွင် စုစည်းလာစေရန် စတင်လမ်းညွှန်ပေးလိုက်သည်။

ဟင်းလင်းပြင် အင်မော်တယ်ဘုံ တစ်ခုလုံးကို အင်မော်တယ်စွမ်းအင်များဖြင့် ပြည့်နှက်စေရန် ဆိုသည့် စိတ်ကူးသည် ဝေးကွာသော အိပ်မက်တစ်ခု ဖြစ်သောကြောင့် လင်းဖန်သည် ဗဟိုချက်မှစတင်ရန် စီစဉ် လိုက်သည်။ အလယ်ဗဟိုတွင် မှော်ဆန်ပြီး သာယာလှပသော နယ်မြေတစ်ခုကို အရင်ဖန်တီးကာ တဖြည်းဖြည်းချင်း အပြင်ဘက်သို့ ချဲ့ထွင်သွားမည်သာ ဖြစ်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် လင်းဖန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သစ်ရွက် ကိုယ်ပွားထံသို့ ပြောင်းလဲကာ အင်မော်တယ်ဘုံသို့ တက်လှမ်းရန် စောင့်ဆိုင်းနေလိုက် လေတော့သည်။

All Chapters