← Chapters

အခန်း (၁၁၉၁-၁၁၉၂)

Vol. 120 Ch. 1191-1192

အခန်း (၁၁၉၁-၁၁၉၂)

Vol. 120 Ch. 1191-1192

အခန်း ၁၁၉၁။ ကျွယ်ရှန်းဓား

​နောက်ဆုံးတွင်တော့ "ကျင်ရှန်း" ဟု အမည်ရသည့် ရှေးခေတ်အသက်ရှူလမ်းကြောင်း ကျင့်ကြံသူကပင် တိတ်ဆိတ်မှုကို အရင်ဆုံး ဖျက်ဆီးလိုက်တော့သည်။

​"ငါ မင်းကို လက်ဆင့်ကမ်းပေးတာက ရွှေအမြုတေလမ်းစဉ်၊ အမြင့်ဆုံး နည်းလမ်းတွေပဲ။ ဘာလို့များ 'ရွှေအမြုတေအဆင့်' လို့ ခေါ်ရတာလဲ"

​ရွှေအမြုတေပြီးရင် ဝိညာဥ်သန္ဓေသား မဟုတ်ဘူးလား… လီယန်ချူသည် ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။

"ဝိညာဥ်သန္ဓေသားအဆင့်ပြီးရင် နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်လား"

​ရှေးခေတ်ကျင့်ကြံသူမှာ ထိုစကားကြောင့် တစ်ခဏမျှ ဆွံ့အသွားပြီးမှ "နတ်ဘုရားအသွင်ပြောင်းခြင်းလား" ဟု ပြန်မေးသည်။

​သူ၏ ပုံစံကို ကြည့်လိုက်သည်နှင့် လီယန်ချူသည် ခေါင်းခါယမ်းကာ အသံထွက်၍ ရယ်မောလိုက်မိသည်။ ကိုယ်တိုင်ပဲ တွေးလွန်နေမိတာ၊ ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံနည်းလမ်းသက်သက်ပဲ မဟုတ်လား။

​ရှေးခေတ်ကျင့်ကြံသူကလည်း ထပ်မမေးတော့ဘဲ အလျင်အမြန်ပင် တိုက်တွန်းလိုက်သည်။

"ဘယ်လိုလဲ။ ငါ မင်းကို ရွှေအမြုတေရဲ့ လျှို့ဝှက်နည်းလမ်းတွေကို သင်ပေးမယ်၊ အရောင်သုံးမျိုးပါတဲ့ ရွှေအမြုတေကိုသာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ရင် မဟာလမ်းစဉ်ကို တန်းပြီး လှမ်းနိုင်လိမ့်မယ်။"

​"ဒီလိုမျိုး နက်နဲတဲ့ ပညာရပ်ကို ဘယ်သူကများ မသင်ချင်ဘဲ နေပါ့မလဲ"

လီယန်ချူက ပြောလိုက်သည်

"ဒါပေမဲ့ ခင်ဗျားက ဘာလို့ ဒီရွှေအမြုတေကို ဒီနေရာမှာ ထားခဲ့ရတာလဲ"

​ရှေးခေတ်ကျင့်ကြံသူက တည်ငြိမ်စွာပင် ဖြေလိုက်သည်

"အရင်တုန်းက လူတစ်ယောက်နဲ့ တိုက်ခိုက်ရင်း တစ်ကွက်ရှုံးခဲ့လို့ ကျန်ရစ်ခဲ့တဲ့ စိတ်စွမ်းအင်လေး ဒီမှာ ရှိနေတာ။ ဒီရွှေအမြုတေကြောင့်သာ စိတ်ဝိညာဉ်တွေ မကွဲမပြန့်ဘဲ ဒီနေရာမှာ ရှိနေနိုင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အသက်စည်းစိမ်လည်း ကုန်ဆုံးတော့မှာမို့ မင်းကို ဒီပညာရပ်တွေ လက်ဆင့်ကမ်းပေးလိုက်တာက ငါ့ရဲ့ နောက်ဆုံးဆန္ဒလေးတစ်ခု ပြည့်သွားတာပါပဲ။"

​လီယန်ချူသည် မျက်တောင်ခတ်လိုက်ရင်း

"ဒီဓားစွမ်းအင်တွေကြောင့် ဒီမှာ အပိတ်ခံထားရတာ မဟုတ်ဘူးလား" ဟု မေးသည်။

​ရှေးခေတ်ကျင့်ကြံသူမှာ ဒေါသထွက်သွားပြီး -

"ချီး အဲဒီကောင်လေးက ဘာစွမ်းဆောင်နိုင်လို့လဲ။ ငါသာ သူနဲ့ မတိုက်ခင် အရင်က နတ်ဆိုးတစ်ယောက်နဲ့ တိုက်ခိုက်မထားရင် သူ့ကို ရှုံးပါ့မလား။ ငါ့ကို တောင် ထိန်းချုပ်ထားသေးတယ် "

​လီယန်ချူသည် မျက်ခုံးပင့်လိုက်ပြီး -

"ခင်ဗျားပြောတဲ့ အဲဒီလူက ဘယ်သူလဲ" ဟု မေးသည်။

​ရှေးခေတ်ကျင့်ကြံသူ ကျင်ရှန်းက လီယန်ချူဘေးနားရှိ သံချေးတက်နေသော သံဓားကို လက်ညှိုးထိုးပြကာ မကျေမနပ်ဖြင့် -

"မင်းတို့ရဲ့ အဲဒီဘိုးဘေးဆိုတဲ့ လူပဲလေ" ဟု ပြောလိုက်သည်။

​လီယန်ချူသည် ဘိုးဘေး၏ဓားကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် 'သေချာသားပဲ' ဟု တွေးလိုက်မိသည်။ သို့သော် သူသည် ခေါင်းခါယမ်းလိုက်ရင်း

"ကျွန်တော်က ရော်ဖူတောင်က မဟုတ်ပါဘူး၊ ဒီဓားက မတော်တဆ ရလာတာပါ" ဟု ပြောသည်။

​ရှေးခေတ်ကျင့်ကြံသူမှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးမှ -

"ရော်ဖူတောင်က ဓားသမား မဟုတ်ဘဲနဲ့ ဒီဓားကို ကိုင်နိုင်တယ်ပေါ့လေ" ဟု ဆိုသည်။

​လီယန်ချူက - "ဒီဓားမှာ ဘာထူးဆန်းတာတွေ ရှိလို့လဲ" ဟု မေးပြန်သည်။

​ကျင်ရှန်းက ပြောပြသည်

"ရှိတာပေါ့၊ အဲဒီတုန်းက အဲဒီကောင်လေးဆီမှာ ရှုံးသွားတယ်ဆိုတာထက် ဒီဓားလက်ထဲမှာ ရှုံးသွားတာလို့ ပြောရမှာပဲ။"

​"ဘိုးဘေးရဲ့ဓားက အဲလောက်တောင် ကြောက်ဖို့ကောင်းတာလား"

လီယန်ချူ အံ့အားသင့်သွားသည်။

​"ဘိုးဘေးရဲ့ဓားတဲ့… ရော်ဖူတောင် တပည့်တွေ မင်းကို ပြောပြတာပေါ့ ဟုတ်လား။ အဲဒီကောင်လေးကတော့ ကိုယ့်မျက်နှာကို ရွှေချတတ်လွန်းတယ် "

ကျင်ရှန်းက ခေါင်းခါကာ ရယ်မောသည်။

​"သူသာ ဒီဓားကို မရခဲ့ရင် ရော်ဖူတောင်ကို တည်ထောင်နိုင်မှာ မဟုတ်ဘူး။ အဲဒါက တကယ့်ကို နတ်ဓားအစစ်ပဲ။ ကောင်းကင်ဘုံကနေ လေကိုခွဲပြီး ရောက်လာတာ၊ သူ့နဲ့အတူ ကျောက်တိုင်ကြီးတစ်ခုလည်း ပါလာတယ်။ နောက်ဆုံးတော့ အဲဒီကောင်လေး လက်ထဲ ရောက်သွားတယ်။ အဲဒီတုန်းက သူက ဘယ်သူမှ မသိတဲ့ သိုးကျောင်းသားလေး တစ်ယောက်ပဲ ရှိသေးတာ။"

​"နောက်ပိုင်းမှာ မြေပြင်နတ်ဘုရားတစ်ပါးအဖြစ် ရောက်သွားပေမဲ့လည်း သူက ဒီဓားကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး။ ငါ နဲ့ တိုက်ခိုက်တုန်းက ဒီဓားက ရုတ်တရက် ပေါက်ကွဲထွက်လာလို့သာ၊ မဟုတ်ရင် အခု ဒီမှာ လဲနေရမှာက သူဖြစ်နေမှာ "

​ကျင်ရှန်း၏ လေသံမှာ အလွန်ပင် မာနကြီးလှသည်။ ဒီဓားသာမရှိရင် ရော်ဖူတောင်ရဲ့ ပထမဆုံး ဘိုးဘေးတောင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ဟု ဆိုလိုနေခြင်းဖြစ်သည်။

​လီယန်ချူသည် သူ့ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ သံချေးတက်နေသော သံဓားကို ပြန်ကြည့်လိုက်သည်။

​'ဒီလူ လေလုံးထွားနေတာ မဟုတ်ပါစေနဲ့' ဟု လီယန်ချူ တွေးလိုက်မိသည်။ ဤသံဓားသည် ပစ္စည်းအရ အထူးအဆန်း ဖြစ်သော်လည်း မြေပြင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန်မှာမူ မလုံလောက်နိုင်ဟု သူ ထင်သည်။

​ကျင်ရှန်းက ရုတ်တရက် သူ့ကို မျက်စောင်းထိုးလိုက်ပြီး

"မင်းရဲ့ အဲဒီမျက်နှာပေးက ငါ့ကို မယုံဘူးဆိုတဲ့ သဘောလား" ဟု မေးသည်။

​လီယန်ချူသည် ဟီးဟီးနှင့် ရယ်လိုက်ပြီး ဘာမှ ပြန်မပြောပေ။

​"ထူးချွန်တဲ့ဆရာဆီက ပညာမသင်ရရင် ဒီရွှေအမြုတေလမ်းစဉ်ကို ဆက်သင်ဦးမလား"

ဟု ကျင်ရှန်းက မေးသည်။

​"မသင်ဘူး၊ ခင်ဗျားပုံစံက သိပ်ပြီး တိုက်ခိုက်နိုင်ပုံမပေါ်ဘူး၊ ကျွန်တော် အမှားသင်မိမှာ ကြောက်တယ်"

လီယန်ချူက ခေါင်းခါသည်။

​"ဘာ ငါ တိုက်ခိုက်မနိုင်ဘူး " ကျင်ရှန်းမှာ ထိုစကားကြားသော် အသံပိုကျယ်သွားသည်။

​"အဲဒီတုန်းက တစ်ကမ္ဘာလုံးမှာ ငါ့ကို အနိုင်ယူနိုင်တဲ့သူက လက်ချိုးရေလို့တောင် မရဘူး၊ မင်းက ငါ့ကို တိုက်ခိုက်မနိုင်ဘူးတဲ့ "

ကျင်ရှန်းမှာ အတော်လေး စိတ်လှုပ်ရှားနေသည်။

​"အခုလက်ရှိ ကမ္ဘာမှာလည်း ကျုပ်ကို အနိုင်ယူနိုင်တဲ့သူ မရှိပါဘူး၊ ကျုပ်လည်း ဘာမှ မပြောခဲ့ပါဘူး"

လီယန်ချူက ခေါင်းခါလိုက်သည်။

​ကျင်ရှန်း - "............"

​ရွှေအမြုတေလမ်းစဉ်ကို လက်ဆင့်ကမ်းဖို့ ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

​ခဏအကြာတွင် သူ သက်ပြင်းချလိုက်သည်

"မသင်လည်း နေတော့၊ မင်း ဒီ‌ရွှေအမြုတေကို ပေါင်းစပ်လိုက်ရင်လည်း အသုံးဝင်မှာပါ"

​လီယန်ချူ ခေါင်းခါလိုက်သည်။

​ကျင်ရှန်း ချက်ချင်း မျက်စိပြူးသွားသည်

"ဘာလဲ၊ ငါ့ရဲ့ ရွှေအမြုတေကိုတောင် မျက်စိကျနေတာလား"

​လီယန်ချူသည် အရင်ဆုံး "ကောင်းကင်မျက်လုံး" ဖြင့် ကျင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး "ရှစ်ခွင်မှန်" ဖြင့် ထပ်မံ စစ်ဆေးလိုက်သည်။ ဤလူမှာ သန့်စင်သော စွမ်းအင်များနှင့် ပြည့်နှက်နေပြီး အမှန်တရားကျင့်ကြံသူ ဖြစ်သည်။

​ကျင်ရှန်း၏ မေးခွန်းကို သူ ပြန်မဖြေဘဲ ခေါင်းပေါ်တွင် ရွှေရောင်ကြာပန်းတစ်ခု ပေါ်လာစေလိုက်သည်။

"ဖန်းတီးခြင်း ရွှေကျမ်းစာ" ကို အသုံးပြုလိုက်သဖြင့် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ကျင်ရှန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ ကျင်ရှန်း၏ ပုံရိပ်မှာ ချက်ချင်းပင် ပိုမိုခိုင်မာလာသည်။

​ကျင်ရှန်းမှာ အံ့အားသင့်သွားသည်။ ထို့နောက် ထိုစွမ်းအားများမှာ ပို၍ ခိုင်မာလာပြီး လီယန်ချူ၏ လက်ထဲမှ "စိတ်ကြည်လင်စေသော ကျောက်စိမ်းပြား၏ စွမ်းအားများပါ စီးဝင်လာသောအခါ ကျင်ရှန်း၏ ပုံရိပ်မှာ ပိုမိုတည်ငြိမ်သွားပြီး ဤစိတ်စွမ်းအင်မှာ မပျက်စီးတော့ဘဲ တည်တံ့သွားတော့သည်။

​ထိုနည်းလမ်းကြောင့် ကျင်ရှန်းမှာ အံ့ဩမဆုံး ဖြစ်ရသည်။ မူလက သူသည် ရွှေအမြုတေအတွင်း ကျန်ရစ်သော စိတ်စွမ်းအင် အနည်းငယ်မျှသာ ဖြစ်ပြီး ပျောက်ကွယ်တော့မည့် အခြေအနေ ဖြစ်သော်လည်း အခုတော့ နောက်ထပ် အချိန်အတော်ကြာအောင် ရှိနေနိုင်တော့မည် ဖြစ်သည်။

​"ငရဲမင်းက မင်းကို သန်းခေါင်မှာ သေခိုင်းရင် ဘယ်သူက ငါးချက်တီးအထိ အသက်ရှင်ခွင့်ပေးမှာလဲ" ဟု စကားပုံရှိသည်။ ကျင့်ကြံသူတို့၏ စိတ်စွမ်းအင် ပျက်စီးခြင်းမှာ ပြောင်းလဲ၍မရသော ကိစ္စဖြစ်သည်။ လီယန်ချူကမူ ၎င်းကို ထိန်းသိမ်းပေးနိုင်ခဲ့သည်။

​ညဉ့်ဦးယံတွင် တောင်ပေါ်၌ နှစ်ယောက်သား စကားပြောဖြစ်ကြပြီး လီယန်ချူသည်လည်း "မဟာရှန်း" ခေတ် ကျင့်ကြံသူများအကြောင်း ပိုမို သိရှိသွားသည်။

​"အဲဒီနတ်ဘုရားတွေက လူတွေကို ပူဇော်ခိုင်းလိုက်၊ သက်ရှိလူသားတွေကို ပူဇော်ခိုင်းလိုက်နဲ့၊ ငါ့အမြင်တော့ အဲဒါတွေက အမှိုက်တွေပဲ၊ သူတို့က တကယ့် နတ်ဘုရားအစစ်တွေ မဟုတ်ဘူး "

ကျင်ရှန်းက လက်ထဲတွင် ဝိုင်အိုးကို ကိုင်ကာ ကျောက်စိမ်းခုံပေါ် ထိုင်ရင်း ဆဲဆိုနေသည်။

​ဝိုင်မှာ လီယန်ချူ ယူလာသော ဝိုင်ဖြစ်ပြီး အပြင်တွင်လည်း တောဝက်တစ်ကောင်ကို ဖမ်း၍ အသားကင်ထားရာ အရောင်မှာ ရွှေဝါရောင်သန်းနေသည်။ လီယန်ချူ၏ လက်ရာမှာ မဆိုးလှပေ။ သူသည် သိုင်းသမားတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်၍ အစားအသောက်လည်း အလွန်ကြိုက်သည်။ သူနှင့် ကျင်ရှန်း နှစ်ယောက်သား တောဝက်ကင်ကို ဝေစားကြသည်။ သို့သော် ကျင်ရှန်းမှာ စိတ်စွမ်းအင်သက်သက်သာ ဖြစ်၍ ခိုင်မာနေသော်လည်း တစ္ဆေနှင့်တူကာ အစာမစားနိုင်ဘဲ စွမ်းအင်ကိုသာ စားသုံးနိုင်သည်။

​သူစားလိုက်သော အသားမှာ အပြင်ပန်းတွင် ဘာမှ မဖြစ်သော်လည်း အသားထဲရှိ အနှစ်သာရများမှာ လုံးဝ ပျောက်ကွယ်သွားသည်။

​"ဝအောင် မစားနိုင်ပေမဲ့ ဒီလိုမျိုး စားရတာလည်း ပျော်ဖို့ကောင်းတာပဲ "

ကျင်ရှန်းက သက်ပြင်းချသည်။ တစ္ဆေနတ်ဘုရားများ စားပြီးသော ပူဇော်သကာများ၏ အရသာမှာ ထူးဆန်းသွားခြင်းမှာ ဤသို့သော အကြောင်းရင်းကြောင့် ဖြစ်သည်။

​နှစ်ယောက်သား ဝိုင်ခွက်ချင်း တိုက်ကြရင်း လွတ်လပ်ပေါ့ပါးစွာ စကားပြောဆိုကြသည်။ ထိုစဉ်က ကျင်ရှန်းသည် ထိုနတ်ဘုရားများကို မကျေနပ်ခဲ့ပေ။ "အသူရာ" နယ်ပယ်မှ နတ်ဘုရားများမှာ ပုံစံမှာ ကြမ်းကြုတ်ရုံသာမက သက်ရှိလူသားများကို ပူဇော်ခိုင်းလွန်းသည်။

​သူပြောသည့်အတိုင်းဆိုလျှင် မဟာရှန်းမင်းဆက်မှာ မကြာခင် ပျက်သုဉ်းတော့မည်၊ နတ်ဆိုးများကို ပူဇော်ခြင်းမှာ ကြာရှည်မခံနိုင်ပေ။ ဤလူမှာ အလွန်ပင် ပေါ့ပါးသွက်လက်ပြီး လူချစ်လူခင် များမည့် ပုံစံမျိုး ရှိသည်။ ရော်ဖူတောင်၏ ပထမဆုံး ဘိုးဘေးကို ပြန်ပြောပြသည့်တိုင် သူ၏စိတ်ထဲတွင် အနည်းငယ်မျှသော မကျေနပ်မှုမျိုး မရှိပေ။

​"ပြောရရင် အရင်တုန်းက မိစ္ဆာဝင်စီးတဲ့အခါ မြေကြီးရဲ့ အညစ်အကြေးတွေနဲ့ ညစ်ညမ်းပြီး စိတ်ဝိညာဉ်ထဲထိ ရောက်သွားခဲ့တာ။ နောက်ပိုင်း သူနဲ့ တိုက်ခိုက်တဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိ တိုက်ခဲ့တာပဲ။ သူက ငါ့ကို မသတ်ခဲ့ဘူး။ ငါသာ မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားရင် သူ့လက်ထဲ သေလိုက်ရတာကမှ ပိုကောင်းဦးမယ် "

ကျင်ရှန်းက ဝိုင်တစ်ငုံသောက်ရင်း ပြောသည်။

​"ရော်ဖူတောင်ရဲ့ အဲဒီဘိုးဘေးက နောက်ပိုင်းမှာ နတ်ဘုရားလောကကို တက်သွားတာလား"

လီယန်ချူက မေးသည်။

​ကျင်ရှန်းက မျက်စောင်းထိုးရင်း -

"ငါတောင် သေသွားပြီ၊ ငါ့ကို လာမေးနေတာလား" ဟု ဆိုသည်။

​လီယန်ချူမှာ ရယ်မောမိသည်။

​ကျင်ရှန်းက ပြုံးလိုက်ရင်း -

"အရင်တုန်းက ပြောကြတယ်၊ သူက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါး လူဝင်စားဖြစ်ပြီး အဲဒီဓားက သူကိုယ်တိုင် ကောင်းကင်ကနေ ပစ်ချလိုက်တာတဲ့၊ ဟဲ၊ သူကိုယ်တိုင် ထုတ်ပြောတာ ဟုတ်မဟုတ်လည်း မသိဘူး။"

​ကျင်ရှန်းမှာ ရှေးခေတ်သူရဲကောင်းတစ်ယောက်လို ပြုမူတတ်ပြီး လူမိုက်ဆန်ဆန်နှင့် ပေါ့ပါးသည်။ လီယန်ချူသည် သူ့ရွှေအမြုတေပေါ်တွင် အစိမ်းရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး မကြာခင်မှာပင် ခရမ်းရောင် အမှတ်အသားတစ်ခုပါ ထပ်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

​"ခင်ဗျားရဲ့ ရွှေအမြုတေက အရောင်သုံးမျိုး ဖြစ်သွားပြီ"

လီယန်ချူမှာ အံ့ဩနေသည်။

​"ဟားဟား၊ ညီလေး၊ မင်း မူးနေတာလား။ အသက်ရှင်တုန်းကတောင် အရောင်သုံးမျိုး မဖြစ်ခဲ့တာ၊ အခု ဘယ်လိုလုပ် ဖြစ်မှာလဲ"

ကျင်ရှန်းက ရယ်မောသည်။

​သို့သော် လီယန်ချူ၏ စိုက်ကြည့်မှုအောက်တွင် သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝမ်းဗိုက်ထဲရှိ ရွှေအမြုတေမှာ အမှန်ပင် အနီ၊ အစိမ်း၊ ခရမ်း ရောင်သုံးမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​"အင်" ကျင်ရှန်းမှာ မျက်လုံးကို ပွတ်သပ်လိုက်ပြီး မယုံနိုင်စရာ ဖြစ်သွားသည်။

"ဒါ ဘာဖြစ်တာလဲ "

​သို့သော် ရောင်သုံးမျိုး ဖြစ်ပြီးနောက် အားလုံးမှာ အရောင်မရှိတော့ဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားကာ စွမ်းအင်အဖြစ် ပြောင်းသွားသည်။

​"ရွှေအမြုတေကို ခွဲပြီး သန္ဓေသား ဖြစ်လာတာ"

ကျင်ရှန်းမှာ အလွန်တုန်လှုပ်သွားသည်။ သူသည် ဤအဆင့်သို့ ရောက်ရန် အမြဲ ကြိုးစားခဲ့သော်လည်း အနီရောင်အဆင့်ထိသာ ရောက်ခဲ့ဖူးသည်။ အခုတော့ သေပြီးမှ ဝိုင်နည်းနည်း သောက်လိုက်ရုံနှင့် ရောက်သွားပြီပေါ့။

​သူသည် ဝမ်းဗိုက်ထဲရှိ စွမ်းအင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ထဲရှိ ဝိုင်ကို မော့ကြည့်လိုက်သည်။

"မင်းရဲ့ ဝိုင်တွေက အတုတွေလား၊ ဘာလို့ ဒီလောက် အစွမ်းထက်နေတာလဲ "

​လီယန်ချူလည်း အံ့ဩသွားပြီး ရယ်မောကာ -

"ငွေတစ်ဆယ်တောင်ပေးရတဲ့ ဝိုင်လေ၊ ဘယ်လိုလုပ် အတုဖြစ်မလဲ။ ရောင်းတဲ့သူက အတုဆိုရင် ဆယ်ဆ လျော်ပေးမယ်လို့ ပြောထားတာ"

ဟု ပြောသည်။

​"ဆယ်ဆ လျော်ပေးရင်လည်း အတုပဲလေ" ကျင်ရှန်းက ဆိုသည်။

​"............" လီယန်ချူမှာ ဘာမှ ပြန်မပြောနိုင်။

​ထို့နောက် ထိုစွမ်းအင်မှာ သေးငယ်သော ဝိညာဥ်လေးအဖြစ် ပြောင်းလဲသွားသည်။ ကျင်ရှန်းမှာ နားလည်သဘောပေါက်သွားပြီး မယုံနိုင်စွာဖြင့် -

"ဒီပညာရပ်က စိတ်ဝင်စားဖို့ကောင်းသားပဲ၊ သေပြီးမှ သန္ဓေသား ဖြစ်လာတာပဲ၊ ကံမကောင်းတာက လူတစ်ယောက်ဟာ နှစ်ခါ ပြန်မရှင်နိုင်တော့ဘူး"

ဟု ရေရွတ်သည်။

​သို့သော် လီယန်ချူကမူ ထိုသို့ မထင်ပေ။

​သူသည် လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ ပြုလုပ်ကာ နဖူးကို ဖြတ်သန်းလိုက်ရာ နတ်ဘုရားမျက်လုံးမှာ တောက်ပလာသည်။ သူသည် ထိုအကြောင်းရင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကျင်ရှန်း၏ စိတ်ဝိညာဉ်ထဲတွင် ထူးခြားသော အစွမ်းတစ်ခု ရှိနေသည်။

​သူသည် အတန်ငယ် နားလည်သွားသည်။ အကြောင်းရင်းကို မသိသော်လည်း ကျင်ရှန်းမှာ သေပြီးနောက် ဤရွှေအမြုတေပညာရပ်ကို ရခဲ့သည်။ သန္ဓေသား ဖြစ်သွားပြီဆိုလျှင် ကျင်ရှန်း၏ ဝိညာဉ်ကွဲသွားသည့်တိုင် ဤ သန္ဓေသားမှတစ်ဆင့် ပြန်လည်ဝင်စားနိုင်ပြီး ကျင့်ကြံမှုမှာလည်း အလွန်မြန်ဆန်လိမ့်မည်။ သို့သော် သူ့စွမ်းအားမှာ အပြည့်အဝ မဟုတ်ဘဲ သေပြီးမှ ဖြစ်လာသည့်အတွက် ပြန်လည်ဝင်စားရန် မလုံလောက်ပေ။

​ကျင်ရှန်းက ရုတ်တရက် ပြောလိုက်သည်

"ရွှေအမြုတေကို မင်းရဲ့ မီးနဲ့ စစ်ဆေးခဲ့တယ် မဟုတ်လား၊ အဲဒါ သာမန်မီး မဟုတ်ဘူး၊ မဟုတ်လား"

​လီယန်ချူမှာ အံ့အားသင့်သွားပြီး -

"ဟုတ်တယ်၊ သာမန်မီးထက် နည်းနည်း ပိုထက်မြက်တယ်" ဟု ပြောသည်။

​ကျင်ရှန်းက နှုတ်ခမ်းမဲ့လိုက်ပြီး -

"ပြဿနာက အဲဒီမှာ ဖြစ်နေတာပဲ။ ရေနဲ့မီး ပေါင်းစပ်မှ ရွှေအမြုတေ ဖြစ်တယ်လို့ ဆိုကြတာ၊ မင်းက ဘာလို့ သန့်စင်တဲ့ မီးနဲ့ပဲ ရွှေအမြုတေ ဖြစ်အောင် လုပ်နိုင်တာလဲ"

​"ခင်ဗျားပြောတာက သေပြီးနောက် ရွှေအမြုတေ ဖြစ်လာတာ ကျုပ် ပြုပြင်ပေးလိုက်လို့လား"

လီယန်ချူက မေးသည်။

​"ဖြစ်နိုင်တယ်။ အသက်ရှင်တုန်းကသာ သန္ဓေသား ဖြစ်လာရင် ငါလည်း ပြန်ဝင်စားနိုင်မှာ၊ အခုတော့ ခဏလေးပဲ ရှိတော့မှာပါ"

ကျင်ရှန်းက ဆိုသည်။

​"ကျုပ် စမ်းကြည့်ပေးမယ်"

လီယန်ချူသည်

"ဖန်တီးခြင်းရွှေကျမ်း" ကို အသုံးပြုလိုက်သည်။ ဤကျမ်းမှာ အလွန်နက်နဲပြီး လူများ၏ ဝိညာဉ်ကို ကောင်းရာသုဂတိသို့ ပို့ဆောင်ပေးနိုင်သည်။

​ရွှေရောင်အလင်းတန်းများက သန္ဓေသားကို ဖုံးအုပ်သွားသည်။

ကျင်ရှန်းမှာ လေးနက်စွာဖြင့် -

"ညီလေး၊ ဒီပညာရပ်က လူ့လောကက လာတာ မဟုတ်တာ သေချာတယ်။ သေခြင်း၊ ရှင်ခြင်း၊ ပြန်လည်ဝင်စားခြင်းနဲ့ ဆိုင်တဲ့ ပညာရပ်ပဲ၊ ကျေးဇူးပဲ "

ဟု ဆိုသည်။

​ရုတ်တရက် သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

​လီယန်ချူက လက်ယှက်ကာ -

"နောင်တစ်ချိန် ပြန်ဆုံကြတာပေါ့" ဟု ပြောသည်။

​ကျင်ရှန်း၏ သန္ဓေသားမှာ ရွှေကျမ်း၏ စွမ်းအားကြောင့် ဖြည်းညင်းစွာပင် ပြန်လည်ဝင်စားရန် ထွက်ခွာသွားသည်။ ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ပြီးနောက် တစ်ချိန်ချိန်တွင် သူသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ပြန်လည် ရောက်ရှိလာနိုင်ပေလိမ့်မည်။

​လီယန်ချူသည် သူ့ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဒီရွှေအမြုတေခွဲ သန္ဓေသားဖြစ်တဲ့နည်းက တကယ်ပဲ အံ့ဩဖို့ကောင်းတာပဲ။ သန္ဓေသား ဖြစ်သွားရင် နောက်ထပ် အသက်တစ်ခု ထပ်ရသလိုပဲ မဟုတ်လား။ စိတ်ဝိညာဉ် မပျက်စီးသရွေ့ ပြန်ဝင်စားဖို့ အခွင့်အရေး ရှိနေဦးမှာပဲ။"

​ကျင်ရှန်းကတော့ သူ့ခေတ်တုန်းက သူ့ကို အနိုင်ယူနိုင်တဲ့သူ လက်ချိုးရေလို့ရတယ်လို့ ပြောခဲ့သည်။ သို့သော် တကယ့် အစွမ်းကို လီယန်ချူ မသိသော်လည်း သူသည် ကျန်းချောင်ကျုံးထက်တော့ သာမည် မဟုတ်ဟု ထင်သည်။

​"ကျင်ရှန်းဆိုတဲ့ နာမည်က တကယ်ပဲ ကံကောင်းတဲ့ နာမည်လေးပဲ"

လီယန်ချူ ခေါင်းခါရင်း ရယ်မောလိုက်သည်။

​ဝိုင်သောက်ရင်း သူတို့နှစ်ယောက်သား ပညာရပ်များကို လက်ဆင့်ကမ်းခဲ့ကြသည်။ မဟာလမ်းစဉ်၏ ပညာရပ်မှာ စကားလုံး အနည်းငယ်သာ ရှိသော်လည်း နက်နဲလှသည်။ လရောင်အောက်တွင် ဝိုင်သောက်ရင်း စကားပြောခဲ့သူမှာ ပြန်လည်ဝင်စားသွားပြီ ဖြစ်သဖြင့် လီယန်ချူတစ်ယောက်တည်းသာ ထိုအထီးကျန်မှုကို ခံစားနေရသည်။

​"ဒီည ဝိုင်မူးပြီး ဘယ်မှာ နိုးထမှာလဲ။ ရေပြင်ဘေး၊ လရောင်အောက်မှာပေါ့"

လီယန်ချူ သက်ပြင်းချလိုက်သည်။

​သူသည် ဝိုင်အိုးထဲမှ ဝိုင်ကို တစ်စက်မကျန် မော့သောက်လိုက်သည်။ လရောင်အောက်တွင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် လွတ်လပ်ပေါ့ပါးစွာ ကျန်ရစ်ခဲ့သည်။

​ထိုညတွင် လီယန်ချူသည် ရွှေအမြုကို ပြုပြင်ရင်း သန္ဓေသား ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

​......

​နောက်တစ်နေ့၊ နေရောင်ခြည် တက်လာသောအခါတွင် လီယန်ချူမှာ လန်းဆန်းနေသည်။ သူသည် ကိုယ်ခန္ဓာကို ပြန်စစ်ဆေးကြည့်လိုက်ရာ ဒန်ထျန်း ထဲတွင် သန္ဓေသားတစ်ကောင် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သန္ဓေသားမှာ ကလေးပုံစံ မဟုတ်ဘဲ သူ၏ ပုံစံအတိုင်းပင် ဖြစ်သည်။ ပို၍ နတ်စွမ်းအားနှင့် ပြည့်စုံကာ ထိုင်နေသည်။

​ကျင်ရှန်း သင်ပေးသော ဤပညာရပ်မှာ အလွန်ပင် အစွမ်းထက်လှသည်။ သူသာ တစ်ဖန် ပြန်လည်သေဆုံးသွားပါက ဤ သန္ဓေသားဖြင့် နောက်တစ်ကြိမ် ပြန်လည်ဝင်စားနိုင်သေးသည်။ ကျင့်ကြံသူတို့အတွက် ဤနည်းလမ်းမှာ အလွန်ပင် ကောင်းမွန်လှသည်။

​ထိုတောင်တွင် ဆေးမြစ်များ၊ ရှုခင်းများစွာ ရှိသည်။ လီယန်ချူသည် ပျံသန်းခြင်းမျိုး မပြုလုပ်ဘဲ ခြေလျင်ဖြင့်သာ လျှောက်လှမ်းသည်။ ဤသို့လျှောက်လှမ်းခြင်းကသာ ရှုခင်းများကို ကောင်းစွာ မြင်တွေ့နိုင်သည်။

​ရက်အနည်းငယ် ခရီးနှင်ပြီးနောက် သူ၏ စိတ်မှာ ပိုမို တည်ငြိမ်လာသည်။ ရော်ဖူတောင် ဘိုးဘေး၏ဓားမှာလည်း နေ့စဉ်နှင့်အမျှ သံချေးများ ကွာကျလာသည်။ ကျင်ရှန်း ပြောသည့်အတိုင်း ဤဓားသည် နတ်ဓားအစစ် ဖြစ်သည်။

​"အဲဒီ ပထမဆုံး ဘိုးဘေးက ဘာတွေများ ကြုံတွေ့ခဲ့လို့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ နတ်ဓားက ဒီပုံစံ ဖြစ်သွားရတာလဲ"

လီယန်ချူ တွေးလိုက်မိသည်။

​သူ ရရှိထားသော ကျောက်တိုင်ကြီးထဲမှ ဓားပညာမှာမူ ယခုထိ ဘာမှ မသိရသေးပေ။ သူသည် ရော်ဖူတောင်ကို နောက်တစ်ခေါက် ပြန်သွားရန် စိတ်ကူးလိုက်သည်။

​ဓားပေါ်မှ သံချေးများ ကွာကျသွားသောအခါ ဓားကိုယ်ပေါ်တွင် စာလုံးနှစ်လုံး ထင်ရှားလာသည်ကို သူ တွေ့လိုက်ရသည်။

​"ကျွယ်ရှန်း"

​"ကျွယ်ရှန်းဓားပါလား။ ဒါဆိုရင် ကျန်တဲ့ဓားတွေကလည်း ရှိဦးမှာပေါ့"

လီယန်ချူ ရေရွတ်လိုက်သည်။

​သူသည် ဤဓားကို မျိုးစုံ စမ်းသပ်ကြည့်သည်။ မီးဖြင့် အချိန်ကြာမြင့်စွာ စမ်းသပ်သော်လည်း ဘာမှ မဖြစ်ပေ။ ဤသည်ကပင် ဓား၏ အစွမ်းထက်ပုံကို ပြသနေသည်။ ဓား၏ စွမ်းအင်များ တောက်ပလာသောအခါ ဓားကိုယ်မှ အသံမြည်လာပြီး လေထုမှာပင် တုန်ခါသွားသည်။

​နောက်ဆုံးတွင် ဓားကိုယ်ပေါ်မှ သံချေးများ အကုန် ကွာကျသွားပြီး တကယ့် နတ်ဓားအစစ် ဖြစ်လာသည်။ လီယန်ချူသည် ဓားကို ကိုင်ကြည့်လိုက်ရာ ၎င်း၏ ပိုင်ရှင်ဖြစ်ကြောင်း အမှတ်အသားပြုလိုက်သည်။

​"အံ့ဩစရာပဲ၊ အရင်က သံချေးတွေ ဖုံးနေတာတောင် ငါ မသိခဲ့ဘူး။ အခုမှပဲ တကယ့် နတ်ဓားမှန်း သိတော့တယ်"

လီယန်ချူမှာ အလွန်ပင် ဝမ်းမြောက်သွားသည်။

​ဤသည်ကား သူ၏ အကြီးမားဆုံးသော ကံကြမ္မာတစ်ခု ဖြစ်ပေလိမ့်မည်။

​အခန်း ၁၁၉၂ မန်ဂျူရှာဟွာ

​ရော်ဖူတောင်။

​မူလက ထိုနေရာသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း တည်ရှိခဲ့သည်။ နောက်ပိုင်းတွင် ကောင်းကင်နှင့်မြေကြီးတို့ အကြီးအကျယ် ပြောင်းလဲသွားပြီးနောက် ကျင့်ကြံခြင်းဆိုင်ရာ နယ်မြေအားလုံးမှာ ကမ္ဘာလောကကြီးထဲသို့ ပေါ်ထွက်လာခဲ့ရာ ဤနေရာလည်း လူ့လောကထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

​သို့သော် ယခုအခါ ရော်ဖူတောင်ရှိ ကျင့်ကြံသူအနည်းငယ်မှာမူ အကုန်အစင် ထွက်ခွာသွားကြပြီဖြစ်သည်။

​တောင်ပေါ်ရှိ ကျမ်းစာများကိုလည်း သိမ်းဆည်းလိုက်ကြပြီး၊ ဤနေရာတွင်မူ အဆောက်အဦးဟောင်းအချို့သာ ကျန်ရစ်ခဲ့သည်။

​တည်ငြိမ်သော အရှိန်အဝါရှိသည့် ထိုလူငယ်ဂိုဏ်းချုပ် ရှဲ့ချင်းဝမ်သည် နောက်ဆုံး၌ ရော်ဖူတောင်ကို ပြန်လည်မထူထောင်နိုင်ခဲ့ပေ။

​ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသောအခါ သူမသည် အထက်ဘုံသို့ တက်လှမ်းသွားခဲ့သည်။

​ရော်ဖူတောင်၏ ဝိညာဉ်စွမ်းအင်မှာ ကြွယ်ဝလှသည်။ ထို့ကြောင့် အလွန်မြင့်မားသော ကျင့်စဉ်ရှိသူများ ဤနေရာသို့ ရောက်လာပါက ခမ်းနားလှသည့် နန်းဆောင်များမှာ ဗလာနတ္တိဖြစ်နေပြီး ပြင်ပအရာဝတ္ထု တစ်စုံတစ်ရာမျှ မရှိတော့သည်ကို ခန့်မှန်းမိကြလိမ့်မည်။

​ယခုအခါ ရော်ဖူတောင်တွင်မူ အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးနှင့် မာန်ဟုန်ပြင်းသည့် အရှိန်အဝါရှိသော တာအိုဆရာတစ်ဦး ရှိနေသည်။

​ဤသူနှစ်ဦးသည် ရော်ဖူတောင်ရှိ မည်သည့်အစွမ်းထက်သည့် အစီရင်တားဆီးမှုများနှင့် ပုံရိပ်ယောင်များကမျှ သူတို့ကို မချုပ်နှောင်ထားနိုင်ပေ။ ဖုံးကွယ်ထားသော လှည့်ကွက်များမှာလည်း သူတို့အတွက် အသုံးမဝင်ချေ။

​သူတို့နှစ်ဦးသည် ရော်ဖူတောင်တစ်ခွင် လိုက်လံရှာဖွေရာ ကြီးမားလှသည့် "ဓားလမ်းစဉ်ကျောက်တိုင်" ကို တွေ့ရှိခဲ့ကြသည်။ ထိုကျောက်တိုင်ထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် "ချင်းထျန်းဓားကျင့်စဉ်" ရှိပြီး အလွန်ပင် နက်နဲလှသည်။

​ဟုတ်ပေသည်၊ ချင်းထျန်းဓားကျင့်စဉ်ထက် ပိုမိုအားကောင်းသည့် လျှို့ဝှက်ဓားကျင့်စဉ်မှာမူ လီယန်ချူ ထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​ပိုတိတိကျကျ ပြောရလျှင်… လီယန်ချူနှင့်အတူ ပါသွားခဲ့ပြီဖြစ်သည်။

​ထိုအဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာမူ ဂုဏ်သရေရှိလှသော ချူဟယ် ပင် ဖြစ်သည်။

​သူသည် ဤနေရာသို့ ရောက်ရှိလာပြီး ဓားကျောက်တိုင်ရှေ့တွင် အချိန်အတော်ကြာ အာရုံခံလိုက်ရာမှ ချင်းထျန်းဓားကျင့်စဉ်ကို နားလည်သဘောပေါက်သွားသည်။

​သူ၏ အရည်အချင်းမှာ တကယ်ပင် ထူးချွန်လှသည်။

​"အလွန်အစွမ်းထက်တဲ့ ဓားကျင့်စဉ်ပဲ။ ရော်ဖူတောင်ကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးဟာ တကယ်ကို ထူးချွန်ပြောင်မြောက်သူပဲ။"

​သူ့ကဲ့သို့ အရည်အချင်းရှိသူအတွက် ဤကျင့်စဉ်ကို နားလည်ဖို့မှာ ခက်ခဲသည့်အလုပ် မဟုတ်ပေ။

​တာအိုဆရာကလည်း ထိုနေရာတွင် တရားမှတ်ရင်း ချင်းထျန်းဓားကျင့်စဉ်ကို နားလည်သဘောပေါက်သွားသည်။

​"တကယ်ကို ထူးခြားတဲ့ အချက်တွေ ရှိသားပဲ။ 'ချင်းထျန်း' ကို လမ်းစဉ်အဖြစ် သတ်မှတ်ထားတာက အလွန်ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ပုံစံပဲ။"

​သူတို့နှစ်ဦးသည် ဓားလမ်းစဉ် ထာဝရထွန်းတောက်ပါစေဟု ရေးသားထားသည့် ကျောက်တိုင်ကို ကြည့်ရင်း ကိုယ်ပိုင်အမြင်များကို ပြောဆိုနေကြသည်။

​ဝမ်တောက်ရန်သည် ကျင့်ကြံခြင်းစွမ်းအား အလွန်ပင် မြင့်မားသည်။ သူသည် အနောက်ဘက်ဒေသ၏ အစွမ်းထက်ဆုံး နတ်ဘုရားဖြစ်သလို၊ ထိုင်ရွှမ်ဂိုဏ်း၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ဂိုဏ်းချုပ်လည်း ဖြစ်ရာ ထူးခြားသော စွမ်းအားများစွာကို ပိုင်ဆိုင်ထားသည်။

​အချိန်ကြာပြီးနောက် ချူဟယ်က သက်ပြင်းချလိုက်သည်။

"ငါ နားလည်သဘောပေါက်တဲ့အချိန်တုန်းက ကြားဖူးတာက ရော်ဖူတောင်ဟာ သေးငယ်ပေမဲ့ အဲဒီထဲမှာ အဖိုးတန်ပစ္စည်း နှစ်မျိုးရှိတယ်၊ အဲဒါတွေက အလွန်ကြီးမားတဲ့ အခွင့်အရေးတွေပဲ။ အခုတော့ တစ်ခုမှ ရှာမတွေ့တော့ဘူး။"

​ဝမ်တောက်ရန်က စိတ်ဝင်တစားဖြင့် မေးသည်။

"ဘယ်လို အခွင့်အရေး နှစ်မျိုးလဲ"

​ချူဟယ်က ပြောလိုက်သည်။

"တစ်ခုက ဓားကျင့်စဉ်၊ တစ်ခုက နတ်ဓားပဲ။"

​"ဓားကျင့်စဉ်လား။"

ဝမ်တောက်ရန်က အံ့ဩစွာ ပြောသည်။

"ဒီရော်ဖူတောင်ဟာ ဓားလမ်းစဉ်ကို အမွေဆက်ခံတဲ့နေရာ မဟုတ်ဘူးလား။"

​ယခု သူတို့နှစ်ဦးရှေ့တွင်

"ဓားလမ်းစဉ် ထာဝရထွန်းတောက်ပါစေ" ဟု ရေးထိုးထားသည့် ကျောက်တိုင်ကြီး ရှိနေသည်။

​"ဟုတ်တယ်၊ အဲဒါက ဓားကျင့်စဉ် တစ်ခုပဲ။ ကြားဖူးတာတော့ အဲဒီကျင့်စဉ်ကို ကျင့်နိုင်ရင် လူ၊ နတ်၊ တစ္ဆေ၊ မိစ္ဆာ ဘာမဆို ဓားနဲ့မခုတ်နိုင်တာ မရှိဘူးတဲ့။"

​"ဒါက ရော်ဖူတောင်ရဲ့ အမွေတော့ မဟုတ်ဘူး၊နတ်ဘုရား လောကကနေ ဆင်းသက်လာတာ။ အထက်လောကရဲ့ အမွေတွေ ဘာလို့ အောက်လောကအထိ ရောက်လာသလဲဆိုတာ ငါလည်း အံ့ဩမိတယ်။ ဆရာကလည်း အဲဒီဓားကျင့်စဉ်ကို အလွန်ချီးကျူးခဲ့တယ်။"

ဝမ်တောက်ရန်သည် ထိုစကားကို ကြားပြီးနောက် ပို၍ပင် အံ့ဩသွားသည်။

​သူ့စိတ်ထဲတွင် အံ့ဩမှုမှာ ပိုမိုပြင်းထန်လာသည်။

​"ရော်ဖူတောင်ထဲမှာ ဒီလို အမွေမျိုးတွေ ဝှက်ထားတာပဲ"

​သူသည် လေကို အားရပါးရ ရှူသွင်းလိုက်ပြီးနောက် ဆက်မေးသည်။

"အဲဒီဓားကရော။"

​ချူဟယ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောသည်။

"ကျွယ်ရှန်း နတ်ဓားအတု။ အဲဒါက လူသတ်လက်နက်ကြီးပဲ။ နာမည်ကို ကြားလိုက်တာနဲ့ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သိနိုင်တယ်။ အတုဆိုပေမဲ့ ဒဏ္ဍာရီတွေအရတော့ တကယ့် ကျွယ်ရှန်း ဓားရဲ့ စိတ်စွမ်းအင်အနည်းငယ် ပါဝင်နေတယ်လို့ ဆိုကြတယ်။"

​ဝမ်တောက်ရန်ကမူ ကျွယ်ရှန်း ဓား၏ နာမည်ကို မကြားဖူးသော်လည်း ကြောက်စရာကောင်းမှန်းတော့ ခံစားမိသည်။

​သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ဒီကန်ယွမ် ထဲမှာ ဒီလောက်တောင် အဖိုးတန်တဲ့ အရာတွေ ဝှက်ထားတာပဲ။"

​ချူဟယ်က သက်ပြင်းချသည်။

"ဘယ်သူကမှ ဒီလိုမျိုး ဖြစ်မယ်လို့ မထင်ထားဘူး။ ကံမကောင်းတာက ဘယ်သူ ရှာတွေ့သွားလဲ မသိရဘူး၊ တကယ်ကို နှမြောစရာပဲ။"

​အမြဲတမ်း တည်ငြိမ်အေးဆေးနေသည့် ဤအဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် အလွန်အသိဉာဏ်ရှိသူ ဖြစ်သော်လည်း ယခုမူ ရှားရှားပါးပါး စိတ်ပျက်နေသည့်ပုံ ပေါ်နေသည်။

​အလွန်အမင်း နှမြောတသနေခြင်းကို တွေ့နိုင်သည်။

​ရုတ်တရက် ထိုလူငယ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဝမ်တောက်ရန်လည်း ထိုအတိုင်းပင် လုပ်လိုက်သည်။

​ကောင်းကင်တွင် တိမ်တိုက်များကို စီးနင်းလျက် လူတစ်စု ပျံသန်းလာကြသည်။ ဦးဆောင်သူမှာ အေးစက်သော အသွင်ရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တွင် သံချပ်ကာ ဝတ်ဆင်ထားရာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

​သူ့ဘေးတွင် လူသုံးဦး ရပ်နေသည်။ တစ်ဦးမှာ လွန်စွာ ခန့်ညားပြီး သန်မာလှသည့် အမျိုးသားတစ်ဦးဖြစ်သည်။

​နောက်ထပ်ကြည့်လိုက်ရာ အခြားသူများမှာ အသက်ငယ်ရွယ်သော်လည်း အလွန်ပင် စွမ်းအားကြီးမားကြသည်။

​ချူဟယ်သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရဝမ်တောက်ရန်နှင့် အကြည့်ချင်းဆုံလိုက်သည်။

"ကောင်းကင်လူသားတွေ အောက်လောကကို ဆင်းလာကြတာလား။"

​သူတို့နှစ်ဦး အနည်းငယ် အံ့ဩသွားသည်။

​"ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေ ပြောင်းလဲသွားလို့လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က မနေနိုင်တော့ဘဲ ကြားဝင်စွက်ဖက်တာလား။"

အဖြူရောင်ဝတ်ရုံနှင့် ချူဟယ်က တိုးတိုးလေး ပြောလိုက်သည်။

​"ကောင်းကင်လူသားတွေက ရက်စက်တတ်တယ်။ ကမ္ဘာအနှံ့ စစ်ခင်းနေတာ။ ဒီတစ်ခါ ဒီလောက်အစွမ်းထက်တဲ့သူတွေကို စေလွှတ်တာဟာ ရန်သူရှာတာ မဟုတ်ရင် ပစ္စည်းလုဖို့ပဲ ဖြစ်ရမယ်။"

ဝမ်တောက်ရန်က ပြောသည်။

​"ကန်ယွမ် ဆိုတဲ့ ဒီနေရာကို မျက်စိကျနေတဲ့သူတွေ အများကြီးပဲ။ ငါ ကောင်းကင်လူသားတွေကို အောက်လောကအထိ လမ်းပြပေးစရာ မလိုတော့ဘူးနဲ့ တူတယ်။"

ချူဟယ်က အေးစက်စက် ပြုံးလိုက်သည်။

​ဝမ်တောက်ရန်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ချူအရှင်၊ ကျွန်တော်တို့ သူတို့နောက်ကို လိုက်ကြည့်ရအောင်လား။"

​"ကောင်းပြီ၊ ပစ္စည်းလုတာလား၊ ရန်ရှာတာလား လိုက်ကြည့်ကြတာပေါ့။"

ချူဟယ်က ပြောလိုက်သည်။

​………………

​ကူဟန် တောင်။

​ဤတောင်၏ တောင်ထိပ်မှာမူ တိမ်တိုက်များကို ထိုးဖောက်နေသည်။ ဗုဒ္ဓဘာသာကျောင်းတော် အပျက်အစီးအချို့ ရှိနေပြီး ယခုခေတ် ရုပ်ပွားတော်များနှင့် မတူညီသော ဝတ်စားဆင်ယင်မှုများကို တွေ့ရသည်။

​ထို့အပြင် တာအိုကျောင်း အချို့လည်း ရှိသေးသည်။

​သို့သော် ဤနေရာတွင်မူ မှောင်မိုက်သည့် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေပြီး မိစ္ဆာအစစ် သုံးဦးသည် ဤနေရာတွင် ခိုအောင်းနေကြသည်။

​အလယ်တွင်ရှိသော မိစ္ဆာမှာ ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိပြီး မျက်နှာလေးခုမှာ ရွှင်လန်းခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ဟူသော အမူအရာများကို ပြသနေသည်။

​လက်ရှစ်ချောင်းတွင် လက်နက်များ ကိုင်ဆောင်ထားရာ တစ်ခုမှာ မျက်လုံးတစ်လုံး ဖြစ်သည်။

​မိစ္ဆာတစ်ဦးမှာမူ ရုပ်ဆိုးလှပြီး တစ်ဝက်မှာ လူ၊ တစ်ဝက်မှာ ကျား ဖြစ်ကာ နွားမြီးပါရှိသည်။ မျက်လုံးတစ်လုံးတည်းသာ ရှိပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အသွင်ရှိသည်။

​နောက်တစ်ဦးမှာမူ လူသားတစ်ဦးနှင့် တူသည်။ ခန္ဓာကိုယ် ပိုမိုသန်မာပြီး သာမန်လူထက် အရပ်ပိုရှည်သည်။ မျက်နှာမှာ ထက်မြက်ပြီး နက်နဲသော အသွင်ရှိသည်။

​သူသည် ရင်ခွင်ထဲတွင် ဓားရှည်တစ်လက်ကို ပွေ့ဖက်ထားသည်။ ထိုဓားမှာ အဝါရောင်တောက်တောက်ဖြစ်ပြီး အလွန်ထူးခြားလှသည်။

​ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာက ဖြည်းညင်းစွာ ပြောသည်။

"ဒီ မန်ဂျူရှာဟွာ ပန်းပွင့်ဟာ စွမ်းအင်တွေနဲ့ ပြည့်နေပြီ၊ တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ရင့်ကျက်တော့မယ်။ အဲဒီကျရင် အားလုံး ခွဲဝေယူကြမယ်။ ပြီးရင် လူ့လောကမှာ အသက်သွေးတွေကို လုယူကြမယ်၊ တစ်ယောက်နဲ့ တစ်ယောက် မစွက်ဖက်ရဘူး။"

​တစ်ဝက်လူ၊ တစ်ဝက်ကျား ဖြစ်ပြီး နွားမြီးပါသည့် မိစ္ဆာက သူ၏ လက်သည်းများဖြင့် ကျောက်တုံးကို လက်ဖြင့် ညှစ်ခြေလိုက်ပြီး အော်ဟစ်ကာ ပြောသည်။

"မင်းတို့နှစ်ယောက်တည်း လုယူသွားမှာကို မကြောက်ရင် ငါ တောင်ပေါ်က ဆင်းသွားနှင့်ပြီးပြီ။ ဘာလို့ ဒီနေ့အထိ စောင့်နေရမှာလဲ။"

​ဓားရှည်ကို ပွေ့ဖက်ထားသော အမျိုးသားက အေးစက်စက် ပြုံးလိုက်ပြီး ဘာမှ မပြောပေ။

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာက ကဲ့ရဲ့လိုက်သည်။

"ဒူလော့ မင်းကို အသူရာ လောကကတောင် စွန့်ပစ်လိုက်ပြီ၊ ဘာလို့ ဒီလောက် လုပ်ပြနေရတာလဲ "

​ထိုအမျိုးသားက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အေးဆေးစွာ ပြောသည်။

"မင်းက ဒီလောက်တောင် စိတ်မရှည်ရင် ဘယ်လိုလုပ် အလုပ်ကြီးတွေ လုပ်နိုင်မှာလဲ။"

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာက ဟိန်းဟောက်သည်။

"မင်း ဘာပြောလိုက်တာလဲ "

​ဓားရှည်ကို ပွေ့ဖက်ထားသည့် ဒူလော့ သည် မိစ္ဆာလောကသို့ အတူတူ ဝင်ရောက်တိုက်ခိုက်စဉ်က လီယန်ချူနှင့် တိုက်ခိုက်ဖူးသည်။

​လီယန်ချူ၏ ကြာပန်းစိမ်း အလံ စွမ်းအားကို မြင်တွေ့ပြီးနောက် နောက်ဆုံးတွင် တိုက်မနေဘဲ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

​ယခုမူ သူသည် အခွင့်အရေးအချို့ ထပ်ရရှိထားရာ သူ၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာခဲ့သည်။

​ထိုစကားကို ကြားပြီးနောက် သူက အေးဆေးစွာသာ ပြောသည်။

"မင်း မေ့သွားပြီလား၊ အဲဒီ လီယန်ချူဆိုတဲ့ လူငယ်တာအိုဆရာက လူ့လောကမှာပဲ ရှိသေးတယ်။ မင်းက လူတွေကို အများကြီး သတ်ဖြတ်နေရင် သူက မင်းခေါင်းကို မဖြတ်လိုက်မှာကို မကြောက်ဘူးလား။"

​" တိတ်တိတ်ကလေးပဲ လုပ်ရမှာပေါ့ဟ ။"

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာက ရယ်မောသည်။

"မင်း သူနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက သူ ရိုက်တာ ခံရပြီး အတော်လေး အထိနာခဲ့တာပဲ။ မင်းရဲ့ သတ္တိတွေကို သူ ဖျက်ဆီးလိုက်တာပဲ ဖြစ်မယ် "

​ဒူလော့ ၏ မျက်နှာမှာ မှောင်မိုက်သွားသည်။

"မင်းက ငါ့ရဲ့ဓား ဘယ်လောက် ထက်မြက်လဲ စမ်းကြည့်ချင်တာလား။"

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာက ဟိန်းဟောက်လိုက်သည်။ သူ၏ နောက်ကျောမှ အရေပြားများ ကွဲအက်သွားပြီး အနက်ရောင် ဓားတိုတစ်လက် ထွက်ပေါ်လာသည်။ အလျားမှာ နှစ်ပေသာ ရှိသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသည်။

​"ငါ့ဓားကလည်း မထက်မြက်ဘဲ မနေဘူး "

​သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

​ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာက မျက်နှာတစ်ခုတွင် ပျော်ရွှင်သည့် အမူအရာဖြင့် ရယ်မောသည်။

"မင်းတို့နှစ်ယောက် တိုက်လိုက်ကြပါလား။ ရှုံးတဲ့သူက ဒီ မန်ဂျူရှာဟွာကို ပြိုင်ဆိုင်ခွင့် မရှိဘူး။"

​နောက်ထပ် မျက်နှာတစ်ခုက ဒေါသဖြင့် ပြောသည်။

"ဟုတ်တယ်၊ တိုက်ကြပါလား၊ ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ "

​မိစ္ဆာကြီး သုံးဦးမှာ ကိုယ်စီ အကြံအစည်များ ရှိနေကြသည်။

​ထိုစကားကို ကြားပြီးနောက် တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာနှင့် ဓားရှည်ပွေ့ဖက်ထားသည့် ဒူလော့ တို့မှာမူ အရှိန်အဝါများကို ပြန်လည် ထိန်းချုပ်လိုက်ကြပြီး ရယ်မောလိုက်ကြသည်။

​ဤ မန်ဂျူရှာဟွာ ပန်းပွင့်မှာ နတ် ဆေးတစ်လက်ဖြစ်ပြီး အလွန်ထူးခြားလှရာ သူတို့အတွက် အလွန် အာဟာရဖြစ်စေသည်။

​သုံးဦးစလုံးမှာ ဤပန်းကို စောင့်ကြပ်နေကြပြီး တောင်အောက်ကိုပင် မဆင်းကြပေ။

​သူတို့၏ တပ်သားများမှာလည်း တောင်တစ်ခွင်လုံးတွင် ရှိနေပြီး မိစ္ဆာများမှာ တစ်နေရာစီတွင် ဝိုင်းဝန်း စောင့်ကြည့်နေကြသည်။

​ဤကာလအတွင်း မိစ္ဆာလောကတွင် အကြီးအကျယ် ဖြစ်ပျက်ခဲ့သည်။ ကောင်းကင်မိစ္ဆာ ခေါင်းဆောင် ပျောက်ကွယ်သွားပုံရသည်။

​သူ့လက်အောက်ငယ်သားများ ပြောသည်မှာ ကောင်းကင်မိစ္ဆာ ခေါင်းဆောင်သည် နန်းတော်၏ ရတနာ ဟွန်ယွမ်ထီး ကို ယူပြီး လူ့လောကသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

​နောက်ပိုင်းတွင်မူ သူ၏ အရိပ်အယောင် ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီဟု ယူဆရသည်။

​ဆက်တိုက် ဆိုသလိုပင် ကောင်းကင်မိစ္ဆာ ခေါင်းဆောင် နှစ်ဆက်စလုံး မတော်တဆ ဖြစ်ခဲ့ကြသဖြင့် ကောင်းကင်မိစ္ဆာနန်းတော်မှာ မိစ္ဆာလောကတွင် ကံဆိုးသည့် နေရာဟု သတ်မှတ်ခံထားရသည်။

​လွန်စွာ ကံဆိုးလှသည်။

​ထို့အပြင် နဂါးချုပ်တွင်း မှ အရာကြီးမှာ လွတ်မြောက်လာပြီး မိစ္ဆာအမြောက်အမြားကို စားသောက်ခဲ့သည်။ မိစ္ဆာအစစ် သုံးဦးတောင် ပါသွားခဲ့သည်။

​သူတို့သည်လည်း ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး လူ့လောကသို့ ရောက်ရှိသွားသည်ဟု ဆိုသည်။

​သူတို့ သုံးဦးမှာမူ ထိုအက်ကြောင်းအတိုင်း လိုက်ပါလာပြီး သူတို့၏ လူများကို ခေါ်ဆောင်လာခဲ့ရာ အခြားသူများကို မအံ့ဩစေခဲ့ပေ။

​သုံးဦးစလုံး ကူဟန် တောင်သို့ ရောက်ရှိလာပြီးနောက် မန်ဂျူရှာဟွာ၏ အငွေ့အသက်ကို ခံစားမိခဲ့သည်။ သူတို့ ရှာတွေ့ခဲ့ကြပြီးနောက်တွင်မူ ရင့်ကျက်လာသည်အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

​ဒူလော့ သည် မိမိကိုယ်ကိုယ် အလွန် အစွမ်းထက်သူဟု ထင်မှတ်ထားသော်လည်း အသူရာ လောကမှာ လူကို စားသောက်လေ့ရှိပြီး မိစ္ဆာလမ်းစဉ်သို့ ရောက်သွားပြီးနောက် ပို၍ပင် ဆိုးရွားလာသည်။

​သူသည် မူလက အဆင့် ၆ မိစ္ဆာအစစ် တစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မိစ္ဆာလောကရှိ ရှေးဟောင်းနေရာတစ်ခုတွင် အခွင့်အရေး ရရှိခဲ့ပြီး ကျင့်စဉ်များကို သင်ယူခဲ့ရာ အဆင့်မှာ အလွန်ပင် မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

​ယခုအခါ အခြား မိစ္ဆာအစစ် နှစ်ဦးကို ကြည့်ရင်း စိတ်ထဲတွင် ရယ်မောနေသည်။

"မန်ဂျူရှာဟွာ ရင့်ကျက်တဲ့အခါ မင်းတို့ နှစ်ယောက်လုံးကို သတ်ပစ်မယ် "

​အသူရာ လောကရှိ အမျိုးသမီးများမှာ အလွန် လှပပြီး အမျိုးသားများမှာမူ တိုက်ခိုက်ရတာကို နှစ်သက်သည်။

​ဒူလော့ ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာ တိုက်ခိုက်ခြင်းကို အလွန် နှစ်သက်သည်။

​ထိုလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ပြီးနောက် သူသည် ထိုနှစ်ဦးကို လုံးဝ မကြောက်ရွံ့တော့ပေ။

​အခြားနှစ်ဦးကမူ ဒူလော့ ၏ အဆင့်မှာ မြင့်တက်လာသော်လည်း ကန့်သတ်ချက် ရှိသေးသည်ဟု ထင်မှတ်နေကြသည်။

​သို့သော် သူ၏ ထျန်းရှဲ့ ဓား၏ ကြောက်မက်ဖွယ် ကောင်းပုံကိုမူ ကြောက်ရွံ့နေကြသည်။ အဲဒါက ရှေးခေတ် ရက်စက်ကြမ်းကြုတ်တဲ့ ဓားပဲ။

​သူတို့ စကားပြောနေစဉ်မှာပင် မန်ဂျူရှာဟွာသည် ရုတ်တရက် ရောင်ခြည်များ တောက်ပလာပြီး အလင်းရောင်များ အလွန်ပင် အားကောင်းလာသည်။

​"ဒီနတ်ဆေး ရင့်ကျက်တော့မယ် "

​တစ်ဝက်လူ၊ တစ်ဝက်ကျား ဖြစ်သည့် မိစ္ဆာက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။

​တစ်ခဏချင်းတွင်ပင် သုံးဦးစလုံး၏ အကြည့်မှာ ထို မန်ဂျူရှာဟွာ ပန်းပွင့်ပေါ်တွင် စုစည်းသွားသည်။

​လည်ချောင်းများ တဆတ်ဆတ် တုန်ခါနေပြီး မျက်လုံးထဲတွင် လောဘဇောများ ပေါ်လွင်နေသည်။

​ဤ မန်ဂျူရှာဟွာမှာ သူတို့ သုံးဦးစလုံးကို ခွဲဝေပေးမည်ဟု ကတိပြုထားသော်လည်း၊

​တကယ်ပင် ရင့်ကျက်လာသည့်အခါတွင်မူ မိစ္ဆာကြီး သုံးဦးစလုံးမှာ မျက်လုံးတွင် ရက်စက်မှုများ ပေါ်လာတော့သည်။

​"သတ်"

​မည်သူ အော်လိုက်သည် မသိ၊ တောင်တစ်ခွင်လုံးရှိ မိစ္ဆာများမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြတော့သည်။ သွေးဆာပြီး အရူးအမူးဖြစ်နေသည့် အငွေ့အသက်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

​မိစ္ဆာကြီး သုံးဦးမှာလည်း တိုက်ခိုက်နေကြသည်။

​သို့သော် သူတို့သုံးဦးမှာ အလွန်ပင် ညီညွတ်စွာဖြင့် ထိုပန်းပွင့်ကို မထိခိုက်စေရန်အတွက် တိမ်ပင်လယ်အထက်တွင် တိုက်ခိုက်ကြသည်။

​ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာမှာ အလွန်ပင် စွမ်းအားကြီးမားသည်။ သူ၏ လက်နက်များမှာ ပျက်စီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာမှာလည်း လေထဲတွင် ခုန်ပေါက်ပြီး နီးကပ်စွာ တိုက်ခိုက်နေသည်။ သူ၏ ဟိန်းသံမှာ လကိုပင် တုန်လှုပ်သွားစေသည့်အထိ အစွမ်းထက်လှသည်။

​မြေပြင်ရှိ မိစ္ဆာအချို့မှာ သူ၏ ဟိန်းသံကို ကြားပြီးနောက် အသည်းနှလုံးများ ကွဲအက်သွားပြီး ခန္ဓာကိုယ်များ ပျက်စီးသွားသည်။

​မူလက အသူရာ လောက၏ နတ်ဘုရား ဖြစ်ခဲ့သည့် ဒူလော့ သည် ထျန်းရှဲ့ ဓားကို ကိုင်ဆောင်ထားပြီး ဓားစွမ်းအင်များမှာ အလွန်ပင် ထက်မြက်လှသည်။

​သူတို့ သုံးဦးထဲတွင် အရှိန်အဝါ အပြင်းထန်ဆုံး ဖြစ်သည်။

​မိစ္ဆာကြီး သုံးဦး တိုက်ခိုက်နေသည်နှင့် တစ်ပြိုင်နက် တစ်တောင်လုံး ရှုပ်ထွေးသွားပြီး တိုက်ခိုက်သံများဖြင့် ပြည့်နှက်နေသည်။

​………………

​အခြားတစ်ဖက်တွင်၊

​လီယန်ချူသည် ကျိုဖုန်းတောင်မှ ထွက်ခွာလာပြီး ထိုအနီရောင် တိမ်တိုက်ကို စီးနင်းကာ တိမ်ပင်လယ်အထက်တွင် ရှိနေသည်။

​သူသည် ရော်ဖူတောင်သို့ သွားရန် ရည်ရွယ်ထားသော်လည်း လမ်းတွင် မိစ္ဆာစွမ်းအင်များ ပြင်းထန်နေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

​"အခု လူ့လောကမှာ ဒီလိုမျိုး မိစ္ဆာစွမ်းအင်တွေ ရှိသေးတယ်ပေါ့။"

​သူသည် ထိုအနီရောင် တိမ်တိုက်ကို စီးနင်းကာ ရောက်ရှိလာပြီးနောက် တောင်တစ်ခွင်လုံး မိစ္ဆာများ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။

​ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ အနည်းငယ် အံ့ဩသွားသည်။ မိစ္ဆာလောကထဲ ရောက်နေသကဲ့သို့ပင် ဖြစ်သည်။

​"မိစ္ဆာလောကထဲက မိစ္ဆာတွေ ဘာလို့ ထွက်လာကြတာလဲ။"

လီယန်ချူ အနည်းငယ် အံ့ဩမိသည်။

​ထိုမျှသာမက တိမ်ပင်လယ်အထက်တွင် မိစ္ဆာကြီး သုံးဦး တိုက်ခိုက်နေသည်ကို သူ မြင်လိုက်ရသည်။

​တစ်ဦးမှာ ဓားကို ကိုင်ဆောင်ထားပြီး အေးစက်သော အသွင်ရှိသည်။

​လီယန်ချူမှာ ထိုသူကို မြင်ဖူးသကဲ့သို့ ခံစားရပြီး သေချာ စဉ်းစားကြည့်လိုက်ရာ သတိရသွားသည်။

​"အရင်က မိစ္ဆာလောကထဲကို ဝင်တိုက်တုန်းက ငါနဲ့ တိုက်ခဲ့တဲ့ ဓားကိုင်အမျိုးသား "

​လီယန်ချူသည် ထိုအမျိုးသား၏ အရှိန်အဝါမှာ အလွန်ပင် အားကောင်းနေပြီး ယခင်ကနှင့် လုံးဝ မတူတော့သည်ကို တွေ့လိုက်ရသည်။

​"ခေတ်ကြီး ပြောင်းလဲနေတာဟာ လူ့လောကအတွက်ပဲ မဟုတ်ဘူး။ မိစ္ဆာလောကမှာလည်း အခွင့်အရေးတွေ ရှိနေတာလား။ မဟုတ်ရင် သူတို့ရဲ့ တိုးတက်မှုက ဘာလို့ ဒီလောက် မြန်နေရတာလဲ။"

​လီယန်ချူသည် ခေါင်းခါလိုက်ပြီး ထိုအနီရောင် တိမ်တိုက်ကို သိမ်းလိုက်သည်။

​ထိုတိမ်တိုက်မှာ ကောင်းသော်လည်း အလွန်ပင် ထင်ရှားလွန်းသည်။

​ယခုအခါ တိမ်ပေါ်တွင် မိစ္ဆာကြီး သုံးဦး တိုက်ခိုက်နေသည်ကို မြင်လိုက်ရပြီး တောင်တွင်မူ ကံကောင်းသည့် အငွေ့အသက်များ တောက်ပနေသည်။

​လီယန်ချူ သေချာကြည့်လိုက်ရာ ပန်းပွင့် တစ်ပွင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​သူကျင့်ကြံနေသည့် ကျမ်းထဲတွင် လက်နက်နှင့် ဆေးဝါးဖော်စပ်နည်းများစွာ ပါဝင်သည်။

​ထိုအထဲတွင် မန်ဂျူရှာဟွာ ဟူသော ပန်းတစ်ပွင့်အကြောင်း ဖော်ပြထားသည်။

​အချို့သော ဗုဒ္ဓနိုင်ငံများတွင်သာ ပေါ်ပေါက်တတ်ပြီး အလွန်ရှားပါးသော နတ်ဆေးဖြစ်သည်။

​လီယန်ချူသည် ယခုခေတ် လူ့လောက၌ ပြောနေသော ဤအကြီးမားဆုံး အခွင့်အရေးအကြောင်းကို သိရှိသည်။

​"တကယ်ကို အခွင့်အရေးပဲ။"

သူ၏ မျက်လုံးများမှာ တောက်ပသွားသည်။

​ကောင်းကင်တွင် မိစ္ဆာကြီး သုံးဦး တိုက်ခိုက်နေသည်ကို သူ ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ခုန်ပျံလိုက်ကာ မိစ္ဆာများကို ရှောင်ကွင်းပြီး မန်ဂျူရှာဟွာ ရှေ့သို့ ရောက်ရှိလာသည်။

​လက်ထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီးနောက် အဖြူရောင် ကျောက်စိမ်းပုလင်းကြီး ပေါ်လာသည်။ ပုလင်းဝမှ ထူးခြားသည့် စွမ်းအားဖြင့် ဤ မန်ဂျူရှာဟွာကို တိုက်ရိုက် စုပ်ယူလိုက်သည်။

​သူသည် အစီရင်စာလုံးများကို အသုံးပြုသည့် နည်းလမ်းကို တတ်မြောက်ပြီးနောက် ဤရတနာကို ပို၍ပင် လွယ်ကူစွာ အသုံးပြုနိုင်လာသည်။

​မိစ္ဆာကြီး သုံးဦးမှာ တိမ်ပင်လယ်အထက်တွင် တိုက်ခိုက်နေကြပြီး သူတို့၏ အာရုံကို ဤ မန်ဂျူရှာဟွာ ပေါ်တွင်သာ စူးစိုက်ထားကြသည်။

​မည်သူမျှ မထင်မှတ်ထားသည့်အတိုင်း လူငယ်တာအိုဆရာတစ်ဦး ရုတ်တရက် ရောက်လာပြီး အဖြူရောင် ကျောက်စိမ်းပုလင်းဖြင့် ထိုဆေးပန်းကို ယူသွားသည်။

​သူ၏ လုပ်ဆောင်ချက်မှာ အလွန်ပင် လျင်မြန်ပြီး သန့်စင်လှသည်။

​သုံးဦးစလုံးမှာ ဒေါသထွက်သွားသည်။ အေးစက်သော အသွင်ရှိသည့် ဒူလော့ သည် ထျန်းရှဲ့ ဓားကို ကိုင်ကာ မျက်လုံးများမှာ အနီရောင် ဖြစ်သွားသည်။

​သို့သော် အောက်တွင် ရှိနေသည့် လူငယ်တာအိုဆရာကို မြင်လိုက်ရသောအခါ သူ အနည်းငယ် ပြန်လည် သတိဝင်လာသည်။

​"ဘယ်က ရောက်လာတဲ့ ကောင်လဲ။ ကောင်းကင်နဲ့ မြေကြီးကို မသိတဲ့ကောင်၊ သတ်ပစ်လိုက် "

​"နတ်ဆေးကို ငါ့ဆီ ချန်ထားခဲ့ "

​သူသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အော်ဟစ်လိုက်သည်။

​မျက်နှာလေးခု၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာနှင့် တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာတို့မှာ ချက်ချင်းပင် တိုက်ခိုက်ရန် ဆင်းလာကြသည်။

​သုံးဦးထဲတွင် ဒူလော့ သာလျှင် လီယန်ချူကို မြင်ဖူးသည်။

​ထိုအချိန်က လီယန်ချူ၏ စွမ်းအားမှာ အလွန် မမြင့်မားသေးသော်လည်း လက်ထဲရှိ နတ်လက်နက်မှာ အလွန်ပင် အစွမ်းထက်လှသည်။

​ဒူလော့ သည် ဟိန်းဟောက်လိုက်သော်လည်း လေထဲတွင်သာ ရပ်နေပြီး မတိုက်ခိုက်သေးပေ။

​သူသည် ဤလူငယ်တာအိုဆရာ၏ လက်ရှိ စွမ်းရည်ကို ကြည့်ပြီးမှသာ ဆုံးဖြတ်လိုသည်။

​လီယန်ချူသည် မိစ္ဆာကြီးနှစ်ဦး ဆင်းလာသည်ကို မြင်လိုက်ရသည်။

​တစ်ဦးမှာ ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းနှင့် လက်နက်အစုံရှိသည်။

​တစ်ဦးမှာ တစ်ဝက်လူ၊ တစ်ဝက်ကျား ဖြစ်ပြီး အလွန် ရုပ်ဆိုးလှသည်။

​လီယန်ချူသည် ခုန်ပျံလိုက်ပြီး ကောင်းကင်သို့ တက်သွားသည်။

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာ၏ နောက်ကျောမှ နှစ်ပေရှည်သည့် အနက်ရောင်ဓားမှာ လီယန်ချူ၏ ခေါင်းထိပ်သို့ ထိုးစိုက်လာသည်။

​ဤအနက်ရောင် ဓားတိုမှာ ကျင့်ကြံသူတို့၏ ဝိညာဉ်ကို ဖျက်ဆီးရန်ဖြစ်သည်။

​လီယန်ချူ ခုန်ပျံလိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

​ဤဓားတိုမှာ သူ၏ အရေပြားကိုပင် မထိခိုက်နိုင်ဘဲ တင်ခနဲ မြည်သံနှင့်အတူ လွင့်စင်သွားသည်။

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာမှာ အံ့ဩသွားပြီး ဟိန်းဟောက်လိုက်ရာ နေနှင့်လတို့ပင် တုန်လှုပ်သွားသည်။

​လီယန်ချူမှာမူ မလှုပ်ရှားဘဲ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထိုးလိုက်ရာ ထိုမိစ္ဆာ၏ ခေါင်းမှာချက်ချင်းပင် ပျက်စီးသွားပြီး ခေါင်းမပါသည့် ရုပ်အလောင်းမှာ မြေပြင်သို့ ကျသွားသည်။

​သူ၏ ဝိညာဉ်မှာ ရုပ်အလောင်းထဲမှ ထွက်ပြေးသွားပြီး အလွန်ပင် ထိတ်လန့်နေသည်။

​လီယန်ချူမှာ ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာကို သွားရောက် တိုက်ခိုက်သည်။

​သူ၏ စွမ်းအားမှာ သုံးဦးထဲတွင် အကြီးမားဆုံး ဖြစ်သည်။ လက်နက်ရှစ်ခုမှာလည်း မတူညီကြဘဲ ဗုဒ္ဓဘာသာ၏ ဆင်းရဲဒုက္ခ ရှစ်ပါးကို ကိုယ်စားပြုသည်။

​သူသည် လူ၏ စိတ်ထဲရှိ အကြံအစည်များကို လှုပ်ရှားစေနိုင်သည်။

​လီယန်ချူသည် ကျန့်ကျောင်းဓား ကို ထုတ်ယူပြီး ခုတ်လိုက်ရာ ခရမ်းရောင် ဓားစွမ်းအင်အောက်တွင် လက်နက်ရှစ်ခုမှာ ပျက်စီးသွားသည်။

​နတ်အလင်းရောင် မည်သို့မျှ အသုံးမဝင်လိုက်ဘဲ ပျောက်ကွယ်သွားသည်။

​ခေါင်းလေးလုံး၊ လက်ရှစ်ချောင်းရှိသည့် မိစ္ဆာမှာလည်း နှစ်ခြမ်းကွဲသွားပြီး ဝိညာဉ်မှာလည်း ပျက်စီးသွားသည်။

​တစ်ခဏချင်းတွင် တောင်တစ်ခွင်လုံးရှိ မိစ္ဆာများ အားလုံး အံ့ဩသွားကြသည်။

​တိတ်ဆိတ်သွားသည်။ သေမင်းကဲ့သို့ တိတ်ဆိတ်သွားသည်။

​ဤမိစ္ဆာကြီးနှစ်ဦးမှာ ထူးခြားသည့် နောက်ခံရှိပြီး သူတို့နှစ်ဦး တူတူတိုက်ခိုက်ပါက တစ်ဦးမှာ သေဆုံးပြီး တစ်ဦးမှာ အားမရှိတော့ပေ။

​တစ်ဝက်လူ၊ တစ်ဝက်ကျား မိစ္ဆာမှာ ဝိညာဉ်အခြေအနေသာ ရှိပြီး တစ်ဝက်သာ ကျန်ရစ်တော့ရာ ထိတ်လန့်နေသည်။

​ထိုအခါမှ သူသည် ဒူလော့ မှာ မတိုက်ဘဲ အော်နေရုံသာ အော်နေသည်ကို သတိထားမိသည်။

​"မင်းအမေ၊ ဒူလော့ က ဒီလူငယ် တာအိုဆရာဆိုတာ သိနေတာပဲ "

​သူ ချက်ချင်းပင် သဘောပေါက်သွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။

​သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ပြေးသည်။ သို့သော် လီယန်ချူ၏ လျှပ်စီးကဲ့သို့ မြန်သော ဓားချက်အောက်တွင် သူ၏ ဝိညာဉ်မှာ အပိုင်းပိုင်း ဖြစ်သွားသည်။

​တိမ်ပင်လယ်အထက်တွင် ရှိနေသည့်ဒူလော့ ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

​"ဒီလို စွမ်းအားမျိုးက ငါ အစွမ်းကုန် ကြိုးစားမှပဲ ရင်ဆိုင်နိုင်မယ်။"

​သူသည် လျှို့ဝှက်ချက်များကို စဉ်းစားလိုက်သည်။

​ဤ ထျန်းရှဲ့ ဓားမှာ ရှေးဟောင်းနေရာတစ်ခုတွင် ရရှိခဲ့ခြင်းဖြစ်ပြီး အခြားသူမှာမူ အရိုးစုတစ်စုသာ ရှိသည်။

​လီယန်ချူ၏ အကြည့်မှာ သူ့အပေါ် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် မရှောင်တော့ဘဲ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

​ကောင်းကင်တစ်ခုလုံးတွင် ရာပေါင်းများစွာ ကြီးမားသည့် ဓားကြီး ပေါ်လာပြီး ရက်စက်သည့် စွမ်းအင်များ ထွက်ပေါ်နေသည်။

​သူသည် ထျန်းရှဲ့ ဓားကို အစွမ်းကုန် ပစ်လွှတ်လိုက်ပြီး သူ၏ ဆံပင်များမှာ ပြန့်ကျဲသွားကာ အကြည့်မှာ အေးစက်စက်ဖြစ်ပြီး ရှေးဟောင်း မိစ္ဆာတစ်ဦးကို နှိုးထလာသကဲ့သို့ပင် ဖြစ်သည်။

​"အရင်တစ်ခါ မပျော်လိုက်ရဘူး၊ လာခဲ့ "

​ဒူလော့ ၏ အသံမှာ တောကြိုတောင်ကြားများကဲ့သို့ ကျယ်လောင်လှသည်။

​သူသတိမထားမိသည်မှာ ထျန်းရှဲ့ ဓား၏ စွမ်းအင်မှာ သူ၏ ဝိညာဉ်ကို ထိခိုက်နေသည်။

​ယခုအခါ သူ၏ မျက်လုံးမှာ အနက်နှင့် အနီ ဖြစ်နေသည်။

​ထိုဓားချက်မှာ သူ၏ မူလအဆင့်နှင့် မခုတ်နိုင်သည့် ဓားချက်မျိုး ဖြစ်သည်။

​လီယန်ချူသည် တည်ငြိမ်စွာပင် ရှိနေသည်။

​သူသည် ကျန့်ကျောင်း ဓားကို ထုတ်ယူပြီး လေထဲတွင် ခုတ်လိုက်ရာ ခရမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။

​အလွန် ထက်မြက်သည့် ခရမ်းရောင် ဓားစွမ်းအင်သည် ကောင်းကင်ရှိ ဓားကြီးနှင့် တိုက်ခိုက်လိုက်သည်။

​ဘုန်း

​ဓားကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး မည်သို့မျှ မကာကွယ်နိုင်ပေ။

​အသူရာ လောကမှ မိစ္ဆာလောကသို့ ပြောင်းသွားသည့် ဒူလော့ မှာ သွေးအိုင်ထဲတွင် ပုံလျက်သား ဖြစ်သွားသည်။

​ဓားနှင့်ဓား တိုက်ခိုက်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားခဲ့သည်။

​အရင်က အစွမ်းထက်သည့် အရှိန်အဝါများ ပျောက်ကွယ်သွားသည်။

​သူသည် တောင်ပေါ်တွင် ရပ်နေသည့် အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်တာအိုဆရာကို ကြည့်ရင်း ထိတ်လန့်နေသည်။

​သူ၏ မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

​ဤလူငယ် တာအိုဆရာမှာ အလွန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

​သူသည် ချက်ချင်းပင် အစွမ်းကုန် ထွက်ပြေးတော့သည်။

All Chapters