← Chapters

အခန်း (၆၅၁-၆၅၂)

Vol. 55 Ch. 651-652

အခန်း (၆၅၁-၆၅၂)

Vol. 55 Ch. 651-652

အခန်း(၆၅၁)

"မင်းရဲ့ ခွင့်ပြုမိန့်လား" မိုက်ကယ်က မေးလိုက်တယ်။

"ဟုတ်တယ်။ ငါ့ရဲ့ စစ်ဆေးမှုကို ဖြတ်ကျော်ပြီးတာနဲ့ ငါ့ကုမ္ပဏီကို တော်ဝင်တိုက်ကြီးတစ်ခုလုံးမှာ အကြီးကျယ်ဆုံး နယ်မြေဖြစ်တဲ့ မက်ထရိုပိုလစ်ဆီ ရွှေ့နိုင်တော့မှာပေါ့" လို့ ဆံပင်ရွှေရောင်နဲ့ လူက ပြောရင်း ချီးကျူးထောပနာပြုနေတော့တယ်။

ဒါကို သူ့အနားမှာ ရှိနေတဲ့ တခြားလူတွေကလည်း ချက်ချင်းပဲ ဝိုင်းပြီး ထောက်ခံပေးကြတယ်။

"ဟုတ်တယ်။ ငါတို့သူဌေးက ဟိုမှာ နောက်ထပ် အောင်မြင်မယ့်သူကြီး ဖြစ်လာတော့မှာလေ"

"ပထမဆုံးက ခွင့်ပြုမိန့်ပေါ့။ အဲဒီနောက်တော့ အသေးစား ဂိုဏ်းတွေ။ ပြီးတော့မှ အကြီးစား ဂိုဏ်းတွေပေါ့။ ငါတို့က ထိပ်ဆုံးမှာ ရှိနေဖို့ ကံပါလာပြီးသားပဲ"

"ဒီလိုပဲ တွေးကြည့်လေ။ မင်းက နောက်ဆုံးမှာ အဲလ်ရစ် ဂိုးလ်စတုန်း လို လူမျိုးနဲ့ ရင်ဘောင်တန်းနိုင်မယ့်သူကို ကူညီပေးနေရတာလေ။ ဒါက မင်း ဂုဏ်ယူသင့်တဲ့ အခွင့်အရေးပဲ"

သူတို့တွေက အဲလ်ရစ် ဂိုးလ်စတုန်း အကြောင်းကို ပြောရင်း ချီးကျူးဂုဏ်ပြုတဲ့ မျက်လုံးတွေနဲ့ ငေးမောနေကြတယ်။

"ဟွန်း... မင်းက ဒါ ဘယ်သူလဲဆိုတာတောင် သိရဲ့လား" လို့ ဆံပင်ရွှေရောင် ကောင်လေးက လှောင်ပြောင်တဲ့ လေသံနဲ့ မေးလိုက်တယ်။ "သူက မက်ထရိုပိုလစ်တစ်ခုလုံးမှာ အသန်မာဆုံး ခေါင်းဆောင်ပဲလေ။ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ အဲဒီ ပေါ့တ်ဘိုးလ် ဆိုတဲ့ လူတောင် သူ့ကို မယှဉ်နိုင်ပါဘူး"

မိုက်ကယ်ကတော့ စိတ်ထဲကနေပဲ တခစ်ခစ် ရယ်မောလိုက်မိတော့တယ်။ အဲလ်ရစ်ရဲ့ စစ်မှန်တဲ့ ပရိသတ်တွေနဲ့ လူကိုယ်တိုင် တိုးမိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။

"မင်းက ဘာကို ရယ်တာလဲ။ အပြင်ကို ထွက်ခဲ့စမ်း။ မင်းကို ခွန်အားအကြောင်း သင်ခန်းစာတစ်ခု ပေးရမလို့။ စိန်ခေါ်တိုက်ခိုက်ပွဲ လုပ်ကြမယ်လေ"

ဆံပင်ရွှေရောင် ကောင်လေးနဲ့ သူ့နောက်လိုက်အုပ်စုက မိုက်ကယ်ကို မျက်ခြေမပြတ် ကြည့်ရင်း အပြင်ကို လှမ်းထွက်သွားကြတယ်။

မိုက်ကယ်ကလည်း ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေတယ်လို့ ခံစားရတာမို့ သူတို့နောက်ကို လိုက်ထွက်ခဲ့လိုက်တယ်။

"ဒါက ငါ့အတွက်တော့ လေ့ကျင့်ခန်းကောင်းတစ်ခု ဖြစ်မှာပါ" လို့ ဆံပင်ရွှေရောင် ကောင်လေးက ပြောတယ်။ "ငါ မက်ထရိုပိုလစ်မှာ သွားပြီး ယှဉ်ပြိုင်ရမှာဆိုတော့ စိန်ခေါ်တိုက်ခိုက်ပွဲ စွမ်းရည်တွေကို သွေးထားဖို့ လိုတယ်လေ"

"မင်းက ငါ့ကို တကယ်ပဲ စိန်ခေါ်ချင်လို့လား" မိုက်ကယ်က မေးလိုက်တယ်။

"သေချာတယ်။ အခုမှတော့ နောက်ဆုတ်လို့ မရတော့ဘူး" လို့ ဆံပင်ရွှေရောင် လူက ပြန်ဖြေလိုက်တယ်။

မိုက်ကယ်က ပခုံးတွန့်ပြလိုက်ပြီး အဲဒီ ဆံပင်ရွှေရောင် လူရဲ့ သွေးပူလေ့ကျင့်ခန်း လုပ်နေတာ ပြီးဆုံးမယ့်အချိန်ကို စောင့်နေလိုက်တယ်။

"ကဲ... ငါ အဆင်သင့်ဖြစ်ပြီ" လို့ ဆံပင်ရွှေရောင် လူက ပြောလိုက်တယ်။

ဒီအတောအတွင်းမှာပဲ တံငါရွာရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာတော့ လူတစ်ယောက်က စိတ်လှုပ်ရှားနေတဲ့ မျက်နှာပေးနဲ့ ဆိပ်ကမ်းဆီကို ပြေးလာနေခဲ့တယ်။

သူ့လက်ထဲမှာတော့ ခေါက်ထားတဲ့ သတင်းစာတစ်စောင် ရှိနေတယ်။

နောက်ဆုံးတော့ သူက ကွန့်ချ် ရဲ့ ဆိုင်ဆီကို ရောက်သွားပြီး သူ့ရဲ့ ခေါင်းဆောင်က ကောင်လေးတစ်ယောက်နဲ့ ရင်ဆိုင်နေတာကို တွေ့လိုက်ရတယ်။

"ဘာတွေ ဖြစ်နေတာလဲ" လို့ သူက သူ့အဖွဲ့သားတွေကို မေးလိုက်တယ်။

"ငါတို့သူဌေးက အဲဒီကောင်လေးကို သင်ခန်းစာပေးမလို့လေ။ ဒါနဲ့ မင်း အဲဒါကို ရခဲ့လား"

အဲဒီလူက သူ့လက်ထဲက လိပ်ထားတဲ့ သတင်းစာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ပြလိုက်တယ်။ "ရခဲ့တယ်။ ငါတို့အားလုံး လေလံပွဲတုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အတူတူ ကြည့်ရအောင် ငါလည်း အခုထိ မဖတ်ရသေးဘူး"

ဒီလိုမျိုး ရိုးအပြီး နဂိုအတိုင်း နေတတ်တဲ့ လူစုက မက်ထရိုပိုလစ်နဲ့ အဲလ်ရစ် တို့ရဲ့ အသည်းစွဲ အမာခံ ပရိသတ်တွေ ဖြစ်ကြတာလေ။ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို အကုန် စိတ်ဝင်တစား စောင့်ကြည့်တတ်ကြတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က လေလံပွဲကြီး ပြီးသွားပြီလို့ သူတို့ ကြားလိုက်ရတဲ့အချိန်မှာ အဲလ်ရစ်က လေလံပွဲမှာ ဘယ်လိုမျိုး အစွမ်းပြသွားလဲဆိုတာကို ဖတ်ချင်လို့ သိပ်ကို စိတ်လှုပ်ရှားနေခဲ့ကြတာ။

ဒါပေမဲ့ မက်ထရိုပိုလစ်ထဲကို ဝင်ဖို့က တော်တော်လေး ခက်ခဲတာမို့ လေလံပွဲပြီးလို့ နောက်တစ်နေ့ကျမှ အခုလို သတင်းစာတစ်စောင်ကို ရခဲ့ကြတာပဲ။

အခုတော့ သူတို့တွေ ဖတ်ဖို့အတွက် နောက်ဆုံးတော့ အဆင်သင့် ဖြစ်သွားခဲ့ပြီ။

သူတို့ လေးယောက်လုံးက စိတ်လှုပ်ရှားမှုတွေနဲ့ မျက်နှာတွေ ဝင်းပနေရင်း အသက်ရှူအောင့်ကာ သတင်းစာကို ဖြန့်လိုက်ကြတယ်။

နောက်ဆုံးတော့ သူတို့ မြင်လိုက်ရပြီ။

မျက်နှာဖုံးစာမျက်နှာမှာတော့ လေလံပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ အဲလ်ရစ်ကို အနိုင်ယူသွားခဲ့တဲ့ ပါရမီရှင်ကြီး မိုက်ကယ် ဗန်ဒါဘစ် လို့ ခေါ်တဲ့ ကောင်လေးရဲ့ ပုံတူရုပ်ပုံကြီး ရှိနေတယ်။

သူတို့က သူတို့နဲ့ မီတာအနည်းငယ်ပဲ ဝေးတဲ့နေရာမှာ ရှိနေတဲ့ ကောင်လေးကို မော့ကြည့်လိုက်၊ ပြီးတော့ သတင်းစာဆီ ပြန်ငုံ့ကြည့်လိုက်နဲ့ လုပ်နေကြတယ်။

သူတို့ ဘယ်နှစ်ကြိမ်ပဲ ပြန်ကြည့်ကြည့် အဲဒီနှစ်ယောက်က အတိအကျ တထပ်တည်း ဖြစ်နေတာလေ။

ဒီမှာတင် သူတို့ အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားကြတော့တယ်။

"နေဦး"

ဒါပေမဲ့ သူတို့က သတိပေးဖို့ အော်လိုက်တဲ့အချိန်မှာတင် သူတို့ရဲ့ ခေါင်းဆောင်က သူတို့ဆီကို လွင့်စင်လာပြီး ဘိုလင်းတုံးတွေလိုမျိုး အကုန်လုံးကို လဲပြိုသွားစေခဲ့ပြီ။

* * * * * * * *

သူ့ရဲ့ စစ်မှန်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားပြီးတဲ့နောက်မှာတော့ ဆံပင်ရွှေရောင် လူနဲ့ သူ့ရဲ့ နောက်လိုက်အုပ်စုတွေက ဒူးထောက်ထိုင်ချလိုက်ပြီး ခွင့်လွှတ်ဖို့အတွက် တောင်းပန်ကြတော့တယ်။

သူတို့က အဲလ်ရစ် ဂိုးလ်စတုန်း ကို အနိုင်ယူနိုင်ခဲ့တဲ့သူကို စိတ်ဆိုးအောင် လုပ်မိပြီလို့ တွေးမိပြီး သိပ်ကို ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်။ ဒါတင်မကသေးဘဲ သူတို့ရှေ့က လူက မက်ထရိုပိုလစ်ရဲ့ အကြီးစားလုပ်ငန်းစု ခေါင်းဆောင်အားလုံးနဲ့ပါ ရင်ဘောင်တန်းနိုင်တဲ့သူ ဖြစ်နေမှန်း သိလိုက်ရလို့ပဲ။

ဒီကိစ္စရဲ့ အကောင်းဘက်က ကြည့်ရရင်တော့ အဲဒီ ဆံပင်ရွှေရောင် လူက မိုက်ကယ်အနေနဲ့ သူ ထင်ထားတာထက် ပိုပြီး စောစောစီးစီး သိမ်းဆည်းထားတဲ့ ပင်လယ်မိစ္ဆာ ရုပ်အလောင်းကို ရနိုင်အောင်လို့ သူ့ရဲ့ အမှာစာကို ရွှေ့ဆိုင်းပေးဖို့အတွက် အတော်လေးကို ဝမ်းသာအားရ ဖြစ်နေခဲ့တယ်။

ဒါကြောင့်မို့လည်း သူ့ရဲ့ ရိုလာကိုစတာ အတွက် အစီအစဉ်တွေက စိတ်ကူးထားတဲ့အတိုင်း အဆင်ပြေပြေ ဖြစ်သွားတော့မှာပဲ။

* * * * * * * *

သူ့ရဲ့ ပြင်ဆင်မှုတွေ အားလုံး ပြီးသွားတဲ့နောက်မှာတော့ မိုက်ကယ်က ချက်ချင်းပဲ ဖုန်းဆိုးမြေရိုင်းဒေသဆီကို ပို့ဆောင်လိုက်တယ်။

သူ့ရဲ့ ရီနေးတား ဖန်တီးမှုဗိသုကာအင်ဂျင်နီယာများ ထံကနေ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့တွေက ရေလူသား ကစားကွင်းအတွက် ပြင်ဆင်မှုတွေကို အပတ်တကုတ် လုပ်ဆောင်နေကြပြီ။

"သခင်" ခုန်း က သူ့ကို ပြုံးလျက် နှုတ်ဆက်လိုက်တယ်။ "ကျွန်တော်တို့ ရိုလာကိုစတာ နှစ်ခုကို ဟိုဘက်နဲ့ ဒီဘက်မှာ ထားဖို့ အစီအစဉ် ရှိပါတယ်"

ခုန်းက မူလ ရိုလာကိုစတာရဲ့ ဘေးနားတင် ရှိနေတဲ့ လွတ်နေတဲ့ နေရာလွတ်ဆီ လက်ညှိုးညွှန်ပြလိုက်တယ်။ အဲဒါက အဆင်ပြေဆုံး နေရာပဲလေ။

ဒါပေမဲ့ မိုက်ကယ်မှာတော့ နောက်ထပ် အကြံတစ်ခု ရှိသေးတယ်။ သူက ဒါကို လက်ရှိ ရိုလာကိုစတာနဲ့ ဝေးရာ တခြား သီးသန့်နေရာတစ်ခုမှာ တည်ဆောက်ချင်နေတာ။

"ငါတို့ ဒါကို ရီနေးတား နိုင်ငံတော်ရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာ တည်ဆောက်ရမယ်။ အဲလိုလုပ်မှသာ ငါတို့ နောက်ထပ် ဆောက်မယ့် တခြား ပြကွက်တွေအတွက် ကြိုတင် ပြင်ဆင်နိုင်မှာ"

သူ့ရဲ့ စိတ်ကူးကတော့ ရီနေးတား လူမျိုးတွေရော ခရီးသွားဧည့်သည်တွေပါ ညာဘက်အခြမ်းမှာ ရေလူသား ကစားကွင်းကို မြင်ရပြီး ဘယ်ဘက်အခြမ်းမှာတော့ သာမန် ကစားကွင်းကို မြင်ရမယ့် ပုံစံမျိုးပေါ့။

"အာ... သိပြီ" ခုန်းက သူ့ရဲ့ စိတ်ကူးကို သဘောပေါက်သွားရင်း ပြောလိုက်တယ်။

တခြား အင်ဂျင်နီယာတွေနဲ့အတူ ခဏလောက် အကြံဉာဏ်တွေ ထုတ်ပြီးတဲ့နောက်မှာတော့ ကစားကွင်းအတွက် အစီအစဉ်အသစ်တစ်ခုကို သူတို့ ပုံဖော်နိုင်ခဲ့ကြတယ်။

မိုက်ကယ်က ကြည့်လိုက်ပြီး သူ မြင်ရတဲ့အရာကို သဘောကျသွားခဲ့တယ်။ သူတို့က ရိုလာကိုစတာတင် ဆောက်ထားတာ မဟုတ်ဘဲ ကစားကွင်းတစ်ခုလုံးကို ပုံစံတူ လမ်းလျှောက်လမ်းတွေ၊ အဆောက်အအုံတွေနဲ့ အရောင်းဆိုင်တန်းတွေအထိပါ အပြည့်အစုံ ဆောက်ထားတာလေ။ လူတန်းစီ စောင့်ဆိုင်းနေစဉ်မှာ ကြက်ကြော်တွေကို သုံးဆောင်နိုင်ဖို့ မက်တိုနီစ် ကြက်ကြော်ဆိုင်ခွဲတစ်ခုတောင် အဆင်သင့် ရှိနေပြီ။

သူတို့ ဆောက်ရမယ့် အရာတွေ အများကြီး ရှိနေပေမဲ့ အခုလောလောဆယ်တော့ ရိုလာကိုစတာ ကိုပဲ အဓိက အာရုံစိုက်နေကြတယ်။ မိုက်ကယ်က မက်ထရိုပိုလစ်မှာ စီတန်းလှည့်လည်ပွဲ မစတင်မီ ဒါတွေကို အပြီးသတ်ချင်နေတာလေ။

* * * * * * * *

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အင်ဂျင်နီယာတွေရဲ့ လမ်းညွှန်မှုနဲ့အတူ ဧရာမ သံမဏိတိုင်ကြီးတွေက လေထဲမှာ ပျံဝဲနေပြီး သူတို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ တပ်ဆင်ခြင်း ခံလိုက်ရတယ်။

"နတ်သူငယ်တွေ တာဝန်ထမ်းဆောင်ဖို့ ရောက်ပါပြီ" ဗီဗီက မိုက်ကယ်ကို အလေးပြုရင်း ပြောလိုက်တယ်။

သူတို့ရဲ့ နတ်သူငယ် ဖုန်မှုန့်တွေကြောင့် တန်နဲ့ချီတဲ့ သတ္တုတွေက ငှက်မွှေးလိုမျိုး ပေါ့ပါးသွားပြီး သူတို့ရဲ့ လုပ်ငန်းခွင် ဝန်ထုပ်ဝန်ပိုးကို အများကြီး ပေါ့ပါးသွားစေခဲ့တယ်။

* * * * * * * *

ဒီအတောအတွင်းမှာပဲ ရိဒ် ရဲ့ မြင်းလှည်းယာဉ်တန်းက နောက်ဆုံးတော့ မက်ထရိုပိုလစ်ရဲ့ အဝင်ဝဆီ ရောက်ရှိလာခဲ့ပြီ။

ရိဒ်နဲ့ သူ့ဇနီးက သူတို့ရဲ့ ရှေ့တည့်တည့်မှာတင် ရှိနေတဲ့ လူသားတွေရဲ့ စည်ကားလှတဲ့ လူမှုအဖွဲ့အစည်းကြီးကို မော့ကြည့်ရင်း သမီးဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားကြတယ်။

"ငါတို့ နည်းနည်းလေးပဲ လိုတော့တယ် သမီးလေးကို နောက်ဆုံးတော့ ကုသပေးနိုင်တော့မှာပါ" လို့ ရိဒ်က နစ်စီ ကို ပြောရင်း သူမရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။

နောက်ဆုံးတော့ သူက မြင်းလှည်းမောင်းသမားကို ရှေ့ဆက်သွားဖို့ ခေါင်းညှိမ့်ပြလိုက်ပြီး ဒီကျယ်ပြောလှတဲ့ လူသားမြို့တော်ကြီးထဲကို ခြေချလိုက်တော့တယ်။

လူသားအစောင့်တွေက မြင်းလှည်းကို စစ်ဆေးဖို့အတွက် တံခါးဝမှာ သူတို့ကို တားလိုက်ကြတယ်။

"မက်ထရိုပိုလစ်ဆီ ကြိုဆိုပါတယ်။ လာရတဲ့ အကြောင်းရင်းက ဘာများ…"

အစောင့်က မြင်းလှည်းထဲကို ချောင်းကြည့်လိုက်ပြီး ကိုယ်ပေါ်မှာ အကြေးခွံတွေနဲ့ သူ့ကို ပြန်စိုက်ကြည့်နေတဲ့ လူတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရတယ်။

"ရေ... ရေလူသားတွေ"

ရိဒ်က ချောင်းတစ်ချက် ဟန့်လိုက်ရင်း "ငါတို့က မက်ထရိုပိုလစ်ရဲ့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု က အဲရစ် လို့ ခေါ်တဲ့သူဆီ လာလည်တဲ့ ဧည့်သည်တွေပါ"

ရေလူသားတစ်ယောက်ကို မမြင်ဖူးတာမို့ အစောင့်က နေရာမှာတင် မှင်တက်သွားခဲ့ရတယ်။ ရိဒ်က စိတ်မရှည်တဲ့ လေသံနဲ့ နောက်ထပ် ချောင်းတစ်ချက် ထပ်ဟန့်လိုက်တော့မှပဲ သူက သတိပြန်ဝင်လာတော့တာ။

အစောင့်က အနောက်ကို ပြန်သွားပြီး သူတို့ရဲ့ မှတ်တမ်းတွေကို စစ်ဆေးကြည့်လိုက်တော့ အဲရစ်က သူမရဲ့ ကုမ္ပဏီဆီ လာမယ့် ဧည့်သည်တွေကို တကယ်ပဲ ကြိုတင်စာရင်းသွင်းထားတာကို တွေ့လိုက်ရတယ်။

"ကောင်းပါပြီ ခင်ဗျာ။ ရှေ့ဆက်သွားနိုင်ပါပြီ"

ရေလူသားအုပ်စုက သူတို့စိတ်ထဲမှာ ကုထုံးတစ်ခုတည်းကိုပဲ အာရုံစိုက်ရင်း မက်ထရိုပိုလစ်ထဲကို ဝင်ရောက်လာခဲ့ကြတော့တယ်။

* * * * * * * *

စာစဉ်(၅၅)

အခန်း(၆၅၂)

ရိဒ် ရဲ့ မက်ထရိုပိုလစ် ခရီးစဉ်က တရားဝင် လာခဲ့တာတော့ မဟုတ်ဘူး။ သူတို့က စီတန်းလှည့်လည်ပွဲနဲ့ ကြိုဆိုရမယ့် ခရီးသွားဧည့်သည် အုပ်စုကြီးထဲမှာ မပါဝင်တာမို့ အများပြည်သူတွေကြားထဲ သိပ်ပြီး သတိမထားမိဘဲ ဖြစ်နေခဲ့တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သူတို့ရဲ့ ရထားလုံး လိုက်ကာတွေ ကြားထဲကနေ ချောင်းမကြည့်မိဘူးဆိုရင် လူအများစုက ဒါကို သာမန် လူသား ကုန်တန်းတစ်ခုလို့ပဲ ထင်မှတ်ကြမှာပေါ့။

ဘာပဲဖြစ်ဖြစ် မက်ထရိုပိုလစ်မှာ စိတ်အေးလက်အေး အနားယူပြီး ပျော်ပျော်ပါးပါး အချိန်ဖြုန်းလို့ရတဲ့ အခြား ခရီးသွားဧည့်သည်တွေနဲ့ မတူတာကတော့ ရိဒ် နဲ့ သူ့မိသားစုမှာ အချိန် ကန့်သတ်ချက် ရှိနေလို့ပဲ ဖြစ်တယ်။

နစ်ဇီ ရဲ့ တာအိုနှလုံးသား က တစ်ရက်ထက်တစ်ရက် ပိုပြီး အားနည်းလာနေပြီလေ။ သူတို့အတွက် တကယ့် ထိပ်တန်း အတော်ဆုံး ဆေးပညာရှင် တစ်ယောက်ရဲ့ အကူအညီကို လိုအပ်နေတယ်။

အဲဒီလူကတော့ ကုသရေးသမား ဆင်ကလဲယား ဦးဆောင်နေတဲ့ ကမ္ဘာ့အဆင့် ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု ပဲ ဖြစ်တယ်။

သူတို့ရဲ့ ရထားလုံးက မက်ထရိုပိုလစ် အလယ်ဗဟိုမှာရှိတဲ့ ဧရာမ ဥယျာဉ်ကြီးတစ်ခုလို နေရာမျိုးကို ရောက်တဲ့အခါ ရပ်တန့်သွားခဲ့တယ်။

ခြံစည်းရိုးတွေအစား တစ်အိမ်လုံးကို စတုဂံပုံစံ အမြင့်ကြီး ညှပ်ထားတဲ့ ချုံပုတ်တံတိုင်းတွေနဲ့ ဝိုင်းရံထားတယ်။

ဥယျာဉ်တစ်ခုလုံးမှာ တန်ဖိုးကြီး လှပတဲ့ ဆေးဘက်ဝင် အပင်တွေကို သေချာ စနစ်တကျ စိုက်ပျိုးထားတာမို့ လေထုထဲမှာ ဆေးဝါးနံ့တွေက သင်းပျံ့နေခဲ့တယ်။

အဲဒီအချိန်မှာပဲ လူသားတစ်ယောက်က ရေဖျန်းကန်တော့နဲ့ အပင်တွေကို ရေလောင်းနေတာကို သူတို့ တွေ့လိုက်ရတယ်။

"ကျွန်တော်တို့ အဲရစ် နဲ့ တွေ့ချင်လို့ပါ" လို့ ရိဒ် က ထိုလူကို ပြောလိုက်တယ်။

အဲဒီဥယျာဉ်မှူးက သူ့ကို ကြည့်ပြီး ခေါင်းညှိမ့်ပြလိုက်ရင်း သူ့လက်ထဲကနေ မှော်စက်ဝိုင်းတစ်ခုကို ပုံဖော်လိုက်တယ်။ ခဏနေတော့ ချုံပုတ်တံတိုင်းကြီးက ပွင့်ဟသွားပြီး သူတို့ရဲ့ ရထားလုံးတွေ အထဲကို ဝင်သွားခွင့် ပြုလိုက်တယ်။

ရိဒ် နဲ့ သူ့အဖွဲ့က ဆက်ပြီး မောင်းနှင်လာခဲ့ကြရာကနေ နောက်ဆုံးမှာတော့ ဆေးပညာရှင် တဲအိမ်ဆီကို ရောက်ရှိသွားခဲ့တယ်။

ဝင်ပေါက်တည့်တည့်မှာတင် ပန်းရောင်ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး သူတို့ လာမယ့်အချိန်ကို စောင့်ကြိုနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

ရိဒ် က သူ့ရင်ခွင်ထဲမှာ နစ်ဇီ ကို ပွေ့ချီထားရင်း ရထားလုံးပေါ်ကနေ ချက်ချင်း ဆင်းလာခဲ့တယ်။ သူက လှေကားထစ်တွေဆီ ပြေးတက်သွားပြီး "ကျွန်တော့် သမီးလေးကို ကယ်ပေးပါဗျာ" လို့ အသနားခံလိုက်တယ်။

အဲရစ် က ရေလူသား ကလေးမလေးကို ကြည့်လိုက်ပြီး သူ့ရဲ့ အခြေအနေက သိပ်ကို စိုးရိမ်ရမှန်း သိလိုက်တာမို့ မျက်မှောင်ကြုတ်သွားခဲ့တယ်။

"မင်း ပေးပို့ထားတဲ့ စာတွေအရဆိုရင်တော့ သူ့ရဲ့ အခြေအနေက အရင်ကထက် ပိုပြီး ဆိုးဝါးလာတဲ့ ပုံပဲ" လို့ သူမက ပြောလိုက်တယ်။

ရိဒ် က တော်ဝင်တိုက်ကြီး ဆီ မရောက်ခင်ကတည်းက ဆင်ကလဲယား နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တာလေ။ ဒါပေမဲ့ ဆင်ကလဲယား က အလုပ်ရှုပ်လွန်းနေတာကြောင့် သူ့ကို တပည့်ဖြစ်သူ အဲရစ် ဆီပဲ လွှဲပေးလိုက်တာ ဖြစ်တယ်။

"သူ့ကို ကုသပေးနိုင်မလားဟင်" လို့ ရိဒ် က မေးလိုက်တယ်။

အဲရစ် က ပြန်မဖြေဘူး။

သူမက သူမရဲ့ မီသရယ် မှော်ဝင်ပစ္စည်း အပ်ကို ထုတ်ယူလိုက်ပြီး သူမရဲ့ အပေါ်ယံ ကောင်းကင်ယံမှာ ဧရာမ ဖားပြုတ်ကြီး ဒီဗာ ကို ပုံဖော်လိုက်တယ်။

ကလေးမလေးရဲ့ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းခြားထားတဲ့ မျဉ်းဖြောင့်တည့်တည့်က သွေးကြောပွိုင့်တွေကို အာရုံခံကြည့်ပြီး အဲရစ် က ပစ်မှတ်ထားလိုက်တယ်။

အဲဒီအပ်က ရေလူသား ကလေးမလေးရဲ့ အရေပြားကို စိုက်ဝင်သွားပြီး သွေးအနည်းငယ် ထွက်လာခဲ့ရာကနေ အဲဒီသွေးတွေက ဖားပြုတ်လေးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

စင်ကြယ်တဲ့ တန်ခိုးစွမ်းရည် တွေနဲ့ ဖန်တီးထားတဲ့ ဒီဖားပြုတ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကနေ အကျိအချွဲတွေကို ထုတ်လွှတ်လိုက်ပြီး ကုသခြင်းစွမ်းအင်တွေကို နစ်ဇီ ရဲ့ အရေပြားထဲကို ထိုးသွင်းပေးလိုက်တယ်။

ကလေးမလေးရဲ့ မျက်နှာက ခဏလောက်တော့ ပြေလျော့သွားပြီး ဝေဒနာတွေ သက်သာသွားပုံရတယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ သူမရဲ့ တာအိုနှလုံးသား ထဲမှာ နောက်ထပ် စူးခနဲ ခံစားချက်မျိုးကို ခံစားလိုက်ရတာမို့ မျက်နှာလေး တွန့်လိမ်သွားရှာတယ်။

အဲရစ် က ခေါင်းကိုသာ ခါယမ်းလိုက်မိရင်း "ငါ မတတ်နိုင်တော့ဘူး" လို့ ဝန်ခံလိုက်တယ်။ "နစ်ဇီ ရဲ့ ရောဂါက သူ့ရဲ့ တာအိုနှလုံးသား ပေါ်မှာ ဖြစ်နေတာလေ။ တာအိုနှလုံးသား ရဲ့ စွမ်းအားနဲ့ စွမ်းရည် က တစ်ခုတည်း တူတူပဲဆိုတာ ငါတို့ အသိပဲ မဟုတ်လား။ တကယ်လို့ ငါကသာ အတင်းအကျပ် ကုသဖို့ ကြိုးစားမယ်ဆိုရင် သူ့ရဲ့ တာအိုနှလုံးသား က ဒါကို ချက်ချင်း ငြင်းပယ်ပစ်မှာ ဖြစ်ပြီး အခြေအနေကို ပိုပြီး ဆိုးဝါးသွားစေလိမ့်မယ်"

ရိဒ် က သွားကို ကြိတ်လိုက်မိတယ်။

"ဒါပေမဲ့ မျှော်လင့်ချက်တော့ မပျက်ပါနဲ့ဦး" လို့ သူမက ပြောလိုက်တယ်။ "ဒီကိစ္စအတွက် ငါ့ရဲ့ စီနီယာ အစ်ကိုကြီးဆီကို အကူအညီ တောင်းထားပါတယ်။ သူကတော့ ငါ့ထက်စာရင် ဒါကို ပိုပြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်"

* * * * * * * *

မိုက်ကယ် က ရိုလာကိုစတာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို အပေါ်စီးကနေ ကြည့်ရှုစစ်ဆေးနေတုန်းမှာပဲ သူ့ရဲ့ အရိပ်ခွဲတစ်ခုဆီကနေ တုံ့ပြန်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။

သူက မျက်လုံးကို မှိတ်ပြီး အာရုံခံကြည့်လိုက်တော့ ဒါဟာ မြို့စားကတော် ရဲ့ ရဲတိုက်မှာ သူ ချန်ထားခဲ့တဲ့ အရိပ်ခွဲတွေဆီကနေ လာတာမှန်း သိလိုက်ရတယ်။

'သူမ ငါ့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ'

သူက မက်ထရိုပိုလစ် ဆီကို ချက်ချင်း ပေါ်တယ်နဲ့ ပြန်လာခဲ့ပြီး မြို့စားကတော် ရီဂျီနာ ရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။

သူတို့က စားပွဲပေါ်မှာ စားစရာတွေ၊ သောက်စရာတွေ အပြည့်အစုံ ပြင်ဆင်ထားတဲ့ သူမရဲ့ ထမင်းစားခန်းထဲမှာ ထိုင်နေကြတာ ဖြစ်တယ်။

"ကျွန်တော့်ကို ထမင်းကျွေးဖို့အတွက် ဒီကို ခေါ်လိုက်တာလား မြို့စားကတော်"

"မဟုတ်ပါဘူး" လို့ သူမက ပြောရင်း သူမရဲ့ နှုတ်ခမ်းပေါ်က ရီနာတီရို့စ်ဆိုဒါ တွေကို ပုဝါနဲ့ သုတ်လိုက်တယ်။ "ဒါထက် ပိုကောင်းတဲ့ ကိစ္စတစ်ခုအတွက် မင်းကို ခေါ်လိုက်တာပါ"

သူ စိတ်ဝင်စားသွားခဲ့တယ်။

"ငါ့ရဲ့ စစ်သည်တော်တွေက ရေလူသား အဖွဲ့တစ်ဖွဲ့ မက်ထရိုပိုလစ် ထဲကို ဝင်လာတယ်လို့ အခုတင် ငါ့ကို သတင်းပို့လာကြတယ်" လို့ သူမက ပြောလိုက်တယ်။

"ရေလူသား တွေ ဟုတ်လား"

"ဟုတ်တယ်။ သူတို့က စီတန်းလှည့်လည်ပွဲထက် အရင် စောပြီး ရောက်လာကြတာ။ ပြီးတော့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု ရဲ့ ငါတို့ဆီက ဌာနခွဲဆီကို ချက်ချင်း သွားကြတယ်။ အခုလောက်ဆို အဲရစ် က သူတို့နဲ့ စကားပြောနေလောက်ပြီပေါ့"

သူတို့က ဆေးပညာရှင် တဲအိမ်ဆီကို တန်းပြီး သွားကြတယ်။

"ဘာဖြစ်လို့လဲ"

မြို့စားကတော် က ပခုံးတွန့်ပြလိုက်တယ်။ "မင်း သိသလိုပဲ ငါလည်း ဘာမှ မသိဘူးလေ။ ငါ သိတာဆိုလို့ အဲဒီ ကုန်ယာဉ်တန်းကို ဦးဆောင်လာတဲ့လူက ရိဒ် လို့ ခေါ်ပြီး သူက ရေလူသား လူမှုအဖွဲ့အစည်းကြားထဲမှာ ဩဇာအာဏာ တော်တော်ရှိတယ်ဆိုတာပဲ။ တကယ်လို့ သူကသာ ရေလူသား တွေကို တစ်ခုခု လုပ်ဖို့ ပြောလိုက်ရင် အဲဒီလူတွေက သူပြောတဲ့အတိုင်းပဲ သေချာပေါက် လုပ်ကြမှာ"

မြို့စားကတော် ရဲ့ စကားတွေထဲက လျှို့ဝှက်တဲ့ ဆိုလိုရင်းကို သူ သဘောပေါက်လိုက်တယ်။ တော်ဝင်တိုက်ကြီး ထဲက အခြား ရေလူသား တွေအားလုံးရဲ့ အာရုံစိုက်မှုကို ရယူမယ့် သူ့ရဲ့ အစီအစဉ်အတွက် ရိဒ် က အဓိက သော့ချက်ဖြစ်တယ်ဆိုတဲ့ အချက်ကို သူမက အရိပ်အမြွက် ပြောနေတာပဲလေ။

"သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားကတော်"

"ကိစ္စမရှိပါဘူး ခစ် ခစ် ခစ်... နောက်တစ်ကြိမ် မင်းရဲ့ ပရောဂျက်အသစ်တွေ လုပ်တဲ့အခါကျရင် ငါ့ကိုလည်း ဖိတ်ကြားဖို့ မမေ့နဲ့ဦးပေါ့"

သူမကို ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေထဲက လျှို့ဝှက်တဲ့ ခြိမ်းခြောက်မှုကို မြင်လိုက်ရတယ်။ ကြည့်ရတာ သူမက ရီနေးတား နိုင်ငံတော်အကြောင်းကို နောက်ဆုံးတော့ စုံစမ်းသိရှိသွားခဲ့တဲ့ ပုံပဲ။ တကယ်လို့ သူကသာ သူမကို အထဲဝင်ဖို့ မဖိတ်ခေါ်ဘူးဆိုရင် သူမ သေချာပေါက် စိတ်ဆိုးတော့မှာပေါ့။

"ကောင်းပါပြီ မြို့စားကတော်။ ကျွန်တော့်ရဲ့ ပရောဂျက်တွေ ပြီးသွားတာနဲ့ အဲ့နေရာကို ကျွန်တော်ကိုယ်တိုင် လိုက်လံပြသပေးပါ့မယ်" လို့ သူက ကတိပေးလိုက်တယ်။

"မင်း ငါ့ကို အဲဒီနေရာကို ပေါ်တယ်နဲ့ ပို့ပေးရမယ်" လို့ သူမက တောင်းဆိုလိုက်တယ်။ "မင်းရဲ့ မော်တော်ကားတွေက ဘယ်လောက်ပဲ မြန်တယ်ပြောပြော သေတ္တာထဲမှာ ထိုင်ရင်းနဲ့ သီတင်းပတ်ပေါင်းများစွာ အချိန်မဖြုန်းချင်ဘူး။ ငါက ဒါတွေလုပ်ဖို့ အသက်ကြီးလွန်းနေပြီ"

"ရတယ်။ တော်ဝင်မိသားစုတစ်ခုလုံးကိုပါ အတူတူ ခေါ်သွားကြတယ်။ မိသားစု အပန်းဖြေခရီးစဉ်ပေါ့။ ကျွန်တော်ပဲ အကုန်အကျခံပါ့မယ်"

မြို့စားကတော် ရဲ့ မျက်နှာက သိသိသာသာကို ကြည်လင် တောက်ပသွားခဲ့တယ်။ "ခစ် ခစ်... ငါ သိပ်ကို မျှော်လင့်နေပါတယ်"

'ဒီတစ်ယောက်ကိုတော့ ငါ ပိုပြီး သတိထားရမယ်'

သူက ရီနေးတား နိုင်ငံတော်အကြောင်း မြို့စားကတော် ကို ကိုယ်တိုင် သွားမပြောခဲ့တဲ့ အကြောင်းရင်းကတော့ သူမကို မြို့စားမင်း စတယ်မိန်း လိုမျိုး ဖြစ်မသွားစေချင်လို့ပဲ ဖြစ်တယ်။

အခုအချိန်အထိတောင် မြို့စားမင်းက ရီနေးတား နိုင်ငံတော်မှာပဲ စတည်းချနေပြီး အန်ဂိုရာ မြို့က သူ့ရဲ့ တာဝန်ဝတ္တရားတွေကို လုံးဝ ပစ်ပယ်ထားတာလေ။ သူက အဲဒီ နတ်ပြည်လို နေရာမျိုးမှာ ပျော်မွေ့လွန်းနေတာမို့ အဲဒီကနေ ဘယ်တော့မှ ထွက်ခွာဖို့ အစီအစဉ် မရှိတဲ့ ပုံပဲ။

တကယ်လို့ မြို့စားကတော် သာ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ပျောက်ကွယ်သွားမယ်ဆိုရင် မက်ထရိုပိုလစ်မှာ ဘယ်လောက်အထိ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားမလဲဆိုတာ သူ မြင်ယောင်ကြည့်ရုံနဲ့တင် ကြက်သီးထမိတော့တယ်။

သူ ကျောချမ်းသွားခဲ့တယ်။

* * * * * * * *

မြို့စားကတော် ရဲ့ အချိန်ကိုက် သတင်းပေးမှု ကြောင့် သူက ဆရီနာ ကို ရှာဖို့ ရီနေးတား နိုင်ငံတော်ဆီ ပြန်လာခဲ့တယ်။

သူက သူမနဲ့ အခြား ရေလူသား တွေအားလုံး မြွေလူသားတွေရဲ့ မြစ်ကမ်းနားက အိမ်ရာမှာ စိတ်အေးလက်အေး အနားယူရင်း နေပူဆာလှုံပြီး ပျော်ပျော်ပါးပါး အချိန်ဖြုန်းနေကြတာကို တွေ့လိုက်ရတယ်။

အထူးသဖြင့် သူက သူတို့အတွက် ရိုလာကိုစတာ တွေကို ပြသပေးပြီးတဲ့နောက်မှာတော့ သူတို့က လောလောဆယ် မက်ထရိုပိုလစ်မှာပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်။

ပြီးတော့ ကုန်းပေါ်က ကမ္ဘာ့ယဉ်ကျေးမှုတွေကို မရင်းနှီးကြပေမဲ့ ရေလူသား တွေက ရီနေးတား နိုင်ငံတော်တစ်ခုလုံးကို အချိန်တိုအတွင်းမှာတင် သိပ်ကို သဘောကျ နှစ်သက်သွားခဲ့ကြတယ်။

"ဟေး... ဆရီနာ" လို့ သူက လှမ်းခေါ်လိုက်တယ်။

ဆရီနာ က လှည့်ကြည့်လာပြီး သူမရဲ့ မျက်နှာပေါ်က ကြီးမားတဲ့ အပြုံးကြီးနဲ့အတူ သူ့ကို လက်ဝှေ့ယမ်းပြလိုက်တယ်။

"ဝိုး..." လို့ သူက ပြောရင်း မျက်နှာတစ်ခုလုံး ချက်ချင်း နီမြန်းသွားကာ သူ့ရဲ့ မျက်လုံးတွေကို အမြန် ကာကွယ်လိုက်မိတော့တယ်။

ကြည့်ရတာ သူမက မြစ်ထဲမှာ စိတ်လွတ်ကိုယ်လွတ် အနားယူနေပုံရပြီး ဘာအဝတ်အစားမှ ဝတ်ဆင်ထားပုံ မရဘူးလေ။

တကယ်လို့ သူမရဲ့ လှိုင်းတွန့်နေတဲ့ ဆံပင်နီနီကြီးသာ မရှိရင် သူ မြင်မိတော့မှာ...

'တော်ပြီ' လို့ သူက တွေးရင်း သူ့ကိုယ်သူ သတိဝင်အောင် ပါးကို ခပ်ဖွဖွ ရိုက်လိုက်တယ်။

"ဟို... မင်းက ဘာလို့ ဘာမှ ဝတ်မထားရတာလဲ" လို့ သူက မေးလိုက်တယ်။

"ဘာကို ပြောတာလဲ။ ငါ အဝတ်အစားတွေ ဝတ်ထားတာပဲလေ"

သူမက ရေလူသား စစ်စစ် ပုံစံအဖြစ် ပြောင်းလဲသွားတာကိုး။

* * * * * * * *

All Chapters