← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) - ပိုမိုလေ့ကျင့်ခြင်း

သူတို့ လျှို့ဝှက်နယ်မြေပြင်ပသို့ ရောက်ရှိလာချိန်တွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသောလမ်းမှာ စတင်ပြိုကျပျက်စီးနေချေပြီ။

လင်းဖန်က သတိပေးလိုက်သည်။

“မြန်မြန်...”

သူတို့အားလုံး ကမ်းခြေဆီသို့ဦးတည်ကာ အပြေးအလွှား ခုန်ကူးကြလေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏လှုပ်ရှားမှုနှုန်းမှာ လျင်မြန်လှသဖြင့် ကျောက်တုံးလမ်းကြီး လုံးဝမပျောက်ကွယ်သွားမီ ကမ်းခြေပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြသည်။

လိုင်မင်က အောင်ပွဲခံသည့်အနေဖြင့် လက်သီးကို လေထဲသို့မြှောက်ကာ အော်ဟစ်လိုက်သည်။

“ဟူး... ငါတို့ လွတ်မြောက်ပြီကွ...”

အခြားသူများလည်း ဝမ်းသာအားရဖြစ်သွားကြသည်။ ယခုတစ်ခေါက် လျှို့ဝှက်နယ်မြေခရီးစဉ်မှာ သူတို့အတွက် အမှန်တကယ်ပင် အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။

လင်းဖန်ကမူ ဘေးတစ်ဖက်တွင်ရပ်နေရင်း မိမိရရှိခဲ့သောအရာများကို စာရင်းတွက်ချက်နေလေသည်။

သူသည် သွေးနှင့်ချီပြန်လည်အားဖြည့်ဆေးလုံးအချို့နှင့် မီးပုတ်သင်ကြီး၏ မိစ္ဆာသားရဲအမြုတေမှ အဆီအနှစ်အချို့ကို အသုံးပြုခဲ့ရလေသည်။

သို့သော် အပြန်အလှန်အနေဖြင့် အဆိပ်ပြင်းမြွေများ၊ လျှို့ဝှက်ဆန်းကြယ်အဆင့်ရှိ နဂါးဟိန်းသံလှံနှင့် ကောင်းကင်ကိုးခုနဂါးဟိန်းသံလှံသိုင်းတို့ကို ရရှိခဲ့ချေသည်။

နောက်ဆုံးတစ်ခုအနေဖြင့် ခေါင်းနှစ်လုံးကျား၏ မိစ္ဆာသားရဲအမြုတေကိုလည်း ရရှိခဲ့သေးပေသည်။

သူတို့ စစ်တပ်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ရှန်းရွေ့က သူတို့ကိုနှုတ်ဆက်ကာ သူ့အဖွဲ့ဆီသို့ ပြန်သွားလေသည်။

တာဝန်ခံစီနီယာတပည့်ကြီးသည် သူတို့အားလုံး ဒဏ်ရာအနာတရမရှိဘဲ ဘေးကင်းစွာပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်တော့သည်။

စီနီယာတပည့်ကြီးက လင်းဖန်အား နောက်ဆုံးရသတင်းများကို ပြောပြလိုက်သည်။

“မင်းတို့ဒဏ်ရာတွေကို ကုသပြီး လုပ်စရာရှိတာတွေလုပ်ထားကြ... ဒါပေမဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ ဂိုဏ်းချုပ်ရောက်လာမှာဆိုတော့ အဆင်သင့်ပြင်ထားဦး...”

လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

သူသည် ထိုသို့ပြုလုပ်ရန် အလွန်ပင်လိုလားနေချေသည်။

…

နောက်တစ်နေ့တွင်…

တစ်ညတာ ကောင်းမွန်စွာအနားယူပြီးနောက် အဖွဲ့သားများအားလုံး လျှို့ဝှက်နယ်မြေမှရရှိခဲ့သော မှော်လက်နက်များနှင့် ရတနာများကိုစတင်လေ့ကျင့်ကာ ရင်းနှီးအောင် ပြုလုပ်နေကြလေသည်။

လင်းဖန်သည်လည်း ကောင်းကင်ကိုးခုနဂါးဟိန်းသံလှံသိုင်းကို စတင်လေ့ကျင့်တော့သည်။

သူသည် ပထမဆုံးတိုက်ကွက်ဖြစ်သော နဂါးဟိန်းသံလှံထိုးချက်ကို စတင်လိုက်သည်။

သူသည် လှံကို လက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကျမ်းစာထဲတွင်လမ်းညွှန်ထားသည့်အတိုင်း မိမိ၏ချီစွမ်းအင်များကို လှံအတွင်းသို့စီးဆင်းစေပြီး ရှေ့သို့ ထိုးသွင်းလိုက်သည်။

ဤတိုက်ကွက်၏အခက်ခဲဆုံးအပိုင်းမှာ ချီစွမ်းအင်ကို မည်သည့်အချိန်တွင် လွှတ်ပေးရမည်ကိုသိရှိရန်နှင့် လှံထိုးသွင်းသည့် အရှိန်အဟုန်အတိုင်း ကျန်ရှိသောအပိုင်းကို ဆက်လက်လုပ်ဆောင်စေရန် ဖြစ်ချေသည်။

အစပိုင်းတွင် လှံဦးဖျားမှ သေးငယ်သောစွမ်းအင်လှိုင်းတစ်ခုသာ ထွက်ပေါ်လာသည်။

သူသည် ချီစွမ်းအင်ကို ထုတ်လွှတ်ပေးရာတွင် စောလွန်းခြင်း သို့မဟုတ် နောက်ကျလွန်းခြင်းတို့ ဖြစ်နေသောကြောင့်ပင်။

တဖြည်းဖြည်းနှင့် သူသည် လှုပ်ရှားမှုပုံစံကိုရင်းနှီးလာပြီး ချီစွမ်းအင်လွှတ်ပေးရမည့် အချိန်အခိုက်အတန့်ကို အတိအကျ နားလည်လာလေသည်။

သူ့ကိုယ်သူ ယုံကြည်မှုရှိလာသောအခါ လင်းဖန်သည် မိမိအရပ်ခန့်မြင့်မားသော ကျောက်တုံးကြီးတစ်တုံး၏ရှေ့တွင် ရပ်လိုက်သည်။

သူသည် လှံကို ရင်ဘတ်အထိမြှောက်ကာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ခါးကိုတစ်ချက်လှည့်ကာ ပခုံးမှတစ်ဆင့် လက်မောင်းဆီသို့အရှိန်ယူပြီး ကျောက်တုံးကြီးဆီသို့ လှံကို အားကုန်ထိုးသွင်းလိုက်လေသည်။

ဝူး...

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ ဖြူဖွေးတောက်ပသော စွမ်းအင်လှိုင်းတစ်ခုသည် ကျောက်တုံးကြီးဆီသို့ တိုးဝင်သွားသည်။

ထိုလှိုင်းသည် ကျောက်တုံးကြီးကိုထိမှန်သွားပြီး အပိုင်းပိုင်းအစစ ကွဲကြေပျက်စီးသွားလေသည်။

ကျောက်မှုန့်များနှင့် ကျောက်စများမှာ ပတ်ဝန်းကျင်တစ်ခွင်သို့ လွင့်စင်ပျံနှံ့သွားကြသည်။

ကျန်ရှိသောအဖွဲ့သားများမှာ အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြလေသည်။

မိမိတို့မှာ ဂိုဏ်းအသီးသီး၏ ထိပ်တန်းပါရမီရှင်များဖြစ်ကြသည့်အတိုင်း သိုင်းကွက်အသစ်တစ်ခုကိုကျွမ်းကျင်ရန် အနည်းဆုံး တစ်လခန့်အချိန်ယူရမည်ကို သူတို့ ကောင်းစွာသိရှိကြသည်။

သို့သော် လင်းဖန်မှာမူ ဤသိုင်းကွက်ကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သည့်အလား လျင်မြန်စွာ ကျွမ်းကျင်သွားလေသည်။

သူတို့သည် ဟိုမင်ဘက်သို့လှည့်ကြည့်ကာ မေးခွန်းထုတ်သည့်အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။

ဟိုမင်ကမူ ပခုံးတစ်ချက်တွန့်ကာ ပြုံးရုံသာ ပြုံးနိုင်တော့သည်။

မိမိသူငယ်ချင်းဖြစ်သူ၏ ထူးချွန်ပြောင်မြောက်မှုကို အခြားသူများက အသိအမှတ်ပြုလာကြသဖြင့် သူသည် အလွန်ပင် ဂုဏ်ယူမိလေသည်။

ဟိုမင်က အခြားသူများ ပိုမိုအံ့အားသင့်သွားစေရန် ပြောလိုက်သည်။

“သိပ်ပြီး အံ့သြမနေကြနဲ့ဦး... ဒါက အစပဲရှိသေးတာ...”

လိုင်မင်က မိမိကိုယ်ကိုယ်ပြန်လည်နှစ်သိမ့်ရင်း ပြောလိုက်သည်။

“အခုတော့ ဒီလိုလူမျိုးကို ရှုံးနိမ့်ခဲ့ရတာ ငါ သိပ်ပြီး စိတ်မကောင်းမဖြစ်တော့ဘူး...”

လိုင်ချင်းက ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

“မင်းကတော့ ဆင်ခြေတွေနဲ့ပဲ... တကယ်လို့ ဂိုဏ်းချုပ်သာဒီမှာရှိရင် မင်းကို အရမ်းဆူမှာသေချာတယ်...”

လိုင်ချင်း၏ စကားကြောင့် လိုင်မင်မှာ တိတ်ဆိတ်သွားသည်။ ထိုစကားက ကွယ်လွန်သွားခဲ့ပြီဖြစ်သော လော့ထျန်းကို သတိရသွားစေသောကြောင့်ပင်။

ထိုစကားများက ကျောက်ကျားရွေ့ကိုလည်း သူမ၏လက်ထဲရှိ သွေးကဲ့သို့ ရဲရဲတောက်နေသော ကျောက်တုံးနီလေးကို ငုံ့ကြည့်မိသွားစေသည်။

၎င်းက မေရွှမ်းအတွက်ကလဲ့စားချေရန် သူမ၏စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ပင်။

ဟူထော်ကမူ ထုံးစံအတိုင်း မည်သူနှင့်မျှစကားမပြောဘဲ တိတ်ဆိတ်စွာသာ နေလေသည်။

ထိုအချိန်တွင် လင်းဖန်သည် ကျမ်းစာထဲရှိ နောက်ထပ်တိုက်ကွက်တစ်ခုဖြစ်သော နဂါးဟိန်းသံပမာ လှံသွားဖြာကို စတင်လေ့ကျင့်နေချေပြီ။

သူသည် လမ်းညွှန်ချက်များအတိုင်း လေထဲသို့ခုန်တက်လိုက်ပြီး အောက်သို့ ပြန်လည်ဆင်းသက်လာချိန်တွင် လှံကို အဆက်မပြတ် လျင်မြန်စွာထိုးသွင်းကာ မြေပြင်ဆီသို့လှံလှိုင်းများကို မိုးရွာသွန်းသကဲ့သို့ ပစ်လွှတ်လိုက်သည်။

အစပိုင်းတွင် သူသည် နှစ်ချက် သို့မဟုတ် သုံးချက်ခန့်သာ ဆက်တိုက်ထိုးသွင်းနိုင်သေးလေသည်။

သူသည် ဆက်လက်ကြိုးစားခဲ့သော်လည်း ငါးချက် သို့မဟုတ် ခြောက်ချက်အထိသာ တိုးမြှင့်နိုင်ခဲ့သည်။

တစ်စက္ကန့်အတွင်း အချက်ပေါင်းများစွာထိုးသွင်းနိုင်ခဲ့သော ပုံရိပ်ယောင်လူသား၏ စွမ်းဆောင်ရည်နှင့်ယှဉ်လျှင်မူ အလွန်ပင် ကွာခြားနေသေးသည်။

သို့သော် လင်းဖန်သည်လက်မလျှော့ဘဲ ထိုအဆင့်များကိုသာ ထပ်ခါတလဲလဲ ဆက်လက်လေ့ကျင့်နေလေသည်။

လင်းဖန်၏ မလျှော့သောဇွဲလုံ့လဖြင့် လေ့ကျင့်နေမှုကိုမြင်သောအခါ လိုင်မင်က ပြောလိုက်သည်။

“ငါလည်း ငါ့ရဲ့ကျင့်ကြံခြင်းကိုပဲ ပြန်ပြီးအာရုံစိုက်တော့မယ်...”

လိုင်ချင်းက မနေနိုင်ဘဲ ပြောလိုက်သည်။

“မင်း အဲဒီလိုလုပ်သင့်တာ ကြာလှပြီ...”

ထူးဆန်းသည်မှာ လိုင်မင်သည် ပြန်လည်ငြင်းခုံခြင်းမပြုဘဲ မိမိ၏ကျင့်ကြံခြင်းကိုသာ စတင်လိုက်တော့သည်။

ကျန်ရှိသော အဖွဲ့သားများလည်း သူ့နောက်သို့ လိုက်ပါသွားကြလေသည်။ ရှေ့တွင် ပိုမိုပြင်းထန်သော တိုက်ပွဲများရှိနေသည်ကို သူတို့သိရှိထားကြသဖြင့် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်ချေသည်။

မည်သူမျှ တာဝန်ကို နှောင့်နှေးစေသူ သို့မဟုတ် ကျရှုံးစေသူမဖြစ်လိုကြပေ။

လင်းဖန်သည် ခေတ္တရပ်နားကာ ကျမ်းစာကို သေချာစွာ ပြန်လည်ဖတ်ရှုလိုက်သည်။

သူသည် တစ်နေရာရာတွင် မှားယွင်းနေသည်ဟု ခံစားမိသောကြောင့်ပင်။

သူသည် သေချာစွာဖတ်ရှုပြီးနောက် ထပ်မံကြိုးစားကြည့်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် လှံကိုထိုးသွင်းလိုက်စဉ် လှံ၏အရှိန်အဟုန်အတိုင်း စွမ်းဆောင်နိုင်ရန်အတွက် ဆုပ်ကိုင်ထားသောအားကို အနည်းငယ် လျှော့ချပေးလိုက်သည်။

၎င်းက အမှန်တကယ်ပင် ထိရောက်သွားချေသည်။

ဤသေးငယ်သော ပြောင်းလဲမှုလေးကြောင့် သူ၏ နဂါးဟိန်းသံလှံထိုးချက်မှာ ယခင်ကထက် နှစ်ဆမျှ ပိုမိုပြင်းထန်လာလေသည်။

ဤညှိနှိုင်းမှုလေး အောင်မြင်သွားပြီးနောက် လင်းဖန်သည် နဂါးဟိန်းသံပမာ လှံသွားဖြာကို ထပ်မံကြိုးစားကြည့်ပြန်သည်။

ဒုန်း...

သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ လေထဲသို့ခုန်တက်လိုက်ပြီး အောက်သို့ပြန်လည်ဆင်းသက်လာချိန်တွင် ပြင်းထန်လှသောလှံထိုးချက်များကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။

မြေပြင်ပေါ်တွင် ကျင်းငယ်များစွာ စတင်ပေါ်ပေါက်လာလေသည်။

မြေကြီးများနှင့် ကျောက်ခဲများမှာ လေထဲသို့ လွင့်စင်ပျံထွက်သွားကြသည်။

လင်းဖန် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာချိန်တွင် သူ၏ရှေ့၌ ငါးမီတာခန့်ကျယ်ဝန်းသော ကျင်းကြီးတစ်ခုဖြစ်ပေါ်နေချေပြီ။

လိုင်မင်က မျက်လုံးတစ်ဖက်ကိုဖွင့်ကာ ချောင်းကြည့်လိုက်ပြီး ဖြစ်ပျက်သွားသည်များကို မြင်တွေ့သွားလေသည်။

သူသည် မိမိ၏ကျင့်ကြံခြင်းဆီသို့ အမြန်ဆုံး ပြန်လည်အာရုံစိုက်လိုက်တော့သည်။

သူ တွေးလိုက်မိသည်။

‘လင်းဖန်ရဲ့နောက်မှာ အဝေးကြီး ကျန်ရစ်မနေစေရဘူး...’

ထို့နောက် လင်းဖန်သည် စောင့်မျှော်နေခဲ့သောအရာတစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

သူသည် စိတ်ထဲမှနေ၍ အချက်အလက်ပြဇယားကိုခေါ်ယူလိုက်ပြီး မိမိ၏လက်ရှိအခြေအနေကို ကြည့်လိုက်သည်။

[လက်ရှိ သားရဲစွမ်းရည် - ၃/၃]

[တောယုန်စွမ်းရည်အဆင့် - ၂/၃]

[ဝံပုလွေစွမ်းရည်အဆင့် - ၂/၃]

[မီးပုတ်သင်စွမ်းရည်အဆင့် - ၂/၃]

[လက်ရှိ ရုပ်ခန္ဓာအဆင့် - ၆ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၃၂၀၀ လိုအပ်သည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၃၄၁၀]

All Chapters