အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) အင်မော်တယ်ဘုံသို့ တက်လှမ်းမည့်လမ်းကြောင်း ပေါ်ထွက်လာခြင်း
သုံးရက်အကြာတွင် ထျန်းယွမ်မြို့ပြင်ရှိ နေရာအနှံ့အပြား၌ လူအများအပြားဖြင့် ပြည့်နှက်နေလေသည်။
ထိုလူအုပ်ထဲတွင် မြင့်မြတ်နယ်မြေလေးခုမှ လူများ၊ အရွယ်အစားအမျိုးမျိုးရှိသော ဂိုဏ်းများမှ လူများ နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ လူများ သဘာဝကျကျပင် ပါဝင်ကြသည်။ ယနေ့ လူအများအပြား စုရုံးလာရခြင်း၏ အဓိကအကြောင်းရင်းမှာ တက်လှမ်းခြင်းအခမ်းအနားကို စောင့်ကြည့်ရန်ပင် ဖြစ်ချေ သည်။
ယနေ့တက်လှမ်းမည့် ဇာတ်ကောင်များမှာ ဇူးချွဲ မြင့်မြတ်နယ်မြေမှ အကြီးအကဲဟယ်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ အင်မော်တယ် ခြောက်ပါးတို့ ဖြစ်ကြလေသည်။ လင်းဖန်နှင့် ပတ်သက်၍မူ သူလည်း ယနေ့တွင် အင်မော်တယ်ဘုံသို့ တက်လှမ်းမည်ကို သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ မသိရှိကြပေ။
“နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ နောက်ဆုံးတော့ ငါတို့ ထျန်းယွမ်တိုက်ကြီးက လူတစ်ယောက် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တော့မယ်...။”
“ဟုတ်တယ်...။ ပြီးတော့ တစ်ပြိုင်နက်တည်းမှာ ခုနစ်ယောက်တောင်မှ...။”
“ဒါက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေရဲ့ အထွတ်အထိပ်လို့ ပြောလို့ရတယ်လေ... ။ ဘာပဲ ဖြစ်ဖြစ် နှစ်ပေါင်းများစွာအတွင်းမှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး လေ...။”
“အရှက်အကြောက် မရှိတဲ့ ဇူးချွဲ မြင့်မြတ်နယ်မြေက အကြီးအကဲဟယ်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး က နှစ်ပေါင်းများစွာနာမည်ကြီးခဲ့တဲ့ ကျဆုံးအင်မော်တယ်တွေချည်းပဲ...။”
“ဟင်... ဟုတ်လို့လား...။ ငါက ငါတို့ရဲ့ ထျန်းယွမ်တိုက်ကြီးက ရွှေရောင်ခေတ်ကို ရောက်နေပြီလို့တောင် ထင်နေတာ...။”
“ဟူး...၊ ဘာရွှေရောင်ခေတ်လဲ... ဓမ္မခေတ်ရဲ့ အဆုံးသတ်နဲ့ ပိုတူတယ်လို့ ထင်တယ်...။ ကျင့်ကြံရတာ ပိုပိုပြီး ခက်ခဲလာတယ်လေ...။”
“နေပါဦး...၊ ကျဆုံးအင်မော်တယ်တွေအားလုံးရဲ့ အင်မော်တယ်ဘုံကို တက်လှမ်းမယ့်လမ်းကြောင်းက ပြတ်တောက်သွားပြီ မဟုတ်ဘူးလား...။ သူတို့က ဘယ်လိုလုပ်ပြီး ပြန်ဆက်နိုင်ခဲ့တာလဲ...။”
“မင်း မကြာသေးခင်ကမှ ဂူအောင်းကျင့်ကြံရာကနေ ထွက်လာတာလား...။”
“ဟုတ်တယ်...။ ငါ ဂူအောင်းကျင့်ကြံနေတာ လဝက်လောက်ရှိပြီ...။ တက်လှမ်းခြင်း အခမ်းအနားတစ်ခု ရှိတယ်ဆိုတာ ကြားလို့ ဂျူနီယာညီလေးက မနေ့ကမှ ငါ့ကို လာခေါ်တာ...။”
“ငါထင်သားပဲ...။ ဒီနေ့ပြီးရင် မင်းရဲ့ ဗဟုသုတတွေကို ပြန်လည်ဆန်းသစ်ဖို့ လူတစ်ယောက်ယောက်ကို ရှာရတော့မယ်...။ မကြာသေးခင်က ကျုံးကျိုးမှာ ကြီးမားတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်...။”
“အို... အဲဒီအကြောင်း ငါ့ကို ပြောပြနိုင်မလား...။”
“အင်းလေ... တက်လှမ်းခြင်း လမ်းကြောင်းကလည်း ပေါ်မလာသေးဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ စောင့်နေတုန်းဆိုတော့ မင်းနဲ့ စကားပြောရင်း အချိန်ဖြုန်းကြတာပေါ့...။”
ယနေ့သည် အကြီးအကဲဟယ်၏ တက်လှမ်းခြင်းလမ်းကြောင်း ပေါ်ထွက်လာမည့်နေ့ ဖြစ်သည်။ သို့သော် ယနေ့ မည်သည့်အချိန်တွင် ပေါ်လာမည်ကို မသေချာသောကြောင့် လူတိုင်း စောင့်ဆိုင်းနေရုံသာ ရှိလေ သည်။
ဤသို့စောင့်ဆိုင်းနေချိန်အတွင်း အခမ်းအနားကို လာရောက်စောင့်ကြည့်သူများသည် အချိန်ဖြုန်းရန် အတွက် သဘာဝကျကျပင် စကားစမြည် ပြောဆိုနေကြလေသည်။
မြင့်မြတ်နယ်မြေမှ လူများနှင့်အတူ စုရုံးနေသော လင်းဖန်သည် စိတ်မရှည်တော့ဘဲ ဆက်တိုက် ညည်းတွားနေလေတော့သည်။
“ဟူး... ဒီတက်လှမ်းခြင်း လမ်းကြောင်းက တကယ်ကို ဟန်လုပ်လွန်းတာပဲ... ငါတို့ အများကြီးကို ဒီမှာ စောင့်ခိုင်းထားတယ်...။ သူက နည်းနည်းလောက် စောစော ပေါ်လာလို့ မရဘူးလား...။”
လင်းဖန်၏ ညည်းတွားသံကို ကြားသောအခါ အခြားသော မြင့်မြတ်နယ်မြေများမှ လူများက အလျင် အမြန် ဝင်ပြောလိုက်ကြလေသည်။
“ကျင့်ကြံသူ ရောင်းရင်း...။ အဲဒီလို မပြောပါနဲ့...။”
“ဟုတ်တယ်...၊ ဒီတက်လှမ်းခြင်း လမ်းကြောင်းမှာ ဝိညာဉ်ရှိနေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ...။ အကယ်၍ ရှိနေရင် မင်းပြောတာတွေကို သူကြားသွားတာက မကောင်းဘူးလေ...။”
“အင်း... ၊ အကယ်၍ သူက ငါတို့ပြောတာကို ကြားသွားပြီး ငါတို့ ထျန်းယွမ်တိုက်ကြီးအတွက် လမ်းကြောင်းကို ပိတ်လိုက်ရင် ဘယ်သူ့ကို သွားတိုင်ရမှာလဲ...။”
သို့သော် လင်းဖန်က သူ၏နှုတ်ခမ်းကိုသာ တွန့်ကွေးလိုက်လေသည်။
“ဟေး... ဘာလို့ ဒီလောက် ကြောက်နေရတာလဲ...။ တကယ်လို့သာ...။”
*ငါက တက်လှမ်းရတဲ့ ခံစားချက်ကို မသိချင်ဘူးဆိုရင် ဒါကို လိုအပ်မှာတောင် မဟုတ်ဘူး...။*
ဟု လင်းဖန်က စိတ်ထဲမှ တွေးလိုက်မိလေသည်။
အင်မော်တယ်ဘုံရှိ လင်ရွှီ အင်မော်တယ်စံအိမ်တွင် သူ၏ကိုယ်ပိုင် တည်နေရာမှတ် ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် တက်လှမ်းခြင်းလမ်းကြောင်း မရှိလျှင်တောင်မှ သူက အချိန်မရွေး ထိုနေရာသို့ သွားနိုင်ပေ သည်။
သို့သော် သူ၏စကား မဆုံးမီတွင် သူ စိတ်ပြောင်းသွားခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ လင်ရွှီ အင်မော်တယ်စံအိမ်တွင် အကြောင်းအရာများစွာ ပါဝင်ပတ်သက်နေသည် ကို ထည့်သွင်းစဉ်းစားပါက ဤကိစ္စသာ ပေါက်ကြားသွားပါက မလွှဲမသွေ ပြဿနာအချို့ကို ဖြစ်ပေါ်စေ မည် ဖြစ်၏။ မိမိ၏ ကျင့်ကြံမှုအဆင့် မတိုးတက်သေးခင်မှာတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားသည်က အကောင်းဆုံးပင် ဖြစ်ပေသည်။
“အဟမ်း...၊ ငါ့ရဲ့ တယ်လီပို့အစီအရင်က အင်မော်တယ်ဘုံမှာ နေရာမချရသေးဘူးဆိုရင် ငါ အဲဒါကို လိုအပ်မှာတောင် မဟုတ်ဘူး...။”
“ဒါပေမဲ့ ဒါကို ဒီတစ်ကြိမ်ပဲ အသုံးပြုမှာပါ...။ ဒီလူစု တက်သွားပြီးရင် ငါတို့ ထျန်းယွမ်တိုက်ကြီးကနေ အင်မော်တယ်ဘုံကို တက်လှမ်းချင်တဲ့သူတွေက ငါ့ရဲ့ တယ်လီပို့အစီအရင်ကို ရိုးရိုးရှင်းရှင်းလေး သုံးလိုက်ရုံပဲ...။”
လင်းဖန်၏ စကားက လူတိုင်းကို သူ ယခင်က ပေးထားခဲ့သော ကတိများကို သတိရစေခဲ့ပြီး သူတို့၏ မျက်လုံးများ အရောင်လင်းလက်သွားကြလေသည်။
အကယ်၍ လင်းဖန်၏ ယခင်စကားက လက်တွေ့မဆန်သော ကတိတစ်ခုမျှသာ ဖြစ်ခဲ့မည်ဆိုလျှင်...၊ ယခုအခါတွင်မူ ထိုကတိကို အကောင်အထည်ဖော်ရန် အချိန်ကျလာပြီ ဖြစ်သည်။
ပထမဆုံးအကြိမ် ကြားစဉ်က သူတို့ သံသယဝင်ခဲ့ကြလေသည်။
ယခုကိစ္စများ ဤအခြေအနေအထိ ရောက်လာချိန်တွင် လင်းဖန်က ဤအကြောင်းကို ပြောနေဆဲဖြစ်ရာ
သူ့အပေါ် သူတို့၏ ယုံကြည်မှုကို ကြီးမားစွာ တိုးပွားလာစေခဲ့သည်။
“ကျင့်ကြံသူ ရောင်းရင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာက ငါတို့ ထျန်းယွမ်တိုက်ကြီးအတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ...။”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်...။”
လင်းဖန်သည် လူအုပ်ကြီး၏ ချီးကျူးစကားများကို လျစ်လျူရှုလိုက်လေသည်။
ထို့အစား သူသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော အကြီးအကဲဟယ်ထံသို့ တိုက်ရိုက် သွားရောက်လိုက် သည်။ မည်သူ့ကိုမျှ ရင်ဆိုင်ရမည်ကို အလွန် ရှက်ရွံ့နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထို့ကြောင့် ယနေ့တွင် အကြီးအကဲဟယ်သည် မျက်လုံးများကိုသာ ဖော်ထားပြီး ခေါင်းစွပ်ကို စွပ်ထားလေ သည်။
အကြီးအကဲဟယ်၏ အနီးသို့ ရောက်ရှိပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်အဆောင်ပြား ဆယ်ခုကျော် ကို ထုတ်ယူကာ တစ်ဖက်လူထံ ကမ်းပေးလိုက်လေသည်။
“အကြီးအကဲဟယ်...၊ ကျွန်တော်တို့က တယ်လီပို့အစီအရင် တည်နေရာမှတ်အကြောင်း ပြောနေရင်းနဲ့ ခင်ဗျားကို တည်နေရာအဆောင်ပြားပေးဖို့ မေ့နေတော့မလို့...။”
“ဒီအဆောင်ပြား ဆယ်ခုကျော်ကို ယူသွားပါ...။ အင်မော်တယ်ဘုံကို ရောက်တာနဲ့ အဲဒီက စီနီယာတွေ ကြားမှာ ဝေငှပေးလိုက်ပါ...။”
“ခင်ဗျားအတွက် နည်းနည်း ချန်ထားနိုင်ပေမဲ့ ကျန်တဲ့ဟာတွေကို နေရာအမျိုးမျိုးမှာ ဖွက်ထားတာ အကောင်းဆုံးပဲ...။”
“လူမသိသူမသိတဲ့ နေရာမှာ ဖွက်ထားပါ...။ အထူးသဖြင့် ဝေးပြီးခေါင်တဲ့ နေရာတွေမှာ ဒါမှမဟုတ် မြေကြီးအောက်မှာတောင် မြှုပ်ထားလိုက်ပါ...။”
လင်းဖန်က တစ်ဖက်လူအား အဆောင်ပြားပေးရခြင်း၏ ရည်ရွယ်ချက်မှာ အင်မော်တယ်ဘုံတွင် သူ၏ ကိုယ်ပိုင် တည်နေရာမှတ်များကို ပေါင်းထည့်ရန်ပင် ဖြစ်သည်။ ယခင်က တက်လှမ်းသွားခဲ့သော စီနီယာ များသည် အင်အားစု အသီးသီးတွင် ရှိနေကြောင်း သူ ကြားသိခဲ့ရလေသည်။
ထိုသူတို့က အဆောင်ပြားများကို ရရှိသွားသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ဘုံရှိ နေရာအမျိုးမျိုးသို့ အလွယ်တကူ တယ်လီပို့လုပ်နိုင်မည်သာ ဖြစ်သည်။
ယခုခရီးစဉ်တွင် အတူတကွ တက်လှမ်းကြမည့် လျိုပိုင်ချွမ်းနှင့် အခြားသူများသည်လည်း အဆောင်ပြား အချို့ကို ယူဆောင်သွားခဲ့ကြသည်။ သူတို့ အင်မော်တယ်ဘုံသို့ ရောက်ရှိသွားသည်နှင့် လမ်းခွဲရမည်မှာ သေချာလှသည်။
သူတို့မတိုင်မီ အင်မော်တယ်ဘုံသို့ တက်လှမ်းခဲ့ကြသော စီနီယာများနည်းတူ သူတို့သည်လည်း ဝင်ရောက်ရန် ဂိုဏ်းတစ်ခုကို ရှာဖွေရမည်သာ ဖြစ်ချေသည်။
ဟုတ်ပေသည်။ အပြင်ပန်းတွင် သူတို့က ဝင်ရောက်သွားကြသော်လည်း လက်တွေ့တွင်မူ လျိုပိုင်ချွမ်းနှင့် အခြားသူများသည် လင်းဖန်က အင်မော်တယ်ဘုံတွင် စိုက်ပျိုးထားသော သူလျှိုများပင် ဖြစ်ပေတော့ သည်။
လင်းဖန်အား အင်မော်တယ်ဘုံ၏ တက်ကြွမှုများကို လျင်မြန်စွာ နားလည်နိုင်ရန် ကူညီပေးနိုင်ရန် အတွက် လျှို့ဝှက်လုပ်ငန်းအချို့ကို လုပ်ဆောင်ရန် သူတို့ကို တာဝန်အသီးသီး ပေးထားခဲ့လေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျသောကြောင့် မည်သည့် အရေးပါသော ပုဂ္ဂိုလ်များ၏ ပစ်မှတ်ထား ခြင်းကို ခံရမည်မဟုတ်သလို မည်သည့် ကြီးမားသော အန္တရာယ်နှင့်မျှ မကြုံတွေ့နိုင်လောက်ပေ။
ထို့အပြင် သူတို့ထံတွင် ဟင်းလင်းပြင်အဆောင်ပြား ရှိနေသရွေ့နှင့် အလွန်အန္တရာယ်များသော အရာ များကို မလုပ်သရွေ့ အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
လင်းဖန်က ပစ္စည်းကမ်းပေးသည်ကို မြင်သောအခါ အကြီးအကဲဟယ်က စကားတစ်ခွန်းမျှ မဆိုဘဲ လက်ခံ ယူလိုက်သည်။ သူ စကားမပြောခြင်းမှာ လင်းဖန်၏ လှည့်စားခြင်းကို ခံခဲ့ရသည့်အပေါ် နာကြည်းနေဆဲ ဖြစ်သောကြောင့်ပင်။
၎င်းက အင်မော်တယ်ဘုံတွင် သူ၏အသက်ကို ကယ်တင်ရန် နည်းလမ်းတစ်ခု ပေးစွမ်းနိုင်မည့် တန်ဖိုးရှိ သော ပစ္စည်းတစ်ခု၊ ဝှက်ဖဲတစ်ခု ဖြစ်ကြောင်း သူ သိရှိထားသည်။
တစ်ဖက်လူ စကားမပြောသည်ကို မြင်သောအခါ လင်းဖန်က တစ်ဖက်လူ ယဉ်ကျေးသည်ဖြစ်စေ၊ မယဉ်ကျေးသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ ဆက်လက် စောင့်ဆိုင်းရန်အတွက် တစ်ဖက်လူနှင့် ဝေးရာ သို့ ထွက်လာခဲ့လေတော့သည်။
နောက်ထပ် နှစ်နာရီကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ယံ၌ လှုပ်ရှားမှုအချို့ ရှိလာ ခဲ့သည်။ တက်လှမ်းခြင်း လမ်းကြောင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရသော လင်းဖန်သည် ကြီးမား သော သိချင်စိတ်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
သေချာပေါက်ပင်...၊ လင်းဖန်ကဲ့သို့ပင် တက်လှမ်းခြင်း လမ်းကြောင်းကို ပထမဆုံးအကြိမ် မြင်တွေ့ ရသူများစွာ ထိုနေရာတွင် ရှိနေကြသည်။ ထို့ကြောင့် ကောင်းကင်ယံရှိ အပြောင်းအလဲများကို မြင်သော အခါ သူတို့အားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြတော့သည်။
“ဝိုး... ဒါက တက်လှမ်းခြင်း လမ်းကြောင်းလား...။ သက်တံတံတားလို့ ခေါ်တာက ပိုသင့်တော်တယ်လို့ မထင်ဘူးလား...။”
“ဘယ်လို တက်လှမ်းရမလဲ...၊ ဒီသက်တံတံတားပေါ်ကို တက်ပြီး အင်မော်တယ်ဘုံကို သွားရမှာလား...။”
“မဖြစ်နိုင်တာ...၊ အင်မော်တယ်ဘုံက ဘယ်လောက်ဝေးမှန်း ဘယ်သူသိမှာလဲ...။ အဲဒီကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ...။”
“ဟက်...၊ ထွက်သွားမလို့လား...၊ အင်မော်တယ်ဘုံနဲ့ ငါတို့ကြားက အကွာအဝေးက ပြဿနာမဟုတ် ဘူး...။ ငါတို့ ဘယ်လောက်ကြာကြာ ကြိုးစားကြိုးစား ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး...။”
လူတိုင်း ဆွေးနွေးနေကြစဉ် လင်းဖန်သည်လည်း သိချင်စိတ်ဖြင့် စတင်လေ့လာကြည့်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤတက်လှမ်းခြင်း လမ်းကြောင်းသည် သူ စိတ်ကူးထားသည်နှင့် ကွာခြား နေခဲ့သည်ပင်။ သူက ၎င်းကို စင်္ကြံလမ်းတစ်မျိုးဟု ထင်ခဲ့သော်လည်း ၎င်းသည် သက်တံတစ်ခုနှင့် တူနေခဲ့သည်ပင်။
ကောင်းကင်ယံရှိ တစ်နေရာရာမှ အရောင်ခုနစ်မျိုးရှိသော သက်တံသည် အောက်ဘက်သို့ ဖြည်းညင်းစွာ ဆန့်ထွက်လာလေသည်။ သက်တံ၏ အစမှတ်ကို မသိရသော်လည်း ၎င်း၏ ဆန့်ထွက်လာသည့် ဦးတည် ချက်အရ ၎င်း၏ အဆုံးမှတ်မှာ အတော်လေး သိသာထင်ရှားလှသည်။
ဤအရှိန်ကို အကဲဖြတ်ကြည့်ရလျှင်...၊ ၎င်းသည် မြေကြီးပေါ်သို့ ဆန့်ထွက်လာနိုင်သည်အထိ အချိန်များ စွာ ကြာလိမ့်မည်မဟုတ်ဟု လင်းဖန် ခံစားလိုက်ရသည်။
သို့သော် ဤတစ်ကြိမ်တွင်လည်း လင်းဖန်၏ တွက်ချက်မှုများ ထပ်မံမှားယွင်းသွားခဲ့သည်။
သက်တံတံတားသည် မြေကြီးပေါ်သို့ မရောက်ရှိလာဘဲ လေထဲတွင် မနီးမဝေး နေရာ၌ ရပ်တန့်သွား ခဲ့လေသည်။ ၎င်းတင်သာမကသေးဘဲ ဆန့်ထွက်ခြင်းကို ရတန့်သွားသော သက်တံသည် ၎င်းရပ်တန့် သွားသော လေထဲတွင် ပြန်လည် စုစည်းသွားခဲ့လေသည်။
မကြာမီမှာပင် အရောင်ခုနစ်မျိုးရှိသော တံခါးတစ်ချပ် အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
“ကျစ်...၊ တံခါးတစ်ချပ်လား...။ အရောင်ကွာတာကလွဲရင် ဘာလို့ ငါ့ရဲ့ ဟင်းလင်းပြင်တံခါးနဲ့ ဒီလောက် တောင် တူနေရတာလဲ...။”