← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း (၂၇၀) သူ ပြန်ရှင်လာတယ်...၊ မြန်မြန် မီးရှို့လိုက်...

လူတစ်ယောက် သေဆုံးသွားခဲ့ပြီလော။ မစင်အဆိပ်မိပြီး သေဆုံးသွားခဲ့ခြင်းလော။

ဤမျှော်လင့်မထားသော အခြေအနေကြောင့် ထိုနေရာရှိ လူအားလုံး ကြက်သေ သေသွားကြလေသည်။

ဆေးပုလင်းထဲမှ ဆေးလုံးများကို ထုတ်ယူကာ သောက်ရန် ပြင်နေသူအချို့မှာ လန့်ဖြန့်သွားကြပြီး သူတို့ လက်ထဲရှိ ဆေးလုံးများကို မြေပြင်ပေါ်သို့ အမြန် လွှတ်ချလိုက်ကြလေသည်။

ထို့နောက် ပိန်ပါးသော ကျင့်ကြံသူ မသေဆုံးမီ ရေရွတ်သွားခဲ့သည့် 'ချီး' ဟူသော စကားလုံးကို သတိရ သွားကြပြီး မျက်မှောင်ကြုတ်ကာ ဆေးလုံးကိုင်ထားသော လက်ကို သူတို့၏ အဝတ်အစားများပေါ်တွင် ပွတ်သုတ်လိုက်ကြလေသည်။

ရတနာဝိညာဉ်ဖြစ်သော ရှောင်ယင်သည်လည်း ဘာတွေဖြစ်သွားမှန်း နားမလည်နိုင်စွာဖြင့် ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။

အရိပ်ထဲတွင် ပုန်းကွယ်နေသော လင်းဖန်သည် ဤမြင်ကွင်းကို မြင်ပြီးနောက် သက်ပြင်းချလိုက်သည်။

သူက လင်းရွှီမြို့မှ လူများကို ဖော်ရွေကြသည်ဟု ချီးကျူးနေခဲ့မိသော်လည်း ယခုအခါတွင် သူမှား ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားခဲ့ပေသည်။

ဤကဲ့သို့ မတော်တဆမှုတစ်ခုကို ဖန်တီးကာ ငွေညှစ်သည့် ရှေးရိုးဆန်သော လိမ်လည်မှုမျိုးနှင့် သူက အတော်လေး ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်လေသည်။

လူနှစ်ဦး၏ သရုပ်ဆောင်မှုက လူတိုင်းကို လှည့်စားနိုင်ခဲ့သော်လည်း လင်းဖန်ကိုမူ မလှည့်စားနိုင်ခဲ့ချေ။

သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးများ၏ အခြေအနေကို သူက ဘယ်လိုလုပ် မသိဘဲ နေပါ မည်နည်း။

ဘေးထွက်ဆိုးကျိုးများက အနည်းငယ် ထူးဆန်းနေသော်လည်း လူတစ်ယောက်ကို သေစေလောက် သည်အထိတော့ မဟုတ်ပေ။

ရှောင်ယင်၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ လင်းဖန်သည် သူ ဝင်ရောက်၍ ပြဿနာကို ဖြေရှင်းရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။

"အဟမ်း... တော်လိုက်တာ...။ တကယ်တော်လိုက်တာ...။ မင်းတို့ရဲ့ ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်မှုကို ကြည့်ရတာ အရင်ကလည်း လူတွေကို ဒီလိုမျိုး လိမ်ညာဖို့ ကြိုးစားခဲ့ဖူးတာ သေချာတယ်...။"

လင်းဖန်က လက်ခုပ်တီးကာ အရိပ်ထဲမှ ထွက်ပေါ်လာချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့လေသည်။

သူ၏ထံမှ ထွက်ပေါ်လာသော အင်မော်တယ်အရှင်အဆင့်ရှိ အရှိန်အဝါကြောင့် လူတိုင်းမှာ ဖိနှိပ်ခံရ သည့် ခံစားချက်ကို ရရှိသွားစေခဲ့သည်။

ဝဖြိုးသော ကျင့်ကြံသူသည် သူ့ကို နှောင့်ယှက်ရန် အင်မော်တယ်အရှင်တစ်ပါး ရောက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ကိစ္စများတွင် ဝင်စွက်ဖက်သည့် တစ်ဖက်လူကို စိတ်ထဲ မှ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။

ဟုတ်ပေသည်၊ တစ်ဖက်လူက အင်မော်တယ်အရှင် တစ်ပါးဖြစ်နေသော်လည်း သူက မကြောက်ရွံ့ခဲ့ ချေ။

မည်သို့ပင်ဆိုစေ သူ၏ နောက်ကွယ်တွင် ကျောထောက်နောက်ခံပြုပေးမည့် လူများ ရှိနေသည် မဟုတ် လော။

"စီနီယာ အင်မော်တယ်အရှင်...။ ခင်ဗျား ဤလိုမျိုး ဆင်ခြင်တုံတရားမဲ့တဲ့ စကားမျိုး မပြောသင့်ဘူး...။"

"ကျွန်တော်တို့ကို ငွေညှစ်တယ်လို့ စွပ်စွဲချင်ရင်တောင် ကျွန်တော်တို့က လူတစ်ယောက်ရဲ့ အသက်ကို သုံးပြီး ငွေညှစ်ပါ့မလား...။"

"ငါ့ရဲ့ ဂျူနီယာညီလေးက ငါတို့ဆရာ အင်မော်တယ်ဘုရင်ရဲ့ အချစ်ရဆုံး တပည့်ဖြစ်တယ်...။ ဒါပေမဲ့ အခုတော့ သူက ဤဆေးလုံးကို ဖော်စပ်ခဲ့တဲ့ ယုတ်မာတဲ့ ဆေးဆရာတစ်ယောက်ကြောင့် ဒီနေရာမှာ တင် အဆိပ်မိပြီး သေဆုံးသွားခဲ့ရပြီ...။"

"တကယ်လို့ ဒီတိရစ္ဆာန်လေးက ဒီနေ့ ငါ့ဆရာအတွက် ကျေနပ်စရာကောင်းတဲ့ ရှင်းပြချက် မပေးနိုင်ဘူး ဆိုရင် သူနဲ့ သူ့နောက်ကွယ်က လူတွေအားလုံး အင်မော်တယ်ဘုရင်ရဲ့ ဒေါသကို ခံစားရမှာ သေချာ တယ်...။"

ဝဖြိုးသော ကျင့်ကြံသူသည် စကားပြောသည့်အခါ ဆရာ အင်မော်တယ်ဘုရင် ဟူသော စကားလုံးကို အလေးပေး၍ ပြောဆိုခဲ့လေသည်။

တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန်သည် သူ့အား သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်လေ တော့သည်။

သို့သော် သူတို့ကို သင်ခန်းစာ မပေးမီ သူတို့၏ သရုပ်ဆောင်မှုကို အရင်ဆုံး ဖော်ထုတ်ရမည် ဖြစ်သည်။

လင်းဖန်က သူ၏ ဟင်းလင်းပြင် ကုန်သည် အလံကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ လိုက်လေသည်။

"ဟွန့်... ငါ့ကိုယ်ငါ တရားဝင် မိတ်ဆက်ပေးပါရစေ...။ ငါက ဒီဆေးလုံးတွေရဲ့နောက်က ဆေးဆရာ ဟင်းလင်းပြင် ကုန်သည်ပါပဲ...။"

"ရှင်းပြချက် လိုချင်တယ်ပေါ့လေ...။ ငါ့မှာ ရှင်းပြစရာ စကားတော့ မရှိဘူး... ဒါပေမဲ့ အရာအားလုံးကို ကပ်ထားနိုင်တဲ့ (၅၀၂) ကော် တစ်ဘူးတော့ ရှိတယ်...။ လူတွေကို တိရစ္ဆာန်တွေ၊ ယုတ်မာတဲ့ ဆေးဆရာ တွေလို့ ခေါ်နေတဲ့ မင်းရဲ့ နံစော်နေတဲ့ ပါးစပ်ကြီးကို အဲဒီကော်နဲ့ ပိတ်သွားအောင် ကပ်နိုင်မလားဆိုတာ စမ်းကြည့်ချင်သေးလား...။"

လင်းဖန်၏ စကားကြောင့် ဝဖြိုးသော ကျင့်ကြံသူမှာ လန့်ဖြန့်သွားပြီး ချက်ချင်းပင် သတိရှိသွားခဲ့လေ သည်။

အစကတော့ လင်းဖန်ကို အလကားနေရင်း ဝင်စွက်ဖက်သည့် ဘေးလူတစ်ယောက်ဟုသာ သူ ထင်မှတ် ထားခဲ့ခြင်းဖြစ်လေသည်။

အကယ်၍ လမ်းသွားလမ်းလာ တစ်ယောက်သာဆိုလျှင် သူက သူ၏ဆရာ အင်မော်တယ်ဘုရင်ကို ထုတ်ဖော် ပြောဆိုလိုက်ပါက တစ်ဖက်လူအနေဖြင့် ဤမျှသေးငယ်သော ကိစ္စလေးအတွက် ရန်သူ အဖြစ် သတ်မှတ်မည်မဟုတ်သည်မှာ သေချာပေသည်။

သို့သော် တစ်ဖက်လူက ဤကိစ္စတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသူ ဖြစ်နေလျှင်တော့ ပြောရခက်ပေ သည်။

"စီနီယာ... ကျွန်တော်တို့ သေချာ ဆွေးနွေးကြတာပေါ့...။ အကြမ်းဖက်တဲ့ နည်းလမ်းကို မသုံးသင့်ဘူး လေ...။ တစ်ခါ သုံးလိုက်မိတာနဲ့ ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူးနော်...။"

"ကျင့်ကြံသူ ရဲဘော်ရဲဘက်တွေ အများကြီး စောင့်ကြည့်နေကြတဲ့အချိန်မှာ သူတို့ကို နှုတ်ပိတ်ဖို့အတွက် သတ်ဖြတ်လိုက်မယ်ဆိုတာက စီနီယာ့အတွက် ပညာရှိရာကျတဲ့ ရွေးချယ်မှုတစ်ခုတော့ မဟုတ်ဘူး...။"

တစ်ဖက်လူ၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ လင်းဖန်က ပြုံးလိုက်လေသည်။

"ဟားဟား...၊ စိတ်မပူပါနဲ့...။ ငါ ဟင်းလင်းပြင် ကုန်သည်က ငါ့ရဲ့ ဂုဏ်သတင်းကို အရမ်း တန်ဖိုးထားပြီး လူတွေကို သီလနဲ့ အနိုင်ယူဖို့ အမြဲတမ်း ကြိုးစားနေတဲ့သူပါ...။ နှုတ်ပိတ်ဖို့အတွက် လူသတ်တဲ့ အလုပ် မျိုးကို ငါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...။"

"မင်းက သေချာ ဆွေးနွေးချင်နေမှတော့ ဒီနေ့ သေချာလေး ဆွေးနွေးကြတာပေါ့...။"

ထိုသို့ပြောရင်း လင်းဖန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ မြေပြင်ပေါ်တွင် လဲကျနေသော ပိန်ပါးသည့် ကျင့်ကြံသူအနီးသို့ ရောက်သွားပြီး သူ့ကို ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ကန်လိုက် လေသည်။

"ဟေ့...၊ ထစမ်း...။ ဒီနေရာမှာ အိပ်ခွင့်မရှိဘူး...။"

ဤသည်ကို မြင်သောအခါ ဝဖြိုးသော ကျင့်ကြံသူမှာ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားခဲ့လေသည်။

လင်းဖန်၏ ကန်ချက်များကြောင့် ပိန်ပါးသော ကျင့်ကြံသူမှာ သေချင်ယောင်ဆောင်သည့် အခြေအနေမှ နိုးထလာမည်ကို စိုးရိမ်သဖြင့် သူက ရှေ့သို့ အမြန်တိုးကာ တားဆီးလိုက်လေသည်။

"စီနီယာ...၊ ငါ့ရဲ့ ဂျူနီယာညီလေးနဲ့ ဘယ်လို နက်နဲတဲ့ ရန်ငြိုးတွေများ ရှိနေလို့လဲ...။ သူ သေသွား တာတောင်မှ သူ့ရဲ့ အလောင်းကို အခုလို ကန်ကျောက်နေဖို့ တကယ်ပဲ လိုအပ်လို့လား...။"

"ဂျူနီယာညီလေး...၊ ဒါတွေအားလုံးက အရည်အချင်းမရှိတဲ့ ငါ့ရဲ့အပြစ်တွေပါ...။ မင်းရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့တာ ထားပါတော့...။ အခု မင်းရဲ့ ခန္ဓာကိုယ်ကိုတောင် ငါ ကာကွယ်မပေးနိုင်ဘူး ဖြစ်နေ ပြီ...။"

"ဆရာ... ကျေးဇူးပြုပြီး မြန်မြန်လာပြီး ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာဖွေပေးပါဦး...။"

"တာအိုရဲဘော်တို့...၊ ဒီလူကြီး အခုလို သောင်းကျန်းနေတာကို ဤအတိုင်း လက်ပိုက်ကြည့်နေကြတော့ မှာလား...။ ဒီအင်မော်တယ်ဘုံမှာ တရားမျှတမှု ဆိုတာကရော ဘယ်မှာလဲ...။"

"မမေ့ကြပါနဲ့...၊ ခင်ဗျားတို့လည်း သူ့ရဲ့ ဆေးလုံးတွေကို ဝယ်ထားကြတာလေ...။ တကယ်လို့ ငါ့ရဲ့ ဂျူနီယာညီလေးသာ ပထမဆုံး မသောက်ခဲ့ဘူးဆိုရင် ခင်ဗျားတို့အားလုံးလည်း မြေပြင်ပေါ်မှာ လဲကျနေ လောက်ပြီ...။"

"ငါ့ရဲ့ ဂျူနီယာညီလေးက ခင်ဗျားတို့ကို ဤသေမင်းတမန် ဘေးဒုက္ခကနေ ကယ်တင်ပေးခဲ့တာပါ...။"

ဝဖြိုးသော ကျင့်ကြံသူ၏ မျက်ရည်ကျနေသော အသွင်အပြင်ကြောင့် စောင့်ကြည့်နေသူများမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားကြသော်လည်း မည်သူကမျှ ရှေ့ထွက်၍ သူ့ဘက်မှ ကာကွယ် ပြောဆိုပေးခြင်းမရှိခဲ့ကြချေ။

မည်သို့ပင်ဆိုစေ ဤသည်က ကျင့်ကြံခြင်းလောက ဖြစ်ရာ မိမိ၏ ကိစ္စကိုသာ မိမိ အာရုံစိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

အကယ်၍ သူတို့သာ ထိုဆေးလုံးများကို ဝယ်ယူထားခြင်း မရှိခဲ့ပါက ဤပြဿနာများရှိရာ နေရာမှ အဝေးသို့ ထွက်ခွာသွားကြပြီး ဖြစ်လောက်ပေသည်။

တစ်ဖက်လူ၏ စကားကို ကြားပြီးနောက် လင်းဖန်သည် သူ လုပ်နေသည့် အရာကို ရပ်တန့်လိုက်သည်။

ထို့နောက် သူက ပိန်ပါးသော ကျင့်ကြံသူ၏ မျက်နှာကို လက်ညှိုးထိုးပြကာ စောင့်ကြည့်နေကြသော ဖောက်သည်များစွာကို စတင် ရှင်းပြလိုက်လေသည်။

"ဆေးလုံးတွေ ဝယ်ထားတဲ့ ဖောက်သည်တို့...၊ သူ့ရဲ့ ခြောက်လှန့်တာကို မကြောက်ကြပါနဲ့...။ ဒီဆေးလုံး တွေက အဆိပ်မရှိပါဘူး...။"

"မြေပြင်ပေါ်က လူက သေချင်ယောင် ဆောင်နေတာပါ...။ ကျွန်တော့်ကို မယုံဘူးဆိုရင် သူ့ရဲ့ မျက်နှာ အမူအရာကို ကြည့်ကြည့်ပါ...။ သံသယဖြစ်စရာ တစ်ခုခုကို မတွေ့ကြဘူးလား...။"

ဤစကားကို ကြားသောအခါ စောင့်ကြည့်နေသူအားလုံးက ပိန်ပါးသော ကျင့်ကြံသူ၏ မျက်နှာဆီသို့ အကြည့်များ ပြောင်းသွားကြလေသည်။

မကြာမီမှာပင် အချို့သူများက အရင်ကနှင့် မတူသော ကွဲပြားမှုကို သတိပြုမိသွားကြလေသည်။

"ဟင်...၊ ဒီလူက သေသွားတုန်းက သိသိသာသာကို ပျို့အန်ချင်တဲ့ အမူအရာ ဖြစ်နေတာလေ...။ ဘာလို့ အခုကျတော့ မျက်မှောင်ကြုတ်ပြီး သွားကြီး ဖြဲနေတာလဲ...။"

"ချီးပဲ... ဖုတ်ကောင်များ ဖြစ်နေမလား...။ မြန်မြန်...၊ မီးတောက်နည်းစနစ်ကို ကျွမ်းကျင်တဲ့ တာအို ရဲဘော်တို့ မြန်မြန် မီးရှို့လိုက်ကြ...။"

"အလကား လျှောက်ပြောမနေနဲ့...၊ မင်း မမြင်ဘူးလား...။ အင်မော်တယ်အရှင် ပြောသလိုပဲ ဒီလူက သေချင်ယောင် ဆောင်နေတာ...။ မင်း သူ့ကို မီးရှို့လိုက်ရင် သူ တကယ် သေသွားလိမ့်မယ်...။"

လူတိုင်းက မှားယွင်းနေသည်များကို တကယ်ပင် ရှာဖွေတွေ့ရှိသွားကြသည်ကို မြင်သောအခါ ဝဖြိုး သော ကျင့်ကြံသူမှာ အထိတ်တလန့် ဖြစ်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် အရေးကြီးသော အချိန်ရောက်မှ သူ့ကို စိတ်ပျက်အောင် လုပ်ခဲ့သော ဂျူနီယာ ညီလေးအား သူက တိတ်တဆိတ် ကျိန်ဆဲနေမိလေသည်။

*မင်းရဲ့ သေချင်ယောင်ဆောင်တဲ့ နည်းစနစ်က ပြီးပြည့်စုံတယ်လို့ ပြောထားတယ် မဟုတ်လား..။ ဘာလို့ မင်းရဲ့ မျက်နှာအမူအရာကိုတောင် မထိန်းချုပ်နိုင်ရတာလဲ...။* ဟု သူတွေးလိုက်လေသည်။

လင်းဖန်သည် ဤပြဿနာကို ကောင်းစွာ သိရှိထားပေသည်။

လျိုဝေ့တိဟွမ် ဆေးလုံးများ၏ ထူးဆန်းသော အနံ့မျိုးစုံမှာ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပေသည်။ သေချင်ယောင် ဆောင်နေသူသည် ထားပါတော့၊ တကယ်သေဆုံးသွားသူ တစ်ယောက် ဖြစ်နေလျှင်ပင် အလောင်း မအေးခဲသွားမီ အနံ့အမျိုးမျိုးကို ခံစားရမည် ဖြစ်ပေသည်။

ပိန်ပါးသော ကျင့်ကြံသူက သေချင်ယောင် ဆောင်လိုက်ချိန်တွင် အရသာလေးမျိုး တိဟွမ်ဆေးလုံးမှ ထွက်ပေါ်လာသော မစင်နံ့ကြီးကို ခံစားလိုက်ရသဖြင့် ပျို့အန်ချင်သည့် အမူအရာ ဖြစ်ပေါ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ယခု အချိန်အတန်ကြာသွားပြီ ဖြစ်ရာ မစင်နံ့ကြီးမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး အခြား အနံ့တစ်ခုဖြင့် အစားထိုးသွားမည်မှာ သေချာပေသည်။ ထိုအနံ့က ချဉ်မည်လော၊ စပ်မည်လော သို့ တည်းမဟုတ် ခါးမည်လော ဆိုသည်ကိုတော့ လင်းဖန်လည်း မသိနိုင်ချေ။

ဤသို့တွေးလိုက်မိပြီးနောက် လင်းဖန်က ဝဖြိုးသော ကျင့်ကြံသူကို ကြည့်ကာ ပြုံးလျက် ပြောလိုက် လေသည်။

"ဟားဟား...၊ ဒီဖောက်သည် ပြောတာလည်း အဓိပ္ပာယ်ရှိတယ်...။ မင်းရဲ့ ဂျူနီယာညီလေးက သေသွား ပြီလို့ မင်း ပြောထားမှတော့ မင်း သူ့ကို ကိုယ်တိုင် မီးရှို့ရဲလား...။ တကယ်လို့ မင်းက မီးတောက် နည်း စနစ် ကို မသိဘူးဆိုရင်လည်း ငါ့ဆီမှာ မင်း ငှားသုံးလို့ရတဲ့ မီးတောက်အဆောင်တချို့ ရှိပါတယ်...။"

ဝဖြိုးသော ကျင့်ကြံသူသည် လင်းဖန်၏ အကြံပြုချက်ကို သေချာပေါက် သဘောတူမည် မဟုတ်ချေ။

သူ၏ ဂျူနီယာညီလေး သေချင်ယောင်ဆောင်နေသည်ကို သိသာသွားပြီဖြစ်ကြောင်း သူ သိထားသော် လည်း သူက ဝန်မခံသရွေ့ ဤဟန်ဆောင်မှုကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သူ၏ဆရာ ရောက်လာသောအခါ ဤပြဿနာများကို သဘာဝကျကျ ရှင်းလင်းပေးနိုင်မည် ဖြစ်သည်။

"စီနီယာ...၊ ငါ့ရဲ့ ဂျူနီယာညီလေးရဲ့ အလောင်းကို သဘာဝကျကျပဲ ကောင်းမွန်တဲ့ သင်္ချိုင်းမြေဆီ ပြန်သယ်သွားရမှာပေါ့...။ ဘယ်လိုလုပ်ပြီး အလွယ်တကူ မီးရှို့ပစ်လို့ ရမှာလဲ...။"

"ငါ့ဆရာ လာနေပြီ...။ ခင်ဗျားက အင်မော်တယ်ဘုရင်ရဲ့ ဒေါသကို မခံစားချင်ဘူးဆိုရင် နောက်ကျရင် ဘယ်လို ပြန်လျော်ပေးရမလဲဆိုတာကို သေချာ စဉ်းစားထားတာ ပိုကောင်းလိမ့်မယ်...။"

All Chapters