အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀) အင်မော်တယ်ဘုံ ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းဆိုင်ရာ
ဂိုဏ်းနှစ်ဂိုဏ်း
“ဟားဟား...၊ အောက်ဘုံက ဂျူနီယာတွေ တက်လှမ်းလာတာကို မမြင်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ ပြီ...။ လူခုနစ်ယောက် တက်လှမ်းလာတော့မယ်ဆိုတဲ့ သတင်းကို ရလိုက်တော့ ငါတို့ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်...။ ဒါက တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး...။”
“နေပါဦး... တစ်ခုခုတော့ မှားနေပြီ...။ ဘာလို့ ရှစ်ယောက် ဖြစ်နေရတာလဲ...။”
တစ်ဖက်လူ၏ ဇဝေဇဝါဖြစ်နေမှုကို မြင်သောအခါ လင်းဖန်က အသေးစိတ် ရှင်းမပြတော့ဘဲ ဖြစ်က တတ်ဆန်းသာ ဖြေလိုက်လေသည်။
“အို...၊ ကျွန်တော်က စိတ်ကူးပေါက်လို့ အင်မော်တယ်ဘုံကို လိုက်လာတာပါ...။”
လင်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက် တစ်ဖက်လူသည် ဤကိစ္စအပေါ် ဆက်လက် မတွက်ကပ် နေတော့ဘဲ ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“အင်း...၊ ငါ့နောက်ကို လိုက်ခဲ့ကြ...။ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားပြီး အင်မော်တယ်ဘုံအကြောင်း အားလုံးကို ရှင်းပြပေးမယ်...။”
ထို့နောက် သူတို့အဖွဲ့သည် ဧည့်ခံလျှောက်လမ်းမှ တိုက်ရိုက် ထွက်ခွာသွားကြလေသည်။
မကြာမီမှာပင် စည်ကားနေသော အင်မော်တယ်မြို့တော် တစ်ခုအတွင်း၌...
လင်းဖန်နှင့် အခြားသူများသည် ထျန်းယွမ်မျှော်စင်မှ လမ်းပြသူနောက်သို့ လိုက်ကာ မြို့တွင်းရှိ ခြံဝင်းတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။
“ဒါက ငါတို့ ထျန်းယွမ်မျှော်စင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါပဲ...။ အဓိကအားဖြင့် မင်းတို့လို အခု လေးတင် တက်လှမ်းလာတဲ့ ဂျူနီယာတွေကို နေရာချထားပေးဖို့ အသုံးပြုတာပဲ...။”
“ဒါပေမဲ့ ဒီနေရာကို လူမလာတာ အချိန်အတော်ကြာပြီဖြစ်လို့ နေရာလွတ်နေတာ တော်တော်ကြာ နေပါပြီ...။”
“မင်းတို့ လောလောဆယ် ဒီနေရာမှာ နေနိုင်တယ်...။ ပြီးမှ ဘယ်ဂိုဏ်းကို ဝင်ချင်လဲဆိုတာ စဉ်းစားကြ တာပေါ့...။”
စကားပြောနေသူမှာ မာဟုန်းယွမ် ဟု အမည်ရပြီး ရွှေရောင်အင်မော်တယ် ကျင့်ကြံမှုအဆင့်ရှိကာ မူလက ထျန်းယွမ်တိုက်ကြီးရှိ အသူရာနဂါး မြင့်မြတ်နယ်မြေမှ ဖြစ်ပေသည်။
“အခု မင်းတို့ အင်မော်တယ်ဘုံနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ မေးနိုင်ပါပြီ...။ ငါ တစ်ခုချင်းစီ ဖြေပေးပါ့ မယ်...။”
မာဟုန်းယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဇူးချွဲ မြင့်မြတ်နယ်မြေမှ အကြီးအကဲဟယ်က အရင်ဆုံး စကားဆိုလာခဲ့သည်။
“စီနီယာမာ...၊ ခုနက ကျွန်တော်တို့ ဧည့်ခံလျှောက်လမ်းမှာ ရှိနေတုန်းက ကျွန်တော်တို့ရဲ့ ထျန်းယွမ် မျှော်စင်က မျှော်စင်သခင်က အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်ဖြစ်တယ်လို့ ဟိုလူတွေ ပြောနေတာကို ကြားလိုက်ပါတယ်...၊ အဲဒါ တကယ်ပဲလား...။”
“ကျွန်တော် အောက်ဘုံမှာ ရှိနေတုန်းက ဒီအကြောင်းကို ဘာလို့ မကြားခဲ့ရတာပါလဲ...။”
ထိုမေးခွန်းကို ကြားသောအခါ မာဟုန်းယွမ်သည် ပထမတော့ အံ့သြသွားပြီးနောက် ပြုံးကာ ပြောလိုက် လေသည်။
“ဟားဟား...၊ မင်းတို့ ကြားလိုက်တာလား...။ ဧည့်ခံလျှောက်လမ်းက လူတွေက တကယ်ကို စကားများ ကြတာပဲ...။”
“ဒါပေမဲ့ အခု မင်းတို့ သိသွားပြီဆိုတော့ ဆက်ပြီး လျှို့ဝှက်ထားစရာ မလိုတော့ပါဘူး...။”
“ငါတို့ရဲ့ ထျန်းယွမ် မျှော်စင်သခင်ကို အင်မော်တယ်ဧကရာဇ်က တပည့်အဖြစ် လက်ခံထားတာ အမှန် ပါပဲ...။ ဒါပေမဲ့ သူက အမည်ခံတပည့် တစ်ယောက်မျှသာပါပဲ…။”
“သေချာတာပေါ့...၊ အမည်ခံတပည့်ဆိုရင်တောင်မှ တချို့သော အင်အားစုငယ်တွေအတွက်တော့ လက်လှမ်းမမီနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ...။ အဲဒါကြောင့် သူတို့နောက်ကွယ်က အင်အားစုတွေက ငါတို့ ထျန်းယွမ်မျှော်စင်ကို မျက်နှာသာပေးနေကြရတာလေ...။”
“ဘာလို့ အရင်က မကြားခဲ့ရတာလဲဆိုတော့...။”
ဤနေရာအရောက်တွင် မာဟုန်းယွမ်သည် စကားရပ်လိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်ကာ ဆက် ပြောလိုက်လေသည်။
လူအုပ်ကြီးက ဤသတင်းအပေါ် အထူးတလည် စိတ်လှုပ်ရှားမနေသည်ကို တွေ့ရှိပြီးနောက် သူသည် ကျေနပ်စွာ ခေါင်းညိတ်၍ ဆက်ပြောလိုက်လေသည်။
“ငါ ဒီသတင်းကို အရင်က မပြောခဲ့ရတဲ့ အကြောင်းရင်းက မင်းတို့ရဲ့ နောက်ကွယ်မှာ အင်မော်တယ် ဧကရာဇ်ရဲ့ တပည့်တစ်ယောက် ရှိနေတယ်လို့ တွေးပြီး မင်းတို့မှာ အစွမ်းထက်တဲ့ ကျောထောက် နောက်ခံ ရှိနေတယ်လို့ ခံစားလာရမှာကို စိုးရိမ်လို့ပါ...။ ဒါဆိုရင် အင်မော်တယ်ဘုံအပေါ် မင်းတို့ရဲ့ ရိုသေ လေးစားမှုတွေက ပျောက်ဆုံးသွားလိမ့်မယ်လေ...။”
မာဟုန်းယွမ်၏ ဆိုလိုရင်းကို လူတိုင်း လျင်မြန်စွာ နားလည်သွားခဲ့ကြသည်။
သေချာပေါက်ပင်...၊ ဤလူများသည် အောက်ဘုံများတွင် မည်သည့် စိုးရိမ်ပူပန်မှုမှမရှိဘဲ ကျင့်ကြံခြင်း ၏ အထွတ်အထိပ်တွင် ရပ်တည်နေကျ ဖြစ်သည်။ ဤအခန်းကဏ္ဍမှ လျင်မြန်စွာ ရုန်းထွက်ရန် ခက်ခဲပြီး အမှားများ မလွဲမသွေ ဖြစ်ပေါ်လာနိုင်ပေသည်။ အကယ်၍ ဤအခြေအနေမျိုးတွင် သူတို့၌ အစွမ်းထက် သော ကျောထောက်နောက်ခံ ရှိနေကြောင်း သိရှိသွားပါက ဤအလေ့အကျင့်ကို ဖျောက်ဖျက်ရန် ပို၍ ပင် ခက်ခဲသွားပေလိမ့်မည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ကြီးမားသော ပြဿနာများကို မလွဲမသွေ ဖြစ်ပေါ် စေမည်သာ ဖြစ်သည်။ သူတို့ကို အခက်အခဲ အနည်းငယ် ကြုံတွေ့စေပြီးမှ ပြောင်းလဲမှုများ ပြုလုပ်စေ ခြင်းက သူတို့အတွက် ပို၍ကောင်းပေသည်။
“စိတ်မပူပါနဲ့ စီနီယာ...။ ကျွန်တော်တို့ရဲ့ နေရာမှန်ကို အမြန်ဆုံး ရှာဖွေနိုင်မှာ သေချာပါတယ်...။”
အကြီးအကဲဟယ်၏ အာမခံချက်ကို ရရှိပြီးနောက် မာဟုန်းယွမ် အလွန် ကျေနပ်သွားပြီး ဆက်ပြော လိုက်လေသည်။
“အင်း...၊ ဒါက မှန်ကန်တဲ့ သဘောထားပါပဲ...။ ဒါပေမဲ့ အနာဂတ်မှာ ငါတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရရင် လိုအပ်တဲ့အခါ မျှော်စင်သခင်ရဲ့ အမည်ကို ဆက်သုံးသင့်တယ်...။”
“ကောင်းပြီ... ငါ မင်းတို့ကို အင်မော်တယ်ဘုံနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခိုင်းရင် မင်းတို့ ဘယ်က စရမှန်းတောင် သိမှာမဟုတ်ဘူး...။ ငါ အရင်ဆုံး အခြေခံ ဗဟုသုတတချို့ကို ပြောပြမယ်...။”
ပြောနေရင်းဖြင့် မာဟုန်းယွမ်သည် ကြွယ်ဝပြီး သာယာသော အငွေ့အသက်များ ထွက်ပေါ်နေသည့် သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို လူတိုင်းအား ပြသပြီးနောက် သူက ဆက်ပြော လိုက်လေသည်။
“ပထမဆုံးအနေနဲ့ အင်မော်တယ်ဘုံရဲ့ ငွေကြေးရှိတယ်...။ အဲဒါကို အင်မော်တယ် ကျောက်တုံးလို့ ခေါ်တယ်...။ အောက်ဘုံက စိတ်ဝိညာဉ်ကျောက်တုံးတွေလိုပဲ ၎င်းတို့ကိုလည်း အဆင့်နိမ့်၊ အလယ် အလတ်၊ အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်ဆိုပြီး ခွဲခြားထားပြီး လဲလှယ်နှုန်းကလည်း အတူတူပါပဲ...။ ဒါပေမဲ့...။”
ဤနေရာအရောက်တွင် မာဟုန်းယွမ်သည် စကားရပ်လိုက်ပြီး အင်မော်တယ် ကျောက်တုံးကို ပြန်သိမ်းလိုက်လေသည်။
“အင်မော်တယ်ဘုံမှာ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ ကုန်သွယ်မှုပုံစံအဖြစ် ပစ္စည်းချင်း ဖလှယ်တဲ့ စနစ်ကို အသုံးပြုဖို့ ပိုပြီး အကျွမ်းတဝင်ရှိလေလေပါပဲ...။ အထူးသဖြင့် အင်မော်တယ်အရှင်အဆင့်နဲ့ အထက်ကလူတွေအတွက်ဆိုရင် သူတို့က အရောင်းအဝယ်အတွက် အင်မော်တယ် ကျောက်တုံးတွေကို ရှားရှားပါးပါးပဲ အသုံးပြုခဲကြတယ်...။”
လူတိုင်း၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာများကို မြင်သောအခါ မာဟုန်းယွမ်က ဆက်လက် ရှင်းပြလိုက်လေသည်။
“အင်မော်တယ်ဘုံက အလွန်ကျယ်ဝန်းပြီး ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ရတနာအမျိုးမျိုးက အမြဲတမ်း ပေါ်ထွက်နေတယ်လေ...။”
“ရတနာများစွာကို အင်မော်တယ် ကျောက်တုံးတွေနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး...။ ဒါကြောင့် အချင်း ချင်း ဖလှယ်ပြီး ကိုယ်လိုအပ်တာကို ယူကြရတာပဲ...။”
ဤနေရာအရောက်တွင် မာဟုန်းယွမ်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်လေသည်။
“ဒါပေမဲ့ ဒါက နောင်အနာဂတ် အချိန်အတော်ကြာမှ ဖြစ်လာမယ့်ကိစ္စပါ... အနည်းဆုံးတော့ မင်းတို့ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်အရဆိုရင် သာမန်ပစ္စည်းတွေကို အင်မော်တယ် ကျောက်တုံးတွေနဲ့ အရောင်း အဝယ်လုပ်ဖို့က အဓိကပါပဲ...။ ငါကိုယ်တိုင်လည်း လက်ရှိမှာ အင်မော်တယ် ကျောက်တုံးတွေနဲ့ပဲ အရောင်းအဝယ်လုပ်နေရတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်...။”
“ကောင်းပြီ...။ အခု အရောင်းအဝယ်အကြောင်း ပြောပြီးပြီဆိုတော့ အင်မော်တယ်ဘုံက ဆေးလုံးတွေနဲ့ လက်နက်တွေအကြောင်း ပြောကြရအောင်...။”
ထို့နောက် မာဟုန်းယွမ်သည် ဓားပျံတစ်လက်ကို ထုတ်ယူကာ လူတိုင်းအား ပြသလိုက်လေသည်။
“အင်မော်တယ်ဘုံက ဆေးလုံးတွေနဲ့ လက်နက်တွေကို ခွဲခြားသတ်မှတ်တဲ့ပုံစံက အောက်ဘုံနဲ့ မတူ ဘူး..။ သူတို့ကို အဆင့်တွေနဲ့ မခွဲခြားဘဲ ကျင့်ကြံမှုအဆင့်တွေနဲ့ ခွဲခြားထားတာ...။”
“ငါ့ရဲ့ အင်မော်တယ်ဓားကိုပဲ ဥပမာပေးရရင် ဒါက ရွှေရောင်အင်မော်တယ်အဆင့် အင်မော်တယ် လက်နက်ပဲ ဖြစ်တယ်...။”
“ဒါ့အပြင် အင်မော်တယ်ဘုံက ဆေးလုံးတွေကိုလည်း ရွှေရောင်အင်မော်တယ်အဆင့် ဆေးလုံးတွေ၊ အင်မော်တယ်အရှင်အဆင့် ဆေးလုံးတွေ အစရှိသဖြင့် ကျင့်ကြံသူရဲ့ အဆင့်အတိုင်း ခွဲခြားထား တယ်...။”
ဤနေရာအရောက်တွင် မာဟုန်းယွမ်သည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ဆက်လက် ဖြည့်စွက် ပြောလိုက်လေသည်။
“တကယ်တော့ အင်မော်တယ်ဘုံမှာ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းဆိုင်ရာ နောက်ထပ် ဂိုဏ်း တစ်ခု ရှိသေးတယ်...။ အဲဒီဂိုဏ်းမှာတော့ ပုံသေ အဆင့်ခွဲခြားတဲ့ စနစ် မရှိဘူး...။”
“ဒီဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းတွေမှာ တူညီတဲ့အချက်တစ်ခု ရှိတယ်...။ အဲဒါကတော့ သူတို့ဟာ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အမျိုးမျိုးရှိပြီး စွမ်းရည်အမျိုးမျိုး ရှိကြတယ်...။”
“ဥပမာအားဖြင့် ကျောက်တုံးတစ်တုံးနဲ့တူပေမဲ့ ဓားအရှိန်အဝါကို ထုတ်လွှတ်နိုင်တဲ့ မှော်လက်နက်မျိုး တစ်ယောက်ယောက်ဆီမှာ ရှိနေရင်တောင် မအံ့သြပါနဲ့...။”
“အတိုချုပ်ပြောရရင် ဒါကို အင်မော်တယ်ဘုံမှာ ဂိုဏ်းနှစ်ဂိုဏ်းအဖြစ် မင်းတို့ နားလည်ထားနိုင်တယ်...။ တစ်ခုက ရိုးရာ သမားရိုးကျ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းဖြစ်ပြီး နောက်တစ်ခုက အဆင့် ခွဲခြားမထားတဲ့ သမားရိုးကျမဟုတ်တဲ့ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းပါပဲ...။”
၎င်းကို ကြားသောအခါ လျိုပိုင်ချွမ်းနှင့် အခြားသူများအားလုံး ဇဝေဇဝါဖြစ်သွားကြသည်။
လင်းဖန်ကမူ သူ၏ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကို ရုတ်တရက် သတိရသွားသည်။ ၎င်းက နောက်တစ်ခု ကို ထုတ်လုပ်သင့်သည် မဟုတ်ပါလား။
လျိုပိုင်ချွမ်းနှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ မာဟုန်းယွမ် ပြုံးကာ ခေါင်းခါလိုက်သည်။
“ငါ အင်မော်တယ်ဘုံကို ပထမဆုံးရောက်လာပြီး စီနီယာတွေရဲ့ မိတ်ဆက်စကားကို ကြားရတုန်းက လည်း မင်းတို့လိုပဲ စဉ်းစားမိမှာပါ...။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလတစ်ခု ငါ ကြားဖူး တယ်...။”
သူ၏ အတွေးများကို စုစည်းပြီးနောက် လူတိုင်းကို ကောလာဟလအကြောင်း ဆက်ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ အချိန်အတော်ကြာက အင်မော်တယ်ဘုံမှာ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းရဲ့ ရိုးရာ ပုံစံဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ ရှိတယ်လို့ ဆိုကြတယ်...။”
“ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးရာမှာ အလွန်ကျွမ်းကျင်တဲ့ သူတော်စင် တစ်ပါး ရုတ်တရက် ပေါ်လာပြီး ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီး ခြင်းတွေကိုအထူးပြုလုပ်လာခဲ့တယ်...။”
“အချိန်ကြာလာတာနဲ့အမျှ အင်မော်တယ်ဘုံရဲ့ လေထုက ကမောက်ကမ ဖြစ်သွားခဲ့တယ်...။”
“ဆေးဆရာတွေနဲ့ လက်နက်ဖန်တီးသူ အများအပြားဟာ ကူးစက်ခံရပြီး ထူးဆန်းတဲ့ အရာတွေကို စတင်လေ့လာ လာခဲ့ကြတယ်...။”
“အဲဒါက ထိုသူတော်စင် ပိုင်ဆိုင်ထားတဲ့ အရာတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး ပုံမှန်ဖြစ်နေသေးပေမဲ့ အရင်ကထက်တော့ အများကြီး ပိုထူးဆန်းနေတုန်းပဲ...။”
“ဒါက အင်မော်တယ်ဘုံမှာရှိတဲ့ အင်မော်တယ် လက်နက်တွေနဲ့ ဆေးလုံးတွေကို သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လက်နက်တွေနဲ့ ဆေးလုံးတွေဆိုပြီး အုပ်စုနှစ်ခု ကွဲသွားစေခဲ့တယ်...။”
“သမားရိုးကျမဟုတ်တဲ့ ဆေးလုံးတွေက နောက်ကျမှ ပေါ်ထွက်လာပေမဲ့ သူတို့ရဲ့ အစွမ်းထက်တဲ့ စွမ်းရည်တွေက သမားရိုးကျ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းဆိုင်ရာ ဂိုဏ်းတွေနဲ့ ယှဉ်ပြိုင်နိုင် တဲ့ ခွန်အားကို အလျင်အမြန် ရရှိစေခဲ့တယ်...။”
“ဒါပေမဲ့ ဒီစွမ်းအားမျှတမှုက ကြာရှည်မခံခဲ့ပါဘူး...။ သမားရိုးကျ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီး ခြင်း ဂိုဏ်းတွေကို ပြန်လည် ကြီးစိုးနိုင်စေမယ့် အဖြစ်အပျက်တစ်ခုကြောင့် ပျက်စီးသွားခဲ့ရတယ်...။”