← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

📗 Chapter 307

ယဲ့ရှောင်ရှောင် အိမ်ပြန်ကာ အဝတ်အစားလဲနေစဉ် အချိန်အတွင်း လုဟန်ချွမ်တစ်ယောက် မည်သို့မည်ဖုံ ဖန်တီးလိုက်မှန်းမသိသော်လည်း သူ့လက်ထဲသို့ နှင်းဆီပန်းစည်းလေးတစ်စည်း ရောက်ရှိလာပြီး ယဲ့ရှောင်ရှောင်အား အမြတ်တနိုးဖြင့် ကမ်းပေးလိုက်ပါသည်။

“ရှောင်ရှောင်က ဒီနှင်းဆီပန်းတွေထက်တောင် ပိုလှတယ်”

ယဲ့ရှောင်ရှောင်လည်း ပန်းစည်းလေးကို လက်ခံလိုက်ပါသည်။

“ကျေးဇူးပါ”

သူတို့နှစ်ဦးစလုံးတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံ ရှိနေသည့်အပြင် စစ်တပ်မှ အတည်ပြုပေးထားသော အစီရင်ခံစာလည်း ပါရှိနေသဖြင့် ပြည်သူ့ရေးရာဌာနမှ ဝန်ထမ်းများက သူတို့နှစ်ဦးကို ဓာတ်ပုံ ရိုက်ကူးဖို့နှင့် လက်ထပ်စာချုပ် လက်မှတ်ထိုးဖို့အတွက် ချက်ချင်း ပြင်ဆင်ပေးခဲ့ကြသည်။

“ဒီနေ့ လက်ထပ်စာချုပ် လက်မှတ်လာထိုးကြတဲ့ စုံတွဲတွေ အများကြီးရှိပေမယ့် ရဲဘော်တို့လို့ နှစ်ယောက်စလုံး ဆွဲဆောင်မှုရှိတဲ့ စုံတွဲမျိုးကတော့ တကယ် တွေ့ရခဲပါတယ်”

ဝန်ထမ်းလေးတစ်ဦးက ဖလင်ဆေးထားသော ဓာတ်ပုံများကို ကြည့်ရှုကာ ချီးကျူးစကားဆိုလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် အသင့်ယူဆောင်လာသည့် သကြားလုံးများကိုထုတ်ကာ ဝန်ထမ်းများအား လက်ဆောင်အဖြစ် မျှဝေပေးလိုက်သည်။

ဝန်ထမ်းများအတွက်လည်း ယခုကဲ့သို့ သကြားလုံး လက်ဆောင်ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အကြောင်းမှာ ဤခေတ်အခါက သကြားလုံးဟူသည် အလွန် တန်ဖိုးကြီးသည့် မုန့်ပဲသရေစာဖြစ်နေခြင်းကြောင့်ပင်။

ထိုမိန်းကလေးသည် ထူးကဲစွာ လှပနေရုံသာမကဘဲ လူမှုဆက်ဆံရေးလည်း ကောင်းမွန်လှသည်ဟု စိတ်ထဲမှ ချီးကျူးမိကြတော့သည်။

လုဟန်ချွမ်က စိတ်ဝင်တစား မေးလိုက်ပါသည်။

“သကြားလုံးတွေ ဘယ်တုန်းက ဝယ်လိုက်တာလဲ”

ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။

“အဝတ်အစားသွားလဲတုန်းက ဆရာကြီးရဲ့အိမ်ကနေ ယူလာခဲ့တာ”

အခြေအနေက ရုတ်တရက်ဆန်လွန်းသဖြင့် မင်္ဂလာသကြားလုံးများ ဝယ်ယူဖို့ပင် အချိန်မရှိခဲ့ပေ။

လုဟန်ချွမ်က မေးသည်။

“ကိုယ်တို့ ဒီနေ့ လက်ထပ်စာချုပ်ချုပ်မှာ ဆရာကြီးကော သိလား”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်ပါသည်။

“မနက်ဖြန်ကျမှ ပြောပြလိုက်မယ်၊ မနက်ဖြန်ကျရင် ကျွန်အစ်ကိုတွေနဲ့လည်း တစ်ခုခု သွားစားလို့ရတယ်လေ”

သူမ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို လုဟန်ချွမ် ချက်ချင်း နားလည်သွားခဲ့ပါသည်။ ယနေ့ညသည် သူတို့နှစ်ဦးတည်း သီးသန့်ဖြတ်သန်းရမည့် ညလေးတစ်ည ဖြစ်လာတော့မည်။

လုဟန်ချွမ်သည် တရားဝင်တံဆိပ်တုံး ရိုက်နှိပ်ထားသည့် လက်ထပ်စာချုပ်အသစ်စက်စက်လေးကို ကိုင်မြှောက်ကာ ဘယ်ပြန်ညာပြန် စစ်ကြည့်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်က လှမ်းယူဖို့ ကြိုးစားသည်။

“ကျွန်မကိုလည်း ပေးဦးလေ”

သို့သော် လုဟန်ချွမ်က အိတ်ထဲ ချက်ချင်း တန်းထည့်လိုက်ပါသည်။

“အိမ်ရောက်မှ အတူတူ ကြည့်ကြမယ်”

မြို့တော်ထဲတွင် လုဟန်ချွမ်ပိုင်ဆိုင်သည့် အိမ်များစွာ ရှိသော်လည်း သူတို့နှစ်ဦးသည် ကျင့်ဟွာတက္ကသိုလ်အနီးရှိ တိုက်ခန်းလေးဆီသို့သာ နားလည်မှုဖြင့် ပြန်လာခဲ့ကြသည်။

ထိုနေရာလေးမှာ သူတို့နှစ်ဦးအတူတူ အချိန်အများဆုံး ဖြတ်သန်းခဲ့ကြသည့် နေရာလေးဖြစ်ပြီး အမှတ်တရများစွာလည်း ရှိနေခြင်းကြောင့်ပင်။

ယခုတစ်ခေါက် တိုက်ခန်းသို့ ပြန်ရောက်သောအခါ ဧည့်ခန်းထဲတွင် ဓာတ်ပုံအမြောက်အများ ချထားသည်ကို လုဟန်ချွမ် မြင်လိုက်ရသည်။

ဘွဲနှင်းသဘင်အခမ်းအနားကျင်းပစဉ်က ရိုက်ကူးထားသည့် ရှောင်ရှောင်၏ ဓာတ်ပုံများဖြစ်ပုံရပါသည်။ ဓာတ်ပုံထဲတွင် ရှောင်ရှောင်သည် အဖြူရောင်ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားပြီး တယောတီးခတ်နေလေသည်။

ယဲ့ရှောင်ရှောင်က လက်ဖြန့်ကာ ထပ်တောင်းလိုက်သည်။

“ကျွန်မကို လက်ထပ်စာချုပ် ပြဦးလို့…”

သူမ လက်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် လုဟန်ချွမ်က သူမ၏ လက်ကောက်ဝတ်လေးကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ယဲ့ရှောင်ရှောင် အသံမထွက်နိုင်ခင်မှာပင် သူ၏ ပူနွေးစွတ်ဆိုနေသော နှုတ်ခမ်းများဖြင့် သူမ၏ နှုတ်ခမ်းဖူးလေးကို နမ်းရှိုက်လိုက်တော့သည်။

ခန္ဓာကိုယ်ချင်း ထိပ်ကပ်သွားသောအခါ သူတို့နှစ်ဦး၏ အပူရှိန်များက တစ်ဦးအပေါ်ကိုတစ်ဦး လွှမ်းခြုံသွားခဲ့လေသည်။

ယဲ့ရှောင်ရှောင် အသက်ပင် ဝဝမရှူနိုင်တော့ပေ။ ဧည့်ခန်းမှ အိပ်ခန်းထဲသို့ ရောက်ရှိသွားသည့်အချိန်ထိ သူမ၏ စိတ်အာရုံများ ဝေဝါးနေခဲ့ပါသည်။

ရာသီဥတုက ပူပြင်းလွန်းလှသဖြင့် ဤနေရာတွင် လေအေးပေးစက်တစ်လုံး တပ်ဆင်သင့်သည်ဟု သူမ တွေးတောနေမိသည်။

ယဲ့ရှောင်ရှောင် အတွေးနယ်လွန်နေစဉ် လုဟန်ချွမ်က သူမ၏ မေးစေ့လေးကို လက်ဖျားဖြင့်ကိုင်ကာ သူ့ဘက်သို့ အသာအယာပြန်ဆွဲလှည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်ပါသည်။

“ဘာတွေစဉ်းစားနေတာလဲ အာရုံစိုက်ထားပါဦး”

လုဟန်ချွမ်၏ အနမ်းများက ယခင်ကလိုမဟုတ်ဘဲ အရိုင်းဆန် ကြမ်းတမ်းလွန်ပါသည်။

အင်အားချင်း မမျှသဖြင့် ယဲ့ရှောင်ရှောင်မှာ တွန်းလှန်ဖို့ အခွင့်အရေးပင် မရလိုက်ဘဲ လုဟန်ချွမ်၏ ဦးဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရတော့သည်။

အတားအဆီးကင်းသော စိတ်အလိုလိုက်မှုတို့ဖြင့် တစ်ညတာ ကုန်လွန်သွားပြီးနောက် ယဲ့ရှောင်ရှောင် မျက်လုံးများ ပြန်ပွင့်လာသည့်အခါ မနက်မိုးလင်းနေခဲ့ပါပြီ။

နွေရာသီ၏ နေရောင်ခြည်များက ပြူတင်းပေါက် ခန်းဆီးများမှတဆင့် ဖြာကျနေသဖြင့် သာယာလှပသည့် နောက်ထပ် နေ့ရက်လေးတစ်နေ့ဖြစ်မှန်း အလွယ်တကူ မြင်နိုင်ပေသည်။

သူမခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ခုက လေးလံစွာ ဖိထားသကဲ့သို့ ခံစားရသဖြင့် ယဲ့ရှောင်ရှောင် ခေါင်းလှည့်ကြည့်လိုက်သောအခါ အမျိုးသားတစ်ဦး၏ ပြစ်ချက်ကင်းသော မျက်နှာကို မြင်လိုက်ရသည်။

နှာတံမြင့်မြင့်၊ မျက်ခုံးထူထူနှင့် ပြီးပြည့်စုံသော မေးရိုးတို့က ရုပ်ရည်ကို အလေးထားသူတစ်ဦးအတွက် ကောင်းကင်ဘုံပမာ ဖြစ်နေတော့သည်။

ယဲ့ရှောင်ရှောင် သူမ၏ ခါးကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပါသည်။

‘အောင်မယ်လေး… တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ’

မနေ့ညက အထိန်းအကွပ်မဲ့သောင်းကျန်းခဲ့သော်လည်း ယခုအချိန်တွင်မူ အေးအေးချမ်းချမ်း အိပ်ပျော်နေသည့် သူ့မျက်နှာကိုကြည့်ရင်း ယဲ့ရှောင်ရှောင်ရင်ထဲ မကျေမနပ် ဖြစ်သွားမိသည်။

ထို့ကြောင့် သူမ၏ လက်ကို အသာအယာဆန့်ထုတ်ကာ လုဟန်ချွမ်၏ ပါးကို ဆွဲလိမ်ဖို့ ကြံရွယ်လိုက်ပါသည်။

သို့သော် သူမ၏ လက်ဖြင့် သူ့မျက်နှာကို မထိနိုင်ခင်မှာပင် လုဟန်ချွမ်က ထိုလက်ကလေးကို ဖမ်းဆုပ်လိုက်ပြီး ကိုယ်ကို တစ်ပတ်လှည့်ကာ သူမ၏ ကိုယ်ပေါ်သို့ အုပ်မိုးလိုက်တော့သည်။

“လုဟန်ချွမ်! ရှင်တော်တော် တရားလွန်တာပဲ!”

လုဟန်ချွမ် ခေါင်းငုံ့ကာ ရှောင်ရှောင်၏ ပါးလေးကို ခပ်ဖွဖွ ကိုက်ခဲထားလိုက်လေသည်။

“စိတ်မဆိုးပါနဲ့ မိန်းမရယ်”

လုဟန်ချွမ်သည် အမှားကို အလွယ်တကူ ဝန်ခံတတ်သူဖြစ်သော်လည်း သူ့အကျင့်များကိုတော့ သေချာပေါက် ပြောင်းလဲသင့်သည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။

ယဲ့ရှောင်ရှောင် စိတ်ဆိုးတော့မည့်အချိန်တွင် လုဟန်ချွမ်က ကုတင်ပေါ် ထထိုင်လိုက်သည်။

“ခဏလောက် ဆက်အိပ်လိုက်ဦး၊ ကိုယ်မနက်စာ သွားဝယ်ပေးမယ်”

ထို့နောက် ကြမ်းပြင်ပေါ်ကျနေသည့် အဝတ်အစားများအားလုံးကို လုဟန်ချွမ် ပြန်ကောက်ယူလိုက်သည်။

မနေ့ညက ဝတ်ခဲ့သည့် အဝတ်အစားများကို ပြန်ဝတ်ဖို့ မဖြစ်နိုင်တော့သော်လည်း ဤတိုက်ခန်းတွင် သူတို့နှစ်ဦးစလုံး၏ အဝတ်အစားများစွာ သိမ်းဆည်းထားပါသည်။

လုဟန်ချွမ်၏ ကျောပြင်ပေါ်တွင် မနေ့ညက ကျန်ရစ်ခဲ့သည့် ကုတ်ရာများကို အထင်းသားမြင်နေရသည်။

ယဲ့ရှောင်ရှောင်မှာ အကြည့်ကိုချက်ချင်းလွှဲလျက် ခေါင်းအုံးထဲ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာအပ်ထားလိုက်တော့သည်။

ယဲ့ရှောင်ရှောင် အိပ်ရာထချိန်တွင် နေ့လယ် ၁၂ နာရီပင် ထိုးနေလေပြီ။

လုဟန်ချွမ်က မနက်စာအဖြစ် ဆန်ပြုတ်၊ ပေါက်စီ၊ အီကြာကွေးနှင့် သစ်သီးအနည်းငယ်ကို ပြင်ဆင်ပေးထားပါသည်။

“ဒါအစာပြေစားဖို့နော်၊ ခဏနေမှ အပြင်မှာ ထွက်စားကြမယ်”

ယဲ့ရှောင်ရှောင်သည် စားပွဲတွင်ဝင်ထိုင်ကာ တူများကို ကိုင်လိုက်ပြီး ပန်းကန်ပြားပေါ်ရှိ ပေါက်စီအား တို့ကြည့်လိုက်သည်။

“နေ့လယ်ကျရင် မိသားစုနဲ့ နေ့လယ်စာအတူတူစားဖို့ ချိန်းထားတာ မဟုတ်ဘူးလား”

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို ကြည့်ကာ မဝံ့မရဲ ပြောလိုက်သည်။

“ရှောင်ရှောင် နေလို့ထိုင်လို့ မကောင်းဘူးဆိုရင် ရက်နည်းနည်းလောက် ရွှေ့ဆိုင်းလိုက်လို့ရပါတယ်”

ယဲ့ရှောင်ရှောင်က ပေါက်စီးကို အားမာန်အပြည့်ဖြင့် ကိုက်စားလျက် လုဟန်ချွမ်အား မျက်စောင်းထိုးလိုက်သည်။

“ဘာမှမဖြစ်ဘူး သွားလို့ရတယ်!”

လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အဲ့တာဆို ခဏနေရင် အဘိုးနဲ့အဘွားကို အသင့်ပြင်ထားဖို့ ဖုန်းဆက်လိုက်မယ်”

ယဲ့ရှောင်ရှောင်က မှာလိုက်သည်။

“ဒီနေ့ ဘာသဘောမှမပါဘဲ ရိုးရိုးရှင်းရှင်းပဲ စားမှာမို့လို့ တခမ်းတနားတွေ ပြင်ဆင်လာစရာမလိုဘူးလို့ ပြောလိုက်ဦး”

အဘိုးအဘွားများက တန်ဖိုးကြီးလက်ဆောင်များ ယူဆောင်လာမည်ကို ယဲ့ရှောင်ရှောင် စိတ်ပူနေခြင်းပင်။

လုဟန်ချွမ်လည်း တပ်အပ်မပြောနိုင်ပေ။

“အဲ့တာတော့ ကိုယ်လည်း အာမမခံနိုင်ဘူး၊ သူတို့ ရှောင်ရှောင့်ကို ဘယ်လောက်ချစ်လဲ မသိတာလဲ မဟုတ်ဘဲနဲ့”

လုဟန်ချွမ် ခန့်မှန်းထားသည့်အတိုင်းပင် အိမ်သို့ဖုန်းဆက်ပြီး သူနှင့်ရှောင်ရှောင်တို့ လက်ထပ်စာချုပ် ချုပ်ပြီးသွားကြပြီ ဖြစ်မှန်း အသိပေးလိုက်သောအခါ အဘွားဖြစ်သူက စိုးရိမ်ပူပန်စွာ ချက်ချင်း မေးလိုက်ပါသည်။

“ဘာလို့ ရုတ်တရက်ကြီး လုပ်လိုက်ရတာလဲ၊ မိသားစုကိုတောင် ကြိုမပြောကြဘူး၊ ငါတို့… ဘာမှ မစီစဉ်ရသေးဘူး”

လုဟန်ချွမ်က ရှင်းပြသည်။

“ကျွန်တော်တို့ မနေ့က အချိန်ရတာနဲ့ ပြည်သူ့ရေးရာဌာနကိုသွားပြီး လက်ထပ်စာချုပ် အရင်ချုပ်ထားလိုက်တာပါ၊ မင်္ဂလာဧည့်ခံပွဲကျင်းပတဲ့အခါကျမှ အဘိုးနဲ့ အဘွားကို အကူအညီတောင်းရမယ်လို့ ရှောင်ရှောင်က ပြောတယ်”

ထိုအခါမှသာ အဘွားလု ကျေနပ်သွားသည်။

“ဟုတ်ပြီ ဟုတ်ပြီ စိတ်ချ၊ နင်တို့ မင်္ဂလာကိစ္စကို အဘွားတာဝန်သာ ထားလိုက်၊ လုံးဝကြီးကျယ်ခမ်းနားနေအောင် အဘွားစီစဉ်ပေးမယ်၊ ဘယ်သူမှ မမီနိုင်စေရဘူး”

လုဟန်ချွမ်က ဆက်ပြောသည်။

“ပြီးတော့ အခု နေ့လယ်ခင်းကျရင် ပေကျင်းဟိုတယ်မှာ ဆရာကြီးစုန့်ရယ်၊ ရှောင်ရှောင်ရဲ့ အစ်ကိုနှစ်ယောက်ရယ်နဲ့ နေ့လယ်စာအတူတူစားကြမလို့လေ၊ မင်္ဂလာဧည့်ခံပွဲကိစ္စကိုတော့ ဦးလေးယဲ့နဲ့ ဒေါ်လေးယဲ့တို့ ရောက်လာမှ အားလုံးအတူတူ တိုင်ပင်လို့ရပါတယ်”

အဘွားလုက ခေါင်းညိတ်သည်။

“ကောင်းပါတယ်၊ အဲ့တာဆို နင့်အဘိုးနဲ့ ငါ လာခဲ့မယ်နော်”

မြေးဖြစ်သူနှင့် ဖုန်းပြောပြီးနောက် အဘွားလုသည် သူမ၏ ဘဏ္ဍာရေးအတိုင်ပင်ခံထံသို့ ချက်ချင်းဖုန်းဆက်လိုက်ပြီး အပေါ်ထပ်သို့ ပြေးတက်သွားပါသည်။

အဘိုးလုက လှမ်းမေးလိုက်သည်။

“ဘာတွေ သုတ်သုတ်ပျာပျာ ဖြစ်နေတာတုန်း”

အဘွားလုက ပြန်ပြောသည်။

“နည်းနည်း အလောတကြီးဖြစ်သွားပေမယ့် ရှောင်ရှောင့်ကိုပေးဖို့ လက်ဆောင်တချို့တော့ သေချာပေါက် ယူသွားရမယ်၊ သားနဲ့ ချွေးမဆီကိုလည်း ဖုန်းဆက်လိုက်ဦး၊ သူတို့လည်း အိမ်ပြန်လာရမယ်”

အဘိုးလုသည် ရှောင်ရှောင့်အား လက်ဆောင်ပေးမည့်ကိစ္စကို ကန့်ကွက်စရာ မရှိသော်လည်း အလုပ်များလှသည့် သားဖြစ်သူနှင့် ချွေးမတို့ကို ပြန်ခေါ်ဖို့ မလိုအပ်လှဟု ခံစားမိသည်။

ယခုလေးတင် မြေးဖြစ်သူက ရိုးရိုးသာမန် နေ့လယ်စာစားခြင်းသာဖြစ်သည်ဟု ပြောသွားသည် မဟုတ်ပါလား။

အဘွားလုက မကျေမနပ်ပြန်ပြောသည်။

“ကျွန်မက ခေါ်ဆို ခေါ်လိုက်ပေါ့၊ ရှောင်ရှောင်ရဲ့ မိဘတွေက အဝေးမှာ နေတာမို့လို့ ချက်ချင်းမလာနိုင်ဘူး၊ ဒါပေမယ့် ချန်းရှို့နဲ့ ရှင်းကျိုးတို့ကတော့ ပေကျင်းမှာပဲ ရှိနေကြတာလေ၊ နေ့လယ်စာလေးအတူတူစားတာ အချိန်အဲ့လောက် မကုန်ပါဘူး၊ အဲ့ဒီအချိန်လေးကိုတောင် မပေးနိုင်ကြဘူးလား”

အဘိုးလုလည်း ရွေးချယ်စရာမရှိတော့ဘဲ သားဖြစ်သူအား ဖုန်းဆက်လိုက်ရတော့သည်။ ကံကောင်းစွာဖြင့် ယနေ့ မည်သည့်အစည်းအဝေးမှ ရှိမနေသဖြင့် ယွင်ချန်းရှို့နှင့် လုရှင်းကျိုးတို့နှစ်ဦးစလုံး အလုပ်မှ အချိန်ဖဲ့ကာ ပြန်လာခဲ့ကြပါသည်။

အဘွားလုက ယဲ့ရှောင်ရှောင်အတွက် လက်ဆောင်ပစ္စည်းများ ပြင်ဆင်နေစဉ် ယွင်ချန်းရှို့ကလည်း ယောက္ခမဖြစ်သူနှင့် အကြံတူနေပါသည်။

သူမကိုယ်တိုင်လည်း ယောက္ခမတစ်ဦး ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း ကြားလိုက်ရသဖြင့် စခန်းမှ အပြုံးပန်းများဝေဆာစွာဖြင့် ပျော်ပျော်ကြီး ပြန်လာခဲ့တော့သည်။

တစ်ဖက်တွင်မူ ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ် ဆေးကြောပြင်ဆင်ပေးထားသည့် သစ်သီးများကို ဇိမ်ကျကျ စားသုံးရင်း မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းကို ဖုန်ဆက်အကြောင်းကြားနေပါသည်။

အစ်ကိုအကြီးဆုံး၏ အိမ်သို့ ဖုန်းဆက်လိုက်သောအခါ ဖုန်းကိုင်သည့်လူက မြောင်စွေ့ဖန်း ဖြစ်နေလေသည်။ သားအမိနှစ်ယောက် မိနစ် ၂၀ ကျော်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင် လက်ထပ်စာချုပ် ချုပ်လိုက်ပြီဖြစ်မှန်း ကြားလိုက်ရသောအခါ မြောင်စွေ့ဖန်းတစ်ယောက် ပထမတော့ ပျော်ရွှင်သွားသော်လည်း မိခင်တစ်ဦးအနေဖြင့် အနည်းငယ် စိတ်ပူမိပါသေးသည်။

အိမ်ထောင်တစ်ခု တည်ထောင်ပြီးနောက် သတိထားရမည့် ကိစ္စအဝဝကို သမီးဖြစ်သူအား မြောင်စွေ့ဖန်း မှာကြားလိုက်သည်။

“အဲ့တာတွေ သမီးသိပါတယ်အမေရဲ့၊ စိတ်ချပါ၊ သမီးအားလုံး အဆင်ပြေပါတယ်”

အမေဖြစ်သူ စိတ်ချနိုင်ရန် ယဲ့ရှောင်ရှောင် နွေးနွေးထွေးထွေး အာမခံလိုက်ပါသည်။

All Chapters