အခန်း ၃၄၁
Vol. 35 Ch. 341
အခန်း (၃၄၁) သတင်းအချက်အလက်နှင့် အဆက်အသွယ် (၁)
ယွမ်ရီဟွေးက ယောင်ရန်ကို ကြည့်ကာ ရှင်းပြလိုက်လေသည်။
"အပြင်မှာ အခြေစိုက်စခန်းကို ဝိုင်းထားတဲ့ အဲဒီဘီလူးတွေကြောင့် ကျွန်တော်တို့ စီးပွားရေး လုပ်လို့ မရတော့ဘူး... ကုန်ပစ္စည်းတွေကို အမြန်ဆုံး ပို့ဆောင်နိုင်မယ့် နည်းလမ်း ရှာရမယ်... မဟုတ်ရင် ကျွန်တော်တို့ ငတ်သေမလား၊ ဒါမှမဟုတ် ဖောက်သည်တွေ သတ်တာ ခံရမလားပဲ..."
ယောင်ရန် စိတ်ဝင်စားသွားသည်ကို သတိပြုမိသွားကာ ယွမ်ရီဟွေးက မေးရန် တုံ့ဆိုင်းနေခဲ့လေသည်။
"မစ္စယောင်... ဘယ်တုန်းက ရောက်တာလဲ..."
"ဒီမနက်ပဲ..."
ယောင်ရန်က ပြန်ဖြေလိုက်လေသည်။ သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်မေးလိုက်လေ၏။
"ဘာလို့ ရုတ်တရက် အဲဒါကို မေးတာလဲ..."
ယောင်ရန် ဤမနက်မှ ရောက်သည်ဟု ကြားသော် ယွမ်ရီဟွေး၏ မျက်လုံးများ ဝင်းလက်သွား၏။ သူက အလျင်အမြန်ပင် ထပ်မံ မေးလိုက်လေသည်။
"မစ္စယောင်... အခြေစိုက်စခန်း အပြင်ဘက်မှာ ဘီလူးတွေ အများကြီး ဝိုင်းနေတာတောင် ဘယ်လိုများ အတွင်းထဲကို ဝင်လာနိုင်တာလဲ..."
ယောင်ရန်သည် သူ၏ မေးခွန်းကို နားထောင်ပြီးနောက် သူ ဘာလိုချင်သည်ကို ချက်ချင်းပင် ရိပ်မိလိုက် လေသည်။ သူမက ပြန်ပြောလိုက်၏။
"အစ်ကိုယွမ်... ကျွန်မတို့ ဒီမနက် လာတုန်းက အပြင်ဘက်က ဘီလူး ထက်ဝက်ကျော်ကို ရှင်းပစ်ခဲ့ တယ်... ရှင်တို့ ထွက်ချင်ရင် အခု ထွက်တာ အကောင်းဆုံးပဲ၊ နောက်ထပ် ဘီလူးတွေ ပြန်မစုမိခင်ပေါ့..."
ယောင်ရန်၏ စကားကြောင့် ယွမ်ရီဟွေး၏ အပြုံးများ ပိုမိုကျယ်ပြန့်လာ၏။ သူက ပြောလိုက်လေသည်။
"မစ္စယောင်ကလွဲရင် ဘယ်သူကမှ ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး..."
ယောင်ရန်က သူ၏ မြှောက်ပင့်မှုကို ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အစ်ကိုယွမ်... အခု အခြေအနေအရဆိုရင် ရှင့်ဆီမှာ ရိက္ခာတွေ ပြတ်လပ်နေပြီ မဟုတ်လား..."
ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေးသည် အမြတ်ရမည့် အခွင့်အရေးကို ချက်ချင်း ရိပ်မိသွားလေ ၏။ သူက အသံကို နှိမ့်ကာ မေးလိုက်လေသည်။
"မစ္စယောင်... ကျွန်တော့်အတွက် အပေးအယူ တစ်ခုခု ရှိလို့လား..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေ၏။
"ဟုတ်တယ်..."
သူမ၏ အတည်ပြုချက်ကို ရရှိပြီးနောက် ယွမ်ရီဟွေးက ပတ်ဝန်းကျင်ကို ဝှေ့ကြည့်ကာ ပြောလိုက်လေ သည်။
"မစ္စယောင်... စားပြီးပြီလား... ကျွန်တော်တို့ စားရင်းသောက်ရင်း အသေးစိတ် ပြောကြမလား..."
"ရတာပေါ့..."
သူမ သဘောတူလိုက်လေသည်။
ယွမ်ရီဟွေးသည် သူမကို တရားဝင် စျေးဧရိယာသို့ ခေါ်ဆောင်သွား၏။ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် ထိုင်ပြီးနောက် သူက ပြောလိုက်လေသည်။
"ဒီနေရာမှာ ခဏစောင့်ပါ... ကျွန်တော် စားစရာ သွားယူလိုက်ဦးမယ်..."
"ကောင်းပြီ..."
ယွမ်ရီဟွေး ထွက်သွားစဉ် ယောင်ရန်သည် စျေးအတွင်းကို လေ့လာနေမိ၏။ အခြေစိုက်စခန်းက ဖွင့် ထားသော ဆိုင်များမှလွဲ၍ ကျန်ရှိသော ဆိုင်တစ်ဆိုင်နှစ်ဆိုင်မှာ အသက်ရှင်ကျန်ရစ်သူများ ဖွင့်ထားခြင်း ဖြစ်ပေသည်။
သူမ ကြာရှည်စွာ စောင့်ဆိုင်းစရာ မလိုဘဲ ယွမ်ရီဟွေးသည် အထုပ်တစ်ထုပ်နှင့် ပြန်ရောက်လာခဲ့လေ သည်။ သူမ၏ ရှေ့တွင် ထိုင်ကာ အထုပ်ကို ဖွင့်ရင်း သူက ပြောလိုက်လေသည်။
"မစ္စယောင်... ဒီမုန့်ပြားကို မြည်းခွင့်ရတာ တကယ် ကံကောင်းတာပဲ..."
ယောင်ရန်သည် လက်နက်တစ်ခုကဲ့သို့ပင် မာကျောပုံရသော မုန့်ပြားကို ကြည့်ကာ ပြောလိုက်၏။
"ကျွန်မ မဆာသေးဘူး... အစ်ကိုယွမ်ပဲ စားပါ..."
သူမ မုန့်ပြားကို စိတ်မဝင်စားသည်ကို မြင်သဖြင့် ယွမ်ရီဟွေးက ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ကျွန်တော်ပဲ စားလိုက်တော့မယ်..."
ယွမ်ရီဟွေးက မာကျောသော မုန့်ပြားကို စားနေစဉ် ယောင်ရန်က ပြောလိုက်လေ၏။
"အစ်ကိုယွမ်... ကျွန်မဆီမှာ လတ်ဆတ်တဲ့ အသားတွေနဲ့ ကောက်ပဲသီးနှံတွေ ရှိတယ်... ရှင် လိုချင် လား..."
ယွမ်ရီဟွေးသည် သူမ၏ စကားကြောင့် အလွန်အံ့သြသွားကာ မုန့်ပြားနှင့် သီးသွားလေသည်။
"အဟွတ်... အဟွတ်..."
သူ့မှာ ရေမရှိသည်ကို မြင်သဖြင့် ယောင်ရန်က သူမ၏ ကျောပိုးအိတ်ကို အမြန်ဖွင့်ကာ ရေသန့်တစ်ပု လင်း ကမ်းပေးလိုက်လေသည်။ ရေသောက်ပြီးနောက် လည်ချောင်း ရှင်းသွားသောအခါ ယွမ်ရီဟွေးက သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ မေးလိုက်လေသည်။
"မစ္စယောင်... ခင်ဗျား နောက်နေတာာ့တေ မဟုတ်ဘူး မဟုတ်လား..."
ယောင်ရန်က မျက်ခုံးပင့်ကာ မေးလိုက်၏။
"ကျွန်မ စီးပွားရေး လုပ်တဲ့အခါ ရှင့်ကို နောက်ဖူးလို့လား..."
ယွမ်ရီဟွေးက လက်ကို အလျင်အမြန် ယမ်းကာ ရှင်းပြလိုက်၏။
"မစ္စယောင်... ကျွန်တော့် စကားကြောင့် စိတ်မရှိပါနဲ့... လူတွေ ငတ်ပြတ်နေတဲ့ အချိန်မှာ ကောက်ပဲသီးနှံ တွေနဲ့ လတ်ဆတ်တဲ့ အသားတွေကို ရောင်းမယ်ဆိုတော့ ကျွန်တော် အံ့သြသွားလို့ပါ..."
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက သတိထားကာ မေးလိုက်လေသည်။
"မစ္စယောင်... ဒီလတ်ဆတ်တဲ့ အသားတွေကို ဘယ်ကနေ ရတာလဲဆိုတာ ကျွန်တော် သိလို့ ရမလား..."
ယောင်ရန်က အနည်းငယ် ပြုံးကာ မေးလိုက်လေ၏။
"တကယ်လို့ ကျွန်မက ရှင့်ကို အဲဒီမေးခွန်းအတိုင်း ပြန်မေးရင် ရှင် ဖြေမှာလား..."
သူမ၏ အပြုံးမှာ မျက်ဝန်းများအထိ မရောက်သည်ကို သတိပြုမိသဖြင့် ယွမ်ရီဟွေးက ခေါင်းကို အမြန် ခါယမ်းလိုက်လေ၏။ ထို့နောက် သူက ရှက်ကိုးရှက်ကန်း ရယ်မောကာ ပြောလိုက်လေသည်။
"ကျွန်တော် စပ်စုမိသွားတာပါ..."
ယောင်ရန်က နှာခေါင်းရှုံ့ကာ မေးလိုက်၏။
"ဒါဆို... ဒီအပေးအယူကို လုပ်မှာလား၊ မလုပ်ဘူးလား..."
သူမနှင့် အလုပ်တွဲလုပ်ဖူးသဖြင့် ယွမ်ရီဟွေးသည် အမြတ်အစွန်းများကို သိထားပြီးသား ဖြစ်ချေ၏။ ယောင်ရန်က အပေးအယူ တစ်ခုခု ကမ်းလှမ်းလာလျှင် ခက်ခဲပါစေ သူက လက်ခံမည်သာ ဖြစ်သည်။ သူက ခေါင်းငြိမ့်ကာ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်လေသည်။
"လုပ်မှာပေါ့... ကုန်ပစ္စည်းသာ ရှိပါစေ၊ ကျွန်တော် အကုန်လိုချင်တယ်... မစ္စယောင်... ရှေးဟောင်း ပစ္စည်းတွေရော လိုချင်သေးလား... ကျွန်တော့် ဖောက်သည်တချို့က သူတို့ရဲ့ ရှေးဟောင်းပစ္စည်းတွေကို စားစရာနဲ့ ဆေးဝါးတွေနဲ့ လဲချင်နေကြတယ်..."
ယောင်ရန်က ခေါင်းခါကာ ငြင်းလိုက်လေ၏။
"ကျွန်မ ရှေးဟောင်းပစ္စည်းတွေကို စိတ်မဝင်စားတော့ဘူး..."
ယွမ်ရီဟွေး၏ စိတ်နှလုံးသည် လေးလံသွားကာ သူက မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
"ရှေးဟောင်းပစ္စည်းတွေကိုလည်း မလိုချင်ဘူး၊ စားစရာနဲ့ ဆေးဝါးတွေလည်း အလျှံပယ် ရှိနေတယ် ဆိုတော့... ဘာလိုချင်တာလဲ..."
ယောင်ရန်က ပြုံးလျက် ဖြေလိုက်လေသည်။
"ကျွန်မက သတင်းအချက်အလက်နဲ့ ရှင့်ရဲ့ အဆက်အသွယ်တွေကို လိုချင်တာ..."
သူမ၏ စကားကြောင့် ယွမ်ရီဟွေး၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှုနှင့် စပ်စုလိုစိတ်များ ဖြစ်ပေါ်လာ ခဲ့လေ၏။ သူက သူမကို အကဲခတ်ကာ ပြောလိုက်လေသည်။
"မစ္စယောင်... ကျွန်တော်က မှောင်ခိုစျေးကွက် ကုန်သည်လေး တစ်ယောက်ပါ... အဲဒါအတွက် ကျွန်တော် ကူညီနိုင်မယ် မထင်ဘူး..."
ယောင်ရန်က ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။
"အစ်ကိုယွမ်... ကျွင်းချန်မြို့မှာ သူဌေးကြီးလင်းက အတော်ဆုံး မှောင်ခိုကုန်သည် ဆိုတာ လူတိုင်း သိထားတာပဲ... ရှင့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆက်အသွယ်တွေအရ သတင်းလေး နည်းနည်းပေးရတာ လွယ်ကူမှာပါ..."
သူမက သူထင်ထားသည်ထက် ပိုသိနေသည်ကို သိသွားသောအခါ ယွမ်ရီဟွေး မျက်မှောင်ကြုတ် လိုက်လေ၏။ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်လေသည်။
"ကောက်ပဲသီးနှံနဲ့ အသားက ဘယ်လောက်အထိ ရှိမှာလဲ..."
"အဲဒါက ရှင့်ဆီက ရမယ့် သတင်းအချက်အလက် အရည်အသွေးပေါ်မှာ မူတည်တယ်..."
ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
နှစ်ဦးသား တိတ်ဆိတ်စွာ ကြည့်နေကြစဉ် ယွမ်ရီဟွေး၏ စိတ်ထဲ၌ အတွေးများ ရှုပ်ထွေးနေခဲ့လေ၏။ ယောင်ရန်က စောင့်ဆိုင်းနေစဉ် သူက တွေးနေမိလေသည်။
*သူမက ယောင်အုပ်စုရဲ့ အမွေခံ တစ်ယောက်ပဲ မဟုတ်လား... သူမရဲ့ နောက်ကွယ်မှာ အင်အားကြီး တဲ့သူ ရှိနေတာလား... ဒီအပေးအယူအတွက် ငါ စွန့်စားသင့်လား...*
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယွမ်ရီဟွေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
"ခင်ဗျား ဘာသတင်း သိချင်တာလဲ..."
ယောင်ရန်က ကျေနပ်စွာ ပြုံးလိုက်ပြီး အသံကို နှိမ့်ကာ မေးလိုက်လေသည်။
"သေတ္တာတော် ဆိုတဲ့ အဖွဲ့အစည်းအကြောင်း ရှင် သိလား..."
ထိုမေးခွန်းကြောင့် ယွမ်ရီဟွေး၏ မျက်နှာပျက်သွား၏။ သူက ပတ်ဝန်းကျင်ကို သတိထားကာ ကြည့် ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။
"မစ္စယောင်... အဲဒီအဖွဲ့အစည်းက အန္တရာယ်ရှိတယ်... ခင်ဗျားသူတို့နဲ့ မပတ်သက်တာ အကောင်းဆုံး ပဲ..."
ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားကာ ထပ်မံ မေးလိုက်လေ၏။
"ဒါဆို ရှင် သိတာပေါ့..."
ယွမ်ရီဟွေးက ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။
"ကျွန်တော် နည်းနည်းတော့ သိတယ်... နောက်ဆုံး ကြားရတဲ့ သတင်းအရဆိုရင် အခု ဗဟိုအစိုးရကို သေတ္တာတော်နဲ့ ဆက်နွှယ်နေတဲ့သူတွေ ထိန်းချုပ်ထားတယ်လို့ သိရတယ်..."