← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း (၁၇၆) - မီးတောက်သမင် ကင်းလှည့်အဖွဲ့

သူတို့၏ ကျင့်ကြံမှုအဆင့်နှင့် ချီစွမ်းအားများ ရှိနေသော်လည်း မျက်နှာကိုဖြတ်တိုက်သွားသော အေးစက်လှသည့်လေပြင်းများကြောင့် တစ်ကိုယ်လုံးထုံကျင်သွားသလို ခံစားလိုက်ရသည်။

အစောင့်အရှောက်သားရဲကြီးသည် သတ်မှတ်ထားသောပန်းတိုင်သို့ရောက်ရှိကာ အောက်သို့ စတင်ဆင်းသက်လိုက်သည့်အခါမှသာ ထိုအအေးဒဏ်မှာ တဖြည်းဖြည်း လျော့ပါးသွားလေသည်။

မြေပြင်မှာ တဖြည်းဖြည်းနီးကပ်လာပြီးနောက် ပြင်းထန်သောတုန်ခါသံနှင့်အတူ အစောင့်အရှောက်သားရဲကြီးသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

လင်းဖန်နှင့် ကျန်ရှိသောသူများသည် ၎င်းတို့၏ ဟန်ဆောင်ကုန်ပစ္စည်းများကိုသယ်ဆောင်ကာ ကျောပြင်ပေါ်မှ လျင်မြန်စွာ ဆင်းလိုက်ကြပေသည်။

လေထုထဲတွင် ကျယ်လောင်သောဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ အစောင့်အရှောက်သားရဲကြီးသည် ကောင်းကင်ယံသို့ လျင်မြန်စွာ ပြန်လည်ပျံသန်းသွားချေသည်။

ချင်းယန်ဇီပြောခဲ့သကဲ့သို့ပင် မြောက်ပိုင်းဒေသရှိသားရဲများသည် နယ်မြေလုလိုစိတ်ပြင်းပြကြပြီး အစောင့်အရှောက်သားရဲကြီးရောက်ရှိလာမှုကို ၎င်းတို့၏နယ်မြေအား ကျူးကျော်ဝင်ရောက်မှုအဖြစ် သတ်မှတ်ကြခြင်း ဖြစ်ပေသည်။

လိုင်မင်က လက်နှစ်ဖက်ကိုပွတ်သပ်ကာ အအေးဒဏ်ကိုအံတုရင်း ပြောလိုက်သည်။

“ဒီနေရာက တကယ်ကို အရမ်းအေးတာပဲ...”

သူ၏ ပြောစကားမှာ မှန်ကန်လှသည်။ မြောက်ပိုင်းဒေသ၏ လေပြင်းများသည် အဆက်မပြတ်တိုက်ခတ်နေပြီး အေးစိမ့်လှသောလေထုကို သယ်ဆောင်လာကြပေသည်။

လင်းဖန်က ပြောလိုက်သည်။

“မြို့ကလေးဆီကိုအရင်သွားပြီး ဂိုဏ်းတူအစ်ကိုဟွမ်ယွမ်ခွန်းနဲ့ သွားတွေ့ကြရအောင်...”

လင်းဖန်ကပြောပြီးနောက် အဝေးရှိ မြို့ကလေးဆီသို့ ဦးတည်ကာ စတင်လျှောက်လှမ်းသွားလေသည်။

ဤမြို့ကလေးသည် ပေတျန်းရဲတိုက်နှင့် ၁၀ ကီလိုမီတာခန့် ကွာဝေးသော်လည်း ထိုနေရာသို့ရောက်ရှိရန် တောင်တစ်လုံးကို ဖြတ်ကျော်ရမည် ဖြစ်သည်။

သူတို့ မြို့ကလေး၏အဝင်ဝသို့ နီးကပ်လာသောအခါ အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး ကောင်းကင်ယံသို့မော့ကြည့်ကာ သူ၏အမှတ်အသားဖြစ်သော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေလေသည်။

“မြောက်ပြန်လေညင်း သွေးကာတိုက်၊ မိုးမခပင်တို့ ယိမ်းနွဲ့ခိုက်၊

ငါ့နှလုံးသားဝယ် လဟာပြင်ကြီးသဖွယ် ခြောက်ကပ်လှချေပြီ။

အေးစိမ့်လှသော လေပြင်းများက မြားတစ်စင်းကဲ့သို့၊

ငါ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ရင်ခွင်ဆီသို့ စူးစိုက်ဝင်ရောက်လာခဲ့ပြီ...”

လင်းဖန်က ခေါင်းကိုခါယမ်းလိုက်ပြီး ကျန်ရှိသော အဖွဲ့ဝင်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဒါက ငါတို့ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့် ဟွမ်ယွမ်ခွန်းပဲ...”

အဖွဲ့ဝင်များသည် တစ်ဦးကိုတစ်ဦး ခဏမျှကြည့်လိုက်ကြပြီးနောက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

ဟွမ်ယွမ်ခွန်းသည် ထူးခြားဆန်းကြယ်သူတစ်ဦးအဖြစ် နာမည်ကျော်ကြားကြောင်း သိရှိထားသော်လည်း မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည့်အခါတွင်မူ အံ့အားသင့်သွားကြရဆဲပင်။

ဟွမ်ယွမ်ခွန်းက သူတို့အား နောက်သို့လိုက်ခဲ့ရန် လက်ဟန်ပြရင်း ပြောလိုက်သည်။

“မေဟွားမြို့ကလေးဆီက ကြိုဆိုပါတယ်... မင်းတို့ အချိန်ကိုက်ရောက်လာတာပဲ... စစ်တပ်က ပေတျန်းရဲတိုက်ကနေ အခုလေးတင်ထွက်ခွာသွားပြီ... ဒါကြောင့် ငါတို့မှာ စကားလက်ဆုံပြောဖို့ အချိန်အများကြီးမရှိဘူး...”

သူတို့သည် သူ့နောက်မှ လိုက်ပါကာ မြို့ကလေးအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

လမ်းခရီးတစ်လျှောက်တွင် တောင်းရမ်းစားသောက်သူအများအပြားကို တွေ့မြင်ရပြီး ဆိုင်အများစုမှာလည်း တံခါးများကို ပိတ်ထားကြချေသည်။

မြို့နေလူထုအချို့သည် သူတို့ထံသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်လာပြီး ရိက္ခာများ လာရောက်ရောင်းချခြင်း ရှိ၊မရှိ မေးမြန်းကြသည်။

သို့သော် သူတို့ သယ်ဆောင်လာသောကုန်ပစ္စည်းများမှာ ပန်းအိုးများနှင့် အလှဆင်ပစ္စည်းများသာဖြစ်ကြောင်း သိရှိသွားသည့်အခါ စိတ်ပျက်သွားကြလေသည်။

ထို့နောက်တွင် မြို့သူမြို့သားများသည် လူစုခွဲသွားကြတော့သည်။

ဟွမ်ယွမ်ခွန်းသည် မြို့ကလေး၏ အခြားတစ်ဖက်စွန်းရှိ တောင်ပေါ်သို့တက်ရာလမ်းနှင့် အနီးဆုံးနေရာတွင် ဆိုင်ခန်းတစ်ခုကို ငှားရမ်းထားခဲ့ပေသည်။

၎င်းတို့သည် ဆိုင်ခန်းအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ အထဲတွင် အပြင်ဘက်လောက်မအေးတော့သဖြင့် စိတ်သက်သာရာ ရသွားကြသည်။

ဟွမ်ယွမ်ခွန်းက ဆီမီးခွက်များကိုထွန်းညှိရင်း ရှေ့ဆက်လုပ်ဆောင်ရမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားလိုက်သည်။

“ဒီနေ့တော့ အနားယူလိုက်ကြဦး... ငါတို့ ဒီညမှာ စလှုပ်ရှားကြမယ်... တောင်ပေါ်မှာ ကင်းလှည့်စစ်သည်တွေ အရမ်းထူထပ်တာမို့ အသင့်ပြင်ထားကြပါ... ငါတို့ရဲ့ရည်မှန်းချက်က ပေတျန်းရဲတိုက်ထဲကို အောင်အောင်မြင်မြင်ဝင်ရောက်ပြီး အရာရှိတွေကိုသုတ်သင်ဖို့ပဲ... မြေပုံပေါ်မှာ မင်းတို့တစ်ယောက်ချင်းစီ ရှင်းလင်းရမယ့်ပစ်မှတ်တွေကို မှတ်သားပေးထားတယ်...”

သူသည် ရဲတိုက်၏မြေပုံကို လူတိုင်းထံသို့ ဖြန့်ဝေပေးလိုက်သည်။

မြေပုံပေါ်တွင် သူတို့သုတ်သင်ရမည့် အရာရှိများ ရှိနေသော တည်နေရာများကို အမှတ်အသား ပြုလုပ်ထားပေသည်။

လင်းဖန်နှင့် ကျန်ရှိသော အဖွဲ့ဝင်များသည် မြေပုံကိုယူဆောင်ကာ သေသေချာချာ ကြည့်ရှုလိုက်ကြသည်။

လိုင်မင်က မေးလိုက်သည်။

“ထန်ရှောင်ယောင်ကော ဘယ်လိုလဲ...”

ဟွမ်ယွမ်ခွန်းက ပြန်လည်ဖြေကြားလိုက်သည်။

“သူ့ကိုတော့ ဂိုဏ်းချုပ်တွေက ကိုင်တွယ်ဖြေရှင်းလိမ့်မယ်...”

လင်းဖန်က မေးလိုက်သည်။

“သူတို့က အချိန်ကိုက်ဖြစ်မှန်း ဘယ်လိုသိနိုင်မှာလဲ...”

ဟွမ်ယွမ်ခွန်းက ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“အချိန်တန်ရင် ငါက ဒါကို ခွဲခြေလိုက်မယ်...”

လင်းဖန်က ဆက်လက်မေးမြန်းလိုက်သည်။

“ဒါဆို မင်းက အချိန်တန်ပြီဆိုတာကို ဘယ်လိုသိမှာလဲ...”

ဟွမ်ယွမ်ခွန်းက ရှင်းပြလိုက်သည်။

“ဒါနဲ့ဆိုရင် မင်းတို့အချင်းချင်း အသံလှမ်းပို့လို့ရတယ်... ချီစွမ်းအင်ကိုထည့်သွင်းပြီး စကားပြောလိုက်ရုံပဲ... ငါတို့အားလုံးရဲ့စိတ်ထဲမှာ မင်းရဲ့အသံကို ကြားရလိမ့်မယ်...”

ဟွမ်ယွမ်ခွန်းက ကျောက်စိမ်းဆွဲပြားအချို့ကိုထုတ်ယူကာ အဖွဲ့ဝင်များထံသို့ ကမ်းပေးလိုက်သည်။

လိုင်မင်က ပရိဘောဂအနည်းငယ်သာရှိသော ဆိုင်ခန်းကို ဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်သည်။

“ငါ အခုအချိန်မှာ ဟော့ပေါ့ အရမ်းစားချင်နေပြီ...”

လိုင်ချင်းက သူ၏ဦးခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

“ငါတို့ကို အဲဒါတွေ လာပြီး သတိမပေးနဲ့တော့...”

ဟွမ်ယွမ်ခွန်းက ယပ်တောင်ကိုခတ်ရင်း ကျောက်ကျားရွေ့ဘက်သို့ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ တာဝန်ပြီးဆုံးသွားရင် မင်းကြိုက်သလောက် ဟော့ပေါ့ စားလို့ရတယ်... ငါတို့ နာမည်ကျော်ကြားလာပြီးတဲ့နောက် မင်းက မိန်းကလေးတွေအရမ်းသဘောကျတဲ့ လူပျိုလေးတစ်ယောက် ဖြစ်လာမှာပါ...”

သူက စိတ်ထဲမှ တွေးလိုက်သည်။

‘သူမက ငါ့အပေါ် ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ...’

အခြားသော အမျိုးသမီးတပည့်များသာဆိုလျှင် သူ၏အနားတွင် ဝိုင်းဝိုင်းလည်နေကြမည် ဖြစ်ပေသည်။

သူ မသိရှိသည်မှာ ကျောက်ကျားရွေ့သည် စိတ်အာရုံကိုစုစည်းထားပြီး စိတ်ထဲတွင် အရာတစ်ခုကိုသာ တွေးတောနေခြင်းပင်။

ထိုအရာမှာ သူမ၏ ဆရာသေဆုံးမှုအတွက် တာဝန်ရှိသူများကို သတ်ဖြတ်ရန်ပင်။

…

ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့ပြီ။

တစ်နေ့တာလုံး အနားယူပြီးနောက် သူတို့၏တာဝန်ကို စတင်ရန် အချိန်ကျရောက်လာခဲ့ချေပြီ။

ညမှောင်ရိပ်ကိုအကာအကွယ်ယူကာ သူတို့သည် ဆိုင်ခန်းအတွင်းမှထွက်ခွာခဲ့ကြပြီး တောင်ပေါ်သို့ဦးတည်ထားသော လမ်းကြောင်းအတိုင်း လိုက်ပါလာခဲ့ကြသည်။

တစ်နာရီခန့်ကြာပြီးနောက်တွင် သူတို့သည် တောင်ခြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြပေသည်။

လင်းဖန်က တောင်ပေါ်သို့မော့ကြည့်လိုက်ရာ တောင်ပိုင်းဒေသနှင့် အရမ်းကွာခြားနေသည်ကို တွေ့လိုက်ရသည်။

သစ်တောများမှာ ထူထပ်မှုမရှိဘဲ သစ်ပင်များမှာလည်း တစ်ပင်နှင့်တစ်ပင် အလှမ်းဝေးစွာ ပေါက်ရောက်နေကြပေသည်။

ယင်းသည် သူတို့အတွက် ကောင်းမွန်သော ပုန်းကွယ်ရာနေရာကို မပေးစွမ်းနိုင်ချေ။

အကယ်၍ ကင်းလှည့်စစ်သည်များနှင့်တွေ့ဆုံပါက တိုက်ခိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

စတင်ထွက်ခွာစဥ်က မည်သည့်ထူးခြားမှုမျှ မရှိခဲ့ချေ။

တောင်ပိုင်းဒေသရှိ သစ်တောများနှင့်မတူဘဲ ဤနေရာရှိတောအုပ်မှာ ခြောက်သွေ့ကာ အေးစိမ့်လှသည်။

၎င်းတို့သည် ခန္ဓာကိုယ်ကိုနွေးထွေးစေရန်နှင့် အအေးဒဏ်ကိုအံတုရန်အတွက် ချီစွမ်းအင်အချို့ကို အသုံးပြုရန်မှတစ်ပါး အခြားမရှိတော့ပေ။

လင်းဖန်က အချက်ပြလိုက်သည်။

“ရပ်လိုက်ကြဦး...”

တောင်ပေါ်ရှိ အတော်အတန်ညီညာသော မြေပြန့်နေရာသို့ရောက်ရှိသောအခါ လင်းဖန်ကလက်ကိုမြှောက်ကာ သူတို့အားရပ်တန့်ရန် အချက်ပြလိုက်လေသည်။

သူ၏စိတ်ထဲတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၁၆ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၃၂၀၀ ရရှိရန် ယုတ်မာသောရည်ရွယ်ချက်ရှိသည့် စစ်သည် ၁၆ ဦးကို သုတ်သင်ပါ]

၎င်းတို့၏ ရှေ့တည့်တည့်တွင် စစ်သည် ၁၆ ဦးပါဝင်သော ကင်းလှည့်အဖွဲ့တစ်ဖွဲ့ ရှိနေပေသည်။

၎င်းတို့သည် မီးတောက်သမင်များနှင့်တူညီသော သားရဲများကိုစီးနင်းထားကြပြီး ၎င်းတို့၏ဦးချိုများမှာ မီးတောက်များဖြင့် တောက်ပစွာတောက်လောင်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေလေသည်။

ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ဓားကိုဆွဲထုတ်ကာ လင်းဖန်ရှိရာအရပ်သို့ညွှန်ပြရင်း ပြောလိုက်သည်။

“ဟား... ငါတို့ ဒီမှာ ဘာကို တွေ့လိုက်တာလဲ...”

လင်းဖန်က အသံလွှင့်ကျောက်စိမ်းဆွဲပြားကို ထုတ်ယူလိုက်ပြီး ပစ်မှတ်နှစ်ခုစီကို လူတိုင်းအား သတ်မှတ်ပေးလိုက်သည်။

သူတို့သည် စစ်သည်တစ်ဦးတစ်ယောက်မျှ ထွက်ပြေးလွတ်မြောက်သွားပြီး မိမိတို့၏ တည်နေရာကို ပေါက်ကြားသွားစေရန် ခွင့်မပြုနိုင်ပေ။

စစ်သည်တစ်ဦးက လှောင်ပြောင်လိုက်သည်။

“သူတို့ကို ကြည့်စမ်း... ကြောက်လွန်းလို့ သေတော့မယ့်အတိုင်းပဲ...”

အခြားစစ်သည်တစ်ဦးက ပြောလိုက်သည်။

“ဟိုမိန်းကလေးက တကယ့်ကို အချောအလှလေးပဲ... ငါ့ကို အရင်ဆုံး ပေးစားစမ်းပါ...”

All Chapters