← Chapters

အခန်း ၁၄၈

Vol. 10 Ch. 148

အခန်း ၁၄၈

Vol. 10 Ch. 148

အခန်း (၁၄၈)

အတိတ်ဘဝတွင် နီယန်သည်လည်း အလှအပအား မြတ်နိုးသူ တစ်ယောက် ဖြစ်ကာ သူမ၏ အသားအရေ ထိန်းသိမ်းမှု အပိုင်းတွင် အများကြီး အားထုတ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် မည်ကဲ့သို့ အသားအရေ ပြဿနာမျိုးကို မဆို သူမသည် ချက်ချင်း သိမြင်နိုင်ပေသည်။

ဝမ်မေဖုန်းသည် ကြွေဘူးလေး၏ အဖုံးအား ဖွင့်ကာ အနံ့ခံ ကြည့်လိုက်သည်။ နို့နံ့ သင်းသင်းလေး နှင့်အတူ မွှေးပျံ့သော ရနံ့လေးအား ရလိုက်သဖြင့် မျက်နှာသစ်ဆေးဟု ခေါ်သည်မှာ မဆန်းပေ။

"ဒါကရော"

ဝမ်မေဖုန်းမှ ထပ်မံ၍ မေးလိုက်သည်။

"ဒါက ရှားစောင်းလက်ပပ်ဂျယ်လ်ပါ"

"မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီးတာနဲ့ အဲ့ဒါကို မျက်နှာပေါ် လိမ်းရတာပါ"

ဝမ်မေဖုန်းမှ ခေါင်းညိတ်လိုက်ပြီးနောက် ဘူးလေးနှစ်ဘူးအား ပြုံးပြုံးရွှင်ရွှင်ဖြင့် သိမ်းဆည်းလိုက်တော့သည်။

"ယန်ယန် ဒါဆိုလည်း ဒေါ်လေး အားမနာတော့ဘူးနော်"

လူတိုင်း၏ ရင်ထဲတွင် အလှအပအား မြတ်နိုးသည့်စိတ် ရှိကြစမြဲပင် ဖြစ်သည်။ နီယန်သည် ဤမျှလောက် အရည်အချင်း ရှိသူ ဖြစ်လေရာ သူမ ထုတ်လုပ်ထားသည့် ပစ္စည်းများသည်လည်း ဆိုးလောက်မည် မဟုတ်ပေ။ အကယ်၍များ အကျိုးအာနိသင် ရှိနေလျှင် မည်သို့ လုပ်မည်နည်း။ နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"အားနာစရာ မလိုပါဘူး ဒေါ်လေးရယ်"

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် မကြာမီမှာပင် မွန်းလွဲ သုံးနာရီကျော်သွားလေရာ ဝမ်မေဖုန်းတို့လည်း ပြန်ရန် နှုတ်ဆက်ကြတော့သည်။

ယန်ချန်ကျန်းသည် နီယန် လှော်ထားသည့် လက်ဖက်ရွက်များအား အလွန် သဘောကျနေသဖြင့် သူမသည် သူတို့အတွက် လက်ဖက်ခြောက် ပုံးကြီး တစ်ပုံး ထည့်ပေးလိုက်လေသည်။

တရုတ်လူမျိုးများသည် ယဉ်ကျေးသိမ်မွေ့ပြီး အပြန်အလှန် ကျေးဇူးဆပ် တတ်ကြလေရာ နီယန်သည်လည်း သူတို့အား လက်ဗလာဖြင့် မပြန်စေချင်ပေ။

အစပိုင်းတွင် ယန်တာ့ဟိုင်မှ လက်မခံခဲ့ချေ။ ယခုတွင် နီယန်မှ သူတို့အား ကောင်းကောင်းမွန်မွန် ဧည့်ခံထားပြီး ဖြစ်သည့် အပြင် နတ်ဆေး သမားတော် တစ်ယောက်ကဲ့သို့ ဘဝင်မြင့်နေခြင်းမျိုးလည်း မရှိသည့်အပြင် လွန်စွာ ယဉ်ကျေးစွာ ဆက်ဆံပေးခဲ့သည် မဟုတ်ပါလား။ သူတို့သည် သူမ၏ ပစ္စည်းများအား မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

လက်ဖက်ခြောက်အား အထင်မသေးသင့်ပေ။ ၎င်းအား လှော်ရန် အချိန်အတော်အသင့် ယူရပေသည်။ သို့သော် နီယန်မှ ထပ်တလဲလဲ အတင်းပေးနေခဲ့ခြင်း ဖြစ်သည်။

"အဘိုးယန် အဘိုးတို့က လက်ဆောင်တွေ အများကြီး ယူလာတာပဲလေ ဒါက သမီးဘက်က သေးငယ်တဲ့ လက်ဆောင်လေးပါ အဘိုးတို့ လက်မခံဘူးဆိုရင် နောက်တစ်ခါ အဘိုးတို့ကို သမီးတို့အိမ် လာလည်ဖို့ ဖိတ်ရဲတော့မှာ မဟုတ်ဘူး"

ထိုစကားအား ကြားသောအခါ ယန်တာ့ဟိုင်တွင် လက်ဖက်ခြောက်များအား လက်ခံလိုက်ရုံ မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"ဒီလိုဆိုမှတော့ အဘိုး ကျေးဇူးတင်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်ကွာ နတ်ဆေး သမားတော်လေး အခု ငါတို့က မိတ်ဆွေတွေ ဖြစ်သွားကြပြီပဲ အားတဲ့ တစ်နေ့ကျရင် သမီးအမေနဲ့ ညီမလေးကို ခေါ်ပြီး အဘိုးတို့ အိမ်ကို အလည်လာခဲ့ဦးနော် နေရာလေး ရင်းနှီးသွားအောင်လို့"

နီယန်မှ ခေါင်းညိတ်ပြ လိုက်လေသည်။

"ဟုတ်ကဲ့ပါ အဘိုးယန် သမီး အခွင့်အရေးရရင် သေချာပေါက် လာလည်ပါ့မယ်"

ယန်တာ့ဟိုင်သည် နီယန်အား အားကျ လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်မိသည်။ ဤကောင်မလေးသည် အလွန် နားလည်မှုရှိပေသည်။ သူ၏ မြေးမလေးသာ ဖြစ်လျှင် အိပ်မက်၌ ပင်လျှင် ပြုံးရွှင်၍ နိုးထလာမိလိမ့်မည် ဖြစ်သည်။

"တာ့တာ မမနီယန် ဒေါ်လေးဟွာ အားတဲ့အခါ သားတို့အိမ်ကို လာလည်ဖို့ မမေ့နဲ့နော်"

နီယန်မှ ခေါင်းညိတ်ပြပြီးနောက် ယန်ကွေ့ပေါင်အား လက်ပြ နှုတ်ဆက်လိုက်လေတော့သည်။

"တာ့တာ ကွေ့ပေါင်"

တစ်ဖက်တွင်မူ နီတာ့ကျူးနှင့် လျိုကျွမ်းတို့ ပြန်ရောက်သွား ပြီးနောက် သူတို့ လုံးဝ မကျေနပ်နိုင်သေးချေ။ သူတို့သည် ဒေါသထွက်လွန်း၍ အစားအသောက်ပင် မဝင်တော့သည် အထိ ဖြစ်နေချေသည်။ ထို ဆိုင်နေရာလေးအား ငှားရန် သူတို့ သည် ယွမ် ၃၀၀ တောင် သုံးခဲ့ရခြင်း ဖြစ်သည်။

‘ယွမ် ၃၀၀ အဲ့ဒါက သူတို့ ပင်ပင်ပန်းပန်း စုဆောင်းထားရတဲ့ တစ်နှစ်စာ စုဆောင်းငွေပဲ’

‘မဖြစ်ဘူး’

‘သူတို့ ဒီ ယွမ် ၃၀၀ ကို ဒီလို အဆုံးရှုံးခံ လိုက်လို့ မဖြစ်ဘူး’

‘နီယန် ဆိုင်ခန်းဝယ်တုန်းက နီတာ့ကျူးဆီက ခွင့်ပြုချက်များ တောင်းခဲ့လို့လား’

‘အခု နီချွေ့ဟွာမှာ ယောက်ျားမရှိဘူး နီမိသားစုမှာ နီတာ့ကျူးက တစ်ဦးတည်းသော ယောက်ျားပဲ နီမိသားစု အတွက် ဆုံးဖြတ်ချက် ချရမှာက နီတာ့ကျူးပဲ ဖြစ်ရမယ်’

‘ဆိုင်ခန်း ဝယ်တာကလည်း မိသားစု ဦးစီး ဖြစ်တဲ့ နီတာ့ကျူးရဲ့ သဘောတူညီချက်ကို ရယူရမှာပဲ မဟုတ်ဖူးလား’

လျိုကျွမ်း တွေးမိလေလေ သူမ တွေးနေသည်မှာ ပိုမှန်သည်ဟု ခံစားရလေလေ ဖြစ်ကာ နီတာ့ကျူးအား ကြည့်ပြီး ပြောလိုက်လေသည်။

"အဲ့ဒီခွေးမ နီယန်ဆီ သွားပြီး ပိုက်ဆံ အခုချက်ချင်း သွားတောင်းစမ်း"

နီတာ့ကျူးမှ သက်ပြင်းချလိုက်သည်။

"ကျွမ်းအာရယ် လွှတ်ထားလိုက်ပါ ငါတို့ဘာသာ အေးအေးချမ်းချမ်းပဲ နေကြရအောင် နီယန်မှာ ပိုက်ဆံ ရှိရင်တောင် သူက အဆင့်နိမ့်တဲ့ တစ်နိုင်တစ်ပိုင် အလုပ်သမားလေးပဲလေ ငါတို့က ဂုဏ်ယူစရာ ကောင်းတဲ့ အလုပ်သမား လူတန်းစား မိသားစုပဲ သူက ဘယ်လိုလုပ် ငါတို့နဲ့ ယှဉ်နိုင်မှာလဲ"

သူတို့ နီယန်ထံသို့ နှစ်ခေါက်သွားခဲ့ပြီးပြီ ဖြစ်ကာ ပထမ တစ်ခေါက်တွင် ကျင်းဟွာရွာမှ ကလေးများ ဝိုင်းရိုက်၍ သေလုနီးပါး ဖြစ်ခဲ့ရပြီး ဒုတိယတစ်ခေါက်မှာမူ ယွမ် ၃၀၀ တိုက်ရိုက် ဆုံးရှုံးခဲ့ရသည်။ နီတာ့ကျူး အကြီးအကျယ် ကြောက်နေပြီ ဖြစ်သည်။

"လွှတ်ထားလိုက်ရမယ်"

လျိုကျွမ်းမှ ဒေါသတကြီး အော်ပြော လိုက်တော့သည်။

"နီတာ့ကျူး ရှင်က အလွန် သတ္တိကြောင်တဲ့ ကောင်ပဲ ဒီကိစ္စကို ဒီတိုင်း ဘယ်လိုလုပ် လွှတ်ထားလိုက်လို့ ရမှာလဲ နီယန်မှာ အဖေမရှိဘူး နီချွေ့ဟွာမှာလည်း ယောက်ျားမရှိဘူး အခု နီမိသားစုမှာ ရှင်က တစ်ဦးတည်းသော ယောက်ျားပဲ နီယန်က ရှင့်ကို ပိုက်ဆံပေးရမှာ တရားတယ် အခုချက်ချင်း သွားစမ်း"

"ငါ ဘယ်သွားပြီး ပိုက်ဆံတောင်းရမှာလဲ ကျွမ်းအာ ကျင်းဟွာရွာမှာ ငါတို့ ဘာဖြစ်ခဲ့လဲဆိုတာ မင်း မေ့သွားပြီလား"

နီတာ့ကျူးမှ မေးလိုက်လေသည်။ လျိုကျွမ်းပြောသည်မှာ အဓိပ္ပာယ်ရှိသော်လည်း ဒဏ်ရာများ လုံးဝမသက်သာသေးသော နီတာ့ကျူးမှာ ကျင်းဟွာရွာအား အလွန်အမင်း ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။

"အဲ့ဒီခွေးမ အခုလေးတင် ဝယ်ထားတဲ့ ဆိုင်သစ်ကို သွားလေ"

လျိုကျွမ်းမှ ဆက်ပြောလိုက်သည်။

"ကျွန်မတို့ကို တစ်လကို အနည်းဆုံး ယွမ်တစ်သောင်း လောက် ပေးဖို့ သွားတောင်း သူက မပေးဘူးဆိုရင် သူ့ဆိုင်ကို ရိုက်ခွဲပြီး သူ့စီးပွားရေးကို ဖျက်ဆီးပစ်လိုက်"

နီယန်မှ သူတို့အား ကောင်းကောင်းမွန်မွန် မနေခိုင်းမှတော့ သူတို့သည်လည်း နီယန်အား အေးအေးဆေးဆေး နေခွင့်ပေးလိမ့်မည် မဟုတ်ချေ။ အဆိုးဆုံး ဖြစ်လာလျှင် သေသည် အထိ ရင်ဆိုင်လိုက်ရုံသာ ရှိသည်။

‘သူက ပိုက်ဆံမပေးချင်ဘူးလား ဘယ်ရမလဲ’

လျိုကျွမ်းမှ အံကြိတ်ကာ ပြောလိုက်သည်။

"အဲ့ဒီရောက်ရင် ရှင်က အရင်စပြီး မရိုက်နဲ့ ပစ္စည်းတွေကိုပဲ ရိုက်ခွဲပစ် ဆိုင်ကို ပြင်ဆင်ခွင့် မပေးနဲ့ ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်အောင် လုပ်ပစ်လိုက် အကယ်လို့ သူက ရှင့်ကို ရိုက်ရဲရင် ပြန်မချနဲ့ သူ ရိုက်ပါစေ အကယ်လို့ သူက တစ်ခုခု ထိခိုက် ဒဏ်ရာရအောင် လုပ်လိုက်ရင် ကျွန်မတို့ တစ်မိသားစုလုံး သူ့ဆိုင်မှာ အသေခံ ထိုင်နေပြီး ရှင် အသက်ကြီး လာတဲ့အထိ သူ့ကို လုပ်ကျွေးခိုင်းမယ် သူ လဲကျသွားတဲ့အထိ ကျွန်မတို့ ဆွဲထားမယ်"

All Chapters