← Chapters

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း (၁၄၃)

ယနေ့တွင် လသစ်၏ အစ ဖြစ်သောကြောင့် နီယန် ငှားရမ်းထားသော ဆိုင်နေရာသည် သူတို့၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီ ဖြစ်သည်။ နီယန် သူမ၏ လုပ်ငန်းအား ဆက်လုပ်ချင်ပါက သူတို့ဆီမှ ခြေသလုံး ဖက်ပြီး တောင်းဆိုရတော့မည် ဖြစ်သည်။

လမ်းတစ်လျှောက်လုံး မိသားစု သုံးယောက်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်မသွားခဲ့ပေ။

"တာ့ကျူ အဲ့ဒီခွေးမ နီယန်က ငါတို့ကို မြင်တဲ့အခါ သူ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်း"

နီတာ့ကျူးမှ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေသည်။

"သူ လန့်ဖျပ်သွားမှာ သေချာတယ် ပြီးတော့ သူ့ဆိုင်နေရာလေး ပြန်ပေးဖို့ ငါတို့ကို ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်"

"သူ့ကို ပြန်ပေးရမယ်ဟုတ်လား"

လျိုကျွမ်းးမှ နှာခေါင်းရှုံ့လိုက်လေသည်။

"ဘယ်အကြောင်းပြချက်နဲ့ သူ့ကို ပြန်ပေးရမှာလဲ အခု ငါတို့က ဒီဆိုင်နေရာရဲ့ ပိုင်ရှင်တွေပဲ ငါ့ဆီကနေ သူက ဘယ်လိုလုပ်ပြီး ပြန်ယူရဲမှာလဲ မှတ်ထား သူ့ကို ပြတ်ပြတ်သားသား ဆက်ဆံ အဲ့ဒီခွေးမကို သူ့ပိုက်ဆံတွေအကုန်လုံး ငါတို့ဆီ အပ်ခိုင်းလိုက် မအပ်ဘူးဆိုရင်တော့ သေပြီး ပျောက်ကွယ် သွားလိုက်လို့သာ ပြောလိုက်"

နီယန်သည် ယခုအခါ စဉ်းတီတုံးပေါ်မှ အသားတစ်တုံးကဲ့သို့ အကူအညီမဲ့နေတော့မည်မှာ သေချာလှပေသည်။ သူ လွတ်မြောက်သွားနိုင်မည် ဟု ထင်နေသည်လား။

ဘယ်တော့မှ မဖြစ်နိုင်ချေ။ တောကလာသည် ခွေးရိုင်းမသည် အခြေအနေအား ပြောင်းပြန် လှန်နိုင်လိမ့်မည် ဟု ထင်နေသည်လား။ နီတာ့ကျူးမှ သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ ကျွမ်းရယ် ငါ ဒီကိစ္စကို ဖျက်ဆီးမပစ်ပါဘူး"

လျိုကျွမ်းးမှ လျိုရှန်းရှန်းကိုလည်း ထပ်မံညွှန်ကြားပြန်သည်။

"ရှန်းရှန်း အဲ့ဒီခွေးမ ပိုက်ဆံ လာအပ်တဲ့အခါ လည်လည်ဝယ်ဝယ် လုပ်ဖို့ မှတ်ထားနော် ပိုက်ဆံ အမှားအယွင်း မရှိအောင် သေချာစစ်ယူ အမေ စုံစမ်းပြီးသွားပြီ ငါးမုန်ညင်းချဉ်ခေါက်ဆွဲက တစ်ပွဲကို သုံးပြား ဆီးသီးချိုချဉ်ဖျော်ရည်က တစ်ခွက်ကို တစ်ပြားတဲ့"

ထူးထူးခြားခြားပင် လျိုရှန်းရှန်းသည်လည်း လျိုကျွမ်းအား ပြန်မငြင်းခဲ့ချေ။ ထိုအစား သူမသည် လိမ္မာကျိုးနွံစွာဖြင့် ပြောလိုက်သည်။

"သိပါပြီ အမေ စိတ်မပူပါနဲ့ သမီး အမှားမခံပါဘူး သမီးသင်ထားတဲ့ ပညာတွေကို အသုံးမချဘူးလို့ အမေ ထင်နေလား"

လျိုကျွမ်း မှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါမှ ငါ့သမီး အဲ့ဒီခွေးမထက် အများကြီး သာတယ်"

"ဒါပေါ့"

လျိုရှန်းရှန်းသည် သူမ၏မေးစေ့အား ဂုဏ်ယူစွာ မော့လိုက်ပြီး နောက် မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"တောသူမ နီယန်မှာ သမီးနဲ့ ယှဉ်နိုင်တာ ဘာရှိလို့လဲ"

‘ရုပ်လေး နည်းနည်း ချောတာကလွဲပြီး နီယန်က ဘာမှတန်ဖိုးမရှိဘူး’

သူမကမူ ကောလိပ် တက်ရတော့မည့်သူ ဖြစ်သည်။ မိသားစု သုံးယောက် နီယန် ပုံမှန် ရောင်းနေကျ နေရာသို့ ရောက်လာကြကုန်သည်။ သို့သော် ထူးဆန်းစွာပင် ဆိုင်နေရာသည် ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။ ခေါက်ဆွဲစားရန် တန်းစီနေသည့်သူများ မပြောနှင့်။ နီယန်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ဤသည်မှာ မျှော်လင့်မထားသော အခြေအနေပင် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ၅:၃၀ ခန့်တွင် လူများ စတင်၍ တန်းစီကြသည်အား လျိုကျွမ်း တိတ်တဆိတ် လေ့လာထားခဲ့ခြင်း ဖြစ်သည်။ အခုမူ ၅:၄၀ပင် ရှိနေပြီ ဖြစ်ရာ မည်သည့် အကြောင်းကြောင့် တစ်ယောက်မှ တန်းစီမနေကြရလေသနည်း။

‘လူတိုင်း အိပ်ရာထနောက်ကျနေကြလို့လား’

လျိုကျွမ်း မျက်မှောင် ကြုတ်လိုက်မိသည်။ နီတာ့ကျူးသည် ဤအသေးစိတ်အချက်များအား သတိမထားမိပေ။ သူသည် ဆိုင်နေရာ အလယ်ဗဟိုတွင် ဝင်ထိုင်လိုက်ပြီးနောက် အချိန်မရွေး နီယန်အပေါ် အာဏာပြရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

‘အဲ့ဒီခွေးမက သူ့လို ဦးလေးတစ်ယောက်ကို လှည့်စားနိုင်မယ်လို့များ ထင်နေသလား’

‘ဟက်’

‘သူ အံ့သြသွားရလိမ့်မယ်လို့ လောင်းရဲတယ်’

‘ဘယ်လိုပဲဖြစ်ဖြစ် သူက အမြဲတမ်း သူရဲ့ ဦးလေးဖြစ်နေမှာပဲလေ’

လျိုကျွမ်းသည် နီတာ့ကျူးထံ လျှောက်သွားလိုက်ကာ သူမ သတိပြု မိထားသည်များအား ပြောပြလိုက်သည်။ ထိုစကားအား ကြားသောအခါ နီတာ့ကျူးးသည် ပေါ့ပေါ့ဆဆပင် ပြန်ပြောလိုက်သည်။

"ဘာတွေများ စိုးရိမ်စရာ ရှိလို့လဲ အဲ့ဒီခွေးမ နီယန်က စီးပွားရေး လုပ်တတ်ပြီး နေ့တိုင်း ဖောက်သည်တွေ ရနေမယ်လို့ မင်း တကယ်ထင်နေတာလား ခဏလောက် ထပ်စောင့်ကြည့်ရအောင် မကြာခင် အဲ့ဒီခွေးမ ရောက်လာမှာပါ"

နီတာ့ကျူး ပြောသည်မှာလည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်သဖြင့် လျိုကျွမ်းမှ သဘောတူစွာ ခေါင်းညိတ် ပြလိုက်သည်။ အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားလေရာ ယခုဆိုလျှင် ခြောက်နာရီပင် ကျော်လွန်နေပြီ ဖြစ်သော်လည်း နီယန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။ လျိုရှန်းရှန်း ဂနာမငြိမ်ဖြစ်လာခဲ့ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတော့သည်။

"အမေ အဖေ တောက တက်လာတဲ့ ကောင်မ နီယန်က ဒီမနက် လာမရောင်းတာများ ဖြစ်နိုင်မလားဟင်"

"မဟုတ်ပါဘူး မဟုတ်ပါဘူး လုံးဝ မဖြစ်နိုင်တာ"

လျိုကျွမ်းမှ စိတ်ချစေရန် ပြောလိုက်သည်။

"နီယန် သေချာပေါက် လာမှာပါ"

ထိုစဉ် ဖောက်သည် အချို့ ရောက်လာကြလေသည်။ သူတို့သည် နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။

"ခင်ဗျားတို့ အကုန်လုံးကလည်း မုန်ညင်းချဉ်ခေါက်ဆွဲစားဖို့ လာကြတာလား ခင်ဗျားတို့ မသိလောက်သေးဘူး ထင်တယ် ဆိုင်ရှင်မလေးက ဒီမှာ ဆက်မရောင်းတော့ဘူးဗျ စောစောစီးစီး ပြန်တာပဲ ကောင်းမယ် မဟုတ်ရင် စောင့်ရတာ အချိန်ကုန်ရုံပဲ အဖတ်တင်လိမ့်မယ် တကယ်လို့ မုန်ညင်းချဉ်ခေါက်ဆွဲ အရမ်း စားချင်နေတယ်ဆိုရင် ဟိုဘက်မှာ နောက်ထပ် ဆိုင်တစ်ဆိုင် ရှိသေးတယ် ဆိုင်ရှင်မလေး လက်ရာလောက် မကောင်းပေမယ့် ဘာမှ မရှိတာထက်တော့ သာတယ် မဟုတ်လား"

‘ဆိုင်ရှင်မလေးက ဒီမှာ ဆက်မရောင်းတော့ဘူးတဲ့လား’

‘သူမ ထွက်သွားပြီလား’

ဤသတင်းသည် မိသားစု သုံးယောက် အတွက် ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားချေတော့သည်။ သူတို့ ဆွံ့အ မှင်တက်သွားကြပြီးနောက် အချိန်အတော်ကြာသည် အထိ မည်သည့်ကိုမှ မတုံ့ပြန်နိုင်ကြတော့ပေ။

နီယန်မှ ဤနေရာတွင် ဆက်မရောင်းတော့လျှင် သူတို့သည် မည်သူ့ဆီမှနေ ပိုက်ဆံသွားယူရမည်နည်း။ လျိုကျွမ်းမှ အရင်ဆုံး သတိဝင်လာသူ ဖြစ်သည်။ သူမမှ လမ်းသွားလမ်းလာတစ်ဦး၏ လက်မောင်းအား ဖမ်းဆုပ်ကာ မေးလိုက်သည်။

"ရှင် နီယန်က ဒီမှာ စီးပွားရေး ဆက်မလုပ်တော့ဘူးဆိုတာ တကယ်လား မနေ့ကတောင် သူ ဒီမှာ ရှိနေသေးတယ် မဟုတ်လား"

လမ်းသွားလမ်းလာမှ ရှင်းပြလိုက်သည်။

"မနေ့က ဆိုင်ရှင်မလေး ဒီမှာရောင်းတဲ့ နောက်ဆုံးနေ့လေ ဒါပေမဲ့ စိတ်မပူပါနဲ့ ဆိုင်ရှင်မလေးက ဆိုင်ပြန်ဖွင့်မှာဆိုတော့ သူ့ရဲ့ ငါးမုန်ညင်းချဉ်ခေါက်ဆွဲကို စားလို့ရဦးမှာပါ"

ထိုစကားအား ကြားသောအခါ လျိုကျွမ်းမှ သက်ပြင်းချလိုက် ပြီးနောက် ထပ်မေးလိုက်သည်။

"ဒါဆို သူမက ဘယ်တော့လောက် စီးပွားရေး ပြန်လုပ်မှာလဲ"

လမ်းသွားလမ်းလာမှ ဆက်ပြောပြန်သည်။

"သူမ ဒီကို ပြန်လာမှာ မဟုတ်လောက်တော့ဘူး ဆိုင်ရှင်မလေးက စာကြည့်တိုက် မျက်နှာချင်းဆိုင်မှာ ဆိုင်ခန်းတစ်ခန်း ဝယ်လိုက်ပြီလေ အခု ပြင်ဆင်မှုတွေ လုပ်နေပြီး နောက်လ ၂ ရက်နေ့ကျရင် ဆိုင်ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ပြောတယ်"

All Chapters