← Chapters

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း (၁၄၄)

‘နီယန်က ဆိုင်ခန်းတစ်ခန်း ဝယ်လိုက်တယ်တဲ့ သူမ တကယ်ပဲ ဆိုင်ခန်းဝယ်လိုက်တာလား’

ထို့နောက် လျိုကျွမ်း မည်သို့မျှ ဆက်မကြားနိုင်တော့ပေ။ သွေးများ ခေါင်းထဲသို့ ဆောင့်တက်သွားသကဲ့သို့ ခံစားလိုက်ရကာ မျက်လုံးများ ပြာကျသွားပြီး ချက်ချင်း သတိလစ် မေ့မြောသွားလေတော့သည်။

"ကျွမ်းအာ"

"အမေ"

နီတာ့ကျူး ထိတ်လန့်သွားခဲ့ကာ လျိုကျွမ်း၏ နှာခေါင်းအောက်ရှိ ရန်ကျုံး အပ်စိုက်မှတ်အား အမြန်ဖိပေးလိုက်သည်။ ခဏအကြာတွင် လျိုကျွမ်း မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာလေတော့သည်။

မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် သူမသည် နီတာ့ကျူးအား ရိုက်နှက်ကာ ဆဲဆိုတော့သည်။

"သောက်သတ္တိကြောင်တဲ့ ခွေးကောင် နင် သွားသေလိုက်ပါလား တောသူမ တစ်ယောက်ကိုတောင် သေချာမထိန်းချုပ်နိုင်ဘူး ငါ့ပိုက်ဆံတွေ အခုချက်ချင်း ငါ့ပိုက်ဆံတွေ ပြန်သွားယူပေး"

ယွမ် ၃၀၀ တောင်

‘ဒီအစုတ်ပလုတ် ဆိုင်နေရာလေးကို ငှားဖို့အတွက် သူ့မှာ ရှိသမျှ အကုန်ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ရတာ’

သူမသည် မူလတွင် နီယန်ထံမှ ငွေအမြောက်အမြား ခေါင်းပုံ ဖြတ်ရန် အတွက် စီစဉ်ထားခဲ့သော်လည်း ယခုမူ ငွေမရသည့်အပြင် ယွမ် ၃၀၀ ပင် ဆုံးရှုံးသွားခဲ့ရသေးသည်။ လျိုကျွမ်း၏ ဒေါသများများ ပေါက်ကွဲထွက်တော့ မတတ်ပင် ဖြစ်နေချေတော့သည်။

‘ အဲ့ဒီကောက်ကျစ်တဲ့ ကောင်မ နီယန်က ဘာလို့များ အပြင်ထွက်ပြီး ဆိုင်သွားဝယ်ရတာလဲ’

ထိုအခိုက်အတန့်တွင် လျိုကျွမ်းမှာ မနာလိုလည်းဖြစ် ငြူလည်းငြူစူမိနေတော့သည်။ သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များ ပြည့်နှက်နေပြီး အလွန်အမင်း စိတ်ဆင်းရဲနေရသည်။ လျိုရှန်းရှန်းသည်လည်း ဘေးတွင်ထိုင်ကာ ငိုယို သောင်းကျန်းနေလေတော့သည်။

"သမီးပိုက်ဆံ သမီးပိုက်ဆံတွေ လိုချင်တယ်"

(**အတော်လေး တရားကျဖို့ကောင်းတဲ့ မိသားစု သူများရှာထားတဲ့ ငွေကို အလကား လိုချင်နေတာကို လွန်နေပြီ သူတို့ လုပ်နေတာ အတော် အမှန်ထင်နေကြတာ ဒါက ဝတ္တုထဲမှာတင် မဟုတ်ဖူး လက်တွေ့မှာလည်း အဲ့လို လူတွေ ရှိနေတာ**)

သူမသည် ဝယ်ချင်သည့် အဝတ်အစားများနှင့် အလှကုန်များအား ရွေးထားပြီးသား ဖြစ်ကာ ယနေ့ ရမည့်ငွေများဖြင့် လှပသော ဆံပင်တု တစ်ခု ဝယ်ရန်ပင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

‘သူ လက်မခံနိုင်ဘူး’

နီယန်သည် သူတို့ကွယ်ရာတွင် ဘာကြောင့်များ ဆိုင်ခန်းအား တိတ်တဆိတ် သွားဝယ်ရလေသနည်း။ လျိုကျွမ်း အားကုန် ရိုက်နှက်လိုက်လေသည်။ ဒဏ်ရာများမှ ယခုမှ သက်သာကာစရှိသေးသော နီတာ့ကျူး၏ မျက်နှာပေါ်တွင် မိုးလွန် ပြီးနောက် နွေဦးရောက် လာသကဲ့သို့ ဒဏ်ရာအသစ်များဖြင့် ထပ်မံ ဖုံးလွှမ်း သွားတော့သည်။

နီတာ့ကျူး မညည်းညူရဲပေ။ သူ၏ ရင်ထဲတွင် နီယန်အား အကြိမ်တစ်ထောင်မက ကျိန်ဆဲနေရုံသာ တတ်နိုင်တော့သည်။ ဤဘက်တွင် မည်သည့် အဖြစ်ပျက်များ ဖြစ်ပျက်နေသည်အား နီယန် လုံးဝ မသိရှိပေ။

ဤအချိန်တွင် သူမသည် ခြံထဲ၌ ဆောင့်ကြောင့်ထိုင်ကာ သွားတိုက်နေခဲ့သည်။ သွားတိုက်ပြီးနောက် မျက်နှာသစ်စဉ် သူမ၏ နဖူးပေါ်တွင် ဝက်ခြံသေးသေးလေး တစ်ခု ပေါက်နေသည်ကို သတိထားမိ လိုက်သည်။ အလှအပအား မြတ်နိုးသူတစ်ဦး အတွက် ဝက်ခြံပေါက်ခြင်းသည် အလွန်ကြီးမားသော ကိစ္စပင် ဖြစ်ချေတော့သည်။

အစားအသောက်မှ အာဟာရကိုသာ အားကိုးနေရုံနှင့် မလုံလောက်ပုံ ရသည်။ အပြစ်အနာအဆာ ကင်းပြီး ဖြူဝင်းသော အသားအရေအား ထိန်းသိမ်းရန် အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်များကိုလည်း အသုံးပြုရန် လိုအပ်ပေသည်။

ထို့အပြင် ဆောင်းရာသီ ရောက်လာတော့မည် ဖြစ်ရာ မျက်နှာနှင့် လက်များရှိ အသားအရေများသည် အေးစက်သော လေဒဏ်ကြောင့် ကွဲအက်လာလိမ့်မည် ဖြစ်သည်။ သူမ၏ အသားအရေအား အထူး ဂရုစိုက်ရန် လိုအပ်သည်။

ဤခေတ်တွင် အသားအရေထိန်းသိမ်းမှု ထုတ်ကုန်များ မများလှပေ။ အကျော်ကြားဆုံးသည် နှင်းပွင့်ခရင်မ် ဖြစ်ပြီး ထို့နောက်တွင် ခရုခွံများဖြင့် ထုပ်ပိုးထားသော ကမာဆီသာ ရှိပေသည်။ ကမာဆီသည် ဈေးသက်သာသော်လည်း အသားအရေ အတွက် သိပ်ပြီး အကျိုးကျေးဇူး မရှိလှပေ။

နှင်းပွင့်ခရင်မ်က သာမန်လူများ မတတ်နိုင်လောက်အောင် စျေးကြီးလွန်းလှကာ တင်သွင်းလာသည့် အချို့သော အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်များသည် ပို၍ပင် စျေးနှုန်း မတန်တဆ ကြီးမြင့်လှသည်။

ထိုစဉ် နီယန်၏ ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ဝင်လာခဲ့တော့သည်။ သူမ ကိုယ်ပိုင် အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်များအား ဖန်တီးလို့ရသည် မဟုတ်ပါလား။ သူမ၏ ယခင်ဘဝ အတွေ့အကြုံများနှင့် ဆေးပညာ ဗဟုသုတများ ရှိနေသဖြင့် အဆိပ်သင့်မည်အား သူမ မကြောက်ပေ။

သူမ တွေးလိုက်သည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်တော့သည်။ မျက်နှာအား ကမန်းကတန်း သုတ်လိုက် ပြီးနောက် နီယန်သည် ကတ်ကြေး တစ်လက် ကိုင်ကာ ဟင်းသီးဟင်းရွက် ခြံဘက်သို့ ဦးတည်သွားလိုက်သည်။ ဟင်းသီးဟင်းရွက်များ အပြင် ခြံထဲတွင် ရှားစောင်းလက်ပပ်နှင့် ဆေးဖက်ဝင် အပင်များကိုပါ စိုက်ပျိုးထားခြင်း ဖြစ်သည်။

ရှားစောင်းလက်ပပ်သည် အသားအရေ ထိန်းသိမ်းခြင်းနှင့် ဝက်ခြံ ခြောက်စေခြင်း အတွက် အလွန် ကောင်းမွန်သော အာနိသင်များ ရှိသည့်အပြင် ရေဓာတ် ဖြည့်တင်းပေးသည့် အကျိုးကျေးဇူးများလည်း ရှိပေသည်။

နီယန်သည် ရှားစောင်းလက်ပပ်ဖြင့် မျက်နှာသစ်ဆေးနှင့် ရှားစောင်းလက်ပပ်ဂျယ်လ် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရှားစောင်းလက်ပပ်များသည် အလွန်ဖြစ်ထွန်းနေပြီး မူလတွင် သုံးပင်သာရှိရာမှ ယခုအခါ အပင်တစ်ဒါဇင်ကျော်အထိ ရှိနေပြီ ဖြစ်သည်။ နီချွေ့ဟွာသည် ပုံမှန် ရေလောင်း ပေါင်းသင် မြေသြဇာ ကျွေးပေးသဖြင့် အလွန်ဖူးရောင်ကာ တုတ်ခိုင်နေလျှက် ရှိကာ သစ်တောစိမ်းရောင် သန်းကာ ရှင်သန် လန်းဆန်းမှုများဖြင့် ပြည့်နှက် နေလေတော့သည်။

နီယန်သည် ရှားစောင်းလက်ပပ်ရွက်များအား "ခွပ် ခွပ်" မြည်သံ နှင့်အတူ တစ်ခြင်းအပြည့် ညှပ်ယူလိုက် ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ နီယန် ရှားစောင်းလက်ပပ်ရွက်များ သယ်လာသည်အား မြင်သောအခါ နီချန်ကွေ့မှ အံ့သြတကြီးဖြင့် မေးလိုက်သည်။

"မဖြစ်နိုင်တာ ယန်ယန်ရယ် ဒီရှားစောင်းလက်ပပ်ရွက်တွေကိုရော စားလို့ရလို့လား"

နီယန်၏ ဟင်းချက်လက်ရာသည် အမှန် တကယ် ကောင်းမွန်လွန်းသဖြင့် နီယန် တစ်ခုခု သယ်လာသည်အား မြင်လိုက်တိုင်း နီချန်ကွေ့သည် အစားအသောက်ကိုသာ ချက်ချင်း ပြေးမြင်မိတော့သည်။ နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"မဟုတ်ပါဘူး သမီး ဒါနဲ့ မျက်နှာသစ်ဆေးနဲ့ ရှားစောင်းလက်ပပ်ဂျယ်လ် လုပ်မလို့ စီစဉ်ထားတာပါ "

"မျက်နှာသစ်ဆေး ဟုတ်လား"

နီချန်ကွေ့မှ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"နွားနို့လိုမျိုး သောက်စရာ တစ်မျိုးလား"

"မဟုတ်ဘူး အဲ့ဒါက သောက်လို့မရဘူး"

နီယန်မှ ရှင်းပြလိုက်သည်။

"အဲ့ဒါက မျက်နှာသစ်ဖို့ အသားအရေကို သန့်စင်ဖို့လေ"

"ဪ"

နီချန်ကွေ့သည် နားလည်သလိုလို နားမလည် သလိုလိုဖြင့် ခေါင်းညိတ် ပြလိုက်သည်။

"ဒါဆို ရှားစောင်းလက်ပပ်ဂျယ်လ် ဆိုတာက ဘာလဲ သူလည်း မျက်နှာသစ်ဖို့ပဲလား"

နီချန်ကွေ့မှ ဆက်မေးပြန်သည်။

"ရှားစောင်းလက်ပပ် ဂျယ်လ်က မျက်နှာပေါ် လိမ်းဖို့လေ ဝက်ခြံပျောက်စေပြီး ရေဓာတ်ဖြည့်ပေးတဲ့ အာနိသင်ရှိတယ်"

နီယန်မှ ဆက်ပြောသည်။

"သမီး လုပ်ပြီးသွားရင် ဒေါ်လေးနီ စမ်းသုံးကြည့်ပေါ့ အဲ့ဒီကျရင် သိလိမ့်မယ်"

နီချန်ကွေ့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပေါ်ထွက် လာတော့သည်။ မျက်နှာသစ်ဆေး ပြုလုပ်သည့် လုပ်ငန်းစဉ်သည် မရှုပ်ထွေးလှပေ။ ပထမဆုံး ရှားစောင်းလက်ပပ်အား ရေဆေးပြီးနောက် အခွံနွှာကာ ငရုတ်ဆုံထဲထည့်ပြီး ထောင်းရသည်။ ထို့နောက် ပျားရည် တစ်ဇွန်းနှင့် နွားနို့ခွက် တစ်ဝက်အား ဖြည်းဖြည်းချင်း ရောမွှေလိုက်ပါက နို့နှစ်ကဲ့သို့ အရာတစ်ခု ဖြစ်လာသည်။

အိမ်တွင် နွားနို့မရှိသောကြောင့် နီယန်က ရွာထဲရှိ နို့စားနွားများ ရှိသော ရှောင်ဟွာတို့ အိမ်သို့ နွားနို့ တစ်ဘူး သွားဝယ်ခဲ့ရသည်။ သို့သော် ရှောင်ဟွာ၏အဘွားမှ ပိုက်ဆံမယူရန် အတင်းအကြပ် ငြင်းဆိုနေခဲ့သည်။ နီယန်မှ ရယ်မောရင်း ပြောလိုက်သည်။

"အဘွားရယ် အဘွားသာ ပိုက်ဆံမယူရင် နောက်တစ်ခါ အဘွားတို့အိမ်ကနေ နွားနို့ လာဝယ်ရဲတော့မှာ မဟုတ်ဘူး သမီးတို့ရွာက မြို့နဲ့ အများကြီး ဝေးတာကို သမီးကို နွားနို့ နည်းနည်း အတွက်နဲ့ မြို့အထိ အဝေးကြီး ပြေးရတာကို အဘွား တကယ်ပဲ မြင်ချင်လို့လား"

မည်သို့မှ မတတ်နိုင်တော့သဖြင့် ရှောင်ဟွာ၏ အဘွားသည် နောက်ဆုံးတွင် ငွေအား လက်ခံလိုက်သော်လည်း ရှောင်ဟွာအား အိမ်လုပ် ပဲကြာဆံ တစ်ခြင်း ချက်ချင်း သွားပို့ခိုင်းလိုက်ပြန်သည်။ ရှောင်ဟွာသည် နီယန်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မမနီယန် ဘာတွေလုပ်နေတာလဲဟင်"

နီယန်သည် ရှောင်ဟွာအား မျက်နှာသစ်ဆေးနှင့် ရှားစောင်းလက်ပပ်ဂျယ်လ် အကြောင်း ရှင်းပြလိုက်သည်။ ရှင်းပြချက်အား ကြားပြီးနောက် ရှောင်ဟွာမှ အံ့သြတကြီး အံအားသင့်ဟန်ဖြင့် ပြောလိုက်သည်။

"အစ်မနီယန်က တကယ်ကို တော်တာပဲ"

မကြာမီမှာပင် မျက်နှာသစ်ဆေး အဆင်သင့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်မှာမူ ရှားစောင်းလက်ပပ်ဂျယ်လ် ပြုလုပ်ခြင်း ဖြစ်သည်။ ရှားစောင်းလက်ပပ်ဂျယ်လ် ပြုလုပ်ခြင်းသည်လည်း တော်တော်လေး ရိုးရှင်းလှသည်။ ရှားစောင်းလက်ပပ်အား အခွံနွှာ အကွင်းလိုက်လှီးပြီး အနှစ်ဖြစ်အောင် ထောင်းလိုက်ရုံသာဖြစ်သည်။

သို့သော် ရှားစောင်းလက်ပပ်ဂျယ်လ်အား ပိုမိုထိရောက်စေလိုပါက ပေါင်းခံရည် အနည်းငယ် ထည့်ရန် လိုအပ်သော်လည်း ပေါင်းခံရည် ပြုလုပ်ခြင်းမှာမူ ထိုမျှမလွယ်ကူပေ။ ထို့ကြောင့် နီယန်မှာ ကိုးနာရီကျော်သည် အထိ အလုပ်များနေခဲ့ပြီး မှသာ ရှားစောင်းလက်ပပ် ဂျယ်လ်အား ပြုလုပ်နိုင်ခဲ့သည်။

မျက်နှာသစ်ဆေးနှင့် ရှားစောင်းလက်ပပ် ဂျယ်လ် လုပ်ပြီးနောက် နီယန် စမ်းသပ် အသုံးပြု ကြည့်လိုက်သည်။ မျက်နှာသစ်ဆေးသည် အမြှုပ်ပင် ကောင်းစွာထွက်ပြီး အာနိသင်သည်လည်း အံ့မခန်းပင် ဖြစ်သည်။ မျက်နှာသစ် ပြီးနောက် သူမ၏ အသားအရေသည် သိသိသာသာ ပိုမို၍ ချောမွေ့လာသည်ကို မြင်တွေ့နိုင်သည်။

ရှားစောင်းလက်ပပ်ဂျယ်လ်အား မျက်နှာပေါ် လိမ်းလိုက်သောအခါ အလွန်လျင်မြန်စွာ စိမ့်ဝင်သွားခဲ့သည်။ အချိန်ခဏလေးအတွင်းမှာပင် နီယန်၏ မျက်နှာပေါ်ရှိ ဝက်ခြံများ၏ အရောင်သည် သိသိသာသာ မှေးမှိန်သွားတော့သည်။

ရှောင်ဟွာ ပြန်ခါနီးတွင် နီယန်သည် ယိုဘူး သေးသေးလေးများထဲသို့ ရှားစောင်းလက်ပပ်ဂျယ်လ်နှင့် မျက်နှာသစ်ဆေးတို့အား ထည့်ကာ ရှောင်ဟွာ၏ အမေ သုံးရန်အတွက် အိမ်သို့ ထည့်ပေးလိုက်သည်။ ရှောင်ဟွာမှ ယဉ်ကျေးစွာဖြင့် တုံ့ပြန်လိုက်သည်။

"မျက်နှာသစ်ဆေးနဲ့ ရှားစောင်းလက်ပပ် ဂျယ်လ် အတွက် ကျေးဇူးတင်ပါတယ် မမနီယန် သမီးအမေကတော့ သေချာပေါက် သဘောကျမှာပဲ"

နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"ဘယ်လိုသုံးရမလဲဆိုတာ သိတယ်မလား"

ရှောင်ဟွာမှ ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ မမနီယန် သမီး နားလည်ပါတယ်"

ရှောင်ဟွာသည် ဉာဏ်ကောင်းသူ ဖြစ်လေရာ ဘေးမှနေ၍ နီယန် လုပ်သမျှအား အစစအရာရာ စောင့်ကြည့်နေခဲ့သည် ဖြစ်သဖြင့် သူမ မည်ကဲ့သို့ မသိဘဲ နေလိမ့်မည်နည်း။

ရှောင်ဟွာအား နှုတ်ဆက်ပြီးနောက် နီချွေ့ဟွာအား ရှားစောင်းလက်ပပ်ဂျယ်လ်နှင့် မျက်နှာသစ်ဆေး စမ်းသုံးကြည့်ရန် နီယန် အခန်းထဲသို့ ပြန်ဝင်ရန် လှည့်လိုက်စဉ် ရုတ်တရက် တံခါး အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

"ယန်ယန် ယန်ယန် အိမ်မှာရှိလား"

ထို့နောက် ယန်ကွေ့ပေါင်၏ အသံထွက်ပေါ်လာခဲ့သည်။

"မမနီယန် သား ရောက်ပြီ"

နီယန် အပြင်ထွက် ကြည့်လိုက်လေရာ ဝမ်မေဖုန်းနှင့် ယန်ကွေ့ပေါင်တို့ ရောက်လာသည်အား မြင်လိုက်ရလေသည်။ သားအမိနှစ်ယောက်၏ နောက်တွင် အထုတ်ကြီး အထုတ်ငယ်များအား သယ်ဆောင်လာသော အသက်ကြီးသူ နှစ်ဦးနှင့် လူငယ်တစ်ဦး စုစုပေါင်း သုံးဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေလေသည်။

"ဒေါ်လေးဝမ် ကွေ့ပေါင်"

နီယန်မှ သူတို့အား ပြုံးလျက် နှုတ်ဆက်လိုက်သည်။ ဝမ်မေဖုန်းမှ ဆက်ပြောသည်။

"ယန်ယန် ဒေါ်လေး မိတ်ဆက်ပေးမယ် ဒါက ကွေ့ပေါင်ရဲ့ အဘိုးနဲ့ အဖွား ပြီးတော့ ဒါက ဒေါ်လေး ယောက်ျား ယန်ချန်ကျန်းတဲ့ အဖေ အမေ ချန်ကျန်း ဒါက ကွေ့ပေါင်ကို ကုသပေးခဲ့တဲ့ နတ်ဆေး သမားတော်လေး နီယန်ပဲ"

ကျိုးစုဟွာ အနေဖြင့် နီယန်သည် အလွန်ငယ်ရွယ်ကြောင်း သိထားသော်လည်း နီယန်အား လူချင်း တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားဆဲပင် ဖြစ်သည်။ ထို့အပြင် နီယန်သည် ဤမျှလောက် အထိ လှပနေလိမ့်မည်ဟု သူမ မတွေးထားခဲ့မိပေ။ သူမ ရုပ်ရှင်မင်းသမီးပင် ဖြစ်နိုင်ပေသည်။

‘ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေး ဒီလိုမျိုး ရုပ်ရည်သွင်ပြင်နဲ့များ သူက တောကလာတယ်လို့ ပြောရင် လူတွေ ယုံကြမှာတောင် မဟုတ်ဘူး’

"နတ်ဆေးသမားတော်လေး ငါတို့ကွေ့ပေါင်ကို ကုသပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်ကွယ် သမီးက ငါတို့ ယန်မိသားစုရဲ့ သက်ရှိထင်ရှား ရှိတဲ့ ဘုရားလောင်းလိုပါပဲ ကျေးဇူးတင်ပါတယ်"

ကျိုးစုဟွာသည် နီယန်၏လက်အား ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားလွန်း၍ စကားများပင် ဗလုံးဗထွေး ဖြစ်လာတော့သည်။

All Chapters