← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း (၃၅၉) ချည်မျှင်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူးလီ

ကံကောင်းထောက်မစွာဖြင့် တောကြောင်ရိုင်း အထီးနှင့် အမတို့မှာ အလွန်ဉာဏ်ကောင်းကြသည်။ ဤနေရာသည် လူတို့၏ နယ်မြေဖြစ်ကြောင်း သိရှိကြသဖြင့် ရှောင်ဖုန်း လျှောက်လာသည်ကို မြင်လိုက်သည်နှင့် သူတို့သည် ခေါင်းကိုသာ မော့လိုက်ပြီး ရှောင်ဖုန်းကို အာရုံမစိုက်သည့် မျက်ဝန်းများဖြင့် တစ်ချက်ကြည့်ကာ ပျင်းရိစွာဖြင့် ပြန်လှဲအိပ်လိုက်သည်။

သူတို့၏ အမူအရာမှာ ရေခဲတုံးကဲ့သို့ အေးစက်နေပြီး ဤလူသားမိန်းမနှင့် အချိန်ကုန်ခံ၍ မပတ်သက်လိုကြောင်း သိသာလှသည်။

ရှောင်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်မှသာ သူမသည် သတ္တိကို မွေးကာ ဒဏ်ရာရနေသော ဟေးလုံနှင့် ပိုင်လုံတို့အား ကုသပေးရန် ခွေးအိမ်ထဲသို့ ဝင်သွားလိုက်သည်။

"အိုး... မင်းတို့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရလာရတာလဲ..."

ခွေးအိမ်ထဲသို့ ဝင်ဝင်ချင်း ကောက်ရိုးပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရ ဟေးလုံနှင့် ပိုင်လုံကို မြင်လိုက်ရသည့်အခါ ရှောင်ဖုန်းမှာ ရင်ထဲတွင် မခံမရပ်နိုင်အောင် ခံစားလိုက်ရသည်။

ဤတစ်ခါ တောင်ပေါ်သို့ တက်သည့် ခရီးစဉ်တွင် ဟေးလုံနှင့် ပိုင်လုံတို့မှာ နှင်းကျားသစ်ကို တိုက်ခိုက်ရာတွင် အဓိက အင်အားစုများ ဖြစ်ကြပြီး တောကြောင်ရိုင်း အထီးနှင့် အမတို့က ဝိုင်းဝန်း ကူညီပေးခဲ့ခြင်းဖြစ်သည်။

အဓိက အင်အားစုများ ဖြစ်ကြသည်နှင့်အညီ နှင်းကျားသစ်၏ ဒဏ်ချက်များကို အဦးဆုံး ခံရပြီး နှင်းကျားသစ်၏ မျက်စိစပါးမွေးစူးစရာ ဖြစ်ခဲ့ကြသဖြင့် အပြင်းထန်ဆုံး ဒဏ်ရာများကို ရရှိခဲ့ကြသည်။

ဤအမဲလိုက်ခွေးနှစ်ကောင် ဟေးလုံနှင့် ပိုင်လုံတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ယခုအချိန်၌ အကြီးအသေး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ကံကောင်းသည်မှာ ဤဒဏ်ရာများမှာ အရေပြားပေါ်ရှိ ဒဏ်ရာများသာဖြစ်ပြီး အရိုး သို့မဟုတ် အကြောကို ထိခိုက်လောက်အောင် ပြင်းထန်ခြင်းမရှိပေ။

ရှောင်ဖုန်းသည် ဟေးလုံကို အရင်စစ်ဆေးပြီးမှ ပိုင်လုံကို စစ်ဆေးကာမှ သက်ပြင်းချနိုင်တော့သည်။

"ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... အရမ်းကြီး ပြင်းထန်တာ မဟုတ်ပါဘူး ပိုးသတ်ပြီး ဆေးလိမ်းပေးလိုက်ရင် ရပြီ..."

ရှောင်ဖုန်းက ပြောလိုက်သည်။ ရှောင်ဖုန်းသည် လုံကျန်းဟူထံမှ မကြာသေးမီကပင် အနည်းငယ် သင်ယူထားခြင်းဖြစ်သည်။

တိရစ္ဆာန်ကုဆရာဝန်တို့အနေဖြင့် ဝက်၊ နွား၊ မြင်း၊ သိုးတို့ကို ကုသရာတွင် အလွယ်ဆုံးမှာ ပြင်ပဒဏ်ရာများ ဖြစ်သည်။

ပြင်ပဒဏ်ရာများမှာ ကုသရန် လွယ်ကူသည်။

အတွင်းဒဏ်ရာများမှာမူ ခက်ခဲပြီး စူးရှသော အကြည့်နှင့် ကြွယ်ဝသော ဆေးကုသမှု အတွေ့အကြုံများ လိုအပ်သည်။

ရှောင်ဖုန်းမှာ အတွင်းဒဏ်ရာများကို ကုသပေးနိုင်ရန် အချိန်လိုသေးသဖြင့် လုံကျန်းဟူနောက်လိုက်၍ ပြင်ပဒဏ်ရာ ကုသနည်းကိုသာ သင်ယူနိုင်သေးသည်။

ရှောင်ဖုန်းသည် ခွေးအိမ်ထဲမှ ထွက်လာကာ ရေနွေးနွေးကို ခပ်ယူ၍ ဟေးလုံနှင့် ပိုင်လုံတို့၏ ဒဏ်ရာများကို စတင် သန့်စင်ပေးလိုက်သည်။

ဟေးလုံနှင့် ပိုင်လုံတို့သည် ရှောင်ဖုန်း၏ အနံ့ကို ခံစားရပြီး ရှောင်ဖုန်းက သူတို့ဒဏ်ရာကို ကုသပေးနေမှန်း သိရှိသဖြင့် အလွန်ပင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြသည်။

ရှောင်ဖုန်းက ဟေးလုံနှင့် ပိုင်လုံတို့ကို ကုသပေးနေစဉ် လီလန်၏ အိမ်အပြင်ဘက်သို့ လူနှစ်ယောက် ထပ်မံရောက်ရှိလာသည်။

"တူကြီးရေ... အိမ်မှာ ရှိလား..."

အပြင်ဘက်မှ လူတစ်ယောက်က ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။

အသံမှာ အလွန်ပင် ရင်းနှီးနေသည်။ လီလန်သည် တစ်ချက်ကြားရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်သည်။

ကြယ်နီသံမဏိစက်ရုံမှ ဝယ်ယူရေးဌာန တာဝန်ခံ ကျန်းဝေမင်ပင်ဖြစ်သည်။

ဤကျန်းဝေမင်မှာ အဘိုးကျန်းတာ့ပေါင်၏ တူဖြစ်ပြီး ကျန်းဝေ့ကော်၏ ဦးလေးလည်း ဖြစ်သည်။

"ဦးလေးဝေမင်... ဘာလို့ ရောက်လာတာလဲ..."

လီလန်သည် တံခါးဖွင့်ရန် အမြန်သွားလိုက်သည်။ တံခါးဖွင့်ဖွင့်ချင်းမှာပင် ကျန်းဝေမင်၏ ပြုံးရွှင်နေသော မျက်နှာကို တွေ့လိုက်ရသည်။

"နောက်ဆုံးတစ်ခေါက် လာခဲ့တာ တစ်လကျော်သွားပြီလေ၊ ဒါကြောင့် မင်းတို့ဆီ လာကြည့်တာ..."

ကျန်းဝေမင်သည် လက်ထဲတွင် ကိုင်ထားသော ပစ္စည်းများကို ဝှေ့ယမ်းရင်း ရယ်မောကာ ပြောလိုက်သည်။

၎င်းမှာ ဂျုံမှုန့်တစ်အိတ်နှင့် ကြက်ဥများ ထည့်ထားသော ဂုန်နီအိတ်တစ်ခု ဖြစ်သည်။

"အော်... ဦးလေးဝေမင်ရယ်... လာတာကို ဝမ်းသာပါတယ် ဘာလို့ ပစ္စည်းတွေ ယူလာရတာလဲ အားနာစရာကြီး..."

"ဦးလေးဝေမင်... အထဲဝင်ပါ..."

လီလန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

ကျန်းဝေမင်သည် အိမ်တံခါးဝတွင် ရပ်လျက် ဘေးသို့သာ ဖယ်ပေးလိုက်သည်။

"ချည်မျှင်နဲ့ အထည်စက်ရုံက ဒုတိယစက်ရုံမှူးလီ... အရင်ဆုံးကြွပါ..."

ထိုမှသာ လီလန်သည် ကျန်းဝေမင်၏ နောက်တွင် မျက်နှာပုလုပုလုနှင့် အလယ်အလတ်အရွယ် လူတစ်ယောက် ပါလာသည်ကို သတိထားမိသည်။ သူသည် အနက်ရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားကာ သားရေဖိနပ် စီးထားသဖြင့် အာဏာရှိသူတစ်ယောက်ကဲ့သို့ ဟန်ပန်မျိုး ရှိနေသည်။ သူသည် ရာထူးကြီးသည့် အရာရှိတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

"ဦးလေးဝေမင်... ဒီလူက..."

လီလန်က ကျန်းဝေမင်ကို အမြန် မေးကြည့်လိုက်သည်။

ကျန်းဝေမင်က ရှင်းပြလိုက်သည်။

"လီလန်... မင်းကို မိတ်ဆက်ပေးရမယ် သူက မြို့က ချည်မျှင်နဲ့ အထည်စက်ရုံက ဒုတိယစက်ရုံမှူးလီပဲ..."

အမယ်လေး... ချည်မျှင်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူးလီ ဟုတ်လား။

ဤရာထူးမှာ မသေးလှပေ။

လီလန်မှာ အလွန်အံ့အားသင့်သွားသည်။ ချည်မျှင်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူးတစ်ယောက်က မြို့ပေါ်မှ ရွှမ်းရွှေရွာအထိ သူနှင့် လာတွေ့ရအောင် အဘယ်အကြောင်းကြောင့်ပါလိမ့်။

လီလန်သည် လက်ကို အမြန်ဆန့်လိုက်ပြီး

"မင်္ဂလာပါ စက်ရုံမှူးလီ... ကြွလာတာ ဝမ်းသာပါတယ်... စက်ရုံမှူးလီ ကြွရောက်လာတဲ့အတွက် ကျွန်တော့်အိမ်လေးမှာ ဂုဏ်တက်သွားသလိုပဲ..."

ဒုတိယစက်ရုံမှူးလီသည် ထိုစကားကို ကြားရသောအခါ အလွန်ပင် အံ့အားသင့်သွားသည်။ သူ၏ မျက်ဝန်းတွင် အပြုံးတစ်ခုနှင့် လီလန်ကို ကြည့်ရာတွင် နှစ်သက်သဘောကျသည့် အကြည့်များဖြင့် ပြည့်နှက်နေ၏။

"ဂုဏ်တက်သွားသလိုပဲ... တကယ့်ကို စကားလုံး လှလှလေးပဲ…အဖွဲ့ခေါင်းဆောင် လီက ဒီလောက်တောင် စာပေတတ်ကျွမ်းသူမှန်း မသိခဲ့ဘူး.. မင်းရဲ့ စာပေပါရမီက ရွှမ်းရွှေရွာက ပညာတတ်လူငယ်တွေနဲ့တောင် မနိမ့်ကျဘူးပဲ..."

ဒုတိယစက်ရုံမှူးလီမှာ သိသိသာသာပင် ဝမ်းမြောက်နေသည်။

ဤလူငယ်လေးမှာ လူမှုဆက်ဆံရေးကို နားလည်ပြီး "ဒုတိယ" ဆိုသည့် စကားလုံးကိုတောင် ချန်လှပ်ရမှန်း သိသေးသည်။ မဆိုးဘူး... တကယ့်ကို မဆိုးဘူး။

"စက်ရုံမှူးလီ... ချီးကျူးလွန်းပါပြီ... အထဲဝင်ပါ... အထဲဝင်ပါ..."

လီလန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

ဒုတိယစက်ရုံမှူးလီသည် ကျယ်လောင်စွာ ပြုံးလိုက်ပြီးနောက် ကျန်းဝေမင်ကို လှည့်ကြည့်ကာ "တာဝန်ခံကျန်း... မင်းရဲ့ တူလေးက မင်းထက်တောင် ပိုတော်သေးတယ်..." ဟု ပြောလိုက်သည်။

ဒုတိယစက်ရုံမှူးလီ၏ စကားတွင် အဓိပ္ပာယ်သက်ရောက်မှု ရှိနေသော်လည်း ကျန်းဝေမင်မှာ ပြုံးသာပြုံးနေပြီး ဘာမှပြန်မပြောပေ။

သို့သော် သူ၏ စိတ်ထဲတွင် "တကယ့်ကို ရယ်စရာကောင်းလိုက်တာ သူက က

ငါ့ထက် မတော်ဘဲနေမလား.. ငါက ဒီနေ့ ဝယ်ယူရေးဌာနတာဝန်ခံ ဖြစ်လာတာတောင် ဒီတူလေးကြောင့်လေ” ဟု တွေးနေမိသည်။

ဒုတိယစက်ရုံမှူးလီက ရှေ့မှသွားပြီး ကျန်းဝေမင်နှင့် လီလန်တို့က နောက်မှ လိုက်သွားကြသည်။

သူတို့သုံးယောက်မှာ အိမ်ဝိုင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

"ဝေမင်... ဘာလို့ ပြန်ရောက်လာတာလဲ..."

အဘိုးကျန်းက ကျန်းဝေမင်ကို မြင်သည်နှင့် လှမ်းမေးလိုက်သည်။

"ဦးလေး... ဘာလို့ ဦးလေးလည်း ဒီရောက်နေတာလဲ..."

ကျန်းဝေမင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

"ဦးလေးဝေမင်... ကျွန်တော်လည်း ဒီမှာ ရှိတယ်..."

နှင်းကျားသစ်၏ အရေခွံကို ခွာနေသော ကျန်းဝေ့ကော်သည် သူ၏ ဦးလေးဖြစ်မှန်း သိလိုက်သည်နှင့် လုပ်လက်စကို အမြန်ချကာ ထရပ်လိုက်သည်။

ကျန်းဝေမင်သည် ကျန်းဝေ့ကော် လက်ထဲတွင် ကိုင်ထားသော သွေးစွန်းနေသည့် ချွန်ထက်သော ဓားကို မြင်လိုက်ရသည်။

"ဝေ့ကော်... မင်း ဘာလုပ်နေတာလဲ..."

သူ၏ အကြည့်မှာ တစ်ဖက်သို့ ရောက်သွားပြီး ကျန်းဝေ့ကော်၏ အောက်တွင် လဲလျောင်းနေသော ဧရာမ နှင်းကျားသစ်ကို မြင်လိုက်ရသဖြင့် မျက်နှာမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဒါ... ဒါက..."

ဒုတိယစက်ရုံမှူးလီမှာလည်း အမည်းစက်များပါသည့် ဤကျားသစ်ကို မြင်လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားသည်။

"တာဝန်ခံကျန်း... ဒါက..."

ဒုတိယစက်ရုံမှူးလီက အံ့အားသင့်စွာ ပြောလိုက်သည်။

"ဒါက နှင်းကျားသစ်ပါ..."

ကျန်းဝေ့ကော်က ရှေ့ဦးစွာ ရှင်းပြလိုက်သည်။

"နှင်းကျားသစ် ဟုတ်လား..."

ဒုတိယစက်ရုံမှူးလီမှာ တုန်လှုပ်သွားပုံရသည်။

"ဒီနေ့ တောင်ပေါ်မှာ အမဲလိုက်ရင်း ရလာတာလား..."

ဒုတိယစက်ရုံမှူးလီက လီလန်ဘက်သို့ လှည့်ကြည့်ကာ နောက်တစ်ကြိမ် မေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာမှာ လီလန်၏ အိမ်ဖြစ်ပြီး နှင်းကျားသစ်မှာ လီလန်၏ အိမ်ဝိုင်းထဲတွင် လဲလျောင်းနေသည်ဖြစ်ရာ မည်သူ အမဲလိုက်ခဲ့သနည်းဆိုသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလော။

"ဒီနေ့ အမဲလိုက်ရင်းရလာတာပါ..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို အံ့သြဖို့ကောင်းလိုက်တာ…ငယ်ရွယ်သူတွေထကမှ သူရဲကောင်း ထွက်လာတာပဲ ဒီလောက် ရက်စက်တဲ့ နှင်းကျားသစ်ကိုတောင် အမဲလိုက်နိုင်တယ်”

ဒုတိယစက်ရုံမှူးလီမှာ လီလန်အား လက်မထောင်ပြမြဲပင်ဖြစ်ပြီး သူ၏ လေးစားမှုမှာ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

"ဒုတိယစက်ရုံမှူးလီ... ကျွန်တော် ပြောခဲ့တယ် မဟုတ်လား… ကျွန်တော့်တူကြီးက အမဲလိုက်တာ တကယ့်ကို တော်တာလို့ ဒီနေ့ ကျွန်တော့်နဲ့အတူ လိုက်လာရင် သားကောင်ရမှာ သေချာတယ်လို့ ပြောခဲ့တယ်လေ..."

ကျန်းဝေမင်က ပြုံးရွှင်စွာဖြင့် ဘေးမှ ပြောလိုက်သည်။

လီလန်ကို ချီးကျူးခံရခြင်းမှာ သူ့အတွက်လည်း မျက်နှာပန်းလှစေသည်။

မည်သို့ပင်ဆိုစေကာမူ သူဖိတ်ခေါ်လာသော ဤဒုတိယစက်ရုံမှူးလီမှာ မြို့ပေါ်မှ ချည်မျှင်နှင့် အထည်စက်ရုံ၏ ဒုတိယအကြီးအကဲ၊ ရာထူးကြီးမားသည့် အရာရှိတစ်ယောက် မဟုတ်ပါလော။

လီလန်မှာမူ အနည်းငယ် ခေါင်းရှုပ်နေသည်။ သူသည် ကျန်းဝေမင်က ဒုတိယစက်ရုံမှူးလီကို အဘယ်ကြောင့် သူ့ဆီသို့ အထူးတလည် ခေါ်လာရသနည်းဆိုသည်ကို မသိရှိသေးပေ။

သို့သော် ဒုတိယစက်ရုံမှူးလီက နှင်းကျားသစ်ကို ကြည့်ကာ ခေါင်းညိတ်ပြုံးရယ်နေသည်ကို မြင်လိုက်ရသည့်အခါ သူသည် အဖြေကို ရိပ်မိလိုက်သည်။

သူတို့သည် သူ့ဆီမှ သားကောင်များကို ဝယ်ယူရန် ရောက်လာကြခြင်း ဖြစ်သလား။

"ဝေမင်... သူက..."

ကျန်းတာ့ပေါင်သည် အနက်ရောင် ကျုံးရှန်းဝတ်စုံနှင့် အရာရှိဟန်ရှိသော မျက်နှာပုလုပုလု လူလတ်ပိုင်းကို မြင်လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဦးလေး... သူက မြို့ပေါ်က ချည်မျှင်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူးလီပါ သူက လီလန်ကို လာရှာဖို့ ကျွန်တော်နဲ့အတူ ရွာကို အထူးတလည် လိုက်လာတာ..."

"အော်... ဒုတိယစက်ရုံမှူး တစ်ယောက်လား…တော်တော် ရာထူးကြီးတဲ့ အရာရှိပဲ"

ကျောက်ထျဲ့ကျွင်းက အံ့အားသင့်စွာ ပြောလိုက်သည်။

ကျန်းတာ့ပေါင်မှာမူ သူ၏ ပုံမှန်အတိုင်းပင် နေထိုင်ပြီး အလွန်အမင်း အံ့အားသင့်ခြင်းမရှိပေ။ ချည်မျှင်နှင့် အထည်စက်ရုံမှ ဒုတိယစက်ရုံမှူးတစ်ယောက်မှာ သူ၏ မျက်စိတွင် ဘာမှမဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က ဗိုလ်ချုပ်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး မြို့တော်တွင် အရေးပါသော ပုဂ္ဂိုလ်ကြီးများနှင့် များစွာတွေ့ဆုံခဲ့ဖူးသူ မဟုတ်ပါလော။

ထိုအရေးပါသော ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်ယောက်ဆိုလျှင် သူ၏ ရှေ့တွင်ရှိနေသော မျက်နှာပြောင်ချောနှင့် ဒုတိယစက်ရုံမှူးကို အလွယ်တကူပင် ဖိနှိပ်နိုင်လိမ့်မည် ဖြစ်သည်။

All Chapters