အခန်း (၂၆၅၇-၂၆၅၈)
Vol. 266 Ch. 2657-2658
အခန်း (၂၆၅၇) - ဒီမိန်းမဟာ သေသင့်တဲ့လမ်းကို ရွေးချယ်ပြီးသားပဲ
လီဝူက ကံကြမ္မာ ပိတ်ကာကြီးထဲက မြင်ကွင်းကို ကြည့်ရင်း ဒေါသထွက်လွန်းလို့ မျက်နှာတစ်ခုလုံး နီရဲလာကာ ခေါင်းကို လှည့်ပြီး ဖန့်ချန်ကို ပြောလိုက်သည်။
“အရှင်သခင်၊ ဒီမိန်းမဟာ သေသင့်တဲ့လမ်းကို ရွေးချယ်ပြီးသားပဲ ”
သူသည် မူလက ဖန့်ချန်သည် ထိုမိန်းမ၏ အသက်စွမ်းအင်ကို တိုက်ခိုက်ရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်ခံနေခြင်းမှာ လုံးဝ မတန်ဟု တွေးထင်ခဲ့သည်။ ယင်းအစား ကျင့်စဉ်ကို ချက်ချင်း စတင်ကျင့်ကြံကာ အတွင်းကမ္ဘာနယ်မြေကို ပေါင်းစပ်ခြင်းကသာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟု ယူဆခဲ့သည်။ ယခုမူ သူမသည် ကျင့်စဉ်တွင် အောင်မြင်မှု အနည်းငယ် ရရှိလာသည့်အချိန်၌ပင် ဖန့်ချန်အား သတ်ဖြတ်ရန် မေ့မေ့ပျောက်ပျောက် မရှိဘဲ စိတ်ကူးယဉ်နေသည်ကို မြင်လိုက်ရသည့်အခါ လီဝူသည် ဖန့်ချန်၏ လုပ်ရပ်ကို မည်သည့် အခြေအနေမျိုးတွင်မှ မဆိုင်းမတွဘဲ ထောက်ခံလိုက်တော့သည်။
“အရှင်သခင်၊ ခုနက ပိတ်ကာကြီးထဲမှာ နောက်ထပ် လူနှစ်ယောက်လည်း ရှိနေသေးတယ်၊ သူတို့ကိုပါ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်ပါလား။”
လီဝူက ဆက်ပြောသည်။
ဖန့်ချန်က ရယ်မောလိုက်ပြီး -
“သူတို့ နှစ်ယောက်ကလည်း တကယ်ပဲ သေသင့်တဲ့လမ်းကို ရွေးချယ်ထားကြတာပါ။ ဒါပေမဲ့ အဲဒီလောက်လည်း အရေးတကြီး မဟုတ်ပါဘူး။ ငါ အချိန်ကုန်ခံဖို့ မညည်းညူပေမဲ့ သူတို့ သုံးယောက်လုံးကို တစ်ပြိုင်တည်း ကိုင်တွယ်မယ်ဆိုရင်တော့ အချိန်အများကြီး ကုန်သွားလိမ့်မယ်။ ပြီးတော့ ရှန်ထင်ဖန်း ပြောတဲ့ စကားတွေကိုတော့ ရယ်စရာ တစ်ခုအနေနဲ့ပဲ သဘောထားလိုက်ပါ။ သူမ ကောင်းကင်အရှင် ဖြစ်လာရင်တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။”
အဖြူရောင် ဝတ်စုံနဲ့ ပုဂ္ဂိုလ်ကြီး၏ ပုံရိပ်မှာ ဖန့်ချန်၏ မျက်လုံးရှေ့တွင် ပေါ်လာသည်။ သူသည် မိမိ၏ နောက်ခံ အထပ်ထပ် ရှိနေခြင်းအကြောင်းကို မပြောနှင့်တော့၊ နိဗ္ဗာန် တားမြစ်နယ်မြေမှ ကျောက်တုံးငယ်လေးကို ယူဆောင်လာနိုင်သည့် စွမ်းရည်တစ်ခုတည်းနှင့်ပင် လုံခြုံသော အခြေအနေကို ထိန်းသိမ်းထားရန် လုံလောက်နေပြီဟု စိတ်ထဲတွင် ခံစားလိုက်ရသည်။
ဖန့်ချန်၏ ယုံကြည်မှု အပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ လီဝူသည် ခေါင်းညိတ်လိုက်ပြီး စကားမပြောတော့ဘဲ ပိတ်ကာထဲရှိ မြှားကိုသာ စိုက်ကြည့်ရင်း ၎င်းသည် ပန်းတိုင်သို့ စောစောရောက်ပါစေဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။
“မှန်လေး မင်းကို မေးစရာ ရှိတယ်။”
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်။
“ညီကို၊ မင်း ဘာမေးချင်လဲဆိုတာ ငါသိပါတယ်။ ကောင်းကင်အရှင်တွေဟာ တကယ်ပဲ အန္တရာယ် ကြုံတွေ့ရမှာပါ၊ ပြီးတော့ အရည်အချင်း ပိုမြင့်လေလေ၊ အန္တရာယ် ကြုံရမည့် အချိန်က ပိုစောလေလေ ဖြစ်ပါတယ်။”
“ထိုက်ဟောင်ဟွမ်းယောင်က မင်းအပေါ် ပေးထားတဲ့ အကဲဖြတ်ချက်က မှန်ပါတယ်။ မင်းသာ ကောင်းကင်အရှင် ဖြစ်လာရင် နောက်တစ်ရက်တောင် စောင့်စရာ မလိုဘူး၊ အဲဒီနေ့မှာတင် မင်း အန္တရာယ် ဖြစ်မှာပဲ။”
မှန်လေး၏ အသံမှာ ပျင်းရိစွာ ထွက်ပေါ်လာသည်။ ဖန့်ချန်သည် သူတို့ဘက်က ဤမျှ ရိုးရှင်းစွာ ပြောလာလိမ့်မည်ဟု မထင်မှတ်ထားသလို၊ ဒီတစ်ခါလည်း သူ့ကို အတွင်းကမ္ဘာ ကျောက်တုံးအစစ်တွေ ပေးရန် မတောင်းဆိုသည်ကို အံ့သြသွားသည်။ ၎င်းသည် သူ အကြောင်းအရာ အများစုကို သိရှိသွားခြင်းနှင့် သက်ဆိုင်ဟန် ရှိသည်။
“ကောင်းကင်အရှင်တွေ ကြုံတွေ့ရတဲ့ အန္တရာယ်က ဘာကြောင့်လဲ။”
“အလွှာပေါင်း ၃၆ ထပ် ဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးထဲက မကောင်းဆိုးဝါးတွေကြောင့်လား။”
“ဒါမှမဟုတ် တခြား အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရန်သူတွေကြောင့်လား။”
ဖန့်ချန်က ထပ်မံ မေးမြန်းသည်။
“ဒါက ဆက်စပ်နေတဲ့ ကံကြမ္မာအကျိုးဆက် အကြီးကြီးပဲ၊ အတွင်းကမ္ဘာ ကျောက်တုံးအစစ်တွေ မလုံလောက်ရင် ငါ မဖြေနိုင်ဘူး။”
မှန်လေးက ပြောသည်။
“ဒါပေမဲ့ ညီကိုရေ၊ ဒီကိစ္စကို အရမ်း စိတ်ပူမနေပါနဲ့။ ဒီတစ်ခါ မင်းတို့ ရလာတဲ့ ကျင့်စဉ်တွေက အန္တရာယ်ကို ရှောင်ရှားဖို့ အသုံးဝင်ပါတယ်။”
“ရှောင်ရှားတာလား၊ ပျောက်ကွယ်သွားတာ မဟုတ်ဘူးလား။”
“မင်း ဆိုလိုတာက ငါတို့ ဒီကျင့်စဉ်တွေကို ကျင့်ကြံရင်တောင် အဲဒီ အန္တရာယ်က ရှိနေဦးမှာပဲပေါ့။”
“သဘာဝပဲပေါ့၊ ဒါပေမဲ့ ခဏတာတော့ မင်းတို့ဆီကို ရောက်လာမှာ မဟုတ်ဘူး။”
မှန်လေးက ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း အရမ်း မေးမနေပါနဲ့တော့၊ ဒီတစ်ခါ မင်းရလာတဲ့ ဒေသကြီး ကျင့်စဉ် ကိုပဲ ကောင်းကောင်း ကျင့်ကြံပါ။ ငါ မင်းကို အားပေးတယ် ညီကို။”
“……”
ဖန့်ချန်၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားသည်။
သူ အနည်းငယ် စဉ်းစားပြီးနောက်
“မှန်လေး ငါ ဘာကျင့်စဉ် ရတယ်လို့ မင်း ထင်နေတာလဲ။”
“ဒေသကြီး ကျင့်စဉ်လေ၊ မင်းက ရွှမ်နယဲ့ အဆင့်မြင့် ဘွဲ့တံဆိပ် မဟုတ်ဘူးလား အဲဒီ တားမြစ်နယ်မြေရဲ့ စည်းမျဉ်းအရ မင်းက ဒေသကြီး ကျင့်စဉ်ကိုပဲ ရမှာပေါ့။”
မှန်လေးက သဘာဝကျသလို ပြောသည်။
“မင်း မသိတဲ့ အကြောင်းအရာ တစ်ခုတော့ ရှိသေးသားပဲ။”
ဖန့်ချန်က အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ ”
မှန်လေး၏ အသံမှာ ရုတ်တရက် ချွန်ထက်စူးရှသွားသည်။
“ညီကို၊ မင်း ဘာပြောလိုက်တာလဲ မင်း ဒေသကြီးကျင့်စဉ်ကို မရခဲ့တာလား ”
“ငါ ရခဲ့တာက သံသရာမသေမျိုး ကျင့်စဉ် ပါ။ နိဗ္ဗာန် တားမြစ်နယ်မြေက ရတာ မဟုတ်ဘူး၊ ငါ့ဆီမှာ မူလကတည်းက ရှိနေခဲ့တာနဲ့ တူတယ်။”
ဖန့်ချန်သည် ထိုကိစ္စကို မဖုံးကွယ်ခဲ့ပေ။
“ဒါက ဒေသအချုပ် ကျင့်စဉ် ပဲ။”
“……”
“ဟားဟား၊ ငါ ခုနက မင်းကို စနောက်လိုက်တာပါ။ မင်း ရတာက သံသရာမသေမျိုး ကျင့်စဉ်မှန်း ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ။”
မှန်လေးက ပြောသည်။
“ဒါက တကယ်ပဲ ဒေသအချုပ် ကျင့်စဉ်ပါ။ မင်း ကောင်းကောင်း ကျင့်ကြံပါ၊ ငါ မင်းကို အားပေးတယ်။ ငါ နည်းနည်း ပင်ပန်းနေလို့ အိပ်တော့မယ်။”
ထို့နောက်တွင် သူသည် စကားမပြောတော့ဘဲ ဖန့်ချန် မည်မျှပင် ခေါ်သော်လည်း ပြန်လည် တုံ့ပြန်ခြင်း မရှိတော့ပေ။
“သူ တကယ်ပဲ ဒီကိစ္စကို မသိတာ ဖြစ်မယ်။”
ဖန့်ချန်၏ မျက်လုံးထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ အကယ်၍ ဤကျင့်စဉ်သည် အစကတည်းက သူ့၏ မူလစိတ်ဝိညာဉ်နှင့်အတူ ရရှိခဲ့ခြင်း ဖြစ်ပါက၊ ၎င်းသည် မသေမျိုး နတ်သမီး၏ တည်ရှိမှုသည် အရာရာကို သိနားလည်သော မှန်လေးထက် ပိုမိုမြင့်မားနေကြောင်း သက်သေပြနေသည်။
အချိန်များစွာ ကုန်လွန်သွားသည်။ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းကမ္ဘာစွမ်းအားမှာ ကုန်ဆုံးခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်းများကြားတွင် အကြိမ်ကြိမ် ပြောင်းလဲနေသည်။
ကောင်းကင်မြှား၏ နတ်ဘုရားစွမ်းအားမှာ နောက်ဆုံးတွင် ၎င်း၏ ပန်းတိုင်သို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ အလွှာပေါင်းစုံဖြင့် တံဆိပ်ခတ်ထားသော တိတ်ဆိတ်သည့် အခန်းတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော အခန်းများစွာ ရှိသေးသည်။ နက်ရှိုင်းသော အလွှာများတွင် ပုန်းအောင်းနေသော ကောင်းကင်မြှားသည် ထိုတံဆိပ်များကို လုံးဝ ဂရုမစိုက်ဘဲ တစ်စက္ကန့်အတွင်းမှာပင် အခန်းထဲရှိ အသက်စွမ်းအင် လေးခုကို ဖုန်မှုန့်များ ဖြစ်သွားစေသည်။
……
……
ရှန်ထင်ဖန်းသည် ကျင့်စဉ်ကို စူးစိုက်စွာ ကျင့်ကြံနေသည်။ အတွင်းကမ္ဘာနယ်မြေ အပိုင်းအစများမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်ပြီး သူမက အသက်စွမ်းဖြင့် အရည်ပျော်အောင် ကျင့်ကြံနေသည်။ နောက်ဆုံးတွင် သူမသည် ဤကျင့်စဉ်၏ အနှစ်သာရကို နားလည်သွားတော့သည်။
ထိုအပိုင်းအစများကို သူမ ကျင့်ကြံပြီးသည်နှင့် ၎င်းတို့က သူမကို အတွင်းကမ္ဘာစွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။ ယခင်ကကဲ့သို့ အတွင်းကမ္ဘာနယ်မြေနှင့် ဆက်သွယ်ကာ စွမ်းအားကို ‘ချေးငှား’ ရမည့် အခြေအနေမျိုး မဟုတ်တော့ပေ။
“ကောင်းလိုက်တာ၊ ဒီလမ်းကြောင်းက သူတော်စင်ကျမ်းနဲ့ လုံးဝ မယှဉ်နိုင်ဘူး ”
“ဒါပေမဲ့ ဒီလို ကျင့်ကြံတဲ့နှုန်းကတော့ တကယ်ကို နှေးလွန်းပါတယ်။”
“နှစ်ပေါင်းတစ်သောင်းလောက်နေမှ အတွင်းကမ္ဘာနယ်မြေ တစ်ခုကို ကျင့်ကြံနိုင်မှာ၊ ငါ့ရဲ့ ကျင့်စဉ်က အတွင်းကမ္ဘာနယ်မြေ ကိုးခုအထိ ကျင့်ကြံနိုင်တာကို…”
“အခြေခံအားဖြင့် နှစ်ပေါင်းတစ်သိန်းလောက် စောင့်မှ တကယ့် အသွင်ကူးပြောင်းမှု ဖြစ်လာမှာ…”
ရှန်ထင်ဖန်းသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မျက်လုံးထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။
“နှစ်ပေါင်းတစ်သိန်းဆိုတာ သိပ်မကြာပေမဲ့ ငါတော့ မစောင့်နိုင်တော့ဘူး။ ကောင်းကင်ငါးပါးထဲမှာ အတွင်းကမ္ဘာနယ်မြေ ကျင့်ကြံနှုန်းကို မြန်ဆန်စေတဲ့ အရာဝတ္ထုတွေ ရှိမှာပဲ။ ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ က ဒီအပိုင်းမှာ အတော်လေး ကောင်းမွန်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ အများကြီး စုဆောင်းထားတယ်၊ စမ်းသပ်ကြည့်ရင် ငါလိုချင်တဲ့အရာကို ရှာတွေ့ပြီး ကျင့်ကြံနှုန်းကို မြှင့်တင်နိုင်မှာပဲ…”
ထိုအချိန်တွင် ရှန်ထင်ဖန်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သွေးများ အန်ထုတ်လိုက်သည်။ သူမ၏ ကျင့်စဉ်မှာလည်း ရပ်တန့်သွားပြီး ခန္ဓာကိုယ်မှ အငွေ့အသက်မှာ ပြင်းထန်စွာ ကျဆင်းလာသည်။
“ဘာဖြစ်တာလဲ”
ရှန်ထင်ဖန်း၏ မျက်လုံးထဲတွင် မယုံနိုင်စရာ အမူအရာများ ပေါ်လာသည်။
“ငါ့ရဲ့ အသက်စွမ်းအင်တွေ အကုန် ပျက်စီးသွားပြီ”
သူမနှင့် အသက်စွမ်းအင်ကြားက ဆက်သွယ်မှုမှာ လုံးဝ ပြတ်တောက်သွားသည်ဟု ခံစားလိုက်ရသည်။ ဒါက ဘာဖြစ်တာလဲ သူမ၏ အသက်စွမ်းအင် ပုန်းအောင်းရာနေရာမှာ အလွန် လုံခြုံပြီး ဘယ်သူမှ မသိတဲ့နေရာ။ ဘယ်သူက သူမရဲ့ အသက်စွမ်းအင်ကို သတ်ဖြတ်လိုက်တာလဲ။
ရှန်ထင်ဖန်း၏ မျက်နှာမှာ အလွန် ကြောက်စရာကောင်းအောင် ပြောင်းလဲသွားပြီး အတွင်းကမ္ဘာနယ်မြေမှ ချက်ချင်း ထွက်ခွာကာ ထိုတိတ်ဆိတ်သည့် အခန်းသို့ အမြန်သွားရောက်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ ဟာလာဟင်းလင်း ဖြစ်နေသော အခန်းပင်။ အသက်စွမ်းအင် အားလုံးမှာ ပျောက်ကွယ်သွားပြီ။
“သူတော်စင်အဆောက်အအုံက ကောင်းကင်အရှင်တွေက အိပ်နေကြတာလား ငါ့ရဲ့ အသက်စွမ်းအင်ကို ဒီနေရာမှာ ဘာလို့ အဖျက်ဆီးခံရတာလဲ ဒီနေရာကို စောင့်ရှောက်နေတဲ့သူ ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း၊ ထွက်လာခဲ့စမ်း”
ရှန်ထင်ဖန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် မြှားတစ်စင်းက သူမ၏ မျက်စိရှေ့တွင် ပေါ်လာသည်။ လူ့လောက၏ အငွေ့အသက်များမှာ မြှားပေါ်မှ ခွာထွက်ပြီး ရှန်ထင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ရှန်ထင်ဖန်း၏ အငွေ့အသက်မှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မြှားသည် လူ့လောက၏ ဖိနှိပ်မှု မရှိတော့သဖြင့် ၎င်း၏ အငွေ့အသက်မှာ ရူးသွပ်စွာ တိုးတက်လာသည်။
ဖျတ်
ရှန်ထင်ဖန်း၏ မျက်ခုံးကြားမှာ ကောင်းကင်မြှားကြောင့် ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။ သူမ၏ မျက်လုံးထဲမှ အသက်စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မျက်လုံးထဲတွင် မသေခင်က ကျန်ရစ်ခဲ့သော ဒေါသ၊ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများသာ ရှိတော့သည်။
ဝိညာဉ်ခေါ်ယူသူ တစ်ဦးမှာ ရှန်ထင်ဖန်း၏ ရှေ့တွင် ပေါ်လာပြီး သူမ၏ ဝိညာဉ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ၊ ငါက ‘သူတော်စင်ဧကရာဇ် စီမံကိန်း’ အဖွဲ့ဝင်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ရတာ ဒါပထမဆုံးအကြိမ်ပဲ။ မင်းတို့လည်း သေတတ်တာပဲကိုး…”
အခန်း (၂၆၅၈) - အော်ဟစ်နေတာက ဘာအတွက်လည်း
ရှန်ထင်ဖန်း သည် သူမရှေ့တွင် ရပ်နေသော ထို ဝိညာဉ်ခေါ်ဆောင်သူ အား ကြည့်ကာ မှင်သက်လျက် မေးလိုက်သည်။
"ငါ သေသွားပြီလား။"
ဝိညာဉ်ခေါ်ဆောင်သူက ခေါင်းကို အသာညိတ်ကာ
"ဟုတ်တယ်လေ၊ မင်းသေသွားပြီ။ ကြည့်ရတာ 'သူတော်စင် ဧကရာဇ် စီမံကိန်း' မှာ ပြဿနာတွေ တက်သွားပုံရတယ်၊ မင်းတို့ရဲ့ အားကိုးရာတွေ မရှိတော့ဘူးပေါ့လေ။"
"မဖြစ်နိုင်တာ ငါက လုံးဝမသေနိုင်ဘူး ဒါ တစ်ခုခု ဖြစ်နေတာ၊ စိတ်ကယောင်ချောက်ချား ဖြစ်အောင် လုပ်ထားတဲ့ စွမ်းအားမျိုးပဲ မဟုတ်လား၊ ဟုတ်တယ်မလား မင်းက စိတ်ကယောင်ချောက်ချား ဖြစ်အောင် ဖန်တီးထားတဲ့ ပုံရိပ်သက်သက်ပဲ "
ရှန်ထင်ဖန်းသည် ရုတ်တရက် ရယ်မောလိုက်သည်။
"ငါက ဂုဏ်သိက္ခာကြီးမားတဲ့ အသက်ကိုးသက်နဂါးမျိုးနွယ် က ရှန်ထင်ဖန်းပဲ။ သူတော်စင်ဧကရာဇ် စီမံကိန်းရဲ့ အဖွဲ့ဝင်၊ လောကတစ်ခွင်က ကောင်းကင်အရှင် အားလုံးဟာ ငါ့ရဲ့ နောက်မျိုးဆက်တွေချည်းပဲ။
ငါ ဘယ်လိုလုပ် ဒီအတိုင်း သေနိုင်မှာလဲ။
ငါ ဒေသငယ် ကျင့်စဉ် ကိုလည်း ရထားပြီးသား၊ အခု အတွင်းနယ်မြေကို ကျင့်ကြံနေတာ။
ဒါဟာ ကျင့်ကြံတဲ့လမ်းကြောင်းမှာ ကြုံရတဲ့ စိတ်မိစ္ဆာပဲ ဖြစ်ရမယ်။ မင်း... မင်းက ငါ့ရဲ့ စိတ်မိိိစ္ဆာပေါ့။ ငါ့ရဲ့ စိတ်အနက်ရှိုင်းဆုံးထဲမှာ သေရမှာကို ကြောက်နေမိတာပဲကိုး..."
ထိုဝိညာဉ်ခေါ်ဆောင်သူသည် ခေတ္တမျှ ကြောင်သွားပြီး ရှန်ထင်ဖန်းကို အဓိပ္ပာယ်မရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက်
"မင်း တကယ်သေသွားတာပါ၊ မင်းရဲ့ အလောင်းကို ကြည့်လိုက်ပါ။ သေချာပေါက် သေသွားပြီ၊ ပြီးတော့ မင်းရဲ့အသက်စွမ်းအင် ကိုလည်း သတ်ဖြတ်ခြင်းခံလိုက်ရပြီ...
ပြောပါဦး၊ မင်း ဒီတစ်ခေါက် ဘယ်သူ့ကို သွားပြီးရန်စမိတာလဲ သူတော်စင်ဧကရာဇ် စီမံကိန်းမှာ တကယ်ပဲ ဘာပြဿနာတွေ တက်သွားတာလဲ။"
"စိတ်မိိိစ္ဆာက ငါ့ရဲ့ ကျင့်ကြံမှုစိတ်ဓာတ်ကို ဖျက်ဆီးရဲတယ်ပေါ့လေ။"
ရှန်ထင်ဖန်းက မဲ့ပြုံးပြုံးကာ -
"ငါက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးမှ နောက်ဆုံးတော့ လွတ်မြောက် ဖို့ အချိန်တန်ပြီ။ ထပ်ပြီး အိပ်စက်နေစရာ မလိုတော့ဘူး။ မင်းက အခုမှ လာပြီး ငါ့ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးချင်တာလား "
ထိုအချိန်တွင် တံခါးပွင့်လာပြီး စီကုကျူး နှင့် ရှန်ကျီရှန်းတို့ အမြန်ဆုံး ရောက်လာကြသည်။
ရှန်ထင်ဖန်း၏ အလောင်းကို မြင်လိုက်သည့်အခါ သူတို့၏ မျက်နှာများမှာ အလွန်အမင်း ဆိုးရွားသွားသည်။
"ရှန်ထင်ဖန်း သေသွားပြီ၊ အသက်စွမ်းအင်တောင် သတ်ဖြတ်ခံလိုက်ရတယ်၊ ဒါ ဘယ်သူလက်ချက်လဲ"
စီကုကျူး က သွားများကို ကြိတ်ကာ -
"ငါတို့ သူတော်စင်ဧကရာဇ် စီမံကိန်းအဖွဲ့ဝင်ကို သတ်ရဲတယ်ပေါ့။ တိုက်ခိုက်တဲ့သူက တစ်မိသားစုလုံး အသတ်ခံရပြီး တစ်မျိုးနွယ်လုံး အမြစ်ပြတ်သွားမယ့်ကိန်းကို မစဉ်းစားဘူးလား "
ရှန်ကျီရှန်း၏ မျက်နှာမှာ အလွန်လေးနက်နေသည်။
"မဖြစ်နိုင်တာ၊ ဒီနေရာမှာ သူတော်စင်ဧကရာဇ် ခန်းမက ကောင်းကင်အရှင် တွေ စောင့်ကြပ်နေတာလေ၊ ဘယ်သူတော်စင် ကများ ဒီနေရာမှာ ငါတို့ သူတော်စင်ဧကရာဇ် စီမံကိန်းဝင်ကို တိုက်ခိုက်ရဲမှာလဲ "
ပြောပြီးသည်နှင့် သူသည် အောက်သို့ ကိုင်းညွှတ်ကာ ရှန်ထင်ဖန်း၏ နဖူးပေါ်ရှိ ဒဏ်ရာကို စစ်ဆေးသည်။ ထိုဒဏ်ရာပေါ်ရှိ စွမ်းအင်များမှာ အလွန်ရှုပ်ထွေးလွန်းသဖြင့် မည်သည့် အစွမ်းထက်သူ၏လက်ချက် ဖြစ်ကြောင်း သူ ခွဲခြားနိုင်ခြင်း မရှိချေ။
ရှန်ထင်ဖန်းက သူတို့ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
"စိတ်မိစ္ဆာရဲ့ လှည့်ကွက်တွေကတော့ မဆိုးဘူးပဲ၊ စီကုကျူး နဲ့ ရှန်ကျီရှန်းကိုတောင် ခေါ်ထုတ်လာနိုင်တယ်။
ဒါက ငါသေသွားပြီဆိုတာကို အပြည့်အဝ ယုံကြည်သွားအောင် လုပ်တာလား။
ပြီးရင် ငါ တကယ်ပဲ သေသွားလိမ့်မယ်ပေါ့
ဒေသငယ်ကျင့်စဥ် ကို ကျင့်ကြံတာကလည်း အန္တရာယ်တော့ ရှိသားပဲ။"
ဝိညာဉ်ခေါ်ဆောင်သူက ဘာမှပြန်မပြောဘဲ ရှန်ထင်ဖန်းကိုသာ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ရှန်ကျီရှန်းက ရုတ်တရက် အသံကို တိုး၍ အော်ပြောလိုက်သည်။
"စောင့်ကြပ်တဲ့ ကောင်းကင်အရှင်တွေ ဘယ်ရောက်သွားလဲ သူတော်စင်ဧကရာဇ် စီမံကိန်းအဖွဲ့ဝင်တစ်ယောက် ဒီမှာ သေဆုံးနေတာကို ဘာလို့ ပေါ်မလာကြတာလဲ "
"အော်နေလိုက်ကြတာ၊ယီးမို့ အော်နေတာလား။ ငါက မင်းတို့ကို နှစ်ပေါင်းများစွာ စောင့်ကြပ်ပေးထားတာ၊ အခုတော့ ငါ့ကို ဒီလိုပဲ ခိုင်းစားချင်တိုင်း ခိုင်းစားနေကြတာလား "
ရုတ်တရက် အမွေးထူသော မုတ်ဆိတ်နှင့် ဗိုက်ပူတဲ့ပုံစံရှိသော လူဝကြီးတစ်ယောက် ဖြည်းညှင်းစွာ လျှောက်လာသည်။ သူ၏ မျက်နှာထားမှာ အလွန်မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
သူသည် ရှန်ထင်ဖန်း၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး စီကုကျူး နှင့် ရှန်ကျီရှန်းတို့အား အေးစက်စက် လှမ်းကြည့်ကာ ဆိုလိုက်သည်။
"မင်းတို့က ငလူးမို့ အော်နေတာလား ရှန်ထင်ဖန်းတစ်ယောက် သေသွားတာ ဘာများထူးခြားလို့လဲ "
"..."
စီကုကျူး နှင့် ရှန်ကျီရှန်းတို့မှာ ခေတ္တမျှ မှင်သက်သွားကြသည်။ သူတို့ရှေ့က စောင့်ကြပ်နေသည့် ကောင်းကင်အရှင် မှာ ပိလော့ မဟာမိတ် မှ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုဝင် ဟွမ်းချွမ်း ကောင်းကင်အရှင် ဖြစ်မှန်း ချက်ချင်း မှတ်မိလိုက်သည်။
သူတို့သည် ထိုသူ ငယ်ရွယ်စဉ်ကာလကပင် တွေ့ဆုံဖူးသည်။ အလွန်တရာ ကြာမြင့်ခဲ့သော အချိန်များက ဖြစ်သည်။
ထိုစဉ်က ထိုလူမှာ နေမင်းခုနှစ်ပါးခန်းမ မှ တပည့်ငယ်လေးသာဖြစ်ပြီး အဆင့်သတ်မှတ်ချက်လည်း မြင့်မားခြင်းမရှိ။
ထိုစဉ်က သူတို့နှင့်တွေ့တိုင်း "သက်တော်ရှည် ဘိုးဘေးကြီးတို့" ဟု ခေါ်ဆိုကာ အလွန်လေးစားစွာဖြင့် ကြည့်တတ်သူ ဖြစ်သည်။
သို့သော် ယခုမူ... ဒါ ဘာတွေဖြစ်ကုန်တာလဲ
"စီကုကျူး ၊ ရှန်ကျီရှန်း... ဘာလို့ ငါ့ကို အဲဒီလို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ "
ဟွမ်းချွမ်း ကောင်းကင်အရှင်က မျက်လုံးကို မှေး၍
"ငါ့ကို မကျေနပ်ဘူးလား မင်းတို့နှစ်ယောက်မှာ တစ်ယောက်က အသက်စွမ်းအင် အစောပိုင်းအဆင့်၊ နောက်တစ်ယောက်က အသက်စွမ်းအင် အလယ်အဆင့်နဲ့၊ ငါ့ကို မကျေနပ်နိုင်လောက်အောင် စွမ်းအားတွေ ရှိနေလို့လား "
"ငါ့ကို မကျေနပ်ရင် လာကိုက်လေ။"
စီကုကျူး နှင့် ရှန်ကျီရှန်းတို့မှာ မည်သို့မျှ မတုံ့ပြန်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
ဟွမ်းချွမ်း ကောင်းကင်အရှင် မှာ သူတို့ အသံမထွက်သည်ကို မြင်သော် မဲ့ပြုံးပြုံးကာ ရှန်ထင်ဖန်း၏ အလောင်းကို စစ်ဆေးလိုက်သည်။
"အသက်ဓာတ် လုံးဝပြတ်သွားပြီ။ ဒီနှစ်တွေအတွင်း ရှန်ထင်ဖန်းတစ်ယောက် သူတော်စင် အတော်များများကို ရန်စထားပုံပဲ။ ဒီအထိ လာနိုင်ပြီး ငါတောင် မသိအောင် လုပ်ကြံနိုင်တာ၊ ဒီလက်ချက်ကတော့ တော်တော်လေး စွမ်းတယ်။"
"ဟွမ်းချွမ်း ကောင်းကင်အရှင် ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ မင်း သိလား"
ရှန်ကျီရှန်းက ရုတ်တရက် မေးလိုက်သည်။
ဟွမ်းချွမ်း ကောင်းကင်အရှင်က ရယ်မော၍ -
"မသိဘူး။ ဒါပေမဲ့ သေချာတာကတော့ သူက ငါတို့ရဲ့ မိတ်ဆွေဟောင်း ပဲ။ ရှာနေဖို့လည်း ငါ့မှာ အချိန်မရှိဘူး၊ ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ဘာအရေးလဲ "
"ဘာမှမဆိုင်ပါဘူး၊ မင်းတို့ရဲ့ သူတော်စင်ဧကရာဇ် စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလေ။ နောက်ဆိုရင် မင်းတို့က သာမန် သူတော်စင်တွေပဲ၊ အထူးအခွင့်အရေးတွေ မရှိတော့ဘူး။"
"ငါလည်း မင်းတို့အတွက် ဒီနေရာမှာ စောင့်ကြပ်ပေးစရာ မလိုတော့ဘူး။ ခိုင်းသမျှ လုပ်ပေးနေရတာလည်း ဘာမှ အကျိုးအမြတ် မရှိဘူး။"
"ရှူး..."
စီကုကျူး နှင့် ရှန်ကျီရှန်းတို့မှာ အံ့အားသင့်သွားကြသည်။ သူတော်စင် ဧကရာဇ် စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီ ဟုတ်လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကောင်းကင်ငါးပါး မှာ သူတော်စင်ဧကရာဇ်စီမံကိန်းကို ဘယ်လိုလုပ် ဖျက်သိမ်းရမှာလဲ။
ထိုစီမံကိန်းသည် ကောင်းကင်အရှင်တို့၏ အသက်အန္တရာယ်နှင့် ပတ်သက်နေပြီး နှစ်ပေါင်းများစွာ ဘယ်ဟာထက်မဆို ဦးစားပေးခဲ့ရသော အရာဖြစ်သည်။
ဒီစီမံကိန်းကို ဘယ်လိုလုပ် ဖျက်သိမ်းနိုင်မှာလဲ
ရှန်ထင်ဖန်းသည် ထိုစကားကို ကြားသောအခါ မဲ့ပြုံးပြုံးကာ -
"စိတ်မိိိစ္ဆာဆ... ဇာတ်လမ်းတစ်ပုဒ်ဖန်ရင်လည်း ယုံချင်စရာလေး ဖန်ပါဦး၊ ဒီလိုအရာမျိုးကို ငါ ယုံမယ်လို့ ထင်နေတာလား "
သူမက စိတ်မိစ္ဆာ ဟု ခေါ်ဆိုနေသည့် ဝိညာဉ်ခေါ်ဆောင်သူက သူမအား ဂရုမစိုက်ဘဲ အတွေးနက်စွာဖြင့် ပြောလိုက်သည်။
"အော်... မင်း သေသွားတာက သူတော်စင် ဧကရာဇ် စီမံကိန်း ဖျက်သိမ်းခံလိုက်ရလို့ပဲ။ ကောင်းကင်ငါးပါး မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုကြီးမားတဲ့ တိုးတက်မှုတွေ ရသွားပုံပဲ။"
"သူတော်စင် ဧကရာဇ် စီမံကိန်းထက် ပိုအရေးကြီးတဲ့အရာတွေ ပေါ်လာတော့ ဒီကောင်းကင်အရှင် တွေကလည်း မင်းတို့ကို ဝန်ဆောင်မှုပေးဖို့ စိတ်မဝင်စားကြတော့ဘူးပေါ့လေ..."
ပြောပြီးသည်နှင့် သူသည် ရှန်ထင်ဖန်းအား ပြုံးပြလိုက်သည်။
"ငါနဲ့အတူ လိုက်ခဲ့ပါ။ သူတော်စင်ဧကရာဇ် စီမံကိန်း ဖျက်သိမ်းသွားပြီဆိုတော့ ဒီလောကမှာ မင်းအတွက် တွယ်တာစရာ ဘာမှမရှိတော့ဘူး။"
"ငါ့ကို တကယ်သေသွားစေချင်တာလား အိမ်မက်တောင်မမက်နဲ့ "
ရှန်ထင်ဖန်းက အော်ပြောလိုက်သည်။
ထိုအချိန်တွင် ရှန်ကျီရှန်းက ဟွမ်းချွမ်း ကောင်းကင်အရှင်အား ဒေါသထွက်နေသော မျက်နှာဖြင့် ကြည့်ကာ -
"ဟွမ်းချွမ်း ကောင်းကင်အရှင်၊ မင်း သူတော်စင်ဧကရာဇ်ခန်းမကို သစ္စာဖောက်ချင်တာလား၊ သူတော်စင်ဧကရာဇ် စီမံကိန်းကို သစ္စာဖောက်ချင်တာလား "
"မင်း အရင်က ကောင်းကင်အရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း သူတော်စင် ဧကရာဇ်စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲ။"
"ငါတို့တွေသာ မင်းတို့ကို အရင်းအမြစ်တွေ ခွဲမပေးခဲ့ရင်..."
"အခုချိန်မှာ မင်းက ကောင်းကင်အရှင် ဖြစ်နိုင်ပါဦးမလား"
ဟွမ်းချွမ်း ကောင်းကင်အရှင် က ရယ်မော၍ -
"အဲဒီအတွက်တော့ မင်းတို့နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။"
"ဒါပေမဲ့ သူတော်စင်ဧကရာဇ် စီမံကိန်းကို ဖျက်သိမ်းလိုက်တာတော့ အမှန်ပဲ။"
"မင်းတို့ မသိတာလည်း မဆန်းပါဘူး။ တခြား သူတော်စင်ဧကရာဇ် စီမံကိန်းအဖွဲ့ဝင်တွေ ဘာလို့ ပြန်မလာကြတာလဲဆိုတာ မင်းတို့ သတိမထားမိကြဘူးလား ဘာလို့လဲဆိုတော့ သူတို့အားလုံး အသီးသီး ပြန်သွားကြလို့ပဲ။"
"ဘာလို့ ဖျက်သိမ်းရလဲဆိုတာကိုလည်း ငါ ပြောပြမယ်။"
"ဖန့်ချန် လို့ခေါ်တဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူက အခု ကောင်းကင်ငါးပါး က သူတော်စင် အများအပြားကို စုစည်းထားနိုင်တယ်။ အဲဒီထဲမှာ မင်းတို့ သူတော်စက်ဧကရာဇ် စီမံကိန်းဝင်တွေလည်း ပါတယ်၊ သူက သူတော်စင်ဘိုးဘေး မံကိန်း ဆိုတာကို တီထွင်လိုက်တယ်။"
"မင်းတို့လိုမျိုး အမြဲတမ်း တောင်းဆိုနေတတ်ပြီး ဘာအကျိုးပြုမှူမှ မရှိတဲ့ ဘိုးဘေးတွေနဲ့ မတူဘူး။"
"သူကတော့ ကွဲပြားတယ်လေ၊ သူ့စီမံကိန်း စတင်လိုက်တာနဲ့ ဘာဖြစ်လာလဲ သိလား "
"သူက နိဗ္ဗာန်တားမြစ်နယ်မြေ ကနေ ကျင့်စဉ်တွေ ပါဝင်တဲ့ ကျောက်တုံး တစ်တုံးကို တိုက်ရိုက်သယ်လာခဲ့တာ။"
"ငါ တွေးကြည့်ဦးမယ်၊ အော်... အခု ကောင်ူကင်အရှင် တွေက အဲဒီအရာကို ကျင့်စဉ်တိုင် လို့ ခေါ်နေကြတာပဲ။"
"အဲဒီ ကျောက်တိုင်က တစ်ခါပဲ သုံးလို့ရပေမဲ့၊ တစ်ခါသုံးရုံနဲ့တင် ကောင်ူကင်အရှင် တစ်ယောက်ဟာ နှိမ်နင်းခြင်း ကရုဏာတံဆိပ် ဆိုတဲ့ ဒေသကြီး ကျင့်စဉ်ကို ရသွားခဲ့တယ်။"
"ဟားဟားဟား၊ အဲဒီ ကောင်းကင်အရှင် က စမ်းသပ်ကြည့်လိုက်တော့ ကျင့်စဉ်က အစစ်၊ အသုံးဝင်တယ်။"
"ဒါကြောင့် ငါတို့လို ကောင်းကင်အရှင်တွေကတော့ သူတော်စင် ဧကရာဇ်စီမံကိန်း ကိုပဲ ထောက်ခံကြမှာပေါ့။ စောစောရမလား၊ နောက်မှရမလားဆိုတဲ့ ကွာခြားချက်ပဲ ရှိတာလေ။"
"ဒါကြောင့် မင်းတို့ သူတော်စင် ဧကရာဇ်စီမံကိန်းက ခွေးလိုလူတွေက ငါ့ကို အော်ဟစ်ခိုင်းစားဖို့ ကြိုးစားနေတာလား "
"မင်းတို့ကောင်တွေ သိထားရမှာကတော့၊ ငါ့ရဲ့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ကို ရှန်ထင်ဖန်းက နိဗ္ဗာန်တားမြစ်နယ်မြေထဲမှာ ရိုက်သတ်ခဲ့တာပဲ။ ငါ မသိဘူးများ ထင်နေလား"
ဟွမ်းချွမ်း ကောင်းကင်အရှင် က ပြုံးရွှင်စွာဖြင့် -
"ငါ့စိတ်ကြည်နေတုန်းမှာ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားလိုက်ကြ။ မဟုတ်ရင်တော့ မင်းတို့လည်း ရှန်ထင်ဖန်းနဲ့အတူ ယင်လောကမှာပဲ သွားဆော့ကြတော့။"