← Chapters

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း (၁၃၇)

နီယန်သည် သူတို့အား ဆိုင်ခန်းသို့ ခေါ်သွား ပြီးနောက် ဝမ်ကျင်းဖန် အတွက် ဟင်းသီးဟင်းရွက် အချို့ ဝယ်ရန် ဟင်းသီးဟင်းရွက် ဈေးသို့ ထွက်လာခဲ့တော့သည်။ ဟင်းသီးဟင်းရွက်များသည် သူမအိမ်မှ ယူလာခြင်း ဖြစ်သော်လည်း တို့ဟူးနှင့် ဝက်သားကိုမူ ဈေးမှ ဝယ်ရလေသည်။

ဤလူများ အားလုံးသည် ကာယအလုပ် လုပ်ကြရသူများ ဖြစ်ကြလေရာ အသားမစားဘဲ နေ၍ မည်သို့ ဖြစ်မည်နည်း။ အသားသည် သိပ်မများဘဲ နှစ်ပေါင် ကျော်ကျော်လောက်သာ ရှိသော်လည်း လူတိုင်း၏ အသားစားချင်စိတ်အား ဖြည့်ဆည်းပေးရန် လုံလောက်ပေသည်။ မည်သို့ပင် ဖြစ်စေ ဤခေတ်ဤအခါ ကာလများသည် နှစ်သစ်ကူးချိန်မှသာ အသားအနည်းငယ်အား စားနိုင်ကြသည် မဟုတ်ပါလား။

ဝမ်ကျင်းဖန်၏ ဟင်းချက်လက်ရာသည် အလွန် ကောင်းမွန်လှလေရာ မကြာမီမှာပင် အသားကြော်နံ့သည် ဆိုင်ခန်း တစ်ခုလုံး အမွှေးကြိုင် သွားလေတော့သည်။ အသားနံ့အား ရှူရှိုက်ရင်း နီယန်ပေးမည့် လုပ်အားခကို တွေးမိကာ လူတိုင်းသည် ချက်ချင်းဆိုသလို အားအင်များ ပြည့်ဖြိုးလာကြကုန်လေသည်။

ဝမ်ကျင်းဖန် ဟင်းချက် ပြီးသွားချိန် မွန်းလွဲပိုင်းတွင် လုပ်စရာအလုပ် သိပ်မရှိတော့ပေ။ နီယန်သည် သူမအား ဟင်းချက်ရန်သာ ခိုင်းထား သော်လည်း သူမသည် စောစော မပြန်ခဲ့ပေ။ ထိုအစား လူတိုင်းအား ကိရိယာများ ကူညီပေးခြင်း ရွှံ့ပုံးများ သယ်ပေးခြင်း စသည့် ကာယလုပ်ငန်း အချို့ကိုလည်း ဝင်ရောက် လုပ်ကိုင်ပေးခဲ့သည်။

မည်သို့ပင် ဆိုစေ နီယန်မှ သူမအား တစ်ရက်ကို နှစ်ယွမ်တောင် ပေးထားခြင်း ဖြစ်သည်။ နေ့လယ်တွင်လည်း အသားစားခဲ့ရသေး သဖြင့် သူမ ရထားသည့် ငွေနှင့် စားခဲ့ရသည့် အသားအတွက် တန်အောင် လုပ်ပေးရမည် ဖြစ်သည်။

ဝမ်ကျင်းဖန်မှာ အသိတရား မရှိသည့် လူစားမျိုး မဖြစ်ချင်ပေ။ ဆိုင်မှ ထွက်လာ ပြီးနောက် နီယန်သည် အိမ်မပြန်သေးဘဲ လုပ်ငန်း လိုင်စင်လျှောက်ရန် ဒေသခံဗျူရိုရုံးသို့ စက်ဘီးစီးကာ ထွက်လာခဲ့တော့သည်။ လုပ်ငန်းလိုင်စင် အပြင် ကျန်းမာရေး ခွင့်ပြုချက်နှင့် အစားအသောက် ဖြန့်ဖြူးခွင့် လိုင်စင်တို့ကိုပါ လျှောက်ထားရဦးမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ သူမသည် အရည်အချင်း ပြည့်မီသည့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်သည် မဟုတ်ပါလား။ ဗျူရို၏ အလုပ်လုပ်ပုံသည် အလွန် သွက်လက် မြန်ဆန်လေရာ မွန်းလွဲ နှစ်နာရီခန် အချိန်လောက်မှာတင် နီယန် လိုအပ်သည့် လက်မှတ်များ အားလုံး ရသွားခဲ့သည်။

လက်မှတ်များ ရပြီးနောက် နီယန်သည် ဟင်းသီးဟင်းရွက် ဈေးသို့ နောက်တစ်ခေါက် ထပ်သွားပြန်လေသည်။ မနက်ဖြန်တွင် ခေါက်ဆွဲဆိုင် ထွက်ဖွင့်စရာ မလိုတော့သဖြင့် သူမသည် ငါးမဝယ်တော့ဘဲ ဟင်းသီးဟင်းရွက် ပေါင်နှစ်ရာနီးပါးခန့်ကိုသာ ဝယ်လိုက်တော့သည်။

ဆိုင်ဖွင့်လိုက်သည်နှင့် နေ့စဉ် ရောင်းအားသည် လမ်းဘေးဆိုင် ဖွင့်စဉ် အချိန်ကထက် ပိုများလာမည် ဖြစ်လေရာ သူမအနေဖြင့် မုန်ညင်းချဉ်များအား ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ပစ္စည်းများ ပြတ်သွား၍ မဖြစ်ချေ။

ဟင်းသီးဟင်းရွက်များ ရောင်းချသည့် ဆိုင်ရှင်သည် နီယန်အား မှတ်မိနေသဖြင့် ငါးပြား လျှော့ပေးရုံ သာမက ပဲစိမ်းတစ်ပေါင်ကိုပါ အပိုဆောင်း ပေးလိုက်သေးသည်။

ရာသီချိန် မဟုတ်သဖြင့် ဤအချိန်တွင် ပဲစိမ်းသည် အလွန်ရှားပါးပြီး စျေးလည်းကြီးလှသည်။ ဟင်းသီးဟင်းရွက် ဆိုင်ရှင်သည် ရေရှည်အား မျှော်တွေးတတ်မှန်း သိသာလှပေသည်။ နီယန်သည် ဖောက်သည်ကောင်း တစ်ယောက် ဖြစ်လာမည်ကို သူ သိနေခဲ့သည်။

ဟင်းသီးဟင်းရွက်များ ဝယ်ယူ ပြီးနောက် နီယန်သည် လျိုတုန်းလျန်၏ ဆိုင်လေးရှေ့မှ ဖြတ်သွားခဲ့သည်။ ချန်ကျင်းဖုန်းသည် မနက်ခင်းကတည်းမှ တံခါးဝတွင် ရပ်ကာ နီယန်အား စောင့်နေခဲ့ခြင်း ဖြစ်သည်။ နီယန်အား မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများ အရောင်လက်သွားခဲ့ကာ ခေါ်လိုက်လေရာ နီယန်သည် စက်ဘီးအား ဖြည်းညှင်းစွာ ရပ်တန့်လိုက်လေသည်။

"ယန်ယန် ယန်ယန် ဒီဘက်မှာ"

"ဒေါ်လေးချန်"

ချန်ကျင်းဖုန်းမှ ပြုံးလျက် မေးလိုက်သည်။

"ယန်ယန် ဒီနေ့ ဆိုင်သိမ်းတာ ဘာလို့ဒီလောက် နောက်ကျနေရတာလဲ"

နီယန်မှ ပြန်ဖြေလိုက်သည်။

"ဟင်းသီးဟင်းရွက်ဈေးကို သွားနေလို့ပါ"

ချန်ကျင်းဖုန်းမှ ခေါင်းညိတ် ပြလိုက်ပြီး ပြောလိုက်သည်။

"ယန်ယန် လွန်ခဲ့တဲ့ရက် နည်းနည်းကတည်းက ငါတို့ ဆိုင်လခ တိုးမယ့် ကိစ္စ ပြောခဲ့တယ်မလား အစက တစ်လကို နှစ်ယွမ်လို့ ဒေါ်လေး ပြောခဲ့ပေမယ့် စဉ်းစားကြည့်တော့ နှစ်ယွမ်က သိပ်နည်းလွန်းတယ်လို့ ခံစားရတယ်ကွယ် ဘာပဲဖြစ်ဖြစ် သမီးက တစ်ရက်ကို အဲ့ဒီလောက်တောင် ပိုက်ဆံ ရှာနိုင်တာပဲလေ သမီး အသားစားနေတာကို ဒေါ်လေးက ဒီတိုင်း ထိုင်ကြည့်နေလို့တော့ ဘယ်ဖြစ်ပါ့မလဲ ဟုတ်တယ်မလား တကယ်လို့ သမီး ပစ္စည်းတွေ ထားဖို့ ဒေါ်လေးတို့ ဆိုင်သာ မရှိဘူးဆိုရင် သမီးလည်း ဒီလောက် ပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူးလေ"

ချန်ကျင်းဖုန်းသည် စကားများ အများအပြား ပြောနေခဲ့သည်။ ဆိုလိုရင်းမှာမူ နီယန် ပိုက်ဆံ ရှာနိုင်သည်မှာ သူတို့အိမ်ကြောင့် ဆိုသည့် သဘောပင် ဖြစ်သည်။ နီယန်မှ ခပ်ဖွဖွ ပြုံးလိုက်ပြီး ချန်ကျင်းဖုန်း၏ စကားအား တိုက်ရိုက်ပင် ဖြတ်ပြောလိုက်လေသည်။

"ဒါဆို ဒေါ်လေးက ဘာကိုဆိုလိုချင်တာလဲ"

ချန်ကျင်းဖုန်းမှ နှုတ်ခမ်းအား သပ်လိုက်ပြီး ပြောလိုက်သည်။

"ဒေါ်လေး ဆိုလိုချင်တာက လခကို ယွမ် ၃၀၀ ထိ တိုးချင်တယ်"

အတန်ကြာ စဉ်းစားပြီးနောက်တွင်မူ ချန်ကျင်းဖုန်းသည် အနည်းဆုံး လခ ယွမ် ၃၀၀ သည် အသင့်တော်ဆုံးဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ နီယန်သည် တစ်ရက်လျှင် ယွမ် ၃၀၀ ခန့် ရှာနိုင်နေသည် မဟုတ်ပါလား။ နီယန် အတွက် ယွမ် ၃၀၀ ဆိုသည်မှာ အထွေအထူး မဟုတ်ပါချေ။

"၃၀၀ ဟုတ်လား"

နီယန်မှ ပြုံးလျက် ပြန်မေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"

ချန်ကျင်းဖုန်းမှ တက်တက်ကြွကြွ ခေါင်းညိတ်ပြလေသည်။ နီယန်၏မျက်နှာသည် ရွှင်လန်းနေဆဲ ဖြစ်ကာ သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံစံ မျက်လုံးလေးများသည် ကြယ်ရောင်များ အလား တောက်ပနေခဲ့သည့် အပြင် နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ချိတ်ဆွဲထားသေးသည်။

သို့သော် သူမပြောလိုက်သော စကားသည် ချန်ကျင်းဖုန်းအား ဒေါသထွက်လွန်း၍ သေလုနီးပါး ဖြစ်သွားစေခဲ့လေသည်။ သူမမှ ရှင်းလင်း ပြတ်သားကာ ဖြည်းညှင်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဒေါ်လေး လူတွေကို သွားပြီး ဓားပြတိုက် စားလိုက်ပါလား"

ချန်ကျင်းဖုန်းမှ ဒေါသတကြီး ပြန်အော်လေသည်။

"၃၀၀ က များနေလို့လား ငါတို့က နေရာ မငှားပေးရင် နင်က အခုလို ပိုက်ဆံ အများကြီး ရှာနိုင်ပါ့မလား ၃၀၀ ပဲ တစ်ပြားမှ လျှော့မပေးနိုင်ဘူး နင်မငှားလည်း ငှားမယ့်သူတွေ အများကြီးပဲ"

‘ဒီမိန်းမယုတ် နီယန်က အရမ်းလွန်လွန်းတယ်’

‘တစ်ရက်ကို ယွမ် ၃၀၀ တောင် ရနေတာကို အခုတော့ အဲ့ဒီ ယွမ် ၃၀၀ ကိုတောင် လခအဖြစ် မပေးချင်ဘူးတဲ့လား’

နီယန်မှ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒေါ်လေး ဒါဆိုလည်း တခြားသူကိုသာ ငှားလိုက်ပါတော့"

“ဘာ”

ချန်ကျင်းဖုန်းမှ နီယန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်လေသည်။

‘နီယန်က မငှားတော့ဘူးပေါ့’

"နေပါဦး နီယန် နင်က ဘာသဘောလဲ"

နီယန်မှ ဆက်ပြောလိုက်လေသည်။

"ဒေါ်လေးနေရာလေးက တောင်းဆိုမှုတွေ များနေမှတော့ ကျွန်မက တခြားသူတွေကိုပဲ ဦးစားပေးပြီး ဖယ်ပေးလိုက်ပါ့မယ် ကျွန်မ သွားစရာရှိသေးလို့ သွားလိုက်ပါဦးမယ်"

‘သူမ ထွက်သွားပြီလား’

‘နီယန်က ဒီလိုကြီး ထွက်သွားတာလား’

ထိုအခါမှ ယနေ့တွင် နီယန် စားပွဲနှင့် ကုလားထိုင်များ ယူမလာသည်အား ချန်ကျင်းဖုန်း သတိရသွားလေတော့သည်။ ချန်ကျင်းဖုန်း ပြာယာခတ်သွားပြီးနောက် အော်မေးလိုက်သည်။

"နီယန် နင်က မငှားတော့ဘူးလို့ ပြောတာလား"

လေနှင့်အတူ နီယန်၏ အသံလေး လွင့်ပျံလာခဲ့လေသည်။

"ဟုတ်တယ် မငှားတော့ဘူး"

‘မငှားတော့ဘူး’

ချန်ကျင်းဖုန်း ပြာယာခတ်သွားခဲ့ကာ ခြေထောက်များပင် ခွေယိုင်သွားခဲ့လေသည်။ တဖြည်းဖြည်း ဝေးကွာသွားသော နီယန်အား ကြည့်ရင်း သူမ စိုးရိမ်တကြီး အော်လိုက်သည်။

"ယန်ယန် မသွားပါနဲ့ဦး ဈေးကြီးတယ်လို့ ထင်ရင် ဒေါ်လေး နှစ်ရာပဲ ယူပါ့မယ် တကယ်လို့ မရသေးဘူးဆိုရင် တစ်ရာလည်း ရပါတယ် ငါးဆယ် သုံးဆယ် နှစ်ဆယ်"

သို့သော် နီယန်က နောက်ပြန် လှည့်ကြည့်မည့် အရိပ်အယောင်မျှ မပြခဲ့ပေ။ ချန်ကျင်းဖုန်းမှ ခြေဆောင့်ကာ ငိုမတတ် အော်ပြောလိုက်တော့သည်။

"ဆယ်ယွမ်ဆိုရင်တောင် ရပါတယ်"

သို့သော် သူမအား တုံ့ပြန်လာသည်မှာ ငြိမ့်ညောင်းသော လေပြေလေးသာ ဖြစ်သည်။

"လူတွေက ရနိုင်တာထက် အမြဲပိုလိုချင်ကြတာပဲ"

လျိုဝေမှ လျှောက်လာရင်း ပြောလိုက်သည်။

"အမေ နီယန်က အရူးမဟုတ်ဘူး သူများ အမြတ်ထုတ်တာကို ခံနေမှာ မဟုတ်ဘူးလို့ ကျွန်တော် အစကတည်းက ပြောသားပဲ"

‘၃၀၀ တဲ့’

ထိုကိန်းဂဏန်းအား ကြားချိန်၌ သားဖြစ်သည့် သူသည်ပင် ချန်ကျင်းဖုန်းအား ဆဲချင်စိတ် ပေါက်သွားခဲ့ရလေသည်။ ကာယကံရှင် ဖြစ်သည့် နီယန်ကိုမူ ပြောနေစရာပင် မလိုတော့ချေ။ ချန်ကျင်းဖုန်းမှ ဒေါသတကြီး ပြောလိုက်သည်။

"နင်က အမြဲတမ်း အမေ့ဘက်က မရပ်တည်ဘူး စောင့်သာကြည့်နေ အဲ့ဒီမြေခွေးမ နီယန်က ငါ့ဆီကို သေချာပေါက် ပြန်လာပြီး တောင်းပန်လိမ့်မယ် သူ စီးပွားရေး ဆက်မလုပ်ချင်တော့ရင်သာ နေမယ် အဲ့ဒီအချိန်ကျရင် ၃၀၀ လို့ လာမပြောနဲ့ ၆၀၀ ပေးမယ်ဆိုရင်တောင် ငါမငှားဘူး"

လျိုဝေမှ ပြန်ပြောလိုက်သည်။

"နီယန်က တခြားနေရာ ရသွားပြီဆိုရင်ကော အမေ မမေ့နဲ့နော် ဒီလမ်းထဲမှာ ဆိုင်ဖွင့်ထားတာ ကျွန်တော်တို့ တစ်ဆိုင်တည်း ရှိတာမဟုတ်ဘူး"

ထို့အပြင် နီယန်သည် စားပွဲနှင့် ကုလားထိုင်အချို့အား သိမ်းဆည်းရုံသာ ဖြစ်ကာ နေရာလည်း သိပ်အများကြီး မယူချေ။ တစ်လတွင် နေရာငှားရမ်းခ ယွမ် ၁ ယွမ် ဆိုသည်မှာပင် တော်တော်လေး များနေပြီ ဖြစ်သည်။ ထိုစကားများအား ကြားလိုက်ရချိန်တွင် ချန်ကျင်းဖုန်း လုံးဝ တွေဝေ သွားတော့သည်။

‘ဟုတ်သားပဲ’

‘ဒီကိစ္စတွေကို ငါ ဘာလို့ မစဉ်းစားမိခဲ့တာပါလိမ့်’

ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်အား မြို့သို့ ပြန်ခေါ်သွားခဲ့သည်။ ခြံတံခါးခေါက်သံအား ကြား၍ ယန်ချန်ကျန်း တံခါးသွားဖွင့်ရန် ပြင်လိုက်စဉ် ကျိုးစုဟွာမှ သူ့အား တားလိုက်လေသည်။

"နေဦး ဘယ်သူလဲဆိုတာ အရင် သွားကြည့်လိုက်ဦးမယ်"

သူမသည် လိုက်ကာအား မကာ ကြည့်လိုက်ချိန်တွင် ဝမ်မေဖုန်းမှ ယန်ကွေ့ပေါင်အား ပြန် ခေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကျိုးစုဟွာ၏ မျက်နှာသည် ချက်ချင်း တင်းမာသွားခဲ့သည်။

"ဒီနေ့ ဘယ်သူမှ တံခါးမဖွင့်ပေးနဲ့ ဝမ်မေဖုန်း သူ့အမှားကို ဝန်ခံအောင် ငါ လုပ်မှဖြစ်မယ်"

ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ကျိုးစုဟွာမှ ဒေါသတကြီး ပြောလိုက်လေသည်။

"တောထဲက ဘာမှမရှိတဲ့ ခြေဗလာ သမားတော်က အသုံးမကျဘူးလို့ ငါ အစောကြီးကတည်းက ပြောသားပဲ သူက ငါ့စကားမှ နားမထောင်တာ အခု ပြဿနာ တက်တော့မှ ပြန်လာရ ကောင်းမှန်း သိတယ်ပေါ့လေ အရင်တုန်းကကျတော့ သူ ဘာလုပ်နေလဲ"

All Chapters