အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း (၃၄၃)
ယွမ်ရီဟွေးက ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်၏။
"ညီလေးလုံ... နေကောင်းရဲ့လား..."
လုံယုက သူတို့ကို အထဲဝင်ရန် လမ်းဖယ်ပေးရင်း ပြန်ဖြေလိုက်လေ၏။
"အရင်လိုပါပဲ... အစ်ကိုယွမ်တို့နဲ့ အစ်ကိုလင်းရော ဘယ်လိုလဲ..."
သူသည် လုံယုနှင့် ယောင်ရန်တို့၏ နောက်မှ ဧည့်ခန်းသို့ လိုက်သွားရင်း ယွမ်ရီဟွေးက ဖြေလိုက်လေ သည်။
"ညီလေးလုံနဲ့ မစ္စယောင်တို့ အချိန်မီ ကူညီပေးခဲ့လို့ ကျွန်တော်တို့ နှစ်ယောက်လုံး ဘေးကင်းပါတယ်၊ အခုဆို လုံးဝ ပြန်သက်သာနေပြီ... ခန္ဓာကိုယ်က အရင်လို သိပ်မသန်စွမ်းတော့တာ တစ်ခုပဲ ရှိတာပါ..."
ထိုဖြစ်ရပ်ပြီးနောက် လင်းယိနှင့် ယွမ်ရီဟွေးတို့၏ ခန္ဓာကိုယ်များမှာ တစ်စုံတစ်ရာ ထိခိုက်ပျက်စီး သွားလိမ့်မည် ဖြစ်ကြောင်း ယောင်ရန်က လုံယုကို ပြောပြထားပြီး ဖြစ်သဖြင့် ယွမ်ရီဟွေး၏ အဖြေကို သူ အံ့သြခြင်း မရှိပေ။
ဧည့်ခန်းသို့ ရောက်သောအခါ လုံယုက ယွမ်ရီဟွေးကို နေရာပေးရင်း ပြောလိုက်၏။
"ထိုင်ပါဦး အစ်ကိုယွမ်..."
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ လုံယုက မေးလိုက်လေသည်။
"အစ်ကိုယွမ်... ဒီနေရာကို ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ..."
လုံယုကို ကြည့်ကာ ယွမ်ရီဟွေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ ဒီနေ့ အမှတ်မထင် ဆုံမိတာပါ... အပြင်မှာ စကားပြောဖို့ သင့်တော်တဲ့ နေရာမဟုတ်လို့ မစ္စယောင်က ဒီကို ဖိတ်ခေါ်ခဲ့တာပါ..."
ထိုစကားကို ကြားသော် လုံယု၏ စိတ်ဝင်စားမှုမှာ ပိုမို ပြင်းပြလာ၏။ သူက မိမိ၏ ချစ်သူကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုယွမ်နဲ့ အဲဒီကိစ္စကို ပြောပြီးပြီလား..."
ယောင်ရန်က ခေါင်းငြိမ့်ကာ အတည်ပြုလိုက်လေ၏။ ထို့နောက် သူမက လက်ကို လှန်လိုက်ရာ ကျောက်စိမ်းရောင် စွမ်းအင်များဖြင့် ပြည့်နေသော ဖန်ပုလင်းငယ်လေး တစ်ခု သူမ၏ လက်ဝါးပြင် ပေါ် သို့ ပေါ်လာခဲ့လေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယွမ်ရီဟွေး၏ မျက်လုံးများ အံ့သြမှင်သက်သွားလေသည်။
"မစ္စယောင်... ခင်ဗျားက နေရာလွတ် စွမ်းအားကို ပိုင်ဆိုင်ထားတာလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြပြီး ရေကန်ရေများဖြင့် ပြည့်နေသော ဖန်ပုလင်းငယ်လေးကို စားပွဲပေါ်သို့ တင် ကာ ပြောလိုက်လေသည်။
"ဒါက ရုပ်ပျက်ဆင်းပျက်ဖြစ်တာတွေကို ကုစားပေးတဲ့ ဆေးပါ..."
ယွမ်ရီဟွေးက ဖန်ပုလင်းကို ယူကာ အနီးကပ် ကြည့်ရှုလေ၏။ အတွင်းမှ ပွင့်လင်းသော အရည်ကို ကြည့်ကာ သူက တွေးလိုက်၏။
*ဒီဆေးကတော့ ရိုးရိုးရေနဲ့ပဲ တူနေပါလား...*
သူ ဖန်ပုလင်းကို စစ်ဆေးနေစဉ် ယောင်ရန်က ပြောလိုက်လေ၏။
"အစ်ကိုယွမ်... ရှင် စမ်းသပ်ကြည့်ဖို့ အတွက် ဒီဆေးကို ငါးကြိမ်စာ ပေးပါ့မယ်... ရှင် ကျေနပ်တယ်ဆို ရင် နောက်ထပ် နှစ်ရာကြိမ်စာကို စရံငွေအဖြစ် ပေးမယ်... ဘယ်လိုလဲ..."
ယွမ်ရီဟွေးသည် ယောင်ရန် မဟုတ်မမှန် ပြောမည်မဟုတ်ဟု ယုံကြည်သော်လည်း သူသည် ဆေး၏ အကျိုးသက်ရောက်မှုကို သတင်းများမှသာ ကြားဖူးပြီး ကိုယ်တိုင် မမြင်ဖူးပေ။ သူမက ငါးကြိမ်စာကို စမ်းသပ်ရန် ကမ်းလှမ်းလာသည်ဖြစ်ရာ သူသည် ၎င်း၏ အစွမ်းကို စစ်ဆေးပြီး တန်ဖိုးကို အကဲခတ်ရန် စီစဉ်ထားခြင်းဖြစ်လေသည်။
ထိုအကြံဖြင့် သူက ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ မစ္စယောင်ရဲ့ ကြီးမားတဲ့ စေတနာအတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ..."
ထိုစကားကို ကြားသော် ယောင်ရန်က ပြုံးလိုက်လေ၏။
"ဒီကိစ္စကို သဘောတူပြီးပြီ ဆိုတော့... ကောက်ပဲသီးနှံနဲ့ အသားတွေအကြောင်းကိုလည်း ပြောကြရ အောင်..."
ယွမ်ရီဟွေးက ဖန်ပုလင်းငယ်လေးကို စားပွဲပေါ်သို့ ချကာ မေးလိုက်လေသည်။
"မစ္စယောင်က ဆေးဝါးကို သတင်းအချက်အလက်အတွက် လဲလှယ်တာဆိုတော့... ကောက်ပဲသီးနှံတွေ၊ အသားတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေအတွက် ဘာကို လိုချင်တာလဲ..."
"ကျွန်မက ရှင့်ရဲ့ အဆက်အသွယ်တွေကို လိုချင်တာ..." ဟု သူမက ပြန်ဖြေလိုက်လေ၏။
သူမ၏ တောင်းဆိုမှုကို လုံးဝ နားမလည်သောကြောင့် ယွမ်ရီဟွေးက မေးလိုက်လေသည်။
"အဆက်အသွယ်တွေ ဆိုတာ ဘာကို ဆိုလိုတာလဲ..."
ယောင်ရန်က လုံယုကို ခဏမျှ ကြည့်ကာ ရှင်းပြလိုက်၏။
"အာယုနဲ့ ကျွန်မက ကျွန်မတို့ အဖွဲ့ထဲကို လူတွေ ပိုများများ ခေါ်ယူဖို့ စီစဉ်ထားတယ်..."
"ကျွန်မတို့ ယုံကြည်စိတ်ချရတဲ့ စွမ်းအားရှင်တွေ လိုအပ်တယ်... ဒါပေမဲ့ သူတို့ အများစုကတော့ စစ်တပ် ထဲကို ဝင်သွားကြပြီ ဒါမှမဟုတ် ကိုယ်ပိုင်အဖွဲ့တွေ ဖွဲ့ထားကြပြီ... ဒါပေမဲ့ ရှင့်ရဲ့ အဆက်အသွယ်တွေနဲ့ သတင်းအချက်အလက် ကွန်ရက်က ကျွန်မတို့ လိုချင်တဲ့ လူတွေကို ရှာဖွေဖို့ ကူညီပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်..."
ထိုသို့ ပြောပြီးနောက် ယောင်ရန်က သူမ၏ နေရာလွတ်ထဲမှ လူစာရင်းတစ်ခုကို ထုတ်ယူကာ ယွမ်ရီဟွေး ရှေ့တွင် တင်လိုက်ပြီး ထပ်ပြောလိုက်လေသည်။
"ကျွန်မရဲ့ တောင်းဆိုချက်က ဒီစာရင်းထဲက လူတွေကို ရှာဖွေပေးဖို့ပါ..."
ယွမ်ရီဟွေးက လူစာရင်းကို ယူသောအခါ ယောင်ရန်က ဆက်ပြောလိုက်၏။
"ကျွန်မက ဆန်ငါးရာကီလိုနဲ့ အမဲသား ငါးကီလိုကို စရံငွေအဖြစ် ပေးမယ်... ရှင် သူတို့အကြောင်း သတင်းအချက်အလက်တွေ ယူလာရင် ငါးဆ ပိုပေးမယ်... ကြက်နှစ်ကောင်နဲ့ ငါးအနည်းငယ်လည်း ပေးမယ်..."
စာရင်းထဲက နာမည်တွေကို ဖတ်ပြီးနောက် ယွမ်ရီဟွေးက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"မစ္စယောင်... ကျွန်တော် ဒီလူတွေအကြောင်း ဘယ်တုန်းကမှ မကြားဖူးဘူး... ခင်ဗျား သူတို့ကို ခေါ်ချင်တယ်ဆိုတာ သေချာရဲ့လား..."
ယောင်ရန်က ခေါင်းငြိမ့်လိုက်လေ၏။
"ဟုတ်တယ်... အစ်ကိုယွမ်... ကျွန်မတို့ အပေးအယူ လုပ်ကြမလား..."
သူ၏ အစ်ကိုနှင့် အခြား ညီအကိုများမှာ ငတ်ပြတ်နေကြသည်ကို တွေးတောကာ ယွမ်ရီဟွေးက အမြန်ဆုံး ဆုံးဖြတ်ချက် ချလိုက်၏။ သူက သူမကို ကြည့်ကာ ပြောလိုက်လေသည်။
"လုပ်ကြမယ်..."
သူမ လိုချင်သော အဖြေကို ရရှိသဖြင့် ယောင်ရန်မှာ ပျော်ရွှင်နေခဲ့တော့သည်။
"ကောင်းတယ်... ဆန်နဲ့ အသားတွေကို သယ်ယူဖို့ လူတွေ ခေါ်လာဖို့ ပြန်သွားရဦးမှာလား..."
ယွမ်ရီဟွေးက ခေါင်းငြိမ့်လိုက်လေ၏။
"ဟုတ်တယ်..."
ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မ ဆန်နဲ့ အသားတွေကို ပြင်ဆင်ထားမယ်... ရှင် ပိုများတဲ့ အကူအညီတွေကို ခေါ်လာခဲ့ပေါ့..."
အပေးအယူ ပြီးဆုံးသွားသောအခါ ယွမ်ရီဟွေးက ပြောလိုက်၏။
"ညီလေးလုံ... မစ္စယောင်... ကျွန်တော် သွားတော့မယ်..."
ထိုစကားကို ပြောပြီးနောက် သူက လင်းယိ၏ ဗီလာသို့ အမြန်ဆုံး ပြန်သွားခဲ့လေတော့သည်။
ယွမ်ရီဟွေး ထွက်သွားပြီးနောက် လုံယုက မေးလိုက်လေ၏။
"ရန်ရန်... မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ..."
ယောင်ရန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
"စောင့်ကြည့်နေလိုက်ပါ..."
ယွမ်ရီဟွေးက ယောင်ရန်နှင့် သူ၏ အပေးအယူအကြောင်းကို လင်းယိကို အသိပေးရန် သွားနေစဉ် သူမနှင့် လုံယုတို့က ထမင်းစားခန်းတွင် နောက်ကျသော နေ့လယ်စာကို အတူတူ စားသောက်ရန် ထိုင်လိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် ကျွင်းချန် စစ်အခြေစိုက်စခန်း အပြင်ဘက်၌ ဝူယဲ့ဟောင်မှာ ပြင်းထန်သော တိုက်ပွဲ ဝင်နေခဲ့လေ၏။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဘီလူးအရေအတွက် တိုးပွားလာသည်ကို ကြည့်ကာ သူက တည်ငြိမ်စွာ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ မိုးကြိုးစွမ်းအင်ကို ဖွင့်ပေးလိုက်လေသည်။
ခဏအကြာတွင် မိုးတိမ်များ အဆက်မပြတ် ပေါ်လာကာ ယွမ်ယဲ့ဟောင်ကို အလယ်ဗဟိုထား၍ သုံးရာမီတာ အချင်းဝက်ကို ဖုံးအုပ်ထားလျက်ရှိလေ၏။
"ဂျိန်း... ဂျိန်း... ဝေါ... ဝေါ"
မိုးကြိုးနှင့် မိုးသံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး လေထုထဲတွင် လျှပ်စစ်ဓာတ်များ ပြည့်နှက် နေလျက်ရှိလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် မိုးတိမ်များထဲမှ လျှပ်စီးများ လက်နေခဲ့လေသည်။ မည်သူမျှ ကွဲကွဲပြားပြား မမြင်မီမှာပင် ရွှေရောင် မိုးကြိုးတစ်ခု ကျဆင်းလာခဲ့လေတော့သည်။
"ဂျိန်း…ဝုန်း…"
ရွှေရောင် မိုးကြိုးသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဘီလူးအုပ်စုပေါ်သို့ ကျဆင်းလာရာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။ ပထမ မိုးကြိုးကျပြီးနောက် ဝူယဲ့ဟောင် လက်ခုပ်တီး တိုင်းမှာပင် ရွှေရောင် မိုးကြိုးတစ်ခု ကျဆင်းလာကာ နောက်ထပ် ဘီလူးများကို ဖျက်ဆီးပစ် လျက်ရှိလေ၏။
နံရံထိပ်မှ မြင်ကွင်းကို ကြည့်နေသော ဝူလျန်က လျှာကို ပွတ်ကာ ပြောလိုက်လေ၏။
"အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားကို မျှော်လင့်ထားသလိုပါပဲ... ဒီဖျက်ဆီးရေးစွမ်းအားက တကယ်ကို အံ့မခန်းပါပဲ..."
သူ့ဘေးတွင် ရပ်နေသော လီထျန်းယုက မေးလိုက်၏။
"ဘာလို့ ကျွန်တော်ကို ဒီကို ခေါ်လာတာလဲ... ဒါကို ပြဖို့ပဲ မဟုတ်ဘူး မဟုတ်လား..."
ဝူလျန်က ရယ်မောကာ ပြန်ဖြေလိုက်၏။
"ကပ္ပိတိန်လီ... ခင်ဗျား တကယ်ပါပဲ... ဒီလို အစွမ်းထက်တဲ့ စွမ်းအားရှင်တောင် ခင်ဗျားကို စိတ်ဝင် စားအောင် မလုပ်နိုင်ဘူးလား..."
သူ၏ စကားကို စိတ်မရှည်တော့သဖြင့် လီထျန်းယုက ပြောလိုက်၏။
"ပြောစရာရှိရင် ပြောပါ... ကျွန်တော် အချိန်မဖြုန်းချင်ဘူး..."
လီထျန်းယု၏ စရိုက်ကို သိသော ဝူလျန်က စကားလမ်းကြောင်းကို မလည်မရှက်တော့ဘဲ ပြောလိုက် လေသည်။
"ဒီနေ့ ခင်ဗျားတို့ ပြန်ယူလာတဲ့ ဆေးဝါးရဲ့ မူလအရင်းအမြစ်ကို ကျွန်တော် သိချင်တယ်..."
လီထျန်းယုက သူ့အား ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
"ကျွန်တော် မပြောဘူး..."
သူ့ကို ခေါင်းကိုက်ချင်စရာ မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်သောအခါ ဝူလျန်က ထူးဆန်းသော အပြုံးဖြင့် မေးလိုက်လေသည်။
"မစ္စယောင်ပေါ့... ဟုတ်တယ် မဟုတ်လား..."
လီထျန်းယုသည် ယောင်ရန်က ဆေးဝါးထောက်ပံ့ပေးကြောင်း လူတွေ မကြာခင်သိသွားမှာကို သိထားသော်လည်း သူကိုယ်တိုင် အတည်မပြုသရွေ့ ဝူလျန်မှာ ခန့်မှန်းရုံသာ ရှိမည် ဖြစ်သည်။
ထိုအကြံဖြင့် လီထျန်းယုက ပြောလိုက်၏။
"ကျွန်တော့်ရဲ့ တာဝန်က ဆေးဝါးကို ပြန်ယူလာဖို့ပါပဲ... ခင်ဗျား ပိုသိချင်ရင် တပ်ကြပ်တုကို မေးလိုက် ပါ..."
ဝူလျန်က လီထျန်းယု၏ မျက်နှာအမူအရာကို ခဏမျှ လေ့လာပြီးနောက် ပခုံးကို တွန့်ပြလိုက်၏။
"ကောင်းပြီ... ကျွန်တော် တပ်ကြပ်တုကို နောက်မှ မေးလိုက်မယ်..."