← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

🍅 Chapter 48

လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဈေးသည်များဖြင့် ပြည့်နှက်ကာ နေရာလွတ်ပင် သိပ်မကျန်တော့ချေ။ ဝူယွီလန်သည် ဆေးကုသရန် နေရာချထားသော သမားတော်များ၏အနီးတွင် နေရာလွတ်တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။

စားပွဲကို သေသပ်စွာ နေရာချပြီးနောက် သူမသည် စုတ်တံနှင့် မင်အိုးအား ထုတ်ယူကာ စက္ကူပေါ်တွင် ဆိုင်းဘုတ်တစ်ခု ရေးဆွဲလိုက်သည်။

“လုပ်သက် နှစ်လေးဆယ်ရှိ ဝါရင့်သမားတော်၊ ကုသရန် ခက်ခဲသော သားဖွားမီးယပ်နှင့် အခြားရောဂါများကို အထူးကုသပေးသည်၊ မပျောက်ကင်းပါက လျော်ကြေးငွေ ဆယ်ချောင်းပေးမည်”

ထိုဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီး၏ စိတ်ဝင်စားမှုကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။

သူမ၏အသက်အရွယ်အရ လုပ်သက်နှစ်လေးဆယ်ရှိ ဝါရင့်သမားတော်ဆိုသည့် ဂုဏ်ပုဒ်ကို မည်သူကမျှ သံသယမဝင်ခဲ့ကြပေ။

ထို့ထက်ပို၍ ‘မပျောက်ကင်းပါက လျော်ကြေးငွေ ဆယ်ချောင်း ပေးမည်’ ဟူသော ယုံကြည်မှုအပြည့်ရှိသည့် စကားလုံးများကြောင့် လူအများစုက သူမ၏ ဆေးပညာစွမ်းရည်မှာ သာမန်မဟုတ်ကြောင်း တွေးထင်သွားကြသည်။

အမှန်တကယ် ဆေးပညာစွမ်းရည် မရှိဘဲနှင့် မည်သူက ဤမျှ ရဲတင်းစွာ ပြောဆိုရဲမည်နည်း။ မကြာမီမှာပင် အဘွားအိုတစ်ဦးသည် လူနာထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“သမားတော်၊ တကယ်လို့ ရောဂါမပျောက်ဘူးဆိုရင် လျော်ကြေးငွေဆယ်ချောင်း တကယ်ပေးမှာလား”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏စည်းကမ်းကို ပြတ်သားစွာ ပြောပြလိုက်သည်။

“ဟုတ်ပါတယ်၊ ဒါပေမယ့် ဆေးကုသခကတော့ ကြေးပြားတစ်ရာကနေ စတင်ပါမယ်”

ဆေးကုသခကို ဤမျှမြင့်မားစွာ သတ်မှတ်ထားခြင်းမှာ အခွင့်အရေးယူလိုသူများကို ဟန့်တားရန်အတွက်ဖြစ်သည်။

နောက်ဆုံးတွင် သူမ၌ လီအိမ်တော်ထဲသို့ ဝင်ရောက်နိုင်ရန်ဆိုသည့် ကိုယ်ပိုင်ရည်မှန်းချက်တစ်ခု ရှိနေပြီး ဆေးကုသပေးရန်သက်သက် လာရောက်ခဲ့ခြင်းမဟုတ်ပေ။

အဘွားအိုမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဈေးကြီးလွန်းသည်ဟု တွေးကာ ခေါင်းယမ်းပြီး ထိုင်ခုံမှထကာ ထွက်သွားလေသည်။

မကြာမီမှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဝင်ထိုင်လိုက်သည်။

သူမသည် ကြေးပြား တစ်ရာကို လျင်မြန်သွက်လက်စွာ ထုတ်ပေးလိုက်ပြီး စိုးရိမ်တကြီးဖြင့် အကူအညီ တောင်းလိုက်၏။

“သမားတော်၊ ကျေးဇူးပြုပြီး ကျွန်မကို မြန်မြန်လေး ကြည့်ပေးပါဦး၊ ကျွန်မရဲ့ လက်တွေ ခြေထောက်တွေမှာ ဘာဖြစ်နေတာလဲမသိဘူး၊ အပြာရောင်နဲ့ ခရမ်းရောင် အကွက်တွေ အပြည့်ဖြစ်နေတယ်၊ အဆိပ်မိတာများလားဟင်”

ဝူယွီလန်သည် သူမ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး လက်မောင်းကိုဆွဲတင်ကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ မှတ်ချက်ချလိုက်သည်။

“ဘာရောဂါမှ မဖြစ်ပါဘူး”

အမျိုးသမီးမှာ အံ့ဩသွားပြီး အသံကျယ်ကျယ်ဖြင့် ငြင်းဆန်လိုက်သည်။

“ရှင်၊ ဘယ်လိုလုပ် ရောဂါမဖြစ်ရမှာလဲ၊ ကျွန်မရဲ့ အရေပြားကို ကြည့်ပါဦး၊ အပြာရောင်တွေ ခရမ်းရောင် အကွက်တွေချည်းပဲ၊ သမားတော် အတော်များများကို ပြပြီးပြီ၊ ဘယ်သူမှ ကျွန်မကို မကုသပေးနိုင်ကြဘူး”

အမျိုးသမီးသည် မျက်မှောင်ကြုတ်ကာ ဝူယွီလန်အား အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်ပြီး အထင်သေးသောလေသံဖြင့် စွပ်စွဲလိုက်သည်။

“ရှင်ကရော အရည်အချင်းမရှိတဲ့သူများလား၊ ဒါဆို ဘာလို့ လုပ်သက်နှစ်လေးဆယ် ရှိတယ်လို့ ရေးထားရတာလဲ၊

ကျွန်မ အမြင်တော့ ရှင်က ဆေးပညာမတတ်တဲ့ လူလိမ်ပဲ၊ ငွေပေးလိုက်စမ်း၊ ကျွန်မကို လျော်ကြေးငွေ ဆယ်ချောင်းပေး”

ပွဲကြည့်နေကြသော ဘေးမှ လူအုပ်ကြီးသည် ထိုစကားများကို ကြားသောအခါ ပြဿနာပိုကြီးသွားမည်ကို မစိုးရိမ်ကြဘဲ ဝိုင်းအုံလှောင်ပြောင်ကြတော့သည်။

“အရည်အချင်းမှ မရှိတာ၊ ဘာလို့ ဆေးလာကုနေသေးလဲ၊ ဒါက လူတွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား၊ ဟုတ်ပါ့၊ အစစ်အမှန် ဆေးပညာစွမ်းရည်မှ မရှိဘဲနဲ့ အပြင်ထွက်ပြီး လူတွေကို လိမ်စားချင်သေးတယ်ပေါ့၊ မြန်မြန် လျော်ကြေးပေးလိုက်စမ်း၊ လျော်ပေးလိုက်”

ဝူယွီလန်၏ မျက်နှာအမူအရာမှာမူ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။

သူမသည် လူအုပ်ကြီး အော်ဟစ်ဆူပူနေသည်များ ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ ဖြည်းညင်းစွာ တုံ့ပြန်လိုက်လေ၏။

“အစ်မက အစကတည်းက ဘာရောဂါမှ ဖြစ်မနေတာ၊ ကျွန်မက ဘယ်လိုလုပ်ကုပေးရမှာလဲ”

အမျိုးသမီးကမူ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ငါ... ငါက ရောဂါမဖြစ်ဘူးတဲ့လား၊ နင်က ငါ့ကို ရောဂါမရှိဘူးလို့ ပြောတယ်ပေါ့၊ မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း၊ ငါက သေရတော့မလိုဖြစ်နေပြီ”

စကားပြောနေရင်းဖြင့် အမျိုးသမီးသည် ရှက်ရွံ့ခြင်းမရှိဘဲ သူမ၏ အင်္ကျီလက်စများကို ခပ်တင်းတင်း ဆွဲတင်ကာ လူအုပ်ကြီးအား ပြသလိုက်၏။

“ကြည့်ကြစမ်းပါ၊ ငါက ရောဂါမရှိတဲ့ လူတစ်ယောက်နဲ့ တူနေလို့လား၊ ငါ နောက်ထပ် တစ်လတောင် အသက်မရှင်နိုင်တော့ဘူးလို့ အတည်ပြုထားတဲ့ သမားတော်တွေတောင် ရှိတယ်၊ နင့်လို လူလိမ်သမားတော်ကကျတော့ ပါးစပ်ကနေ ငါ့ကို ရောဂါမရှိဘူးလို့ ပြောရဲတယ်ပေါ့၊ ဒါကြောင့် ငါ့အခြေအနေ ပိုဆိုးသွားရင် နင် လျော်ကြေးပေးနိုင်မှာမို့လို့လား”

အမျိုးသမီး၏အပြာရောင်နှင့် ခရမ်းရောင်ဖြစ်နေသော လက်မောင်းကို မြင်လိုက်ရသောအခါ ပွဲကြည့်ပရိသတ်များအားလုံး အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

“ရောဂါမရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ မျက်စိပါတဲ့ သူတိုင်း ဒါက အဆိပ်မိနေတာလို့ မြင်နိုင်တယ်လေ၊ ဟုတ်တယ်၊ ကြည့်ပါဦး၊ သူ့မျက်လုံးတွေတောင် ချိုင့်ဝင်နေပြီ၊ တကယ့်ကို သေခါနီး ဖြစ်နေတဲ့ပုံပဲ၊ လူလိမ်သမားတော်၊ မြန်မြန်လျော်ကြေးပေးလိုက်စမ်း၊ လျော်ပေးလိုက်၊ လျော်ပေးလိုက်”

လူအုပ်ကြီးမှာ အဘယ်ကြောင့် ရုတ်တရက်ဒေါသထွက်လာကြမှန်းမသိဘဲ လျော်ကြေးပေးရန် တစ်သံတည်း ဟစ်ကြွေးနေကြတော့သည်။

သက်လတ်ပိုင်း အမျိုးသမီးသည် လူတိုင်းက သူမ ဘက်မှ ရပ်တည်နေကြသည်ကို မြင်သောအခါ ပိုယုံကြည်မှုရှိလာပြီး မာန်မဲလိုက်သည်။

“လူလိမ်သမားတော်၊ အပိုတွေ ပြောမနေနဲ့၊ လျော်ကြေးသာ ပေးလိုက်စမ်းပါ”

ဝူယွီလန်သည် စကားမဆိုနိုင်လောက်အောင် ဖြစ်သွားကာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်၏။

ထို့နောက် အနီးရှိ ဈေးသည်တစ်ဦးထံမှ ရေဘူးတစ်ဘူးကို ဆွဲယူလိုက်ပြီး သူ့လက်ထဲသို့ ကြေးပြားနှစ်ပြား ထိုးထည့်ပေးလိုက်ကာ လူအုပ်ကြီးအား လှမ်းပြောလိုက်သည်။

“သေချာကြည့်ထားကြ”

ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် သက်လတ်ပိုင်းအမျိုးသမီး၏လက်ကို ဆွဲယူကာ ရေလောင်းချလိုက်ပြီး ပြင်းပြင်းထန်ထန် ပွတ်တိုက်ဆေးကြောလိုက်ရာ လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

“ဟင်၊ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ၊ ဒါ... လက်မောင်းက အရောင်တွေ ဘာလို့ပျက်သွားတာလဲ၊ အဆိပ်…. အဆိပ်မိတာ မဟုတ်ဘူးလား”

လူအုပ်ကြီးသည် အချင်းချင်းတီးတိုးပြောဆိုနေကြပြီး ဝူယွီလန်အပေါ်ထားရှိသော သူတို့၏အကြည့်များမှာလည်း များစွာ နူးညံ့သွားခဲ့သည်။

သက်လတ်ပိုင်းအမျိုးသမီးသည်လည်း သူမ လက်မောင်းပေါ်ရှိ အပြာနှင့် ခရမ်းရောင်များ ကွာကျသွားသည်ကို မြင်သောအခါ မှင်တက်သွားလေသည်။

“ဒါ... ဘာတွေဖြစ်ကုန်တာလဲ”

ဝူယွီလန်သည် သူမ လက်များကို သန့်စင်အောင် ဆေးကြောလိုက်ပြီး အမျိုးသမီးကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။

“အစ်မအင်္ကျီက ဆေးရောင်တွေ ကျွတ်တာလေ၊ အစ်မ ရေချိုးဖို့လိုနေပြီ”

ထိုစကားကို ကြားလိုက်ရသောအခါ သက်လတ်ပိုင်းအမျိုးသမီး၏မျက်နှာမှာ ချက်ချင်းပင် ရဲရဲနီသွားတော့သည်။ သူမသည် ရှက်လွန်း၍ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ မေးလိုက်၏။

“သ... သမားတော်၊ ဒါက တကယ်ပဲ အင်္ကျီကဆေးရောင်တွေ ကျွတ်တာလားဟင်”

ဝူယွီလန် ပြန်မေးလိုက်သည်။

“အဲတာ မဟုတ်ရင် တခြားဘာဖြစ်ရမှာလဲ”

ထို့နောက် ဝူယွီလန်သည် ကြေးပြားတစ်ရာကို သူမထံသို့ ပြန်တွန်းပေးလိုက်သည်။

“ဒါတွေ ပြန်ယူသွားပြီး အိမ်ရောက်ရင် ရေဝဝသာချိုးလိုက်တော့”

သပ်လတ်ပိုင်းအမျိုးသမီးသည် ကြေးပြားများကို ရှက်ရွံ့စွာဖြင့် နောက်သို့ပြန်တွန်းပေးလိုက်ပြီး တောင်းပန်စကား ဆိုလိုက်လေ၏။

“သမားတော်၊ စောစောကကိစ္စအတွက် ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ သမားတော်ကို နားလည်မှုလွဲသွားတာပါ၊ သမားတော်ရဲ့ ဆေးပညာစွမ်းရည်က ဒီလောက်မြင့်မားမယ်လို့ မထင်ထားခဲ့ဘူး၊ သွေးခုန်နှုန်းစမ်းလိုက်ရုံနဲ့ ကျွန်မမှာ ရောဂါမရှိဘူးဆိုတာကို သမားတော် သိသွားတယ်၊ လျောင်ဖူဆေးခန်းက သမားတော်ကြီးတောင် ကျွန်မမှာ ရောဂါမရှိဘူးဆိုတာကို မသိခဲ့ဘူးလေ၊ ဒီကြေးပြားတွေကို လက်ခံပေးပါ၊ ဒါ သမားတော်အတွက် ကုသခပါ”

ဝူယွီလန် ငြင်းဆန်ရန် ဟန်ပြင်လိုက်ချိန်မှာပင် သက်လတ်ပိုင်းအမျိုးသမီးသည် ရှက်လွန်း၍ မျက်နှာကိုအုပ်ကာ လျှပ်တစ်ပြက် ပြေးထွက်သွားလေတော့သည်။

ဝူယွီလန်သည် ထိုကြေးပြားများကို ကူကယ်ရာမဲ့စွာဖြင့် သိမ်းဆည်းလိုက်ရတော့၏။

သက်လတ်ပိုင်းအမျိုးသမီးကြောင့် ဖြစ်ပေါ်ခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေအပြီးတွင် ဝူယွီလန်၏ဆေးပညာစွမ်းရည်ကို အတည်ပြုနိုင်ခဲ့ကြသည်။

မကြာမီမှာပင် ဝူယွီလန် အရှေ့တွင် နောက်ထပ်လူတစ်ဦး ဝင်ထိုင်လိုက်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်

“သမားတော်၊ ကျွန်မကိုလည်း သေချာလေး ကြည့်ပေးပါဦး၊ ကျွန်မ ဘာရောဂါဖြစ်နေတာလဲ မသိဘူး၊ အရေပြားကို နည်းနည်းလေးစုပ်လိုက်တာနဲ့ သွေးတွေထွက်လာတယ်၊ ကျွန်မများ ခြင်ဝင်စားတာ ဖြစ်နေလို့ လူသွေးကို စုပ်နိုင်နေတာလားဟင်”

အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ခေါင်းကိုငုံ့ကာ ဝူယွီလန်အား မဝံ့မရဲဖြင့် မေးမြန်းနေခြင်းဖြစ်သည်။

သူမ ဤမျှအပြစ်ရှိသလို ခံစားနေရခြင်းမှာ အစောပိုင်းက ‘လူလိမ်သမားတော်’ ဟု အသံအကျယ်ဆုံး အော်ဟစ်ခဲ့သူမှာ သူမ ဖြစ်နေသောကြောင့်ပင်။

All Chapters