← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉) ယောက္ခထီး၏ ဒေါသ

ချီကျန်းနန်သည် လူမိုက်တစ်ယောက် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် အမြဲတမ်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။

စောစောက သူ ချက်ချင်း သဘောမပေါက်ခဲ့ခြင်းမှာ ထိုဘက်သို့ လုံးဝ တွေးမထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ ကျန်းချဲ့ ကမ်းပေးလာသော နှစ်ဆသော တင်တောင်းမည့်ပစ္စည်းများကို ကြည့်ရင်း စောစောက ချီနင်ပင်း၏ အပြစ်ဝန်ခံမှုနှင့် အားနာနေသော မျက်နှာထားကို ပေါင်းစပ်စဉ်းစားလိုက်သောအခါ တစ်စုံတစ်ရာကို သူ ချက်ချင်း ရိပ်မိသွားခဲ့လေပြီ။

ကျန်းချဲ့နှင့် နင်ပင်းတို့... တိတ်တဆိတ် ပတ်သက်နေကြချေပြီ။

ဤအတွေး ထွက်ပေါ်လာသည်နှင့် ချီကျန်းနန်၏ မျက်နှာထားမှာ ချက်ချင်း ပြာနှမ်းမည်းမှောင်သွားပြီး ဒေါသများ ပြည့်နှက်နေသော မျက်ဝန်းများက ကျန်းချဲ့၏ အပေါ်သို့ စိုက်ကျသွားလေသည်။

တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသော ဖိအားများကိုလည်း လုံးဝ ဖုံးကွယ်မထားဘဲ ကျန်းချဲ့ထံသို့ တိုက်ရိုက် ဖုံးလွှမ်းသွားစေလိုက်သည်။

"ခွေးကောင်လေး မင်း... မင်းတို့တွေ တကယ်ကို ယုတ်မာလွန်းတယ်ကွာ..."

ချီကျန်းနန်၏ စကားသံတွင် အေးစက်သော အငွေ့အသက်များ ပါဝင်နေလေသည်။

ရှန်ရှန်း နောက်ပိုင်းအဆင့်၏ ဖိအားက အလွန် အစွမ်းထက်လှသည်။

သို့သော် ယခုလက်ရှိ ကျန်းချဲ့မှာ ယင်းကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

သို့တိုင် ဘေးနားရှိ ချီနင်ပင်းနှင့် ချီဝမ်ကျင်းတို့မှာတော့ အသက်ရှူပင် ရပ်မတတ် ဖြစ်သွားကြပြီး အလွန် ကြီးမားလှသော ဖိအားကြီးတစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။

အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲသွားကြလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့က နဂါးအရှိန်အဝါများကို အလျင်အမြန် ထုတ်လွှတ်လိုက်ပြီး ချီကျန်းနန်၏ ဒေါသတကြီး ဖိအားများကို သူတို့ကိုယ်စား ကာကွယ်ပေးလိုက်သည်။

ထို့နောက် အပြစ်ရှိသော မျက်နှာထားဖြင့် ရှင်းပြလိုက်လေသည်။

"ဦးလေး... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အမှားပါ..."

"ကျန်းချဲ့ မင်းက ငါ မင်းကို တကယ်ပဲ မလုပ်ရဲဘူးလို့ ထင်နေတာလား မင်းက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်ရဲရတာလဲ..."

ချီကျန်းနန်က မျက်နှာကို အေးစက်စွာ ထား၍ ကျန်းချဲ့ကို မလွှဲတမ်း စူးစိုက်ကြည့်နေလေသည်။

ယခုအချိန်တွင် သူသည် ချီရှောက်ယန်၏ အကြံပြုချက်ကို လက်မခံဘဲ နင်ပင်းကို အမြန်ဆုံး ပြန်မခေါ်ခဲ့မိသည်ကို အလွန်အမင်း နောင်တရနေမိလေသည်။

ထိုသို့သာ ပြန်ခေါ်ခဲ့ပါက ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာစရာ အကြောင်းမရှိချေ။

မြောက်ပိုင်း ချီမိသားစု အတွက်တော့ ဤသည်မှာ တကယ့်ကို အရှက်ကွဲစရာ ကိစ္စကြီး တစ်ခုပင်ဖြစ်သည်။

ဤအချက်ကပင် သူ၏ ဒေါသများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့လေသည်။

အကယ်၍သာ ကျန်းချဲ့အပေါ် ချီမိသားစုက အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားခြင်း မရှိခဲ့လျှင် အကယ်၍သာ ကျန်းချဲ့တွင် သိုင်းသူတော်စင် ဖြစ်လာမည့် အရည်အချင်းများ မရှိခဲ့လျှင် အကယ်၍သာ ကျန်းချဲ့သည် နိမိတ်လက္ခဏာ လေးပါးဖြင့် ယွမ်ယင်း မတည်ဆောက်ခဲ့လျှင် ယခုအချိန်၌ သူသည် တွေဝေနေခြင်း အလျဉ်းမရှိဘဲ ချက်ချင်း လက်ပါသွားလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ကျန်းချဲ့ကို ပညာပေးလိုက်မည်ဟူသော အတွေးများကတော့ သူ၏ ရင်ထဲတွင် ထွက်ပေါ်နေဆဲ ပင်ဖြစ်သည်။

သူ၏ ဘဝတစ်သက်တာလုံးတွင် ဤသမီးနှစ်ယောက်တည်းသာ ရှိလေသည်။

သူတို့ကို အမြဲတမ်း ရတနာတစ်ပါးအလား သဘောထားခဲ့ပြီး အကောင်းဆုံးသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။

သူတို့သည် မဟာမိတ်ပြု လက်ထပ်ရမည့် ကံကြမ္မာကို ရှောင်လွှဲ၍ မရနိုင်သေးသော်လည်း သူသည် အကောင်းဆုံးသော အရာများကို သူတို့အား ပေးအပ်ခဲ့ပြီး ဖြစ်သည်။

သို့သော် ကျန်းချဲ့ကတော့ ဝမ်ကျင်း တစ်ယောက်ကို လက်ထပ်ရုံဖြင့် မလုံလောက်ဘဲ နောက်တစ်ယောက်ကိုပါ လက်ဆော့ခဲ့လေသည်။

သူ ပျိုးထောင်ထားခဲ့သော ပန်းပွင့်လေး နှစ်ပွင့်စလုံးကို အိုးပါမကျန် မြေကြီးပါမကျန် တစ်ခါတည်း သယ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူကများ စိတ်ကို တည်ငြိမ်အောင် ထားနိုင်မည်နည်း။

ဖခင်ဖြစ်သူ လက်ပါတော့မည့် စကားများကို ကြားလိုက်ရသောအခါ ချီနင်ပင်း ချက်ချင်း ထိတ်လန့်သွားပြီး ကျန်းချဲ့၏ အရှေ့တွင် အလျင်အမြန် ဝင်ရပ်လိုက်သည်။

လက်နှစ်ဖက်ကို ဆန့်တန်း၍ သူ့ကို အနောက်တွင် ကွယ်ထားပေးလိုက်ပြီး လည်ပင်းကို မော့ကာ ရှင်းပြလိုက်လေသည်။

"အဖေ... သူ့ကို အပြစ်မတင်ပါနဲ့ ဒါတွေအားလုံးက သမီးရဲ့ အမှားတွေပါ အဖေ အဖေက အဖေက ရိုက်မယ်ဆိုရင်လည်း သမီးကိုပဲ ရိုက်လိုက်ပါ..."

"ခွေးမလေး ဒီအချိန်ထိရောက်နေတာတောင် နင်က သူ့ကို ကာကွယ်ပေးနေသေးတယ်ပေါ့..."

ချီကျန်းနန် ပို၍ပင် ဒေါသထွက်သွားပြီး ချီနင်ပင်းကို ဖြတ်ရိုက်ရန် လက်မောင်းကို တိုက်ရိုက် မြှောက်လိုက်လေသည်။

ချီနင်ပင်းကတော့ မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်ပြီး လုံးဝ ရှောင်တိမ်းခြင်း မရှိချေ။

လေပြင်းများက ချီနင်ပင်း၏ ဆံကေသာများကို လွင့်ခါသွားစေသော်လည်း ချီကျန်းနန်၏ လက်ဝါးမှာ သူမ၏ မျက်နှာရှေ့တွင် ရပ်တန့်နေပြီး အောက်သို့ ကျဆင်းမလာချေ။ အနည်းငယ် တုန်ယင်နေလေသည်။

ကျန်းချဲ့က ချီနင်ပင်းကို အနောက်သို့ ဆွဲယူလိုက်ပြီး မျက်နှာထား လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"ဦးလေး အရာအားလုံးက ကျွန်တော့်ကြောင့် စတင်ခဲ့တာပါ ဒါပေမဲ့ ကိစ္စတွေက ဒီအထိ ရောက်လာပြီဆိုမှတော့ ဦးလေးအနေနဲ့..."

"အရာအားလုံးက မင်းကြောင့် စတင်ခဲ့တာ သေချာတာပေါ့ ဘာလဲ ကိစ္စတွေက ဒီအထိ ရောက်လာပြီဆိုမှတော့ ငါက ဒီကိစ္စ လက်ခံပေးရမယ်လို့ ဆိုလိုချင်တာလား ပြီးတော့ ငါ့ကို ဦးလေးလို့ မခေါ်နဲ့ ငါက ယွင်ပြည်နယ်ရဲ့ မြို့တော်ဝန် တော်ဝင်နန်းတော်ရဲ့ မြောက်ပိုင်းမြို့စား ဖြစ်တယ် ကိုယ်ပိုင် ရာထူး ဂုဏ်သိက္ခာ ရှိတဲ့သူကွ..."

ချီကျန်းနန်က မျက်နှာကို အေးစက်စွာ ထား၍ ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်လေသည်။

သူ၏ သမီးကို သူ ကောင်းစွာ သိသည်။

ပုံမှန်အားဖြင့် သိပ်ပြီး စကားနားမထောင်သလို ထင်ရသော်လည်း ခဲအိုဖြစ်သူနှင့် တိတ်တဆိတ် ဖောက်ပြန်သည်ဟူသော အရှက်ကွဲစရာ ကိစ္စမျိုးကို လုံးဝ လုပ်ဆောင်နိုင်စွမ်း မရှိချေ။

အရာအားလုံးမှာ ထျန်းနန်မြို့တွင် ရှိနေစဉ်က ကျန်းချဲ့ ဖြားယောင်း သွေးဆောင်ခဲ့ခြင်းကြောင့် သေချာပေါက် ဖြစ်ရမည်ဟု သူ ယုံကြည်ထားလေသည်။

"အဖေ သမီး..."

ချီနင်ပင်း ဆက်လက်၍ ရှင်းပြရန် ကြိုးစားလိုက်သော်လည်း ကျန်းချဲ့က လက်ကာပြ၍ တားဆီးလိုက်လေသည်။

"ဦးလေး ကျွန်တော်နဲ့ နင်ပင်းရဲ့ ကိစ္စကို သဘောတူဖို့ ဘာတွေများ လိုအပ်မလဲ..."

"သဘောတူရမယ် ဟုတ်လား ကျန်းချဲ့ မင်း ဘာစကားတွေ ပြောနေတယ်ဆိုတာ မင်းကိုယ်မင်း သိရဲ့လား ငါတို့ မြောက်ပိုင်း ချီမိသားစုက နှစ်ထောင်ချီပြီး လက်ဆင့်ကမ်းလာတဲ့ မိသားစုကြီးကွ အလေးထားဆုံး အရာက စည်းကမ်းပဲ မင်းနဲ့ နင်ပင်းက ဒီလိုကိစ္စမျိုး လုပ်ထားပြီးတော့ ငါ့ကို သဘောတူခိုင်းနေသေးတယ်ပေါ့ ဟွန့် မင်းနဲ့ ဝမ်ကျင်းရဲ့ မင်္ဂလာသတင်းက အပြင်ကို ပျံ့နှံ့နေပြီးသား မဟုတ်ရင် ဒီမင်္ဂလာကိစ္စကို ငါ သေချာပေါက် ဖျက်သိမ်းပစ်လိုက်ပြီ နင်ပင်းကတော့ အခုကစပြီး မိသားစုထဲမှာပဲ နေရမယ် အပြင်ထွက်ဖို့ လုံးဝ မစဉ်းစားနဲ့တော့..."

ချီကျန်းနန်၏ လေသံမှာ အေးစက်ခက်ထန်နေပြီး အေးစက်သော အငွေ့အသက်များ ပါဝင်နေလေသည်။

ကျန်းချဲ့၏ အရှက်ကင်းမဲ့မှု အပေါ် ယခုအခါတွင် သူ ကောင်းစွာ သဘောပေါက်သွားခဲ့လေပြီ။

"အဖေ သမီး..."

ချီနင်ပင်း ပါးစပ်ဟ၍ စကားပြောရန် ပြင်လိုက်သော်လည်း ဖခင်ဖြစ်သူ၏ အကြည့်ကို မြင်လိုက်ရသောအခါ အချိန်ကြာမြင့်စွာ ကတည်းက အမြစ်တွယ်နေခဲ့သော ကြောက်ရွံ့မှုများကြောင့် နောက်ဆုံးတွင်တော့ ဆက်လက်၍ ချေပပြောဆိုရန် သတ္တိများ ပျောက်ကွယ်သွားရလေသည်။

ကျန်းချဲ့ သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။

"ဦးလေး နင်ပင်းကို ကျွန်တော် လုံးဝ စွန့်လွှတ်မှာ မဟုတ်ပါဘူး ဦးလေး အနေနဲ့ တောင်းဆိုချက် တစ်ခု တောင်းဆိုလို့ ရပါတယ် ကျွန်တော် လုပ်နိုင်သမျှ ဆိုရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး..."

"နင်ပင်းကို မစွန့်လွှတ်ဘူးဆိုရင် ဝမ်ကျင်းကရော..."

ချီဝမ်ကျင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကျန်းချဲ့ မျက်လွှာချလိုက်လေသည်။

"ကျွန်တော်နဲ့ ဝမ်ကျင်းမှာလည်း စေ့စပ်ထားတဲ့ ကတိရှိတယ် သူမကိုလည်း စွန့်လွှတ်မှာ မဟုတ်ပါဘူး..."

"ကောင်းတဲ့ကောင်လေး မင်းက တကယ်ပဲ အားလုံးကို လိုချင်နေတာပါလား..."

ဤအချိန်တွင် ချီကျန်းနန် တစ်ယောက် ဒေါသထွက်လွန်း၍ ပင် ရယ်ချင်သွားလေသည်။

ကျန်းချဲ့၏ ဤတောင်းဆိုချက်မှာ အလွန် အရှက်ကင်းမဲ့လွန်းလှပြီး အပြင်သို့ သတင်းပျံ့နှံ့သွားပါက မြောက်ပိုင်း ချီမိသားစုမှာ သေချာပေါက် အများ၏ လှောင်ပြောင် သရော်ခြင်းကို ခံရမည် သာဖြစ်သည်။

"ဟုတ်ပါတယ်..."

"ကောင်းပြီလေ မင်းက အရမ်း စွမ်းဆောင်နိုင်တယ် မဟုတ်လား ငါ့ကို အနိုင်ယူနိုင်မယ် ဆိုရင် ဒီကိစ္စကို ငါ ထပ်ပြီး တားဆီးတော့မှာ မဟုတ်ဘူး မဟုတ်ရင်တော့ ဟွန့် ငါ သဘောတူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."

ချီကျန်းနန် က အေးစက်စွာ ပြောလိုက်လေသည်။

မိမိ၏ လက်ရှိ စွမ်းအားများကို အကဲဖြတ် ချိန်ဆကြည့်လိုက်ရာ ချီရွှယ်မိစ္ဆာသခင် ၏ အကူအညီ ပါဝင်လျှင်တောင်မှ ဖုန်းယွင်စာရင်း တွင် ပါဝင်သော ချီကျန်းနန် ကို အနိုင်ယူနိုင်ရန်မှာ မျှော်လင့်ချက် အလွန် နည်းပါးလှသည်။

သို့သော် ကျန်းချဲ့ စမ်းသပ်ကြည့်ချင်သေးသည်။

ချီကျန်းနန် ၏ ရင်ထဲတွင် ဒေါသထွက်နေပြီး ထိုဒေါသများကို သူ၏ အပေါ်သို့ ပုံချမည်ကို သူ ကောင်းစွာ သိရှိထားလေသည်။

သို့သော် သူ လုံးဝ နောက်ဆုတ်မည် မဟုတ်ချေ။

ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ချီကျန်းနန် ကို ခိုင်မာသော မျက်ဝန်းများဖြင့် မလွှဲတမ်း စူးစိုက်ကြည့်လိုက်လေသည်။

"ဦးလေးရဲ့ လက်စွမ်းကို ပြသပေးပါ..."

"ငါက မင်းကို အသုံးမကျတဲ့သူ ဖြစ်သွားအောင် လုပ်ပစ်မှာကို မင်း တကယ်ပဲ မကြောက်ဘူးလား..."

ချီကျန်းနန်က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဦးလေးရဲ့ လက်စွမ်းကို ပြသပေးပါ..."

မက်မွန်ခြံ အတွင်းရှိ လေထုမှာ မျက်တောင်တစ်ခတ် အတွင်း အထွတ်အထိပ်သို့ ဖိနှိပ်သွားလေသည်။

အလွန် အစွမ်းထက်သော ဖိအားကြီး နှစ်ခု အချင်းချင်း အားပြိုင်နေကြပြီး လေဟာနယ် ထက်တွင် မရေမတွက်နိုင်သော မက်မွန်ပန်းများက လေဆင်နှာမောင်း တစ်ခုအလား အဆက်မပြတ် လွင့်စင်နေလေသည်။

ဤကဲ့သို့သော အပြောင်းအလဲများက ချီမိသားစု အတွင်းရှိ အစွမ်းထက်သူ အများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ပြီး အပြေးအလွှား ရောက်ရှိလာကြလေသည်။

အချိန်အတော်ကြာအောင် တင်းမာနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ချီကျန်းနန် လက်မပါခဲ့ချေ။

အကြောင်းကိစ္စများ၏ အရေးကြီးပုံ အလေးအပေါ့ကို သူ ကောင်းစွာ သိရှိထားလေသည်။

မြောက်ပိုင်း ချီမိသားစု သည် ကျန်းချဲ့ အပေါ်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားခဲ့ပြီး မျှော်လင့်ချက် အများအပြား ကိုလည်း ပုံအပ်ထားခဲ့လေသည်။

ကျန်းချဲ့ က မင်္ဂလာကတိကို မဖောက်ဖျက်သရွေ့ သူ ဘာပဲလုပ်လုပ် မြောက်ပိုင်း ချီမိသားစု အနေဖြင့် ဤဆက်ဆံရေးကို ကိုယ်တိုင်ကိုယ်ကျ စွန့်လွှတ်မည် မဟုတ်ကြောင်း ဆိုနိုင်လေသည်။

သူ အလွန် ဒေါသထွက်နေသော်လည်း တစ်မိသားစုလုံး၏ အကျိုးစီးပွားကို ငဲ့ကွက် စဉ်းစားရမည်သာ ဖြစ်သည်။

ကျန်းချဲ့ ကို လုံးဝ တိုက်ခိုက်၍ မဖြစ်ချေ။

ကျန်းချဲ့ သည် ဤအချက်ကို သတိပြုမိသွားသောကြောင့်ပင် ဤ လျှို့ဝှက်ချက် ဖုံးလွှမ်းထားသော ပြတင်းပေါက်စက္ကူကို လုံးဝ တွေဝေခြင်း မရှိဘဲ တိုက်ရိုက် ဖောက်ထွင်းပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်းကိုပင် သူ တွေးတောမိလေသည်။

အကြည့်များကို ကျန်းချဲ့ ထံမှနေ၍ ချီနင်ပင်း ၏ အပေါ်သို့ ဖြည်းညင်းစွာ ရွှေ့ပြောင်းလိုက်ပြီး ချီကျန်းနန် သည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် သူမကို ကြည့်ကာ မေးလိုက်လေသည်။

"အဖေ မေးမယ် မင်းနဲ့ ကျန်းချဲ့တို့ နောက်ပိုင်း ထျန်းနန်မြို့မှာ ရောက်နေတဲ့ အချိန်တုန်းကရော အဲ့ဒီလို ရှက်ကွဲစရာ ကောင်းတဲ့ အကျင့်ပျက် လုပ်ရပ်တွေကို ဆက်လုပ်ခဲ့ကြသေးလား..."

ချီနင်ပင်း၏ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ခေါင်းငုံ့ကာ ခေါင်းညိတ်ပြလိုက်လေသည်။

ချီကျန်းနန်၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားလေသည်။

စောစောက သူတို့၏ ရှင်းပြချက်များက ဤအချက်ကို အရိပ်အမြွက် ပြသနေခဲ့သည် မှန်သော်လည်း ဤ အတည်ပြုချက် စကားကို ကြားလိုက်ရသောအခါ သူ့ကို အကြီးအကျယ် ဒေါသထွက်သွားစေဆဲ ပင်ဖြစ်သည်။

အကယ်၍ ယနေ့သာ ဤကိစ္စကို ဖော်ထုတ် ပွင့်အံမလာခဲ့လျှင် နောက်ထပ် အချိန်အနည်းငယ် အကြာတွင် သူ အဘိုး တောင် ဖြစ်နေလောက်ပြီဟု သူ ခံစားလိုက်ရလေသည်။

ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သွားကို တင်းတင်းကြိတ်ကာ ဘေးနားရှိ ချီဝမ်ကျင်း ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ဝမ်ကျင်း ဒီ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး သမီး ဘယ်လို သဘောရလဲ..."

ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ထားပြီး ဖြစ်လေသည်။

အငယ်ဆုံး သမီးလေး၏ အပျိုစင်ဘဝ ဆုံးရှုံးသွားပြီ ဖြစ်ရာ ဆက်လက် ဒေါသထွက်နေ၍ လည်း အကျိုးမရှိတော့ချေ။

မည်သို့ပင်ဆိုစေ ကျန်းချဲ့ သည် ချီမိသားစု၏ အနာဂတ် မျှော်လင့်ချက် ဖြစ်ပြီး ချီနင်ပင်း မှာလည်း သူ အချစ်ရဆုံးသော သမီးလေး ဖြစ်သည် မဟုတ်ပါလား။

အကယ်၍ ချီဝမ်ကျင်း သာ စွန့်လွှတ်ရန် လိုလားမည် ဆိုပါက သူတို့ အနေဖြင့် ဝေဖန် ပြစ်တင်မှု များကို ခံရမည် ဖြစ်သော်လည်း သူက ထိုဖိအားများကို ရင်ဆိုင်ကာ ချီဝမ်ကျင်း ထံမှ မင်္ဂလာကတိကို ချီနင်ပင်း ထံသို့ လွှဲပြောင်းပေးမည်သာ ဖြစ်လေသည်။

အဆိုးဆုံး အနေဖြင့် အပြင်လူများကို ချီဝမ်ကျင်း က မဟာမိတ်ပြု လက်ထပ်ခြင်းကို ငြင်းဆန်ခဲ့သည် ဟုသာ ရှင်းပြလိုက်ရုံ ပင်ဖြစ်သည်။

သူ၏ ဤစကားသည် မည်သည့် အဓိပ္ပာယ်ကို ဆိုလိုကြောင်း ချီဝမ်ကျင်း လည်း ကောင်းစွာ နားလည် သဘောပေါက်လေသည်။

အချိန်အနည်းငယ်မျှ တိတ်ဆိတ် နေပြီးနောက် သူမ၏ အကြည့်များက ကျန်းချဲ့ နှင့် ချီနင်ပင်း တို့၏ အပေါ်တွင် အချိန်အနည်းငယ်မျှ ရပ်တန့်သွားပြီး ချက်ချင်းပင် နုတ်ထွက်ရန် ရွေးချယ်တော့မည့် အနေအထား ဖြစ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူ က လုံးဝ အလျော့ပေးမည် မဟုတ်ကြောင်းကို သူမ ကောင်းစွာ သိမြင်ထားပြီး ဖြစ်ကာ ကိစ္စများက ဤအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အခြေအနေကို ပြောင်းလဲနိုင်ရန်သာ တတ်နိုင်တော့သောကြောင့် ပင်ဖြစ်သည်။

အစ်မဖြစ်သူ ဆုံးဖြတ်ချက် ချတော့မည်ကို မြင်လိုက်ရသောအခါ ချီနင်ပင်း ၏ ရင်ထဲတွင် မကောင်းသော ကြိုတင် ခံစားမှု တစ်ခု ဝင်လာပြီး သူမ၏ အရှေ့မှနေ၍ အလျင်စလို ဝင်ရောက် ပြောဆိုလိုက်လေသည်။

"အဖေ အစ်မနဲ့ ကျန်းချဲ့တို့လည်း အတူတူ အတူတူ အိပ်ပြီးသွားကြပါပြီ..."

"ဘာ မင်း ဘာပြောလိုက်တယ်..."

ချီကျန်းနန်၏ လက်မောင်းပေါ်ရှိ သွေးကြောစိမ်းများ ချက်ချင်း ထောင်ထလာပြီး မျက်ဝန်းများထဲတွင် အလွန် ကြမ်းတမ်း ရက်စက်သော အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။

ချီဝမ်ကျင်း ကတော့ ပါးစပ် ဟလိုက်ပြီး မျက်ဝန်းများထဲတွင် အနည်းငယ် တွေဝေသွားသော အမူအရာများ ဖြတ်ပြေးသွားလေသည်။

နောက်ဆုံးတွင်တော့ ပါးစပ်ဖျားသို့ ရောက်နေသော စကားများကို ပြန်လည် မြိုချလိုက်ပြီး ဆက်လက်၍ တိတ်ဆိတ် ငြိမ်သက်နေလိုက်လေသည်။

"ဝမ်ကျင်း သမီး သမီး..."

ယခုအချိန်တွင် ချီကျန်းနန် ၏ ရင်ဘတ်ထဲ၌ အလွန် ကျပ်ပိတ်နေကြောင်း ခံစားလိုက်ရလေသည်။

အငယ်ဆုံး သမီးလေး၏ စရိုက်မှာ အနည်းငယ် လွတ်လပ် ပေါ့ပါးသဖြင့် လမ်းလွဲသော ကိစ္စအချို့ လုပ်မိခြင်းကို မထူးဆန်းဟု ဆိုနိုင်သော်လည်း ချီဝမ်ကျင်း မှာတော့ အလွန် ယဉ်ကျေး သိမ့်မွေ့သော သခင်မလေး တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။

ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စိတ်မြန် လက်မြန် ဖြစ်ရတာလဲ မင်္ဂလာမဆောင်ခင်မှာ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး လုပ်ရဲရတာလဲ။

"အဖေ သမီး သဘောဆန္ဒ အလျောက် လုပ်ခဲ့တာပါ..."

"သမီး သမီး..."

ချီကျန်းနန်၏ လက်မောင်းများ အနည်းငယ် တုန်ယင်နေလေသည်။

အလွန် ခေါင်းမာသော သမီးနှစ်ယောက်ကို ကြည့်ရင်း သူ၏ အကြည့်များက ကျန်းချဲ့ ထံသို့ ရုတ်တရက် ပြန်လည် ရောက်ရှိသွားလေသည်။

မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး တစ်စုံတစ်ရာကို သတိရသွားသည့်အလား အသံကျယ်ကျယ်ဖြင့် မေးလိုက်လေသည်။

"ကျန်းချဲ့ မင်း မင်းက နင်ပင်းနဲ့ ဝမ်ကျင်းတို့ ကိုယ်ပေါ်က ဝိညာဉ်စွမ်းအင်တွေကို ယူလိုက်တာ မဟုတ်လား..."

"ဟုတ်ပါတယ်..."

"မင်းလိုကောင်က ငါ့အပေါ် အရမ်း အနိုင်ကျင့်လွန်းနေပြီကွ..."

ဤအချိန်တွင် ချီကျန်းနန် ၏ စိတ်ရှည်သည်းခံ နိုင်စွမ်း မည်မျှပင် ပြည့်ဝနေပါစေ ဤ ဒေါသကိုတော့ တကယ်ကို သည်းမခံနိုင်တော့ချေ။

ချက်ချင်းပင် အားကို စုစည်း၍ ကျန်းချဲ့ ထံသို့ လက်သီး တစ်ချက် ပစ်သွင်းရန် ပြင်လိုက်လေသည်။

ကျန်းချဲ့ကို အပြင်းအထန် ဒဏ်ရာ ရရှိသွားအောင် မလုပ်နိုင်ပါက သူ၏ ရင်ထဲရှိ အမုန်းတရားများကို ချေဖျက်နိုင်မည် မဟုတ်ချေ။

"ခေါင်းဆောင် မလုပ်ပါနဲ့..."

ထိုအချိန်တွင် ချီမိသားစု၏ အကြီးအကဲချုပ် ချီထျန်းကျုံး က မက်မွန်ခြံ အတွင်းသို့ ရောက်ရှိလာပြီး နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ဖြင့် ကျန်းချဲ့၏ အရှေ့တွင် ချက်ချင်း ကိုယ်ရောင်ပြ လာကာ ချီကျန်းနန် ၏ ဒေါသတကြီး တိုက်ခိုက်မှုကို လက်ကို မြှောက်၍ ဟန့်တားလိုက်လေသည်။

"မိသားစုခေါင်းဆောင် ဒေါသကို ထိန်းပါ..."

"မင်း..."

ချီကျန်းနန်၏ မျက်နှာထား အဆက်မပြတ် ပြောင်းလဲနေပြီး ကျန်းချဲ့ကို အသက်ရှူ အကြိမ်ရေ အတော်ကြာအောင် မလွှဲတမ်း စူးစိုက်ကြည့်နေလေသည်။

"မိသားစုခေါင်းဆောင် မိသားစုခေါင်းဆောင်..."

မကြာမီမှာပင် ချီမိသားစု အတွင်းရှိ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများ အားလုံး အပြေးအလွှား ရောက်ရှိလာကြလေသည်။

ဒုတိယ အကြီးအကဲ ချီထျန်းဟယ် က ဤအခြေအနေကို မြင်လိုက်ရသည်နှင့် ဘာဖြစ်သွားသည်ကို ချက်ချင်း သိရှိလိုက်ပြီး သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။

ချီရှောက်ယန် က ကျန်းချဲ့ကို ဖျောင်းဖျ၍ မအောင်မြင်ခဲ့သဖြင့် ယနေ့ ကဲ့သို့သော ကိစ္စမျိုး ဖြစ်လာရခြင်း ဖြစ်ကြောင်း သူ သဘောပေါက် လိုက်လေသည်။

မျက်မှောင်ကျုံ့ကာ အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် သူက ကျန်းချဲ့ကို ချက်ချင်း လှည့်ကြည့်လိုက်လေသည်။

"မင်းတို့ သုံးယောက် အရင် ပြန်သွားကြပါ ငါတို့တွေ မိသားစုခေါင်းဆောင် ကို ဖြောင်းဖျလိုက်ပါ့မယ်..."

"မင်းတို့ အရင် ပြန်သွားကြပါ..."

ချီထျန်းကျုံး သည် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မသိရှိသော်လည်း ကျန်းချဲ့ က ချီကျန်းနန် ကို ဒေါသထွက်အောင် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ သူ ကောင်းစွာ နားလည်လေသည်။

ထို့ကြောင့် အချင်းချင်း အမှန်တကယ် ပြဿနာများ မဖြစ်လာစေရန် သူတို့ကို အရင်ဆုံး ပြန်လွှတ်လိုက်ခြင်း ပင်ဖြစ်သည်။

ယခုလက်ရှိ မြောက်ပိုင်း ချီမိသားစုမှာ ယခင်ကလို ခွန်အားများ လုံးဝ မရှိတော့ချေ။

ကျန်းချဲ့ ၏ အလားအလာများကို မြောက်ပိုင်း ချီမိသားစု အနေဖြင့် အလေးအနက်ထား စဉ်းစားရလောက်သည့် အနေအထား သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲချုပ် ဒုတိယ အကြီးအကဲ..."

ကျန်းချဲ့ က လက်ယှက်ကာ အရိုအသေ ပေးလိုက်ပြီး မျက်နှာပေါ်တွင် ကျေးဇူးတင်သော အမူအရာများ ပေါ်လွင်နေလေသည်။

ထို့နောက် ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့ကို ခေါ်ဆောင်ကာ မက်မွန်ခြံ အတွင်းမှ ထွက်ခွာသွားလေသည်။

ချီကျန်းနန် ၏ ဒေါသကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ လမ်းကြောင်း လုံးဝ မရှိချေ။

သူ တစ်ခုတည်း သေချာပေါက် ယုံကြည်ချက် ရှိသည်မှာ ချီကျန်းနန် သည် သူ့ကို တကယ်ကြီး သတ်ပစ်လိမ့်မည် မဟုတ်ခြင်း ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုအခါတွင် သူ၏ တန်ဖိုးမှာ အလွန် မြင့်မားနေပြီ ဖြစ်သည် မဟုတ်ပါလား။

မြောက်ပိုင်း ချီမိသားစု ပင်လျှင် ဤကိစ္စကြောင့် သူနှင့် ရန်သူ လုံးဝ ဖြစ်မည် မဟုတ်ချေ။

နောက်ဆုံး ရလဒ် မှာ သေချာပေါက် အပေးအယူ လုပ်ခြင်း သာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ပင် သူ သည် အစောပိုင်းက မိမိကိုယ်ကို ကာကွယ် ပြောဆိုခြင်း လုံးဝ မလုပ်ခဲ့ခြင်း ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပို၍ ရှင်းပြလေလေ အမှားတွေ ပိုများလာလေလေ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ချီကျန်းနန် ၏ ရင်ထဲရှိ ဒေါသများကိုသာ လွှတ်ချခွင့် ပေးလိုက်မည် ဆိုပါက ဤကိစ္စမှာ အခြေခံအားဖြင့် ကျော်လွန်သွားနိုင်ပြီ ဖြစ်လေသည်။

ဤအချက်ကို ကျန်းချဲ့ အနေဖြင့် အပြည့်အဝ လက်ခံနိုင်စွမ်း ရှိလေသည်။

ရန်သူအဖြစ် ပြောင်းလဲသွားရန် အတွက် ကတော့ ကျန်းချဲ့ ထိုသို့ လုပ်ဆောင်မည် လုံးဝ မဟုတ်ချေ။

သူများ သမီးနှစ်ယောက်စလုံးကို အိပ်ထားပြီးမှ ဒေါသထွက်ခွင့် မပေးဘူးလား။

ဤလောကတွင် ထိုကဲ့သို့သော ယုတ္တိမျိုး လုံးဝ မရှိချေ။

မှားယွင်းသွားလျှင် အရိုက်ခံရမည် သာဖြစ်သည်။

ကျန်းချဲ့ အနေဖြင့် လုံးဝ ဆင်ခြေပေးနေမည် မဟုတ်ချေ။

သူ လုပ်ဆောင်ခဲ့သည်ကို မှန်ကန်သည်ဟုလည်း လုံးဝ ထင်မှတ်နေမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ဤကိစ္စတွင် သူ တကယ်ကို တာဝန် အများကြီး ရှိလေသည်။

အနည်းဆုံးတော့ အစပိုင်း ရည်ရွယ်ချက်က ချီနင်ပင်း နှင့် ချီဝမ်ကျင်း တို့၏ ကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များကို ရယူလိုသောကြောင့် ပင်ဖြစ်သည်။

ယခုအခါ ချီထျန်းကျုံး နှင့် ချီထျန်းဟယ် တို့ ထွက်ရပ်လာကြပြီ ဖြစ်ရာ ချီကျန်းနန် ကို ဖျောင်းဖျနိုင်မည့် အလားအလာ များစွာ ရှိနေသေးသည်ဟု သူ ခံစားရလေသည်။

သို့သော် နောင်တစ်ချိန်တွင် သူ့အပေါ် ဆက်ဆံသည့် အမူအရာများ ကတော့ ပိုမို ဆိုးရွားလာနိုင်ချေ ရှိလေသည်။

အကယ်၍သာ ကျန်းချဲ့ သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် စွမ်းအားများ တစ်ဖက်လူ ထက် အများကြီး သာလွန်သွားခဲ့လျှင်တော့ တစ်မျိုးပေါ့လေ။

အခန်း (၃၆၀) ချီမိသားစု အလျော့ပေးခြင်း။ ညီအစ်မနှစ်ယောက်စလုံးကို သိမ်းပိုက်ခြင်း

မက်မွန်ခြံအတွင်း။

ကျန်းချဲ့နှင့် ချီနင်ပင်းတို့ ထွက်ခွာသွားပြီးနောက် လေထုမှာ ဆက်လက်၍ ဖိနှိပ်မှုများ ရှိနေဆဲဖြစ်သည်။ ချီကျန်းနန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်သော မျက်နှာထားဖြင့် မတ်တတ်ရပ်နေပြီး သူ၏ မျက်ဝန်းများထဲတွင် ဒေါသမီးတောက်များ အဆက်မပြတ် တောက်လောင်နေလေသည်။

သူ၏ ဒေါသသည် ယခုအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပထမအချက်မှာ ကျန်းချဲ့က သူ၏ သမီးနှစ်ယောက်စလုံး၏ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ကျန်းချဲ့ ထိုသို့ လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင်ကို ရယူလိုသောကြောင့် ပင်ဖြစ်သည်ဟု သူ သံသယဝင်နေသောကြောင့် ဖြစ်လေသည်။

အထူးသဖြင့် ဒုတိယအချက်က သူ့ကို လုံးဝ ဒေါသထိန်းမရအောင် ဖြစ်သွားစေခဲ့လေသည်။

အကယ်၍သာ စောစောက အကြီးအကဲချုပ် ချီထျန်းကျုံးတို့ ရောက်မလာခဲ့လျှင် သူ သေချာပေါက် ကျန်းချဲ့ကို ပြင်းပြင်းထန်ထန် ပညာပေးလိုက်မည်မှာ အသေအချာပင်ဖြစ်သည်။

သို့သော် ချီထျန်းကျုံးနှင့် အခြားသော မဟာသိုင်းသခင်ကြီးများ အားလုံးမှာ ဒုတိယအကြီးအကဲ ချီထျန်းဟယ်မှလွဲ၍ ကျန်သူများ အားလုံး အကြီးအကျယ် နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ကျန်းချဲ့က မိသားစုခေါင်းဆောင်ကို မည်သို့မည်ပုံ ဒေါသထွက်အောင် လုပ်လိုက်သနည်း ဆိုသည်ကို သူတို့ လုံးဝ နားမလည်ကြချေ။

သူတို့၏ အမြင်တွင် ကျန်းချဲ့သည် လူမှုဆက်ဆံရေး နားမလည်သူ တစ်ယောက် မဟုတ်သည့်အပြင် သူ၏ အလွန် ထူးချွန်သော ပါရမီများလည်း ရှိနေသေးသည် မဟုတ်ပါလား။

စကားမှားပြောမိလျှင်ဖြစ်စေ အလုပ်တစ်ခုခု မှားလုပ်မိလျှင်ဖြစ်စေ စေ့စပ်ထားမှုကို ဖျက်သိမ်းခြင်း မဟုတ်သရွေ့ သူတို့ အားလုံး လက်ခံနိုင်စွမ်း ရှိကြပြီး မိသားစုခေါင်းဆောင် ကလည်း ဤမျှလောက် ကြီးမားသော ဒေါသကို ထုတ်ဖော်မည် မဟုတ်ဟု ထင်မှတ်ထားကြလေသည်။

နောက်ဆုံးတွင်တော့ အကြီးအကဲချုပ် ချီထျန်းကျုံးက အရင်ဆုံး သည်းမခံနိုင်တော့ဘဲ လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။

"မိသားစုခေါင်းဆောင် တကယ်တော့ ဘာကိစ္စများ ဖြစ်ခဲ့လို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ..."

"ဟုတ်ပါတယ် မိသားစုခေါင်းဆောင် ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး..."

"အကြီးအကဲချုပ် ဒီကိစ္စက သိပ်ပြီး ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး..."

ချီထျန်းဟယ်က ချောင်းဟန့်ကာ ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"မင်း သိနေတာလား..."

ချီထျန်းကျုံး အနည်းငယ် ကြက်သေသေသွားလေသည်။

ချီထျန်းဟယ် အားကိုးရာမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ကျန်းချဲ့နှင့် ချီနင်ပင်းတို့ အကြားရှိ ကိစ္စများကို အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။

သူ၏ ဤစကားများကို ကြားလိုက်ရသောအခါ ချီထျန်းဟယ် သာမက ချီထျန်းကျုံးနှင့် အခြားသော မဟာသိုင်းသခင်ကြီး နှစ်ယောက်စလုံး၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားပြီး အမူအရာများ အလွန် အရုပ်ဆိုး အကျည်းတန်သွားကြလေသည်။

မည်သို့ပင်ဆိုစေ ဤကိစ္စသည် ချီမိသားစု အတွက်တော့ အရှက်ကွဲစရာ အရှုပ်တော်ပုံကြီး တစ်ခုနှင့် လုံးဝ ခြားနားခြင်း မရှိချေ။

ကျန်းချဲ့ လုပ်ဆောင်ခဲ့သော ကိစ္စမှာလည်း အမှန်တကယ်ပင် ဂုဏ်ယူစရာ မကောင်းလှပေ။

ချီကျန်းနန် ဤမျှလောက် ဒေါသထွက်နေသည်မှာ လုံးဝ မဆန်းတော့ချေ။

"ဒီကောင်လေးကတော့ကွာ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်ကွာ..."

"ဟူး..."

"ဒုတိယအကြီးအကဲ ခင်ဗျားက အစောကြီးကတည်းက သိနေတာကို ဘာလို့ အရင်က မပြောခဲ့ရတာလဲ..."

ချီကျန်းနန်က ချီထျန်းဟယ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် မကျေနပ်သော အငွေ့အသက်များ လင်းလက်နေလေသည်။

အမှန်တကယ်တော့ သူ သတိပြန်ဝင်လာပြီးနောက် ချီထျန်းဟယ် မပြောပြလျှင်ပင် အချို့သော ကိစ္စများကို သူ ကောင်းစွာ ရိပ်မိနေခဲ့လေပြီ။

မည်သို့ပင်ဆိုစေ ချီထျန်းဟယ်သည် ထျန်းနန်မြို့တွင် ကျန်းချဲ့တို့နှင့် အချိန်ပြည့် အတူတကွ ရှိနေခဲ့ရာ ဘာမှ မသိရှိ မရိပ်မိဘူး ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော် ဤကိစ္စကို သူ့ထံသို့ လုံးဝ အသိမပေးဘဲ သူ့ကို အမှောင်ချ ဖုံးကွယ်ထားခဲ့လေသည်။

ချီထျန်းဟယ် သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။

"ဒီကိစ္စက ကျုပ် မပြောချင်လို့ မဟုတ်ပါဘူး အစပိုင်းတုန်းက ကျုပ်လည်း လုံးဝ သတိမထားမိခဲ့လို့ပါ တစ်ခုခု မှားယွင်းနေတယ်လို့ သတိထားမိတဲ့ အချိန်ကျတော့ အရာအားလုံးက နောက်ကျနေခဲ့ပါပြီ အဲ့ဒီအချိန်တုန်းက ဝမ်ကျင်းလည်း ထျန်းနန်မြို့ကို ရောက်နေခဲ့ပြီလေ..."

"ကျုပ်က ဘာပြဿနာမှ မရှိလောက်တော့ဘူးလို့ ထင်ထားခဲ့တာ သူတို့က ဝမ်ကျင်းကိုတောင် ဖျောင်းဖျနိုင်ခဲ့လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး ဒီနေ့ ကျုပ် ရှောက်ယန်ကို လွှတ်ပြီး ကျန်းချဲ့ကို သွားဖျောင်းဖျခိုင်းသေးတယ် သူ့ကို ဒီလို စိတ်ကူးမျိုးတွေ စွန့်လွှတ်ဖို့ ပြောခိုင်းတာပါ ဒါပေမဲ့ ရှောက်ယန် လည်း သူ့ကို ဖျောင်းဖျလို့ မအောင်မြင်ခဲ့ဘူး..."

ချီထျန်းကျုံး အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ဆက်လက် မေးမြန်းလိုက်လေသည်။

"ကျန်းချဲ့က မိသားစုခေါင်းဆောင်ကို ဘယ်လိုများ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့လို့လဲ သူက နင်ပင်းနဲ့ မင်္ဂလာဆောင်ပြီး စေ့စပ်ထားတဲ့ ကတိကို ပြောင်းလဲပစ်ချင်လို့များလား..."

ချီကျန်းနန် မျက်နှာကို မည်းမှောင်ထားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"အကယ်၍ အဲ့ဒီလိုမျိုး သက်သက်ဆိုရင် ငါက ဒီလောက်တောင် ဒေါသထွက်နေမှာ မဟုတ်ပါဘူး ပြဿနာက အဲ့ဒီ မိုက်ရိုင်းတဲ့ကောင်လေးက ဝမ်ကျင်းနဲ့ နင်ပင်း နှစ်ယောက်စလုံးကို အတူတူ လက်ထပ်ချင်တယ်လို့ ပြောရဲတာပဲ ပြီးတော့ အနည်းငယ်လေးတောင် နောက်ဆုတ်ပေးမယ့် အနေအထား မရှိဘူး..."

"ဘာ နှစ်ယောက်စလုံးကို လက်ထပ်မယ် ဟုတ်လား..."

"ဒီကျန်းချဲ့ကတော့ကွာ တကယ်ကို ရဲတင်းလွန်းနေပြီပဲ..."

"ဒါက ငါတို့ မြောက်ပိုင်း ချီမိသားစုကို လုံးဝ အလေးမထားတာပဲ ဒီလို စကားမျိုးကိုတောင် ရဲရဲတင်းတင်း ပြောထွက်ရတယ်လို့..."

မဟာသိုင်းသခင်ကြီးများ အားလုံး၏ မျက်နှာပေါ်တွင် ဒေါသအမူအရာများ အပြည့်အဝ ပေါ်လွင်နေကြလေသည်။

ကျန်းချဲ့ ချီဝမ်ကျင်းကို လက်ထပ်မည်ဆိုပါက သူတို့ အားလုံး အပြည့်အဝ ထောက်ခံကြမည် ဖြစ်သော်လည်း ညီအစ်မ နှစ်ယောက်စလုံးကို အတူတကွ လက်ထပ်မည် ဆိုပါက ဘာအဓိပ္ပာယ်များ ဖြစ်သွားတော့မည်နည်း။

မြောက်ပိုင်း ချီမိသားစုသည် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာခဲ့သော မိသားစုကြီး တစ်ခုဖြစ်ပြီး သာမန် အဆင့်နိမ့် မိသားစုငယ်လေး တစ်ခု လုံးဝ မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားသင့်ပေသည်။

မိသားစု၏ ဂုဏ်သိက္ခာနှင့် စည်းကမ်းများကို အလွန် အလေးထားကြလေသည်။ ဤသည်မှာ လုံးဝကို လမ်းလွဲနေသော ဖောက်ပြန်သည့် လုပ်ရပ်ကြီး တစ်ခုပင်ဖြစ်သည်။

"ဝမ်ကျင်းနဲ့ နင်ပင်းတို့ နှစ်ယောက်စလုံးက သဘောတူလိုက်ကြပြီလား..."

ချီထျန်းကျုံးက လက်ကာပြကာ အခြားသူများ၏ မကျေနပ်မှုများကို တားဆီးလိုက်ပြီး တိုက်ရိုက် မေးလိုက်လေသည်။

ချီကျန်းနန် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ချီထျန်းကျုံး၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး အချိန်အနည်းငယ်မျှ တွေဝေသွားကာ မေးလိုက်လေသည်။

"ဒါဆို မိသားစုခေါင်းဆောင်ကရော ဘယ်လို စဉ်းစားထားလဲ..."

"သေချာပေါက် မရဘူးပေါ့ ငါက အလုံအလောက် နောက်ဆုတ်ပေးခဲ့ပြီးပြီ အဲ့ဒီကောင်လေးက လက်တစ်လုံးပေးတာကို တစ်တောင်လောက် ရယူချင်နေတာ စောစောကသာ ခင်ဗျားတို့ ရောက်မလာခဲ့ဘူးဆိုရင် ငါက သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် ပညာပေးလိုက်ပြီ ငါတို့ ချီမိသားစုက သူ့ကို အလိုလိုက်ထားပေးနိုင်ပေမဲ့ လုံးဝ အကန့်အသတ်မရှိ အလိုလိုက်ထားတာ မဟုတ်ဘူးဆိုတာကို ဒီကောင်လေး သေချာပေါက် သိအောင် လုပ်ပေးရမယ်..."

"အဟမ်း အဟမ်း မိသားစုခေါင်းဆောင် ကျုပ်ရဲ့ အမြင်ကို ပြောရရင် ကျန်းချဲ့ရဲ့ စကားက နည်းနည်း အရှက်ကင်းမဲ့ပေမဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုတော့ အပြည့်အဝ ရှိပါတယ် အခု ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုမှတော့ ကျန်းချဲ့ကို ဘယ်သူ့ကို ရွေးချယ်ခိုင်းခိုင်း ကျန်ရစ်တဲ့ နောက်တစ်ယောက်က သေချာပေါက် တစ်သက်လုံး အထီးကျန် သွားရတော့မှာပဲလေ..."

"ပြီးတော့ ကျန်းချဲ့ ဆိုတဲ့ ကောင်လေးက အမြဲတမ်း ရန်ငြိုးထားတတ်တဲ့ သူပဲ နောက်ပိုင်း သူ အောင်မြင်လာတဲ့ အချိန်ကျရင် ငါတို့ ချီမိသားစုနဲ့ ဒီကိစ္စကြောင့် လမ်းခွဲသွားတာမျိုး မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး အဲ့ဒီလိုသာ ဆိုရင် အရင်တုန်းက ငါတို့ ရင်းနှီးမြှုပ်နှံထားခဲ့သမျှ အရာအားလုံးက လုံးဝ အလဟဿ ဖြစ်သွားမှာပဲ..."

ချီကျန်းနန် ဘာမှ ထုတ်မပြောသော်လည်း လူတိုင်း ကောင်းစွာ သဘောပေါက်နေကြလေသည်။

ကျန်းချဲ့သည် ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ နှစ်ယောက်စလုံး၏ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်ရာ နောက်ထပ် ဘာမှ ထပ်ပြောနေ၍လည်း အရာအားလုံး နောက်ကျနေခဲ့ပြီ ဖြစ်လေသည်။

ချီထျန်းဟယ်က အခြေအနေကို ကြည့်၍ လေပြေထိုးကာ အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးရန်သာ တွေးတောမိလေသည်။

အနည်းငယ် အရှက်ကွဲရမည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤသို့ဖြင့် ကျန်းချဲ့ကို ချီမိသားစုနှင့် အပြည့်အဝ ပေါင်းစည်းထားနိုင်မည် ဖြစ်ပြီး ယခင်က သူတို့ ကူညီထောက်ပံ့ခဲ့သမျှ အရာအားလုံးမှာလည်း လေထဲလွင့်ပါသွားမည် မဟုတ်ချေ။

ကျန်းချဲ့ ၏ ဤလုပ်ရပ်ကလည်း သူ့ကို ချီမိသားစု အပေါ်တွင် အမြဲတမ်း အားနာ ကျေးဇူးတင် နေစေမည်မှာ အသေအချာပင်ဖြစ်သည်။

"ဒုတိယအကြီးအကဲ ခင်ဗျား ဘာစကားတွေ လျှောက်ပြောနေတာလဲ အမှားကို အမှားအတိုင်း ဆက်သွားရမယ် ဟုတ်လား ငါတို့ ချီမိသားစုက ဂုဏ်သိက္ခာ ဆိုတာကို လုံးဝ မလိုချင်တော့ဘူးလား..."

ချီကျန်းနန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပို၍ပင် မကျေမနပ် ဖြစ်သွားလေသည်။

"မိသားစုခေါင်းဆောင်ရဲ့ အမြင်မှာ ဂုဏ်သိက္ခာက ပိုအရေးကြီးလား ဒါမှမဟုတ် လက်တွေ့ အကျိုးအမြတ်က ပိုအရေးကြီးသလား..."

ယခုအချိန်တွင် ချီထျန်းကျုံးကလည်း ဝင်ရောက် ဖြောင်းဖျလိုက်လေသည်။

"အကြီးအကဲချုပ် ခင်ဗျားတောင် ဘယ်လိုလုပ်ပြီး..."

"ကျုပ်က ရှေးရိုးစွဲလွန်းတဲ့ သူတစ်ယောက် မဟုတ်ပါဘူး ဒီနေ့ကိစ္စက ကျန်းချဲ့ရဲ့ အမှားဆိုတာ အသေအချာပါပဲ ဒါပေမဲ့ ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုမှတော့ ဝမ်ကျင်းနဲ့ နင်ပင်းတို့ရဲ့ ရှုထောင့်ကနေ တွေးကြည့်ရင် သူတို့ကိုယ်တိုင်က ကျန်းချဲ့ကို ထားသွားချင်မှာ မဟုတ်ဘူး..."

"ကျန်းချဲ့ရဲ့ စရိုက်ကိုလည်း မိသားစုခေါင်းဆောင် ကောင်းကောင်း သိထားတာပဲ ငါတို့ဘက်က တစ်လှမ်းဆုတ်ပြီး သူတို့ကို ကူညီပေးလိုက်တာက ပိုမို ကောင်းမွန်ပါလိမ့်မယ် ယောက်ျားကောင်း တစ်ယောက်မှာ ဇနီးမယား အများကြီး ရှိတာ သဘာဝပဲလေ ကျန်းချဲ့ရဲ့ အကျင့်စရိုက်အရ ဆိုရင် သူ့မှာ နောက်ပိုင်း မိန်းမ တစ်ယောက် နှစ်ယောက်တည်း လုံးဝ မကနိုင်ဘူး..."

"သူရဲ့ အဆင့်အတန်းနဲ့ စွမ်းအားတွေ မြင့်မားလာတာနဲ့အမျှ မိန်းမတွေလည်း ပိုများလာမှာပဲ ဒီကိစ္စလေးတစ်ခုအတွက်နဲ့ သူနဲ့ လမ်းခွဲရမယ်ဆိုတာ တကယ်ကို မလိုအပ်ပါဘူး ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် တကယ်လို့သာ နင်ပင်းနဲ့ ဝမ်ကျင်းတို့က ကျန်းချဲ့ကို သေချာ ချုပ်ကိုင်ထားနိုင်မယ် ဆိုရင် ဒါကလည်း ကိစ္စကောင်း တစ်ခုပဲလေ..."

"ဒါက အကြီးအကဲချုပ် ပြောတာလည်း သိပ်တော့ မမှားပါဘူး..."

"ဟုတ်ပါတယ်..."

ကျန်ရှိနေသော မဟာသိုင်းသခင်ကြီးများ အားလုံးလည်း အနည်းငယ် တွေဝေနေကြပြီးနောက် ဝင်ရောက် ထောက်ခံလိုက်ကြလေသည်။

သေချာသည်ကတော့ သူတို့ ဤကဲ့သို့ ဘက်ယိမ်းသွားရခြင်း၏ အရေးအကြီးဆုံးသော အကြောင်းအရင်းမှာ ကျန်းချဲ့ သူတို့ကို ပေးစွမ်းလိုက်သော အံ့အားသင့်မှုများက အလွန် ကြီးမားလွန်းသောကြောင့် ပင်ဖြစ်သည်။

သိုင်းလျှို့ဝှက်နယ်မြေ၏ နံပါတ်တစ် သိုင်းအဆင့် သတ်မှတ်ချက် စာရင်း၏ နံပါတ်တစ် များကို အသာထား၍ နိမိတ်လက္ခဏာ လေးခုဖြင့် ယွမ်ယင်း တည်ဆောက်ခြင်း ကပင် အလွန် လုံလောက်နေလေပြီ။

ဤသည်မှာ ချီမိသားစု၏ သမိုင်းတစ်လျှောက်လုံး တွင် တစ်ခါမှ မကြုံဖူးခဲ့သော ကိစ္စကြီး တစ်ခုဖြစ်သည်။

ကျန်းချဲ့သာ ဆက်လက် ကြီးထွားလာနိုင်မည် ဆိုပါက လူ့လောကတွင် အထွတ်အထိပ်ဆုံးသော တည်ရှိမှု တစ်ခု ဖြစ်လာမည်မှာ အလွန် ရှင်းလင်း ထင်ရှားနေလေသည်။

မြောက်ပိုင်း ချီမိသားစု အနေဖြင့် ကျန်းချဲ့နှင့် ထာဝရ မိတ်ဆွေဖွဲ့ နိုင်မည် ဆိုပါက ၎င်းတို့လည်း အလွန် ကြီးမားသော အကျိုးကျေးဇူးများကို သေချာပေါက် ရရှိလာမည်သာ ဖြစ်လေသည်။

ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့သည် မိသားစုခေါင်းဆောင်၏ တရားဝင် သမီးများ ဖြစ်ကြသော်လည်း အမှန်တကယ် လက်တွေ့တွင် သူတို့၏ အရေးပါမှုမှာ ကျန်းချဲ့၏ ကိုယ်ပိုင် တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျနေလေသည်။

"ခင်ဗျားတို့..."

ချီကျန်းနန် သည် သူတို့ အားလုံး၏ ဖျောင်းဖျမှု များကို နားထောင်ရင်း ရင်ထဲတွင် အလွန် စိတ်ရှုပ်ထွေး လာရလေသည်။

အသိတရားက ဤသည်မှာ မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း သူ့ကို သတိပေးနေသော်လည်း ဖခင်တစ်ယောက်၏ ခံစားချက်ကတော့ ဤကဲ့သို့ လုံးဝ မလုပ်သင့်ကြောင်း သူ့ကို အဆက်မပြတ် ဆန့်ကျင်နေလေသည်။

သူ၏ သမီး နှစ်ယောက်စလုံးကို လူတစ်ယောက်တည်း ထံသို့ ပေးစားရမည်ကို သူ လုံးဝ လက်မခံနိုင်ချေ။

ဒီလိုဆိုရင် သူ သေဆုံးသွားတဲ့ ဇနီးသည်ကို ဘယ်လို မျက်နှာပြရမှာလဲ...

သူ အရင်တုန်းက သမီး နှစ်ယောက်စလုံးကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ဇနီးဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ ကတိပေးခဲ့ဖူးသည် မဟုတ်ပါလား။

"တစ်နည်းအားဖြင့် ပြောရရင် မိသားစုခေါင်းဆောင် ကိုယ့်ဆန္ဒကို ကိုယ်ပဲ ဆုပ်ကိုင်ထားမယ် ဆိုရင် ဝမ်ကျင်းနဲ့ နင်ပင်းတို့ကရော သေချာပေါက် ပျော်ရွှင်နေမယ်လို့ ထင်လို့လား တကယ်လို့သာ ကိစ္စတွေကို အပြတ်အသတ် လုပ်ပစ်လိုက်မယ် ဆိုရင် ဒီမင်္ဂလာပွဲကလည်း လုံးဝ ဖြစ်မြောက်လာတော့မှာ မဟုတ်ဘူး အခု လက်ရှိ ကျန်းချဲ့ရဲ့ အခြေအနေအရ ဆိုရင် နိမိတ်လက္ခဏာ လေးခုနဲ့ ယွမ်ယင်းတည်ဆောက်တဲ့ ကိစ္စကို သတင်းမဖြန့်ဘူး ဆိုရင်တောင်မှ အင်အားစု အများအပြားက ကျန်းချဲ့ကို အစွမ်းကုန် လာပြီး ဆွဲဆောင်စည်းရုံး ကြလိမ့်ဦးမှာပဲ တော်ဝင် မိသားစုတောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာနိုင်ချေ ရှိတယ်..."

"မိသားစုရဲ့ ဂုဏ်သိက္ခာ ဆိုတာက တကယ်ကို အရေးကြီးပါတယ် ဒါပေမဲ့ တစ်ခါတလေကျရင် လက်တွေ့ အကျိုးအမြတ်လောက် မကောင်းပါဘူး ကျန်းချဲ့ရဲ့ အလားအလာတွေက မျက်စိရှေ့မှာတင် အထင်အရှား ရှိနေတာပဲ အချိန်သိပ်မကြာခင်မှာ တော်ဝင်နန်းတော်က ဆုချီးမြှင့်မှုတွေ ရောက်လာတော့မယ်လို့ ထင်တယ်..."

"ပြီးတော့ ကျန်းချဲ့သာ ခြေလှမ်းမှန်မှန်နဲ့ ရှန်ရှန်း နောက်ပိုင်းအဆင့်ကို တက်လှမ်းသွားနိုင်မယ် ဆိုရင် သေချာပေါက် နယ်စားပယ်စား အရာရှိကြီး တစ်ယောက် ဖြစ်လာတော့မှာပဲ ဒီလိုကိစ္စမျိုး အပြင်ကို သတင်းပျံ့နှံ့သွားတာ တကယ်တော့ မကောင်းပါဘူး ဒါပေမဲ့ အဲ့ဒီလောက်ပါပဲ အများဆုံး အပြင်လူတွေက ငါတို့ ချီမိသားစုကို သမီးတွေကို ရောင်းစားတယ်လို့ ပြောကြရုံလေးပါပဲ..."

ချီထျန်းဟယ်က ကျန်းချဲ့၏ ဘက်တွင် အပြည့်အဝ ရပ်တည်ပေးလိုက်လေသည်။

မဟုတ်ပါက အရင်တုန်းက ကျန်းချဲ့ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သွားရောက် ဖျောင်းဖျရန် သူ ကြိုးစားခဲ့မည် မဟုတ်ချေ။

ချီကျန်းနန်၏ မျက်နှာထား အဆက်မပြတ် ပြောင်းလဲနေပြီး အချိန်အတော်ကြာမှ ပြန်ပြောလိုက်လေသည်။

"ငါ ချီကျန်းနန်ရဲ့ သမီးတွေ ဘယ်တော့မှ အမည်ခံမရှိဘဲ လုံးဝ မနေစေရဘူး..."

"ဒါဆိုရင်လည်း အတူတူ ပေးစားလိုက်တာ အကောင်းဆုံးပဲ ဝမ်ကျင်းကို တရားဝင် ဇနီးမယားကြီး အဖြစ် ထားပြီး နင်ပင်းကို ဒုတိယ ဇနီးမယားကြီး အဖြစ် ပေးစားလိုက် မိသားစု အတွင်းမှာ ဘယ်သူကများ သဘောထား ကွဲလွဲနေသေးလို့လဲ ရှိရင် ကျုပ်ဆီကို လာခဲ့ဖို့ ပြောလိုက်..."

ချီထျန်းကျုံးက နဂါးခေါင်း တောင်ဝှေးကို တစ်ချက် ခေါက်ကာ ပြောလိုက်လေသည်။

"ခင်ဗျားတို့ အားလုံး တကယ်ပဲ ဒီအတိုင်း လုပ်စေချင်နေကြတာလား..."

ချီကျန်းနန် မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

"ဒါက လောလောဆယ်မှာ အသင့်တော်ဆုံး ဆုံးဖြတ်ချက်ပဲ ကျန်းချဲ့ရဲ့ အလားအလာတွေက ချီမိသားစု အလျော့ပေးလိုက်ဖို့ လုံလောက်တဲ့ တန်ဖိုး ရှိပါတယ်..."

ချီကျန်းနန် အနောက်သို့ လှည့်သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ဒီအတိုင်းပဲ ပြင်ဆင်လိုက်ကြပါ မင်္ဂလာဆောင်တဲ့ နေ့ကျရင် ဝမ်ကျင်းနဲ့ နင်ပင်းကို အတူတူ ပေးစားလိုက်မယ်..."

နောက်ဆုံးတွင်တော့ ချီကျန်းနန် အလျော့ပေးလိုက်ရလေပြီ။

ကျန်းချဲ့၏ အလွန် ကြောက်မက်ဖွယ်ကောင်းသော အလားအလာများ၊ အကြီးအကဲ အများအပြား၏ ထောက်ခံမှုများနှင့် သူ၏ သမီးနှစ်ယောက်၏ ပြတ်သားမှုများ အားလုံးကို သူ အလျော့ပေးလိုက်ရခြင်း ပင်ဖြစ်သည်။

အကြီးအကဲချုပ်နှင့် ဒုတိယအကြီးအကဲ တို့ ပြောသည်မှာ အလွန် မှန်ကန်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

ကျန်းချဲ့ကို ဘယ်သူ့ကို ရွေးချယ်ရန် ဖိအားပေးသည်ဖြစ်စေ ကျန်ရစ်သော နောက်တစ်ယောက်က သေချာပေါက် တစ်သက်လုံး အထီးကျန် သွားရမည်သာ ဖြစ်လေသည်။

ဖခင်တစ်ယောက် အနေဖြင့် ဤကဲ့သို့ ဖြစ်လာမည်ကို သူ လုံးဝ မမြင်တွေ့လိုချေ။

မိသားစုခေါင်းဆောင် တစ်ယောက် အနေဖြင့် သူသည် ကျန်းချဲ့နှင့် ရန်သူ လုံးဝ မဖြစ်ချင်ချေ။

အကြီးအကဲများ အားလုံး ထွက်ခွာသွားပြီးနောက် ချီကျန်းနန် သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။

"ကောင်စုတ်လေး မင်းက တကယ်ကို အချိန်ကောင်းကို ရွေးချယ်တတ်တာပဲ..."

"အာထောင် နောက်ဆုံးတော့ ကိုယ် ကတိဖောက်ဖျက်လိုက်ရပြီ နင်ပင်းနဲ့ ဝမ်ကျင်းကို ကိုယ် ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး မင်း ကိုယ့်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်ကွာ..."

ဝမ်ပင်း အိမ်တော်အတွင်း။

လေထုမှာ အလွန် ဖိနှိပ်မှုများ ရှိနေဆဲဖြစ်သည်။

ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ နှစ်ယောက်စလုံး တိတ်ဆိတ်ငြိမ်သက်နေကြပြီး စောစောက မက်မွန်ခြံအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားတွေးတော နေကြလေသည်။

ကျန်းချဲ့ကတော့ သူတို့ကို နှစ်သိမ့်ပေးပြီးနောက် သူမတို့ နှစ်ယောက်၏ အတင်းအကျပ် နှင်ထုတ်မှုကြောင့် ထိုနေရာမှ ထွက်ခွာသွားခဲ့ရလေသည်။

ဤကိစ္စကြောင့် ဖခင်ဖြစ်သူ ထပ်မံ၍ ဒေါသထွက်လာမည်ကို သူမတို့ အလွန် စိုးရိမ်နေကြသောကြောင့် ပင်ဖြစ်သည်။

"အစ်မ အရင်တုန်းက ညီမသာ ဝင်မပြောလိုက်ဘူးဆိုရင် အစ်မက နောက်ဆုတ်သွားပြီး ညီမနဲ့ ခဲအိုကို သဘောတူပေးလိုက်တော့မလို့ မဟုတ်လား..."

ချီနင်ပင်းက ရုတ်တရက် မေးလိုက်လေသည်။

"ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ မဟုတ်ဘူးလား..."

"ဒါဆို အစ်မကရော အစ်မက တစ်သက်လုံး အထီးကျန် ဘဝနဲ့ပဲ နေသွားချင်လို့လား..."

ချီနင်ပင်း လည်ပင်းကို မော့ကာ ပြောလိုက်လေသည်။

"အစ်မလည်း သိပါတယ် ညီမက မဟာမိတ်ပြု လက်ထပ်ရတာကို အမြဲတမ်း ဆန့်ကျင်နေခဲ့တာပဲ..."

"အစ်မ ညီမကို လိမ်လို့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ မလိမ်ပါနဲ့ ညီမ ကြည့်တာနဲ့ သိနိုင်ပါတယ် အစ်မလည်း ခဲအိုကို သဘောကျနေတာပဲ အကယ်၍ အစ်မသာ ခဲအိုကို လက်မထပ်နိုင်ဘူးဆိုရင် ညီမ တစ်သက်လုံး ပျော်ရွှင်ရတော့မှာ မဟုတ်ဘူး..."

"ဒါကြောင့် နောက်မဆုတ်ပါနဲ့ လုံးဝ နောက်မဆုတ်ပါနဲ့ စောစောက ခဲအို ကိုယ်တိုင်လည်း ပြောခဲ့တယ်လေ အဖေက သေချာပေါက် အလျော့ပေးမှာပါတဲ့ မဟုတ်ရင် သူ ချီမိသားစုမှာ အဆင့်တက်လှမ်းခဲ့တာ အဓိပ္ပာယ် မရှိတော့ဘူးလေ တကယ်လို့ အဖေက သဘောမတူဘူး ဆိုရင်တောင် အကြီးအကဲချုပ်တို့က အဖေ့ကို သေချာပေါက် ဖျောင်းဖျပေးကြမှာပါ..."

ချီနင်ပင်းက အလွန် လေးနက်စွာဖြင့် ပြောလိုက်လေသည်။

ချီဝမ်ကျင်း ပါးစပ်ဟလိုက်ပြီး သူမကိုယ်တိုင်လည်း ဤအတိုင်း ဖြစ်လာစေရန် မျှော်လင့်နေသော်လည်း ဖခင်ဖြစ်သူ၏ ဤကိစ္စအပေါ် သဘောထားကို သူမ ကောင်းစွာ သိရှိထားလေသည်။

စောစောက ဖခင်ဖြစ်သူ အလွန်အမင်း ဒေါသထွက်နေခဲ့သည်မှာ အလွန် ထင်ရှားလှပေသည်။ အခြားသူများသာ ရောက်မလာခဲ့လျှင် ကျန်းချဲ့ကို တိုက်ရိုက် လက်ပါသွားလောက်ပြီ ဖြစ်လေသည်။

"ကျန်းချဲ့ ဆိုတဲ့ ကောင်လေးက တကယ်ပဲ အဲ့ဒီလို ပြောသွားတာလား..."

ချီနင်ပင်း၏ စကားသံ ဆုံးသည်နှင့် လေဟာနယ်တွင် လှိုင်းဂယက်များ ထသွားပြီး မျက်နှာထား အလွန် မည်းမှောင်နေသော ချီကျန်းနန် လျှောက်လှမ်းလာလေသည်။

"အာ အဖေ အဖေ..."

ချီနင်ပင်း ချက်ချင်းပင် အကြီးအကျယ် ထိတ်လန့်သွားလေသည်။

ချီကျန်းနန်က အငယ်ဆုံး သမီးလေးကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"အဖေ မေးမယ် ကျန်းချဲ့က တကယ်ပဲ အဲ့ဒီလို ပြောသွားတာလား..."

"မ ဟုတ်ပါဘူး ညီမ ညီမ ကိုယ်တိုင် လျှောက်ပြောလိုက်တာပါ..."

ချီနင်ပင်း ခေါင်းငုံ့ကာ တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

"ဟွန့်..."

ချီကျန်းနန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လျှောက်ပြောသည် ဆိုသော စကားကို လုံးဝ မယုံကြည်ချေ။

သို့သော် စောစောက သူမ ပြောခဲ့သော စကားများကို ပြန်လည် တွေးတောမိသောအခါ သူ၏ ရင်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ဆိုသော ကောင်လေးက သူ၏ အကြံအစည်များကို အတိအကျ တွက်ချက်ထားနိုင်သောကြောင့် ပင်ဖြစ်သည်။

ထိုအရာများ အပြင် ယခင်က သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်မှာ ကျန်းချဲ့ ရုတ်တရက် အဆင့်တက်လှမ်းခြင်းသည် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော အခြေအနေများကြောင့် အလျင်စလို လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့လေသည်။

သို့သော် ယခုမှသာ ကျန်းချဲ့သည် သူတို့ကို သက်သက် ပြသရန် အတွက် ချီမိသားစုတွင် တမင်သက်သက် အဆင့်တက်လှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

ထိုသို့ဖြင့် မိမိ၏ အလားအလာများကို ပြသကာ ချီမိသားစုကို မင်္ဂလာကိစ္စတွင် အလျော့ပေးလာစေရန် ဖိအားပေးလိုက်ခြင်း ပင်ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ ချီကျန်းနန်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာလေသည်။

"အဖေ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်လာတာလဲ..."

ချီဝမ်ကျင်း ခေါင်းမော့လိုက်ပြီး မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အနည်းငယ် ရောယှက်နေလေသည်။

ချီကျန်းနန်က အရွယ်ရောက်နေပြီ ဖြစ်သော သမီးနှစ်ယောက်စလုံးကို မျက်လုံးများ ကျဉ်းမြောင်းကာ စူးစိုက်ကြည့်လိုက်ပြီး အလွန် တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"ကျန်းချဲ့ရဲ့ စိတ်နေစိတ်ထားက တကယ်ကို သာမန် မဟုတ်ဘူး သူက ဘယ်လိုနည်းလမ်းတွေ သုံးပြီး မင်းတို့ နှစ်ယောက်စလုံးကို ဒီလောက်တောင် ကြွေဆင်းသွားအောင် လုပ်နိုင်ခဲ့လဲ ဆိုတာတော့ အဖေ မသိဘူး ဒါပေမဲ့ အဖေ သေချာပေါက် ပြောရဲတာ တစ်ခုကတော့ ဒီအထဲမှာ သူ ရှန်ရှန်းအဆင့်ကို တက်လှမ်းဖို့အတွက် ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင်ကို ရယူချင်တဲ့ ရည်ရွယ်ချက်က သေချာပေါက် တစ်စိတ်တစ်ပိုင်း ပါဝင်နေမှာပဲ..."

"ဒီလို ဆိုရင်တောင်မှ မင်းတို့ နှစ်ယောက်စလုံးက သူ့ကို အတူတူ လက်ထပ်ချင်ကြသေးလား..."

ချီနင်ပင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

"အဖေ ဒီကိစ္စကို သမီး ကိုယ်တိုင် ကျန်းချဲ့ကို ပြောပြခဲ့တာပါ သမီးတို့ အချင်းချင်း တွေဝေပြီး အမှားလုပ်မိသွားပြီးတဲ့နောက် သူက သမီးကို တာဝန်ယူပါ့မယ်လို့ ပြောခဲ့တယ် အဲ့ဒီအချိန်တုန်းက သမီး တွေးမိတာက အပျိုစင်ဘဝလည်း ဆုံးရှုံးသွားပြီ ဆိုမှတော့ အဆုံးထိ ကူညီပေးလိုက်တာပဲ ကောင်းပါတယ်လို့ တွေးမိခဲ့တာပါ အဲ့ဒီအချိန်တုန်းက သမီး သူ့နောက်ကို လိုက်မယ်လို့ လုံးဝ မတွေးထားခဲ့ပါဘူး..."

"ဒီကိစ္စကို သူ အစောကြီးကတည်းက သမီးတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီးပါပြီ သမီးတို့ အားလုံးက ကိုယ့်သဘောဆန္ဒ အလျောက် လုပ်ခဲ့ကြတာပါ..."

ချီဝမ်ကျင်း လည်း ဝင်ရောက် ထောက်ခံလိုက်လေသည်။

"မင်းတို့ မင်းတို့တွေ..."

ချီကျန်းနန်သည် ကျန်းချဲ့၏ ဖြားယောင်းမှုကို ခံထားရသော သမီးနှစ်ယောက်ကို လက်ညှိုးထိုးကာ စကားပင် မပြောနိုင်တော့ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ကောင်းပြီ မင်းတို့ကိုယ်တိုင် ရွေးချယ်ပြီးပြီ ဆိုမှတော့ နောက်ပိုင်းကျရင် လုံးဝ နောင်တမရကြနဲ့ နောင်တရရင်တောင်မှ အဖေက မင်းတို့အတွက် ဝင်ပြီး ဖြေရှင်းပေးတော့မှာ မဟုတ်ဘူး မင်္ဂလာကိစ္စနဲ့ ပတ်သက်လို့ကတော့ မင်းတို့ နှစ်ယောက်စလုံး ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ မင်္ဂလာဆောင်တဲ့နေ့ကျရင် အဲ့ဒီကောင်လေး ဆီကို အတူတူ လိုက်သွားကြတော့..."

"အဖေ အဖေက တကယ်ပဲ တကယ်ပဲ သမီးကိုပါ ခဲအိုဆီ ပေးစားမလို့လား..."

ချီနင်ပင်း ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဤမြင်ကွင်းကို လုံးဝ မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေလေသည်။ မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

ကျန်းချဲ့ တကယ်ပဲ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဖခင်ဖြစ်သူ အမှန်တကယ်ပင် အလျော့ပေးသွားခဲ့လေပြီ။ သူမကိုပါ အတူတကွ လက်ထပ်ခွင့် ပေးလိုက်လေပြီ။

"ခဲအို..."

ဤစကားလုံးကို ကြားလိုက်ရသည်နှင့် ချီကျန်းနန် ၏ ရင်ဘတ်ထဲတွင် နောက်တစ်ကြိမ် ထပ်မံ ကျပ်ပိတ်သွားရလေသည်။

ဒီအချိန် ရောက်မှ ခဲအိုမှန်း သိတော့တယ်ပေါ့ လျှို့ဝှက်ပြီး ဖောက်ပြန်နေကြတုန်းကကျတော့ ဘာလို့ သတိမရကြတာလဲ။

"ခင်ပွန်းလောင်း ခင်ပွန်းလောင်းပါ..."

ချီနင်ပင်း အလျင်အမြန် စကား ပြင်ပြောလိုက်လေသည်။

ဤသည်မှာ သူမနှင့် ကျန်းချဲ့တို့ အကြားရှိ အချစ်ရေး နောက်ပြောင်မှု လေးတစ်ခု သာဖြစ်သော်လည်း အပြင်လူများ ကြားလျှင်တော့ အလွန် မသင့်တော်ကြောင်း ထင်ရှားလှပေသည်။

"အဖေ တကယ်ပြောနေတာလား..."

ချီဝမ်ကျင်း လည်း မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဖခင်ဖြစ်သူကို ဝမ်းသာပျော်ရွှင်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

အရူးမလေး နှစ်ယောက်၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရင်း ချီကျန်းနန် သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။

"မင်းတို့ ကိုယ်တိုင်က ရွေးချယ်ပြီးပြီ ဆိုမှတော့ အဖေက ဘာတတ်နိုင်တော့မှာလဲ တကယ်ပဲ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို တစ်သက်လုံး အထီးကျန် ဘဝနဲ့ အဆုံးသတ်သွားအောင် လုပ်ရမှာလား..."

"အဖေ တောင်းပန်ပါတယ် သမီးတို့က အဖေ့ကို စိတ်ပျက်အောင် လုပ်မိသွားပြီ..."

"အဖေ..."

ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ နှစ်ယောက်စလုံး အနည်းငယ် စိတ်လှုပ်ရှား ထိခိုက်သွားကြလေသည်။

ချီကျန်းနန် ခေါင်းရမ်းလိုက်လေသည်။

"အမှန်တကယ်တော့ အရင်တုန်းက ကျန်းချဲ့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တုန်းက အဖေ တကယ် ဒေါသထွက်ခဲ့ရတာက သူ မင်းတို့ နှစ်ယောက်စလုံးကို လက်ထပ်ချင်လို့ ဆိုတာထက် သူ့ရဲ့ မူလ အဓိက ရည်ရွယ်ချက်က မင်းတို့ ကိုယ်ပေါ်က ဝိညာဉ်စွမ်းအင်တွေကို လိုချင်လို့ ဆိုတာကို အဖေ ရိပ်မိသွားလို့ပဲ..."

"အဖေက မင်းတို့ နောက်ပိုင်းမှာ မပျော်မရွှင် ဖြစ်ရမှာကို လုံးဝ မမြင်ချင်ဘူး မင်းတို့ရဲ့ အမေကိုလည်း အဖေ ကတိပေးထားခဲ့တယ် မင်းတို့ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ဒါပေမဲ့ တစ်ခါတလေကျရင် မိသားစုခေါင်းဆောင် တစ်ယောက် အနေနဲ့ အဖေက မိသားစုရဲ့ အကျိုးစီးပွားကိုလည်း ထည့်ပြီး စဉ်းစားရတယ်..."

"အဖေ..."

"အဖေ..."

သူမတို့ နှစ်ယောက်စလုံး ယခုအချိန်တွင် မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာလေသည်။

"ဝမ်ကျင်း သမီးက အစ်မဆိုတော့ နောက်ပိုင်းကျရင် နင်ပင်းကို အများကြီး နားလည် ခွင့်လွှတ်ပေးရမယ် နင်ပင်း သမီးလည်း နောက်ပိုင်းကျရင် အစ်မ စကားကို သေချာ နားထောင်ရမယ် ကလေးဆန်တဲ့ အကျင့်တွေကို ထပ်ပြီး မလုပ်နဲ့တော့ နားလည်လား..."

"မင်းတို့ ကိုယ်တိုင်က ဒီဆုံးဖြတ်ချက်ကို ချလိုက်ပြီ ဆိုမှတော့ အဖေလည်း အလျော့ပေးရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ဒါပေမဲ့ နောက်ပိုင်း အဖေ မင်းတို့အတွက် အကာအကွယ် မပေးနိုင်တော့တဲ့ အချိန်ရောက်လာခဲ့ရင် မင်းတို့ရဲ့ ဒီကနေ့ ဆုံးဖြတ်ချက် အတွက် လုံးဝ နောင်တမရကြဖို့ မျှော်လင့်ပါတယ် ကျန်းချဲ့ ဆိုတဲ့ ကောင်လေးက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ သိုင်းပါရမီရှင် တစ်ယောက် ဖြစ်လာမှာ သေချာပေမဲ့ မင်းတို့ တစ်သက်လုံး အားကိုး ယုံကြည်ရလောက်တဲ့ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ချင်မှ ဖြစ်မှာနော်..."

ချီကျန်းနန် ရှေ့သို့ တိုးသွားပြီး သမီးနှစ်ယောက်၏ မျက်နှာပေါ်ရှိ မျက်ရည်များကို လက်ဖြင့် သုတ်ပေးလိုက်လေသည်။

"အဖေ စိတ်ချပါ သမီး လူရွေး မမှားပါဘူး ကျန်းချဲ့က သမီးနဲ့ အစ်မကို ဒီကနေ့ ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တရအောင် လုပ်မှာ မဟုတ်ဘူး..."

ချီနင်ပင်း ခေါင်းမော့လိုက်ပြီး မျက်ဝန်းများထဲတွင် ခေါင်းမာမှုများနှင့် ကျန်းချဲ့အပေါ် အပြည့်အဝ ယုံကြည်မှုများ ပြည့်နှက်နေလေသည်။

ချီကျန်းနန် အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"အဲ့ဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်ကွာ…”

All Chapters