← Chapters

အခန်း ၁၉၈

Vol. 10 Ch. 198

အခန်း ၁၉၈

Vol. 10 Ch. 198

အပိုင်း(၁၉၈) လူကို ငါးစာချိတ်၍ ငါးမျှားခြင်း

ရေကန်ဘေးရှိ နေထိုင်မှုဘဝက အလွန် သာယာလှပ၏။

အသက်ရှင်ကျန်ရစ်သူများကို ရေကန်အနီးသို့ မသွားရန် တားမြစ်ထားသည်မှလွဲ၍ ကျန်အချိန်များတွင်မူ အတော်လေး အေးချမ်းနေပုံရသည်။

မနေ့ညက တွေ့မြင်ခဲ့ရသော ထူးဆန်းလှသည့် မြင်ကွင်းမှာ လူအများအပြားအတွက် တစ်သက်တာ မေ့မရနိုင်စရာ အမှတ်တရတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤမြင်ကွင်းမျိုးကို ကမ္ဘာပျက်ကပ်မတိုင်မီကသာဆိုလျှင် ရုပ်ရှင်များ၏ အထူးပြုလုပ်ချက်များတွင်သာ မြင်တွေ့နိုင်မည် ဖြစ်သည်။

တောက်ပနေသော လိပ်ပြာနတ်သူငယ်များ ဖြစ်စေ၊ အင်း... ခေါင်းဆောင်ချူ၏ မှတ်စုစာအုပ်ထဲတွင်တော့ ထိုအရာများကို "နတ်သူငယ်" ဟု ရေးမှတ်ထားခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက် ခေါင်းဆောင်ချူက "နတ်သူငယ်" ဟူသော စကားလုံးရှေ့တွင် "လိပ်ပြာ" ဟူသော စကားလုံးကို ထပ်ထည့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုလိပ်ပြာများသည် ဒဏ္ဍာရီလာပုံပြင်များ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ "နတ်သူငယ်" များနှင့် တကယ်ပင် တူလွန်းနေသောကြောင့် ဖြစ်သည်။

ဤရေကန်ကိုလည်း ခေါင်းဆောင်ချူက "နတ်သူငယ်ရေကန်" ဟု အမည်ပေးထားလိုက်သည်။

ခေါင်းဆောင်ချူသည် မှတ်စုစာအုပ်ထဲတွင် ဤသို့ ရေးမှတ်ထားလေသည်။

"၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်။ ကျွန်တော်တို့ တဝူမြို့မှ ထွက်ခွာလာခဲ့ပြီး မိုင်ခြောက်ဆယ်ကျော်ခန့် မောင်းနှင်လာပြီးနောက် နတ်သူငယ်ရေကန်သို့ ရောက်ရှိလာခဲ့သည်။"

"နတ်သူငယ်ရေကန်သည် တဝူမြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ကျွန်တော်တို့ ဤနေရာတွင် စခန်းချရန် ဆုံးဖြတ်လိုက်ကြသည်။"

"နတ်သူငယ်ရေကန်မှာ အလွန် လှပသည်။ ကန်ရေပြင်မှာ အပြာရောင်သန်းနေသော အစိမ်းရောင်ဖြစ်ပြီး ရှုခင်းများက သာယာလှပကာ ကန်ဘေးတွင်လည်း ပန်းမန်သစ်ပင်များဖြင့် ဝေဆာနေ၏။"

ခေါင်းဆောင်ချူ၏ မှတ်စုများထဲတွင် နတ်သူငယ်ရေကန်ကို အလွန် လှပစွာ ဖော်ကျူးထားသဖြင့် ဖတ်ရသူတိုင်းကို သွားရောက်လည်ပတ်ချင်စိတ် ပေါက်သွားစေနိုင်သည်။

"သို့သော် ရေကန်ထဲတွင် လူကို တိုက်ခိုက်တတ်သည့် ငါးကြီးများ ရှိနေသဖြင့် သတိထားရန် လိုအပ်သည်။ ကျွန်တော်တို့ ယာဉ်တန်းထဲမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးပင် တိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်။"

"ညဘက်တွင် လိပ်ပြာနတ်သူငယ်များ ထွက်ပေါ်လာတတ်သည်။"

"လိပ်ပြာနတ်သူငယ်များသည် နတ်သူငယ်ရေကန်၏ ရေများမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ သူတို့တွင် လိပ်ပြာအတောင်ပံကြီးများ ပါရှိပြီး ခန္ဓာကိုယ်မှာ လူနှင့်တူကာ အရပ်မှာ လေးလက်မခန့်သာ ရှိပြီး အတောင်ပံများမှာ တောက်ပနေကြသည်။"

"လိပ်ပြာနတ်သူငယ်များသည် စိတ်သဘောထား ပြည့်ဝပြီး ရိုးသားဖြူစင်သူများနှင့်သာ ဆက်ဆံလိုကြသည်။ စိတ်နေသဘောထား ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သူများကိုမူ လိပ်ပြာနတ်သူငယ်များက ရွံရှာမုန်းတီးတတ်ကြသည်။"

ဤနေရာသို့ အရောက်တွင် ခေါင်းဆောင်ချူမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။

သူ ဘယ်လိုပင်ဖြစ်နေပါစေ ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်တော့ မဟုတ်တန်ရာပေ။ ယာဉ်တန်းကြီး ယခုအချိန်အထိ အသက်ရှင်သန်နိုင်ရန်အတွက် သူသည် ရက်စက်သည်ဟု ထင်ရသော ဆုံးဖြတ်ချက်တချို့ကို ချမှတ်ခဲ့ရသည်မှာ မှန်ပါသည်။

သို့သော် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် အနည်းဆုံးတော့ လူအများစု၏ အသက်ကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလော။

အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ခေါင်းဆောင်ချူသည် အခြေအနေမှန်အတိုင်း နတ်သူငယ်ရေကန်နှင့် ပတ်သက်သမျှ အရာအားလုံးကို မှတ်စုစာအုပ်ထဲတွင် အသေးစိတ် ရေးမှတ်ထားလိုက်သည်။

သို့သော် ချန်းရီက မနေ့ညက ကိစ္စနှင့် ပတ်သက်၍ အနည်းငယ်မျှပင် ဂရုမစိုက်သကဲ့သို့ နေနေသည်ကို မြင်လိုက်ရသောအခါ...

ချူချယ်မှာ ပို၍ပင် စိတ်ပျက်သွားရတော့သည်။

ချန်းရီကဲ့သို့ စိတ်နေသဘောထား ယုတ်မာပြီး အကြံအစည် ပက်စက်သူတစ်ယောက်ကို လိပ်ပြာနတ်သူငယ်များက မချဉ်းကပ်သည်မှာ အံဝင်ခွင်ကျပင် ဖြစ်သည်။

ဒါပေမဲ့ သူ ကိုယ်တိုင်ကရော ဘာဖြစ်လို့ ချန်လှပ်ခံခဲ့ရတာလဲ။

ဒေါသထွက်စရာ ကောင်းနေသော်လည်း သူ သေချာပေါက် ဆက်လက် ရေးမှတ်နေရဆဲပင်။

ဤမှတ်စုစာအုပ်လေးမှာ သာမန်ဟု ထင်ရသော်လည်း ၎င်းထဲတွင် ပါဝင်သော အချက်အလက်များ၏ တန်ဖိုးမှာမူ တိုင်းတာ၍ပင် မရနိုင်ပေ။

ချန်းရီသည် ခေါင်းဆောင်ချူ တစ်ယောက် မှတ်စုစာအုပ်ထဲတွင် တစ်ခုခုကို အသည်းအသန် ရေးမှတ်နေသည်ကို မြင်လိုက်ရသော်လည်း ဘာရေးနေသည်ကို သိနေသဖြင့် သွားရောက် မနှောင့်ယှက်တော့ပေ။

ယနေ့တွင် သူတို့ကဲ့သို့သော အစွမ်းပိုင်ရှင်များအတွက်လည်း အလုပ်မရှိဘဲ အားနေကြသည်တော့ မဟုတ်ပေ။

နတ်သူငယ်ရေကန်ထဲတွင် ငါးကြီးများ ရှိနေကြောင်း မနေ့ညကတည်းက မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ထိုငါးများကို အသက်ရှင်ကျန်ရစ်သူ အများစုက မနေ့ညတွင် စားသောက်ကြည့်ခဲ့ပြီး အရသာ အလွန်ကောင်းမွန်ကြောင်း မှတ်ချက်ပေးခဲ့ကြ၏။

ထို့ကြောင့် ရွှီနန်က ကန်ထဲမှ ငါးကြီးများကို ဖမ်းယူကာ ငါးကျပ်တင်များ ပြုလုပ်ပြီး နောင်အတွက် ရိက္ခာအဖြစ် သိမ်းဆည်းထားရန် စဉ်းစားခဲ့သည်။

ဤအကြံအစည်ကို လူအများအပြားက သဘောတူခဲ့ကြသည်။

သို့သော် ဤရေကန်ထဲမှ ငါးများကို ဖမ်းယူရန်မှာ သာမန်ကိစ္စ တစ်ခုတော့ မဟုတ်ပေ။

သာမန်လူများအတွက် ရေကန်ဘေးတွင် ရပ်နေရုံမျှဖြင့်ပင် အလွန် အန္တရာယ် များလှသည်။

ငါးဖမ်းရန် ဆိုသည်မှာ ပို၍ပင် ဝေးသေး၏။

ထို့ကြောင့် ဤတာဝန်မှာ နောက်ဆုံးတွင် ချန်းရီတို့ လူစုအပေါ်သို့သာ ကျရောက်လာတော့သည်။

"ကောင်းပြီ... ဒီကိစ္စကို ငါ့တာဝန်သာထားလိုက်"

ထယ်ရှီးက သူ၏ ရင်ဘတ်ကို ပုတ်ကာ အလွန် တက်ကြွစွာဖြင့် သဘောတူလိုက်လေသည်။

ချန်းရီကလည်း ဤတာဝန်ကို ငြင်းဆန်ခြင်း မရှိပေ။ လက်ရှိအချိန်တွင် ရိက္ခာပစ္စည်းများမှာ အဖိုးတန် ရွှေငွေများကဲ့သို့ အရေးပါနေပြီး မည်သူကမျှ ရိက္ခာ များပြားနေခြင်းကို ငြင်းပယ်မည် မဟုတ်ပါချေ။

ထို့ပြင် မကြာမီတွင် ယာဉ်တန်းကြီးတစ်ခု ရောက်လာတော့မည် ဖြစ်ရာ ထိုအချိန်ကျလျှင် ဤရိက္ခာများကို အသုံးပြု၍ သူတို့နှင့် ကောင်းမွန်သော ပစ္စည်းများကို လဲလှယ်နိုင်ဦးမည် ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ကလည်း ငြင်းဆန်ခြင်း မရှိကြပေ။

ကျန်ရှိနေသော သာမန် အသက်ရှင်ကျန်ရစ်သူများမှာမူ ရွှီနန်၏ စီစဉ်ညွှန်ကြားမှုဖြင့် ငါးကျပ်တင် ပြုလုပ်ရန် လိုအပ်သော ထင်းများကို အကာအကွယ် အပြင်ဘက်သို့ ထွက်၍ ရှာဖွေရန် ပြင်ဆင်နေကြသည်။

ခေါင်းဆောင်ချူ၏ သဘောထားကို မေးမြန်းပြီးနောက်...

ထိုအသက်ရှင်ကျန်ရစ်သူများအတွက် အလုပ်လုပ်ချိန်မှာ မနက် ဆယ်နာရီခွဲမှ နေ့လယ် သုံးနာရီအထိသာ သတ်မှတ်ပေးထားသည်။

နေ့လယ် သုံးနာရီ ထိုးသည်နှင့် မည်သူမဆို၊ မည်သည့် အလုပ်ကို လုပ်နေသည်ဖြစ်စေ စခန်းသို့ မဖြစ်မနေ ပြန်လာကြရမည် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများ ကိုင်ဆောင်ထားသော ကိရိယာများမှာလည်း ပေါက်ပြား၊ မီးသတ်ပုဆိန်၊ တူ အစရှိသဖြင့် တွေးတောကြည့်၍ ရနိုင်သော အရာမှန်သမျှ အစုံအလင် ပါဝင်နေကြသည်။

ဤလက်နက်များအားလုံးမှာ ယခင်က ရိက္ခာရှာဖွေစဉ်အတွင်း အလွယ်တကူ ကောက်ယူလာခဲ့ကြခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများကို အာရုံမစိုက်တော့ဘဲ...

ချန်းရီသည် သူ၏ ရှေ့မှောက်ရှိ တာဝန်ကိုသာ အာရုံစိုက်ထားလိုက်သည်။

မနေ့ညက ကန်ရေပြင် လင်းလက်နေချိန်တွင် ချန်းရီသည် ရေကန်ထဲ၌ ငါးကြီးများ အများအပြား ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။

၎င်းတို့အနက် အငယ်ဆုံးမှာပင် သုံးပိဿာခန့် ရှိပြီး အကြီးဆုံးမှာ ပိဿာသုံးဆယ်မှ ပိဿာသုံးရာကျော်အထိပင် ရှိနိုင်လောက်သည်။

အကောင်သေးသည်များကိုမူ သိပ်ပြီး စိတ်ပူစရာ မလိုလှပေ။

သို့သော် ထိုအကောင်ကြီးများမှာမူ သဘောကောင်းလိမ့်မည်ဟု ချန်းရီ မထင်မိချေ။

ငါးမျှားခြင်းနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင်...

ငါးမျှားတံ ရှိ၊ မရှိကိုပင် ထည့်မတွက်ထားဦး။

ငါးမျှားတံ ရှိနေလျှင်တောင်မှ ထို ငါးသတ္တဝါကြီးများကို ကုန်းပေါ်သို့ ဆွဲတင်နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။

"ထယ်ရှီး... မင်း ဘယ်လိုလုပ်မလို့လဲ"

ချန်းရီက သူ့ဘေးတွင် ရပ်နေသော လူသန်ကြီးကို လှည့်ကြည့်ကာ မေးလိုက်သည်။

ထယ်ရှီးက တဟီးဟီး ရယ်မောလိုက်ပြီး...

"ငါ့မှာ သိပ်ထူးခြားတဲ့ နည်းလမ်းတော့ မရှိဘူး... ခွန်အားကြီးပြီး အထိုးအကြိတ် ခံနိုင်တာပဲ ရှိတယ်"

ဒီကိစ္စက အထိုးအကြိတ်ခံနိုင်တာနဲ့ ဘာများ ဆိုင်နေလို့လဲ။

ချန်းရီ တစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်...

ထယ်ရှီးက သူ၏ ခါးတွင် ကြိုးတုတ်တုတ်တစ်ချောင်းကို ချည်နှောင်နေသည်ကို မြင်လိုက်ရသည်။

ထိုကြိုးမှာ လောင်လီက ကျောင်းကားခေါင်မိုးပေါ်မှ ဖြုတ်ယူလာခဲ့ခြင်း ဖြစ်ပြီး မူလက ကားခေါင်မိုးပေါ်ရှိ ရိက္ခာများကို ချည်နှောင်ရန် အသုံးပြုထားခြင်း ဖြစ်သည်။

ယခုတော့ ထိုကြိုးက ငါးမျှားကြိုးအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ထိုငါးမျှားကြိုးအတွက် ငါးစာမှာတော့ ထယ်ရှီး ကိုယ်တိုင်ပင် ဖြစ်နေတော့၏။

ကြိုး၏ တစ်ဖက်စွန်းကို အမျိုးသား အသက်ရှင်ကျန်ရစ်သူ ဆယ်ဦးကျော်ခန့်က ဆွဲကိုင်ထားကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အလွန်တရာ ထိတ်လန့် စိုးရိမ်နေသော အမူအရာများ ပေါ်လွင်နေကြသည်။

ဒီလိုနည်းနဲ့ ရပါ့မလား။

ချန်းရီသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဝေဖန်နေမိသည်။

ထယ်ရှီးသည် ရေထဲသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ သံမဏိမျှော်စင်ကြီးတစ်ခုနှင့် တူသော သူ၏ တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်ကြီးက ရေပြင်ကို လှုပ်ခတ်သွားစေပြီး လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

ခါးလောက် နက်သော နေရာသို့ ရောက်မှသာ ထိုလူသန်ကြီးက ရပ်တန့်လိုက်ပြီး ရေပြင်ကို လက်ဖြင့် ဆက်တိုက် ပုတ်ခတ်နေလေသည်။

"ဒါ အဆင်ပြေပါ့မလားရှင့်"

ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးထံမှ သံသယဖြစ်နေသော အသံ ထွက်ပေါ်လာသည်။

တင်းတုံလည်း ထွက်လာခဲ့ပြီး သူမ၏ တည်ငြိမ်နေသော မျက်ဝန်းများဖြင့် ရေကန်ထဲရှိ လူသန်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

မလှမ်းမကမ်းတွင်လည်း ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်တစ်စုံက တင်းတုံကို အကဲခတ် ကြည့်ရှုနေလေသည်။

တင်းတုံက တစ်စုံတစ်ခုကို သတိထားမိသွားသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအကြည့်က တင်းတုံနှင့် အကြည့်ချင်း ဆုံသွားသည်နှင့် တစ်ပြိုင်နက် ခေါင်းကို အမြန်ငုံ့သွားကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေလိုက်၏။

တင်းတုံကလည်း ဘာမှ ဆက်မတွေးတော့ဘဲ ကန်ရေပြင်ရှိ အခြေအနေကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။

ထယ်ရှီးသည် ရေပြင်ကို ပုတ်ခတ်နေရင်း ရေအောက်ရှိ အခြေအနေကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။

ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ကြောက်ရွံ့ခြင်း ဆိုသည်မှာတော့ လုံးဝ မရှိခဲ့ပေ။

တိုက်တန် လမ်းစဉ်သို့ ရောက်ရှိပြီးနောက် ဦးနှောက် ထိုင်းမှိုင်းသွားခဲ့သော ဤလူကြီးသည် ကြောက်ရွံ့ခြင်းဆိုသည်မှာ မည်သည့်အရာမှန်းပင် မသိတော့ချေ။

လာပြီ...

ထိုအချိန်မှာပင် ထယ်ရှီး၏ အရှေ့ဘက် ရေအောက်ထဲ၌ ဧရာမ အရိပ်မည်းကြီးတစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို သူ မြင်လိုက်ရသည်။

နတ်သူငယ်ရေကန်၏ ရေမှာ အလွန် ကြည်လင်နေသဖြင့် ထိုအရိပ်မည်းကြီး၏ ကျောဘက်ရှိ မီးခိုးရောင်အစင်းကျားများနှင့် ပါးစပ်ဘေးရှိ နှုတ်ခမ်းမွေးများကိုပင် ထယ်ရှီး ထင်ရှားစွာ မြင်တွေ့နေရသည်။

ထို့ပြင် ရေအောက်တွင် ပုန်းအောင်းနေသော ထိုအကောင်ကြီး၏ မျက်လုံးငယ်လေးများဆီမှ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်ကိုလည်း မြင်တွေ့ရ၏။

ထယ်ရှီး တစ်ယောက် ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

တည်တည်ငြိမ်ငြိမ်နေ... တည်တည်ငြိမ်ငြိမ်နေ... သူ ခုန်အုပ်လာမယ့် အချိန်ကိုပဲ စောင့်နေလိုက်။

ထိုအချိန်မှာပင် ထိုအရိပ်မည်းကြီးက ရုတ်တရက် လှုပ်ရှားသွားပြီး ကန်ရေပြင်တွင် လှိုင်းဂယက်များ ထသွားကာ ထိုငါးမည်းကြီး ပျောက်ကွယ်သွားတော့သည်။

နောက်တစ်ခဏတွင်တော့ ထိုဧရာမ အရိပ်မည်းကြီးက ရေပေါ်သို့ ခုန်တက်လာပြီး ထယ်ရှီးဆီသို့ တိုက်ရိုက် ခုန်အုပ်လာလေတော့သည်။

အလွန် ကြီးမားလှသော ငါးမည်းကြီးပင်တည်း။

ငါးရံ့မည်းဟု ခေါ်ဆိုရန် မတိကျသော်လည်း ဤငါးမှာ ငါးရံ့မည်းနှင့် အလွန် တူညီကာ အရွယ်အစားမှာမူ သာမန် ငါးရံ့မည်းများထက် အဆပေါင်းများစွာ ကြီးမားနေသည်။

ထိုငါးမည်းကြီး၏ ခန္ဓာကိုယ် အထက်ပိုင်းက ရေပြင်ပေါ်သို့ ခုန်တက်လာပြီး ထယ်ရှီးဆီသို့ ပြေးဝင်လာသည်။

ချန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

တကယ်ကို ကြီးမားလှပေသည်။ ဤငါးကြီး၏ အရွယ်အစားမှာ အနည်းဆုံး ပေသုံးဆယ်ကျော်လောက် ရှိနေသည်။

တကယ့် ကောင်ကြီးပဲ...

ထယ်ရှီးက ဟားတိုက် ရယ်မောလိုက်ပြီး...

"လာစမ်း... ငါ့အစွမ်းကို ပြရသေးတာပေါ့"

ငါးမည်းကြီးက ၎င်း၏ မှောင်မည်းနေသော ပါးစပ်ကြီးကို ဟလိုက်ပြီး ထယ်ရှီးကို ကိုက်ကာ ရေနက်ပိုင်းသို့ ဆွဲခေါ်သွားရန် ရည်ရွယ်ထားပုံရသည်။

မှောင်မည်းနေသော ထိုငါးပါးစပ်ကြီးက ထယ်ရှီးကို ကိုက်တော့မည့် ဆဲဆဲအချိန်လေးမှာပင်...

ထယ်ရှီးက သံညှပ်ကြီးတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာသော သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ငါးမည်းကြီး၏ အထက်အောက် နှုတ်ခမ်းနှစ်ခုကို တင်းကျပ်စွာ ဆွဲကိုင်လိုက်လေသည်။ အလွန် ကြီးမားလှသော ခွန်အားများကြောင့် သူ၏ လက်ချောင်းများမှာ ငါး၏ အသားထဲသို့ပင် စိုက်ဝင်သွားတော့သည်။

ဧရာမ အင်အားကြီးက ထယ်ရှီးကို ရေထဲသို့ တိုက်ရိုက် တွန်းချလိုက်သလို ဖြစ်သွားပြီး ငါးမည်းကြီးမှာလည်း ရေထဲသို့ ပြန်လည် ကျဆင်းသွားလေရာ ရေပြင်ထက်တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။

ရေပွက်များ လေပေါ်သို့ အမြင့်ကြီး လွင့်စင်သွားသည်။

ထယ်ရှီး၏ ခွန်အားက ငါးမည်းကြီးကို မယှဉ်နိုင်၍တော့ မဟုတ်ပေ။ ထယ်ရှီးမှာ ရေကန်ထဲတွင် ရပ်နေရခြင်း ဖြစ်ပြီး ကန်အောက်ခြေရှိ ရွှံ့နွံများက သူ့ကို ခိုင်မြဲစွာ ရပ်တည်နိုင်ရန် မပံ့ပိုးပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ထယ်ရှီးတွင် မည်မျှပင် ကြီးမားသော ခွန်အားရှိနေပါစေ၊ အားပြုစရာ နေရာ မရှိသည့် အခြေအနေမျိုးတွင်တော့ အနည်းငယ် အထိနာသွားရသည်မှာ သဘာဝပင်။

မကြာမီမှာပင် ချန်းရီသည် ရေကန်ဘေး၌ ရေပွက်များ လေပေါ်သို့ လွင့်စင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ရေအောက်တွင်လည်း နောက်ကျိနေပြီး ဧရာမ အရိပ်ကြီးနှစ်ခုက အပြန်အလှန် လုံးထွေး တိုက်ခိုက်နေကြလေသည်။

ထယ်ရှီး တစ်ယောက် ထိုငါးကြီးနှင့် တကယ်ကြီး ထိုးကြိတ် တိုက်ခိုက်နေသည်ပင်။

ရေအောက်တွင် ဖြစ်နေသော်လည်း ထိုဧရာမ ငါးမည်းကြီးအနေဖြင့် ထယ်ရှီး၏ ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ရန်မှာ အိပ်မက်မက်နေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

"လခွမ်း... ဘာတွေ ငေးနေကြတာလဲ... ဆွဲကြလေ"

ဆက်ရန်...

All Chapters