← Chapters

အခန်း ၁၈၉

Vol. 10 Ch. 189

အခန်း ၁၈၉

Vol. 10 Ch. 189

အပိုင်း(၁၈၉) မြို့တစ်မြို့လုံးရှိ မြူခိုးကျွန်များ

ခေါင်းဆောင်ချူက မနေ့ညတစ်ညလုံး အနားမယူခဲ့ချေ။

သူက ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ မိုးလင်းသည်အထိ မြူခိုးထူထူကြီးများကို ကြည့်နေခဲ့သည်။

စောစောက အခြားသူများကို နှုတ်ဆက်ချိန်တွင် ခေါင်းဆောင်ချူ၏ မျက်နှာပေါ်ရှိ ပေါ့ပါးနေသော ဟန်ပန်များက ဟန်ဆောင်ထားခြင်း သက်သက်သာ ဖြစ်သည်။

အမှန်တကယ်တော့ သူ၏ စိတ်ထဲတွင် လွန်စွာမှ စိုးရိမ်ပူပန်နေခဲ့၏။

သူက အလွန် ကြီးမားလှသော အမှားကြီးတစ်ခုကို ဆုံးဖြတ်မိပြီဟု ခံစားနေရသည်။

သို့သော်လည်း ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့်ပင်။

မည်မျှပင် ဖိအားများ ကြီးမားနေပါစေ မျက်နှာပေါ်တွင် အမူအရာ မပျက်စေရကြောင်းကို ခေါင်းဆောင်ချူက ကောင်းကောင်းကြီး နားလည်ထားသည်။

နောက်တစ်စက္ကန့်တွင် ကောင်းကင်ပြိုကျပြီး မြေကြီး ကွဲအက်သွားမည် ဆိုလျှင်တောင်မှ...

ယခုစက္ကန့်တွင်တော့ လူတိုင်းကို ပြုံးပြကာ ဘာမှမဖြစ်ကြောင်း ပြောဆိုနေရမည်သာ ဖြစ်သည်။

ကိစ္စရပ်များက မနေ့ကတည်းက စတင်ခဲ့ခြင်း ဖြစ်၏။

မနေ့က နေ့လယ်ပိုင်းမှ စတင်ကာ ခေါင်းဆောင်ချူက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

တဝူမြို့တစ်ခုလုံးတွင် သဲ့သဲ့လေးသာ ခံစားရသော ထူးဆန်းသည့် အငွေ့အသက်များက ပို၍ များပြားလာပြီး ပိုမို သိပ်သည်းလာခဲ့သည်။

သူ၏ အာရုံခံနိုင်စွမ်းအရ မနေ့က ဖြတ်သန်းလာခဲ့သော မြို့ဟောင်းရပ်ကွက် တစ်ခုလုံးတွင် ထိုကဲ့သို့သော ထူးဆန်းသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအငွေ့အသက်များကို ခံစားမိရုံဖြင့် လမ်းပြသူ လမ်းစဉ်မှ အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သော ခေါင်းဆောင်ချူကိုပင် ကျောချမ်းသွားစေခဲ့သည်။

ထိုခံစားချက်က မြို့တစ်ခုလုံးရှိ လူများအားလုံး အိပ်မက်ထဲမှ နိုးထလာသကဲ့သို့ပင်။

ထိုသဲ့သဲ့လေး ထွက်ပေါ်နေသော အငွေ့အသက်ကို ခေါင်းဆောင်ချူက ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေသည်။

ဒါက မြူခိုးကျွန်တွေပဲ။

မနေ့ညက ထိုအကြောင်းရင်းကြောင့်ပင် ရှေ့ဆက်သွားရန် လုံးဝ မဖြစ်နိုင်တော့ဘဲ ခေါင်းဆောင်ချူက အနားယူရန် အမိန့်ပေးခဲ့ရခြင်း ဖြစ်သည်။

အမှန်တကယ်တော့ မနေ့ညက ယာဉ်တန်းနှင့် စွန်းချန်းချန်းတို့ နှစ်ယောက်၏ အကွာအဝေးမှာ အလွန်တရာ နီးကပ်နေခဲ့ပြီ ဖြစ်သည်။

နောက်ထပ် လမ်းနှစ်လမ်းခန့် ဆက်သွားလိုက်ရုံဖြင့် တင်းတုံနှင့် ချန်းချန်းတို့ကို တွေ့ရတော့မည် ဖြစ်၏။

သို့သော် ဖြတ်သွား၍ မရခဲ့ပေ။

မူလက ဒုတိယနေ့ မိုးလင်းလာပါက မြူခိုးကျွန်များ အနည်းငယ် လျော့နည်းသွားလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် ရလဒ်ကတော့ မျှော်လင့်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်သွားခဲ့၏။

ယနေ့ မနက်ခင်း၏ အခြေအနေက မနေ့ညကထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားနေခဲ့သည်။

လက်ရှိ ခေါင်းဆောင်ချူ၏ အာရုံခံနိုင်စွမ်းထဲတွင်မူ...

တဝူမြို့တစ်ခုလုံးတွင် မြူခိုးကျွန်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

မြို့တစ်မြို့လုံး မြူခိုးကျွန်တွေချည်းပဲ။

ဤစားသောက်ဆိုင် ပတ်လည်တွင် အနည်းဆုံး မြူခိုးကျွန် အုပ်စု ငါးစုခန့် ရှိနေပြီး ထို ငါးအသားလွှာကြော်ဆိုင် ပတ်လည်ရှိ လမ်းငါးလမ်းစလုံးကို အသေ ပိတ်ဆို့ထားကြသည်။

မည်သည့်လမ်းမှ သွားသည်ဖြစ်စေ ထိုမြူခိုးကျွန်များနှင့် ထိပ်တိုက် တွေ့ဆုံရမည်သာ ဖြစ်သည်။

ထူးဆန်းသည့်အရာများ၏ ပထမဆုံးသော စည်းမျဉ်း "ထူးဆန်းသည့်အရာများကို ဖော်ပြ၍ မရနိုင်၊ တွေးတောမှန်းဆ၍ မရနိုင်၊ အမျိုးအစား ခွဲခြား၍ မရနိုင်သလို သတ်မှတ်ချက်လည်း မရှိပေ"

"အကယ်၍ သင်က ထူးဆန်းသည့်အရာများကို ဖြေရှင်းရန် လုံလောက်သော အတွေ့အကြုံများ ရှိနေပြီဟု ထင်မှတ်နေလျှင် ယုံကြည်လိုက်ပါ... သင် သေမင်းနှင့် နီးကပ်နေပြီ"

ဤစာကြောင်းနှစ်ကြောင်းမှာ သူ ကိုယ်တိုင် မှတ်စုစာအုပ်ထဲတွင် ရေးသားထားခဲ့သော စာသားများ ဖြစ်သည်။

မည်မျှပင် ကောင်းစွာ နားလည်ထားပြီး အားနည်းသော ထူးဆန်းသည့်အရာမျိုး ဖြစ်နေပါစေ။

ခေါင်းဆောင်ချူက ၎င်းတို့နှင့် ထိပ်တိုက်တွေ့ဆုံခြင်းကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။

ခေါင်းဆောင်ချူက စိတ်ထဲတွင် လမ်းကြောင်းပေါင်းများစွာကို စီစဉ်တွေးတောနေခဲ့၏။

သို့သော် လမ်းကြောင်းတိုင်းတွင် ရလဒ် တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ မြူခိုးကျွန်များနှင့် ထိပ်တိုက်တွေ့ပြီး မြို့တစ်မြို့လုံးရှိ မြူခိုးကျွန်များကို ဆွဲဆောင်မိသွားခြင်းပင် ဖြစ်သည်။

ယခုကဲ့သို့ တဝူမြို့တစ်ခုလုံး၏ အခြေအနေမျိုးတွင် မြူခိုးကျွန်များနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက လုံးဝ ပညာရှိရာ မရောက်သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။

သုံးမိနစ်ခန့်လေးပဲ ဖြစ်နေပါစေ။

လုပ်သင့်လုပ်ထိုက်သည်များ ရှိသကဲ့သို့ မလုပ်သင့်သည်များလည်း ရှိပေသည်။

သို့သော်လည်း ခေါင်းဆောင်ချူက ယာဉ်တန်းကို ဦးဆောင်ကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စွန်းချန်းချန်းနှင့် တင်းတုံတို့ကို သူ မဖြစ်မနေ ပြန်လည် ရှာဖွေရမည် ဖြစ်သည်။

ခေါင်းဆောင်ချူ၏ ညွှန်ကြားချက်အရ ယာဉ်တန်းက ပတ်ဝန်းကျင် တစ်ဝိုက်တွင် အဆက်မပြတ် လှည့်ပတ်နေခဲ့သည်။

ငါးအသားလွှာကြော်ဆိုင် တံခါးဝရှေ့သို့ ပဉ္စမမြောက်အကြိမ် ရောက်ရှိလာသော အခါတွင်မူ...

ချန်းရီက ဆက်လက် သည်းမခံနိုင်တော့ပေ။ "ခေါင်းဆောင်ချူ... ငါတို့ သရဲလှည့်စားတာကို ခံနေရတာများလား"

စကားပြောစက်ထဲမှ အချိန်အတန်ကြာမှသာ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာသည်။ "ချန်းရီ... တိုက်ခိုက်ဖို့ ပြင်ထားလိုက်တော့"

ခေါင်းဆောင်ချူ၏ ဤစကားကို ကြားလိုက်ရသောအခါ ချန်းရီ၏ အာရုံကြောများ ချက်ချင်း တင်းမာသွားလေသည်။

အမုန်းတရား ဓားကို ဆွဲထုတ်လိုက်ပြီ။

ချန်းရီက လက်တစ်ဖက်ဖြင့် ကားမောင်းကာ အခြား လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ဆောင်ထားသည်။

ပါးစပ်တွင် ဟွာဇီး ဆေးလိပ်ကို ကိုက်ထားပြီး ဆေးလိပ်ငွေ့များက ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွင့်ဝဲနေ၏။

တွားသွားကောင်၏ အရိပ်များက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ပတ်လည်တွင် ရစ်ဝဲနေကြသည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက မြူခိုးငွေ့များကို တိုးဝင်ဖြတ်သန်းသွားချိန်တွင် ချန်းရီ၏ မျက်ဆန်များက အပ်ဖျားအရွယ်အစားခန့်အထိ ရုတ်တရက် ကျုံ့ဝင်သွားလေသည်။

မြူခိုးကျွန်တွေပဲ။

မျက်စိဖြင့် မြင်နိုင်သော အတိုင်းအတာ တစ်ခုလုံးတွင် မြူခိုးကျွန်များချည်းသာ ရှိနေသည်။

၎င်းမှာ မြင်နိုင်သော အတိုင်းအတာအတွင်းသာ ဖြစ်ပြီး မမြင်နိုင်သော နေရာများတွင် မည်မျှ ရှိနေမည်ကို ချန်းရီ လုံးဝ မှန်းဆပင် မကြည့်ရဲပေ။

မြူခိုးကျွန်များ၏ အရေအတွက်က မနေ့က တွေ့ခဲ့ရသော သံမဏိခြင်္သေ့ အရေအတွက်ထက် များစွာ သာလွန်နေသည်။

ချန်းရီက သူ၏ ကျောပြင်ပေါ်တွင် အေးစက်နေသော မြွေတစ်ကောင် တွားသွားနေသကဲ့သို့ ခံစားလိုက်ရ၏။

မဟုတ်သေးဘူး။

ဒီ... ဒီမြူခိုးကျွန်တွေက တစ်ခုခုတော့ မှားနေပြီ။

ချန်းရီက အမုန်းတရား ဓားကို ပစ်လွှတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် သူ၏ လှုပ်ရှားမှုကို အလျင်အမြန် ပြန်လည် ရပ်တန့်လိုက်သည်။

ထူးဆန်းသည့်အရာများနှင့် လူသားများ အတူတကွ ရှင်သန်၍ မရနိုင်ပေ။ ၎င်းမှာ ခေါင်းဆောင်ချူက မှတ်စုစာအုပ်ပေါ်တွင် ရေးသားထားသော ဒုတိယမြောက် စည်းမျဉ်း ဖြစ်သည်။

ဤစည်းမျဉ်းက တစ်ကြိမ်တစ်ခါမျှ ကျိုးပေါက်ပျက်စီးခဲ့ခြင်း မရှိပေ။

ထူးဆန်းသည့်အရာများ လူသားများနှင့် တွေ့ဆုံချိန်တွင် ပြုလုပ်သော ပထမဆုံး တုံ့ပြန်မှုမှာ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ထိုထူးဆန်းသည့်အရာများက ထိုနေရာတွင် ငူငူကြီး ရပ်နေကြပြီး မြူခိုးများဖြင့် ဖွဲ့စည်းထားသော ၎င်းတို့၏ ဦးခေါင်းများက ကားမောင်းနှင်ရာ နောက်သို့ တဖြည်းဖြည်း လိုက်လံ လှည့်ပတ်နေကြသည်။

မည်သည့် တိုက်ခိုက်မှုမျိုးကိုမှ ပြုလုပ်လာခြင်း မရှိပေ။

"ခေါင်းဆောင်ချူ... တစ်ခုခု မှားနေပြီ"

"ဒီမြူခိုးကျွန်တွေက... တစ်ခုခုပဲ"

"ချန်းရီ... အရင် မတိုက်ခိုက်နဲ့ဦး"

ချန်းရီ၏ စကားသံက စကားပြောစက်ထဲတွင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းဆောင်ချူ၏ အသံကလည်း ချက်ချင်း ပြန်လည် ထွက်ပေါ်လာသည်။

သူတို့ နှစ်ယောက်စလုံး ပုံမှန်မဟုတ်သည်ကို သတိထားမိသွားကြသည်မှာ ထင်ရှားလှ၏။

ကျောင်းကားပေါ်ရှိ လူများက ဤအရာအားလုံးကို ထိတ်လန့်တကြား ကြည့်နေကြသည်။

"အားလုံးပဲ... အမိန့်မရဘဲ ဘယ်သူမှ မလှုပ်ရှားကြနဲ့... ဆူညံသံ မထွက်စေနဲ့... တိုက်ခိုက်ဖို့လည်း မကြိုးစားကြနဲ့"

လောင်လီက ကျောင်းကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ တစ်ဦးစီကို တင်းမာစွာ လိုက်လံ ကြည့်ရှုရင်း တိုးညှင်းသော အသံဖြင့် သတိပေးလိုက်သည်။

တကယ်တော့ လောင်လီက အများကြီး ပြောနေစရာပင် မလိုပေ။ ကားထဲရှိ အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်လန့်လွန်း၍ ကြက်သေ သေနေကြပြီ ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများက ဤကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်များကို အနီးကပ် ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။

၎င်းတို့၏ ဦးခေါင်းများရှိ မြူခိုးများထဲတွင် တစ်ခါတစ်ရံ ပေါ်လာတတ်သော အငြိုးအတေး ကြီးမားသည့် မျက်လုံးများနှင့် အသံမဲ့ အော်ဟစ်နေသော ပါးစပ်များက မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမဆို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်လှပေသည်။

အထူးသဖြင့် ကျောင်းကား ဖြတ်သန်းသွားချိန်တွင် မြူခိုးများဖြင့် ဖွဲ့စည်းထားသော ထိုဦးခေါင်းများက အနည်းငယ် လှည့်လာပြီး ကျောင်းကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများကို လှမ်းကြည့်တတ်ကြသည်။

ယခုအချိန်တွင် ထိုမြူခိုးကျွန်များက တိရစ္ဆာန်ရုံသို့ လာရောက် လည်ပတ်ကြသော ဧည့်သည်များနှင့် တူနေ၏။

ကျောင်းကားထဲရှိ အသက်ရှင်ကျန်ရစ်သူများကသာ တိရစ္ဆာန်ရုံထဲမှ တိရစ္ဆာန်များ ဖြစ်နေကြသည်။

ရှုလီနာ၏ မျက်နှာပေါ်တွင် နှာခေါင်းစည်းကို တပ်ဆင်ထားသော်လည်း သူမက ပါးစပ်ကို အတင်းအကျပ် ပိတ်ထားဆဲပင်။ ဤမြူခိုးကျွန်များ အုံကြွလာမည်ကို စိုးရိမ်သဖြင့် မည်သည့် အသံမျှ မထွက်ရဲပေ။

ချန်းရီက အမုန်းတရား ဓားကို ကိုင်ဆောင်ထားသည်။ ကားနှင့် အလွန် နီးကပ်စွာ ချဉ်းကပ်လာသော မြူခိုးကျွန်များက အမုန်းတရား ဓားမှ ထွက်ပေါ်နေသော အငွေ့အသက်ကို အာရုံခံမိပုံရသည်။

ထို့ကြောင့် ၎င်းတို့အားလုံး အနည်းငယ် နောက်ဆုတ်သွားကြပြီး ဤထင်းခုတ်ဓားမကို အလွန် မနှစ်မြို့ပုံ ပေါ်သည်။

ချန်းရီက တစ်ခုခုကို ခံစားမိနေသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသော ဤမြူခိုးကျွန်များက လူသေကို လိုက်လံ ပို့ဆောင်နေကြသကဲ့သို့ပင်။

၎င်းတို့ လိုက်လံ ပို့ဆောင်နေသူများမှာ သူတို့အဖွဲ့ပင် ဖြစ်နေလေသည်။

ကားက ရှေ့သို့ တဖြည်းဖြည်းချင်း မောင်းနှင်သွားသည်။

တစ်ခါတစ်ရံတွင် လမ်းပိတ်နေသော မြူခိုးကျွန်များနှင့် တွေ့ဆုံရသည်။

ကားက တိုက်ရိုက် ကြိတ်ချိတ် ဖြတ်သန်းသွားသောအခါ မြူခိုးကျွန်များက မြူခိုးငွေ့ တစ်အုပ်အဖြစ် ပြန့်ကျဲသွားပြီးနောက် အခြားနေရာတွင် ပြန်လည် ရှင်သန်လာကြသည်။

"ခေါင်းဆောင်ချူ... ဘယ်လောက် လိုသေးလဲ"

စကားပြောစက်ထဲမှ ချန်းရီ၏ အသံ ထွက်ပေါ်လာ၏။

ထိုအခါမှသာ ခေါင်းဆောင်ချူက သတိပြန်ဝင်လာသည်။

ဤမြူခိုးကျွန်များ မည်သို့ ဖြစ်ပျက်နေသည်ကို သူ နားမလည်သော်လည်း ယခု လက်ရှိ အခြေအနေအရ ယနေ့ ကိစ္စရပ်များက ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ အစီအစဉ်ကိုလည်း ပြောင်းလဲရမည်သာ ဖြစ်သည်။

"ရှေ့လမ်းဆုံမှာ ဘယ်ကွေ့ပြီး တည့်တည့်သွား... သူတို့ အဲဒီနေရာမှာ ရှိနေတယ်"

ချန်းရီက ကားကို အနည်းငယ် အရှိန်တင်လိုက်သည်။

ထိုမြူခိုးကျွန်များကလည်း ကားအရှိန် တက်လာသည်နှင့်အမျှ ၎င်းတို့၏ မြူခိုး ဦးခေါင်းများကို လိုက်လံ လှည့်ပတ်ကြည့်ရှုနေကြသည်။

မြူခိုးကျွန်များတွင် မျက်လုံးများ မရှိသော်လည်း...

ရေတွက်၍ မရနိုင်သော မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြောင်း ချန်းရီ ခံစားနေရဆဲပင်။

ထိုမျက်လုံးများက ဂရုမစိုက်ခြင်း၊ အေးစက်ခြင်း သို့မဟုတ် အဆုံးမရှိသော အငြိုးအာဃာတများ ကိန်းအောင်းနေခြင်းများလည်း ဖြစ်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် ချန်းရီက အများကြီး တွေးတောနေရန် အချိန်မရှိတော့ဘဲ ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ ဆန္ဒရှိနေသည်။

မကြာမီမှာပင် ရှေ့ရှိ လမ်းဆုံတွင် ရပ်ထားသော ကားနှစ်စီးကို ချန်းရီ မြင်တွေ့လိုက်ရသည်။

ကုန်တင်ကား တစ်စီးနှင့် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား တစ်စီး ဖြစ်သည်။

အထူးသဖြင့် ရင်းနှီးနေသော ထိုအဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားကို မြင်လိုက်ရချိန်တွင်မူ...

ချန်းရီ၏ စိတ်ထဲတွင် အဆုံးမဲ့သော သက်ပြင်းချမှုများ ဖြစ်ပေါ်လာခဲ့သည်။

......

စွန်းချန်းချန်းက မူလကတည်းက ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။

မနက် အိပ်ရာနိုးလာချိန်တွင် ပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်၌ မြူခိုးကျွန်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုမြူခိုးကျွန်များက သူမကို ထိုအတိုင်းပင် စိုက်ကြည့်နေကြပြီး မည်သည့် တိုက်ခိုက်မှုမျိုးကိုမှ ပြုလုပ်ခြင်း မရှိပေ။

ဤအရာက စွန်းချန်းချန်းကို အချိန်အတန်ကြာအောင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။

ယခု ရင်းနှီးနေသော ထိုစုတ်ပြတ်သတ်နေသည့် ပစ်ကပ်ကားကို မြင်လိုက်ရသောအခါ ကောင်မလေး၏ မျက်ဝန်းများမှာ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာခဲ့၏။

သို့သော် ကောင်မလေးက ချန်းရီ၏ မျက်နှာပေါ်ရှိ အမည်းရောင် အပေါက်ကြီးနှင့် သွေးရောင် မျက်လုံးကို မြင်လိုက်ရချိန်တွင်မူ ခဏမျှ ကြောင်အမ်းသွားခဲ့သည်။

"ငတုံးမ... ဘာကြည့်နေတာလဲ... မပြေးသေးဘူးလား"

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားနှင့် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားတို့ ပွတ်တိုက် ဖြတ်သန်းသွားချိန်တွင် ချန်းရီက ထိုစကားတစ်ခွန်းကို ချန်ရစ်ခဲ့ပြီးနောက် မြို့ပြင်သို့ အတင်းအကြပ် မောင်းနှင် ထွက်ပြေးသွားလေတော့သည်။

ဆက်ရန်...

All Chapters