← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း (၃၄၂) သတင်းအချက်အလက်နှင့် အဆက်အသွယ် (၂)

ယွမ်ရီဟွေးက ခေတ္တရပ်ကာ ထပ်ပြောလိုက်လေသည်။

"ကျွင်းချန် စစ်အခြေစိုက်စခန်းက ဗဟိုအစိုးရဆီကနေ ခွဲထွက်သွားရတဲ့ အကြောင်းရင်းကတော့ အဲဒီ လူတွေက ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ ခဲယမ်းမီးကျောက်တွေကို အမြောက်အမြား တောင်းဆိုနေလို့ပဲ..."

ယောင်ရန်က မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

"ဗဟိုအစိုးရထဲမှာ သူတို့ကို ဆန့်ကျင်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူးလား..."

ယွမ်ရီဟွေးက ထိုမေးခွန်းကို ခေါင်းခါပြလိုက်လေ၏။

"သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှ သဲလွန်စမရှိအောင် ပျောက်ကွယ်သွားကြတာချည်းပဲ..."

ယောင်ရန်သည် ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့ပေ ၏။ သူမက စိတ်ထဲမှ လှောင်ပြုံးပြုံးရင်း၊

*ငါ့အစီအစဉ်ကို အရှိန်မြှင့်ဖို့ လိုနေပြီပဲ...* ဟု တွေးလိုက်လေသည်။

သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် ယွမ်ရီဟွေးက တုံ့ဆိုင်း စွာ အကြံပေးလိုက်လေသည်။

"မစ္စယောင်... ဒီအဖွဲ့အစည်းက အဆက်အသွယ်တွေလည်း အများကြီးရှိသလို နောက်ခံကလည်း အင်မတန် တောင့်တင်းတယ်... ခင်ဗျား ဒီကိစ္စထဲမှာ ဝင်မပါဝင်တာ အကောင်းဆုံးပဲ..."

ယောင်ရန်က သူ့ကို ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် စစ်မှန်သော စိုးရိမ်ပူပန်မှုများကို တွေ့လိုက်ရလေသည်။ သူမက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"မစိုးရိမ်ပါနဲ့... ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိပါတယ်..."

သူမ၏ ယုံကြည်မှုကို မြင်သောအခါ ယွမ်ရီဟွေးလည်း ဘာမှ ထပ်မပြောတော့ပေ။

ခြောက်ကပ်နေသော စျေးဧရိယာကို ဝှေ့ကြည့်ကာ ယောင်ရန်က မှတ်ချက်ပေးလိုက်၏။

"ဒီနေရာက စွန့်ပစ်ထားသလိုပဲနော်..."

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြလေသည်။

"မြူနှင်းတွေနဲ့ ဘီလူးတွေကြောင့် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတာ... အခု ရက်ပိုင်းမှာ လူတွေ အများကြီး ငတ်သေကုန်ကြသလို ဖျားနာပြီး သေတဲ့သူတွေလည်း ရှိတယ်... ကြားရ သလောက်တော့ အဆုတ်ရောဂါကြောင့် သေတဲ့သူ ရာနဲ့ချီရှိပြီး၊ ဒီရက်သတ္တပတ် အနည်းငယ်အတွင်း မှာပဲ လူထောင်ပေါင်းများစွာက ဘီလူးတွေအဖြစ် ပြောင်းလဲသွားကြတယ်လေ..."

ထိုသို့ ပြောပြီးနောက် ယွမ်ရီဟွေးသည် အတွေးနက်သွားခဲ့လေသည်။

သူနှင့် လင်းယိတို့မှာ မြူနှင်းများ၏ ဒဏ်မှလည်းကောင်း၊ ကိုယ်အင်္ဂါ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းမှ လည်းကောင်း အဘယ်ကြောင့် လွတ်မြောက်ခဲ့ကြသည်ကို သူ နားမလည်နိုင်ပေ။ သူ သိထားသလောက် မူ မြူနှင်းနှင့် ရေဒီယိုသတ္တိကြွမှုဒဏ် မခံရသူများမှာ အနည်းငယ်သာ ရှိပြီး၊ အများစုမှာ ပထမ တပ်မတော်မှ စစ်သည်များ ဖြစ်ကြပေ၏။

သူ စဉ်းစားနေစဉ် ယောင်ရန်က သူ့ကို ခဏမျှ အကဲခတ်ကာ မေးလိုက်၏။

"အစ်ကိုယွမ်... သေတ္တာတော် အကြောင်း အသေးစိတ် သတင်းအချက်အလက်တွေ ထပ်စုံစမ်းပေးနိုင် မလား..."

ယွမ်ရီဟွေးက သူမကို စိုက်ကြည့်ကာ ပြန်မေးလိုက်၏။

"ခင်ဗျား ဘယ်လို သတင်းအချက်အလက်မျိုး လိုချင်တာလဲ..."

"သူတို့ရဲ့ ဌာနချုပ်နဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေရှိတဲ့ နေရာတွေကို သိချင်တယ်... ပြီးတော့ သေတ္တာတော် နဲ့ ပတ်သက်တဲ့သူ အားလုံးရဲ့ စာရင်းကိုလည်း လိုချင်တယ်... အသေးစိတ်ကျလေ ပိုကောင်းလေပဲ..."

ဟု ယောင်ရန်က ပြန်ဖြေလိုက်လေ၏။

ယွမ်ရီဟွေးက သူမ၏ တောင်းဆိုမှုကြောင့် မျက်မှောင်ကြုတ်သွား၏။ ခဏမျှ တိတ်ဆိတ်သွားပြီး နောက် သူက ပြောလိုက်လေသည်။

"မစ္စယောင်... ဒီသတင်းတွေက ဈေးကြီးလိမ့်မယ်နော်..."

ယောင်ရန်က ခပ်တိုးတိုး ရယ်မောလိုက်၏။

"ကောက်ပဲသီးနှံနဲ့ အသားတွေက မလုံလောက်ဘူးလို့ ထင်ရင် ဆေးဝါးတွေ ဒါမှမဟုတ် မွေးမြူရေး တိရစ္ဆာန်တွေနဲ့ရော ဘယ်လိုလဲ..."

သူမ၏ စကားကြောင့် ယွမ်ရီဟွေး၏ မျက်လုံးများ ဝင်းလက်သွား၏။ သူက စိတ်လှုပ်ရှားစွာ မေး လိုက်လေသည်။

"ခင်ဗျားဆီမှာ မွေးမြူရေး တိရစ္ဆာန်တွေလည်း ရှိတာလား..."

ယောင်ရန်က ခေါင်းငြိမ့်ပြ၏။

"ဒါပေါ့... မဟုတ်ရင် လတ်ဆတ်တဲ့ အသားတွေက ဘယ်က ရမှာလဲ..."

"ဒါဆို ဆေးဝါးရော... ဘယ်လို ဆေးဝါးမျိုးတွေ ရှိတာလဲ..."

ယွမ်ရီဟွေးက စိတ်အားထက်သန်စွာ မေးလိုက်ပြန်သည်။ ယောင်ရန်က သူ့အနားသို့ တိုးကပ်ကာ အသံကို နှိမ့်၍ တိုးတိုးလေး ပြောလိုက်လေသည်။

"မျိုးဗီဇပြောင်းလဲတာနဲ့ ကိုယ်အင်္ဂါ ရုပ်ပျက်ဆင်းပျက်ဖြစ်တာတွေကို ကုသပေးနိုင်တဲ့ အမျိုးအစား ပေါ့..."

ထိုစကားကို ကြားသော် ယွမ်ရီဟွေးသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မှင်တက်သွား၏။

ဤနံနက်က သူ၏ လူများ သတင်းလာပို့သည်မှာ ဒုတိယတပ်မတော်မှ စစ်သည်ထောင်ပေါင်းများစွာ သည် သူတို့၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဝေဒနာများမှ ရုတ်တရက် ပြန်လည်သက်သာလာကြ သည် ဟူ၏။ အချို့ဆိုလျှင် စွမ်းအားများပင် ရရှိလာကြပြီး၊ ယခုအခါ တုကျောက်ယီ၏ တိုက်ရိုက်အမိန့် ဖြင့် အထူးတပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်ပေသည်။

သူသည် သူမအား အံ့အားသင့်စွာ ကြည့်ကာ မယုံကြည်နိုင်ဘဲ မေးလိုက်လေသည်။

"ဒါဆို ဒုတိယတပ်မတော်က စစ်သည်တွေကို ဆေးဝါးထောက်ပံ့ပေးနေတဲ့သူက ခင်ဗျား ပေါ့လေ..."

ယွမ်ရီဟွေး၏ အဆက်အသွယ် ကွန်ရက် မည်မျှ ကျယ်ပြန့်သည်ကို သိထားသဖြင့် ယောင်ရန်သည် အမှန်တရားကို ဖုံးကွယ်မထားတော့ပေ။ သူသည် မကြာမီ သိရှိသွားမည် ဖြစ်သဖြင့် သူမက ပွင့်ပွင့် လင်းလင်းပင် ခေါင်းငြိမ့်ဝန်ခံလိုက်လေသည်။

"ဟုတ်တယ်..."

သူမ၏ အဖြေကို ကြားပြီးနောက် ယွမ်ရီဟွေးသည် ဤအပေးအယူမှ အကျိုးအမြတ် အများဆုံးရရန် စီမံကိန်းများကို စိတ်ထဲမှ ရေးဆွဲနေ၏။ ခဏအကြာတွင် သူက ပြောလိုက်လေသည်။

"မစ္စယောင်... ဆေးဝါးတွေကို အရင်ကြည့်ချင်တယ်..."

ယောင်ရန်သည် သူ အပေးအယူကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိသဖြင့် မတ်တပ်ရပ်ကာ မေးလိုက် လေသည်။

"ကျွန်မဆီမှာ လက်ဖက်ရည် သောက်ရင်း ကြည့်မလား..."

"ကောင်းပါပြီ..."

ယွမ်ရီဟွေးက သဘောတူလိုက်လေ၏။

သူတို့နှစ်ဦး စျေးဧရိယာမှ ထွက်ခွာသွားစဉ်၊ သူတို့ထိုင်ခဲ့သော နေရာနှင့် မျက်နှာချင်းဆိုင်ရှိ မှောင်မည်း သော လမ်းကြားထဲမှ ပဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသော အမျိုးသားတစ်ဦး ထွက်လာ၏။ သူသည် ထွက်ခွာသွားသော ကျောပြင်နှစ်ခုကို ခဏမျှ ကြည့်နေပြီးနောက် လမ်းကြားမှောင်မှောင်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့လေတော့သည်။

ထိုနေရာနှင့် မလှမ်းမကမ်းတွင် ယောင်ရန်သည် မှောင်မည်းသော လမ်းကြားဘက်သို့ ခဏမျှ ဝှေ့ကြည့် လိုက်လေ၏။ သူမ၏ မျက်ဝန်းများမှာ ခဏမျှ ဝင်းလက်သွားပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးက လေးတစ်ခု ပေါ်လာခဲ့လေသည်။

သူမဘေးတွင် လမ်းလျှောက်နေသော ယွမ်ရီဟွေးက သူမ လမ်းကြားဘက်ကို ကြည့်နေသည်ကို သတိပြုမိသဖြင့် မေးလိုက်လေသည်။

"မစ္စယောင်... ဘာဖြစ်လို့လဲ..."

ယောင်ရန်က လမ်းကြားဘက်မှ အကြည့်ကို လွှဲလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ဘာမှ မဟုတ်ပါဘူး..."

တစ်ဖက်တွင်မူ ဗီလာအတွင်း၌ လုံယုနှင့် ရှီရွှမ်းတို့မှာ အိပ်ရာမှ နိုးနေကြပြီ ဖြစ်သည်။

ထမင်းစားပွဲပေါ်ရှိ ယောင်ရန် ထားခဲ့သော မှတ်စုကို မြင်သောအခါ လုံယုက ပြောလိုက်လေ၏။

"အာရွှမ်း... မင်း အရင်စားနှင့်လေ... ငါကတော့ ရန်ရန် ပြန်လာမှ အတူတူ စားတော့မယ်..."

"ကောင်းပါပြီ..."

ရှီရွှမ်းက ခေါင်းငြိမ့်ကာ ပန်းကန်ယူရန် မီးဖိုချောင်သို့ သွား၏။ လုံယုမှာမူ ဧည့်ခန်းတွင် ထိုင်ကာ သူ၏ လေစွမ်းအင်ကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်နေလျက်ရှိလေသည်။

နာရီဝက်ခန့် ကြာသောအခါ ယောင်ရန်သည် ဗီလာ၏ ခြံဝင်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်လာခဲ့လေ သည်။ သူမ ၏ နောက်တွင် လိုက်ပါလာသော ယွမ်ရီဟွေးက မှတ်ချက်ပေးလိုက်လေသည်။

"မစ္စယောင်... ဒီဗီလာကို ရဖို့ ရိက္ခာတွေ အများကြီး ပေးခဲ့ရမှာပဲနော်..."

ယောင်ရန်သည် ရွှီချီဖန်ကို ပေးခဲ့သော ရိက္ခာများကို တွေးတောရင်း ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်တယ်... အတော်လေး များတယ်လို့ ပြောလို့ရတယ်..."

သူတို့ ဗီလာအတွင်းသို့ ဝင်လာစဉ် ယောင်ရန်၏ အသံကို ကြားသဖြင့် လုံယုက တံခါးသွားဖွင့်ပေး လိုက်လေသည်။ သူမနှင့်အတူ ယွမ်ရီဟွေးကို မြင်သောအခါ သူက မျက်ခုံးအနည်းငယ် ပင့်ကာ ပြောလိုက်လေသည်။

"အစ်ကိုယွမ်... မတွေ့တာ ကြာပြီနော်..."

All Chapters