← Chapters

အခန်း (၂၆၄၇-၂၆၄၈)

Vol. 265 Ch. 2647-2648

အခန်း (၂၆၄၇-၂၆၄၈)

Vol. 265 Ch. 2647-2648

အခန်း (၂၆၄၇) - စီကုကျူးကရော ဘယ်မှာလဲ

​ဖန့်ချန်သည် ယန်တန်းမျိုးနွယ်စုမှ ထိုဘိုးဘေးကြီး၏ မေးခွန်းကို ပြန်လည် မဖြေဆိုရသေးခင်မှာပင် ဆွေ့ကျန်းယွဲ့ ဘက်မှ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။

​“ဆွေ့ရှင်းကျီ ဘိုးဘေး ”

​ဆွေ့ရှင်းကျီမှာ မျက်ဝန်းကို အနည်းငယ် ရွှေ့လိုက်ပြီး ဆွေ့ကျန်းယွဲ့ကို ကြည့်လိုက်သည်။

​“မင်းက ငါ့ကို မှတ်မိနေတာလား မဖြစ်နိုင်တာ၊ ငါ အိပ်စက်ခြင်းကို ဝင်စားခဲ့တာ ကြာလှပြီ။ ယန်တန်းမျိုးနွယ်စုထဲမှာ အဲဒီ ကောင်းကင်အရှင်တွေကလွဲရင် ငါရှိနေတာကို ဘယ်သူမှ မသိကြဘူး။

​မင်းလို မျိုးဆက်ငယ်တစ်ယောက်က ငါ့ကို ဘယ်လိုလုပ် မှတ်မိနေရတာလဲ ”

​ဆွေ့ကျန်းယွဲ့သည် ထိုသူမှာ တကယ်ပင် ဆွေ့ရှင်းကျီ ဖြစ်နေသည်ကို မြင်သောအခါ သက်ပြင်းချရင်း ခါးသီးစွာ ပြုံးလိုက်သည်။

​“ရှင်းကျီ ဘိုးဘေး၊ ဘိုးဘေးရဲ့ ပုံတူပန်းချီကားက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဘိုးဘွားခန်းမထဲမှာ ချိတ်ဆွဲထားတာ ကြာလှပါပြီ……”

​“အော်၊ ဒါဆို မင်းက ငါ့ရဲ့ တိုက်ရိုက်သွေးသားတော်စပ်သူပေါ့ ”

​ဆွေ့ရှင်းကျီမှာ အနည်းငယ် သဘောပေါက်သွားပုံ ရသည်။

​ဆွေ့ကျန်းယွဲ့က အလျင်အမြန်ပင် ဆိုသည်။

“ဟုတ်ပါတယ်၊ ဘိုးဘေး အရင်က ငယ်ရွယ်စဉ်အခါက ကောင်းကင်ငါးပါးမှာရှိတဲ့ အဆင့်တူတွေအားလုံးကို ခေါင်းငုံ့ခိုင်းခဲ့သူလေ၊ ဒါကြောင့် ဘိုးဘေးရဲ့ပုံတူကားကို ကျွန်တော်တို့ မျိုးနွယ်စုရဲ့ထူးချွန်သူများခန်းမ ထဲမှာ အမြဲချိတ်ဆွဲထားတာပါ။

​ကျွန်တော်က ဘိုးဘေး အသက်ကုန်ဆုံးသွားပြီလို့ ထင်နေတာ၊ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ထဲကို ဝင်ရောက်ပြီး အခုထိ အိပ်စက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

​ကောင်းကင်ငါးပါးမှာရှိတဲ့ အဆင့်တူတွေအားလုံးကို ခေါင်းငုံ့ခိုင်းခဲ့တာ ဟုတ်လား။

​ဆွေ့ကျန်းယွဲ့၏ စကားကြောင့် ကျောင်းသားအများစု၏ မျက်ဝန်းထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။ သူတို့က ထိုခေတ်ကာလက လူတွေမဟုတ်ကြသဖြင့် ဆွေ့ရှင်းကျီသည် မည်သူဖြစ်ကြောင်း၊ သူ၏ နည်းလမ်းများက မည်မျှပြင်းထန်ကြောင်းကို သဘာဝအတိုင်းပင် မသိကြပေ။

​“မင်းပြောတဲ့ စကားကတော့ မှန်တယ်၊ ‌ဆွေ့ရှင်းကျီက အရင်က ကောင်းကင်ငါးပါးမှာရှိတဲ့ အဆင့်တူတွေကို တကယ်ပဲ ခေါင်းငုံ့ခိုင်းခဲ့ဖူးတယ်။

​ငါ သူ့ကို အနိုင်ယူဖို့ နှစ်ကြိမ်လောက် ကြိုးစားဖူးပေမဲ့ သူ့ရဲ့ ‘ကမ္ဘာဦး မီးအိမ်’ ကြောင့်ပဲ ဖိနှိပ်ခံခဲ့ရတယ်။”

​လွမ်းထိုက်ကူက ဆွေ့ရှင်းကျီကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက် ငဲ့ကြည့်လိုက်သည်။

​သူ ပါးစပ်ဟလိုက်သည်နှင့် ဆွေ့ကျန်းယွဲ့၏ စကားများကို ယုံကြည်သွားကြသည့် ကျောင်းသားများမှာလည်း အများအပြား ရှိလာသည်။

​ဆွေ့ရှင်းကျီမှာ အေးစက်သော အမူအရာဖြင့်သာ ရှိနေသည်။ ဆွေ့ကျန်းယွဲ့နှင့် လွမ်းထိုက်ကူတို့၏ ချီးမွမ်းစကားများကို ကြားရသော်လည်း သူ၏ စိတ်ခံစားမှုမှာ လှုပ်ရှားခြင်း မရှိပေ။ သူသည် ဖန့်ချန်ဘက်သို့သာ တစ်ဖန် ပြန်လည် ကြည့်လိုက်သည်။

​“မင်း တကယ်ပဲ ရွှမ်နယဲ့ အဆင့်မြင့် တံဆိပ်ကို ရထားတာလား"

​ဖန့်ချန်သည် အဖြေပေးရန် ပါးစပ်ကို ဟလိုက်သော်လည်း ဖန်လီပန်၏ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။

​“ဆွေ့ရှင်းကျီ၊ ဖန့်ချန်က တကယ်ပဲ ရွှမ်နယဲ့ အဆင့်မြင့် တံဆိပ်ကို ရထားတာ၊ ငါတို့ ကိုယ်တိုင် မြင်တွေ့ခဲ့တာမို့ လိမ်ညာလို့ မရဘူး။”

​ဖန်လီပန်က ပြုံးလိုက်သည်။

“ဒီတစ်ခါ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်တွေတောင် ဒီတံဆိပ်ကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။”

​ဆွေ့ရှင်းကျီ၏ အမူအရာမှာ တည်ကြည်သွားပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်နှယ် တိတ်ဆိတ်သွားတော့သည်။

​ခဏအကြာတွင် အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသားများမှာလည်း တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။

​ထို့နောက် ‘လင်နယဲ့ အစောပိုင်း’ တံဆိပ်ရရှိသူ ကျောင်းသားများနှင့် ‘လင်နယဲ့ အလယ်အဆင့်၊ အဆင့်မြင့်’ တံဆိပ်ရရှိသူ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များမှာ ထွက်ပေါ်လာကြသည်။

​ဤတစ်ကြိမ်တွင်မူ ဖန့်ချန်အတွက် ဖန်လီပန်က ရှင်းပြပေးစရာ မလိုတော့ပေ။

​လွမ်းထိုက်ကူက ထို ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များအား အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြောပြလိုက်ပြီး သူ၏ ရပ်တည်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည်။

​“လွမ်းထိုက်ကူ၊ မင်းပြောချင်တာက ဒီကောင်လေးက ရွှမ်နယဲ့ အဆင့်မြင့် တံဆိပ်ကို ရသွားပြီးတော့……

​ရှန်ကျီကျန်းနဲ့ ရှန်ထင်ဖန်းတို့ရဲ့ အသက်စွမ်းအင်တွေကို သတ်ပစ်လိုက်တာလား ”

​အသက်စွမ်းအင် အစောပိုင်းအဆင့် အုပ်စုထဲမှ ကိုးမြီးနဂါးမျိုးနွယ်စုမှ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်တစ်ဦးက ဖန့်ချန်ကို အမှတ်မထင် လက်ညှိုးထိုးပြရင်း လွမ်းထိုက်ကူကို အံ့အားသင့်စွာ မေးလိုက်သည်။

​“ဟုတ်တယ်၊ အကြောင်းရင်းက ရှိတယ်။ ရှန်ထင်ဖန်းက အရမ်းလွန်လွန်းတယ်၊ ‘လင်နယဲ့ အစောပိုင်း’ တံဆိပ်ကို ရနိုင်မယ့် ကျောင်းသားတွေကို ကြိုတင်ပြီး ထုတ်ပစ်လိုက်လို့ ဖြစ်တာ။”

​“ဒါတင်မကသေးဘူး၊ သူက မာနကြီးတဲ့ လောဘကြီသော နတ်ဆိုး မျိုးနွယ် ဖန်ရွှေကိုတောင် သတ်ပစ်လိုက်သေးတယ်။”

​လွမ်းထိုက်ကူက အေးဆေးစွာ ပြောသည်။

​ထိုကိုးမြီးနဂါးမျိုးနွယ်စုဝင်မှာ အနီးအနားမှ ဘီလူးမျိုးနွယ်စုဝင်အချို့က သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ကို ပိတ်လိုက်ရသည်။

​“စီကုကျူးကရော ဘယ်မှာလဲ ”

​ရုတ်တရက် အသက်စွမ်းအင် အစောပိုင်းအဆင့် ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်တစ်ဦးက အေးစက်စွာ မေးလိုက်သည်။

​“စီကုကျူးက ဒီမှာမရှိဘူးလား စီကုချန်ယန်၊ မင်း မျက်စိကန်းနေတာလား ”

​လွမ်းထိုက်ကူက ရယ်မောရင်း ဆူပူလိုက်သည်။

​စီကုချန်ယန် -

“ဒီမှာ ဟုတ်လား ဘယ်မှာလဲ”

​လွမ်းထိုက်ကူမှာ မျက်မှောင်ကြုတ်သွားပြီး ဖန်လီပန်တို့ဘက်ကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

​ထိုအချိန်ကျမှသာ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်အများအပြားမှာ စီကုကျူးကို တစ်ကြိမ်မှ မတွေ့ရတော့ကြောင်း ရုတ်တရက် သတိပြုမိသွားကြသည်။

​စီကုကျူးကို ဖန့်ချန်က စစ်ဆေးမှုမတိုင်ခင်မှာပင် သတ်ပစ်လိုက်သည့်ကိစ္စကို ထိုနေရာတွင် ရှိနေသူအချို့သာ သိကြသည်။

​“ဒီကိစ္စက ဒီလိုပါ……”

​ဖန်လီပန်က ချောင်းဟန့်လိုက်သည်။

“အဲဒီတုန်းက ဖန့်ချန်ရဲ့ အရည်အချင်းက ထူးချွန်လွန်းတယ်လို့ ငါတို့ ထင်မိတာ၊ ဒါကြောင့် သူ ပိုပြီး တိုးတက်လာပြီး ပိုမြင့်တဲ့ တံဆိပ်နဲ့ ပိုသန်မာတဲ့ ကျင့်စဉ်တွေကို ရစေချင်ခဲ့တာ။

​ဒါပေမဲ့ စီကုကျူးက ဒီကိစ္စကို လက်မခံဘဲ ဖန့်ချန်ကို စစ်ဆေးမှု ဆက်မလုပ်အောင် တားဆီးဖို့ လုပ်ခဲ့တယ်။

​နောက်ဆုံးတော့ ဖန့်ချန်က သူ့ရဲ့ အသက်စွမ်းအင်ကို သတ်ပစ်လိုက်တာပဲ။

​ဒီကိစ္စကို ငါတို့ အကုန်လုံး မြင်ခဲ့ကြတာပဲ၊ ဖန့်ချန်ဘက်မှာ အမှားမရှိပါဘူး။

​နောက်ဆုံးတော့လည်း ငါတို့ရဲ့ အမြင်က မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ။

​သူ တကယ်ပဲ ရွှမ်နယဲ့ အဆင့်မြင့် တံဆိပ်ကို ရခဲ့တယ်၊ ငါတို့ထက် ပိုမြင့်တဲ့ ကျင့်စဉ်ကို ရခဲ့တယ်။

​တစ်နည်းအားဖြင့် သူက ကောင်းကင်ငါးပါးအတွက် ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ခဲ့တယ်။

​သူရလာတဲ့ ကျင့်စဉ်ကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းနိုင်မယ်ဆိုရင် ဒီအကျိုးကျေးဇူးက ဘယ်လောက်ကြီးမားလဲဆိုတာ မင်းတို့ သိကြမှာပါ။”

​‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များမှာ တိတ်ဆိတ်သွားကြသည်။

​သူတို့သည် ထိုအကျိုးကျေးဇူးက မည်မျှကြီးမားကြောင်း ကောင်းကောင်း သိကြသည်။

​မဟုတ်လျှင် လွမ်းထိုက်ကူ၏ စကားကို အသာတကြည် နားထောင်ပြီး အဆင်ပြေအောင် ဖြေရှင်းပေးမည် မဟုတ်ပေ။

​“ငါ့ကို ခြုံငုံကြည့်ပြီး ဆုံးဖြတ်ဖို့ ပြောနေတာလား ”

​စီကုချန်ယန်၏ မျက်ဝန်းထဲတွင် အေးစက်သော အငြိုးများ ပေါ်လာပြီး ဖန့်ချန်ကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။

​“ဒီကောင်က လူသားမျိုးနွယ်စုကပဲ၊ ရွှမ်နယဲ့ အဆင့်မြင့် တံဆိပ်ကို ရသွားတာနဲ့ပဲ ဘာဖြစ်မှာလဲ။

​သူ့တစ်ယောက်တည်းနဲ့ ကောင်းကင်ငါးပါးတစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး၊ သူကိုယ်တိုင် ဒေသကြီး ကျင့်စဉ်ကို ကျင့်နိုင်မလားဆိုတာကလည်း မသေချာဘူး။

​သူ့ဆီကနေ လက်ဆင့်ကမ်းဖို့ တွေးနေတာလား အိပ်မက် မက်မနေနဲ့၊ ဒီကျင့်စဉ်ကို ရဖို့ဆိုရင် စစ်ဆေးမှုကို ဖြတ်သန်းမှ ရမယ်ဆိုတာ မင်းတို့ မသိဘူးလား။

​ကံကောင်းမယ်လို့ မျှော်လင့်နေတာက ရယ်စရာပဲ ”

​လွမ်းထိုက်ကူ၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

​“စီကုကျူးက ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ရဲ့ ထင်ရှားတဲ့ အဖွဲ့ဝင်တစ်ဦး၊ အသက်စွမ်းအင်တစ်ခုကို ဒီလောက် လွယ်လွယ်နဲ့ အသတ်ခံလိုက်ရတာ ငါတို့ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ရဲ့ ဂုဏ်သိက္ခာကို ဘယ်နားထားမှာလဲ ”

​“မင်းတို့ ဂုဏ်သိက္ခာကို မလိုချင်ရင်တော့ ငါကတော့ လိုချင်တယ်။”

​စီကုချန်ယန်က ဖန့်ချန်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အငြိုးများ ပြည့်နှက်နေသည်။

​သို့သော် နောက်တစ်ခဏတွင် ရုပ်ရည်တစ်ခုမှာ သူ့ရှေ့တွင် ပေါ်လာသည်။

​စီကုချန်ယန်မှာ ထိုသူကို သေချာကြည့်ပြီးနောက် နောက်သို့ အလိုအလျောက် နှစ်လှမ်း ဆုတ်လိုက်ကာ အေးစက်စွာ ပြောသည်။

​“ဆွေ့ရှင်းကျီ၊ မင်း ဘာလုပ်မလို့လဲ”

​“မင်းက ဂုဏ်သိက္ခာကို ဒီလောက်တန်ဖိုးထားတာ၊ အရင်က မင်း ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာကို ငါ့ဆီကနေ အရင်ဆုံး ပြန်ရှာမယူဘူးလား ”

​“မျိုးဆက်သစ်တွေက မင်းရဲ့ အကြောင်းကို မသိကောင်းပါရဲ့၊ ဒါပေမဲ့ ငါတို့ထဲမှာ မင်းအကြောင်းကို မသိတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ ”

​ဆွေ့ရှင်းကျီက အေးဆေးစွာ ပြောသည်။

​စီကုချန်ယန်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး၊ မနှစ်မြို့ဖွယ်ကောင်းသည့် အကြောင်းအရာတစ်ခုကို သတိရသွားပုံဖြင့် အလွန်ပင် ပျက်ယွင်းသွားသည်။

​အခြားသော ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များမှာလည်း ထိုစကားကို ကြားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကြဟန်ဖြင့် သူတို့၏ အမူအရာမှာ ထူးဆန်းသွားကြသည်။

​“ဆွေ့ရှင်းကျီ၊ မင်းက အသက်စွမ်းအင် နောက်ပိုင်းအဆင့်ပဲ ရှိသေးတယ်ဆိုတာ မေ့သွားပြီလား၊ ငါက ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာ ”

​စီကုချန်ယန်က သွားကို ကြိတ်ကာ ပြောသည်။

“မင်း အခု ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။”

​“ငါလည်း ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်း အဆင့် ဖြစ်လာနိုင်တာပါပဲ။”

​‌ဆွေ့ရှင်းကျီက အေးဆေးစွာ ပြောသည်။

“အဲဒီကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ပြစေချင်တာလား မျိုးဆက်ငယ်တွေရဲ့ လက်ဖက်ရည်ဝိုင်းမှာ ပြောစရာ စကားလုံးဖြစ်သွားအောင်လေ ”

​စီကုချန်ယန်မှာ အမူအရာအမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်စွာ ပြောလိုက်သည်။

​“ပြီးခဲ့တဲ့ကိစ္စတွေက ပြီးခဲ့ပြီ၊ ငါတောင် မေ့သွားပြီ၊ မင်းက ဘာလို့ ဒီလောက်တောင် စွဲလမ်းနေတာလဲ ”

​“စီကုကျူးကိစ္စကို ငါ ဘာမှမလုပ်တော့ဘူး။”

​ပြောပြီးနောက် သူသည် နောက်လှည့်သွားကာ ဆက်မပြောတော့ပေ။

​ဆွေ့ရှင်းကျီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ထပ်မံ၍ မဖော်ထုတ်တော့ပေ။

​သို့သော် ဤစကားဝိုင်းကြောင့် ထိုနေရာရှိ ကျောင်းသားအားလုံးမှာ သိချင်စိတ် ပြင်းပြလာသည်။

​စီကုချန်ယန်ကို ချက်ချင်း အရှုံးပေးလိုက်ရလောက်အောင် မည်သည့်အကြောင်းအရာ ဖြစ်နေပါသလဲ။

​ဆွေ့ထျန်းဟွမ် နှင့် အခြားသူများမှာမူ စိတ်ထဲတွင် လျှို့ဝှက်စွာ ဝမ်းမြောက်နေကြသည်။ ဤတစ်ကြိမ်တွင် ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ၏ ဘိုးဘေးကြီးများနှင့် တကယ်ပင် မျက်နှာချင်းဆိုင် ရန်ဖြစ်တော့မည်ဟု ထင်ထားခဲ့သည်။

​ယန်တန်းမျိုးနွယ်စုနှင့် ကောင်းကင်စစ်သည်မျိုးနွယ်စုမှ ဘိုးဘေးကြီးများမှာမူ အမှန်တကယ်ပင် ဆင်ခြင်တုံတရား ရှိပြီး သူတို့ဘက်တွင် ရပ်တည်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​“ဒါပေမဲ့……”

​ရုတ်တရက် ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်တစ်ဦးက တိုးတက်စွာ ပြောသည်။

​“အကြီးကဲ ငါးဦး ‌ကတော့ ဒီကိစ္စကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဘာပဲပြောပြော ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ က သူတို့အတွက် အဓိပ္ပာယ် အလွန်နက်ရှိုင်းလွန်းတယ်လေ။”

အခန်း (၂၆၄၈) - အတွင်းကမ္ဘာနယ်မြေဖြင့် အောင်မြင်ပြီး၊ အတွင်းကမ္ဘာနယ်မြေဖြင့်ပင် ကျဆုံးခြင်း

​သာမန်ကျောင်းသား အများအပြား၊ နောက်ဆုံးတွင် နေမင်းခုနစ်ပါး ကျောင်းသားအချို့ပင်လျှင် အကြီးကဲငါးပါး ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်ရှိသည်ကို မသိကြပေ။

​မည်သို့ဆိုစေကာမူ သူတို့အထဲတွင် ဖန့်ချန်တို့၏ အသုတ် ကျောင်းသားအုပ်စုသာလျှင် ထိုင်ဟောင်ဟွမ်းယောင်တို့ထံမှ အကြီးကဲငါးပါး ၏ တည်ရှိမှုကို သိရှိထားခြင်း ဖြစ်သည်။

​အခြားသော ကျောင်းသားများအနေဖြင့်မူ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များနှင့် ရင်ဆိုင်ရသည့်အခါ အမြဲတမ်း အောက်ခြေသာ ရောက်နေကြရသည်၊ မေးခွန်းထုတ်ရန် အရည်အချင်းပင် မရှိကြပေ။

​“အကြီးကဲငါးပါး ကိစ္စကတော့ တကယ်ပဲ နည်းနည်း ရှုပ်ထွေးတယ်။”

​လွမ်းထိုက်ကူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီးနောက် ဖန့်ချန်ဘက်သို့ ကြည့်လိုက်သည်။

​“ခဏနေရင် အကြီးကဲငါးပါး ထွက်လာလိမ့်မယ်၊ မင်း ဘာမှ မပြောနဲ့။ ငါနဲ့ ဆွေ့ရှင်းကျီက မင်းအတွက် စကားပြောပေးလိမ့်မယ်။”

​“ကျေးဇူးတင်ပါတယ်၊ ထိုက်ကူ ဘိုးဘေးကြီး။”

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

​သူ၏ စိတ်ထဲတွင်မူ အကြီးကဲငါးပါးနှင့် တွေ့ဆုံရန် ရုတ်တရက်ပင် မျှော်လင့်နေမိသည်။

​သို့သော် သူ ပို၍ မျှော်လင့်နေသည်မှာ နိဗ္ဗာန် တားမြစ်နယ်မြေမှ အမြန်ဆုံး ထွက်ခွာပြီး သံသရာ မသေမျိုး ကျင့်စဉ် ကို လျှို့ဝှက်စွာ ကျင့်ကြံရန်ပင် ဖြစ်သည်။

​‘အတွင်းကမ္ဘာနယ်မြေကို ရုပ်ခန္ဓာထဲ ပေါင်းစပ်လိုက်ရင်၊ ဘယ်လိုမျိုး ခံစားရမလဲ ဘယ်လိုမျိုး စွမ်းအားတွေ တိုးတက်လာမလဲ ’

​ဖန့်ချန်က စိတ်ထဲတွင် လျှို့ဝှက်စွာ မျှော်လင့်နေမိသည်။

​သူ ဤသို့ အာရုံလွင့်နေသည့် ပုံစံမှာ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များ၏ အမြင်တွင်မူ အချို့သောသူများကို စိတ်ထဲတွင် လျှို့ဝှက်စွာ ရယ်မောစေပြီး သူကြောက်လန့်နေသည်ဟုသာ ထင်မြင်စေသည်။

​ဖန်ရုကန်က ဖန်လီပန်ထံသို့ လျှို့ဝှက်စွာ အသံလွှင့်လိုက်သည်။

​“ဘိုးဘေးကြီး၊ အကြီးကဲငါးပါးထဲမှာ ငါတို့ ချင်းမင် ရဲ့ သူတော်စင်တွေ ပါနေတာ မဟုတ်လား သူတို့ကရော ဖန့်ချန်အတွက် စကားမပြောပေးဘူးလား ”

​“မင်း ခုနကပဲ ငါတို့လို ဘိုးဘေးတွေက ဘာမှမဟုတ်ဘူးလို့ ပြောနေတာ မဟုတ်လား ”

​ဖန်လီပန်က ဖန်ရုကန်ကို မျက်စောင်းထိုးလိုက်သည်။

​သို့သော်လည်း လျှို့ဝှက်စွာ အသံလွှင့်ပြောလိုက်သည်။

​“အကြီးကဲငါးပါးရဲ့ တည်ရှိမှုက အထူးတလည်ပဲ။ သူတို့ ငါးယောက်လုံးရဲ့ စိတ်ထဲမှာ မျိုးနွယ်စုဆိုတဲ့ သဘောတရား မရှိတော့တာ ကြာပြီ။ သူတို့ဆီမှာ ရှိတာက ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ သက်သက်ပဲ။

ဘာလို့လဲဆိုတော့ သူတို့အမြင်မှာ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်တွေမှသာ ကောင်းကင်ငါးပါးမှာ ပိုပြီး ဝေးဝေးသွားနိုင်မယ်၊ နောက်ဆုံးတော့လည်း ကောင်းကင်ငါးပါးကို အမှန်တကယ် ကျော်လွန်သွားနိုင်မယ်လို့ ယုံကြည်နေကြလို့ပဲ။”

​“ကောင်းကင်ငါးပါးကို အမှန်တကယ် ကျော်လွန်သွားမယ် အဲဒါက ပုရွက်ဆိတ်အသိုက်နယ်မြေကို သွားမှာလား မဟုတ်သေးပါဘူး၊ ဒါက ပုရွက်ဆိတ်အသိုက်နယ်မြေကို ရည်ညွှန်းတာ မဟုတ်လောက်ဘူး……”

​ဖန်ရုကန်၏ စိတ်မှာ မရေမရာ ဖြစ်သွားသည်။

​ဖန်လီပန်၏ ထိုစကားက သူ့ကို တကယ်ပင် အံ့အားသင့်သွားစေသည်။

​မျိုးနွယ်စု သဘောတရား မရှိဘူး ဒါက တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်ရပ်ပါပဲ။

​ဘယ်လိုမျိုး စိတ်အခြေအနေ ရှိတဲ့လူကမှ မျိုးနွယ်စု သဘောတရား မရှိမှာလဲ။

​ဖန်ရုကန် စဉ်းစား၍ မရနိုင်ပေ။ ထို့နောက် သူသည် ဖန့်ချန်ထံသို့ လျှို့ဝှက်စွာ အသံလွှင့်ပြီး ခုနက မေးမြန်းထားသမျှကို တစ်ခုမကျန် ပြောပြလိုက်သည်။

​“ဖန့်ချန်၊ ဖန်လီပန်ဘိုးဘေး ပြောတာအရဆိုရင် ဒီအကြီးကဲငါးပါး ‌က သူတို့ရဲ့ မူလသဘာဝကို တကယ်ပဲ ဆုံးရှုံးသွားပြီး မျိုးနွယ်စု သဘောတရားတောင် မရှိတော့ဘဲ၊ အရာအားလုံးကို ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ရဲ့ အကျိုးအမြတ်အတွက်ပဲ ဦးစားပေးနေကြပုံရတယ်။”

​“မင်း သတိထားဖို့ လိုလိမ့်မယ်။”

​ဖန်ရုကန်က သတိပေးပြီးနောက် ထိုက်ဟောင်ရှူ၊ ဆွေ့ထျန်းဟွမ်၊ ရှန်ရှို့ယွမ် စသည့် ကျောင်းသားများကလည်း ဆက်တိုက်ဆိုသလို အသံလွှင့်ပြီး အလားတူ စကားများကို ပြောကြသည်။ သူတို့လည်း သူတို့မျိုးနွယ်စုမှ ဘိုးဘေးကြီးများကို တိတ်တဆိတ် မေးမြန်းထားခဲ့ကြခြင်းပင်။

​“ဒါဆိုရင် အရေးတကြီး ကိစ္စမျိုးတစ်ခုခု ဖြစ်နေလို့များ ဒီ အကြီးကဲ ငါးပါးက မျိုးနွယ်စု သဘောတရား မရှိတော့တာလား ”

​ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားပြီး ဘေးနားရှိ ထိုက်ဟောင်ဟွမ်းယောင်ကို ကြည့်လိုက်သည်။

​“မင်း ခုနက သူတော်စင်တွေက ကောင်းကင်အရှင် အဆင့်ကို ရောက်ပြီးတဲ့နောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာတယ်၊ ပျောက်ဆုံးသွားတဲ့အထိ ဖြစ်တယ်လို့ ပြောတာက ဘယ်လိုမျိုး အကြောင်းအရာလဲ။

​ဘာလို့ အခု ကောင်းကင်ငါးပါးက ကောင်းကင်အရှင်တွေက မင်းတို့ပြောတဲ့ ထူးဆန်းတဲ့ ကိစ္စတွေ မဖြစ်ရတာလဲ”

​ထိုက်ဟောင်ဟွမ်းယောင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လျှို့ဝှက်စွာ အသံလွှင့်သည်။

​“မင်း သိလား…… ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ က ဘာလို့ တည်ရှိနေတာလဲ ဘာလို့များ နှစ်ပေါင်းများစွာ ကောင်းကင်ငါးပါးက ကောင်းကင်အရှင်တွေက ဒီစီမံကိန်းကို ဆက်လက် ထိန်းသိမ်းထားချင်ကြတာလဲ။

​တချို့ ကာလတွေမှာတောင် ကောင်းကင်ငါးပါးက အချင်းချင်း တိုက်ခိုက်နေကြလို့ အသေအလဲ ဖြစ်နေကြတဲ့တိုင် ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ကို ဘာလို့ မထိခိုက်နိုင်တာလဲ ”

​“မင်းပြောတဲ့ ထူးဆန်းတဲ့ ကိစ္စကြောင့်လား”

​“ဟုတ်တယ်၊ ဒါပေမဲ့ ဒီလိုမျိုး ထူးဆန်းတဲ့ ကိစ္စက အခုခေတ် ကောင်းကင်ငါးပါးက ကောင်းကင်အရှင်တွေဆီမှာတော့ အလွယ်တကူ မဖြစ်လာနိုင်ဘူး။”

​“အရင်က ပျောက်ဆုံးသွားတဲ့ ကောင်းကင်အရှင်တွေက အကုန်လုံးက ငယ်ရွယ်စဉ်အခါက ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့ကြပြီး အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ သူတွေပဲ။”

​“အရည်အချင်း ပိုမြင့်လေလေ၊ ကောင်းကင်အရှင် အဆင့်ကို ရောက်ပြီးတဲ့နောက် ပျောက်ဆုံးဖို့ ပိုလွယ်လေလေပဲ။”

​“မင်း ခုနက ကြားခဲ့မှာပါ၊ ငါ့မိဘတွေက ကောင်းကင်အရှင်တွေ၊ သူတို့ရဲ့ အရည်အချင်းက ထိုက်ဟောင်မျိုးနွယ်စု သမိုင်းတစ်လျှောက်မှာ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ်။”

​“ဒါပေမဲ့ သူတို့ ကောင်းကင်အရှင် အဆင့်ကို ရောက်ပြီး နှစ်တစ်ရာတောင် မပြည့်ခင်မှာတင် ပျောက်ဆုံးသွားတယ်။”

​“စစချင်းမှာတော့ ဒီလို ပုံစံမျိုး ရှိမှန်း ငါတို့ မသိခဲ့ကြဘူး။ နောက်မှပဲ အချို့သော ကောင်းကင်အရှင်တွေက အဆင့်မြင့်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့တိုင် ထူးဆန်းတာတွေ မဖြစ်ကြဘူးဆိုတာ သိလာခဲ့ရတယ်။”

​“တချို့ဆိုရင် နှစ်ပေါင်း တစ်သိန်း၊ သန်းတစ်သိန်းအထိတောင် ဘာမှမဖြစ်ဘဲ အေးဆေးပဲ။”

​“ဒီလို အချိန်ကြာကြာ ဘာမှမဖြစ်တဲ့ ကောင်းကင်အရှင်တွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိတယ်။”

​“အဲဒါကတော့…… သာမန် ဖြစ်နေတာပဲ။”

​ထိုက်ဟောင်ဟွမ်းယောင်၏ မျက်ဝန်းထဲတွင် မှိုင်းညို့သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

​“ငါတို့ ဒီအကြောင်းကို သိလာတဲ့အချိန်မှာတော့ ကောင်းကင်ငါးပါးထဲက ထွန်းတောက်နေတဲ့ ပါရမီရှင်တွေအားလုံးက ပျောက်ဆုံးသွားခဲ့ပြီ။

​ကောင်းကင်ငါးပါးရဲ့ စွမ်းအားတွေကလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာတယ်၊ လက်ဆင့်ကမ်းမှုတွေ မရရှိတော့တဲ့အခါ ကျဆင်းသွားဖို့ပဲ ရှိတော့တယ်။

​ဒါကြောင့် နောက်ပိုင်းမှာ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ဆိုတာ ပေါ်လာတာပဲ။ ငါတို့ အသိအမှတ်ပြုတဲ့ ပါရမီရှင်တွေအားလုံး ဒီစီမံကိန်းထဲ ဝင်ဖို့ လိုတယ်။

​တစ်ခုကတော့ စောလွန်းတဲ့အချိန်မှာ ကောင်းကင်အရှင် အဆင့်ကို မရောက်သွားဖို့၊ နောက်တစ်ခုကတော့ ဒီပဟေဠိကို ဖြေရှင်းနိုင်ဖို့ပဲ။

​နှစ်ပေါင်းများစွာ ကြာတဲ့တိုင် နယ်ပယ်အသီးသီးက ရှာဖွေမှုတွေ၊ ပုရွက်ဆိတ်အသိုက်နယ်မြေကို စူးစမ်းမှုတွေ၊ ရှေးဟောင်းခေတ်က သတင်းအချက်အလက်တွေကို စုဆောင်းမှုတွေ လုပ်ခဲ့တယ်။

​နောက်ဆုံးတော့ ငါတို့ ကျင့်ကြံနေတဲ့ အဓိက ကျင့်စဉ် မှာ ပြဿနာရှိနေတာလို့ အတည်ပြုလိုက်နိုင်ပြီ။”

​“ဒါပေမဲ့ ဒီကိစ္စက သက်ရောက်မှု အရမ်းကြီးမားတယ်၊ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ စွမ်းအားမရှိသေးသရွေ့ လုံးဝပေါက်ကြားလို့ မဖြစ်ဘူး။”

​ဖန့်ချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်စရာ အရိပ်အယောင်များ ပေါ်လာသည်။

​အရည်အချင်း ပိုမြင့်လေလေ၊ အန္တရာယ် ပိုများလေလေ။

​ဒီထဲမှာ ဘာအကြောင်းအရာများ ရှိနေတာလဲ

​“ငါတို့ စစချင်းမှာတောင် စိုးရိမ်ခဲ့သေးတယ်။ တစ်စုံတစ်ယောက်၊ ဥပမာ- သူတော်စင်ဧကရာဇ် မျိုးက ငါတို့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ကောင်းကင်ငါးပါးရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်နေတာလားလို့ပေါ့။”

​“ဒါပေမဲ့ နောက်ပိုင်းမှာ သက်သေပြချက်တွေအရ ဒီလိုမျိုးကိစ္စ မရှိဘူးဆိုတာ သိလာရတယ်။”

​“ဒါကြောင့် ငါတို့ အသေအချာ ယုံကြည်သွားတာက ကျင့်စဉ်မှာ မှားယွင်းမှု ရှိနေလို့ပဲ။”

​“အတွင်းကမ္ဘာနယ်မြေ…… အဲဒါက တကယ်တော့ ဟင်းလင်းပြင်ထဲက အရာဝတ္ထုပဲ၊ ငါတို့ တကယ် ကျင့်ကြံလို့ ရလာတာ မဟုတ်ဘူး၊ ငါတို့က အတွင်းကမ္ဘာနယ်မြေအတွက်ဆိုရင် သယ်ဆောင်သူ တစ်မျိုးပဲ ဖြစ်နေတာ။”

​“အရင်က ကောင်းကင်အရှင်တွေ ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေက အတွင်းကမ္ဘာနယ်မြေကြောင့် ဖြစ်နိုင်ချေ အရမ်းများတယ်။”

​“အတွင်းကမ္ဘာနယ်မြေနဲ့ အောင်မြင်ပြီး၊ အတွင်းကမ္ဘာနယ်မြေနဲ့ပဲ ကျဆုံးရတာ၊ ဒါကြောင့် ငါတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မှသာ ကောင်းကင်ငါးပါးရဲ့ မီးတောက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာ။”

​“ဖန့်ချန်၊ မင်း ဒီခေတ်မှာ မွေးဖွားလာတာကို ကံကောင်းတယ်လို့ သတ်မှတ်ရမယ်၊ ငါတို့ စောင့်ခဲ့တာ အရမ်း ကြာလှပြီ။

​ငါ့မိဘတွေကို နောက်ထပ် ရှာတွေ့နိုင်မလားဆိုတာတောင် မသေချာလောက်အောင် ကြာသွားပြီ။”

​ထိုက်ဟောင်ဟွမ်းယောင် ထိုသို့ပြောလိုက်သည့်အခါ အသံမှာ သိသိသာသာပင် တုန်ယင်နေသည်။

​သူမ၏ မိဘများမှာ သူမ၏ စိတ်ထဲတွင် အလွန်ပင် အရေးပါသော နေရာကို ယူထားကြောင်း ဖန့်ချန် သတိထားမိသည်။

​ဖြစ်နိုင်သည်မှာ သူမ၏ မိဘများ ပျောက်ဆုံးသွားသောကြောင့်သာ သူမသည် ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ ထဲသို့ ဝင်ရောက်လာပြီး၊ အပြင်လူတို့အမြင်တွင် ဘာမှမဟုတ်သော်လည်း သူမတို့အတွက် အလွန်အရေးပါသည့် အရာများစွာကို စွန့်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

​ထိုအရာသည်ပင် သူတို့ထဲမှ လူအများစု ဆက်လက် ရပ်တည်နေစေသည့် ယုံကြည်ချက် ဖြစ်နိုင်သည်။

​ထိုအခိုက်တွင် ထိုက်ဟောင်ဟွမ်းယောင်မှာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ ခုနက စိတ်ခံစားမှု ပြောင်းလဲခြင်းမှာ မိဘများကို ပြောပြချိန်တွင်သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

​သူမ၏ လေသံထဲတွင် အနည်းငယ် ပေါ့ပါးသော အပြုံးတစ်ခု ပါဝင်လာသည်။

​“နင်သာ ဒီခေတ်မှာ မမွေးဖွားခဲ့ဘူးဆိုရင်၊ ကောင်းကင်အရှင် အဆင့်ကို တက်လိုက်တာနဲ့ နောက်တစ်ရက်မှာတင် အန္တရာယ်နဲ့ ကြုံရတော့မှာပဲ။”

​“ဒီလောက်ထိတောင် အန္တရာယ်ကြီးလား။”

​ဖန့်ချန်မှာ အတွေးနက်နေသည်။

​‘မှန်လေးက တစ်ခုခုတော့ သိထားလိမ့်မယ်၊ ဒီကိစ္စတွေ ပြီးသွားရင် အတွင်းကမ္ဘာ ကျောက်တုံး တွေ နည်းနည်း ရှာပြီး သူ့ကို မေးကြည့်ဦးမှ။’

​ခဏအကြာတွင် အသက်စွမ်းအင် အလယ်အဆင့် သူတော်စင်များမှာလည်း တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။

​အတွင်းရှိ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်များမှာ ရှန်ကျီကျန်း၊ ရှန်ထင်ဖန်းနှင့် စီကုကျူးတို့၏ ကိစ္စများကို သိရှိသွားကြပြီးနောက် ဒေါသအကြီးအကျယ် ထွက်သွားကြသည်။ သို့သော် ဆွေ့ရှင်းကျီနှင့် လွမ်းထိုက်ကူတို့၏ ဖိအားပေးမှုကြောင့် ငြိမ်သက်သွားခဲ့ရသည်။

​အသက်စွမ်းအင် နောက်ပိုင်းအဆင့် သူတော်စင်များ ထွက်ပေါ်လာသောအခါ ဆေွ့ရှင်းကျီနှင့် လွမ်းထိုက်ကူတို့၏ မျက်ဝန်းထဲတွင်ပင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။

​ဤတစ်ကြိမ်တွင်မူ ပဉ္စမအသုတ်တွင် ပေါ်လာသည့် လူငါးဦး ရှိနေသည်။

​၎င်းတို့မှာ ‘ရွှမ်နယဲ့ အစောပိုင်း’ တံဆိပ်ကို ရရှိထားကြပြီး ဖြစ်ကြောင်း ပြသနေသည်။

All Chapters