အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း (၂၆၅) အရသာသုံးမျိုး တိဟွမ်ဆေးလုံး
သို့သော်လည်း သတိကြီးစွာထားသည့်အနေဖြင့် လင်းဖန်သည် သစ်ရွက်ကိုယ်ပွားသို့ ပြောင်းလဲပြီး နောက် လူသားပုံစံသို့ ချက်ချင်းမပြောင်းလဲသေးပေ။ ထိုအစား ကမ္ဘာဦးသစ်ပင်၏ ဖုံးကွယ်ထားသော သစ်ရွက်ကလေးအဖြစ်သာ ဆက်လက်တည်ရှိနေခဲ့သည်။
ထို့နောက် လင်းဖန်၏ ထိန်းချုပ်မှုအောက်တွင် သစ်ရွက်ကလေးမှာ လေတိုက်ခံရသည့်အလား အင်မော် တယ်စံအိမ်တော်နှင့် ဝေးရာသို့ လွင့်မျောသွားလေတော့သည်။
လင်ရွှီ အင်မော်တယ်စံအိမ်၏ တည်နေရာမှာ လင်ရွှီမြို့တော် ၏ အလယ်ဗဟိုတည့်တည့်တွင် ရှိပေ သည်။ ထိုမြို့မှာ တစ်ခုလုံးသော စိတ်ဝိညာဉ်အပျက်အစီး အင်မော်တယ်နယ်မြေ၏ ဗဟိုချက်မမြို့ လည်း ဖြစ်ပေသည်။ ဤနေရာမှာ တစ်နယ်မြေလုံးတွင် အစည်ကားဆုံးနှင့် အချမ်းသာဆုံးနေရာ ဖြစ် လေသည်။
အစစ်အမှန် အင်မော်တယ် အဆင့်မှသည် အင်မော်တယ်အရှင်သခင် အဆင့်အထိ ကျင့်ကြံသူများစွာမှာ မြို့အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။ အထူးသဖြင့် မကြာသေးမီက အင်မော် တယ်စံအိမ်တော်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် ဖြစ်ရပ်များကြောင့် မြို့တော်မှာ ပို၍ပင် စည်ကား နေခဲ့လေသည်။
ဤနေ့မှာတော့ မြို့တော်တံခါးဝဆီသို့ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦး ဖြည်း ဖြည်းချင်း လမ်းလျှောက်လာနေခဲ့လေသည်။ သူ ပေါ်လာသည်နှင့် လမ်းသွားလမ်းလာများ၏ အာရုံကို ဖမ်းစားလိုက်လေတော့သည်။
ထိုကျင့်ကြံသူမှာ အင်မော်တယ်သခင် အဆင့်ရှိပြီး မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သို့သော် သူ့ကို လူတွေ သတိထားမိကြသည်မှာ ကျင့်ကြံမှုကြောင့် မဟုတ်ပေ။ သူ့ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသည့် ဆေးပုလင်းများ၊ ဆေးအိုးများနှင့် အမျိုးမျိုးသော ထူးဆန်းသည့် ပစ္စည်းများကြောင့် ပင် ဖြစ်လေသည်။
ထို့ပြင် သူ၏ ပခုံးပေါ်တွင် "ဟင်းလင်းပြင်ကုန်သည်" ဟု ရေးထားသည့် အလံတစ်ခုကိုလည်း ထမ်းထား ပေသေးသည်။
ဟုတ်ပါသည်... ထိုသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က အင်မော်တယ်စံအိမ်တော်မှ တိတ်တိတ်လေး ထွက်လာခဲ့သည့် လင်းဖန်ပင် ဖြစ်လေသည်။
မြို့တော်နှင့် ဝေးရာသို့ တိတ်တိတ်လေး ထွက်လာပြီးနောက် လင်းဖန်သည် ဆိတ်ငြိမ်သော နေရာတစ်ခု တွင် အခြေချခဲ့လေသည်။ ထိုရက်များအတွင်း သူသည် အမျိုးမျိုးသော ဆေးလုံးများနှင့် မှော်ရတနာ များကို သန့်စင်ဖော်စပ်နေခဲ့လေသည်။
ယခုဝတ်စုံမှာ လှည့်လည်သွားလာနေသည့် ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။ "ဟင်းလင်းပြင်ကုန်သည်" ဟူသော အမည်ဖြင့် ကျော်ကြားမှုကို တည်ဆောက်ရန်မှာ သူ၏ ပထမဆုံး ခြေလှမ်းပင် ဖြစ်တော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က လင်းဖန်သည် စနစ်ကို မေးမြန်းခဲ့လေသည်။ ဘာကြောင့် အင်မော်တယ် သခင် အဆင့်ကို ရောက်ပြီးမှ ကျော်ကြားမှုနှင့် ဂုဏ်သတင်းက အဆင့်တက်ဖို့ လိုအပ်လာရတာလဲဆို ခြင်းကိုပေါ့။ စနစ်၏ ပြန်လည်ဖြေကြားမှုက လင်းဖန်ကို ဆွံ့အသွားစေခဲ့သည်။
[အစစ်အမှန် အင်မော်တယ်၊ ကောင်းကင်အင်မော်တယ်၊ ဆန်းကြယ်အင်မော်တယ် နင့် ရွှေရောင် အင်မော်တယ် အဆင့်တွေမှာ အဓိက အရေးကြီးတာက အင်မော်တယ်စွမ်းအား ဖြစ်တယ်။ ဒါကြောင့် အင်မော်တယ်ကျောက်တုံးတွေကို သုံးပြီး စွမ်းအားကို မြှင့်တင်နိုင်တယ်…။]
[ဒါပေမဲ့ အင်မော်တယ်သခင်၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်ဧကရာဇ် နဲ့ အင်မော်တယ်အရှင် သခင် ဆိုတာတွေက ဂုဏ်ပုဒ်တွေ ဖြစ်ပြီး လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ နေရာကို ကိုယ်စားပြုပါ တယ်။ ဒါကြောင့် အဆင့်အတန်း မြင့်မားလာဖို့အတွက် ကျော်ကြားမှု ဂုဏ်သတင်းကို တည်ဆောက်ဖို့ လိုအပ်တာပဲ….။]
အမှန်စင်စစ်တော့ လင်းဖန် စုံစမ်းသိရှိရသလောက် သာမန်ကျင့်ကြံသူများမှာ အင်မော်တယ်သခင် အဆင့်ကို ရောက်လျှင်တောင် သူတို့၏ အင်အားကို မြှင့်တင်ရန်မှာ အရေးကြီးဆုံး ဖြစ်နေဆဲပင်။ ထို့ကြောင့် ဤကျော်ကြားမှုဖြင့် အဆင့်တက်ခြင်းမှာ လင်းဖန် တစ်ဦးတည်းအတွက်သာ သက်ဆိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ စနစ်ကို သုံး၍ မြှင့်တင်ခြင်း နှင့် သာမန်ကျင့်ကြံသူများ ကျင့်စဉ်ကို သုံး၍ မြှင့်တင်ခြင်း တို့ ၏ ကွဲပြားခြားနားချက် ဖြစ်နိုင်ပေသည်။ ကုန်သည်စနစ် ဖြစ်သည့်အတွက် သူ၏ ကျော်ကြားမှုနှင့် အဆင့်အတန်းကို မြှင့်တင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ ကုန်ပစ္စည်း အရောင်းအဝယ် ပြုလုပ်ခြင်း ပင် ဖြစ်ချေသည်။
တခြားသော နည်းလမ်းများဖြင့် ကျော်ကြားမှုကို ရယူနိုင်သော်လည်း အရောင်းအဝယ်လောက် မမြန် ဆန်ပေ။ ဥပမာအားဖြင့် လူအများရှေ့တွင် အင်မော်တယ်သခင် တစ်ပါးကို သတ်လိုက်၍ ရလာမည့် ကျော်ကြားမှုမှာ အင်မော်တယ်သခင် တစ်ပါးနှင့် အောင်မြင်သော အရောင်းအဝယ် တစ်ခု ပြုလုပ် လိုက်ခြင်းထက် ပို၍ မကြီးမားနိုင်ချေ။
"ကပ်ကြေးသွေးမလား…၊ ဓားသွေးမလား..။"
လင်းဖန်၏ အော်ဟစ်သံကြောင့် မြို့တံခါးဝရှိ လူများမှာ သူ့ကို နောက်တစ်ကြိမ် လှည့်ကြည့်ကြပြန် သည်။ ထိုအော်ဟစ်သံ၏ အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း သူ၏ ကိုယ်ပေါ်တွင် ချိတ်ဆွဲထား သည့် ပစ္စည်းများကို ကြည့်ခြင်းဖြင့် သူသည် အရောင်းအဝယ် လုပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"စီနီယာ... ခင်ဗျားဆီမှာ ရှိတဲ့ ဆေးလုံးတွေက ရောင်းဖို့လား…။"
လင်းဖန်၏ အော်ဟစ်သံကြောင့် သတ္တိရှိသည့် ကျင့်ကြံသူအချို့ ရှေ့သို့ တိုးလာကာ မေးမြန်းကြသည်။ အင်မော်တယ်ဘုံသို့ ရောက်ပြီးနောက် ပထမဆုံး ဖောက်သည်ကို မြင်လိုက်ရသဖြင့် လင်းဖန် အလွန် ဝမ်းသာသွားခဲ့လေသည်။
"ဒါပေါ့...။ ငါ့ရဲ့ ဆေးလုံးတွေက ထိပ်တန်း အရည်အသွေးတွေချည်းပဲ။ မင်း ငါနဲ့ တွေ့တာ ကံကောင်းတာ ပဲ ဂျူနီယာ…။ ဒါနဲ့ မင်းကို ဘယ်လို ခေါ်ရမလဲ…။"
လင်းဖန်၏ မေးခွန်းကြောင့် ကျင့်ကြံသူက အရိုသေပေး၍ နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော့်ကို ဝမ်ရှန်း လို့ ခေါ်လို့ရပါတယ်၊ စီနီယာမှာ ကျင့်ကြံမှုကို တိုးတက်စေမယ့် ဆေးလုံးများ ရှိပါသလား….။ ဈေးကရော ဘယ်လောက်လဲ…။"
တစ်ဖက်လူ၏ လိုအပ်ချက်ကို သိရပြီးနောက် လင်းဖန် သူ၏ ကျင့်ကြံမှုကို စစ်ဆေးလိုက်ရာ ရွှေရောင် အင်မော်တယ် အဆင့်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။
"မင်း နေရာမှန်ကို လာခဲ့တာပဲ။ ငါ့ဆီမှာ ကျင့်ကြံမှုအတွက် ဆေးလုံးတွေ အများကြီး ရှိတယ်…။"
ပြောပြောဆိုဆိုဖြင့် သူ၏ ကိုယ်ပေါ်ရှိ ပုလင်းများထဲမှ ဆေးပုလင်းတစ်ခုကို ထုတ်လိုက်လေသည်။ ထိုပုလင်းပေါ်တွင် "စန်းဝေ့တိဟွမ်ဝမ်" ဟု ရေးသားထားလေသည်။
"ဒါက ငါ့ရဲ့ ကိုယ်ပိုင် ဖော်စပ်နည်းနဲ့ လုပ်ထားတဲ့ 'အရသာသုံးမျိုး တိဟွမ်ဆေးလုံး' ပဲ…။"
"ဒါက ရွှေရောင်အင်မော်တယ် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက အင်မော်တယ်စွမ်းအားတွေကို အများ ကြီး တိုးပွားစေနိုင်တယ်။ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ အင်မော်တယ်အနှစ်သာရ ဆေးလုံး တွေထက် အများကြီး သာလွန်တယ်…။"
ဝမ်ရှန်းက ဆေးပုလင်းပေါ်မှ ထူးဆန်းသော အမည်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ တစ်ချိန် တည်းမှာပင် သူသည် စူးစမ်းလိုစိတ်များဖြင့် မေးခွန်းများ ဆက်တိုက် မေးလေတော့သည်။
"ဒီဆေးလုံးအကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးဘူး စီနီယာ။ ဒါပေမဲ့ ဒီဆေးကို 'တန်း' လို့ မခေါ်ဘဲ ဘာလို့ 'ဝမ်' လို့ ခေါ်တာလဲ…။ ပြီးတော့ အဲ့ဒီ အရသာသုံးမျိုး ဆိုတာက ဘာကို ပြောတာလဲ…။ ဆေးဖက် ဝင် အပင် သုံးမျိုးကို ပြောတာလား…။"
ပထမဆုံး ဖောက်သည်ဖြစ်သည့်အတွက် လင်းဖန်က အလွန် စိတ်ရှည်စွာဖြင့် ပြန်ဖြေပေးခဲ့လေသည်။ တစ်ဖက်လူ၏ မေးခွန်းကို ကြားသောအခါ လင်းဖန်သည် ထိုဆေးလုံးကို ဖော်စပ်ခဲ့သည့် လုပ်ငန်းစဉ်ကို ပြန်စဉ်းစားလိုက်မိသည်။
လင်းဖန်သည် ဤဆေးလုံးကို ဆေးမီးဖိုဖြင့် ဖော်စပ်ခဲ့ခြင်း မဟုတ်ပေ။ အရာခပ်သိမ်းကို သန့်စင်နိုင် သည့် စွမ်းရည်ကို သုံး၍ လက်ဖြင့် တိုက်ရိုက် သန့်စင်ခဲ့ခြင်း ဖြစ်လေသည်။ သူ စုံစမ်းကြည့်သလောက် အင်မော်တယ်ဘုံတွင် ဆေးမီးဖိုနှင့် ဖော်စပ်သည့် ဆေးလုံးများကို 'တန်း' ဟု ခေါ်ပြီး လက်ဖြင့် လုံး၍ ပြုလုပ်သော ဆေးလုံးများကို 'ဝမ်' ဟု ခေါ်ကြသည်ကို သူ သိခဲ့ရလေသည်။
"အဟမ်း... သူငယ်...၊ မင်း ဒါကို မသိသေးဘူးပဲ။ ငါက ထုတ်လုပ်မှု ပုံစံအသစ်ကို သုံးထားတာ။ ဒါ ကြောင့် ငါ သန့်စင်ထားတဲ့ ဆေးလုံးတွေကို အမည်သစ် ပေးထားတာပေါ့…။"
"အဲ့ဒီ အရသာ သုံးမျိုး ဆိုတာကတော့...။"
လင်းဖန် စကားကို ခဏရပ်လိုက်ပြီး ထိုဆေးလုံး၏ အကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက အမှန်အတိုင်း ပြောလိုက်လေသည်။
"အဲ့ဒီ အရသာ သုံးမျိုး ဆိုတာကတော့...၊ ဒီဆေးလုံးကို စားလိုက်ရင် မင်းရဲ့ ပါးစပ်ထဲမှာ ကျပန်းအရသာ သုံးမျိုးကို ခံစားရမှာကို ပြောတာပဲ…။"
ဝမ်ရှန်းက လင်းဖန်၏ ရှင်းပြချက်ကို ကြားသောအခါ ကြောင်သွားခဲ့သည်။
*ဘယ်ကျင့်ကြံသူကမှ အရသာကို ခံစားချင်လို့ ဆေးစားတာ မဟုတ်ဘူးလေ။ ဆေးလုံးက ဆေးလုံးပါပဲ၊ အရသာတွေ အများကြီး ရှိနေတော့ ဘာဖြစ်မှာမို့လို့လဲ…။*
ဝမ်ရှန်းသည် 'တိဟွမ်' ဆိုတာ ဘာလဲဟု ဆက်မေးရန် အကြံကို ချက်ချင်း လက်လျှော့လိုက်သည်။
"အဲ... စီနီယာ၊ ကျွန်တော့်ကို တစ်လုံးလောက် ရောင်းပေးပါလား….။ ကျင့်ကြံမှုအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလဲဆိုတာ စမ်းကြည့်ချင်လို့ပါ….။"
*တစ်လုံးတည်းလား….။*
ထိုတောင်းဆိုမှုက လင်းဖန်ကို တွန့်ဆုတ်သွားစေခဲ့ပေသည်။
ဤဆေးလုံး၏ 'အရသာ သုံးမျိုး' ဆိုသည်မှာ ၎င်း၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်လေသည်။ ယခင်က ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးများကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အရသာမှာ ကောင်းမည်မဟုတ် သည်မှာ သေချာပေသည်။ တစ်ဖက်လူကသာ တစ်လုံး စမ်းစားကြည့်ပြီး လုံးဝ မကြိုက်တော့လျှင် သူ ဖောက်သည်တစ်ယောက် ဆုံးရှုံးသွားပေလိမ့်မည်။
လင်းဖန်က ပုလင်းလိုက် ရောင်းချင်သော်လည်း တစ်ဖက်လူက စမ်းမကြည့်ရလျှင် မဝယ်မည့် အမူအရာ ပြနေသဖြင့် သဘောတူလိုက်ရလေတာ့သည်။
"အင်း... ရပါတယ်၊ ဒါပေမဲ့ မင်း ကြိုတင်ပြီး စိတ်ပြင်ဆင်ထားဖို့ လိုမယ်။ အရသာက မင်း မထင်ထား တာမျိုး ဖြစ်နေနိုင်တယ်….။"
ဝမ်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ စီနီယာ၊ ကျွန်တော် အရသာခံ အာရုံကို ပိတ်ထားလိုက်မှာပေါ့….။"
ထို့နောက် သူက အင်မော်တယ်ကျောက်တုံးများ ပေးကာ ဆေးလုံးတစ်လုံးကို ဝယ်ယူလိုက်လေသည်။ တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန်က စိတ်ထဲမှ ကျိတ်ရယ်လိုက်မိသည်။
*မင်းက ငယ်ပါသေးတယ် သူငယ်ရာ...။*
*အရသာခံ အာရုံကို ပိတ်လိုက်ရုံနဲ့ စနစ်က ထုတ်ပေးတဲ့ ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကနေ လွတ် မယ် လို့ ထင်နေတာလား။ အင်မော်တယ် အငယ်လေး မပြောနဲ့၊ အင်မော်တယ်ဘုရင် တစ်ပါးတောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး….။*