← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

📗 Chapter 300

ယဲ့ချန်းချင့်၏တည်ငြိမ်အေးဆေးသော အမူအရာကြောင့် အလုပ်သမားများ၏စိုးရိမ်စိတ်များလည်း အနည်းငယ် ပြေလျော့သွားခဲ့ရသည်။

ဝါရင့်အလုပ်သမားတစ်ဦးက ဝင်ပြောလိုက်လေသည်။

“ချန်းချင့်၊ မင်းက ဘော့စ်လျို့နဲ့ တကယ်ခြားနားတာပဲ၊ ဒီတစ်ခေါက် ငါတို့လက်ဗလာနဲ့ ပြန်သွားရရင် မင်းရင်ဆိုင်ရမယ့် ဖိအားတွေကို ထည့်မတွေးဘူးလား”

ယဲ့ချန်းချင့်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့, အဲ့လိုလုံးဝ ဖြစ်မလာစေရဘူး”

မူလက ယဲ့ချန်းချင့်တစ်ယောက် ဘော့စ်လျို့၏ လုပ်ငန်းမှ ခွဲထွက်ကာ ကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့စဉ်က သူ့ရည်ရွယ်ချက်ကို မည်သူမှ နားမလည်နိုင်ခဲ့ကြပေ။

သို့သော် ဤတောင်တန်းအား တူးဖော်ခွင့် ကန်ထရိုက်မယူမီ သေသေချာချာ အသေးစိတ် လေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ယဲ့ချန်းချင့် ကိုယ်တိုင်သာလျှင် ကောင်းစွာ သိရှိထားပါသည်။

သူသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိသဖြင့် ယခုအကြိမ်တွင်လည်း ကျိန်းသေပေါက် အောင်မြင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

ယဲ့ချန်းချင့်သည် အလုပ်သမားအဖွဲ့အား ဦးဆောင်ကာ အနောက်ဘက်သို့ မီတာ ၅၀၀ ခန့် ဆက်သွားခဲ့ပြီး မြေပြင်အခြေအနေကို ပြန်လည်အကဲခတ်ကာ သတ္တုတွင်းတူးဖော်ဖို့ တည်နေရာအသစ်တစ်ခု ထပ်မံ ရွေးချယ်လိုက်ပါသည်။

တည်နေရာအား အတည်ပြုပြီးနောက် အလုပ်သမားများက စတင်တူးဖော်နိုင်တော့မည် ဖြစ်သည်။

--- --- ---

လက်ထပ်ခွင့် အစီရင်ခံစာ တင်ပြဖို့အတွက် လုဟန်ချွမ် စခန်းသို့ ပြန်သွားစဉ် ယဲ့ရှောင်ရှောင်ကလည်း သူမ၏ အလုပ်သင်အောင်မြင်မှုစာလွှာကို ကျောင်းသို့ သွားရောက်အပ်နှံခဲ့ပါသည်။

စွန်းကျန့်ယောင်က ယဲ့ရှောင်ရှောင်၏ အလုပ်သင်မှတ်တမ်းများကို ဖတ်ရှုပြီးနောက် ခေါင်းတညိတ်ညိတ်နှင့် မေးမြန်းလိုက်သည်။

“ဟုတ်ပြီ၊ မှတ်တမ်းကတော့ အဆင်ပြေပါတယ်၊ ဒါနဲ့ ဘွဲ့ယူစာတမ်းကို ဘယ်လိုအကြောင်းအရာမျိုး ရေးဖို့ စဉ်းစားထားလဲ ဆုံးဖြတ်ပြီးပြီလား”

စွန်းကျန့်ယောင်သည် တရုတ်တိုင်းရင်းဆေးမေဂျာရှိ ကျောင်းသားများအတွက် စိုးရိမ်ပူပန်မှု သိပ်မရှိလှပေ။ အခြေခံခိုင်မာပါက ဘွဲ့ယူစာတမ်းရေးသားဖို့ဟူသည်မှာ မခက်ခဲလှပါ။

ယဲ့ရှောင်ရှောင်သည်လည်း အနောက်မြောက်ပိုင်းဒေသတွင် ရှိနေစဉ်အချိန်ကတည်းက ဘွဲ့ယူစာတမ်းအား အကြမ်းဖျင်း ရေးသားထားပြီးသားဖြစ်၍ စွန်းကျန့်ယောင်အား ချက်ချင်း ထုတ်ပြလိုက်ပါသည်။

အကယ်၍ ခေါင်းစဉ်ပိုင်းတွင် ပြုပြင်ပြောင်းလဲရန် လိုအပ်ဦးမည်ဆိုပါကလည်း ပြန်လည်ရေးသားရန် အချိန်အလုံအလောက် ရှိနေပါသေးသည်။

“ဆရာကြီးစွန်း၊ ကျေးဇူးပြုပြီး ဒါလေးတစ်ချက်လောက် ကြည့်ပေးပါဦး၊ သမီးရေးထားတဲ့ ဘွဲ့ယူစာတမ်း ပုံကြမ်းပါ”

စွန်းကျန့်ယောင် အံ့အားသင့်သွားရသည်။

“ပုံကြမ်းတောင် ရေးပြီးပြီပေါ့ ဟုတ်လား”

ယဲ့ရှောင်ရှောင်ပေးသည့် စာရွက်များကို စွန်းကျန့်ယောင် လက်ခံကာ ခေါင်းစဉ်ပိုင်းနှင့် အကြောင်းအရာကို ဦးစွာ ဖတ်ရှုကြည့်လိုက်ပါသည်။

“ဒီအကြောင်းအရာက… အရမ်းခက်မယ့်ပုံပဲနော်…”

သို့သော် စာမျက်နှာများကို ဆက်လက်လှန်လှော ဖတ်ကြည့်ရှုလိုက်သည့်အခါတွင်မူ ယဲ့ရှောင်ရှောင် ရေးသားထားသည့် ဘွဲ့ယူစာတမ်းမှာ အလွန်စနစ်ရှိပြီး အနုစိတ်ကျစွာ ရေးသားထားခြင်းဖြစ်မှန်း စွန်းကျန့်ယောင် နားလည်သွားခဲ့ရတော့သည်။

ပါမောက္ခတစ်ဦးအနေဖြင့် ဤစာတမ်းကို ပြုပြင်ပေးရန်ပင် မလိုအပ်လောက်အောင် ပြီးပြည့်စုံလွန်းနေသည်ဟု ခံစားရသည်။

အမှန်စင်စစ်တွင် ဤမျှကောင်းမွန်လှသော စာတမ်းကို ဘွဲ့ကြို တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဘွဲ့ယူစာတမ်းအဖြစ်သာ အသုံးပြုရမည်ဆိုလျှင် နှမြောစရာ ကောင်းပေလိမ့်မည်။

ဤစာတမ်းသည် ပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်းဖော်ပြနိုင်သည်အထိ စံချိန်စံညွှန်းများ အလွန်ပြည့်မှီနေခြင်းကြောင့်ပင်။

ဆရာဖြစ်သူ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယဲ့ရှောင်ရှောင်က မေးမြန်းလိုက်သည်။

“တစ်ခုခုအဆင်မပြေလို့လား ဆရာကြီး၊ သမီးရေးထားတဲ့ စာတမ်းက စံချိန်မမီလို့လား၊ အဲ့တာဆို တခြားခေါင်းစဉ်တစ်ခုခုနဲ့ ပြန်ရေးပေးပါ့မယ်”

စွန်းကျန့်ယောင်: “လုံးဝ အဆင်ပြေတယ်၊ ဒါပေမယ့် ဘွဲ့ကြိုကျောင်းသားတစ်ယောက်ရဲ့ ဘွဲ့ယူစာတမ်းအဖြစ် သုံးရမှာ နှမြောစရာကောင်းလွန်းတယ်၊ ဒီမှာဆိုရင် အလွန်ဆုံး စံပြဘွဲ့ယူစာတမ်းအဖြစ် သတ်မှတ်ခံရရုံပဲ ရှိမှာ၊ ဒါပေမယ့် ပညာရပ်ဆိုင်ရာ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြလိုက်မယ်ဆိုရင်တော့ နင့်ရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်”

ယဲ့ရှောင်ရှောင်ကမူ စိတ်မဝင်စားလှပေ။

“ဘွဲ့ယူစာတမ်းအဖြစ်သုံးဖို့ အဆင်ပြေတယ်ဆိုရင်ပဲ လုံလောက်ပါပြီ၊ စာတမ်းထုတ်ဝေဖို့ကိုလည်း သမီး စိတ်မပါသေးဘူး၊ အခုချိန်မှာ နိုင်ငံတကာ ပညာရေးဂျာနယ်တွေက ပြည်တွင်းကစာတမ်းတွေကို အထင်သေးတတ်ကြတယ်၊ ပြီးတော့ သူတို့က တရုတ်တိုင်းရင်းဆေးပညာရဲ့ အစွမ်းကိုလည်း အပြည့်အဝ နားမလည်ကြဘူးလေ”

“လူငယ်တစ်ယောက်မှာ ဒီလိုအတွေးအခေါ်မျိုးရှိတာ ချီးကျူးဖို့ကောင်းပါတယ်၊ အဲ့လိုတွေးထားရင်တော့ ဒီစာတမ်းက လုံးဝ အသင့်ဖြစ်နေပြီ”

ထို့နောက် အသေးစား ပြုပြင်မှုအချို့ ပြုလုပ်ရန် အကြံပြုပြီးနောက် အချောသတ်နိုင်ပြီဖြစ်ကြောင်း စွန်းကျန့်ယောင် ပြောကြားခဲ့သည်။

ယဲ့ရှောင်ရှောင်သည် ဆရာဖြစ်သူကို ကျေးဇူးတင်လိုက်ပြီး ဘွဲ့ယူစာတမ်းပုံကြမ်းကို ကျောပိုးအိတ်ထဲထည့်ကာ ပြန်လာခဲ့ပါသည်။

မေလအကုန်တွင် တက္ကသိုလ်ကျောင်းဝင်းကြီးထဲသို့ ကျောင်းသားအတော်များများ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပြီး ဘွဲ့ယူစာတမ်းများ ရေးသားဖို့နှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများအတွက် စတင်ပြင်ဆင်ကြတော့သည်။

ဤသည်မှာ စာသင်နှစ် စတင်ကတည်းက ယဲ့ရှောင်ရှောင်နှင့် သူမ၏ အခန်းဖော်များ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည် ဆုံစည်းမိကြခြင်းဖြစ်သည်။

ဝမ်ကျောင်းမှအပ အခြားသူများအားလုံး ပြန်ရောက်လာခဲ့ကြပါသည်။

တက္ကသိုလ်အနီးရှိ စားသောက်ဆိုင်ငယ်လေးတွင် အတူတူဆုံမိကြသောအခါ ယဲ့ရှောင်ရှောင်က မေးမြန်းလိုက်သည်။

“ဝမ်ကျောင်း‌ ဘယ်မှာလဲ”

သူမတို့၏ အဆောင်အခန်းဖော်များအနက် ဝမ်ကျောင်းနှင့် ထန်ရှို့ရှို့တို့နှစ်ဦးသာ ပေကျင်းမြို့ရှိ ဌာနများတွင် အလုပ်သင်ဆင်းခဲ့ရခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ဦး အလုပ်သင်ဆင်းရသည့် ဌာနချင်းတော့ မတူညီကြပေ။

ထန်ရှို့ရှို့က ရှင်းပြသည်။

“ဝမ်ကျောင်းပြဿနာတစ်ခုခုရှိလို့ အလုပ်သင်ပြီးအောင် မဆင်းနိုင်ခဲ့ဘူးထင်တယ်”

အလုပ်သင်ဆင်းသည့် ဌာနက စာလွှာပေါ်တွင် တံဆိပ်တုံး ထုပေးဖို့ ငြင်းဆန်လျှင် ကျောင်းသားများအနေဖြင့် ဘာမှ တတ်နိုင်မည် မဟုတ်ချေ။

ရှားလီက မယုံကြည်နိုင်စွာ ထအော်လိုက်သည်။

“မဖြစ်နိုင်တာ! ၄ နှစ်ကြီးများတောင် ကြိုးစားခဲ့ရတာကို နောက်ဆုံးအဆင့်ရောက်မှ အရှုံးပေးသွားတာလား”

ရှားလီသည် ပုံမှန်အားဖြင့် ဝမ်ကျောင်းနှင့် မကြာခဏ ကတောက်ကဆဖြစ်တတ်သော်လည်း သူမ၏ အခန်းဖော် ဤမျှအထိ ပေါ့ပျက်ပျက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဤခေတ်အခါက တက္ကသိုလ်ဝင်ခွင့် ရရှိရန်မှာပင် အလွန်ခက်ခဲ့သည့် အချိန်ကာလဖြစ်၍ ဤသို့ ပြုမူနေခြင်းက သူမ၏ အနာဂတ်ကိုသူမ ဖျက်ဆီးနေခြင်းနှင့် ညီမျှပေသည်။

ထန်ရှို့ရှို့က ဆက်ပြောသည်။

“ဟိုရက်ပိုင်းက ဝမ်ကျောင်း ငါ့ဆီ စာတစ်စောင်ပို့ထားသေးတယ်၊ သူ့ဂီတဖျော်ဖြေပွဲမှာ သူသီချင်းဆိုတာကို လာကြည့်ဖို့ ဖိတ်ထားတာလေ”

ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

“ဟင်”

‘ဂီတဖျော်ဖြေပွဲဟုတ်လား၊ ဒီလိုအချိန် ပေကျင်းမြို့ကြီးမှာလေ?’

“ဟုတ်တယ်၊ ဒီရက်ပိုင်းထဲ ဖြစ်လောက်တယ်၊ ငါတို့အားလုံး အတူတူသွားကြည့်ကြမလား”

ယဲ့ရှောင်ရှောင်: “တခြားဘာမှလုပ်စရာမရှိရင် သွားကြည့်ကြရအောင်လေ”

ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲ၏ အခြေအနေကို ယဲ့ရှောင်ရှောင် အမှန်တကယ် စိတ်ဝင်စားမိပါသည်။ ထိုဖျော်ဖြေပွဲနှင့် ပတ်သက်သည့် မည်သည့်ကြော်ငြာ သို့မဟုတ် ပရိုမိုးရှင်းများကိုလည်း မကြားမိခဲ့ပေ။

ရှားလီကလည်း ထောက်ခံသည်။

“ဟုတ်ပြီလေ၊ သွားကြည့်ကြတာပေါ့”

ထိုစဉ် ဟယ်ကျင်းက စကားလမ်းကြောင်းလွှဲကာ ဝင်မေးလိုက်သည်။

“ဘွဲ့ယူစာတမ်းတွေ ရေးပြီးကြပြီလား၊ ငါတော့ ပါမောက္ခကို သွားမပြရသေးဘူး”

အခြားသူများနှင့်မတူဘဲ ယဲ့ရှောင်ရှောင်၏ ဘွဲ့ယူစာတမ်းက တရုတ်တိုင်းရင်းဆေးပညာကိုသာ အခြေပြုထားခြင်း ဖြစ်ပါသည်။

“ငါတော့ အသင့်ဖြစ်ပြီ၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို စောင့်ဖို့ပဲ လိုတော့တယ်”

ဟယ်ကျင်း သက်ပြင်းချမိသည်။

“နင့်ကို အားကျလိုက်တာ ရှောင်ရှောင်ရယ်”

ယဲ့ရှောင်ရှောင်က မှတ်ချက်ပြုသည်။

“ဒီခေတ်ကြီးမှာ ဘွဲ့ယူစာတမ်းတွေ ရေးရတာ လွယ်ပါတယ်”

ခိုးကူးမှုများကို စစ်ဆေးနိုင်သည့် နည်းစနစ်မျိုး မရှိသေးသဖြင့် မိမိရေးသားထားသည့် စာတမ်းကို ပါမောက္ခများက သဘောကျလျှင် အဆင်ပြေနိုင်ပါသည်။

ရှားလီက ညည်းတွားလိုက်သည်။

“လူစကားပြောနေတာကော ဟုတ်ရဲ့လား၊ ငါ့မှာတော့ ငါရေးထားတဲ့ စာတမ်းကိုဖတ်ပြီး ပါမောက္ခ သဘောပဲ ကျသွားမလား ငါ့မျက်နှာကို စာရွက်နဲ့ ပြန်ကောက်ပေါက်မလား မသေချာမရေရာ ဖြစ်နေတာကို”

ထန်ရှို့ရှို့က ဝင်ပြောလိုက်သည်။

“ကဲပါ ကဲပါ၊ စားဖို့သောက်ဖို့ လာကြတာကို ပညာရေးအကြောင်း ခဏဘေးချထားကြစမ်းပါ”

ထိုစဉ် ကောင်လေးတစ်ဦးနှင့်အတူ လီမိန့်ရူရောက်ရှိလာပြီး အားလုံးကို မိတ်ဆက်ပေးလိုက်ပါသည်။

“ဒါငါ့ကောင်လေး လီကျဲတဲ့၊ ဒီစားသောက်ဆိုင်ကို သူပိုင်တာလေ”

ထို့ကြောင့်လည်း သူငယ်ချင်းများအားလုံးကို ဤနေရာတွင် ဆုံဖို့ ချိန်းဆိုခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ဤစားသောက်ဆိုင်ငယ်လေး၏ အခြေအနေမှာ အတော်လေး သဘောကျစရာကောင်းသည်ဟု ယဲ့ရှောင်ရှောင် ယူဆမိသည်။ ဆိုင်တွင် အထပ် ၂ ထပ်ရှိပြီး အပေါ်ထပ်မှ ကြည့်လျှင် ရှုခင်းကောင်းများကို မြင်နိုင်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် ဘော့စ်လီ!”

ရှားလီက ဦးဆောင်၍ တက်တက်ကြွကြွ နှုတ်ဆက်လိုက်သောအခါ အခြားသူများလည်း နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြပါသည်။

လီကျဲက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

“ကြိုက်တာ မှာစားကြပါ၊ ကျွန်တော်တကာခံမှာမို့လို့ ဘာမှအားနာစရာမလိုဘူးနော်”

ယဲ့ရှောင်ရှောင်လည်း ကျေးဇူးတင်လိုက်သည်။

ထို့နောက် လီကျဲက ဆက်ပြောသည်။

“ဒါဆို အားလုံး ပျော်ပျော်ရွှင်ရွှင် သုံးဆောင်ကြပါဦးနော်၊ ကျွန်တော် အလုပ်လုပ်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်”

လီကျဲသည် အားလုံးနှင့် အတူတူထိုင်မစားခဲ့ဘဲ လီမိန့်ရူနှင့် စကားအနည်းငယ်ပြောပြီးနောက် ဆိုင်အလုပ်များကို ကိုင်တွယ်ရန် ခန်းမထဲသို့ ပြန်လည်ထွက်ခွာသွားတော့သည်။

လီမိန့်ရူက စားပွဲတွင် ဝင်ထိုင်ကာ အအေးပုလင်းအချို့ကို ဖောက်ပေးလိုက်ပါသည်။

“အအေးသောက်ရင်း စကားပြောကြတာပေါ့”

ထန်ရှို့ရှို့က မေးသည်။

“ငါတို့ အရက်နည်းနည်း မှာလိုက်ရမလား”

ယဲ့ရှောင်ရှောင်က ကန့်ကွက်သည်။

“နင်တို့ အဆောင်ကို ပြန်ရဦးမှာမလား၊ မသောက်တာကောင်းပါတယ်”

ထို့ကြောင့် ထန်ရှို့ရှို့လည်း အကြံကို လက်လျှော့လိုက်ရတော့သည်။

သူတို့အားလုံး အလုပ်သင်ဆင်းသည့်ကာလမှာ တစ်နှစ်ပင် မပြည့်သော်လည်း တစ်ယောက်ချင်းစီတိုင်း၏ အရှိန်အဝါများ သိသိသာသာ ပြောင်းလဲသွားသလို ခံစားရပါသည်။

အချို့က ဆံပင်ကို တိုတိုညှပ်လိုက်ကြပြီး အချို့ကမူ လှလှပပ ကောက်ထားကြသည်။ အားလုံးတွင် ယခင်ကကဲ့သို့ ဖြူစင်ရိုးသားသည့် လူငယ်အငွေ့အသက်များ မရှိကြတော့ဘဲ လုပ်ငန်းခွင်ဝင်ရောက်တော့မည့် ပညာရှင်များကဲ့သို့ ရင့်ကျက်တည်ငြိမ်မှုများက အစားထိုး ဝင်ရောက်လာခဲ့ပါသည်။

“ဒါဆို အတည်ပြုလိုက်ပြီနော်၊ သန်ဘက်ခါကျရင် ဝမ်ကျောင်းပြောတဲ့ ဖျော်ဖြေပွဲဆီ အကုန်သွားကြမယ်”

ထန်ရှို့ရှို့က အားလုံးကို နောက်ဆုံးအကြိမ် အသိပေးလိုက်ပါသည်။ ယဲ့ရှောင်ရှောင်က အားလပ်သဖြင့် သဘောတူခဲ့ပြီး အခြားသူများကလည်း အဆောင်တွင် နေထိုင်နေခြင်းသာဖြစ်၍ ပို၍ပင် အဆင်ပြေပါသေးသည်။

ဖျော်ဖြေပွဲသို့ သွားရောက်မည့်နေ့တွင် ယဲ့ရှောင်ရှောင်သည် ညနေ ၄ နာရီထိုးသောအခါ အခန်းဖော်များနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

“ဘယ်အချိန်စမှာလဲ”

ထန်ရှို့ရှို့: “စာထဲမှာတော့ ၆ နာရီစမယ်လို့ ပြောထားတာပဲ”

ယဲ့ရှောင်ရှောင်: “၆ နာရီထိုးရင်တောင် နေဝင်ဦးမှာ မဟုတ်ဘူးနော်”

ထန်ရှို့ရှို့က ရှင်းပြသည်။

“မှောင်ရင် အန္တရာယ်ရှိတယ်လေ၊ ပြီးတော့ ဖျော်ဖြေပွဲဆိုတော့ လူစုလူဝေးတွေ အရမ်းများလာရင် အာဏာပိုင်တွေက သဘောကျမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင်သည် လက်ရှိ ပေကျင်းမြို့၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ရင်းနှီးမှုသိပ်မရှိသော်လည်း ထန်ရှို့ရှို့၏ စကားမှာ ယုတ္တိရှိပါသည်။

ထို့ကြောင့် သူမတို့အားလုံး စက်ဘီးကိုယ်စီဖြင့် ဖျော်ဖြေပွဲကျင်းပမည့်နေရာအား လိုက်လံရှာဖွေခဲ့ကြသည်။

သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားသောအခါ တစ်စုံတစ်ခု မူမမှန်သည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားလေသည်။

သူမတို့ ရောက်ရှိသွားသည့် နေရာမှာ လူသူကင်းမဲ့ပြီး ခြောက်သွေ့လှ‌သော မြေရိုင်းကွင်းပြင်ကျယ်ကြီးတစ်ခုသာ ဖြစ်နေပါသည်။

စနစ်တကျ ဆောက်လုပ်ထားသည့် ဖျော်ဖြေရေးစင်မြင့် တစ်ခုမှ မရှိသည့်အပြင် ဝန်ထမ်းများ သို့မဟုတ် လုံခြုံရေး အစောင့်များကိုပင် မတွေ့ရချေ။

“ငါတို့ နေရာမှားပြီး ရောက်လာတာလား”

ရှားလီတစ်ယောက် ပွစိပွစိ ရေရွတ်ရင်း ဘေးပတ်လည်ကို ကြောင်စီစီနှင့် လိုက်ကြည့်နေမိသည်။

ယဲ့ရှောင်ရှောင်လည်း သူမတို့ နေရာမှားယွင်းပြီး ရောက်ရှိလာခြင်းဖြစ်မည်ဟု သံသယဝင်မိပါသည်။ သို့သော် ထန်ရှို့ရှို့ကမူ မမှားနိုင်ကြောင်း ယုံကြည်နေသည်။

“မဖြစ်နိုင်တာ၊ စာထဲမှာ ဒီနေရာကိုပဲ အတိအကျရေးထားတာပါ”

ထိုစဉ် ယဲ့ရှောင်ရှောင်က အရှေ့ဘက်သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“ဟိုမှာ ရွက်ဖျင်တဲတွေ တွေ့သလိုပဲ၊ အထဲမှာ လူတွေ ရှိနိုင်တယ်”

ထန်ရှို့ရှို့: “အဲ့တာဆို သွားမေးကြည့်ရအောင်”

ရွက်ဖျင်တဲများဆီသို့ လျှောက်လာစဉ် ရှားလီက ပွစိပွစိ ပြောနေပြန်သည်။

“ရွက်ဖျင်တဲဆိုတာ တောထဲမှာ ထိုးရတဲ့အရာလေ၊ ဒီနေရာက မြေရိုင်းပြင်ကြီးဆိုပေမယ့် မြို့ထဲမှာပဲ ရှိသေးတယ်၊ ပတ်ဝန်းကျင်မှာလည်း ဘာမှမရှိဘဲ ဘာလို့ ရွက်ဖျင်တဲတွေ ထိုးထားရတာလဲ”

ထန်ရှို့ရှို့က အကြောင်းပြချက်ပေးသည်။

“သူတို့က တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျလို့နေမှာပေါ့”

တဖြည်းဖြည်းနှင့် နီးကပ်လာသောအခါ ရွက်ဖျင်တဲများအကြားတွင် နေရာချထားသည့် ဒရမ်နှင့် တူရိယာအချို့ကို မြင်လိုက်ရသည်။

“ဝါး…!”

ရှားလီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“တကယ်ကြီး တီးဝိုင်းတစ်ခု ရှိနေတာပဲ”

ရွက်ဖျင်တဲများထဲ လူရှိ၊ မရှိ မစစ်ဆေးနိုင်ခင်မှာပင် ရွက်ဖျင်တဲတစ်ခုအတွင်းမှ ကျယ်လောင်စူးရှသော ရန်ဖြစ်သံများ ထွက်ပေါ်လာလေသည်။

“ဒါကို ဂီတဖျော်ဖြေပွဲလို့ ခေါ်တယ်ပါ့ ဟုတ်လား၊ ပွဲကြည့်ပရိတ်သတ်တစ်ယောက်တလေတောင် မရှိဘူး၊ နင်ငါ့ကို အရူးလာလုပ်နေတာလား ရှုကျားလဲ့!”

“သူတို့က အနုပညာကို နားမှမလည်ကြတာ! ငါတို့တီးဝိုင်းက မကြာခင် သေချာပေါက် နာမည်ကြီးလာမယ့် တီးဝိုင်းပဲ!”

All Chapters