← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း (၃၅၄) ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက နောက်ထပ် ဘယ်တော့မှ ရတော့မည်မဟုတ်

"လီဟူ..."

ကျွီခနဲ အသံနှင့်အတူ သူ၏နောက်ကျောဘက်ရှိ

သစ်သားအိမ်တံခါးမှာ ပွင့်ဟလာလေသည်။

လီရှန်းဟွာသည် သစ်သားအိမ်ထဲမှ ထွက်လာပြီး သူမ၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေတော့သည်။

"အစ်မ... အစ်မကြီး..."

သူ၏အစ်မကြီးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လီဟူသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသံများပင် အလိုအလျောက် တုန်ခိုက်သွားတော့သည်။

အစ်မကြီးဖြစ်သူက မျက်နှာထားတင်းမာစွာဖြင့် သူ၏အနီးသို့ ဒေါသတကြီး လျှောက်လာသည်ကို မြင်သောအခါ လီဟူသည် အလိုအလျောက် နောက်သို့ဆုတ်လိုက်မိသော်လည်း သတိမထားမိဘဲ ခြေခလုတ်တိုက်ကာ လဲကျသွားလေသည်။

လီလုံက သူ၏အစ်မကြီး လီရှန်းဟွာကို အမြန်တားဆီးလိုက်သည်။

“အစ်မကြီး... ဟူဇီကလည်း ကျွန်တော်တို့မိသားစုအတွက် စဉ်းစားပေးနေတာပါ... အခု ကျွန်တော်တို့တွေလည်း အခြေအနေမကောင်းပါဘူး... ဆေးရုံကလည်း အကြွေးတွေကို အတင်းတောင်းနေတာ..."

ဘာမှမပြောဘဲ နေလိုက်လျှင် ပိုကောင်းမည်ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် လီရှန်းဟွာသည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။

သူမက အေးစက်သောမျက်နှာဖြင့် ဒေါသတကြီး ပြောလိုက်သည်။

“အကြွေးတွေ ဘယ်လောက်ပဲ တောင်းနေပါစေ... နင်တို့က ငါ့ကို ရောင်းစားပစ်လို့ ရမလား... ငါက နင်တို့ရဲ့ အစ်မအရင်းကြီးပါ..."

လီရှန်းဟွာသည် ဒေါသထွက်နေသလို ဝမ်းနည်းနေသဖြင့် သူမ၏ မျက်လုံးများမှာ နီရဲနေတော့သည်။

သူမ၏မိခင်မှာ ကျားသစ်ကိုက်ခံရ၍ ခြေထောက်များ ပြတ်သွားခဲ့ပြီး လွန်ခဲ့သောရက်အနည်းငယ်ကတည်းက သူမကသာ ပြုစုစောင့်ရှောက်နေရသဖြင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့ရသော်လည်း မိခင်ဖြစ်သူ၏ အထင်သေးကဲ့ရဲ့ခြင်းနှင့် ကျိန်ဆဲခြင်းကို ခံနေရဆဲဖြစ်ပေသည်။

ယခုအခါ သူမ၏ မောင်နှစ်ယောက်က သူမကို မူးအောင်တိုက်ပြီး လီလန်၏ အိပ်ရာထဲသို့ ပို့ဆောင်ကာ ရှောင်လွှဲ၍မရသော အခြေအနေတစ်ရပ် ဖန်တီးရန် တိတ်တဆိတ် ကြံစည်နေကြပြန်သည်။

ဤမိသားစုက လီရှန်းဟွာအား လူသားတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်း ရှိမရှိ သူမ မသိတော့ပေ။

သူမ လီရှန်းဟွာသည် လူသားတစ်ယောက်သာဖြစ်ပြီး ခိုင်းစေခံရမည့် အစေခံတစ်ယောက် မဟုတ်သလို နွားတစ်ကောင် မြင်းတစ်ကောင်လည်း မဟုတ်ပေ။ ထို့အပြင် ပေးကမ်းရောင်းချရမည့် ကုန်ပစ္စည်းတစ်ခုလည်း လုံးဝမဟုတ်ပေ။

"အစ်မကြီး... လီလန်က စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်လို့ အစ်မကြီး ဒေါသထွက်ပြီး ဝမ်းနည်းနေတယ်ဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော်က အစ်မကြီးကို ပိုပြီး ပျော်ရွှင်စေချင်ရုံ သက်သက်ပါ..."

လီဟူက မြေပြင်ပေါ်မှ ထလာပြီး ရိုးအသော အပြုံးဖြင့် ခေါင်းကို ကုတ်ကာ

ပြောလိုက်သည်။

လီလုံကလည်း အခွင့်အရေးကို အရယူကာ ဝင်ပြောလိုက်သည်။

"တကယ်တော့ ဟူဇီရဲ့ စိတ်ကူးက မဆိုးဘူးလို့ ကျွန်တော် ထင်တယ်..."

"အစ်မကြီး စဉ်းစားကြည့်လေ... အစ်မကြီးက လှပပြီး ကိုယ်လုံးကိုယ်ပေါက်လည်း ကောင်းတယ်... အစ်မကြီးကို လက်ထပ်ချင်ကြတဲ့ ရွာထဲက လူပျိုတွေဆိုတာ ကျွန်တော်တို့ အိမ်တံခါးဝတောင် ပွန်းပဲ့မတတ်ပါပဲ..."

"အစ်မကြီးက ကျွန်တော်တို့ ရွှမ်းရွှေရွာရဲ့ ရွာသူအလှပဂေးလေ... လီလန်အတွက်ဆိုရင် အစ်မကြီးက အများကြီးကို လုံလောက်နေပါပြီ... တကယ်တော့ အဲ့ကောင်လေးက ကံကောင်းသွားတာပါ..."

လီလုံမှာ စကားပို၍ တတ်သဖြင့် လီရှန်းဟွာအတွက် ကောင်းမွန်သော စကားများကိုသာ ရွေးချယ်ပြောဆိုလေသည်။

သူက စကားပြောနေရင်း သူ၏ညီငယ် လီဟူကိုလည်း မျက်ရိပ်ပြလိုက်၏။

အရေးအကြီးဆုံးအချက်မှာ အစ်မကြီး လီရှန်းဟွာကို စိတ်ပြေအောင် ဖျောင်းဖျရန်ပင် ဖြစ်သည်။

ထိုစကားများကို ကြားရသောအခါ လီရှန်းဟွာ၏ မျက်နှာအမူအရာမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မိမိအား လှပပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းသည်ဟု ပြောသည်ကို မည်သည့်မိန်းမက မနှစ်သက်ဘဲ နေမည်နည်း။

"ဒါပေမဲ့ နင်တို့က ငါ့ကို မူးအောင်တိုက်ပြီး လီလန်ဆီကို ပို့လို့တော့ မဖြစ်ဘူးလေ... အပြင်လူတွေ သိသွားရင် ဘယ်လောက်တောင် အရှက်ကွဲစရာ ကောင်းလိုက်မလဲ..."

"အဲဒီလောက်ကြီးတော့ ငါ အရှက်အကွဲ မခံနိုင်ဘူး..."

လီရှန်းဟွာ စကားပြောနေရင်း သူမ၏ အသံများမှာ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။

လီလုံနှင့် လီဟူတို့သည် အစ်မကြီးဖြစ်သူ၏ အသံနေအသံထားကို ကြားလိုက်ရသောအခါ အခွင့်အရေးရှိနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ဖြစ်နိုင်ခြေရှိနေလေပြီ။

"အစ်မကြီး... ကျွန်တော်တို့မိသားစုရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်ကောင်းလေးတွေအတွက် အစ်မကြီး နည်းနည်းလောက်တော့ အနစ်နာခံပေးပါ..."

လီလုံက အခွင့်အရေးကို အရယူကာ ဖျောင်းဖျလိုက်သည်။

"ဟုတ်တယ် အစ်မကြီး... အခု လီလန်ရဲ့ မိသားစု အခြေအနေက ဘယ်လိုရှိလဲဆိုတာ အစ်မကြီးလည်း အသိပဲလေ... လီလန်က အခုဆိုရင် မီးနဂါးမုဆိုးအဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်နေပြီ... သူ့ရှေ့ရေးကလည်း အလွန်တောက်ပနေတာ... အစ်မကြီးသာ သူ့ကို လက်ထပ်လိုက်ရင် မြို့သူတွေလို ရွှေတွေငွေတွေ ဝတ်ဆင်ပြီး သူဌေးကတော်ကြီးဖြစ်ကာ ကောင်းကောင်းစားပြီး ဇိမ်ကျကျနေရမှာ သေချာတယ်..."

လီဟူကလည်း အလျင်အမြန်ပင် တိုက်တွန်းလိုက်လေသည်။

လီရှန်းဟွာသည် ခေါင်းငုံ့၍ တိတ်ဆိတ်နေပြီး အဝတ်စကို လိမ်ချိုးကာ နှုတ်ခမ်းကို ကိုက်ထားမိသည်။

တကယ်တော့ သူမ၏ မောင်ငယ် ဟူဇီက ယနေ့ လီလန် နှင်းကျားသစ်တစ်ကောင် ထပ်မံဖမ်းမိခဲ့ကြောင်း ပြောလိုက်စဉ်ကတည်းက လီရှန်းဟွာသည် ဤစိတ်ကူးကို စတင်စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

လီလန်သည် ယခုအခါ သူတို့၏ ရွှမ်းရွှေရွာတွင် အလွန်ရေပန်းစားနေသူတစ်ဦး ဖြစ်နေပေပြီ။

ထိုအကြောင်းကို မပြောနှင့်ဦး ပညာတတ်လူငယ်ရုံးမှ ပညာတတ်လူငယ်မလေးများပင်လျှင် သူ့ကို သဘောကျကာ လက်ထပ်ချင်နေကြသည်။

လွန်ခဲ့သောရက်အနည်းငယ်က အိမ်နီးချင်း ချောင်တျန်းကျီရွာမှ ပညာတတ်လူငယ်မလေးများပင် သူတို့ရွာသို့ သီးသန့်လာရောက်ခဲ့ကြသေးသည်။ သူတို့ရွာသို့ လာရောက်ခြင်းမှာ ဘာအတွက်နည်း။ လီလန်၏ အကြောင်းကို စုံစမ်းရန်ပင် ဖြစ်သည်။

ကြည့်စမ်း..အိမ်နီးချင်းရွာမှ ပညာတတ်လူငယ်မလေးများပင်လျှင် လီလန်၏ နာမည်ကြီးမှုကို သိရှိကြပြီး သူ၏ ဇနီးဖြစ်ချင်နေကြသည်။

လီရှန်းဟွာသည် မနာလိုဖြစ်သလို စိတ်ဆိုးဒေါသထွက်မိသော်လည်း စိတ်ကောက်နေခြင်းနှင့် သက်ပြင်းချနေခြင်းမှာ အချည်းနှီးသာ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အိမ်နီးချင်းရွာနှင့် မိမိတို့ရွာမှ ထိုပညာတတ်လူငယ်မလေးများက သူမကို အန္တရာယ်တစ်ခုရှိနေသကဲ့သို့ ခံစားလာရစေသည်။

လီလန်သည် အိမ်ထောင်မကျသေးဘဲ လူပျိုလူလွတ်ဖြစ်နေဆဲဖြစ်ကာ မည်သူနှင့်မျှ တွဲနေသည်ဟုလည်း သူမ မကြားရသေးပေ။ သူသည် ပညာတတ်လူငယ်ရုံးမှ လုအန်းနာနှင့် အနည်းငယ် သံယောဇဉ်ရှိနေပုံရသော်လည်း တိကျသေချာသော အခြေအနေတော့ မရှိသေးချေ။

လီလန် ဇနီးမရသေးသရွေ့ သူမ လီရှန်းဟွာအတွက် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။

လီရှန်းဟွာသည် သူမ၏ မိခင်ကို မပြုစုချင်တော့သလို မိခင်၏ အညစ်အကြေးများကို ရှင်းလင်းပေးရင်း ကျိန်ဆဲခံရခြင်းမျိုးကိုလည်း ဆက်လက်၍ သည်းမခံချင်တော့ပေ။

သူမသည် နေ့စဉ်နေ့တိုင်း ပြောင်းဖူးမုန့်ပေါင်းများစားခြင်း၊ တောရိုင်းဟင်းရွက်များ စားခြင်းနှင့် သစ်ခေါက်များကို ကိုက်စားနေရခြင်းတို့ကိုလည်း မလိုလားတော့ပေ။ ထိုအရာများမှာ အလွန်ခါးသက်ပြီး လည်ချောင်းကို ကသိကအောက် ဖြစ်စေလှသည်။

လီရှန်းဟွာသည် အသားများကို စားချင်သည်။ လှပသော အဝတ်အစားများကို ဝတ်ဆင်ချင်ပြီး ခေတ်မီလှပသော သားရေဖိနပ်များကိုလည်း ဝယ်ယူချင်ပေသည်။

သို့သော် ဤအရာများအားလုံးအတွက် ငွေနှင့် ဝယ်ယူခွင့်လက်မှတ်များ လိုအပ်ပြီး သူမ၏ မိသားစုမှာမူ အကြွေးများ နစ်မွန်းနေရာ သူမတွင် ငွေလည်းမရှိသလို လက်မှတ်များလည်း မရှိပေ။

ငွေနှင့် လက်မှတ်များ မရှိပါက ဘာလုပ်ရမည်နည်း။

ရိုးရှင်းပေသည်။

ငွေနှင့် လက်မှတ်များ ရှိသောသူကို ရှာဖွေရမည်သာဖြစ်သည်။

လက်ရှိတွင် ရွှမ်းရွှေရွာ၌ တိုးတက်အောင်မြင်နေပြီး အလားအလာရှိကာ ငွေနှင့် လက်မှတ်များရှိနေသူမှာ မည်သူနည်း။

၎င်းမှာ လီလန်ပင်ဖြစ်သည်။

ထို့ကြောင့် လီလန်က သူမကို မနှစ်သက်မှန်း လီရှန်းဟွာ သိနေသော်လည်း သူမသည် သူတို့၏ ဆက်ဆံရေးကို ပြုပြင်ကာ ပြန်လည်သင့်မြတ်ချင်နေဆဲဖြစ်သည်။

ထိုသို့မဟုတ်ပါက ငွေနှင့်အာဏာရှိသော လီလန်ကဲ့သို့ အမျိုးသားတစ်ဦးကို သူမ လက်လွတ်လိုက်ရလျှင် ဘဝတစ်သက်တာလုံး နောင်တရနေရမည်သာဖြစ်၏။

"အစ်မကြီး... တစ်ခုခု ပြောပါဦး... လုပ်မှာလား မလုပ်ဘူးလား..."

လီဟူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"အစ်မကြီး... ဒီအကြံသာ အောင်မြင်သွားရင် လီလန်က ကျွန်တော်တို့ လီမိသားစုရဲ့ သားမက်ဖြစ်လာမှာ... အစ်မကြီးရဲ့ ယောက်ျားဖြစ်လာမှာ... သူရဲ့ အမဲလိုက်စွမ်းရည်ကို အစ်မကြီးလည်း သိသားပဲ... ပေါင်ခြောက်ရာလောက်ရှိတဲ့ သင်းကွဲတောဝက်ကြီးကတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ... ပြီးတော့ အမွှေးဖြူဝံပုလွေဘုရင်နဲ့ လူသားစားကျားသစ်တို့ဆိုတာလည်း သူ့လက်ချက်နဲ့ သေခဲ့ရတာပဲ... ဒီလောက်တော်တဲ့ မုဆိုးကို ကျွန်တော်တို့ရွာက အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတိုင်းက လက်ထပ်ချင်နေကြတာ..."

လီလုံက အားသာချက်များကို ရှင်းပြလိုက်သည်။

"အစ်မကြီး... ဤးဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်ထပ် တစ်ကြိမ် ထပ်မရနိုင်တော့ဘူးနော်..."

"ကျွန်တော်တို့ မိသားစုက နေ့တိုင်း မုန့်ပေါင်းနဲ့ ချဉ်ဖတ်တွေစားပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ ဘဝမျိုးကို အစ်မကြီးလည်း မလိုလားဘူး မဟုတ်လား..."

"အစ်မကြီးနဲ့ လီလန်သာ အတူရှိသွားပြီး ငြင်းမရတဲ့ အခြေအနေတစ်ရပ် ဖြစ်သွားတာနဲ့ ကျွန်တော်တို့ မိသားစုလည်း နေ့တိုင်း အသားစားရတော့မှာ..."

လီလုံ၏ စကားများက လီရှန်းဟွာ၏ စိတ်ကို ယားယံလာစေခဲ့သည်။

အငတ်ဘေးကြုံခဲ့ရသော နှစ်ကာလများကို တွေးတောမိပြီး လီလန်ကို လက်ထပ်လိုက်ပါက အသားများ စားရကာ ဇိမ်ကျကျ နေထိုင်ရမည်ဟူသော အတွေးများကြောင့် လီရှန်းဟွာသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။

"အစ်မကြီး... သဘောတူလိုက်ပြီလား..."

လီဟူက အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။

"အစ်မကြီးက တကယ့်ကို ပါးနပ်တာပဲ... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျွန်တော်နဲ့ ဟူဇီက အပြင်ဘက်ကနေ စောင့်ပေးထားမှာမို့ အစ်မကြီး ဘာအနစ်နာမှ မခံရစေရပါဘူး..."

လီလုံကလည်း ပြုံး၍ ပြောလိုက်သည်။

မောင်နှမသုံးယောက်သည် အသေးစိတ်အချက်အလက်များကို ဆွေးနွေးတိုင်ပင်ရင်း အချိန်အတော်ကြာ စကားစမြည် ပြောဆိုနေကြလေသည်။

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

"မာလင်းကျီ... တံခါးဖွင့်စမ်း..."

ထိုသူ၏ အသံကို ကြားလိုက်ရသောအခါ လီဟူသည် ဦးစွာ ကြောင်အမ်းသွားပြီး...

"အသံက နည်းနည်းရင်းနှီးနေသလိုပဲ..."

"လီလန်ရဲ့အသံနဲ့ တူတယ်..."

လီဟူသည် လီလန်နှင့် အကြိမ်အတော်များများ ဆက်ဆံဖူးသဖြင့် သူ၏အသံကို အလွန်ရင်းနှီးနေပေသည်။

"ငါ သွားကြည့်လိုက်ဦးမယ်..."

လီလုံသည် ခေါင်မိုးစွန်းမှ ဆင်းကာ ခြံဝင်းအတွင်းရှိ လှေကားထစ်များအတိုင်း လျှောက်သွားလိုက်ပြီး မကြာမီမှာပင် ပင်မတံခါးဆီသို့ ရောက်ရှိသွားကာ တံခါးကြားမှ ချောင်းကြည့်လိုက်လေသည်။

မာလင်းကျီ၏ အိမ်တံခါးဝတွင် လီလန်က ဦးဆောင်ပြီး လီတာ့ဟိုင်၊ ကျန်းဝေ့ကော်နှင့် အခြားလူများ လိုက်ပါလာသည့် အဖွဲ့တစ်ဖွဲ့ ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

လီလန်သည်လည်း ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်ကို ကိုင်ဆောင်ထားလေသည်။

"အစ်မကြီး... ဟူဇီ... မြန်မြန်လာကြည့်ကြစမ်း..."

"လီလန် ဖြစ်နေတယ်..."

လီလုံက သူ၏အစ်မကြီး လီရှန်းဟွာနှင့် လီဟူတို့ကို အလျင်အမြန် လက်ယပ်ခေါ်လိုက်သည်။

လီရှန်းဟွာနှင့် လီဟူတို့သည် အလျင်အမြန် ပြေးလာကြပြီး လီလန်ဖြစ်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။

"ထူးဆန်းတယ်... အဲ့ကောင်လေးလီလန်က ဒီမှာဘာလာလုပ်တာလဲ... ဘာလို့ လူတွေ အများကြီး ခေါ်လာတာလဲ..."

လီဟူက ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကြည့်နေမိသည်။

"သူက မာလင်းကျီကို လာရှာတာ မဟုတ်လား... ငါ မှတ်မိသလောက်တော့... မာလင်းကျီက လီလန်ရဲ့ ဦးလေးဝမ်းကွဲလို့ ထင်တယ်..."

လီရှန်းဟွာက မျက်မှောင်ကြုတ်ကာ ပြန်လည်စဉ်းစားရင်း ပြောလိုက်သည်။

"နေပါဦး... အစ်မကြီး... ခုနက ဘာပြောလိုက်တာလဲ..."

"မာလင်းကျီ ပြန်ရောက်နေပြီလား..."

All Chapters