← Chapters

အခန်း ၂၁၃၄

Vol. 149 Ch. 2134

အခန်း ၂၁၃၄

Vol. 149 Ch. 2134

အပိုင်း ( 2134 ) မင်းတို့ရဲ့ အရည်အချင်းက မဆိုးပါဘူး။

အခြားသူများလည်း ထိုနည်းတူစွာပင် ဖြစ်သည်။

ဤရဲရင့်သော မိန်းကလေးက အလွန်ပင် ငယ်ရွယ်ပုံရသော်လည်း ဘုရင်လမ်းစဉ် နိယာမသုံးခုကို နားလည်သဘောပေါက်ပြီး ပေါင်းစပ်ထားပြီး ဖြစ်သည်။ ထို့ပြင် ၎င်းတို့ထဲမှ နှစ်ခုမှာ ဒုတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ဤအရာက တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

မိန်းကလေး၏ အရှိအဝါက ပိုအားကောင်းလာသည်။ သူသည် သံမဏိချပ်ဝတ်ပို ဝတ်ဆင်ထားပြီး လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားရာ စစ်နတ်ဘုရားမတစ်ပါးနှင့် တူနေပေ၏။

သူက လှံရှည်ဖြင့် ထိုးနှက်လိုက်ရာ လေထုနှင့်တိမ်တိုက်များ အရောင်ပြောင်းသွားခဲ့ရသည်။ နိယာမ အမျိုးအစား သုံးခုက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လှံချက်မှာ ထျန်းမင်ထံသို့ ထိုးသွင်းလိုက်တော့သည်။

ထျန်းမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က တောက်ပလာခဲ့ပြီး ကံကြမ္မာမြစ်ကြီး ပေါ်ထွက်လာခဲ့၏။ သူက ကံကြမ္မာမြစ်ကြီး၏ အလယ်တွင် ရပ်တန့်ကာ ခုခံလိုက်၏။

သို့သော်လည်း ဧရာမလှံကြီးက ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်း ရှိပုံရသည်။ ၎င်းက ကံကြမ္မာမြစ်ကြီးထဲသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်သွားခဲ့၏။ ကံကြမ္မာမြစ်က တုန်ခါသွားကာ ကြီးမားသော လှိုင်းတံပိုးကြီးများ ဖြစ်ပေါ်လာရတော့သည်။

ကံကြမ္မာနိယာမသည် အလွန်ဆန်းကြယ်ပြီး စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသည်။

သူ လှုပ်ရှားလိုက်သည့်အခါ သူ၏ စကားလုံးများက နိယာမမြစ်တစ်စင်းအလား ဖြစ်၏။ စကားတစ်လုံးတည်းဖြင့် သူက အခြားသူများ၏ အောင်မြင်မှု သို့မဟုတ် ကျဆုံးမှုကို ဆုံးဖြတ်နိုင်သည်။ သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်ကာ ကံကြမ္မာကိုပင် ဆုံးဖြတ်နိုင်ပေသည်။

သို့သော်လည်း ဤအရာက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများနှင့်သာ သက်ဆိုင်သည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်နှင့်၊ ထိုသူသည် မိမိ၏ ခွန်အားဖြင့် ကံကြမ္မာနိယာမကို ထိုးဖောက်ဖျက်ဆီးနိုင်လိမ့်မည်။

ယခင်က လုမင်သည်လည်း ဤကဲ့သို့ ဖြစ်ခဲ့ဖူးသည်။

ယခုအခါ ဤမိန်းကလေးကလည်း ထို့အတူပင် ဖြစ်ပေသည်။

ကံကြမ္မာမြစ်ကြီးက ပြင်းထန်စွာ လှိုင်းထန်သွားပြီးနောက် နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့သည်။ ထျန်းမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွားရကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့သည်။

ထျန်းမင် ရှုံးနိမ့်သွားခဲ့ပြီ။

အားလုံး ငြိမ်သက်သွားခဲ့သည်။ လူတိုင်းက ဆွံ့အကာ စကားမပြောနိုင် ဖြစ်သွားခဲ့ကြရ၏။

ဒါက ကောင်းကင်ကမ္ဘာမှ ပါရမီရှင်၏ စွမ်းအားလား။

သူက ဘုရင်ခန္ဓာမျှသာ ဖြစ်သော်လည်း ယွမ်လု၏ ကောင်းကင်သားတော်ကို အနိုင်ယူနိုင်ခဲ့သည်။ ၎င်းက အိမ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပေသည်။

"ကောင်းကင်သားတော်ဆိုရင်ကော ဘာဖြစ်လဲ။ သူက ကံကြမ္မာသားတော် ဖြစ်ရင်ကော ဘာဖြစ်သလဲ။ သိုင်းဧကရာဇ်နယ်ပယ်အောက်မှာတော့ သူတို့က အကြွင်းမဲ့ အားသာချက် ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို ကျော်လွန်ပြီးနောက် ဘာမဆို ဖြစ်နိုင်တယ်။ အနာဂတ်မှာ ငါက ဘုရင်နိယာမတွေနဲ့ အသန်မာဆုံး နိယာမအဖြစ် ပေါင်းစည်းပြီး ကောင်းကင်သားတော်အားလုံးကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်"

ရဲရင့်သော မိန်းကလေးက ပြောလိုက်သည်။ သူ့လေသံတွင် ယုံကြည်မှုများ ပြည့်နှက်နေခဲ့၏။

သူ့တွင် ဘုရင်ခန္ဓာသာ ရှိနေခြင်း ဖြစ်သည်။ သိုင်းဧကရာဇ်နယ်ပယ် အောက်တွင် သူက ကောင်းကင်သားတော်တစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဘုရင်နိယာမ သုံးခုကို နားလည်သဘောပေါက်ခဲ့သည်။ ၎င်းတို့ထဲမှ နှစ်ခုဆိုလျှင် ဒုတိယအဆင့်သို့ပင် ရောက်ရှိခဲ့ပြီ။ ယခုအခါ တူညီသောအဆင့်ရှိသော ကောင်းကင်သားတော် အများစုပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။

မိန်းကလေး၏ စကားများက လူအများအပြား၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့်၊ ဘုရင်ခန္ဓာပိုင်ရှင်များနှင့် သာမန်နိယာမများကို ကျင့်ကြံကြသည့် လူငယ်အများအပြား၏ မျက်လုံးများကို တောက်ပသွားစေခဲ့၏။

ဟုတ်သည်၊ သူတို့က ယခု နောက်ကျကျန်နေခဲ့လျှင်ပင် ဘာဖြစ်သေးသနည်း။ သူတို့တွင် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ပြီးနောက် သူတို့က စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာနိုင်ပြီး ကောင်းကင်သားတော်များကို ကျော်ဖြတ်နိုင်သေးသည်။ သူတို့က ထိပ်ဆုံးသို့ ရောက်ရှိသည်အထိ တက်လှမ်းသွားနိုင်ကြသည်။

မျိုးဆက်ဟောင်း အကြီးအကဲအချို့ကမူ ခေါင်းများကို ခါယမ်းလိုက်ကြလေသည်။ ဤအရာက အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲလွန်းသည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ပြီးနောက်တွင်ပင် ဘုရင်နိယာမများကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်ခဲပေသည်။ အသန်မာဆုံး နိယာမများကို နားလည်သဘောပေါက်ရန်အတွက်မူ ခက်ခဲမှုက ပိုမို တုန်လှုပ်ဖွယ်ကောင်းသည်။ ၎င်းက ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက် ပိုခက်ခဲပေသည်။

ချပ်ဝတ်ဖြင့် မိန်းကလေးက ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်းကပင်၊ သူသည် ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြသနေခဲ့သည်။

သို့သော်လည်း သူတို့က ထိုလူငယ်များ၏ စိတ်အားတက်ကြွမှုကို မပျက်စီးစေရန်အတွက် သဘာဝအတိုင်း ဘာမျှ ပြောဆိုမည် မဟုတ်ချေ။

မိန်းကလေးက ဘာမျှ ထပ်မံမပြောတော့ဘဲ စစ်ရထားထံသို့ ပြန်သွားခဲ့သည်။

ထျန်းမင်၏ အမူအရာက အကြည့်ရဆိုးသွားခဲ့သည်။

အတိတ်ကာလတွင် သူက တစ်လောကလုံးကို အောင်မြင်ကာ မရှုံးနိမ့်နိုင်သူ ဖြစ်ခဲ့သည်။ မျိုးဆက်သစ်လူငယ်များထဲတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ မရှိခဲ့ချေ။

သို့သော်လည်း ဤကာလအတောအတွင်း၌မူ သူသည် ဆက်တိုက်ဆိုသလို ရှုံးနိမ့်မှုများကို ခံစားခဲ့ရသည်။

ပထမဆုံးအနေဖြင့် သူက လုမင်ကို ရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က လုမင်သည် သိုင်းဧကရာဇ်တစ်ဦးပင် ဖြစ်မလာသေးချေ။

ယခုအခါတွင်မူ၊ သူက ဘုရင်ခန္ဓာရှိသူတစ်ဦးကို ထပ်မံ၍ ရှုံးနိမ့်ခဲ့ရပြန်သည်။ ၎င်းက သူ၏ ယုံကြည်မှုကို ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် ယွမ်လုမှ လူငယ်များသည်လည်း စိတ်ပျက်အားငယ်နေကြပုံရသည်။

ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များက သန်မာလွန်း၏။ ယွမ်လုတွင် သူတို့ကို ယှဉ်နိုင်သူ တစ်ဦးမျှမရှိပေ။ သူတို့က ဆက်တိုက်ဆိုသလို ပြင်းထန်သော ရှုံးနိမ့်မှုများကို ခံစားခဲ့ကြရသည်။

"ကောင်းကင်ကမ္ဘာရဲ့ ဒီပါရမီရှင်တွေက ကောင်းကင်ကမ္ဘာမှာ အသန်မာဆုံး ပါရမီရှင်အဖွဲ့ ဖြစ်ရမယ်။ နောက်ပြီး ကောင်းကင်ကမ္ဘာရဲ့ အရင်းအမြစ်တွေက ပိုပြီးကောင်းမွန်တာမို့ သူတို့မှာ ဒီလိုကျင့်ကြံခြင်းမျိုး ရှိနေတာက သာမန်ပါပဲ"

"ဟုတ်တယ်၊ သူတို့က ကောင်းကင်ကမ္ဘာက အသန်မာဆုံး လူစု ဖြစ်ရမယ်"

လူငယ်အချို့က ဆွေးနွေးလိုက်ကြ၏။ သူတို့က တိုးတိုးလေး ပြောဆိုနေကြခြင်း ဖြစ်သော်လည်း ကောင်းကင်ကမ္ဘာမှ လူများက ကြားနေရသေးသည်။

ယခင်က မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့ကိုယ်မင်းတို့ လျှောက်ပြီး နှစ်သိမ့်မနေကြနဲ့။ တကယ်ဆိုရင် ကောင်းကင်ကမ္ဘာမှာ ငါတို့က အသန်မာဆုံးလူစု လုံးဝ မဟုတ်ဘူး။ အလွန်ဆုံးရှိလှ ဒုတိယတန်းစားလို့ပဲ သတ်မှတ်လို့ရမယ်။ အသန်မာဆုံး လူတွေက ငါ့ထက် အများကြီး ပိုပြီး သန်မာကြတယ်"

ဘာ...

ဤစကားများက ယွမ်လုမှ ပါရမီရှင်များကို အံ့ဩသွားစေခဲ့သည်။ သက်ကြီးပိုင်း မျိုးဆက်များစွာပင်လျှင် အနည်းငယ် မှင်တက်သွားခဲ့ကြရ၏။

ကောင်းကင်ကမ္ဘာမှ ဤလူငယ်များက အသန်မာဆုံး မဟုတ်ကြချေ။ ကောင်းကင်ကမ္ဘာတွင် သူတို့ထက် အဆများစွာ ပိုမိုသန်မာသော လူများ ရှိနေသေးသည်။ သူတို့ကိုမူ ဒုတိယတန်းစားအဖြစ်သာ သတ်မှတ်နိုင်သည်။

ယင်းက ယွမ်လုမှ ပါရမီရှင်များကို မျက်နှာပျက်စေခဲ့ပေသည်။

ထျန်းမင်၊ ယွမ်ရှင်း၊ ပေါင်သဲနှင့် အခြားသူများပင်လျှင် အကြည့်ရဆိုးသော အမူအရာများ ရှိနေခဲ့ကြပြီး အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့ကြရသည်။

"ငါတို့ ယွမ်လုနဲ့ ကောင်းကင်ကမ္ဘာကြားက ကွာဟချက်က အဲဒီလောက်တောင် ကြီးမားနေတာလား"

"ကောင်းကင်ကမ္ဘာမှာ ကောင်းကင်နယ်မြေတစ်ခုပဲ ကျန်တော့တယ်လို့ ကြားတယ်။ အဲဒါကတောင် ဘာဖြစ်လို့ ဒီလောက်အထိ ကြောက်စရာကောင်းနေသေးတာလဲ။ တကယ်လို့ သူတို့ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ အချိန်ဆိုရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ"

လူအများက ဆွေးနွေးလိုက်ကြပြီး ပို၍ပင် စိတ်ဓာတ်ကျလာတော့သည်။

"မင်းတို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး"

ဤအခိုက်အတန့်တွင် ချပ်ဝတ်တန်ဆာဝတ်လူကြီးက ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူ့အသံက ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။

လူအများက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

"မင်းတို့ရဲ့ ပါရမီတွေက တကယ်တော့ မဆိုးပါဘူး။ မင်းတို့ထဲက အများစုရဲ့ ပါရမီက ကောင်းကင်ကမ္ဘာရဲ့ ထိပ်တန်းပါရမီရှင်တွေထက် လုံးဝ မနိမ့်ကျဘူး။ မင်းတို့ လိုအပ်နေတာက အရင်းအမြစ်တွေနဲ့ လေ့ကျင့်မှုတွေပဲ"

"ကောင်းကင်ကမ္ဘာက ရေတွက်လို့မရတဲ့ နှစ်ပေါင်းများစွာ တည်ရှိခဲ့တာ။ အခု ကောင်းကင်နယ်မြေတစ်ခုပဲ ကျန်တော့တယ်ဆိုပေမယ့် အဲဒါက အကြီးမားဆုံး ကောင်းကင်နယ်မြေပဲ။ ရေတွက်လို့မရတဲ့ နှစ်ပေါင်းများစွာအတွင်း စုဆောင်းထားခဲ့တဲ့ အရင်းအမြစ်တွေ၊ ရတနာတွေနဲ့ မတူညီတဲ့ ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေတွေက ယွမ်လုနဲ့ နှိုင်းယှဉ်လို့မရဘူး။ အဲဒါကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းက မင်းတို့ထက် ပိုပြီး သန်မာနေတာပဲ"

"ပြီးတော့ ကောင်းကင်ဘုံနယ်မြေက အခု တိုင်းတပါးမျိုးနွယ်စုတွေနဲ့ စစ်ဖြစ်နေတယ်။ တစ်ခါတလေမှာ သူတို့ကလည်း စစ်တလင်းထဲကို ခြေလှမ်းပြီး အသေအလဲ တိုက်ခိုက်ကြရတယ်လေ။ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကြားထဲက လေ့ကျင့်မှုတွေကတစ်ဆင့် သူတို့က ပိုပြီး သန်မာလာနိုင်ကြတာပဲ"

ချပ်ဝတ်တန်ဆာဝတ် လူကြီးက ပြောလိုက်သည်။

ဤစကားများက ယွမ်လုမှ ပါရမီရှင်များ၏ မျက်လုံးများကို ထပ်မံ တောက်ပသွားစေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ ပြန်လည်ရရှိစေခဲ့ပေသည်။

ဟုတ်သည်၊ သူတို့၏ အရည်အချင်းက ညံ့ဖျင်းနေခြင်း မဟုတ်ချေ။ သူတို့၏ အရင်းအမြစ်များက ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များကဲ့သို့ မကောင်းမွန်ခြင်းသာ ဖြစ်သည်။

ကောင်းကင်သားတော်များက ဘယ်လိုလုပ်ပြီး ညံ့ဖျင်းနိုင်ပါမည်နည်း။

"ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါက ယွမ်လုရဲ့ ပါရမီရှင်တစ်ဖွဲ့ကို ကောင်းကင်ကမ္ဘာဆီ ခေါ်သွားပေးမှာ ဖြစ်တယ်။ ကောင်းကင်ကမ္ဘာရဲ့ အရင်းအမြစ်တွေကိုလည်း မင်းတို့အတွက် အပြည့်အဝ ဖွင့်ပေးသွားမယ်"

ချပ်ဝတ်တန်ဆာဝတ် လူကြီးက ထပ်မံပြောလိုက်၏။

ပါရမီရှင် အများအပြား၏ မျက်လုံးများက ဝမ်းမြောက်ဝမ်းသာမှုများဖြင့် တောက်ပသွားခဲ့သည်။

ကောင်းကင်ကမ္ဘာ၏ အရင်းအမြစ်များနှင့် မတူညီသော ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေများမှာ ယွမ်လုက နှိုင်းယှဉ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သူတို့က စိတ်လှုပ်ရှားသွားကြပြီး သွားချင်စိတ် ပြင်းပြနေတော့သည်။

ဤအရာက နယ်မြေဆယ်ခု တိုက်ပွဲ၏ တကယ့်ဆုလာဘ်ဖြစ်ကြောင်း သူတို့ နားလည်ခဲ့ကြသည်။ ၎င်းက တကယ့်ကို ဆွဲဆောင်မှု ရှိပေသည်။

ကောင်းကင်ကမ္ဘာက ပါရမီရှင်များကို မွေးမြူလိုခြင်း ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ဤမျိုးဆက်မှ ပါရမီရှင်များ လျင်မြန်စွာ ထမြောက်လာနိုင်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။

"မင်းတို့တွေ ကောင်းကင်ကမ္ဘာရဲ့ အရင်းအမြစ်တွေကို ရရှိသရွေ့ အနာဂတ်မှာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်လိမ့်မယ်"

ချပ်ဝတ်တန်ဆာဝတ် လူကြီးက ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များကို ညွှန်ပြကာ အားပေးစကား ပြောလိုက်သည်။

"အကြီးအကဲခင်ဗျာ... တကယ်တော့ ကျွန်တော်တို့ ယွမ်လုရဲ့ နံပါတ်တစ် ပါရမီရှင်က အခုထိ မလှုပ်ရှားရသေးပါဘူး။ တကယ်လို့ သူ လှုပ်ရှားမယ်ဆိုရင် ရှုံးချင်မှ ရှုံးမှာပါ"

ယွမ်လုမှ လူငယ်တစ်ဦးက ရုတ်တရက် လှမ်းပြောလိုက်သည်။ ယခင်က ယွမ်လုသည် ဆက်တိုက်ဆိုသလို ရှုံးနိမ့်နေခဲ့သဖြင့် လူငယ်အချို့မှာ နေရထိုင်ရ ခက်ခဲနေဆဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က မနေနိုင်ဘဲ လှမ်းပြောလိုက်ခြင်း ဖြစ်ပေသည်။

"ဪ"

ချပ်ဝတ်တန်ဆာဝတ် လူကြီးနှင့် ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များ အားလုံး အံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်ကြ၏။

အစပိုင်းတွင် သူတို့အားလုံးက ထျန်းမင်ကို ယွမ်လု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ ယွမ်လု၏ နံပါတ်တစ် ပါရမီရှင်က အခြားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

"ဘယ်သူက ယွမ်လုရဲ့ နံပါတ်တစ် ပါရမီရှင်လဲ"

ချပ်ဝတ်တန်ဆာဝတ် လူကြီးက မေးလိုက်သည်။

လူအများအပြားက လုမင်ကို လှည့်ကြည့်လိုက်ကြ၏။

လုမင်မှာ ဆွံ့အသွားခဲ့ရသည်။ မူလက သူသည် ရှေ့သို့ ထွက်မလာချင်ခဲ့ချေ၊ အကြောင်းမှာ ကောင်းကင်ကမ္ဘာမှ ပါရမီရှင်များ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ သူ လှုပ်ရှားလျှင်ပင် အနိုင်ရရှိရန် မသေချာချေ။ သို့သော်လည်း ယခုအခါတွင်မူ သူက ရှေ့သို့ တွန်းပို့ခြင်း ခံလိုက်ရပြီ။

သူက ရှေ့သို့လှမ်းထွက်လိုက်ပြီး ချပ်ဝတ်တန်ဆာဝတ်လူကြီးကို လက်ယှက်ပြကာ ပြောလိုက်သည်။

"မျိုးဆက်သစ် အငယ်လေး လုမင်က အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"

All Chapters