← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

🍅 Chapter 42

စကားလုံးများမှာ ကြမ်းတမ်းသော်လည်း အမှန်တရားဖြစ်နေသဖြင့် ကျောက်လီကျွမ်မှာ ခေတ္တမျှ ကြက်သေသေသွားရသည်။

ဟုတ်ပေသည်၊ လူ့အသက်ကို ဂရုမစိုက်သောသူက သူမ သွားရောက်တောင်းပန်ရုံဖြင့် အဘယ်ကြောင့် လျှို့ဝှက်ချက်ကို ဖွင့်ဟပြောဆိုမည်နည်း။ လူပွဲစားရုံတွင် အရောင်းခံရသူများမှာလည်း သနားစရာကောင်းနေကြသည် မဟုတ်ပါလား။

သူတို့လည်း အဘွားကြီးဝမ်ကို တောင်းပန်ခဲ့ကြဖူးမည်သာ။

ထိုအကြောင်းကို တွေးမိသောအခါ ကျောက်လီကျွမ်သည် သူမ၏ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

“အမေ၊ ဒါဆိုရင် သမီးတို့ ဘာဆက်လုပ်ကြမလဲ”

ဝူယွီလန် သူမကို ဆွဲထူကာ အရင်ဆုံး တည်ငြိမ်စေလိုက်သည်။

“ဘာကို ကြောက်နေတာလဲ၊ အပျော့ဆွဲလို့မရရင် အကြမ်းဆွဲရုံပေါ့”

ဝမ်ကွေ့ချင်သည် တက်ကြွသွားကာ ၀င်ပြောလိုက်လေ၏။

“အမေ၊ အမေ့မှာ နည်းလမ်းရှိမယ်ဆိုတာ သမီးသိနေတယ်”

…

ညနေစောင်းအချိန်တွင် အဘွားကြီးဝမ်သည် သီချင်းလေးတစ်ပုဒ်ကို ညည်းတွားရင်း အိမ်သို့ ပျော်ရွှင်စွာ လမ်းလျှောက်ပြန်လာခဲ့သည်။

သို့သော် လမ်းသွယ်လေးထဲသို့ ဝင်လိုက်သည်နှင့် သူမ မျက်စိရှေ့ရှိ အရာအားလုံး မှောင်မိုက်သွားသည်ကို ခံစားလိုက်ရ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူမအပေါ်သို့ လက်သီးချက်များ မိုးရွာချသကဲ့သို့ ကျရောက်လာကာ မြေကြီးပေါ်တွင် ကွေးကွေးလေးလူးလှိမ့်ရင်း ညည်းတွားရသည်အထိ အရိုက်ခံလိုက်ရတော့သည်။

အဘွားကြီးဝမ် အော်ဟစ်လိုက်သည်။

“ဘယ်သူလဲ၊ ဘာလုပ်နေကြတာလဲ၊ ငါ့ကို ဘာလို့ ရိုက်နေကြတာလဲ၊ ကယ်ကြပါဦး၊ ကယ်ကြပါဦး”

တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သဖြင့် ဝူယွီလန်သည် အဘွားကြီးဝမ်၏ဂုတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ထိုအဘွားကြီးမှာ သတိလစ်သွားတော့သည်။

ကျောက်လီကျွမ်မှာ အံ့သြမှင်တက်စွာဖြင့် ကြည့်နေရင်း မေးလိုက်၏။

“အမေ၊ ပြဿနာတစ်ခုခု တက်သွားနိုင်လား”

ဝူယွီလန် ဝမ်ကွေ့ချင်ကို အချက်ပြကြည့်လိုက်ရင်း ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။

“ဘာပြဿနာ တက်နိုင်မှာမို့လို့လဲ”

ဝမ်ကွေ့ချင်သည် ဂုန်နီအိတ်ကိုဆွဲကာ လမ်းသွယ်လေး၏ အနက်ရှိုင်းဆုံးအပိုင်းသို့ လျှောက်သွားခဲ့လေ၏။

လူခြေတိတ်ဆိတ်သော ဝါးတောအုပ်လေးထဲသို့ ရောက်သည်အထိ ဆွဲခေါ်လာပြီးနောက်မှသာ ဝူယွီလန်က ဝမ်ကွေ့ချင်အား ရပ်တန့်ရန် ပြောလိုက်တော့သည်။

လမ်းတစ်လျှောက်လုံး သတိလစ်နေခဲ့သော အဘွားကြီးဝမ်သည် နောက်ဆုံးတွင် သတိပြန်လည်လာပြီး ဂုန်နီအိတ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေလေ၏။

ဝူယွီလန်သည် ပြုံးလျက် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“အဘွားကြီးဝမ်၊ မတွေ့တာတောင် ကြာပြီနော်”

သူတို့သုံးဦးကို မြင်လိုက်ရသောအခါ အဘွားကြီးဝမ်သည် အရာအားလုံးကို နားလည်သဘောပေါက်သွားလေသည်။

“အဘွားကြီးဝူ၊ နင်က ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့၊ နင့် မြေးမရဲ့သတင်းကို မသိချင်တော့ဘူးလား”

သူမသည် ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်တင်လိုက်ကာ တည်ငြိမ်ဟန်ဆောင်ရင်း ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်လေ၏။

ဝူယွီလန် သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် မတ်တတ်ရပ်လိုက်သည်။

“သိချင်တာပေါ့၊ ဘယ်လိုလုပ် မသိချင်ဘဲ နေပါ့မလဲ၊ ဒါပေမယ့် နင်က ပြောပြချင်ပုံမရတော့ ငါက ဘာလုပ်ရမှာလဲ”

ထိုစဉ် ဝမ်ကွေ့ချင်က သူမ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဝင်ပြောလိုက်သည်။

“သဘာဝကျကျပဲ သူ့ကို ရိုက်ရမှာပေါ့”

စကားဆုံးသည်နှင့် သူမသည် ဂုန်နီအိတ်ကို အဘွားကြီးဝမ်၏ခေါင်းပေါ်သို့ ပြန်စွပ်ချလိုက်၏။

သူတို့သုံးဦးသည် ဝိုင်းအုံကာ ပြင်းပြင်းထန်ထန် ရိုက်နှက်ကြတော့သည်။ ကျောက်လီကျွမ်ဆိုလျှင် အားပါးတရပင် ခြေဖြင့် ကန်ကြောက်နေသေးသည်။

အဘွားကြီးဝမ်သည် သူမ မျက်နှာကို ဖုံးကာ မြေကြီးပေါ်တွင် အော်ဟစ်ညည်းတွားနေရလေသည်။

“အား၊ မရိုက်ကြပါနဲ့တော့၊ ရပ်ကြပါတော့၊ ငါ ပြောပါ့မယ်၊ ငါ ပြောပြပါ့မယ်၊ ရပြီမဟုတ်လား”

ထိုစကားကို ကြားမှသာ ဝူယွီလန်သည် ရပ်တန့်ရန် အချက်ပြလိုက်လေသည်။ သူမ ကိုယ်တိုင် ဂုန်နီအိတ်ကို ဖွင့်ပေးလိုက်ပြီး တောင်းပန်သည့်အပြုံးဖြင့် ပြောလိုက်၏။

“အဘွားကြီးဝမ်၊ အစကတည်းက ဒီလိုနားလည်သဘောပေါက်ရင် ပိုမကောင်းဘူးလား”

အဘွားကြီးဝမ်၏ မျက်၀န်းများထဲတွင် မလိုမုန်းထားမှုများ တစ်ခဏမျှ ဖြတ်ပြေးသွားသော်လည်း သူမက အပြုံးတစ်ခုကို အတင်းအကျပ်ဖန်တီးကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ငါ နင့်ကို ဖုံးကွယ်မထားသင့်ပါဘူး”

ကျောက်လီကျွမ် ဝင်ရောက်မေးမြန်းလိုက်၏။

“မြန်မြန်ပြော၊ ငါ့သမီးကို ဘယ်ကိုရောင်းလိုက်တာလဲ”

အဘွားကြီးဝမ်၏မျက်လုံးများ မှောင်မိုက်သွားလေသည်။

“နင့်သမီး ဘယ်ကိုရောက်နေလဲဆိုတာ အတိအကျကိုတော့ ငါ တကယ်မသိဘူး၊ ဒါပေမယ့် နန်လျိုခရိုင်က လူတစ်ယောက် ဝယ်သွားတယ်ဆိုတာတော့ ငါ သိတယ်၊ နင်တို့ နန်လျိုခရိုင်ကိုသွားပြီး စုံစမ်းကြည့်လိုက်၊ သူ့ကို တွေ့ကောင်းတွေ့နိုင်တယ်”

ဝူယွီလန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ နန်လျိုခရိုင်ဆိုသည်မှာ ဤနေရာမှ လီငါးရာ၊ ခြောက်ရာခန့် ဝေးကွာလှပေသည်။

ထိုမျှဝေးကွာသော အရပ်မှ လူတစ်ဦးက ကောင်မလေးတစ်ယောက်ကို ဝယ်ယူရန် ဤနေရာအထိ အဘယ်ကြောင့် အထူးတလည် လာရောက်ရမည်နည်း။

သူမ သံသယဖြင့် မေးလိုက်လေ၏။

“ငါ့မြေးမကို ဝယ်သွားတာ နန်လျိုခရိုင်က လူဆိုတာ နင်သေချာရဲ့လား”

အဘွားကြီးဝမ် ခေါင်းညိတ်ပြလိုက်သည်။

“ငါ သေချာပါတယ်”

ဝူယွီလန်သည် ရင်ဘတ်ပေါ်တွင် လက်ပိုက်လိုက်ရင်း လှောင်ပြုံးပြုံးကာ ဆိုလိုက်လေသည်။

“ဟက်၊ နင်က အမှန်တရားကို မပြောချင်သေးဘူးပေါ့လေ”

ဝူယွီလန် အမိန့်ပေးလိုက်သည်။

“အကြီးမ၊ သူ့ကို သေချာသာ ဆော်ပစ်လိုက်စမ်း”

အမိန့်ရသည်နှင့်တစ်ပြိုင်နက် ဝမ်ကွေ့ချင်သည် အဘွားကြီးဝမ်၏မျက်နှာပေါ်သို့ ခွထိုင်ချလိုက်ကာ မညှာမတာ ဆက်တိုက်ထုထောင်းတော့သည်။

ထိုမျှနှင့်မပြီးသေး၊ အားမလိုအားမရ ဖြစ်နေသော ကျောက်လီကျွမ်သည် ဝါးဆစ်ချောင်းတစ်ချောင်းကို ဆွဲယူကာ အဘွားကြီးဝမ်အား တရစပ် ရိုက်နှက်လေတော့သည်။

မိခင်တစ်ယောက်၏ သမီးအပေါ်ထားရှိသော မေတ္တာနှင့် နာကြည်းမှုများက ထိုရိုက်ချက်များတွင် အပြည့်အဝပါဝင်နေသည်။

အဘွားကြီးဝမ်မှာ နာကျင်လွန်းသဖြင့် မြေကြီးပေါ်တွင် လူးလှိမ့်နေရသည်။

“အား၊ ငါ ပြောပြမယ်လို့ ပြောပြီးပြီလေ၊ ဘာလို့ ဆက်ရိုက်နေကြတာလဲ”

ဝူယွီလနက အဘွားကြီးဝမ်၏ နားနားသို့ ကပ်ကာ လေသံခပ်တိုးတိုးဖြင့် ခြိမ်းခြောက်လိုက်သည်။

“နင့်ကို နောက်ဆုံးအခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်၊ အမှန်တိုင်း မပြောရင်တော့ ငါ နင့်ကို ကြိုးဆွဲချသတ်ပစ်မယ်”

အဘွားကြီးဝမ် မော့ကြည့်လိုက်သောအခါ ဝူယွီလန်၏မျက်လုံးများထဲမှ သွေးအေးရက်စက်မှုများကို တွေ့လိုက်ရသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားရ၏။

ဝူယွီလန် ဆက်ပြောလာသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးစရာမရှိတဲ့ လူတစ်ယောက်က ဘာကိုမှ မကြောက်တော့ဘူး၊

ငါတို့မိသားစုက ဝမ်းဝဖို့တောင် မနည်းရုန်းကန်နေရတဲ့ ဘဝဆိုတော့ ရှင်သန်နေရတာလည်း အဓိပ္ပာယ်မရှိဘူး၊ အဲဒီတော့ နင့်ကိုပါ အဖော်ပြုပြီး သေမင်းဆီ ခေါ်သွားရတာပေါ့၊”

စကားပြောနေရင်းဖြင့် ဝူယွီလန်သည် ကြိမ်နွယ်ကြိုးတစ်ချောင်း ဆွဲယူလိုက်ကာ အဘွားကြီးဝမ်၏လည်ပင်းကို စွပ်မည့်ဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။

သူမ၏လှုပ်ရှားမှုများက ပြတ်သားနေပြီး အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှိပေ။

ကျောက်လီကျွမ်က ဘေးမှဝင်လုလိုက်သည်။

“အမေ၊ သမီးကို လုပ်ခွင့်ပေးပါ၊ ထုန်ဟွာကို ရှာမတွေ့မှတော့ သမီးလည်း ဆက်မရှင်ချင်တော့ဘူး၊ အတူတူ သေရွာသွားဖို့ သူ့ကို အဖော်ခေါ်သွားတာ အကောင်းဆုံးပဲ”

မျက်လုံးများ ရဲရဲနီကာ ရူးသွပ်နေသူတစ်ဦးအလား ဖြစ်နေသော ကျောက်လီကျွမ်သည် ကြိမ်နွယ်ကြိုးကို အဘွားကြီးဝမ်၏လည်ပင်းတွင် စွပ်လိုက်ပြီး သူမ ခွန်အားရှိသမျှအားကုန်သုံးကာ ဆွဲညှစ်လိုက်တော့သည်။

အဘွားကြီးဝမ်မှာ အသက်ရှူကျပ်လာပြီး ပြာယာခတ်သွား၏။

“အဟွတ်၊ အဟွတ်၊ စိတ်… စိတ်လိုက်မာပါ မလုပ်ကြပါနဲ့”

ဤတစ်ကြိမ်တွင်တော့ အဘွားကြီးဝမ်သည် သေမင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသဖြင့် အစစ်အမှန် ကြောက်ရွံ့သွားခဲ့ပြီဖြစ်သည်။ သူမသည် လည်ပင်းရှိ ကြိမ်နွယ်ကြိုးကို အတင်းဆွဲဖြုတ်ရင်း မောဟိုက်စွာ အော်ဟစ်လိုက်သည်။

“နင့်သမီး ဘယ်မှာရှိလဲဆိုတာ ငါ တကယ်သိပါတယ်”

သို့တိုင်အောင် ကျောက်လီကျွမ်သည်၏လုပ်ရပ်များ ရပ်တန့်မသွားဘဲ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် အဘွားကြီးဝမ်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ဟက်၊ နင် အမှန်တိုင်းပြောမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဒီလိုမှတော့ ငါနဲ့အတူတူသာ လိုက်သေလိုက်တော့”

အဘွားကြီးဝမ်မှာ အသက်လုရှူရင်း အသည်းအသန် အော်ပြောလေသည်။

“အဟွတ်၊ ငါ အမှန်တိုင်းပြောပါ့မယ်၊ အမှန်တိုင်းပြောပါ့မယ်၊ နင့်သမီးကို ပေလျိုခရိုင်က လီဆိုတဲ့ သူဌေးအိမ်မှာ အစေခံလုပ်ဖို့ရောင်းလိုက်တာပါ”

ထိုစကားကိုကြားလိုက်ရသောအခါမှသာ ကျောက်လီကျွမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားတော့၏။

ဝူယွီလန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“နင်ပြောတာတွေက အမှန်ဆိုတာ ဘာသက်သေရှိလို့လဲ”

အသက်ဝဝ ရှူခွင့်ရသွားသော အဘွားကြီးဝမ်သည် ထပ်မံ၍ လှည့်စားရဲခြင်းမရှိတော့ဘဲ သူမ ကိုယ်ပေါ်မှ ငွေလက်ခံဖြတ်ပိုင်းတစ်ရွက်ကို ကတုန်ကယင်ဖြင့် ထုတ်ပေးလိုက်သည်။

“ကြည့်လိုက်၊ ဒါက နင့်သမီးကို ရောင်းထားတဲ့ဖြတ်ပိုင်းပါ”

ဝူယွီလန်သည် ထိုစာရွက်ကို ယူကြည့်လိုက်ရာ သူမမြေးမလေး စုန့်ထုန်ဟွာ၏အမည်အား တိကျစွာရေးသားထားသည်ကို တွေ့လိုက်ရသည်။

မည်သည့်ရွာမှ ဖြစ်ကြောင်းကိုပင် အသေးစိတ် ဖော်ပြထားသေးသည်။ ဝယ်ယူသူမှာလည်း အဘွားကြီးဝမ် ပြောသည့်အတိုင်း ပေလျိုခရိုင်မှ လီမိသားစုဆိုသည်မှာ အမှန်ပင် ဖြစ်နေသည်။

ဝူယွီလန် ဆက်မေးလိုက်၏။

“ဒီလီမိသားစုက ဘယ်နားမှာ နေတာလဲ”

အဘွားကြီးဝမ်သည် ထပ်မံ၍ ဝေ့လည်ကြောင်ပတ် မလုပ်ရဲတော့ပေ။

All Chapters