← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 26 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 26 Ch. 353-354

အပိုင်း(၃၅၃)

"ကဲပါ... မင်းလို မျောက်ဆိုးက နှစ်ငါးရာလောက် ဖိနှိပ်ခံရပြီးတဲ့ နောက်ပိုင်း ထန်ဆရာတော် နဲ့အတူ ကျမ်းစာပင့်ဆောင်ဖို့ အနောက်အရပ် ကို လိုက်သွားတာ မဟုတ်ဘူးလား... ငါ့ရဲ့ လင်းရှောင် ညီလာခံခန်းမ ဆီကို ဘာကိစ္စနဲ့ ရောက်လာရတာလဲ... ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ..."

ကျောက်စိမ်းဧကရာဇ်သည် စွန်းဝူခုန်းနှင့် စကားအချည်းနှီး မပြောနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်လေသည်။

"ကျွန်တော်က ကျောက်စိမ်းဧကရာဇ် ရဲ့ မျက်နှာကို ထောက်ထားလို့ လာခဲ့တာပါ..."

ကျောက်စိမ်းဧကရာဇ် ၏ မေးခွန်းကို ကြားသောအခါ စွန်းဝူခုန်းသည် ကျောက်စိမ်းဧကရာဇ် ၏ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ဟန်ပန်ဖြင့် ပြောလိုက်လေသည်။

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကြယ်မင်းမြတ် ဝူတယ် မှာ မျက်မှောင်ကြုတ်သွားပြီး နောက်ထပ် ဝင်ပြောရန် ရှေ့သို့ ထွက်လာခဲ့လေသည်။

သို့သော် သူ၏ ဘေးမှ နတ်တစ်ပါးက သူ့ကို နောက်သို့ ဆွဲထားလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။ စွန်းဝူခုန်းသည် ထိုက်ယီ အစစ်အမှန်နတ် အဆင့်တွင်သာ ရှိသေးသော်လည်း ဤမျောက်၏ နည်းစနစ်များမှာ ထူးခြားဆန်းကြယ်လှပေသည်။ အကယ်၍ အမှန်တကယ် တိုက်ပွဲဖြစ်ပွားခဲ့လျှင် သူသည် တာလော့ ရွှေနတ်မင်း အဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်များစွာနှင့် သိပ်ကွာခြားလှမည် မဟုတ်ပေ။ ထို့အပြင် ဤမျောက်၏ ခေါင်းမာပြီး ထင်ရာစိုင်းတတ်သော သဘာဝကြောင့် သာမန်လူများအနေဖြင့် သူ့ကို မရန်စဘဲ ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

သူ အရမ်းကြီး လွန်ကျူးမသွားသရွေ့ ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင်ပင်လျှင် ခွင့်လွှတ်ပေးတတ်သည်ကို သတိထားသင့်ပေသည်။

"ငါ့မျက်နှာကို ထောက်ထားလို့ ဟုတ်လား... မင်း ဆိုလိုတာက ဘာလဲ..."

ကျောက်စိမ်းဧကရာဇ်မှာ စွန်းဝူခုန်း၏ စကားကို သဘောကျသလို နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း မေးလိုက်လေသည်။

"ဆရာတော်နဲ့အတူ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်တဲ့ ခရီးစဉ်မှာ… ကျွန်တော်တို့က ရတနာဆင် တိုင်းပြည် ဆိုတဲ့ တိုင်းပြည်တစ်ခုကို ဖြတ်သန်းခဲ့တယ်... အဲဒီမှာ ဝတ်ရုံဝါ မိစ္ဆာ လို့ သူ့ကိုယ်သူ ခေါ်တဲ့ မိစ္ဆာ တစ်ကောင် ရှိနေတယ်..."

လင်းရှောင် ညီလာခံခန်းမ ထဲတွင် ရပ်နေသော စွန်းဝူခုန်း သည် ရတနာဆင် တိုင်းပြည် တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အသေးစိတ် ပြန်လည်ပြောပြလေသည်။ စကားအဆုံးသတ်လိုက်သည့်အခါ စွန်းဝူခုန်းက ပြောလိုက်သည်။

"နောက်ဆုံးတော့ ပါကျဲ က အဲဒီ ဝတ်ရုံဝါ မိစ္ဆာ နဲ့ အတော်ကြာအောင် တိုက်ခိုက်ခဲ့တယ်… အဲဒီတော့မှ အဲဒီ မိစ္ဆာ ဟာ တကယ်တော့ လူ့ပြည် ကို တိတ်တဆိတ် ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးဖြစ်နေမှန်း ကျွန်တော်တို့ သိလိုက်ရတယ်... ဒါကြောင့် ငါ လောင်စွန်း က ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင်ပဲ ဒီကိစ္စကို ဖြေရှင်းပေးဖို့ လာတောင်းဆိုတာပဲ..."

"မဟုတ်ရင် ငါ လောင်စွန်း က သူ့ကို ငါ့တုတ်ကောက်နဲ့ တစ်ချက်တည်း ရိုက်သတ်လိုက်ရင်… ကျောက်စိမ်းဧကရာဇ် ရက်အတော်ကြာအောင် စိတ်မကောင်းဖြစ်နေမှာ စိုးလို့ပါ..."

စွန်းဝူခုန်း ကောင်းကင်ဘုံ သို့ ရောက်ရှိလာခြင်းမှာ ကျောက်စိမ်းဧကရာဇ် ၏ မျက်နှာကို ထောက်ထား၍ ဖြစ်သလော...။ ဤစကားကြောင့် လူအများအပြားမှာ စိတ်ထဲမှ တိတ်တခိုး လှောင်ပြောင်ရယ်မောမိကြလေသည်။

ပထမအချက်အနေဖြင့် ဤမျောက်ဆိုး သည် အမှန်တကယ်ပင် ထိုမျှလောက် သဘောကောင်းနေမည်လော။

ဒုတိယအချက်နှင့် အရေးအကြီးဆုံးအချက်မှာ ဤမျောက်ဆိုးလေးသည် အစွမ်းထက်သည် မှန်သော်လည်း ကျောက်စိမ်းဧကရာဇ် အရှက်ကွဲရမည့် အချိန်ကျလာလျှင် သူက အမှန်တကယ်ပဲ ကာကွယ်နိုင်ပါမည်လော။

သို့သော် ဝန်ခံရမည့်အချက်က.. အကယ်၍ သူပြောတာသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းတွင် အမှန်တကယ်ပင် အကြောင်းပြချက် တစ်ချို့ ရှိနေနိုင်ပေသည်။

ကောင်းကင်ဘုံ မှ နတ်ဘုရားများသည် လူ့ပြည် သို့ တိတ်တဆိတ် ဆင်းသက်ကာ မိစ္ဆာ အဖြစ် အမှန်တကယ် ခံယူနေကြသလော။

ဤမျောက်က တစ်ချက်တည်း ရိုက်သတ်လိုက်လျှင် ကျောက်စိမ်းဧကရာဇ် မျက်နှာပျက်မည်၊ မပျက်မည်ကို မဆိုထားနှင့် နတ်ဘုရားများ တိတ်တဆိတ် ဆင်းသက်သွားသည်ဆိုသော လုပ်ရပ်ကပင် ကောင်းကင်ဘုံ ကို အရှက်ရစေရန် လုံလောက်နေပေသည်။

၎င်းသည် တိုင်းပြည်တစ်ခု၏ အဆင့်မြင့် အရာရှိတစ်ဦးက တရားမဝင် စီးပွားရေးလုပ်ငန်းများကို တိတ်တဆိတ် လုပ်ဆောင်နေခြင်းနှင့် တူနေသည် မဟုတ်ပါလော…။

အကယ်၍ ဤကိစ္စသာ အမှန်တကယ် ပေါက်ကြားသွားပြီး ကောင်းကင်အောက်ရှိ လူတိုင်း သိသွားခဲ့မည်ဆိုလျှင် ၎င်းက တိုင်းပြည်၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည်ဖြစ်သည်။

"တစ်ယောက်ယောက် သွားပြီး တိတ်တခိုး ဆင်းသက်သွားတဲ့ နတ်ဘုရားများ ရှိမရှိ စစ်ဆေးကြည့်စမ်း..."

ကျောက်စိမ်းဧကရာဇ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန့်ဆိုလိုက်လေသည်။

ကျောက်စိမ်းဧကရာဇ် ၏ စကားများအရ လူများက လျင်မြန်စွာ လှုပ်ရှားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြလေသည်။

ကောင်းကင်နှင့် တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်း က ဖော်ထုတ်ခဲ့ပြီး ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သောကြောင့် အားလုံးမှာ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရာ မကြာမီမှာပင် ဤကိစ္စသည် လင်းရှောင် ညီလာခံခန်းမ သို့ ရောက်ရှိလာလေသည်။

"အရှင်မင်းကြီး... သေသေချာချာ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့… နက္ခတ်နှစ်ဆယ့်ရှစ်ပါး ထဲက ကြယ်နတ်မင်း ခွေမုဝံပုလွေ ဟာ ပျောက်ဆုံးနေတာ ဆယ်ရက်ကျော်နေပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်..."

နတ်တစ်ပါးက ကျောက်စိမ်းဧကရာဇ် ၏ရှေ့တွင် ဒူးထောက်ကာ သံတော်ဦးတင်လိုက်သည်။

"မင်း... မျောက်ဆိုး... မင်းကတော့ အကင်းပါးသားပဲ..."

သံတော်ဦးတင်နေသော နတ်ဘုရားကို ထွက်သွားရန် လက်ကို အနည်းငယ် ဝှေ့ယမ်းပြလိုက်ပြီးနောက် ကျောက်စိမ်းဧကရာဇ် ၏ အကြည့်များက စွန်းဝူခုန်းထံသို့ ကျရောက်သွားကာ ပြောလိုက်လေသည်။

ဤစကားသည် စွန်းဝူခုန်း၏ လုပ်ရပ်များမှာ သင့်လျော်မှန်ကန်ကြောင်း အသိအမှတ်ပြုသည့် ချီးကျူးစကားတစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

"ဝူခုန်း....ဒီကိစ္စအတွက် ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ..."

စွန်းဝူခုန်းကို ချီးကျူးပြီးနောက် ကျောက်စိမ်းဧကရာဇ် က သူ့ကို မေးလိုက်လေသည်။

"ဒါက ကျောက်စိမ်းဧကရာဇ် ရဲ့ ကိစ္စဖြစ်နေမှတော့… ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့... ငါ လောင်စွန်း ကတော့ ဝင်စွက်ဖက်ဖို့ မရည်ရွယ်ပါဘူး..."

ကျောက်စိမ်းဧကရာဇ်၏ မေးခွန်းနှင့် ပတ်သက်၍ စွန်းဝူခုန်းသည် စိတ်မဝင်စားဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်ပြီး ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင်သာ ဖြေရှင်းရန် လွှဲအပ်လိုက်လေသည်။

ဤအဖြေက ကျောက်စိမ်းဧကရာဇ် ကို ကျေနပ်သွားစေပြီး သူသည် စိတ်ထဲမှ သဘောတူလက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

သို့သော် ဤကိစ္စကို ကိုယ်တိုင် ဖြေရှင်းရမည်ဟု တွေးလိုက်မိသောအခါ ကျောက်စိမ်းဧကရာဇ် အတွက် အတော်လေး ခက်ခဲရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။

အကယ်၍ ကောင်းကင်ဘုံ မှ တစ်စုံတစ်ယောက်က သူ့ကို အမှန်တကယ် ဆင်းဖမ်းမည်ဆိုလျှင် ဤကိစ္စကို လူတိုင်း သိသွားမည်ဖြစ်သည်။

ထိုအချိန်တွင် မေးခွန်းပေါင်းများစွာ ပေါ်လာလိမ့်မည် ဖြစ်သည်။ နက္ခတ်နှစ်ဆယ့်ရှစ်ပါး ထဲမှ တစ်ပါးဖြစ်သော ကြယ်မင်းမြတ် ခွေမုဝံပုလွေ သည် အမှန်တကယ်ပင် လူ့ပြည် သို့ဆင်းသက်ကာ မိစ္ဆာ တစ်ကောင်အဖြစ် ခံယူခဲ့သည်လော။ ဤအရာက ကောင်းကင်ဘုံ၌ နေထိုင်ရခြင်းမှာ မိစ္ဆာ သတ္တဝါတစ်ကောင်၏ ဘဝထက်ပင် နိမ့်ကျနေသည်ဟု ဆိုလိုရာ မရောက်နေဘူးလော…။

ကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာကို ဘယ်နေရာမှာ သွားထားရတော့မည်နည်း။

"မျက်စိတစ်ထောင် နတ်မင်း … လေညင်းနားဆင် နတ်မင်း... ခွေမုဝံပုလွေ ရဲ့ အခြေအနေက ဘယ်လိုရှိသလဲဆိုတာ မင်းတို့ စစ်ဆေးကြည့်ကြစမ်း..."

ကျောက်စိမ်းဧကရာဇ်သည် အခြား မည်သည့်စကားကိုမျှ ချက်ချင်း ထပ်မပြောတော့ဘဲ သူ၏ အမိန့်ကို လျင်မြန်စွာ ချမှတ်လိုက်လေသည်။

ကျောက်စိမ်းဧကရာဇ် ၏ အလိုတော်အရ ထိုနေရာတွင် ရှိနေသော နတ်ဘုရားများထဲမှ နတ်ဘုရားနှစ်ပါးသည် ရှေ့သို့ထွက်လာပြီး သတင်းအချက်အလက်များကို ရှာဖွေရန် ၎င်းတို့၏ နတ်စွမ်းရည်များကို အသုံးပြုလိုက်ကြလေသည်။

အချိန်တိုအတွင်းမှာပင် နတ်ဘုရားနှစ်ပါးသည် ခေတ္တတိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် ၎င်းတို့၏ အစီရင်ခံစာကို ပေါင်းစပ်ကာ ပြောလိုက်ကြသည်။

"အရှင်မင်းကြီး.... ခွေမုဝံပုလွေ ဟာ ရတနာဆင် တိုင်းပြည် ဘေးက ဝမ်ဇီတောင် မှာ အမှန်တကယ် အခြေချနေထိုင်နေပြီး လူသားအမျိုးသမီးတစ်ဦးနဲ့ သားတစ်ယောက်တောင် ရနေပါပြီ..."

ထိုစကားကို ကြားသောအခါ ကျောက်စိမ်းဧကရာဇ် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။

နတ်ဘုရားတစ်ပါးက တိတ်တဆိတ် ဆင်းသက်ပြီး မိစ္ဆာ တစ်ကောင် ဖြစ်လာခြင်းက ကိစ္စတစ်ရပ်ဆိုသော်လည်း ကလေးပါ ရနေသည်တဲ့လော။

ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်စိမ်းဧကရာဇ် က စွန်းဝူခုန်းကို ပြောလိုက်သည်။

"ဝူခုန်း... ကိစ္စတစ်ခုအတွက် ဆရာနှစ်ယောက်ကို ဒုက္ခမပေးသင့်ဘူး ဆိုတဲ့ စကားလိုပဲ... ဒီလိုဆိုမှတော့ မင်းပဲ လှုပ်ရှားပေးပါတော့... သူက နတ်ဘုရားတစ်ပါး ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ မူလကိုယ်ရေးရာဇဝင်ကို မဖော်ထုတ်ဘဲ… မိစ္ဆာနှိမ်နင်းရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ သူ့ကို ဖမ်းဆီးလာခဲ့ပါ... သူ့ရဲ့ ကလေးကတော့ ကောင်းကင်ဘုံ အတွက် အမည်းစက်တစ်ခုပါပဲ..."

***

အပိုင်း(၃၅၄)

ကောင်းကင်ဘုံ ရှိ တစ်ရက်သည် လူ့ပြည် ၌ တစ်နှစ်နှင့် ညီမျှရာ စွန်းဝူခုန်း၏ ကောင်းကင်ဘုံ ခရီးစဉ်သည် လျင်မြန်သော အသွားအပြန် ခရီးတစ်ခုဟု ဆိုနိုင်သော်လည်း မည်သည့် နတ်ဘုရား တိတ်တဆိတ် ဆင်းသက်သွားကြောင်းကို ထိုနတ်ဘုရားများ စစ်ဆေးရန် အချိန်အနည်းငယ် ယူခဲ့ရလေသည်။

လူ့ပြည် အတွက်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဒင် - အတွေ့အကြုံမှတ် +၆

ဒင် - အတွေ့အကြုံမှတ် +၆

ဒင် - အတွေ့အကြုံမှတ် +၆

ထိုနေ့တွင် ကျန်းလျိုသည် တော်ဝင်နန်းတော်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေဆဲ ဖြစ်သည်။ နှစ်လတာ အချိန်ရရှိပြီး ခရီးဆက်ရန် မလိုအပ်သဖြင့် သူသည် ပုံမှန်ထက်ပင် ကျင့်ကြံရန် အချိန်ပိုမို ရရှိခဲ့လေသည်။

ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံမှု ပြီးဆုံးသွားပြီးနောက် ကျန်းလျိုသည် စိတ်ထဲမှ ဇာတ်ကောင် အချက်အလက် မျက်နှာပြင် ကို တိတ်ဆိတ်စွာ ရွတ်ဆိုဖွင့်လှစ်လိုက်လေသည်။

သူ၏ ကိုယ်ပိုင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင် ကို ကြည့်ကာ အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ် နှစ်သန်းအနက် ယခုအခါ ၁.၇ သန်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေသည်။

ဤနှုန်းအတိုင်းသာဆိုလျှင် နောက်ထပ် ဆယ်ရက်မှ ဆယ့်ငါးရက်အတွင်း သူသည် အဆင့် ၃၆ သို့ သေချာပေါက် တက်လှမ်းနိုင်မည် ဖြစ်သည်။

ကောင်းကင်ဘုံရှိ တစ်ရက်သည် လူ့ပြည်တွင် တစ်နှစ်နှင့် ညီမျှသည်ဟူသော စကားကို သိရှိထားသဖြင့် ရတနာဆင် တိုင်းပြည် ၏ ဘုရင်ကြီးသည် သူတို့ စောင့်ဆိုင်းနေခဲ့ရသော ဤနှစ်လအတွင်း မည်သည့် တိုက်တွန်းမှုမျှ မပြုလုပ်ခဲ့ပေ။

ထို့ကြောင့် ဤနှစ်လအတွင်း သူသည် စွန်းဝူခုန်း ပြန်အလာကို အေးအေးဆေးဆေးပင် စောင့်ဆိုင်းနေခဲ့လေသည်။

မကြာမီမှာပင် စွန်းဝူခုန်း သည် ဧကရာဇ်၏ အမိန့်တော် ကို ယူဆောင်လျက် ကောင်းကင်ဘုံ မှ ပြန်လည်ရောက်ရှိလာလေသည်။

စွန်းဝူခုန်း အပြင် ကျောက်စိမ်းဧကရာဇ် သည် မိစ္ဆာဆိုးများကို နှိမ်နင်းဖယ်ရှားရာတွင် အတူတကွ ပူးပေါင်းပါဝင်ရန် တတိယမင်းသား နီကျား ကိုပါ စေလွှတ်လိုက်လေသည်။

ဤတာဝန်ကို ကျောက်စိမ်းဧကရာဇ် က စွန်းဝူခုန်းထံ အပ်နှင်းခဲ့သည် ဆိုသော်ငြားလည်း မည်သို့ပင်ဖြစ်စေ ၎င်းသည် ကောင်းကင်ဘုံ ၏ တာဝန်သာ ဖြစ်ပေသည်။ အနည်းငယ်မျှပင် မကူညီဘဲ အရာအားလုံးကို စွန်းဝူခုန်းထံသို့ လွှဲချထားခြင်းက မသင့်လျော်ပါချေ။

အလေးထားကြောင်း ပြသသည့်အနေဖြင့် ကျောက်စိမ်းဧကရာဇ်သည် နီကျား ကိုပါ စေလွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းက ကောင်းကင်ဘုံ ၏ ရပ်တည်ချက်ကို ဖော်ပြခြင်းဖြစ်သည်ဟုလည်း ရှုမြင်နိုင်ပေသည်။

"ဆရာတော်... လောင်စွန်း ပြန်ရောက်လာပါပြီ..."

နီကျားနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာစဉ် စွန်းဝူခုန်းက ကျန်းလျိုအား ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်လိုက်သည်။

"ဝူခုန်း... ဒါက ဘယ်သူလဲ..."

စွန်းဝူခုန်းနှင့်အတူ ပါလာသော နီကျားကို မြင်သောအခါ ကျန်းလျိုသည် အနည်းငယ် အံ့ဩသွားသော်လည်း သူ့ကို မသိချင်ယောင်ဆောင်ကာ မေးမြန်းလိုက်လေသည်။

"ဒါက တတိယမင်းသား နီကျားလေ... ကျောက်စိမ်းဧကရာဇ်က ကျွန်တော့်ကို အားပေးဖို့ လွှတ်လိုက်တာ..."

ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ စွန်းဝူခုန်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ မျောက်စုတ်… ကျောက်စိမ်းဧကရာဇ် က မင်းတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလို့ ထင်လို့… မင်းကို ကူညီဖို့ ငါ့ကို စေလွှတ်လိုက်တာကွ..."

စွန်းဝူခုန်း၏ စကားများကို သည်းမခံနိုင်တော့ဘဲ နီကျား က ဒေါသတကြီး ပြန်လည်ချေပလိုက်သည်။

"မင်းလို ကလေးပေါက်စက နှစ်ပေါင်းများစွာ ငါ လောင်စွန်း ရဲ့ အနိုင်ယူတာကို ခံခဲ့ရတာလေ... ငါက မင်းရဲ့ အကူအညီကို လိုအပ်သေးလို့လား..."

နီကျားကို လှမ်းကြည့်ရင်း စွန်းဝူခုန်းက စိတ်အနှောင့်အယှက်ဖြစ်စွာ ပြန်ပြောလိုက်သည်။

"မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ မျောက်စုတ်... သတ္တိရှိရင် အချီသုံးရာလောက် တိုက်ခိုက်ကြည့်ရအောင်..."

စွန်းဝူခုန်း၏ ရိုင်းစိုင်းစွာ ပြောဆိုတတ်သော အကျင့်ကို ကြားသောအခါ နူးညံ့ချောမောသော နီကျား မှာ ဒေါသကြောင့် မျက်နှာနီရဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"အင်း...သူတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး ခိုင်မာပုံရတယ်..."

စွန်းဝူခုန်းနှင့် နီကျား တို့ကြားမှ ဒေါသတကြီး အပြန်အလှန် စကားနိုင်လုနေမှုများကို ကြည့်ကာ သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သည်ဟု ကျန်းလျို ခံစားမိလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သာ အဆင်မပြေကြဘူးဆိုလျှင် ယခင်က နီကျား သည် လှပခမ်းနားသော နတ်စံအိမ် ကို အဘယ်ကြောင့် ရက်ရက်ရောရော လက်ဆောင်ပေးခဲ့မည်နည်း။

သူတို့၏ ဆက်ဆံပုံက ကျန်းလျိုအား သူ၏ အတိတ်ဘဝ ကျောင်းတက်စဉ်က ရင်းနှီးသော သူငယ်ချင်းအချို့နှင့် အပြန်အလှန် ဆက်ဆံခဲ့မှုများကို ပြန်လည်သတိရစေခဲ့သည်။

"ကဲပါ... အစ်ကိုကြီး နဲ့ တတိယမင်းသား... ခင်ဗျားတို့ နှစ်ယောက်လုံး နည်းနည်းလောက် စိတ်လျှော့ကြပါဦး... အရင်ဆုံး မိစ္ဆာကို ဘယ်လိုနှိမ်နင်းကြမလဲ ဆိုတာကို ဆွေးနွေးကြရအောင်လေ..."

စွန်းဝူခုန်းနှင့် တတိယမင်းသား နီကျား တို့ကြား အပြန်အလှန် လှောင်ပြောင်နေကြသည်ကို မြင်သောအခါ ကျူးပါကျဲသည် မနေနိုင်တော့ဘဲ ကြားဝင်စေ့စပ်ပေးလိုက်လေသည်။

"မိစ္ဆာကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ ဆွေးနွေးဖို့ လိုသေးလို့လား... ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်..."

ကျူးပါကျဲ၏ စကားများကို ကြားသောအခါ စွန်းဝူခုန်းသည် သူ၏ စွမ်းရည်များကို ရှင်းလင်းစွာ ယုံကြည်မှုအပြည့်ရှိနေလျက် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"အောမိတော်ဖော... ဝူခုန်း... ဒီတိုက်ပွဲမှာ မင်းရဲ့ဆရာကို ကူညီခွင့်ပြုပါ..."

သို့သော် စွန်းဝူခုန်း၏ စကားများကို ကြားသောအခါ ကျန်းလျိုက ရုတ်တရက် ဝင်ပြောလိုက်ပြီး တိုက်ပွဲဝင်ရန် မိမိဆန္ဒအလျောက် တောင်းဆိုလိုက်လေသည်။

ဘယ်လိုပဲကြည့်ကြည့် ဝတ်ရုံဝါ မိစ္ဆာ သည် ထိုက်ယီ အစစ်အမှန် နတ်မင်း အဆင့်တွင် ရှိနေသည်။ အကယ်၍ သူသာ ဤအရာမှ ပူးပေါင်းပါဝင်မှုအမှတ် အချို့ ရရှိနိုင်မည်ဆိုပါက ကောင်းမွန်သော ဆုလာဘ်များ ကျလာမည် မဟုတ်ပါလော။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ တိုက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ခြင်းဖြင့်သာ စွန်းဝူခုန်း က ဝတ်ရုံဝါ မိစ္ဆာကို မသတ်မိစေရန် သေချာစေနိုင်မည် ဖြစ်သည်။

"ကောင်းပါပြီ ဆရာတော်... အချိန်ကျလာရင် အတူတူ သွားကြတာပေါ့..."

ထိုစကားကို ကြားသောအခါ စွန်းဝူခုန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။

"ဟင်... ရွှမ်ကျန်းဆရာတော်... ဆရာတော့်ရဲ့ စွမ်းရည်တွေကလည်း အရမ်း အထင်ကြီးစရာ ကောင်းနေတာလား..."

၎င်းသည် နီကျားအတွက် ကျန်းလျိုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်လည်း ကျန်းလျို၏ မိမိဆန္ဒအလျောက် တောင်းဆိုမှုကို ကြားရသောအခါ သူသည် အံ့အားသင့်သွားပြီး ကျန်းလျိုကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

‘ဒီမျောက်က သူ့ကိုကူညီဖို့ ငါ့ကိုတောင် ငြင်းပယ်ထားပြီးတော့ ထန်ဆရာတော် ကိုကျတော့ ကူညီခွင့်ပြုလိုက်တာလား… ထန်ဆရာတော်က သူ့ထက်တောင် ပိုပြီး အစွမ်းထက်နေလို့များလား…’

အကယ်၍ ထန်ဆရာတော် တွင် အမှန်တကယ် စွမ်းရည်မရှိပါက စွန်းဝူခုန်းသည် တိုက်ပွဲစတင်သည်နှင့် သူ့ကိုကာကွယ်ရန် အာရုံစိုက်နေရမည် ဖြစ်လေရာ သူက ဘယ်လိုလုပ်ပြီး သဘောတူနိုင်မည်နည်း။

"ဟီးဟီးဟီး... ငါ့ဆရာရဲ့ နည်းစနစ်တွေက မင်းစိတ်ကူးယဉ်နိုင်တာထက်ကို ပိုတယ်ကွ..."

နီကျား၏ အံ့အားသင့်နေသော မှတ်ချက်များကို ကြားသောအခါ စွန်းဝူခုန်းက ရယ်မောလိုက်လေသည်။ စွန်းဝူခုန်းသည် ဆရာဖြစ်သူ၏ အထောက်အကူပြု စွမ်းရည်များကို ကောင်းစွာ သိရှိထားလေသည်။ ဆရာတော်သာ ဘေးမှနေ၍ ကူညီပေးပါက သူ၏ ကိုယ်ပိုင် စွမ်းအားများမှာ အံ့မခန်း မြင့်တက်လာမည်သာ ဖြစ်သည်။

ကျန်းလျိုအပေါ် စွန်းဝူခုန်း၏ ချီးကျူးစကားများကို ကြားသောအခါ နီကျား သည် ကျန်းလျိုကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

"ထင်မထားခဲ့ဘူး... ဒါဆို ရွှမ်ကျန်းဆရာတော် မှာ အဲဒီလို စွမ်းရည်မျိုးတွေ အမှန်တကယ် ရှိနေတာပေါ့..."

သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင် အချို့လည်း ရှိနေလေသည်။ ထိုမျောက်သည် အခြားသူများကို အထင်ကြီးလေ့မရှိရာ ဤကဲ့သို့သော ချီးကျူးမှုကို ရရှိရန်မှာ သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

"ဒါက ထူးဆန်းတဲ့ စွမ်းရည်တချို့ ပါပဲ..."

နီကျား ၏ မျှော်လင့်နေသော စကားများကို တုံ့ပြန်လျက် ကျန်းလျိုက တိုးညင်းသော အသံဖြင့် နှိမ့်ချကာ ပြန်ဖြေလိုက်လေသည်။

....

တစ်ချိန်တည်းမှာပင် သားရဲတစ်ရာတောင် ၌...

တောင်ပေါ်တွင် စမ်းချောင်းတစ်ခုရှိပြီး ရှားဝူကျင်း၏ရှေ့တွင် အစားအသောက်အချို့ကို ချထားသည်။ အားလုံးက အသားများဖြစ်ပြီး ခပ်ပြင်းပြင်း အရက်နှင့် တွဲဖက်ထားသော်လည်း သူက လုံးဝ မထိမတို့ခဲ့ပေ။

ခဏအကြာတွင် ခေါင်းပေါ်၌ ဦးချိုများရှိသော အားမေသည် ဆန်ပြုတ်ပန်းကန်လုံးကြီး တစ်လုံးကို ကိုင်ဆောင်လျက် ရှားဝူကျင်းထံသို့ ချဉ်းကပ်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အားမေ..."

သူမ ချဉ်းကပ်လာသည်ကို ကြားသောအခါ ရှားဝူကျင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ရှေ့ရှိ ဆန်ပြုတ်ပန်းကန်ကို ကောက်ကိုင်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျွန်မ... ကျွန်မက ရှင့်ကို ပြုစုစောင့်ရှောက်ပေးရမယ့်သူပါ..."

ရှားဝူကျင်း၏ ကျေးဇူးတင်စကားကို ကြားသောအခါ အားမေမှာ ဂုဏ်ယူဝမ်းမြောက်သွားပုံရသည်။

အားမေ၏ တုံ့ပြန်မှုကို မြင်သောအခါ ရှားဝူကျင်းသည် အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ဆန်ပြုတ် တစ်ဇွန်းကို သောက်လိုက်ရာ ၎င်း၏ ရိုးရှင်းသော အရသာက သူ၏ ရင်တွင်းကို နွေးထွေးသွားစေလေသည်။

"စစ်သူကြီး လျိုရှား... ရှင်က ဘာလို့ အသားစားရတာကို အမြဲတမ်း မနှစ်သက်ရတာလဲ...ရှင်က ဆန်ပြုတ်ပဲ သောက်နေမယ်ဆိုရင်… တောင်ပေါ်က အခြား စစ်သူကြီးတွေက ရှင့်ကို အထင်သေးကြမှာ မဟုတ်ဘူးလား..."

အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် အားမေသည် ရှားဝူကျင်းကို မေးရန် သတ္တိမွေးလိုက်လေသည်။

"ဘာလို့လဲဆိုတော့ ဒီအသားတွေက စားရခက်လို့ပါ..”

***

All Chapters