အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁) ဆေးမီးဖိုသူတော်စင် ပျောက်ကွယ်သွားခြင်းအပေါ် ထင်မြင်ချက်များ
မာဟုန်းယွမ်က စကားကို ခဏရပ်လိုက်ရာ လျိုပိုင်ချွမ်းနှင့် ကျန်သူများမှာလည်း စိတ်ဝင်တစား ဖြစ် သွားခဲ့ကြလေသည်။ ထို့နောက် မာဟုန်းယွမ်က အသံကို ခပ်တိုးတိုးနှိမ့်ကာ ဆက်ပြောလိုက်လေသည်။
"ဒီအကြောင်းအရာအားလုံးက ထူးဆန်းတဲ့ဆေးလုံးတွေကို ပထမဆုံးဖော်စပ်ခဲ့တဲ့ သူတော်စင်ကြီး အင်မော်တယ်ဘုံကနေ ရုတ်တရက် ပျောက်ကွယ်သွားရာကနေ စခဲ့တာပဲ…။ သူ ဘယ်ကိုသွားတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး….။"
"သမာရိုးကျမဟုတ်တဲ့ ပညာရပ်ဂိုဏ်းရဲ့ ခေါင်းဆောင် ပျောက်ကွယ်သွားတာက အဲ့ဒီဂိုဏ်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းမှာ သမာရိုးကျမဟုတ်တဲ့ ဆေးလုံးဖော်စပ်နည်းနဲ့ လက်နက်ပညာတွေကို ဆက်လက် သုတေသနလုပ်ကြပေမဲ့ သူတို့ရဲ့ ဩဇာအာဏာကတော့ တဖြည်း ဖြည်း ကျဆင်းလာခဲ့တယ်…။"
"အဲ့ဒီအခွင့်အရေးကို အသုံးချပြီး သမာရိုးကျဂိုဏ်းတွေက အင်မော်တယ်ဘုံကို ပြန်လည်စိုးမိုးနိုင်ခဲ့ကြ တာပေါ့…။"
မာဟုန်းယွမ်က ဤနေရာသို့ ရောက်သောအခါ လင်းဖန်က ကြားဖြတ်၍ မေးခွန်းတစ်ခု မေးလိုက်သည်။
"စီနီယာ...၊ အခုနက ပျောက်ကွယ်သွားတဲ့ သူတော်စင်က သမာရိုးကျမဟုတ်တဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်ဆို ရင်၊ သမာရိုးကျဂိုဏ်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ….။ သူကလည်း သူတော်စင်အဆင့်ပဲ လား…။"
ထိုမေးခွန်းကို ကြားလျှင် မာဟုန်းယွမ်က ချက်ချင်းပင် အဖြေပေးသည်။
"သမာရိုးကျဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း သဘာဝကျကျ သူတော်စင်အဆင့်တွေပါပဲ။ နှစ်ယောက် ရှိတယ်၊ သူတို့တွေေ'ဆေးလုံးသူတော်စင်' နဲ့ 'လက်နက်သူတော်စင်' တို့ပဲ…။"
"သမာရိုးကျမဟုတ်တဲ့ဂိုဏ်းက လူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင်ကို 'ဆေးမီးဖိုသူတော်စင်' လို့ ရိုသေစွာနဲ့ ခေါ်ကြတယ်…။"
'ဆေးမီးဖိုသူတော်စင်' ဟူသော အမည်ကို ကြားလိုက်ရသဖြင့် လင်းဖန် အနည်းငယ် အံ့အားသင့် သွားခဲ့လေသည်။
*မြည်းသူတော်စင် မဟုတ်ဘူးလား..။*
သို့သော် လင်းဖန် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။ သမာရိုးကျမဟုတ်တဲ့ ဂိုဏ်းသားများအနေ ဖြင့် 'မြည်းသူတော်စင်' ဆိုသည့် အမည်မှာ ထိုသူတော်စင်အပေါ် မလေးစားရာရောက်သည်ဟု ခံစား ရသဖြင့် 'ဆေးမီးဖိုသူတော်စင်' ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"စီနီယာ...၊ အဲ့ဒီ ဆေးမီးဖိုသူတော်စင် ဘာကြောင့် ပျောက်ကွယ်သွားရသလဲဆိုတဲ့ ထင်မြင်ချက်တွေ ရော မရှိဘူးလား…။"
ထိုမေးခွန်းကို ကြားသောအခါ မာဟုန်းယွမ်က လင်းဖန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးမှ ပြော လိုက်လေသည်။
"ထင်မြင်ချက်တွေကတော့ ရှိတာပေါ့။ ဒါပေမဲ့ သမာရိုးကျဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ သူတော်စင် နှစ်ပါး ရှိနေတော့ လူတွေက တိတ်တိတ်လေးပဲ ခန့်မှန်းရဲကြပြီး လူပုံအလယ်မှာတော့ မဆွေးနွေးရဲ ကြဘူးလေ…။"
"အဲ့ဒီ ခန့်မှန်းချက်က ဘယ်လိုမျိုးလဲဆိုတာ ငါ ထပ်ပြောဖို့တော့ မလိုတော့ဘူးမလား…။"
ထိုစကားကို ကြားသောအခါ လင်းဖန်လည်း ဆက်မမေးတော့ဘဲ ပါးနပ်စွာ နေလိုက်တော့သည်။ ထို ထင်မြင်ချက်မှာ 'ဆေးလုံးသူတော်စင်' နှင့် 'လက်နက်သူတော်စင်' တို့နှင့် ပတ်သက်နေမည်မှာ ထင်ရှား လှပေသည်။
သူတော်စင်နှစ်ပါး ပူးပေါင်းပြီး 'ဆေးမီးဖိုသူတော်စင်' ကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့ခြင်း လည်း ဖြစ်နိုင်ပေသည်။
လင်းဖန် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ မာဟုန်းယွမ်က သူ၏ဆိုလိုရင်းကို နားလည်သွားပြီဟု သဘောပေါက်လိုက်ပြီး မိတ်ဆက်စကားကို ဆက်ပြောလိုက်လေသည်။
"ငွေကြေး၊ ဆေးလုံးနဲ့ လက်နက်တွေအကြောင်း သိပြီဆိုတော့၊ ငါ အင်မော်တယ်ဘုံရဲ့ နောက်ခံအချက် အလက်အချို့ကို ပြောပြမယ်…။"
"အင်မော်တယ်ဘုံမှာ ကြီးမားတဲ့ အင်မော်တယ်နယ်မြေ (၁၂) ခု ရှိတယ်။ ဥပမာအားဖြင့် ငါတို့ရောက်နေ တဲ့နေရာက 'ခရမ်းရောင်တိမ်တိုက် အင်မော်တယ်နယ်မြေ' ထဲမှာ ရှိတာပေါ့…။"
'ခရမ်းရောင်တိမ်တိုက်' ဆိုသည့် အမည်ကို ကြားလိုက်ရသည်နှင့် လင်းဖန်သည် 'စိတ်ဝိညာဉ်အပျက် အစီး အင်မော်တယ်နယ်မြေ' နှင့် 'အင်မော်တယ်အရှင်သခင် လင်ရွှီ' တို့ကို တန်းစီ၍ သတိရသွားမိခဲ့ သည်။ ဤနယ်မြေတွင်လည်း 'ခရမ်းရောင်တိမ်တိုက် အင်မော်တယ်ဂိုဏ်း ' ရှိနေမည်ဟု သူ ခန့်မှန်း မိလိုက်သည်။
မာဟုန်းယွမ်၏ နောက်ထပ်စကားများက သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်လေသည်။
"ဒီ အင်မော်တယ်နယ်မြေ (၁၂) ခုဟာ အင်အားကြီးအဖွဲ့အစည်း (၁၂) ခုကို ကိုယ်စားပြုတယ်။ နယ်မြေ တွေရဲ့ အမည်ကလည်း အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အမည်ကနေ ဆင်းသက်လာခဲ့တာပဲ…။"
"ဥပမာ၊ ငါတို့ ခရမ်းရောင်တိမ်တိုက် နယ်မြေထဲက အကြီးဆုံးအဖွဲ့အစည်းက 'ခရမ်းရောင်တိမ်တိုက် အင်မော်တယ်ဂိုဏ်း' ပဲ။ သူ့ကို တည်ထောင်ခဲ့တဲ့ အင်မော်တယ်အရှင်သခင် ဇီရှောင်ဟာ ကျင့်ကြံမှုမှာ အထွတ်အထိပ်ကို ရောက်နေပြီး အနာဂတ်မှာ သူတော်စင်အဆင့်ကို တက်လှမ်းဖို့ အလားအလာအရှိဆုံး ပုဂ္ဂိုလ်ပဲ…။"
ဤနေရာသို့ ရောက်သောအခါ မာဟုန်းယွမ်၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"နောက်ထပ် အချက်အလက်တစ်ခု ပြောပြရရင် ငါတို့ရဲ့ မျှော်စင်သခင် ရဲ့ ဆရာဟာ အင်မော်တယ် ဧကရာဇ် အဆင့်မှာ ရှိပြီးတော့ ခရမ်းရောင်တိမ်တိုက် အင်မော်တယ်ဂိုဏ်းနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံ ရေး ရှိတယ်လို့ ပြောကြတယ်…။"
သူ၏စကားကို ပိုမိုခိုင်မာစေရန် မာဟုန်းယွမ်က အသေးစိတ် အချက်အလက်များကို ထပ်မံ ပြောပြ ခဲ့ပြန်လေသည်။
"ငါတို့ သေမျိုးဘုံ မှာ ရှိတုန်းက နတ်သမီးဝတ်စုံကို ရှာခိုင်းခဲ့တာ မှတ်မိသေးလား….။ အဲ့ဒီဝတ်စုံက ခရမ်းရောင်တိမ်တိုက် အင်မော်တယ်ဂိုဏ်းက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပျောက်ဆုံးသွားတဲ့ ဝတ်စုံပဲ။ အဲ့ဒီဆက်ဆံရေးကြောင့်ပဲ ဂိုဏ်းချုပ်က မင်းတို့ကို အစွမ်းကုန် ရှာခိုင်းခဲ့တာပေါ့…။"
ထိုစကားများကြောင့် ဗဟုသုတများကို ဂရုတစိုက် နားထောင်နေသည့် လင်းဖန်မှာ ဆွံ့အသွားရတော့ သည်။
*ဒီလောက်အထိ တိုက်ဆိုင်ရလား….။ ကမ္ဘာဦးသစ်ပင်က တခြားနယ်မြေကနေ မခိုးဘဲ ဒီနယ်မြေထဲကပဲ ခိုးလာရသလား…။*
ထျန်းယွမ်တိုက်ကြီး၏ အင်မော်တယ်တက်လှမ်းမှု အမှတ်အသားကလည်း ဤ ခရမ်းရောင်တိမ်တိုက် နယ်မြေထဲမှာပဲ ရှိနေခြင်းပင်။ ကျားပါးစပ်ထဲက အသားကို လုလာသလိုမျိုး ခရမ်းရောင်တိမ်တိုက်ဂိုဏ်း မှ လူကြီးတစ်ယောက်၏ ဝတ်စုံကို ခိုးလာတာခြင်းတော့ တကယ့်ကို အန္တရာယ်များလွန်းလှသည်ပင်။
မာဟုန်းယွမ်ကတော့ လင်းဖန် ဘာတွေးနေမှန်း မသိဘဲ ဆက်လက် ရှင်းပြနေခဲ့သည်။
"ငါတို့ မျှော်စင်သခင်ရဲ့ အဖွဲ့အစည်းကိုတော့ 'ကောင်းကင်နတ်ဘုရားနန်းတော်' လို့ ခေါ်တယ်…။"
ထိုအမည်ကို ကြားလိုက်ရသည့် ခဏတွင် အားလုံး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ် သွားကြလေတော့သည်။
*ငါတို့များ နားကြားမှားတာလား….။ နာမည်က ခမ်းနားလွန်းလှချည်လား၊ ရန်သူတွေ ဝိုင်းတိုက်တာ မခံရဘူးလား…။*
"အဟမ်း...၊ မင်းတို့ ကြားတာ မှန်ပါတယ်။ 'ကောင်းကင်နတ်ဘုရားနန်းတော်' ပါပဲ…။"
"တကယ်တော့ အင်မော်တယ်ဘုံက အင်အားစုတွေရဲ့ အမည်ပေးပုံက အရမ်းကွဲပြားပြီး ပုံသေမရှိဘူး။ ဥပမာအားဖြင့် အင်မော်တယ်ဧကရာဇ် အချို့က သူတို့ရဲ့ အင်အားစုကို 'ဟောက်ထျန်းနန်းတော်' လို့ အမည်ပေးတတ်သလို၊ တချို့ကလည်း ဂိုဏ်း၊ ဘာသာရေးအဖွဲ့၊ နိုင်ငံ၊ တောင်တန်း စသဖြင့် အမျိုးမျိုး ပေးတတ်ကြတယ်…။"
"အင်မော်တယ်ဧကရာဇ်တွေတင် မဟုတ်ပါဘူး၊ တခြားကျင့်ကြံသူတွေ တည်ထောင်တဲ့ အင်အားစု တွေရဲ့ နာမည်တွေကလည်း အစုံအလင်ပါပဲ။ ဒါကြောင့် မင်းတို့ နောက်ပိုင်းမှာ ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခုကို တွေ့ရလိမ့်မယ်…။"
"ဥပမာအားဖြင့် 'ဟောက်ထျန်းနန်းတော်' ဆိုတဲ့ နာမည်တူ အဖွဲ့အစည်း နှစ်ခု ရှိနေနိုင်တယ်။ ရှေ့က တစ်ခုက အင်မော်တယ်ဧကရာဇ် တည်ထောင်ထားတာ ဖြစ်နိုင်ပေမဲ့ နောက်တစ်ခုကတော့ အင်မော် တယ်ဘုရင် တစ်ပါးက ပေးထားတဲ့ နာမည် ဖြစ်နေနိုင်တယ်…။"
ထိုစကားကို ကြားသောအခါ လင်းဖန်နှင့် ကျန်သူများမှာ ဆွံ့အသွားကြပြန်လေသည်။ မာဟုန်းယွမ်က အားလုံး၏ အမူအရာကို ကြည့်ကာ ပြုံးလိုက်ပြီး သူသည်လည်း အင်မော်တယ်ဘုံကို စရောက်စက ဤအချက်ကြောင့်ပင် အံ့ဩခဲ့ရသည်ဟု ပြောလေသည်။
"ဒါကြောင့် နောက်ပိုင်းမှာ မင်းတို့ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်တဲ့အခါ သူ့အဖွဲ့အစည်းရဲ့ နာမည်ကို ကြည့်ပြီး အထင်မသေးမိဖို့ သတိထားရမယ်…။"
မာဟုန်းယွမ်၏ သတိပေးချက်ကို အားလုံးက ခေါင်းညိတ် ထောက်ခံခဲ့ကြသည်။ နာမည်သေးသေးလေး ပေးထားသည့် အဖွဲ့အစည်းသည်လည်း အင်မော်တယ်ဧကရာဇ်တစ်ပါးက ဖန်တီးထားခြင်းလည်း ဖြစ် နိုင်သည်မဟုတ်ပါလား။
ထို့နောက် မာဟုန်းယွမ်က အင်မော်တယ်ဘုံ၏ အခြေခံဗဟုသုတများကို ဆက်လက် ပြောပြရာ လင်းဖန် တို့မှာ ဤကမ္ဘာသစ်ကြီးအကြောင်းကို အကြမ်းဖျင်း နားလည်သွားကြသည်။ အသေးစိတ်ကိုမူ သူတို့ ကိုယ်တိုင် နောင်တွင် ဆက်လက် လေ့လာရမည်ဖြစ်သည်။
ရှင်းပြပြီးနောက် မာဟုန်းယွမ်က အားလုံးကို အနားယူရန် အခန်းများ ရှာခိုင်းလိုက်လေသည်။ ထို့ပြင် လူတိုင်းကို အင်မော်တယ်ကျောက်တုံး အနည်းငယ်စီ ပေးလိုက်သေးသည်။ ထိုကျောက်တုံးများသည် ငွေကြေးအဖြစ် သုံးနိုင်သလို ကျင့်ကြံခြင်းအတွက်လည်း များစွာ အထောက်အကူပြုပေသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ လင်းဖန်သည် လျိုပိုင်ချွမ်းတို့ကဲ့သို့ ကျင့်ကြံနေခြင်း မပြုလုပ်ခဲ့ပေ။ သူသည် သစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက်ကို ပိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကို မူလခန္ဓာကိုယ်ထဲ သို့ ပြန်လည် စုစည်းလိုက်သည်။
ထို့နောက် အခန်းထဲတွင် ကျန်ခဲ့သည့် သစ်ရွက်ကိုလည်း "သစ်ရွက်တစ်ရွက်က အမြင်အာရုံကို ဖုံးကွယ်ခြင်း" လုပ်ဆောင်ချက်ဖြင့် ဖုံးကွယ်ထားလိုက်လေသည်။
ဟင်းလင်းပြင် အင်မော်တယ်ဘုံ အတွင်း၌ လင်းဖန်၏ မူလခန္ဓာကိုယ်သည် ကမ္ဘာဦးသစ်ပင်အတွင်းမှ ထွက်ပေါ်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား ၏ တည်နေရာကို ရှာဖွေကာ တည်နေရာမှတ် လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်။
အလင်းတန်းတစ်ချက် လက်သွားပြီးနောက် လင်းဖန်သည် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့ သည်။
သူ ပြန်လည် ပေါ်ထွက်လာသောအခါ လင်ရွှီ အင်မော်တယ်စံအိမ် သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပေသည်။
"ရှောင်လင်...၊ စံအိမ်အခြေအနေ ဘယ်လိုရှိလဲ…။"
လင်းဖန်က ရောက်သည်နှင့် အဆောင်ပြားဝိညာဉ်ကို ဆက်သွယ်လိုက်လေသည်။
"သခင်...၊ ကျွန်တော် အကုန်လုံးကို သန့်ရှင်းရေးလုပ်ထားပြီးပါပြီ။ ဂိုဏ်းတော်အတွင်းက ကြာရှည်စွာ ပစ်ပယ်ထားခြင်းခံခဲ့ရတဲ့ အစီအရင်အချို့ကိုလည်း ပြန်ပြင်ထားပါတယ်…။"
"သခင် အလိုရှိရင် လင်ရွှီ အင်မော်တယ်စံအိမ်ကို အချိန်မရွေး ပြန်ဖွင့်လို့ရပါတယ်…။"
ထိုစကားကို ကြားသောအခါ လင်းဖန်က ခေါင်းခါလိုက်သည်။
"မလိုသေးပါဘူး၊ အခုလောလောဆယ် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့က အဓိကပဲ…။"
"ရှောင်လင်...၊ အင်မော်တယ်အရှင်သခင် လင်ရွှီက သူ့စံအိမ်တော်မှာ အရင်းအမြစ်တွေ အများကြီး ချန်ထားခဲ့မှာပဲ မဟုတ်လား…။ ငါ့အတွက် အင်မော်တယ်ကျောက်တုံး အချို့ အရင်ထုတ်ပေးပါဦး…။"
အမိန့်ရသည်နှင့် ရှောင်လင်သည် ချက်ချင်းပင် လှုပ်ရှားလေတော့သည်။