← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈) ကြက်တူရွေးခေါင်းလောင်း၊ ဂျီကျတတ်သည့် မိစ္ဆာကောင်

ဤလက်နက်သန့်စင်သည့် လုပ်ငန်းစဉ်သည် လင်းဖန်၏ ဆေးဖော်စပ်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်း သမိုင်းတစ်လျှောက်တွင် အကြာဆုံးဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ 'လင်ရွှီ အင်မော်တယ်စံအိမ်' အဆောင်ပြားကို ပြန်လည်သန့်စင်ခဲ့စဉ်ကထက်ပင် ပို၍ အချိန်ကြာမြင့်ခဲ့လေသည်။

ဤသည်က လင်းဖန်ကို အတော်လေး မျှော်လင့်ချက် ကြီးမားစေခဲ့သည်ပင်။ ဤမျှကြာအောင် သန့်စင်ခဲ့ ရသည်ဆိုလျှင် နောက်ဆုံးထွက်ပေါ်လာမည့် အင်မော်တယ်လက်နက်သည် အလွန်တရာ အစွမ်းထက် မည်မှာ သေချာလှပေသည်။

နောက်ဆုံးတွင်တော့ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် 'ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို' ထံမှ 'ဒင်' ဟူသည့် အသံက ထွက်ပေါ်လာခဲ့လေသည်။

အသင့်စောင့်နေသော လင်းဖန်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဖိုအဖုံးကို ဖွင့်လိုက်လေသည်။

ဆေးမီးဖိုထဲတွင် လက်သီးဆုပ်ခန့်ရှိသော ကြေးဝါရောင် ခေါင်းလောင်းလေးတစ်လုံးက ငြိမ်သက်စွာ လဲလျောင်းနေခဲ့လေသည်။ သို့သော်လည်း 'ငြိမ်သက်ခြင်း' ဆိုသည်မှာ ခဏလေးသာ တည်မြဲလိုက် သည်။

ဆေးမီးဖိုထဲမှ ခေါင်းလောင်းလေးသည် ကြက်တူရွေးပုံသဏ္ဌာန်သို့ ပြောင်းလဲသွားပြီး လင်းဖန်၏ ပခုံး ပေါ်သို့ ပျံတက်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် နားကွဲလုမတတ် ဆူညံလှသော အသံများမှာ လင်းဖန်၏ နားထဲသို့ မနားတမ်း ဝင်ရောက်လာတော့သည်။

"အားးး... သခင်၊ ကျွန်တော့ကို နာမည်လေး ပေးပါဦး….။"

"သခင်... 'ဖီးနစ်' ဆိုတဲ့ နာမည်က ဘယ်လိုလဲဟင်…။ ကျွန်တော် အဲ့ဒီနာမည်ကို နောက်ပိုင်းမှာ သုံးလို့ ရမလား…။ အားးး...။"

"သခင် သိလား။ ကျွန်တော်က တကယ့်ကို အံ့ဩဖို့ကောင်းတာပါ…။ ကျွန်တော် ရှိနေတာက သခင်မှာ နောက်ထပ် ပါးစပ်တစ်ခု ပိုရှိနေသလိုပဲနော်…။"

"တကယ်လို့ နောင်မှာ တစ်ယောက်ယောက်နဲ့ စကားများစရာရှိရင် ကျွန်တော့်ကိုသာ လွှဲပေးလိုက်ပါ သခင်….။"

"အားးး...။"

သူ၏ နားအနီးတွင် မနားတမ်း ပျံသန်းပြီး အာပေါင်အာရင်းသန်သန်ဖြင့် အော်ဟစ်နေသည့် ညိုဝါရောင် ကြက်တူရွေးကို ကြည့်ပြီး လင်းဖန် ဆွံ့အသွားရလေသည်။

*ငါ ဘာကြီးကို ဖန်တီးလိုက်မိတာလဲ….။*

စကားအလွန်များရုံတင်မကဘဲ ဂျီကျတတ်သည့် အကျင့်ပါ ပါနေသေးသည်။ ထို့ပြင် သူ၏ အသံမှာ လည်း အလွန်ဆိုးလှသော်လည်း အော်ဟစ်နေဆဲပင်။

*သူက သူတစ်ပါးရဲ့ ခံစားချက်ကိုရော ထည့်စဉ်းစားဖူးရဲ့လား…။*

"တော်စမ်း၊ တော်စမ်း... အရင်ဆုံး ပါးစပ်ပိတ်ထားလိုက်စမ်း။"

လင်းဖန် ပြောလိုက်သည်နှင့် ကြက်တူရွေးက လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်လိုက်သဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပေသည်။ ကံကောင်းစွာဖြင့် ကြက်တူရွေးက အနည်းငယ် ဆူညံသော်လည်း စကား နားထောင်သရွေ့တော့ ပြဿနာမရှိသေးပေ။

"ဟင်း... 'ဖီးနစ်' ဆိုတဲ့ နာမည်က ကြီးလွန်းတယ်၊ မင်းနဲ့ မလိုက်ဖက်ပါဘူး…။"

"မင်းက ကြက်တူရွေးလည်း ဖြစ်သလို 'အာ့' ဆိုတဲ့ အသံလည်း အမြဲထွက်နေတော့ မင်းကို 'ရှောင်ယင်' လို့ပဲ ခေါ်တော့မယ်…။"

"ကဲ... မင်းရဲ့ စွမ်းရည်တွေကို ပြောပြစမ်းဦး…။"

လင်းဖန် စကားဆုံးသည်နှင့် သူ၏ နားထဲတွင် နောက်တစ်ကြိမ် ဆူညံသံများ စတင်လာပြန်လေသည်။

"အားးး...၊ ရှောင်ယင် အသက်ရှူကျပ်တော့မှာပဲ…။ ကျွန်တော့်မှာ စွမ်းရည်တွေ အများကြီး ရှိတာပေါ့...။"

"သခင်အတွက် တစ်ဖက်လူနဲ့ စကားနိုင်လုပေးတာ၊ ဆဲဆိုပေးတာက ကျွန်တော့ရဲ့ ဗီဇပဲ။ တစ်ဖက်လူရဲ့ မျိုးရိုးစဉ်ဆက်ကို စောင်းမြောင်းဆဲဆိုတာကလည်း ကျွန်တော် အလိုအလျောက် လုပ်ပေးမှာပါ…။"

"ရန်သူက စိတ်တိုပြီး ကျွန်တော့်ကို တိုက်ခိုက်လာမှာကိုလည်း သခင် စိတ်ပူစရာမလိုဘူးနော်…၊ ဘာလို့ လဲဆိုတော့ ကျွန်တော့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် ရှိလို့ပဲ။ ကျွန်တော်က ကြက်တူရွေး ပုံစံ ပြောင်းထားတဲ့အချိန်မှာ 'ဘာမှမရှိခြင်း' အခြေအနေမှာ ရှိနေမှာဆိုတော့ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို လျစ်လျူရှုထားလို့ ရပါတယ်…။"

"ဒါ့အပြင် ကျွန်တော့်မှာ တိုက်စစ်စွမ်းရည်လည်း ရှိပါသေးတယ်၊ ကျွန်တော့်ရဲ့ မူလပုံစံ ခေါင်းလောင်း အဖြစ် ပြောင်းလိုက်ရင် တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေမယ့် အသံလှိုင်းတိုက်ကွက် ကို ထုတ်ဖော်နိုင်ပါတယ်…။"

"ဒါပေမဲ့ ရှောင်ယင်ကတော့ ကြက်တူရွေးပုံစံနဲ့ပဲ ရန်သူတွေကို စကားနဲ့ တိုက်ခိုက်ရတာကို ပိုကြိုက်ပါ တယ်…။"

"အားးး...၊ ကျွန်တော်က နောက်ထပ်...၊"

ဘေးနားမှ တတွတ်တွတ်နှင့် စကားပြောနေသည့် အသံကို နားထောင်ရင်း လင်းဖန် ခေါင်းကိုက်လာရ သည်။

*ကြက်တူရွေးပုံစံနဲ့ စကားပြောတိုက်ခိုက်ခြင်းကလည်း အသံလှိုင်းတိုက်ကွက်တစ်ခု ဖြစ်နေနိုင်မ လား…။*

ခဏလေး နားထောင်မိရုံနဲ့တင် သူ ခေါင်းနည်းနည်း မူးလာသလို ခံစားနေရသည်ပင်။

"တော်ပြီ၊ တော်ပြီ။ လုံလောက်ပြီ…။"

လင်းဖန် ထပ်နားမထောင်နိုင်တော့ဘဲ ရှောင်ယင်၏ ရှင်းပြချက်ကို အမြန်ရပ်ခိုင်းလိုက်ရလေသည်။

"မင်းကို ငါ ဖန်တီးခဲ့တာက ငါ့ရဲ့ ကျော်ကြားမှုကို မြှင့်တင်ပေးဖို့ပဲ၊ ဒီလောက် စွမ်းရည်တွေဆိုရင် လုံလောက်ပါပြီ…။"

"နောင်မှာ ငါတို့ ကြော်ငြာတွေ အော်ဖို့လိုလာတဲ့အခါ မင်း ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့…။"

ထို့နောက် လင်းဖန်သည် ရှောင်ယင်ကို ဆေးလုံးအချို့နှင့် မှော်ရတနာများ၏ အာနိသင်များကို သင်ကြား ပေးကာ ကြော်ငြာစကားလုံးများကို ကျက်မှတ်ခိုင်းလိုက်လေသည်။ မနက်ဖြန် လမ်းပေါ်ထွက်သည့်အခါ ဤကြော်ငြာလုပ်ငန်းတစ်ခုလုံးကို သူ့အား အပ်နှံရန် စီစဉ်လိုက်လေသည်။

"အားးး... သခင် စိတ်မပူပါနဲ့၊ ကျွန်တော့ရဲ့ အသံက စိတ်ဝိညာဉ်ထဲအထိ ထိုးဖောက်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ အော်ဟစ်သံတွေက လူတိုင်းရဲ့ စိတ်ထဲကို ရောက်သွားစေရမယ်လို့ အာမခံပါတယ်…။"

"သူတို့ နားကို ပိတ်ထားရင်တောင် ကျွန်တော့်ရဲ့ အသံကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့...။"

ရှောင်ယင် နောက်တစ်ကြိမ် စကားများတော့မည်ကို မြင်သဖြင့် လင်းဖန် အမြန်ပင် ကြားဖြတ်ပြော လိုက်ရလေသည်။

"ကောင်းပြီ၊ ကောင်းပြီ...။ အခုတော့ မင်းရဲ့ ခေါင်းလောင်းပုံစံကို ပြန်ပြောင်းလိုက်တော့။ အားအင်တွေ ကို ချွေတာထားပြီး မနက်ဖြန်အတွက် ပြင်ဆင်ထားလိုက်…။"

ရှောင်ယင်က လင်းဖန်၏ အမိန့်ကို အပြည့်အဝ နာခံလေသည်။ ထို့ကြောင့် အော်ချင်သေးသော်လည်း လိမ္မာစွာပင် ခေါင်းလောင်းပုံစံသို့ ပြန်ပြောင်းသွားလေတော့သည်။

လက်ထဲသို့ ကျလာသော ခေါင်းလောင်းလေးကို လင်းဖန် လှုပ်ယမ်းကြည့်လိုက်လေသည်။

'ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...'

ကြည်နူးဖွယ်ကောင်းသော အသံများမှာ သူ၏ စိတ်ထဲသို့ ဝင်ရောက်လာရာ လင်းဖန် အလွန် သက် သောင့်သက်သာ ဖြစ်သွားခဲ့လေသည်။

"ဟော...၊ ခေါင်းလောင်းအသံနဲ့ ကြက်တူရွေးအသံက ဒီလောက်တောင် ကွာတာလား…။"

"ဒါမှမဟုတ် ရှောင်ယင်ရဲ့ ဆူညံသံတွေက ငါ့ရဲ့ မျှော်လင့်ချက်ကို လျှော့ချလိုက်လို့ ခေါင်းလောင်းသံကို သာယာတယ်လို့ ထင်နေတာလား မသိဘူး…။"

ခေါင်းလောင်းကို ခဏမျှ ထပ်မံ လှုပ်ယမ်းကြည့်ပြီးနောက် လင်းဖန် သိမ်းလိုက်လေတော့သည်။

နောက်တစ်နေ့ မနက်စောစောတွင် လင်းဖန်သည် သစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက်ကို ပြန်လည် အသက်သွင်းလိုက်လေသည်။ စိတ်ဝိညာဉ်အပျက်အစီး မြို့တော်အတွင်းရှိ ကမ္ဘာဦးသစ်ပင်၏ သစ်ရွက် တစ်ရွက်ထဲသို့ သူ၏ စိတ်ဝိညာဉ်ကို ထည့်သွင်းလိုက်လေသည်။ ထို့နောက် လင်းဖန်သည် မြို့တော်၏ ထောင့်တစ်နေရာတွင် ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။

ခေါင်းလောင်းကို ထုတ်ယူပြီးနောက် လင်းဖန်သည် ၎င်းကို ချက်ချင်းပင် ကြက်တူရွေးအဖြစ် ပြောင်းလဲ လိုက်လေသည်။

"ရှောင်ယင်... အလုပ်စဖို့ ပြင်ဆင်တော့။ ငါ သင်ပေးထားတဲ့ ကြော်ငြာစကားလုံးတွေ အကုန်လုံး မှတ်မိ ရဲ့လား…။"

အလင်းတစ်ချက် လက်သွားပြီးနောက် ခေါင်းလောင်းလေးမှာ ကြက်တူရွေးအဖြစ် ပြောင်းလဲကာ လင်းဖန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆူညံသံများ ထပ်မံ စတင်လာတော့သည်။

"အားးး... နောက်ဆုံးတော့ စကားပြောလို့ ရပြီ။ သခင် စိတ်မပူပါနဲ့၊ ကျွန်တော် အကုန်မှတ်မိပါတယ်။ သခင် မယုံရင် ကျွန်တော် အခုပဲ ရွတ်ပြမယ်လေ…။"

"ဆေးလုံးနဲ့ မှော်ရတနာ၊ အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာ၊ ဟင်းလင်းပြင်ကုန်သည်က စီးပွားရေးလောကကို စိုးမိုးမည်..။"

"ဘယ်ဆေးလုံးနဲ့ မှော်ရတနာက အကောင်းဆုံးလဲ…။ ဟင်းလင်းပြင်ကုန်သည်က အကောင်းဆုံးပေါ့…။"

"ဟင်းလင်းပြင်ကုန်သည်ရဲ့ ဆေးလုံးတွေ၊ လက်နက်တွေကို မြင်ရင်သာ ဝယ်လိုက်စမ်းပါ…။"

"မင်းဝယ်၊ ငါဝယ်၊ အားလုံးဝယ်၊ ဟင်းလင်းပြင်ကုန်သည်ဆီမှာပဲ ဝယ်…။"

"......"

ကြော်ငြာစကားလုံးများမှာ လင်းဖန်၏ စိတ်ထဲသို့ ဗုံးကြဲသကဲ့သို့ တရစပ် ဝင်ရောက်လာသဖြင့် သူ ခေါင်းတော်တော်လေး ကိုက်သွားရလေသည်။ ခေါင်းလောင်း၏ အသံလှိုင်းတိုက်ကွက်က သူ့အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း ဤမျှ ဆူညံနေသည်မှာ အတော်လေး ဆိုးလှသည်။

*ဒီနေ့ လင်ရွှီ မြို့တော်ထဲက ကျင့်ကြံသူတွေ ဘယ်လို အသံညစ်ညမ်းမှုမျိုးကို ခံစားရ မလဲဆိုတာ ကောင်းကင်ဘုံကပဲ သိတော့မယ်…။*

ဤသည်ကို တွေးမိရင်း လင်းဖန် အနည်းငယ် ကြောက်လာခဲ့မိသည်။

*လူတွေ ဝိုင်းအုံပြီး ရန်တော့မလုပ်လောက်ကြဘူးမလား….။*

ဤသည်က သူ့ကို ကျော်ကြားစေမည်မှာ မှန်သော်လည်း လူအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုလည်း ခံရနိုင်သည်ပင် မဟုတ်ပါလား။ သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်စရာ မရှိသော်လည်း ပြဿနာတက် မည်ကတော့ သေချာနေပေသည်။

အသေအချာ စဉ်းစားပြီးနောက် လင်းဖန်သည် အခုလောလောဆယ် သူ့ကိုယ်သူ ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်လေသည်။ ရှောင်ယင်ကိုသာ တစ်ကောင်တည်း လွှတ်ပြီး ကြော်ငြာခိုင်းကာ သူကတော့ အမှောင်ထဲကနေ လူတွေရဲ့ တုံ့ပြန်မှုကို အရင်စောင့်ကြည့်မည် ဖြစ်သည်။

"ရှောင်ယင်... မင်း ကြက်တူရွေးတစ်ကောင်အနေနဲ့ လူတွေကို ခေါ်တတ်အောင် သင်ယူရမယ်…။"

"အခု မင်းရဲ့ စွမ်းရည်တွေကို ငါ စမ်းသပ်တော့မယ်။ မင်း အစွမ်းကုန် ကြိုးစားပါ…။"

ပြောပြီးသည်နှင့် လင်းဖန်သည် သူ၏ အရှိန်အဝါဖုံးကွယ်သည့် စွမ်းရည်ကို သုံးကာ ပုန်းကွယ်လိုက် လေသည်။ ရှောင်ယင်သည် တာဝန်မကျေသည့် သူ၏ သခင်ကို အပြစ်တင်မည့်အစား အလွန်ပင် ဝမ်းသာသွားခဲ့လေသည်။

သူ့ဘာသာ သူ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရခြင်းက အကောင်းဆုံးပင်။ နောက်ဆုံးတော့ သူ၏ စွမ်းဆောင်ရည်ကို ကန့်သတ်မည့် သခင် မရှိတော့ပေ။

ရှောင်ယင်သည် အလွန်ဝမ်းသာသွားကာ ချက်ချင်းပင် အော်လိုက်လေတော့သည်။

"အားးး... ဝန်ထုပ်ဝန်ပိုးတွေ မရှိတော့ဘူးဟေ့၊ ရှောင်ယင် လွတ်လွတ်လပ်လပ် ပျံသန်းတော့မယ်..။"

အမှောင်ထဲတွင် ပုန်းနေသည့် လင်းဖန်သည် ရှောင်ယင်က သူ့အကွယ်တွင် အတင်းပြောနေသည်ကို ကြားလိုက်ရသဖြင့် သူ့ကို သတိပေးသည့်အနေဖြင့် အေးစက်စွာ နှာမှုတ်လိုက်လေသည်။

"ဟင်း…၊ ရှောင်ယင်...။ မင်း လွတ်လွတ်လပ်လပ် ပျံသန်းပါ၊ ဒါပေမဲ့ မင်းရဲ့ သခင်က မင်းနဲ့အတူ အမြဲရှိ နေတယ်ဆိုတာ မမေ့နဲ့ဦး…။"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှောင်ယင် လန့်သွားရလေသည်။ သို့သော် လင်းဖန်က ဘာမှ ထပ်မပြောတော့ဘဲ သူ့ကို အရမ်း စိတ်မလွတ်သွားစေရန်သာ သတိပေးလိုက်လေတော့သည်။

All Chapters