အခန်း ၃၆၈
Vol. 37 Ch. 368
အခန်း (၃၆၈) မုဆိုးမပိုင် - ဟိုဘက်လှည့်နေစမ်း.. ချောင်းမကြည့်နဲ့
နေသာသော နေ့တစ်နေ့ဖြစ်ပြီး နွေဦးရာသီမှာ အပြည့်အဝ ပွင့်လန်းနေကာ နူးညံ့သော နွေဦးလေညင်းက မျက်နှာပေါ်တွင် နွေးထွေးစွာ ဖြတ်သန်းတိုက်ခတ်သွားလေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် အနီ၊ အဝါနှင့် ပန်းရောင်စသည့် တောရိုင်းပန်းများ ပွင့်လန်းနေပြီး အရောင်အသွေး စုံလင်ကာ မွှေးကြိုင်သော ရနံ့များကို သင်းပျံ့နေစေ၏။
လီလန်သည် စက်ဘီးကို နင်းကာ မုဆိုးမပိုင်ကျဲ့ကို တင်ဆောင်ရင်း မြေသားလမ်းအတိုင်း ပိုင်ရှန်းမြို့နယ်ဆီသို့ ဦးတည်သွားနေသည်။
ရွာအဝင်ဝတွင် လူပိုများသော်လည်း ရွာအဝင်မှထွက်၍ လမ်းတစ်ဝက်ခန့် ရောက်သောအခါ လူအသွားအလာ နည်းပါးသွားလေသည်။
ရွာသားများမှာ စက်ဘီးဝယ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် မြို့နယ်သို့သွားရန် လမ်းလျှောက်ခြင်းကိုသာ အားထားရသဖြင့် ထာဝရတံဆိပ် စက်ဘီးကို စီးနင်းလာသော လီလန်ကို မီနိုင်စရာ အကြောင်းမရှိပေ။
"လီလန် နည်းနည်းလောက် ဖြည်းဖြည်းနင်းပါ... အဲ့ဒီလောက် အလောတကြီး လုပ်နေစရာ မလိုပါဘူး..."
"ကြည့်စမ်း နင့်မှာ ချွေးတွေ ရွှဲနေပြီပဲ... ခဏလောက် နားလိုက်ပါဦး..."
စက်ဘီးနောက်ခုံတွင် ထိုင်နေသော ပိုင်ကျဲ့သည် လီလန်၏ ကျောပြင်တွင် ချွေးများဖြင့် စိုရွှဲနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ အင်္ကျီစကို အလျင်အမြန်ပင် ဖွဖွလေး ဆွဲလိုက်လေသည်။
"ကောင်းပြီလေ ဒါဆိုရင်လည်း ခဏနားကြတာပေါ့..."
လီလန်သည် ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းကျယ်ကျယ် လှမ်းကာ စက်ဘီးထိုင်ခုံပေါ်မှ ဆင်းလိုက်၏။
သူသည် စက်ဘီးနင်းခြင်းကို ရပ်တန့်လိုက်ပြီး လက်ကိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စက်ဘီးကို တွန်းသွားလေသည်။
ပိုင်ကျဲ့သည်လည်း နောက်ခုံမှ ခုန်ဆင်းလိုက်ပြီး လီလန်၏ နဖူးတွင် ချွေးများ ဖုံးလွှမ်းနေသည်ကို မြင်သောအခါ သူမ၏ လွယ်အိတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို အလျင်အမြန် ဆွဲထုတ်လိုက်လေသည်။
"နင့်ချွေးတွေကို ကြည့်ပါဦး... အစ်မ သုတ်ပေးမယ်..."
ပိုင်ကျဲ့သည် လီလန်၏ အရှေ့သို့ လာရပ်ကာ လက်ကိုဆန့်ထုတ်၍ လက်ကိုင်ပဝါဖြင့် လီလန်၏ ချွေးများကို သုတ်ပေးလိုက်၏။
လီလန်မှာ ချွေးများ အလွန်ထွက်နေပြီး တစ်ကိုယ်လုံး ပူအိုက်နေလေသည်။ သူသည် မလှုပ်မယှက် ရပ်နေရင်း ပိုင်ကျဲ့ကို သူ၏ ချွေးများ သုတ်ပေးစေလိုက်သည်။
လီလန်သည် ပိုင်ကျဲ့ထက် အရပ်ပိုရှည်ပြီး သူတို့နှစ်ဦးမှာ အလွန် နီးကပ်နေကြသည်။ ပိုင်ကျဲ့က သူ၏ချွေးများကို သုတ်ပေးနေစဉ် လီလန်က အပေါ်စီးမှ ငုံ့ကြည့်လိုက်ရာ ပိုင်ကျဲ့၏ ရင်ဘတ်ကို အပြည့်အဝ မြင်လိုက်ရတော့သည်။
ပိုင်ကျဲ့သည် အတွင်းခံအင်္ကျီ အသေးလေးတစ်ထည်ကို ဝတ်ဆင်ထားပြီး ၎င်းမှာ ဟောင်းနွမ်းကာ သေးငယ်နေသဖြင့် သူမကို လုံလောက်စွာ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
လီလန်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"အစ်မ ကျွန်တော့်ဆီမှာ အထည်လက်မှတ်တွေ ရှိသေးတယ်... နောက်မှ မြို့ထဲရောက်ရင် အဲ့ဒါတွေနဲ့ အတွင်းခံ နှစ်စုံလောက် ဝယ်လိုက်ပါ..."
"အစ်မရဲ့ အတွင်းခံက ကျုံ့သွားပြီ... ကျပ်ပြီး နေရခက်မနေဘူးလား..."
ပိုင်ကျဲ့သည် ထိုစကားကို ကြားသောအခါ သူ့ကို ကျီစယ်ကာ အပြစ်တင်လိုက်လေသည်။
"အစ်မ အင်္ကျီက ကျုံ့သွားတာ မဟုတ်ပါဘူး... အဲ့ဒါက..."
"ပြန်ကြီးလာလို့ပါ..."
ပိုင်ကျဲ့သည် သူမ၏ ရင်ဘတ်ပေါ်သို့ လက်များကို တင်ကာ စုစည်းသည့် ဟန်အမူအရာ လုပ်ပြလိုက်လေသည်။
သူမသည် မူလက နို့တိုက်ရမည့် အချိန်ကာလတွင် ရှိနေသော်လည်း ကလေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့သဖြင့် ရံဖန်ရံခါ ရင်သားတင်းမာမှုများ ဖြစ်ပေါ်လေ့ရှိသည်။
နို့ရည်များကို ညှစ်ထုတ်၍ မရသောကြောင့် သဘာဝအတိုင်း ပိုကြီးလာခြင်း ဖြစ်လေသည်။
"ဟာ ထပ်ကြီးလာပြန်ပြီလား..."
လီလန်သည် တွေဝေသွားသော မျက်နှာထားဖြင့် ပြောလိုက်၏။
သူမသည် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ မည်သို့လုပ်၍ ဒုတိယအကြိမ် ပြန်လည်ဖွံ့ဖြိုးလာနိုင်မည်နည်း။
"သေချာတာပေါ့... မိန်းမတစ်ယောက် ကိုယ်ဝန်ဆောင်ပြီးသွားရင် အဲ့ဒီနေရာက ပိုပြီး ဖွံ့ဖြိုးလာတတ်တယ် အနည်းဆုံးတော့ ဆိုဒ်တစ်ဆိုဒ်လောက် ပိုကြီးလာတတ်တယ်ဆိုတာ နင် မသိဘူးလား..."
ပိုင်ကျဲ့သည် လီလန်ကို မျက်စောင်းထိုးလိုက်သည်။
"ဆိုဒ်တစ်ဆိုဒ်လောက်တောင် ပိုကြီးလာနိုင်တာလား..."
လီလန်မှာ အနည်းငယ် အံ့အားသင့်သွားလေသည်။
သို့သော် ပြန်စဉ်းစားကြည့်သည့်အခါ ထိုအရာမှာ အဓိပ္ပာယ်ရှိနေလေသည်။ သူနှင့် ပိုင်ကျဲ့တို့ ပထမဆုံးအကြိမ် အတူနေပြီးကတည်းက ပိုင်ကျဲ့၏ ရင်သားမှာ သူ ပထမဆုံးမြင်ဖူးချိန်ကထက် ဆိုဒ်တစ်ဆိုဒ်ခန့် ပိုကြီးလာခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
"ကျွန်တော်က ကျွန်တော့်လက်ရာလို့ ထင်နေတာ ရင်သားတင်းတာကြောင့် ဖြစ်မယ်လို့ မထင်ထားဘူး..."
"နှာဘူးလေး နင် ဘာတွေ တွေးနေတာလဲ..."
ပိုင်ကျဲ့သည် ရှက်သွေးဖြာစွာဖြင့် ပြောရင်း လီလန်၏ ရင်ဘတ်ကို လက်ဆန့်ကာ ဖွဖွလေး ထုလိုက်လေသည်။
"ဒါပေမဲ့ နင်ပြောတာလည်း ဟုတ်ပါတယ်၊ ဒီအတွင်းခံက နည်းနည်းသေးနေတော့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူး အစ်မ ပခုံးတွေတောင် နာလာတယ်..."
"ဒီတစ်ကြိမ် မြို့ထဲကို လာရတဲ့ အကြောင်းရင်းက ဟောင်းနေတဲ့ အင်္ကျီတွေနေရာမှာ အစားထိုးဖို့ အတွင်းခံအင်္ကျီ အသစ်တချို့ သွားလဲမလို့လေ..."
ပိုင်ကျဲ့သည် သူမ၏ ပခုံးများကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လီလန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ နေမင်းကြီးက အမြင့်တွင်ရှိနေပြီး အပူရှိန်ကို ထုတ်လွှတ်နေလေသည်။ ထို့နောက် သူသည် မြေသားလမ်းဘေး ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်ရာ မည်သူမှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ပိုင်ကျဲ့အား ပြောလိုက်၏။
"အစ်မ အဲ့တာက ကျပ်နေလို့ နေရခက်နေမှတော့ ဘာလို့ မချွတ်လိုက်တာလဲ..."
"ချွတ်လိုက်ရမလား..."
ပိုင်ကျဲ့မှာ ထိုမေးခွန်းကြောင့် လန့်သွားလေသည်။
"ဒီနေရာမှာ ချွတ်ရမလား... ဒီလမ်းက မြို့နယ်ကို သွားတဲ့ လမ်းလေ..."
ပိုင်ကျဲ့မှာ အနည်းငယ် ရှက်ရွံ့သွားသဖြင့် ခေါင်းကို ရှက်ကိုးရှက်ကန်း ငုံ့ထားလိုက်သည်။
"မြို့နယ်ကို သွားတဲ့ လမ်းဖြစ်တော့ရော ဘာဖြစ်လဲ... ဒီနေရာမှာ ဘယ်သူမှမှ မရှိတာ..."
"ကြည့်ကြည့်လေ ကျွန်တော်တို့ ဒီလမ်းပေါ်မှာ ရောက်နေတာ အတော်ကြာပြီ တစ်ယောက်ယောက်များ ဖြတ်သွားတာ တွေ့လို့လား..."
"မရှိပါဘူး..."
ပိုင်ကျဲ့က ခေါင်းခါလိုက်၏။
"ငါတို့ရွာက လူတိုင်းက နင့်လို စက်ဘီးဝယ်နိုင်လောက်အောင် ချမ်းသာတယ်လို့ နင် ထင်နေတာလား..."
"ဒါ့အပြင် သူတို့ ဝယ်နိုင်ရင်တောင်မှ စက်ဘီးဝယ်ယူခွင့်လက်မှတ်တွေက ရဖို့ မလွယ်ဘူးလေ..."
စက်ဘီးဝယ်ယူခွင့်လက်မှတ်များမှာ ရရှိရန် အလွန်ခက်ခဲလေသည်။ မြို့ပေါ်ရှိ နိုင်ငံပိုင် စက်ရုံများတွင် အလုပ်လုပ်နေသော အရာရှိများပင်လျှင် မဖြစ်မနေ ရနိုင်မည် မဟုတ်ပေ။
ကျေးလက်ဒေသမှ ရွာသားများအတွက် စက်ဘီးဝယ်ယူခွင့်လက်မှတ် ရရှိရန်ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာဖြစ်၏။
လီလန်မှာ ကံကောင်းသောကြောင့်သာ အဖွဲ့ခေါင်းဆောင်ကျန်းတာပေါင်က ကျန်းဝေ့ကော်၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်သောအားဖြင့် သူ့ကို စက်ဘီးဝယ်ယူခွင့်လက်မှတ်တစ်စောင် ပေးခဲ့ခြင်းဖြစ်သည်။
ဤစက်ဘီးဝယ်ယူခွင့်လက်မှတ်မှာ အဖွဲ့ခေါင်းဆောင်ကျန်း၏ ရဲဘော်ရဲဘက်ဖြစ်သော ပြည်နယ်မြို့တော်နှင့် ပေကျင်းမှ အဆင့်မြင့်အရာရှိတစ်ဦးက အဖွဲ့ခေါင်းဆောင်ကျန်းကို လက်ဆောင်ပေးထားခြင်း ဖြစ်လေသည်။
အဖွဲ့ခေါင်းဆောင်ကျန်း၏ ကျေးဇူးကြောင့် လီလန်သည်လည်း အကျိုးခံစားခွင့် ရရှိခဲ့ပြီး စက်ဘီးဝယ်ယူခွင့်လက်မှတ် တစ်စောင် ရရှိကာ နောက်ဆုံးပေါ် ထာဝရတံဆိပ် စက်ဘီးကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"အစ်မ တကယ်ကြီး ချွတ်ရမှာလား..."
ပိုင်ကျဲ့သည် လမ်း၏ နှစ်ဖက်စလုံးသို့ ကြည့်လိုက်ရာ ခရီးသွားတစ်ယောက်မျှ မရှိဘဲ သစ်ပင်များနှင့် မြက်ပင်များသာ ရှိနေလေသည်။
သူမသည် တုံ့ဆိုင်းနေသော်လည်း စိတ်ကူးယဉ်မိသွားလေသည်။ ဤအတွင်းခံအင်္ကျီမှာ တကယ်ပင် ဆိုဒ်တစ်ခု သေးငယ်နေပြီး သူမ၏ ရင်ဘတ်ကို မသက်မသာဖြစ်အောင် ဖိညှစ်ထားလေသည်။ ထို့အပြင် နေသာသော နေ့တစ်နေ့ ဖြစ်သဖြင့် လူများကို ခြောက်သွေ့ အိုက်စပ်ကာ ပူလောင်လာစေသည်။
"အပေါ်ထပ် ရှိနေသေးတာပဲ မဟုတ်ဘူးလား... ဘာကို ကြောက်နေတာလဲ..."
လီလန်သည် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ပိုင်ကျဲ့သည် လမ်း၏ နှစ်ဖက်စလုံးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်ကာ သွားကြိတ်၍ ပြောလိုက်သည်။
"ဒါဆိုရင်လည်း ချွတ်လိုက်တော့မယ်..."
"နင် ဟိုဘက်လှည့်နေ... မချောင်းကြည့်နဲ့နော်..."
ပိုင်ကျဲ့က ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
"ကျွန်တော် အကြိမ်ပေါင်းများစွာ မြင်ဖူးနေတာပဲ... ဒီတစ်ကြိမ်လေးကို ကြောက်နေရဦးမှာလား..."
လီလန်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေလေသည်။
"ဟွန့် အဲ့ဒါလည်း မရပါဘူး... အစ်မက နင့်ကို ပေးမကြည့်နိုင်ပါဘူး... မိန်းကလေးတစ်ယောက် အင်္ကျီချွတ်နေတာကို ယောကျာ်းလေးက ချောင်းကြည့်ရင် မျက်စိစွံတတ်တယ်..."
ပိုင်ကျဲ့သည် လှည့်လိုက်ပြီး လီလန်ကို ကျောခိုင်းကာ သူမအပေါ်တွင် သက်တောင့်သက်သာမရှိအောင် ကျပ်နေသော အင်္ကျီလေးကို စတင်၍ ချွတ်လိုက်တော့သည်။
သိပ်မကြာမီမှာပင် အဖြူရောင် အတွင်းခံတစ်ထည်သည် သူမ၏ ဂါဝန်လည်ပင်းပေါက်မှ ထွက်ပေါ်လာပြီး လွယ်အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်လေသည်။
"ဟူး..."
"ချွတ်လိုက်ရတာ အရမ်းနေလို့ ကောင်းသွားတာပဲ..."
ပိုင်ကျဲ့၏ မျက်ခုံးများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ချထားလိုက်ရသကဲ့သို့ ပြေလျော့သွားပြီး သူမ တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသည် သူမ၏ ရင်ဘတ်ကို မညှစ်ထားတော့ရုံသာမက အနည်းငယ် အေးမြသွားသလို ခံစားလိုက်ရ၏။
"ငါ့ကို မေးမယ်ဆိုရင်တော့ အမျိုးသမီးရဲဘော်တွေက သူတို့သဘောကျ ဝတ်ဆင်ခွင့် ရှိသင့်တယ်... ပညာတတ်လူငယ်ရုံးက ပညာတတ်လူငယ်မလေးတွေက အမျိုးသမီးရဲဘော်တွေရဲ့ သဘာဝကို လွတ်လပ်ခွင့်ပေးသင့်တယ်လို့ အမြဲပြောနေကြတာ မဟုတ်ဘူးလား..."
"အမျိုးသမီးတွေက ဒီအတွင်းခံအင်္ကျီသေးသေးလေးတွေကို မဝတ်သင့်ပါဘူး..."
"အစ်မကို ဘယ်သူက ပြောတာလဲ..."
"ဟိုကျိုး ဘာနာမည်လဲ... ကျိုး..."
"ကျိုးချွန်းယန်လား..."
"ဟုတ်တယ်… ဟုတ်တယ်… ဟုတ်တယ် သူက ငါ့ကို ပြောတာ..."
လီလန်သည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ပိုင်ကျဲ့၏ ခေါင်းကို လက်ဆစ်ဖြင့် ခပ်ဖွဖွ ခေါက်လိုက်လေသည်။
"သူ့ဆီကနေ သွားမသင်နဲ့... သူက လူကောင်းမဟုတ်ဘူး... သူ့ဆီကနေ သင်ယူတာက လမ်းလွဲဖို့ လွယ်တယ်..."
လီလန်က သူမကို သတိပေးလိုက်၏။
ကျိုးချွန်းယန်ဆိုသည်မှာ ယခင်က သူမကိုယ်သူမ ပေးအပ်ကာ အလှအပကို အသုံးပြု၍ လီလန်ကို သွေးဆောင်ခဲ့သော ပညာတတ်လူငယ်မလေး ဖြစ်လေသည်။
ဤပညာတတ်လူငယ်မလေးမှာ ကောက်ကျစ်ပြီး လှည့်စားတတ်သူဖြစ်သည်။ ထိုအချိန်က လီလန်သည် သူမကို တိုက်ရိုက်ငြင်းပယ်ခဲ့ပြီး တံခါးအပြင်သို့ မောင်းထုတ်ခဲ့လေသည်။
ထိုကဲ့သို့သော အမျိုးသမီးမျိုးသည် သူ့အတွက် ပွင့်လင်းနိုင်ပါက အခြားအမျိုးသားများအတွက်လည်း ပွင့်လင်းနိုင်လေသည်။ ရိုသေလေးစားစွာဖြင့် အကွာအဝေးတစ်ခုထားကာ သူမနှင့် ပတ်သက်မှု မရှိခြင်းက အကောင်းဆုံး ဖြစ်၏။
"ဪ အဲ့လိုလား..."
"ဒါပေမဲ့ ရဲဘော်ချွန်းယန်က အရမ်းကောင်းတဲ့သူလို့ အစ်မ ထင်ပါတယ်..."
"အစ်မက သူ့စကားကို နားထောင်မှာလား ကျွန်တော့်စကားကို နားထောင်မှာလား..."
လီလန်သည် ပိုင်ကျဲ့ကို နောက်တစ်ကြိမ် ထပ်ခေါက်လိုက်လေသည်။
"နင့်စကားကို နားထောင်ပါ့မယ် နင့်စကားကို နားထောင်ပါ့မယ်... ဆက်မခေါက်ပါနဲ့တော့ နာတယ်..."
ပိုင်ကျဲ့သည် သူမ၏ ခေါင်းကို အလျင်အမြန် ကာကွယ်လိုက်သည်။
သူမ လက်များကို မြှောက်လိုက်သောအခါ ၎င်းက လီလန်ကို တကယ်ပင် မြင်ခွင့်ရသွားစေတော့သည်။
"တကယ်ကြီး ဆိုဒ်တစ်ဆိုဒ် ပိုကြီးလာတာပဲ..."
ကံကောင်းထောက်မစွာဖြင့် ထိုဂါဝန်မှာ ချည်သားဖြင့် ပြုလုပ်ထားသဖြင့် အလင်းမပေါက်ပေ။ ပိုင်ကျဲ့က သူမ၏ လက်များကို မမြှောက်ဘဲ သို့မဟုတ် အောက်သို့ မငုံ့သရွေ့ သူမ၏ ဆွဲဆောင်မှုများမှာ ထွက်ပေါ်လာမည် မဟုတ်ပေ။
"လက်တွေကို မမြှောက်နဲ့ ပြီးတော့ ငုံ့ပြီး ရင်ဘတ်ကို မဖော်ပြနဲ့... ကျွန်တော် မြင်နေရတယ်..."
လီလန်က သူမကို သတိပေးလိုက်၏။
"ဟင်... တကယ်ကြီး မြင်ရတာလား..."
ပိုင်ကျဲ့မှာ အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးများ ဖြာတက်လာလေသည်။
"ကျွန်တော် မြင်လည်း ကိစ္စမရှိပါဘူး..."
လီလန်က မျက်စောင်းထိုးလိုက်သည်။
သူသည် ပိုင်ကျဲ့၏ နားနားသို့ တိတ်တဆိတ် ကပ်သွားလိုက်သည်။
"အစ်မ ဒီနေ့ ဝတ်လာတဲ့ ဂါဝန်က အဆင်ပြေတယ်... အစ်မက ဂါဝန်ကို အပေါ်ဆွဲတင်လိုက်ရုံပဲ..."
"ကျွန်တော်တို့ တစ်ခုခု လုပ်ကြမလား..."
"ဒီနေရာမှာပဲ လုပ်မလို့လား..."
"တစ်ယောက်ယောက် မြင်သွားမှာကို ကြောက်ရင် ကျွန်တော်တို့ ချုံပုတ်ထဲကိုလည်း သွားလို့ရတယ်..."
"ဟင့်အင်း ဒီနေရာမှာပဲ လုပ်မယ်..."
ပိုင်ကျဲ့သည် သူမ၏ ဂါဝန်စကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ၏ လေသံမှာ ပြတ်သားကာ ခိုင်မာနေလေတော့သည်။