← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) - တိုက်ခိုက်ခြင်း

မုတ်ဆိတ်ထူထူနှင့်လူက ခေါင်းညိတ်လိုက်ပြီးနောက် မီးတောက်သမင်တစ်ကောင်ပေါ်သို့ ခွစီးလိုက်လေသည်။

သူသည် အချိန်ဆိုင်းမနေဘဲ ပေတျန်းရဲတိုက်ဆီသို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။

သူသည် စစ်တပ်ကင်းစခန်းပြင်ပသို့ ရောက်ရှိလာသောအခါ လမ်းခုလတ်တွင် လူတစ်ယောက်က ပိတ်ရပ်နေသည်ကို တွေ့လိုက်ရချေသည်။

မုတ်ဆိတ်ထူထူနှင့်လူက ဓားကိုဆွဲထုတ်ကာ ခြေထောက်နှစ်ဖက်ဖြင့် မီးတောက်သမင်၏ ဝမ်းဗိုက်ကိုညှပ်၍ ထိုလူရှိရာသို့ အရှိန်ပြင်းစွာပြေးဝင်စေရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“လမ်းဖယ်စမ်း...”

လင်းဖန်၏စိတ်အာရုံထဲတွင် ရင်းနှီးနေသောအသံတစ်သံ ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၂၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

လင်းဖန်သည် မြေခွဲခြေဆောင့်စွမ်းရည်ကိုအသုံးပြု၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်လေသည်။

မြေပြင်ကြီးသည် တုန်ခါသွားပြီးနောက် နှစ်ခြမ်းကွဲအက်သွားတော့သည်။

အက်ကွဲကြောင်းသည် မြေပြင်ကိုဆွဲဖြဲကာ ရှေ့သို့ အရှိန်အဟုန်ဖြင့်ပြန့်နှံ့သွားပြီး မီးတောက်သမင်ရှိရာသို့ ရောက်ရှိသွားကာ ကွဲအက်ကြောင်းထဲမှ ချွန်ထက်သောကျောက်စွယ်များ ထိုးထွက်လာချေသည်။

မီးတောက်သမင်သည် ဘေးဘက်သို့ရှောင်တိမ်းကာ အက်ကွဲကြောင်းမှလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း ချွန်ထက်သောကျောက်စွယ်များက ၎င်း၏ ဝမ်းဗိုက်ထဲသို့ ထိုးစိုက်ဝင်သွားလေသည်။

မုတ်ဆိတ်ထူထူနှင့်လူသည် မီးတောက်သမင်၏ကျောပေါ်မှ ပြုတ်ကျကာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။

သူသည် လျင်မြန်စွာ ထရပ်လိုက်ပြီး လမ်းဘေးရှိချုံပုတ်များထဲသို့ တိုးဝင်ပုန်းအောင်းရန် ကြိုးစားလေသည်။

ဤလူသည် သူရင်ဆိုင်ရန် အလွန်ပင် အစွမ်းထက်လွန်းလှပေသည်။

သူ့စိတ်ထဲတွင် တွေးတောလိုက်မိသည်။

‘ငါ အသက်ရှင်ချင်ရင် ပေတျန်းရဲတိုက်ကိုပဲ အမြန်ဆုံးပြေးရမယ်...’

သို့သော်လည်း ၎င်းမှာ အချည်းနှီးသာ ဖြစ်ချေသည်။ လင်းဖန်သည် အဝေးကြည့်ခြေရာခံစနစ်ကိုအသုံးပြု၍ ထိုလူသွားမည့်လမ်းကြောင်းကို အတိုင်းသား မြင်တွေ့နေရသောကြောင့်ပင်။

ရုတ်တရက်ဆိုသလို မုတ်ဆိတ်ထူထူနှင့်လူ၏ ခြေထောက်များသည် လှုပ်ရှား၍မရတော့ဘဲ ရပ်တန့်သွားတော့သည်။

ခြေထောက်နှစ်ဖက်လုံးမှာ သူ၏ ခြေထောက်များ မဟုတ်တော့သည့်အလား ခံစားလိုက်ရချေသည်။

တစ်စုံတစ်ယောက်က သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသကဲ့သို့ပင်။

သူသည် မိမိကိုယ်ကိုယ် နောက်သို့ပြန်လှည့်ကာ လင်းဖန်ရှိရာလမ်းမပေါ်သို့ ပြန်လည်လျှောက်လှမ်းသွားသည်ကို ကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

လင်းဖန်က ပခုံးနှစ်ဖက်ကိုတွန့်လိုက်ရင်း ပြောလိုက်သည်။

“မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြီးသွားစေရမယ်လို့ ငါ ကတိပေးပါတယ်...”

နောက်တစ်စက္ကန့်တွင် မုတ်ဆိတ်ထူထူနှင့်လူသည် သူ၏ ရင်ဘတ်ဆီမှ တွန်းကန်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူငုံ့ကြည့်လိုက်သောအခါ လင်းဖန်၏လက်မောင်းက သူ၏ရင်ဘတ်အား ဖောက်ထွက်သွားသည်ကိုသာ မြင်လိုက်ရတော့သည်။

သူ၏နှလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီးနောက် မြင်ကွင်းတစ်ခုလုံး အမှောင်အတိကျသွားလေတော့သည်။

လင်းဖန်သည် လက်ကို ပြန်လည်ဆွဲထုတ်လိုက်ပြီး နှလုံးကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်။

သူသည် မုတ်ဆိတ်ထူထူနှင့်လူ၏ကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာကိုချွတ်ယူလိုက်ပြီး ဖားပြုတ်ရုပ်တုငယ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် မီးတောက်သမင်၏အလောင်းဆီသို့သွားကာ ၎င်း၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာသားရဲအမြုတေကို ထုတ်ယူလိုက်ချေသည်။

သူတို့သည် စစ်တပ်ကင်းစခန်း၏ တံခါးဝမှ ထွက်လာကြစဉ် ဟိုမင်က လှမ်းခေါ်လိုက်သည်။

“လင်းဖန်...”

သူတို့သည် အတွင်းရှိ စစ်သည်အားလုံးကို ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်ချေသည်။

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

“အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ မြန်မြန်ပြန်လည်ကုစားကြပါ... နောက်လာမယ့်တိုက်ပွဲက ဒီလောက်လွယ်ကူမှာ မဟုတ်ဘူး...”

လင်းဖန်က ခေါင်းညိတ်လိုက်ပြီး သွေးနှင့်ချီပြန်လည်အားဖြည့်ဆေးလုံးများကို ထုတ်ယူလိုက်လေသည်။

သူသည် ဆေးလုံးအချို့ကိုဝါးမြိုလိုက်ပြီး ချီစွမ်းအင်နှင့် ခွန်အားများ ပြန်လည်ပြည့်ဝလာစေရန် စောင့်ဆိုင်းနေလိုက်သည်။

အခြားသူများလည်း ထိုနည်းတူစွာပင် ပြုလုပ်ကြလေသည်။ အကြောင်းမှာ ယခုအချိန်သည် ဆေးလုံးများကို နှမြောတွန့်တိုနေရမည့်အချိန်မဟုတ်ကြောင်း သိရှိကြသောကြောင့်ပင်။

သူတို့၏ခွန်အားများ ပြန်လည်ပြည့်ဝလာပြီးနောက် တောင်အောက်သို့ ဆက်လက်ဆင်းသက်ခဲ့ကြသည်။

သူတို့သည် ယခင်အချိန်၏ ထက်ဝက်ခန့်မျှဖြင့် တောင်ခြေသို့ ရောက်ရှိသွားကြလေသည်။

သူတို့၏ရှေ့ တစ်ကီလိုမီတာခန့်အကွာတွင် ပေတျန်းရဲတိုက်ကြီးက ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်လျက် ရှိနေချေသည်။

၎င်း၏ မီတာတစ်ရာခန့်မြင့်မားလှသော တံတိုင်းကြီးများမှာ မည်သူမျှ မကျော်ဖြတ်နိုင်သည့်အလား ထင်မှတ်ရပေသည်။

ဟိုမင်သည် ရဲတိုက်အတွင်းသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို စဉ်းစားမရသဖြင့် မေးလိုက်သည်။

“အဲဒါဆို ငါတို့ အခု ဘာဆက်လုပ်ကြမလဲ... ဟိုမှာ ကင်းစောင့်တွေရှိနေမှာ သေချာတယ်...”

ဟွမ်ယွမ်ခွန်းက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ခဏနေရင် မီးရှူးမီးပန်းတွေ ပေါက်ကွဲလာလိမ့်မယ်...”

သူသည် ကျောက်စိမ်းပြားထဲသို့ စကားအချို့ပြောကြားလိုက်ပြီး တစ်ဖက်မှလူနှင့် ဆက်သွယ်လိုက်လေသည်။

သူတို့ လုပ်ဆောင်ရန်ကျန်ရှိသည်မှာ စောင့်ဆိုင်းရန်သာ ဖြစ်ချေသည်။

ပေတျန်းရဲတိုက်၏ ပင်မတံခါးဝနှင့်မလှမ်းမကမ်းတွင် ကုန်သည်များကဲ့သို့ဝတ်ဆင်ထားသော လူတစ်စုသည် ရဲတိုက်၏မြင့်မားလှသော ပင်မတံခါးကြီးဆီသို့ ချဉ်းကပ်လာကြသည်။

သူတို့သည် တားဆီးခြင်းခံလိုက်ရပြီး စစ်ဆေးမေးမြန်းခြင်း ခံလိုက်ရလေသည်။

စစ်သည်များက စစ်ဆေးနေစဉ် ထိုလူများသည် လှည်းများပေါ်တွင် ဖုံးအုပ်ထားသော ရွက်ထည်များကို ဖယ်ရှားပြလိုက်ကြသည်။

စစ်သည်က ၎င်းတို့မှာ မည်သည့်အရာများဖြစ်ကြောင်း မေးမြန်းသောအခါ ထိုလူများထဲမှတစ်ယောက်က ပြွန်ရှည်သဏ္ဌာန် မီးရှူးမီးပန်းတစ်ခုကို ထုတ်ယူကာ မီးညှိလိုက်လေသည်။

မီးပွားများသည် လှည်းပေါ်ရှိ အခြားသောမီးရှူးမီးပန်းများဆီသို့ ကူးစက်သွားပြီး တစ်ပြိုင်နက်တည်း မီးစွဲလောင်သွားတော့သည်။

ဝှီး...

ဒုန်း...

မီးရှူးမီးပန်းများသည် ကောင်းကင်ယံထက်သို့ပျံတက်သွားပြီး တောက်ပသောအလင်းတန်းများဖြင့် လှပသော ပန်းပွင့်ကြီးများအလား ပေါက်ကွဲထွက်သွားတော့သည်။

ဤအရာက စစ်သည်အားလုံး၏အာရုံကို ဆွဲဆောင်သွားလေသည်။

သူတို့သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပြီး ကောင်းကင်ထက်သို့ ဆက်တိုက် ပျံတက်ပေါက်ကွဲနေသော မီးရှူးမီးပန်းများကို ငေးမောကြည့်ရှုနေကြတော့သည်။

ဟွမ်ယွမ်ခွန်းက ပြောလိုက်ပြီးနောက် သူတို့အားလုံးသည် ပေတျန်းရဲတိုက်ဆီသို့ဦးတည်ကာ ပြေးဝင်သွားကြလေသည်။

“ကဲ... သွားကြစို့... အားလုံးပဲ ကိုယ့်ရဲ့ပစ်မှတ်ကို အာရုံစိုက်ထားကြ...”

လင်းဖန်သည် လမ်းခွဲကာ အသီးသီးထွက်ခွာမသွားမီ ဟိုမင်ကို တစ်ချက် လှမ်းကြည့်လိုက်သညိ။

…

ဟွိုင်တောင်တန်း…

စစ်တပ်ကင်းစခန်း…

တပည့်တစ်ယောက်က စစ်တပ်ကင်းစခန်းဆီသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်လေသည်။

“သူတို့တွေ လာနေကြပြီ...”

ကျန်ရစ်ခဲ့သော ချင်းယန်ဇီ၏ ပုံရိပ်ယောင်သည် စစ်တပ်ကင်းစခန်း၏ တံတိုင်းပေါ်သို့ တက်လှမ်းလိုက်သည်။

အခြားသော ဂိုဏ်းချုပ်များ၏ ပုံရိပ်ယောင်များကလည်း နောက်မှ လိုက်ပါလာကြလေသည်။

သူတို့သည် ပုံရိပ်ယောင်များကိုသာချန်ထားခဲ့ပြီး သူတို့၏ စစ်မှန်သောကိုယ်ခန္ဓာများမှာ ထန်ရှောင်ယောင်ကိုရင်ဆိုင်ရန်အတွက် မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်ချေသည်။

မကြာမီပင် မိုးကုပ်စက်ဝိုင်းထက်တွင် ထန်ရှောင်ယောင်၏စစ်တပ်များကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်တိမ်တိုက်ကြီးများ ပေါ်ပေါက်လာတော့သည်။

စစ်သည်များ၏ ညီညာသောခြေလှမ်းများကြောင့် မြေပြင်ကြီးသည် စတင်တုန်ခါလာလေသည်။

ဘုန်း...

ဘုန်း...

စစ်ဗုံသံများ ဆူညံစွာထွက်ပေါ်လာပြီးနောက် ကျမ်းစာများထွင်းထုထားသည့် အချင်းဆယ်မီတာခန့်ရှိသော ဧရာမကျောက်တုံးကြီးများသည် စစ်တပ်ကင်းစခန်းဆီသို့ ဦးတည်ကာ ပျံသန်းလာကြတော့သည်။

စစ်တပ်ကင်းစခန်း၏ ပြင်ပမြေပြင်မှ အဖြူရောင်အလင်းတန်းများထွက်ပေါ်လာပြီး စစ်တပ်ကင်းစခန်းတစ်ခုလုံးကို ဖြည်းညှင်းစွာ လွှမ်းခြုံသွားလေသည်။

ဝုန်း...

ပစ်လွှတ်လိုက်သော ဧရာမကျောက်တုံးကြီးများသည် အကာအကွယ်ဒိုင်းနှင့် နီးကပ်လာသောအခါ ရဲရဲတောက်နီမြန်းလာကြသည်။

၎င်းတို့သည် အကာအကွယ်ဒိုင်းကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ပြင်းထန်စွာ ပေါက်ကွဲသွားကြတော့သည်။

စစ်တပ်ကင်းစခန်းအတွင်းရှိ အခန်းတစ်ခုထဲတွင် ကျောက်မင်ယဲ့၏နဖူးပေါ်၌ ချွေးစေးများစီးကျလာချေသည်။

သူနှင့် ဝင်္ကပါတောင်ထွတ်မှ အခြားသောတပည့်များသည် အကာအကွယ်ဒိုင်းကို ထိန်းသိမ်းထားရန်အတွက် ချီစွမ်းအင်များကို အဆက်မပြတ် ထည့်သွင်းနေကြရသည်။

တံတိုင်းပေါ်တွင်ရပ်နေကြသော တပည့်များသည် ဧရာမကျောက်တုံးကြီးများမှာ အစီအရင်အကာအကွယ်အား မဖောက်ထွက်နိုင်သည်ကို မြင်တွေ့ရသောအခါ ဝမ်းသာအားရ ကြွေးကြော်လိုက်ကြလေသည်။

သို့သော်လည်း သူတို့၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံခဲ့ပေ။ အကြောင်းမှာ နောက်ထပ် ဧရာမကျောက်တုံးကြီးများက သူတို့ဆီသို့ ထပ်မံ ပျံသန်းလာသောကြောင့်ပင်။

ဝုန်း...

ယခုတစ်ကြိမ်တွင်မူ ဧရာမကျောက်တုံးကြီးများ ပေါက်ကွဲသွားသောအခါ အဖြူရောင်အကာအကွယ်ဒိုင်းကြီးမှာ ခဏမျှတုန်ခါသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လူတိုင်း၏ မျက်နှာအမူအရာများမှာ လေးနက်တည်ကြည်သွားကြပြီး လက်နက်များကိုဆွဲထုတ်ကာ အသင့်ပြင်လိုက်ကြလေသည်။

နောက်ထပ် ကျောက်တုံးကြီးများမှာလည်း ချက်ချင်းပင် ရောက်ရှိလာတော့သည်။

အကာအကွယ်ဒိုင်းသည် တိုက်ခိုက်မှုကို ထပ်မံ တောင့်ခံထားနိုင်ခဲ့ပြန်သည်။

သို့သော်လည်း ကျောက်မင်ယဲ့နှင့် အခြားသောတပည့်များ၏ ချီစွမ်းအင်များ တဖြည်းဖြည်းကုန်ခမ်းလာသည်နှင့်အမျှ အဖြူရောင် အလင်းတန်းမှာ မှေးမှိန်လာတော့သည်။

နောက်ထပ် ဧရာမကျောက်တုံးကြီးများသည် စစ်တပ်ကင်းစခန်းဆီသို့ ထပ်မံပစ်လွှတ်ခြင်း ခံလိုက်ရပြန်သည်။

“တောက်... မကောင်းတော့ဘူး...”

“ဒါတွေက အဆက်မပြတ် လာနေတာပဲ...”

တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်းမရှိသဖြင့် တပည့်များသည် စိတ်ပျက်လက်ပျက် ဖြစ်လာကြတော့သည်။

ဝုန်း...

နောက်ဆုံးတွင် ဧရာမကျောက်တုံးကြီးများသည် အကာအကွယ်ဒိုင်းကို ထပ်မံ ရိုက်ခတ်သွားတော့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အကာအကွယ်ဒိုင်းကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီး ပရမ်းပတာအခြေအနေများ စတင်ဖြစ်ပေါ်လာတော့သည်။

ဒုန်း...

ဧရာမကျောက်တုံးကြီးများ ကျရောက်လာသည်နှင့်အမျှ ပြင်းထန်သောပေါက်ကွဲသံကြီးများ ထွက်ပေါ်လာချေသည်။

ကျောက်တုံးအစအနများနှင့် လူသားတို့၏အသားစများမှာ နေရာအနှံ့သို့ လွင့်စင်ပျံသန်းသွားကြလေတော့သည်။

All Chapters