← Chapters

အခန်း (၈၈၅-၈၈၆)

Vol. 47 Ch. 885-886

အခန်း (၈၈၅-၈၈၆)

Vol. 47 Ch. 885-886

အပိုင်း (၈၈၅) အပြိုင်အဆိုင် ကျောင်းထားကြခြင်း။

တစ်ဖက်တွင်လည်း နန်းရင်းဝန်အဖွဲ့ ရုံးခန်းအတွင်း၌ လေထုမှာ အနည်းငယ် လေးလံနေသည်။

လီယန်စုန့်၊ ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့သည် ဖန်ကျန်းရီ၏ "ဒိုရေမွန် ကြောင်လေး" ကာတွန်းစာအုပ်ကို ဖတ်ရှုရင်း သူ၏ ဖန်တီးနိုင်စွမ်းကို အံ့ဩနေကြသည်။ သို့ပေမည့် ကျင်းယီဝေ၏ လျှို့ဝှက် စောင့်ကြည့်မှုများကြောင့် အမတ်များအားလုံး စိုးရိမ်ထိတ်လန့်နေကြ၏။

ယန်ရင်းချိုက်က အလောတကြီး ရောက်လာပြီး တောင်းဆိုလေသည်။ "ကျင်းယီဝေက ဟန်လင်အကယ်ဒမီက လူငယ်နှစ်ယောက်ကို ဖမ်းသွားတယ်။ ဒီပြဿနာကို စောစောစီးစီး ပြင်ဆင်ထားသင့်တယ်။ ထောင်ဟွေကို တိုင်စာတင်ပေးကြပါ"

လီယန်စုန့်က တွေးတောလျက် မေးလိုက်သည်။ "ကျင်းယီဝေကို အုပ်ချုပ်ဖို့ ဖန်ကျန်းရီထက် ပိုသင့်တော်တဲ့သူ မရှိဘူး"

"ဖန်ကျန်းရီကို ပြန်ခေါ်ချင်လို့လား"

ယန်ရင်းချိုက်က ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း လီယန်စုန့်က ဖန်ကျန်းရီသည် နန်းတွင်းအမတ်များကို အမြဲတမ်း ကာကွယ်ပေးခဲ့ကြောင်း ရှင်းပြ၏။

နောက်ဆုံးတွင် ယန်ရင်းချိုက်က မိမိ၏ မြေးမလေးမှာ ဖန်ကျန်းရီ ဖွင့်လှစ်ထားသော အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သို့ တက်ရောက်နေကြောင်း အခြားအမတ်ကြီး သုံးဦးက သိရှိနေသည်ကို ရိပ်မိသွားပြီး အလွန်အမင်း ရှက်ရွံ့ ဒေါသထွက်သွားခဲ့သည်။ "ကျုပ် မြေးမလေး အရှေ့ဆင်ခြေဖုံး တက္ကသိုလ် တက်တော့ ဘာဖြစ်လဲ၊ ဟမ် .. မိန်းမတွေ ပထမတန်း တက္ကသိုလ် တက်တာက ယောက်ျားတွေ ကောလိပ် တက်တာနဲ့ ညီမျှတယ်"

အကြီးအကျယ် အော်ဟစ်ပြောဆိုလိုက်လေတော့သည်။

ကျန်အမတ်များက ဝိုင်းဝန်းရယ်မောနေကြ၏။

ထိုသို့ စကားပြောနေစဉ် လီယန်စုန့်က ဖန်ကျန်းရီကိုသာ ရာထူးပြန်ပေးရန် ထပ်မံ အကြံပြုလိုက်သည်။ "ကျင်းယီဝေကို အုပ်ချုပ်ဖို့ ဖန်ကျန်းရီထက် ပိုသင့်တော်တဲ့သူ မရှိဘူး"

ယန်ရင်းချိုက်မှာ မကျေမနပ်ဖြစ်သော်လည်း အခြားအမတ်များကပါ ထောက်ခံသဖြင့် မတတ်သာဘဲ လက်ခံလိုက်ရ၏။

ထိုအချိန်တွင် အိမ်ရှေ့စံ ကိုယ်တိုင်လွှတ်လိုက်သော 'ယွီချိုက်မူလတန်းကျောင်း ကျောင်းသားလက်ခံခြင်း အသိပေးကြေညာချက်' ရောက်ရှိလာ၏။ ကြေညာချက်နောက်ကျောရှိ မိသားစုဝင်ငွေ၊ အိမ်အကျယ်အဝန်း၊ မြင်းလှည်းအမျိုးအစား စသည့် အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ခိုင်းထားမှုကြောင့် အမတ်ကြီးများ မှာ ဒေါသထွက်သွားကြသည်။

‘ဒီကောင်က ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ သောက်ကျိုးနည်း... ကျင်းယီဝေတောင် ဒီလို ပေါ်တင်ကြီး မလုပ်ရဲဘူးလေ’

“ချီးတဲ့မှ … ဒါဘာတွေလဲ။”

ယန်ရင်းချိုက်က စက္ကူကို လုံးချေပစ်ပေါက်ရင်း ဆဲရေးတော့၏။

သို့ပေမည့် ဖန်ကျန်းရီ၏ လှည့်ကွက်များကို သိချင်သဖြင့် သုံးရက်အကြာ ကျောင်းဖွင့်ပွဲသို့ အားလုံးသွားရောက်ရန် လီယန်စုန့်က ဆုံးဖြတ်လိုက်သည်။

သုံးရက်ကြာသောအခါ...

လီယန်စုန့်တို့ အမတ်တစ်စုသည် ယွီချိုက်မူလတန်းကျောင်းသို့ ရောက်ရှိလာကြသည်။

ဒီကောင် လိမ်တာမခံရစေနဲ့ ဟု အချင်းချင်း သတိပေးထားသော်လည်း ကျောင်းဝင်းထဲ ဝင်ဝင်ချင်း တွေ့လိုက်ရသည့် 'အောင်မြင်မှုလမ်းကြောင်းဆီသို့၊ အဆက်အသွယ်များ ဒီနေရာကနေ စတင်ပါ' ဆိုသော ဧရာမ စာတန်းကြီးကြောင့် အမတ်ကြီးများ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကြ၏။

‘ချီးတဲ့မှ... ဒီကျောင်းက သာမန်မူလတန်းကျောင်း မဟုတ်ဘူး။ အထက်တန်းလွှာ ကလေးတွေချည်း စုနေမယ့် ကွန်ရက်ကြီးပါလား’ သူတို့အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့မြေးတွေ ဤကျောင်းမတက်လျှင် အနာဂတ်၌ မဟာမိတ်တွေ အများကြီး လျော့နည်းသွားတော့မည် မဟုတ်ပါလား။

ကျောင်းအတွင်းရှိ အရောင်အသွေးစုံလင်သော ကစားစရာများ၊ ချစ်စရာကောင်းသော ကာတွန်းရုပ်ကြီးများက အမတ်ကြီးများကို မှင်သက်သွားစေသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားနှင့် ကျက်သရေရှိမှုကို ကိုယ်စားပြုသည် ဆိုသော ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်သည့် 'ချီဖောင်' ဝတ်စုံဝတ် မူကြိုဆရာမလေးများကို မြင်လိုက်ရချိန်တွင် တဏှာရူး အဘိုးကြီးများ၏ မျက်လုံးများ အရောင်တောက်သွားကြသည်။

(ရင်နှင့်တင်ကို ပေါ်လွင်စေသော တရုတ်ရိုးရာဝတ်စုံဖြစ်ပြီး စကပ်တို၏ ဘေးတစ်ဖက် သို့မဟုတ် နှစ်ဖက်ကို ခွဲထားသော ဝတ်စုံဖြစ်သည်။ - ဘာသာပြန်သူ)

‘ကောင်းတယ်... မိန်းမတွေက ဒီလိုမျိုး ဝတ်သင့်တာပေါ့’ အားလုံးက စိတ်ထဲမှ ကြိတ်၍ သဘောကျနေကြ၏။

ဖန်ကျန်းရီက လီယန်စုန့်ကို စပရိန်တပ်ထားသော ကားငယ်လေးပေါ်သို့ လှည့်စားကာ ထိုင်ခိုင်းလိုက်သည်။ မူကြိုဆရာမလေးက ကားကိုလှုပ်ပေးရင်း ကလေးချော့သီချင်း ဆိုပြသည်။ "အဖေ့ရဲ့အဖေကို ဘယ်လိုခေါ်လဲ... ဘိုဘိုးလို့ခေါ်တယ်"

လီယန်စုန့်မှာ အဘိုးကြီးတန်မဲ့ ကလေးချော့ခံရသလို ဖြစ်နေသဖြင့် ရှက်ရွံ့ဒေါသထွက်သွားသည်။ သို့ပေမည့် ဖန်ကျန်းရီက ဤသည်မှာ ကလေးများကို ဆွေမျိုးစပ်ခေါ်ဝေါ်ပုံ အလွယ်တကူ မှတ်မိစေရန် သီးသန့် ပညာရေး နည်းလမ်းဖြစ်ကြောင်း ရှင်းပြလိုက်ချိန်မှာတော့ အမတ်ကြီးများမှာ ပါရမီရှင်၏ ဉာဏ်ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ထို့နောက် ဧရာမ လျှောကြီးဆီသို့ ရောက်သွားကြသည်။

အိမ်ရှေ့စံ လီယွမ်ကျောက်က အရင်ဆုံး ပိုက်လုံးထဲမှ အော်ဟစ်လျက် လျှောဆင်းပြ၏။

လီယန်စုန့်ကတော့ အကြောက်အကန် ငြင်းဆန်လေသည်။ "ငါက အိုနေပြီ မလုပ်ဘူး"

ကျိန့်ချောင်က အရင်ဆင်းပြရာ အလွန်ပျော်စရာကောင်းကြောင်း သိသွားကြသည်။ ထို့ကြောင့် မကြာမီမှာပင် ထိုနေ့က လျှောပေါ်၌ အဘိုးကြီး၏ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် စည်ကား၍ သွားခဲ့လေ၏။

စာသင်ခန်းထဲ ရောက်သောအခါ ရုပ်ပြကာတွန်းပုံစံဖြင့် ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများကို တွေ့ရသဖြင့် အားလုံးက အံ့အားသင့် ချီးကျူးကြပြန်သည်။

သို့ပေည့် စာအုပ်ထဲတွင် အတိုကောက်စာလုံးများကိုသာ အသုံးပြုထားကြောင်း တွေ့လိုက်ရချိန်၌ အမတ်တစ်ယောက်က မကျေမနပ် ကန့်ကွက်လာ၏။ "ဒါက ဘိုးဘေးတွေကို ပစ်ပယ်ရာ ကျနေတယ်"

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ မျက်နှာပြောင်တိုက်ကာ ရဲရဲတင်းတင်း ကျိန်တွယ်လိုက်လေတော့သည်။ "ဒါက ကျုပ် ဆယ်ကျော်သက်အရွယ်မှာ ကျင်းရှီစာမေးပွဲ အောင်မြင်ခဲ့တဲ့ မိသားစု လျှို့ဝှက်နည်းလမ်းပဲ။ အတိုကောက် စာလုံးတွေက သင်ယူရလွယ်ကူတယ်။ ကျုပ်စကားထဲမှာ လိမ်ညာတာ တစ်ခွန်းပါရင် မိုးကြိုးပစ်ခံရပါစေ"

အမှန်တကယ်တော့ သူ၏ရည်ရွယ်ချက်မှာ အထက်တန်းလွှာ ကလေးများကို ငယ်စဉ်တည်းက အတိုကောက်စာလုံးများနှင့် ရင်းနှီးစေပြီး အနာဂတ် တာ့ကျင်းနိုင်ငံတော်ကြီးတွင် အတိုကောက်စာလုံးများကို အတားအဆီးမရှိ ကျင့်သုံးနိုင်ရန် ကြိုတင်အကွက်ချနေခြင်းသာ ဖြစ်လေသည်။

ဖန်ကျန်းရီသည် ယွီချိုက်မူလတန်းကျောင်းသို့ ရောက်ရှိလာသော အမတ်ကြီးများကို သူ၏ ကျောင်းနှင့် ပတ်သက်၍ ဆက်လက် ကြွားဝါပြသနေ၏။

ပထမဦးစွာ ကလေးများ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ကိုက်ညီစေရန် အရိုးအကြောဆရာဝန်ကြီးများ ကိုယ်တိုင် ပါဝင် ပုံစံဆွဲထားသော စားပွဲနှင့် ကုလားထိုင်များကို ပြသသည်။

အမတ်ကြီးများမှာ ဖန်ကျန်းရီ၏ စိတ်နှစ်ထားမှုကို တွေ့ရသဖြင့် လေးလေးနက်နက် ချီးကျူးမိကြ၏။ ချီးတဲ့မှ … ကလေးထိုင်ခုံကိုတောင် ဒီလိုမျိုး စီစဉ်ထားတာလား။

ထို့နောက် စားသောက်ခန်းသို့ ခေါ်ဆောင်သွားပြီး ကိုယ်တိုင်ခူးယူရသော စနစ်နှင့် နေ့စဉ် မနက်တိုင်း နွားနို့စစ်စစ် တိုက်ကျွေးမည့် အစီအစဉ်များကို ရှင်းပြလေရာ အားလုံးမှာ အံ့ဩမှင်သက်သွားကြသည်။ ဤမျှလောက် ဇိမ်ကျကျ နေရမည်ကို မည်သူမျှ မထင်ထားခဲ့ကြပေ။

လီယန်စုန့်သည် ဖန်ကျန်းရီ၏ ဤလှည့်ကွက်လေးများဖြင့် အလိမ်အညာ မခံရစေရန် အတူပါလာသော အဘိုးကြီးများကို မျက်ရိပ်ဖြင့် အသေအချာ သတိပေးလိုက်သေးသည်။

ထို့နောက် ကျန်းတုန်ရှန်းက ကစားစရာများလွန်းသဖြင့် ကလေးများ ပျင်းရိသွားမည်ကို စိုးရိမ်ကြောင်းနှင့် ဆရာများအကြောင်းကို မေးခွန်းထုတ်လာ၏။

“အလကားနေ ဘာကိစ္စ ကလေးတွေက နေရာတကာ ဒုက္ခခံရမှာလဲ အမတ်မင်းတို့ …”

ဖန်ကျန်းရီက ဒုက္ခခံရတိုင်း လူတော်ဖြစ်လာသည်ဆိုသော အယူအဆကို ချေပလိုက်ပြီး သင့်တော်သော အနားယူမှုကသာ ပို၍အရေးကြီးကြောင်း ရှင်းပြသည်။

ထို့နောက် ကျောင်း၏ ဆရာများမှာ အခြားသူများမဟုတ်ဘဲ ဤနေရာသို့ ရောက်ရှိနေသော နန်းရင်းဝန် အမတ်ကြီးများပင် ဖြစ်ကြောင်း ရုတ်တရက် ကြေညာလိုက်၏။

အမတ်ကြီးများမှာ သူတို့ကို အလကား သုံးစားတော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒေါသထွက်သွားကြသော်လည်း ဖန်ကျန်းရီက အခမဲ့ စားသောက်ခွင့်နှင့် နွားနို့သောက်ခွင့်ပေးမည်ဟု ဆိုကာ ပရိယာယ်ဖြင့် ချွေးသိပ်လိုက်သည်။

လီယန်စုန့်သည် ဖန်ကျန်းရီအား သီးသန့်ခေါ်ယူ၍ စကားပြောသည်။ ဖန်ကျန်းရီက အရှင်မင်းမြတ်၏ မြေးတော် ကိုယ်တိုင် ဤကျောင်းသို့ လာတက်ရန် ရှိကြောင်း လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ရာ လီယန်စုန့်မှာ ချက်ချင်းပင် သဘောကျသွားပြီး သူ၏မြေးများအတွက် ကျောင်းလစာ လျှော့ပေးရန်ပင် တောင်းဆိုလေတော့၏။

ဖန်ကျန်းရီကလည်း လျှို့ဝှက်စွာ ဈေးလျှော့ပေးမည်ဟု ကတိပေးလိုက်သည်။

လီယန်စုန့်က သူ၏ အဓိကကိစ္စကို စတင်ဆွေးနွေး၏။ လက်ရှိ ကျင်းယီဝေ ယာယီတပ်မှူး ထောင်ဟွေသည် အမတ်များကို အကြောင်းမဲ့ ဖမ်းဆီးနေပြီး နန်းတွင်းကို ရှုပ်ထွေးစေနေကြောင်းပင်။ ထို့ကြောင့် ဖန်ကျန်းရီအား ကျင်းယီဝေ အတွင်းရှိ သူ၏လူများကို အသုံးပြုကာ ထောင်ဟွေကို ဖယ်ရှားပေးရန်နှင့် အပြန်အလှန်အနေဖြင့် ရာထူးပြန်ရအောင် ကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလိုက်၏။

သို့သော်ငြား ဖန်ကျန်းရီက သူနှင့်မဆိုင်ကြောင်း ဆိုကာ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်လေသည်။ သူ့အနေဖြင့် အိမ်တွင် မိန်းမ ၊ သားလေးတို့နှင့်အတူ အေးချမ်းစွာ နေထိုင်ရသည်ကိုသာ သဘောကျနေပြီ ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါက နောင်တွင် ထောင်ဟွေ၏ ရန်ငြိုးဖွဲ့မှုကို ခံရမည်ကိုလည်း သူက ထောက်ပြခဲ့သည်။

ဖန်ကျန်းရီ၏ ငြင်းဆန်မှုကြောင့် လီယန်စုန့် ယန်ရင်းချိုက်နှင့် ကျိန့်ချောင်တို့မှာ ဒေါသတကြီး ဝိုင်းဝန်း အပြစ်တင်ကြ၏။

အမတ်ကြီးများက ဖန်ကျန်းရီအား တာဝန်ယူမှုမရှိကြောင်း သမက်တော်ဖြစ်သွား၍ လူကြီးများကို အသိအမှတ်မပြုတော့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ကြသော်လည်း ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ ပြောင်စပ်စပ်သာ တုံ့ပြန်နေခဲ့သည်။

နောက်ဆုံးတွင် ကျန်းတုန်ရှန်းက လိုချင်သော အပေးအယူကိုသာ တိုက်ရိုက်ပြောရန် တောင်းဆိုလိုက်သည်။ ထိုအခါမှ ဖန်ကျန်းရီက သူ၏ တောင်းဆိုချက် သုံးချက်ကို ပြတ်ပြတ်သားသား ချပြလိုက်၏။

ပထမအချက်မှာ သူ၏ ဤလုပ်ရပ်ကြောင့် နောင်တွင် ပြဿနာရှာခံရပါက အမတ်ကြီးများက အပြည့်အဝ ကာကွယ်ပေးရန် ဖြစ်သည်။

ဒုတိယအချက်မှာ အမတ်ကြီးများ၏ ထူးချွန်သော တပည့်များကို ယွီချိုက်ကျောင်းတွင် အခမဲ့ စာလာသင်ပေးရန်၊ စေတနာ့ဝန်ထမ်းအဖြစ် လွှတ်ပေးရန် ဖြစ်၏။

တတိယအချက်မှာ နန်းတွင်းအမတ်များကို အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သို့ တစ်လလျှင် နှစ်ကြိမ်ခန့် အထူးဧည့်သည်အဖြစ် စာလာသင်ရန်တို့ ဖြစ်သည်။

အမတ်ကြီးများမှာ ဖန်ကျန်းရီ၏ ကောက်ကျစ်သော အကြံအစည်များကို ကြားပြီးနောက် ဆွံ့အ သွားကြလေတော့သည်။ အကူအညီတောင်းခံမိသည်ကို သူ၏ ပညာရေးလုပ်ငန်းအတွက် အကြီးအကျယ် အမြတ်ထုတ်သွားခြင်းပင်။

……..

ကျင်းဘုရင်မင်းမြတ်၊ လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ တော်ဝင်ပန်းခြံအတွင်း လမ်းလျှောက်နေစဉ် ကျင်ဘုရင်မင်းမြတ်က ဖန်ကျန်းရီအား ကျင်းယီဝေတပ်ဖွဲ့ကို ပြန်လည်ကွပ်ကဲမည့်အပေါ် မေးမြန်းခဲ့သည်။

ဖန်ကျန်းရီက သူ့အနေဖြင့် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်လိုကြောင်း ပြန်လည်လျှောက်တင်ခဲ့သည်။ ထို့အပြင် အမတ်များအပေါ် တင်းကျပ်သော စောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်ပါက ရေရှည်တွင် အပြန်အလှန် ယုံကြည်မှု ပျက်ပြားကာ အကျိုးထက် အပြစ်ပိုများနိုင်သဖြင့် ထိုစောင့်ကြည့်ရေးအစီအစဉ်များကို ရုပ်သိမ်းရန် ဖန်ကျန်းရီက အကြံပြုခဲ့ရာ အရှင်မင်းမြတ်ကလည်း သဘောတူလက်ခံခဲ့၏။

ထို့နောက် လီယွမ်ကျောက်က အရှင်မင်းမြတ်၏မြေးတော်အား ဖန်ကျန်းရီ၏ ယွီချိုက်မူလတန်းကျောင်းတွင် ကျောင်းအပ်သင့်ကြောင်း အကြံပြုခဲ့သည်။ ဖန်ကျန်းရီကလည်း ကလေးများအတွက် ကစားဖော်ရရှိစေရန် ထောက်ခံပေးခဲ့သည်။ သို့သော်ငြား ကျင်းဘုရင်မင်းမြတ်ကမူ ကျောင်း၏ သင်ကြားမှုရလဒ်ကို အရင် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဆက်လက်၍ အရှင်မင်းမြတ်က အချိန်ကြာမြင့်စွာ သတင်းအစအန ပျောက်ဆုံးနေသော ပင်လယ်ထွက် သင်္ဘောအုပ်စုအတွက် စိုးရိမ်ပူပန်နေကြောင်း ပြောကြားခဲ့၏။

ဖန်ကျန်းရီက စိတ်ရှည်ရန် လျှောက်တင်နေဆဲမှာပင် သင်္ဘောအုပ်စု ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြောင်း အရေးပေါ်သတင်း ဝင်ရောက်လာခဲ့သည်။

ဤသတင်းကြောင့် ကျင်းဘုရင်မင်းမြတ်မှာ အလွန်ဝမ်းမြောက်သွားပြီး အမတ်များအားလုံးကို ချက်ချင်း အစည်းအဝေး ခေါ်ယူရန် အမိန့်ပေးခဲ့၏။

အပိုင်း (၈၈၆) ကျွန်တော်မျိုး ကိုယ်တိုင် သွားကြိုပါ့မယ်။

ယန်ရှင်းနန်းဆောင်အတွင်း၌ အမတ်များ စုဝေးနေကြ၏။

အမတ်များသည် ညီလာခံပြီးသည်မှာ သိပ်မကြာသေးသော်လည်း အရှင်မင်းမြတ်က ထပ်မံခေါ်ယူလိုက်သဖြင့် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လူအတော်များများ၏ မျက်နှာများမှာ တင်းမာနေပြီး မည်သည့် ကိစ္စဆိုးများ ဖြစ်ပျက်ခဲ့သနည်းဟု တိတ်တဆိတ် ခန့်မှန်းနေကြ၏။

သို့ပေမည့် ဖုန်းကျဲ့ကဲ့သို့သော အချို့လူများကမူ အခြားသူများ၏ တုံ့ပြန်မှုများကို ပြုံးလျက် အကဲခတ်နေကြသည်။

စစ်ရေးဌာနသည် သတင်းကို ခြေတစ်လှမ်းစော၍ ရရှိထားပြီးဖြစ်ကာ နန်းတော်သို့လည်း တင်ပြပြီးဖြစ်သည်။

ခဏမျှ စောင့်ဆိုင်းပြီးချိန်မှာတော့ ကျင်းအရှင်မင်းမြတ်သည် အဝတ်အစားလဲပြီးနောက် ဖြည်းညင်းစွာ ရောက်ရှိလာ၏။

အောက်ဖက်ရှိ အမတ်များ၏ မျက်နှာပေါ်တွင် ထူးဆန်းစွာ သိချင်နေကြသည့် အမူအရာများကို မြင်သောအခါ ကျင်းအရှင်မင်းမြတ်က လက်ကို ကြီးမားစွာ ဝှေ့ယမ်းလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “ကိုယ်တော် အမတ်တို့ကို ခေါ်လိုက်တာက ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာလို့ပဲ။

အနောက်နိုင်ငံတွေကို စူးစမ်းဖို့ စေလွှတ်လိုက်တဲ့ တာ့ကျင်းရဲ့ သင်္ဘောအုပ်စုက တရားဝင် ပြန်ရောက်လာပြီ။ အခု ကျန်းလင်ဆိပ်ကမ်းမှာ ရောက်နေကြတယ်။ ပြီးတော့ အဲဒီတုန်းက သင်္ဘောအုပ်စုရဲ့ ပင်မတပ်မှူး ကျိန့်ဟွေ့လည်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ။”

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် အမတ်များအားလုံးသည် အလွန်အမင်း ဝမ်းသာသွားကြ၏။

“ဘာတဲ့လဲ ... သင်္ဘောအုပ်စုက တကယ်ကြီး ပြန်ရောက်လာတာလား။ ကျုပ် မှတ်ဉာဏ်သာ မမှားဘူးဆိုရင် သွားတာ သုံးနှစ်ကျော်တောင် ရှိနေလောက်ပြီ ...”

“သုံးနှစ်တောင်နော်။ ကျယ်ပြောတဲ့ ပင်လယ်ကြီးထဲကနေ အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“ဒဏ္ဍာရီထဲက ကဲသာဘုရင်ကြီးကိုရော ရှာတွေ့ခဲ့လား မသိဘူး။”

"..."

အမတ်များက ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြပြီး ကျင်းအရှင်မင်းမြတ်သည် ပြုံးလျက် စကားမဆိုဘဲ အားလုံးကို ပြောခွင့်ပြုထားလိုက်၏။

အစောပိုင်းက သင်္ဘောအုပ်စုကို ပင်လယ်ထဲ စေလွှတ်ခဲ့ခြင်းမှာ အဓိကအားဖြင့် ဖန်ကျန်းရီ ပြောပြသည့် အနောက်တိုင်း သမိုင်းရာဇဝင်ပုံပြင်များကို နားထောင်ပြီးနောက် လူတိုင်းက စိတ်အားထက်သန်မှုနှင့် မသိသေးသောအရာများအပေါ် ကြောက်ရွံ့မှုတို့ဖြင့် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

သို့ပေမည့် သင်္ဘောထွက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နန်းတော်ထဲတွင်လည်း ပြဿနာပေါင်းများစွာ ဖြစ်ပျက်ခဲ့ရာ မသိသေးသောအရာများကို စူးစမ်းလိုသည့် စိတ်အားထက်သန်မှုများသည် အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စတစ်ခုတည်းနှင့်ပင် ငွေကြေးမြောက်မြားစွာ ကုန်ကျခဲ့သည် မဟုတ်ပါလား။

ပထမအကြိမ် ရန်ပုံငွေ ခွဲဝေချထားပေးမှု ပမာဏကတင် ငွေတုံး နှစ်သန်းအထိ ရှိခဲ့ပြီး ထိုငွေများလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ငွေတုံး နှစ်သန်း ... နိုင်ငံတစ်ဝန်းလုံးတွင် ဤမျှကြီးမားသော ရန်ပုံငွေ ခွဲဝေချထားပေးသည့် စီမံကိန်းမျိုးကို ရှာဖွေရန် အလွန်ရှားပါးလှသည်။ ဘဏ္ဍာရေးဌာန၏ ဖိအားက ကြီးမားရုံသာမက စစ်ရေးဌာန၏ ဖိအားကလည်း ကြီးမားလှ၏။

ရေတပ်အတွက် ရန်ပုံငွေ ခွဲဝေချထားပေးမှုက အခြားတပ်ဖွဲ့များအပေါ်တွင်လည်း ဖိအားသက်ရောက်စေခဲ့သည်။ အထူးသဖြင့် နောက်ပိုင်း သေနတ်များနှင့် အမြောက်များ ထွက်ပေါ်လာချိန်၌ ရေတပ်မှာ ပို၍ပင် အသုံးမဝင်သကဲ့သို့ ဖြစ်လာခဲ့၏။ ထို့ကြောင့် လူအတော်များများက ဤရန်ပုံငွေကို ရပ်ဆိုင်းရန် အကြိမ်ကြိမ် လျှောက်တင်ခဲ့ကြသည်။

သို့ပေမည့် ယခုအခါတွင် သင်္ဘောအုပ်စုက ဤမျှ မျက်နှာပန်းလှစွာဖြင့် ကိုယ်တိုင် ပြန်ရောက်လာခဲ့လေပြီ။

တစ်ခဏအတွင်းမှာပင် အစောပိုင်းက အနောက်နိုင်ငံများကို စူးစမ်းချင်ခဲ့သည့် မူလစိတ်ကူးများ ပြန်လည် ရောက်ရှိလာတော့၏။

ဖန်ကျန်းရီသည် နားထဲသို့ ဝင်ရောက်လာသော ပြင်းထန်သည့် ဆွေးနွေးသံများကို နားထောင်ရင်း မျက်နှာပူသွားခဲ့သည်။

အဘိုးအိုတစ်စုသည် သူ အစောပိုင်းက လုပ်ကြံပြောဆိုခဲ့သော စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိနေကြပြီး နေဖလမ်း၊ ဆော်ရွန်၊ အာသာ၏ စတုန်းဝင်းမြို့ စသည်တို့ကို ဝမ်းသာအားရ ပြောဆိုနေကြ၏။

ယန်ရှင်းနန်းဆောင်ကြီးသည် တစ်ခဏတာမျှ သက်ကြီးရွယ်အိုများ အင်တာနက်စွဲလမ်းနေသည့် နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေကာ မျက်စိဖြင့်ပင် မကြည့်ရက်နိုင်လောက်အောင် ဖြစ်နေ၏။

ဤလူများက သူ လျှောက်ပြောနေခြင်းဖြစ်ကြောင်းကို သိသွားပါက အတူတကွ ဝိုင်းအုံ၍ သူ့အား ဆွဲဖြဲပစ်ကြမည်လား မသိနိုင်ချေ။

သင်္ဘောအုပ်စုဘက်မှ အကျိုးအမြတ် အမြောက်အမြား ရရှိလာပါစေဟုသာ မျှော်လင့်ရတော့မည်။

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ဖုန်းကျဲ့က လန်းဆန်းတက်ကြွစွာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး ... ကျန်းလင်ဆိပ်ကမ်းက သင်္ဘောအုပ်စုကို ချက်ချင်းပဲ နန်းတော်ထဲဝင်ခွင့်ပြုဖို့ အမိန့်ချမှတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ သုံးနှစ် ... သုံးနှစ်တိုင်တိုင် ပင်လယ်ပြင်မှာ လွင့်မျောနေခဲ့ရတဲ့ တာ့ကျင်းရဲ့ စစ်သည်တော်တွေက သင်္ဘောခန်းငယ်လေးထဲမှာ နေထိုင်ခဲ့ရတာကို တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ အခု ချက်ချင်းပဲ မြို့တော်ကို ပြန်ခေါ်ပြီး ဆုချီးမြှင့်ကာ အနားယူခိုင်းသင့်ပါတယ်။”

တစ်စုံတစ်ယောက်က ချက်ချင်း ထောက်ခံလိုက်၏။ “မှန်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ အခြေအနေတွေ နဲ့ ရေကြောင်းပြမြေပုံတွေလည်း ပါလာမှာပါ။ ဒါကမှ အရေးအကြီးဆုံးပဲ။ အရှင်မင်းကြီး ... အချိန်ဆွဲ မနေသင့်တော့ပါဘူး။”

ကျင်းအရှင်မင်းမြတ် သည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင် ဖန်ကျန်းရီက ပြောလိုက်သည်။ “အရှင်မင်းကြီး ... ကျွန်တော်မျိုး ကိုယ်တိုင် ကျန်းလင်ဆိပ်ကမ်းကို သွားပြီး သင်္ဘောအုပ်စုကို သွားကြိုဖို့ ခွင့်ပြုပေးပါ။ သင်္ဘောအုပ်စု ဆိပ်ကမ်းကို ရောက်နေပြီဆိုပေမဲ့ ချက်ချင်း မြို့တော်ကို ပြန်လာဖို့ မသင့်တော်သေးပါဘူး။”

လူအားလုံး၏ သံသယဖြစ်နေသော အကြည့်များက ဖန်ကျန်းရီထံသို့ ကျရောက်သွား၏။

မင်းက အစောပိုင်းတုန်းက ပင်လယ်ထွက်ဖို့ အတက်ကြွဆုံး ဆူညံခဲ့တဲ့သူ မဟုတ်ဘူးလား။ အခု အိမ်ပြန် ရောက်လာတော့မှ ဘာလို့ လောမနေရတာလဲ။

ကျင်းအရှင်မင်းမြတ် က နားမလည်စွာဖြင့် မေးလိုက်၏။ “ဘာကြောင့်လဲ။”

ဖန်ကျန်းရီက ဖြေလိုက်သည်။ “ကျွန်တော်မျိုး တွေးမိတာက သင်္ဘောအုပ်စုက နိုင်ငံပေါင်းများစွာကို ဖြတ်သန်းခဲ့ရတာဆိုတော့ ဒေသထွက်ကုန်တွေ အများကြီး ပါလာမှာ သေချာတယ်။ သင်္ဘောပေါ်မှာ နိုင်ငံခြားသာ းတွေလည်း အများကြီး ပါလာနိုင်တယ်။ လူရိုင်းနိုင်ငံငယ်လေးတွေက လူတော်တော်များများက ညစ်ပတ်နေတတ်ပြီး သူတို့ကိုယ်ပေါ်မှာ ရောဂါတွေ ပါလာရင် မကောင်းပါဘူး။

ကျွန်တော်မျိုး ကိုယ်တိုင် ရွေးချယ်စစ်ဆေးပြီး သူတို့ကို သန့်ရှင်းရေးလုပ်ပေးပြီးမှ ခေါ်လာဖို့ ပြင်ဆင်ထားပါတယ်။ မဟုတ်ရင် အမှားအယွင်း ဖြစ်လွယ်ပါတယ်။ အိမ်ရောက်နေပြီပဲဆိုတော့ ဒီနှစ်ရက်လောက် နောက်ကျသွားတာ ဘာမှမဖြစ်ပါဘူး။ ကိစ္စတိုင်းကို သေချာအောင် လုပ်တာ အကောင်းဆုံးပါ။”

ဖန်ကျန်းရီအနေနှင့် သတိမထား၍ မဖြစ်ပေ။ သိပ္ပံပညာဆိုင်ရာ အသိပညာအချို့ရှိသော ခေတ်သစ် လူသားတစ်ဦးအနေဖြင့် ဤနိုင်ငံခြားမှ စိတ်ပျက်ဖွယ် ရောဂါအချို့ကို မကာကွယ်ဘဲ မနေနိုင်ချေ။

သင်္ဘောပေါ်တွင် နိုင်ငံခြားသားများ ပါလာခြင်း ရှိမရှိ မသိရသော်လည်း ရှေးခေတ် နိုင်ငံခြားသားများက အလွန် ပုံမှန်မဟုတ်ဘဲ မျိုးစိတ်ကူးယှက် ဆက်ဆံရသည်ကို သဘောကျသည်ဟု ကြားဖူးသည်။ သွေးအေးရေနေ ကျောရိုးရှိသတ္တဝါများဆိုလျှင် အနည်းငယ် သန့်ရှင်းသေးသော်လည်း နို့တိုက်သတ္တဝါများသာဆိုလျှင် မည်သည့် ထူးဆန်းသော ရောဂါများ ပါလာမည်ကို မည်သူသိနိုင်မည်နည်း။

နိုင်ငံခြားသားများ မပါလာလျှင်တောင် သင်္ဘောပေါ်ရှိ မိမိတို့လူများတွင် ရောဂါပိုးမွှားများ ကူးစက်လာခြင်းကလည်း ကောင်းသည့်ကိစ္စ မဟုတ်ပေ။

ထို့အပြင် အစောပိုင်းတုန်းက သင်္ဘောအုပ်စုကို နိုင်ငံခြားမှ အပင်မျိုးစေ့များ ပိုမိုရှာဖွေစုဆောင်းလာရန် သူ မှာကြားခဲ့သေး၏။

ဤအရာများကို ကျွမ်းကျင်သူများက တာဝန်ယူရမည်။ အကယ်၍များ ဇီဝမျိုးစိတ် ကျူးကျော်မှုများ ဖြစ်ပေါ်လာပါက နောင်လာနောက်သားများအတွက် အကြီးမားဆုံး အပြစ်ရှိကြီး ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ကျိန့်ဟွေ့ ပြန်ရောက်လာပြီဆိုလျှင် လိုင်ကော်အာလည်း ဘေးကင်းလုံခြုံနေမည်မှာ သေချာသည်။ ဤအရေးပေါ်သတင်းထဲတွင် ဖော်ပြထားခြင်း မရှိသော်လည်း ကိုယ်တိုင် သွားရောက်ကြည့်ရှုရမည် ဖြစ်၏။

ကျင်းအရှင်မင်းမြတ် သည် မျက်ခုံးပင့်လိုက်သည်။ “အင်း ... ယုတ္တိရှိတယ်။ ဖန်ကျန်းရီရဲ့ စဉ်းစားတွေးခေါ်မှုက အရမ်းနက်ရှိုင်းတယ်။ ဒါဆို မင်းပဲ ကျင်းယီဝေတွေကို ခေါ်ပြီး သွားကြိုလိုက်ပါ။”

“ကျွန်တော်မျိုး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်။”

...

နှစ်ရက်အကြာ၊ ကျန်းလင်ဆိပ်ကမ်း။

ဖန်ကျန်းရီသည် မြင်းကို မနားတမ်းနှင်ကာ ကျန်းပြောင်နှင့် ကျင်းယီဝေတစ်စုကို ခေါ်ဆောင်လျက် မွန်းတည့်ချိန်တွင် ကျန်းလင်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

ဤသမိုင်းဝင် အခိုက်အတန့်ကို သက်သေခံနိုင်ရန် ကျင်းအရှင်မင်းမြတ် က သမိုင်းမှတ်တမ်းအရာရှိကိုပါ အထူး လိုက်ပါစေခဲ့၏။

ယခုအချိန်တွင် ဆိပ်ကမ်းရှိ ရေပြင်မှာ လေငြိမ်သက်နေသည်။

မွန်းတည့်နေရောင်ခြည်က ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်နေပြီး လှိုင်းခေါင်းဖြူလေးများ တလက်လက် တောက်ပနေ၏။

ဧရာမ သင်္ဘောကြီး ဆယ်စီးကျော်ခန့်မှာ ဆိပ်ကမ်းတွင် ဟိုတစ်စီး ဒီတစ်စီး ပြန့်ကျဲနေပြီး မြင်ကွင်းမှာ အလွန် ခမ်းနားကြီးကျယ်လှပေသည်။

ဖန်ကျန်းရီသည် အဝေးတွင်ရပ်ကာ အောင်မြင်စွာ ပြန်ရောက်လာသည့် သင်္ဘောအုပ်စုကို ကြည့်နေရင်း စိတ်ထဲတွင် ဝမ်းသာမှုမရှိဘဲ လေးလံမှုတစ်ခု ထပ်တိုးလာသည်။ အဝေးသို့ လှမ်းကြည့်ရင်း သက်ပြင်းကို ဖွဖွလေး ချလိုက်မိ၏။

အစောပိုင်းက သင်္ဘောအုပ်စု ပင်လယ်ထွက်စဉ်က မြင်ကွင်းမှာ အလွန်ခမ်းနားကြီးကျယ်ခဲ့သော်လည်း ပြန်လည်ရောက်ရှိလာချိန်တွင်တော့ သုံးပုံတစ်ပုံသာ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့သည်။

ထိုအထဲတွင် မည်မျှအထိ ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များခဲ့မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ ဤသို့ စစ်သည်တော်များ ငါးစာဖြစ်သွားခဲ့ရသော်လည်း သမိုင်းထဲတွင်တော့ မည်သည့် လှိုင်းဂယက်လေးမျှ ထစေနိုင်မည် မဟုတ်ချေ။

ခေတ္တမျှ စိတ်လှုပ်ရှားစွာ တွေးတောပြီးနောက် ဖန်ကျန်းရီသည် လူများကို ခေါ်ဆောင်ကာ ရှေ့သို့ တက်သွားခဲ့သည်။

ဆိပ်ကမ်းအတွင်း၌ ယခုအချိန်တွင် စားပွဲပေါင်း ဒါဇင်များစွာကို ခင်းကျင်းထားပြီး စားပွဲပေါ်တွင် အရက်ကောင်းများ နှင့် ဟင်းလျာများ အပြည့်အစုံ ရှိနေ၏။

ရေတပ်သား ရာနှင့်ချီ၍ စားပွဲကို ဝိုင်းထိုင်ကာ စားသောက်နေကြသည်။ ကျိန့်ဟွေ့သည်လည်း ထိုအထဲတွင် ပါဝင်နေပြီး ဘေးတွင် ဒေသခံ အရာရှိများက အရက်ခွက်ကို ကိုင်ကာ အဆက်မပြတ် ဖားယားနေကြသည်။

ကျိန့်ဟွေ့၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။ “ကျုပ်တို့ ဘယ်အချိန်ထိ စောင့်နေရမှာလဲ။ အိမ်က မျက်စိရှေ့မှာတင် ရှိနေတာတောင် သွားခွင့်မပြုသေးဘူးလား။”

အိမ်ပေါက်ဝသို့ ရောက်နေပြီဖြစ်၍ စိတ်ထဲတွင် မြားတစ်စင်းကဲ့သို့ ပြန်ချင်စိတ်များ ပြင်းပြနေသော်လည်း ကျန်းလင်ဆိပ်ကမ်းမှ ခွေးအရာရှိများက သွားခွင့်မပြုသေးချေ။

ထိုအရာရှိက ချော့မော့၍ ပြောလိုက်၏။ “အရာရှိကျိန့် ... ခင်ဗျား ပြန်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားဆီမှာ ရွှေငွေတွေ အများကြီး ပါလာသလို နိုင်ငံခြားသားတွေလည်း ပါလာသေးတယ်။ ကျုပ်တို့ဆီမှာ စစ်သည်အင်အား မလုံလောက်လို့ အထက်က အမိန့်ကျလာမှပဲ ကျုပ် သွားခွင့်ပြုနိုင်မှာပါ။”

ကျိန့်ဟွေ့သည် သူ့အား စွေကြည့်လိုက်ကာ စားပွဲကို အားကုန်ရိုက်ချလိုက်သည်။ “စစ်သည်အင်အား မလုံလောက်ဘူး။ သောက်ရေးမပါတာ .. ကျုပ် ကျန်းလင်ဆိပ်ကမ်းမှာ တာဝန်ထမ်းဆောင်တုန်းက မင်းကို မြင်တောင် မမြင်ဖူးသေးဘူး။ ဘယ်က စစ်သည်အင်အား မလုံလောက်တာလဲ။ မင်းက တာဝန်ယူရမှာ ကြောက်နေတာမလား။”

အရာရှိမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အနည်းငယ် ကြောက်လန့်သွား၏။

ပင်လယ်ထဲတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရသော သင်္ဘောအုပ်စုမှ ဤလူများ၏ အငွေ့အသက်များမှာ တကယ်ကို သာမန်မဟုတ်ချေ။ ကြည့်ရသည်မှာ တစ်ယောက်စီတိုင်းက လူဆိုး ဓားပြများနှင့် တူနေကြပြီး အထူးသဖြင့် ဤအရာရှိကျိန့်နှင့် သူ၏ဘေးရှိ အသားမည်းမည်း လူထွားကြီးမှာ လူဆိုးခေါင်းဆောင်များထဲမှ ခေါင်းဆောင်ပင် ဖြစ်၏။

ထိုဖိအားက အလွန်ပြင်းထန်လွန်းလှသောကြောင့် အရာရှိမှာ ရွေးချယ်စရာမရှိဘဲ ခြောက်ကပ်ကပ် ရယ်မော လိုက်ရသည်။

“ဟဲဟဲ ... ခင်ဗျား နည်းနည်းလောက် သည်းခံပေးပါ။ ညီအစ်ကိုတွေ ဘာစားချင်၊ ဘာသောက်ချင်လဲဆိုတာ တိုက်ရိုက်သာ ပြောလိုက်ပါ။ ကျုပ်က အားလုံးကို ကောင်းကောင်း စားသောက်ပြီးမှ အိမ်ပြန်ခွင့်ပေးမှာ သေချာပါတယ်။”

ကျိန့်ဟွေ့သည် လက်ယမ်းပြကာ အရာရှိကို နှင်လွှတ်လိုက်၏။

လိုင်ကော်အာက မေးလိုက်သည်။ “အစ်ကိုကြီးကျိန့် ... သူ့ကို အခက်တွေ့အောင် လုပ်လည်း အသုံးမဝင်ပါဘူး။ ဒီလောက်များပြားတဲ့ ငွေတွေကို သယ်ယူပို့ဆောင်ဖို့ နန်းတော်က လူလွှတ်ရမှာ သေချာပါတယ်။ ဘယ်သူက တာဝန်ယူရမှာလဲဆိုတာ ကျုပ်တို့ စိတ်ချလို့ မရဘူးလေ။”

“နန်းတော်က ဘယ်လိုအဆင့်ရှိတဲ့ အရာရှိကို လာကြိုခိုင်းမယ်လို့ မင်းထင်လဲ။ ဒါမှမဟုတ် မိန်းမစိုးများလား။”

“မိန်းမစိုး …. အဲဒါကတော့ လူကို အရမ်း အထင်သေးလွန်းတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်လေး အရာရှိလောက်တော့ ဖြစ်ရမှာပေါ့။”

All Chapters