အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း (၃၅၀) တရားဝင် သတင်း
ယောင်ရန်၏ စိတ်ပျက်သွားသော အမူအရာကို သတိထားမိသောအခါ ယွမ်ရီဟွေးက ပြောလိုက် လေသည်။
"မိန်းကလေးယောင်… ဆင်းရဲသားရပ်ကွက်မှာ နေထိုင်တဲ့သူနဲ့ ပတ်သက်ပြီး... သူက လွန်ခဲ့တဲ့ ရက် အနည်းငယ်က ကျွန်တော်တို့ကို ဆက်သွယ်လာခဲ့ပါတယ်..."
ထိုစကားကြောင့် ယောင်ရန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ သည်။
"သူက ဘာလို့ ရှင့်ကို ဆက်သွယ်လာတာလဲ..."
ယွမ်ရီဟွေးက ပြန်ဖြေလေသည်။
"သူက အစ်ကိုလုံရဲ့ ခိုလှုံရေးစခန်း တည်နေရာနဲ့ ပိုင်ရှင် ဘယ်သူလဲဆိုတာကို မေးမြန်းနေခဲ့တာ... သူ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အချက်အလက်တွေကို ကြည့်ရတာ သူက သူ့လူတွေနဲ့အတူ အစ်ကိုလုံရဲ့ အဖွဲ့ထဲ ဝင်ဖို့ စီစဉ်နေပုံရတယ်..."
လက်တင်ခုံပေါ်တွင် သူမ၏ လက်ချောင်းများကို ညင်သာစွာ ခေါက်နေရင်း ယောင်ရန်သည် အတွေးနက် သွားခဲ့လေ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်လေးတစ်ခု ပေါ် လာခဲ့လေသည်။
ယွမ်ရီဟွေးကို ကြည့်ကာ သူမက ပြောလိုက်လေသည်။
"အစ်ကိုယွမ်… ကျွန်မ သူနဲ့ တွေ့လို့ရအောင် ကူညီ စီစဉ်ပေးနိုင်မလား..."
ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြလေ၏။
"ရပါတယ်... သူ့ကို ဘယ်အချိန် တွေ့ချင်တာလဲ..."
"တတ်နိုင်သမျှ အမြန်ဆုံးပေါ့..."
ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေးက ပြောလိုက်လေ၏။
"ကောင်းပါပြီ... ကျွန်တော် ပြန်ရောက်တာနဲ့ ချက်ချင်းပဲ အစည်းအဝေးကို စီစဉ်လိုက်ပါ့မယ်..."
ထိုသို့ ပြောနေစဉ်မှာပင် လုံယုသည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့လေသည်။ သူ၏ ချစ်သူ ထိုနေရာတွင် ထိုင်နေသည်ကို မြင်သောအခါ သူက ပြုံးကာ မေးလိုက်လေသည်။
"ရန်ရန်... ဘယ်အချိန်က နိုးနေတာလဲ... ကိုယ် အခုပဲ အပေါ်တက်ပြီး သွားနှိုးမလို့..."
ယောင်ရန်သည် သူ့ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်လေ၏။
"ကျွန်မ အခုလေးတင် နိုးတာပါ... မီးဖိုချောင်ထဲမှာ ဘာတွေလုပ်နေတာလဲ..."
သူက စားမရသော အစားအစာတစ်ခုခုကို ထပ်ချက်နေမည်ကို သူမ စိုးရိမ်နေကြောင်း သိထားသဖြင့် လုံယုက ပြန်ဖြေလိုက်လေသည်။
"ကိုယ်က ပေါက်စီတွေကို နွှေးပြီး အာရွှမ်းကို နံနက်စာ ပြင်ဆင်တာကို ကူညီပေးနေတာပါ... အခု စားတော့မလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီး လင်းယိနှင့် ယွမ်ရီဟွေးတို့ဘက်သို့ လှည့်လိုက်လေ၏။ သူမက မေး လိုက်လေသည်။
"သူဌေးကြီးလင်း… အစ်ကိုယွမ်... ကျွန်မတို့နဲ့အတူ နံနက်စာ ဝင်စားသွားပါလား..."
မြူခိုးများ ပေါ်လာကတည်းက လင်းယိနှင့် အခြားသူများမှာ ရိက္ခာများကို ချွေတာရန်အတွက် ဖိသိပ် ထားသော ဘီစကစ်မုန့်များကိုသာ စားသောက်နေခဲ့ရပြီး ကျန်ရှိနေသော ရိက္ခာများကို ရောင်းချခြင်းဖြင့် သူတို့၏ ဖောက်သည်များကို မနည်း ထိန်းသိမ်းထားခဲ့ရလေသည်။
ရိက္ခာများ၏ တန်ဖိုးအရ ဖိတ်ကြားချက်ကို ငြင်းပယ်ခြင်းကသာ ယုတ္တိကျသော ဆုံးဖြတ်ချက် ဖြစ်သော် လည်း လေထဲ၌ လွင့်ပျံနေသော ပေါက်စီများ၏ မွှေးပျံ့သော အနံ့က လင်းယိအတွက် ငြင်းဆန်ရန် ခက်ခဲ စေခဲ့ပေသည်။
တိတ်တဆိတ် တံတွေးမျိုချလိုက်ရင်း လင်းယိသည် မျက်နှာပြောင်တိုက်ကာ ဖိတ်ကြားချက်ကို လက်ခံ လိုက်လေသည်။
"ကောင်းပါပြီ... ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးယောင်..."
သူ၏ အစ်ကိုဝမ်းကွဲ၏ တုံ့ပြန်မှုကို ကြားသောအခါ ယွမ်ရီဟွေး၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့လေ တော့၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ အစ်ကိုဝမ်းကွဲက ယောင်ရန်၏ ဖိတ်ကြားချက်ကို လက်ခံ လိုက်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အရသာရှိသော အစားအစာ၏ အနံ့ကိုသာ ရှူရှိုက် ရင်း ဗိုက်ဆာပြေ ရေသောက်ရန်အတွက်သာ ပြန်လှည့်သွားရမည် ဖြစ်လေသည်။
လင်းယိက ဖိတ်ကြားချက်ကို လက်ခံလိုက်သဖြင့် ယောင်ရန်သည် မတ်တပ်ရပ်ကာ လုံယု၏ လက်ကို ကိုင်ရင်း ပြောလိုက်လေသည်။
"ဒါဆိုလည်း အစားအစာတွေ မအေးသွားခင် စားကြရအောင်..."
ထို့နောက် သူတို့လေးဦးသည် ထမင်းစားခန်းဆီသို့ ဦးတည်သွားကြလေ၏။ သူတို့ အထဲသို့ ဝင်သွားစဉ် ရှီရွှမ်းသည် ကြွပ်ရွသော အသားသွပ် မုန့်ပြားတောင်းကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လေသည်။
တောင်းကို စားပွဲပေါ်၌ ချထားလိုက်ရင်း ရှီရွှမ်းသည် လင်းယိနှင့် ယွမ်ရီဟွေးတို့ကို သတိပြုမိသွား ခဲ့လေ၏။ သူက သူတို့ကို နှုတ်ဆက်ကာ ပြောလိုက်လေသည်။
"အစ်ကိုလင်း၊ အစ်ကိုယွမ်... ကျေးဇူးပြုပြီး ထိုင်ကြပါဦး..."
လူတိုင်း ထိုင်ပြီးသွားသောအခါ ရှီရွှမ်းသည် သူတို့၏ ပန်းကန်လုံးများထဲသို့ ကြက်ဥဆန်ပြုတ်များ ထည့် ပေးလိုက်ပြီး သူတို့ စတင် စားသောက်ကြလေသည်။ နံနက်စာ စားသောက်ပြီးနောက် လင်းယိနှင့် ယွမ်ရီဟွေးတို့သည် ရိက္ခာများကို သယ်ဆောင်ရန် သူတို့၏ အလုပ်သမားများကို ခေါ်လိုက်ကြလေ၏။
တစ်နာရီ ကြာပြီးနောက် အလုပ်သမားများထဲမှ တစ်ဦးက အစီရင်ခံလေသည်။
"သူဌေး... အားလုံးကို ကားပေါ် တင်ပြီးသွားပါပြီ..."
လင်းယိက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ယောင်ရန်နှင့် လုံယုတို့ဘက်သို့ လှည့် ပြောလိုက်လေသည်။
"မိန်းကလေးယောင်… ကျွန်တော် ခင်ဗျားရဲ့ တောင်းဆိုချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက် အောင် လုပ်ပေးပါ့မယ်... ဒီရိက္ခာတွေနဲ့ဆိုရင်တော့ လောလောဆယ် ဘာပြဿနာမှ မရှိနိုင်တော့ပါ ဘူး..."
"ကောင်းပါပြီ... ရှင်တို့ဆီက သတင်းကောင်းကို ကျွန်မ စောင့်နေပါ့မယ်..."
ယောင်ရန်က ပြန်လည်ဖြေလိုက်လေသည်။
နှုတ်ဆက်စကားများ ဆိုကြပြီးနောက် လင်းယိနှင့် သူ၏ အဖွဲ့သည် ရိက္ခာများနှင့်အတူ ဗီလာမှ ထွက်ခွာ သွားခဲ့ကြလေ၏။
လူတိုင်း ထွက်သွားပြီးနောက် ရှီရွှမ်းက ပြောလိုက်လေသည်။
"ခေါင်းဆောင်… ယောင်ရန်... ဒီနေ့ အလုပ်သမားတစ်ယောက်ဆီကနေ တရားဝင် သတင်းတစ်ခု ကြား လိုက်ရတယ်..."
"ဘာသတင်းလဲ..."
ယောင်ရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ၏။
"မြို့သစ်က ကုန်သွယ်ရေး ဈေးကွက်ကို အများပြည်သူအတွက် တရားဝင် ဖွင့်လှစ်လိုက်ပြီတဲ့... အဲ့ဒီမှာ ဆိုင် အမျိုးအစား နှစ်မျိုး ရှိတယ် ၊ တရားဝင်ဆိုင်တွေနဲ့ လွတ်လပ်တဲ့ ဆိုင်ခန်းတွေပေါ့... တရားဝင်ဆိုင် တွေက နေ့စဉ်သုံး ပစ္စည်းတွေကို ရောင်းချပြီး လွတ်လပ်တဲ့ ဆိုင်ခန်းတွေမှာတော့ ပစ္စည်းတွေက ပိုင်ရှင် တွေအပေါ်မှာပဲ မူတည်တယ်..."
ရှီရွှမ်းက အထဲသို့ လျှောက်ဝင်လာရင်း ရှင်းပြနေခဲ့လေသည်။
ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုဖြင့် လင်းလက်သွားခဲ့၏။
သူမ၏ အတိတ်ဘဝတွင် သူမသည် လန်ကွမ်းဟွေ့နှင့် သူ၏ မိသားစုအတွက် အစားအစာ ရှာဖွေရာ၌ အလွန် အလုပ်ရှုပ်နေခဲ့သဖြင့် ကုန်သွယ်ရေး ဈေးကွက်သို့ ကောင်းစွာ မသွားရောက်နိုင်ခဲ့ပေ။ ရှားရှားပါး ပါး သွားဖြစ်သည့် အချိန်များတွင်လည်း အိပ်ရေးပျက်သည့် ညများကြောင့် ပင်ပန်းနွမ်းနယ်မှုက သူမ၏ ဆင်ခြင်တုံတရားကို ဝေဝါးစေခဲ့ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုစိတ်များ ပျောက်ဆုံးစေခဲ့လေသည်။
သူမ၏ အတိတ်ဘဝက အတွေ့အကြုံများကို ပြန်လည် စဉ်းစားမိသောအခါ သူမသည် စိတ်ထဲမှ သက်ပြင်းချလိုက်ကာ တွေးလိုက်မိလေသည်။
*အဲ့အချိန်တုန်းက ငါ အရမ်းကို မျက်ကန်းဖြစ်ပြီး မိုက်မဲခဲ့တာပဲ...*
သူမ၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သောအခါ လုံယုသည် သူမ၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်လေသည်။
"ရန်ရန်... ဒီနေ့ ငါတို့မှာ အရေးတကြီး လုပ်စရာ ဘာမှ မရှိဘူးဆိုတော့ ကုန်သွယ်ရေး ဈေးကွက်ကို သွား လည်ကြမလား... အဲ့ဒီမှာ ကောင်းတဲ့အရာ တစ်ခုခုကို ငါတို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်လေ..."
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေ၏။
"အင်း... လောလောဆယ် ရိက္ခာတွေရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ ကျွန်မ စူးစမ်းချင်နေတာ..."
သူမ သဘောတူလိုက်သည်နှင့် လုံယုသည် ရှီရွှမ်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"အာရွှမ်း... မင်း ငါတို့နဲ့ လိုက်မလား..."
ရှီရွှမ်းက ရယ်မောလိုက်ပြီး ခေါင်းခါပြလေ၏။
"ဟင့်အင်း... မင်းတို့ နှစ်ယောက်ပဲ သွားကြပါ... ငါက ကြားလူ မဖြစ်ချင်ပါဘူး... ပြီးတော့ ငါ့ရဲ့ မနက်ခင်း လေ့ကျင့်ရေးကို စလုပ်ဖို့ လိုနေသေးတယ်..."
ထိုသို့ပြောပြီးနောက် ရှီရွှမ်းသည် လေ့ကျင့်ရေး ဧရိယာအဖြစ် အသုံးပြုသော တတိယထပ်ဆီသို့ ထွက်သွားခဲ့လေတော့သည်။
လုံယုနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်တွင် ယောင်ရန်က ပြုံးကာ ပြောလိုက်လေ၏။
"သွားကြရအောင်..."
မထွက်ခွာမီ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ သူတို့၏ ကျောပိုးအိတ်များနှင့် လက်နက်များကို ထုတ်ယူလိုက်လေသည်။ အသင့်ပြင်ဆင်ပြီးနောက် သူတို့သည် အခြေစိုက်စခန်း၏ အလယ်ဗဟို ဧရိယာရှိ ကုန်သွယ်ရေး ဈေးကွက်ဆီသို့ ထွက်ခွာသွားခဲ့ကြလေသည်။
ဗီလာထဲမှ အပြင်သို့ ထွက်လိုက်သည်နှင့် ယောင်ရန်သည် ရုတ်တရက် တိုက်ခတ်လာသော ဖုန်လုံးများ ကြောင့် အငိုက်မိသွားခဲ့လေသည်။
"အဟွတ်... အဟွတ်... ဒီဖုန်တွေ အားလုံးက ဘယ်ကနေ ရောက်လာတာလဲ..."
သူမက ချောင်းဆိုးရင်း မေးလိုက်လေ၏။
လုံယုက သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူ၏ အသံတွင် စိုးရိမ်မှုများ အထင်အရှား ပေါ်လွင်နေကာ မေးလိုက်လေသည်။
"မင်း အဆင်ပြေရဲ့လား..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ နှာခေါင်းစည်း နှစ်ခုကို ထုတ်ယူကာ သူ့ထံသို့ တစ်ခု ကမ်းပေးလိုက်လေ၏။
"ဒါကို မြန်မြန် တပ်ထားလိုက်... ဖုန်တွေ အရမ်းများလွန်းတယ်..."
နှာခေါင်းစည်းများကို တပ်ဆင်ပြီးနောက် သူတို့သည် ခရီးဆက်ခဲ့ကြလေသည်။
လေထုထဲရှိ စူးရှသော အနံ့အသက်ကြောင့် သူမ၏ နှာခေါင်းကို ရှုံ့လိုက်ရင်း ယောင်ရန်က ပြောလိုက် လေသည်။
"လေထုက အရမ်းကို အနံ့ဆိုးလွန်းတယ်..."
"အင်း..."
လုံယုက မည်သည့် အမူအရာမှ မပြောင်းလဲဘဲ သဘောတူလိုက်လေသည်။
ကုန်သွယ်ရေး ဈေးကွက်မှာ သိပ်မဝေးလှသဖြင့် သူတို့သည် နာရီဝက်အတွင်း ရောက်ရှိသွားခဲ့ကြလေ သည်။ သို့သော်လည်း သူတို့ အထဲသို့ ဝင်ရောက်သွားသောအခါ ယောင်ရန်သည် ပိုမို ဆိုးရွားသော အနံ့ ဆိုးများကြောင့် မွန်းကြပ်သွားခဲ့လေတော့သည်။