အခန်း ၁၉၄
Vol. 10 Ch. 194
အပိုင်း(၁၉၄) လိပ်ခေါင်းရောဂါ စနိုက်ပါ
ချူချယ်၏ စေ့စပ်သေချာမှုနှင့် ယာဉ်တန်းအတွက် လွတ်လမ်းကို အမြဲကြိုတင်စဉ်းစားပေးတတ်သည့် လုပ်ရပ်များက တကယ်ကို ချီးကျူးစရာပင် ဖြစ်၏။
ထိုအချက်လေး တစ်ချက်တည်းနှင့်ပင် ချူချယ်က ယာဉ်တန်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရရန် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီ ဖြစ်သည်။
ဆက်လက်၍ ရိက္ခာပစ္စည်းများ ခွဲဝေသည့်အချိန် ရောက်လာ၏။
ခွဲဝေရာတွင်လည်း လုပ်ဆောင်နိုင်ခဲ့သည့် စွမ်းဆောင်ရည် အကြီးအသေးအပေါ် မူတည်၍ ခွဲဝေပေးခြင်း ဖြစ်သည်။
ချန်းရီနှင့် ထယ်ရှီးတို့ ရရှိသော ရိက္ခာပစ္စည်းများမှာ အနည်းဆုံး ဖြစ်သည်။
ချူချယ်က ထိုကိစ္စများကို လုပ်ဆောင်နေချိန်တွင် ချန်းရီက လုံးဝပင် မသိရှိခဲ့ပေ။
ထိုအချိန်က သူသည် ဝူကျန့်ရှန်းထံမှ အကျိုးအမြတ်များကို ရယူနေပြီး လမ်းစဉ် အဆင့် (၂) သို့ အဆင့်မြှင့်တင်ရန် အလုပ်များနေခဲ့သည်။
နောက်ဆုံး ရိက္ခာခွဲဝေချိန်တွင် ချန်းရီသည် ဂျုံမှုန့် သုံးအိတ်နှင့် ဆန် နှစ်အိတ်ကိုသာ ရရှိခဲ့၏။
အခြားသော ရိက္ခာပစ္စည်းများကိုမူ မနည်းမနော ခွဲဝေရရှိခဲ့သည်။
၎င်းတို့ထဲတွင် ချီဝေ့ ဘီစကွတ်မုန့် တစ်ဖာ အပြည့်ပင် ပါဝင်သေးသည်။
ဤဘီစကွတ်မျိုးကို ငယ်စဉ်ကသာ စားဖူးခဲ့ပြီး စားလိုက်လျှင် ကြက်သွန်မြိတ်နံ့ သင်းနေကာ သွားတွင် အနည်းငယ် ကပ်နေတတ်သည်။
ငယ်စဉ်က အိမ်တွင် ဆွေမျိုးများထံ အလည်အပတ်သွားလျှင် ဤမုန့်မျိုးကို လက်ဆောင်အဖြစ် အမြဲ ယူသွားလေ့ရှိကြ၏။
ယခုအချိန်တွင် မိမိကိုယ်တိုင် ဤမုန့် တစ်ဖာအပြည့် ရရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ကိုကာကိုလာ ဖာတစ်ဝက်ကိုလည်း ရရှိခဲ့သေးသည်။
အစပ်ချောင်းများ၊ သစ်သီးခြောက်များနှင့် ခေါက်ဆွဲခြောက်များကိုလည်း အနည်းငယ်စီ ရရှိခဲ့သည်။
ဤရိက္ခာပစ္စည်းများနှင့် ပတ်သက်၍ ချန်းရီတွင် မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ချန်းရီ၏ ကားပေါ်တွင် သူတစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလော။
ဤရိက္ခာပစ္စည်းများ ဤနေရာသို့ ရောက်ရှိလာရန်အတွက် သူ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ခဲ့ရခြင်း လုံးဝ မရှိသလောက်ပင် ဖြစ်ကြောင်း သိထားရမည်။
အတင်းအကျပ် တွက်ချက်ရမည်ဆိုလျှင် နောက်ဆုံးတွင် ချူချယ်အား စွန်းချန်းချန်းနှင့် တင်းတုံတို့ကို ရှာဖွေရာ၌ ကူညီပေးခဲ့ခြင်းသာ ရှိသည်။
ယာဉ်မောင်းခန်းထဲတွင် ယခင်က ပြင်ဆင်ထားခဲ့သော ရိက္ခာပစ္စည်းများကိုပင် ချူချယ်က တိတ်တဆိတ် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုအကြောင်းများကို ချူချယ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ထယ်ရှီး ရရှိသော ရိက္ခာပစ္စည်းများမှာလည်း အလွန် နည်းပါးလှသည်။
ချန်းရီနှင့် နီးပါးလောက် တူညီနေသည်။
ရွှီနန်၊ ရှောင်ဖူနှင့် ရှုလီနာတို့သည်လည်း ရိက္ခာအချို့ကို ရရှိခဲ့ကြသေး၏။
သူတို့၏ စွမ်းဆောင်ရည်မှာ အနည်းဆုံးဟု သတ်မှတ်၍ ရသော်လည်း လူအင်အားများပြားမှုကိုတော့ လျစ်လျူရှု၍ မရနိုင်ပေ။
ထို့အပြင် ဤလူများအားလုံးက ကျောင်းကားပေါ်မှ လူများ ဖြစ်ကြသည်။
စည်းမျဉ်းများအရ သူတို့၏ ရိက္ခာများအားလုံးသည် ကျောင်းကားအဖွဲ့တစ်ခုလုံးနှင့် သက်ဆိုင်လေသည်။
ဤသို့ တွက်ကြည့်လိုက်လျှင် ချန်းရီ ရရှိသော ရိက္ခာမှာ တကယ်ကို အနည်းဆုံးပင် ဖြစ်နေတော့သည်။
သေချာပေါက် ၎င်းတို့ထဲတွင် မျှော်လင့်မထားသော ဝမ်းသာစရာကိစ္စ တစ်ခုလည်း ပါဝင်နေသေး၏။
ထိုအရာမှာ ဤရိက္ခာများထဲတွင် အရက်နှင့် ဆေးလိပ်အချို့ ပါဝင်နေခြင်းပင်။
"ဒီအရက်နဲ့ ဆေးလိပ်တွေက စားလို့သောက်လို့ မရပေမယ့်... တကယ်ကို ရှားပါးတဲ့ ပစ္စည်းတွေပဲ"
"ဒီဟာတွေကို သေချာအသုံးချတတ်ရင်... တခြားယာဉ်တန်းတွေဆီကနေ ပစ္စည်းကောင်းတွေ အများကြီး လဲလို့ရနိုင်တယ်"
ချူချယ်၏ စကားကို ချန်းရီက အလွန် သဘောတူလက်ခံမိသည်။
ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာချိန်တွင် အရက်နှင့် နီကိုတင်းတို့သည် လက်တွေ့ဘဝမှ လွတ်မြောက်ရန်အတွက် အကောင်းဆုံးသော ပစ္စည်းများ ဖြစ်ကြသည်။
မနက်ဖြန်တွင် မည်သည့်နေရာ၌ သေဆုံးရမည်ကို မသိနိုင်သော ဤကဲ့သို့သော ဘဝမျိုးတွင် ဤအရာများသည် အလွန် ရှားပါးတန်ဖိုးကြီးသော ပစ္စည်းကောင်းများ ဖြစ်ပေသည်။
ခွဲဝေမှု ပြဿနာကြောင့် ချန်းရီသည် ဆေးလိပ် ငါးဘူးကိုသာ ရရှိခဲ့၏။
၎င်းတို့အထဲတွင် ဟွာဇီး တစ်ဘူး၊ တာဇီး နှစ်ဘူးနှင့် ချွမ်ဇီး နှစ်ဘူး ပါဝင်သည်။
အရက်နှင့် ပတ်သက်၍မူ ချန်းရီသည် လီတာဝက်ခန့်ရှိသော ဆေးအရက် တစ်ပုလင်းကိုသာ ရရှိခဲ့သည်။
၎င်းမှာ အနီရင့်ရောင်ရှိပြီး သောက်လိုက်လျှင် တရုတ်တိုင်းရင်းဆေးနံ့ ထွက်နေသော အမျိုးအစား ဖြစ်သည်။
နားလည်သူတိုင်း နားလည်ကြပေလိမ့်မည်။
ရိက္ခာခွဲဝေရာတွင် တစ်နာရီကျော်ခန့် အချိန်ယူလိုက်ရပြီးမှသာ ပြီးစီးသွားခဲ့သည်။
"တခြားယာဉ်တန်း ဟုတ်လား... ခေါင်းဆောင်ချူ... တခြားယာဉ်တန်းတွေ ထပ်လာဖို့ ရှိနေလို့လား"
ချန်းရီ စိတ်ဝင်စားသွား၏။
ချူချယ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ ချန်းရီ... ဒီတစ်ခေါက်တော့ ငါ့အမိန့်မရဘဲ လုံးဝ လက်မပါနဲ့"
"..."
ချန်းရီမှာ ပြောစရာစကား ဆွံ့အသွားတော့သည်။
ကောင်းပြီလေ... သူ ကိုယ်တိုင်ကလည်း အရင်က ကျူးလွန်ဖူးသည့် ရာဇဝင် ရှိနေခဲ့သည် မဟုတ်ပါလော။
သို့သော် ယခင်တစ်ခေါက်က ကိစ္စမှာ အကြောင်းအရင်း ရှိခဲ့၍ ဖြစ်သည်။
မိုဟိုင်ရမ်ဆိုသည့် ထိုအဘိုးကြီးက ကုလားအုတ်ယာဉ်တန်းထဲတွင် ကျေးကျွန်စနစ်ဆိုတာကို လုပ်ဆောင်နေခဲ့ခြင်းကြောင့်ပင်။
တရားမျှတမှုကို မြတ်နိုးသူတိုင်းက ထိုကိစ္စကို လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။
ချူချယ်အနေဖြင့် တခြားယာဉ်တန်းများကို မည်သို့ ဆက်သွယ်နိုင်ခဲ့သည်ကိုမူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
သို့သော် သူ၏ ဤကဲ့သို့သော အစွမ်းသည် သတ်မှတ်ထားသည့် အကွာအဝေး ကန့်သတ်ချက်တော့ ရှိနိုင်ပေသည်။
ရိက္ခာပစ္စည်း ခွဲဝေခြင်း ပြီးဆုံးသွားပြီ ဖြစ်၏။
ချန်းရီမှာ မနေနိုင်တော့ဘဲ အနည်းငယ် မျှော်လင့်နေမိတော့သည်။
ချူချယ်က ချန်းရီကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်မှ အခြားသူများကို လှည့်၍ ပြောလိုက်၏။
"အားလုံးပဲ... တဝူမြို့မှာ ငါနဲ့ ချန်းရီ ရှိနေခဲ့တုန်းက..."
ချူချယ်က တဝူမြို့တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အကျဉ်းချုပ် ပြောပြလိုက်သည်။
လူအများမှာ နားထောင်ရင်း မျက်လုံးများ ပြူးကျယ်ကာ အံ့ဩသွားကြ၏။
"အဟမ်း အဟမ်း... အဲဒီလူတွေဆီကနေ ငါတို့ ပစ္စည်းတချို့ ရခဲ့တယ်... မင်းတို့ စိတ်ဝင်စားလောက်မယ် ထင်တယ်"
စကားပြောအပြီးတွင် ရွှီနန်က သေနတ်တစ်ပုံကြီးကို ပွေ့ချီကာ မီးပုံဘေးသို့ ရောက်ရှိလာသည်။
သေနတ်ဆိုသည့် ဤအရာများနှင့် ပတ်သက်၍...
ဟွာရှ နိုင်ငံသားတိုင်းက စိမ်းသက်စိမ်းသက် ဖြစ်နေတတ်ကြသည်။
ဟွာရှ နိုင်ငံသား အများစုမှာ တစ်သက်လုံး သေနတ်ဆိုသည်ကို ကိုင်ပင် မကိုင်ဖူးခဲ့ကြပေ။
သို့သော် ယခု သူတို့ရှေ့တွင်တော့ သေနတ်များက ပုံနေလေသည်။
ထိုလူစုလေးက ဤအရာများကို မည်သို့ ရရှိခဲ့သနည်း ဆိုသည်ကိုမူ...
ချန်းရီက လုံးဝ မမေးမြန်းခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေပြီဖြစ်ရာ မည်သည့်ကိစ္စမဆို ဖြစ်လာနိုင်သည်သာ မဟုတ်ပါလော။
ယခင် ရိက္ခာခွဲဝေချိန်က အသက်ရှင်ကျန်ရစ်သူများမှာ အလွန် ဆူညံနေခဲ့သောကြောင့် ရွှီနန်က သူတို့အားလုံးကို မောင်းထုတ်ပစ်ခဲ့သည်။
ထို့ကြောင့် လက်ရှိနေရာလေးမှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်နေ၏။
သို့မဟုတ်ပါက ယခုအချိန်တွင် လူတိုင်း၏ နားထဲ၌ ဆူညံသံများ ဆက်တိုက် ကြားနေရမည်မှာ သေချာသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ အလွန် စိတ်ဝင်စားသွားပုံရပြီး သေနတ်အချို့ကို ကောက်ကိုင်ကာ ကြည့်ရှုနေသည်။
နောက်ဆုံးတွင် ကျည်ဆန် တစ်တောင့်မျှ မပါဝင်ကြောင်း တွေ့ရှိသွားသောအခါ သူမ၏ စိတ်ဝင်စားမှုများလည်း ပျောက်ကွယ်သွားတော့၏။
ထယ်ရှီးသည်လည်း အလွန် စိတ်ဝင်စားနေခဲ့ပြီး အကြီးစား သေနတ်အချို့ကို ရှာဖွေကာ ဟိုဘက်ဒီဘက် လှန်လှော ကြည့်ရှုနေခဲ့သော်လည်း ကျည်ဆန် မရှိကြောင်း သိလိုက်ရချိန်တွင် အတော်လေး စိတ်ပျက်သွားခဲ့သည်။
"ခေါင်းဆောင်ချူ... ခွဲဝေပေးမယ့်အထဲမှာ ဒါတွေတော့ မပါလောက်ဘူး မဟုတ်လား"
"သေချာပေါက် မပါဘူးပေါ့... ဒီလေးလက်စလုံးက ရှပေါ်လို့ခေါ်တဲ့ မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖန်တီးထားတဲ့ သဘာဝလွန်ပစ္စည်းတွေချည်းပဲ"
ချူချယ်က သီးသန့် ဖယ်ထားသော သေနတ်လေးလက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဒါဆို ရှပေါ်က ဘယ်ကနေ ရလာတာလဲ"
"ဒီအကြောင်းကိုတော့ ငါ မမေးခဲ့ဘူး... ဘာပဲဖြစ်ဖြစ် မူလဇာစ်မြစ် တစ်ခုတော့ ရှိမှာပဲလေ"
ဤသေနတ်လေးလက်စလုံးက သဘာဝလွန်ပစ္စည်းများ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ...
ထိုသူ သုံးယောက်၏ စိတ်ဝင်စားမှုများက တစ်ဖန် ပြန်လည် နိုးကြားလာပြန်သည်။
သူတို့အားလုံး အနားသို့ လျှောက်လာကြပြီး တစ်လက်စီ ကောက်ကိုင်ကာ ကြည့်ရှုလိုက်ကြ၏။
ချူချယ်က ဆက်ပြောလိုက်သည်။
"ဒီတစ်ခေါက် အခြေအနေအရဆိုရင်... ဒီတိုက်ပွဲဝင် ပစ္စည်းတွေအားလုံးက ငါနဲ့ ချန်းရီ နှစ်ယောက်တည်း ရထားခဲ့တာ"
"ဒါကြောင့်... ဒီတစ်ခေါက်တော့ ငါနဲ့ ချန်းရီ နှစ်ယောက်တည်းပဲ ခွဲဝေယူကြမယ်"
"ချန်းရီ... သဘာဝလွန်ပစ္စည်း လေးလက်ဆိုတော့... ငါတို့ တစ်ယောက် နှစ်လက်စီ ယူကြရင် ဘယ်လိုလဲ"
"ပြဿနာမရှိပါဘူး... အရင်ဆုံး ကြည့်ကြည့်ရအောင်"
ချန်းရီက စောစောကတည်းက ဆောင့်ကြောင့်ထိုင်ချကာ ဤသေနတ်လေးလက်ကို ပွတ်သပ်ကိုင်တွယ်နေခဲ့ပြီ ဖြစ်သည်။
ချန်းရီသည် ဤသေနတ်များ၏ မော်ဒယ်အမျိုးအစားများကို လုံးဝ မသိရှိပေ။
သို့သော် သေနတ်ကို မကြိုက်သော ယောက်ျားဟူ၍ မရှိပါချေ။
ချန်းရီက လက်လှမ်းကာ သေနတ်လေးလက်ထဲမှ တစ်လက်ကို ကောက်ကိုင်လိုက်သည်။
၎င်းမှာ ချန်းရီ နာမည်ပင် မခေါ်တတ်သော စနိုက်ပါ သေနတ်တစ်လက် ဖြစ်နေ၏။
သေနတ်ကိုယ်ထည်ပေါ်တွင် အနည်းငယ် ကြီးမားသော ချိန်မှတ်မှန်ပြောင်း တစ်ခု တပ်ဆင်ထားသည်။
ချန်းရီ ကောက်ကိုင်လိုက်ချိန်တွင် မှန်ပြောင်းထဲ၌ ရုတ်တရက် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ မှန်ပြောင်းအတွင်း၌ စက်ဝိုင်းပုံစံ မျက်လုံးတစ်လုံး ပေါ်လာပြီး ထောင်လိုက် မျက်အိမ်တစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးကို အထက်အောက် ဘေးဘယ်ညာ လိုက်လံ အကဲခတ်နေလေသည်။
ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းကျောချမ်းဖွယ် ကောင်းလှ၏။
တစ်ချိန်တည်းမှာပင် သတင်းအချက်အလက် အချို့က ချန်းရီ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသည်။
[အသက်အန္တရာယ်ပေးနိုင်သော စနိုက်ပါ - နံပါတ်စဉ် ၇၁၅၂]
[အကျဉ်းချုပ် - မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင် ရှပေါ် မသေဆုံးမီ နောက်ဆုံး ဖန်တီးခဲ့သော လက်ရာ ဖြစ်သည်]
[အစွမ်း ၁ - သဘာဝလွန် အစွမ်းကို အသုံးပြုပြီး ထူးဆန်းသည့် အရာများကို ပြင်းထန်စွာ ထိခိုက်စေနိုင်သော ကျည်ဆန်တစ်တောင့် ဖန်တီးနိုင်သည်။ (၂၄) နာရီလျှင် ကျည်တစ်တောင့်သာ ဖန်တီးနိုင်ပြီး အများဆုံး သုံးတောင့်ထက် မပိုနိုင်ပါ]
[ပေးဆပ်ရမည့်တန်ဖိုး - လိပ်ခေါင်းရောဂါက တစ်သက်လုံး ဒုက္ခပေးနေမည်]
[သုံးသပ်ချက် - ရှပေါ်သည် လူကောင်းတစ်ယောက် ဖြစ်သော်လည်း အခြေခံစည်းမျဉ်း ကင်းမဲ့နေသော လူကောင်းတစ်ယောက်လည်း ဖြစ်သည်။ ဤသေနတ်သာ ရှပေါ်၏ လက်ထဲတွင် ရှိနေသေးပါက အဆင့်သတ်မှတ်ချက်သည် ဤမျှလောက်အထိ နိမ့်ကျနေမည် မဟုတ်ပေ]
မြတ်စွာဘုရား။
လိပ်ခေါင်းရောဂါက တစ်သက်လုံး ဒုက္ခပေးနေမယ် ဟုတ်လား။
ဒါက...
ဤသတင်းအချက်အလက်များကို မြင်လိုက်ရပြီးနောက် ချန်းရီ၏ စိတ်ဝင်စားမှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ကျည်ဆန် သုံးတောင့်သာ ဖန်တီးနိုင်သည်သာမက လိပ်ခေါင်းရောဂါကလည်း တစ်သက်လုံး ဒုက္ခပေးနေဦးမည် မဟုတ်ပါလော။
နံပါတ်စဉ် သတ်မှတ်ချက်က ဤမျှလောက်အထိ နိမ့်ကျနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
"ငါတို့ သေနတ်ချင်း လဲကြည့်ကြရအောင်"
ချန်းရီက လက်ထဲမှ လိပ်ခေါင်းရောဂါ စနိုက်ပါကြီးကို ပန်းရောင်ဆံပင်နှင့် ကောင်မလေးထံ ပစ်ပေးလိုက်ပြီး သူမ၏ လက်ထဲမှ အနည်းငယ် လေးလံသော ပစ္စတိုသေနတ် တစ်လက်ကို ယူလိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဤသေနတ်ကို စတင် ကိုင်တွယ်လိုက်ရချိန်တွင် အလွန် စိတ်လှုပ်ရှားနေခဲ့၏။
ယခင်က ဂိမ်းများ သို့မဟုတ် အန်နီမေးရှင်း ဇာတ်လမ်းများထဲတွင် အမျိုးသမီး ဇာတ်ကောင်များ သေနတ်ကိုင်ကာ ခန့်ညားထည်ဝါစွာ ရပ်တည်နေပုံများကို သူမ မကြာခဏ မြင်တွေ့ခဲ့ဖူးသည်။
ထို့အပြင် စနိုက်ပါ သေနတ်ဆိုသည်မှာ မိုင်ပေါင်းများစွာ အကွာအဝေးမှနေ၍ အသက်ကို နုတ်ယူနိုင်သော နတ်လက်နက်တစ်ပါးပင် ဖြစ်သည် မဟုတ်ပါလော။
သူမ ယခင်က ဂိမ်းကစားချိန်များတွင် စနိုက်ပါ ကိုင်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ လက်ထဲရောက်သည်နှင့် လက်မှ မချချင်လောက်အောင် ပွတ်သပ်နေမိပြီး ကြည့်ရသည်မှာ အနည်းငယ် ကြောင်တောင်တောင် နိုင်လှသည်။
အမှန်တော့ စောစောကတည်းက သူမက ဤသေနတ်ကို ပထမဆုံးအဖြစ် ကြည့်ချင်နေခဲ့သော်လည်း ချန်းရီက လက်ဦးမှု ရယူသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ယခုတော့ နောက်ဆုံးတွင် သူမ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဆက်ရန်...