← Chapters

အခန်း ၂၁၃၆

Vol. 149 Ch. 2136

အခန်း ၂၁၃၆

Vol. 149 Ch. 2136

အပိုင်း ( 2136 ) ပထမဆုံး အောင်ပွဲ။

တိုက်ပွဲက အလွန် ပြင်းထန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် တိုက်ကွက်တစ်ရာ ကျော်လွန်သွားခဲ့၏။

"ကောင်းတယ်...‌ ကောင်းတယ်ကွ"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ သေခြင်းဓား၏ စွမ်းအားက ပိုမိုသန်မာလာ၏။ နိယာမလေးခုကို အသုံးပြုရာတွင်လည်း ပိုမိုကျွမ်းကျင်လာကြောင်း သူ သတိပြုမိလိုက်သည်။

"ဒီကောင်လေးက လီယိုကို အသုံးချပြီး သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနေတာပဲ။ ကြောက်စရာကောင်းလိုက်တဲ့ ပါရမီပဲ"

ချပ်ဝတ်တန်ဆာဝတ် လူကြီးက လုမင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး တိတ်တဆိတ် အံ့ဩသွားခဲ့သည်။

"တောက်"

လီယိုသည်လည်း သူတို့ တိုက်ခိုက်လေလေ လုမင်က ပိုမိုသန်မာလာလေလေ ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူက သူ့စိတ်ထဲမှ ဟိန်းဟောက်လိုက်မိ၏။ အစပိုင်းတွင် သူတို့က လက်ရည်ညီခဲ့သည်။ သို့သော်၊ ယခုအခါတွင် လုမင်က သူ့ကို အနည်းငယ် ဖိနှိပ်ထားနိုင်ပြီ။

သူ ဒေါသထွက်သွားခဲ့ရ၏။ သူက ယွမ်လု၏ ပါရမီရှင်တစ်ဦးကို ရှုံးနိမ့်၍မဖြစ်ချေ။ သူက ဟိန်းဟောက်လိုက်ပြီး လုမင်ကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

"ကစဉ့်ကလျားတူကိုလည်း လေ့ကျင့်ရမယ်"

လုမင်ကမူ လီယို၏ အတွေးများကို မသိပေ။ သိလျှင်လည်း ဂရုမစိုက်ပါ။ ယခုအခါ လုမင်က သူ၏နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံခြင်းထဲတွင် လုံးဝ နစ်မြောနေခဲ့ပြီ ဖြစ်သည်။

ရုတ်တရက်၊ သူ၏ တိုက်ကွက်က ပြောင်းလဲသွားခဲ့သည်။ သေခြင်းဓားက ပျောက်ကွယ်သွားပြီး ကစဉ့်ကလျားတူကို အသုံးပြုလိုက်၏။

ကြီးမားသော တူကြီးတစ်လက်က လုမင်၏ လက်ထဲတွင် ဖွဲ့တည်ဖြစ်ပေါ်လာပြီး လီယိုကို ရိုက်ချလိုက်တော့သည်။ တူရိုက်ချက်တိုင်းက အလွန်လေးလံပြီး တောင်တစ်လုံးကို ဖြိုချပစ်ကာ မြေကမ္ဘာကို ထိုးဖောက်နိုင်စွမ်း ရှိသည်။

သူတို့နှစ်ဦးက ထပ်မံတိုက်ခိုက်ကြပြန်ရာ တိုက်ကွက်တစ်ရာကျော် ရင်ဆိုင်ပြီးနောက်တွင် လုမင်၏ ကစဉ့်ကလျား တူက ပိုမိုသန်မာလာတော့သည်။

"ဝုန်း... ဝုန်း..."

လုမင်က သူ၏ နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်ရန်အတွက် ကစဉ့်ကလျားတူနှင့် သေခြင်းဓားတို့ကို တစ်လှည့်စီ အသုံးပြုနေခဲ့သည်။ အခြားတစ်ဖက်တွင်မူ လီယိုက ရုန်းကန်နေရပြီး လုံးဝ အရေးနိမ့်နေခဲ့ရတော့သည်။

လုမင်က ပိုမိုသန်မာလာနေပြီ ဖြစ်သည်။

လီယိုက ဟိန်းဟောက်လိုက်သည်။ သူသည် ယွမ်လု၏ ပါရမီရှင်တစ်ဦးကို ပထမဆုံး ရှုံးနိမ့်ရသူ မဖြစ်ချင်ချေ။ သူက အရှုံးကို အနိုင်အဖြစ် ပြောင်းလဲပစ်ချင်သော်လည်း အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

"ဝုန်း"

နောက်ဆုံးတွင်၊ သူက လုမင်၏ ကစဉ့်ကလျားတူဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ပြန်လည်ဝင်စားခြင်း ဝဲဂယက် ခြောက်ခုပင်လျှင် ပေါက်ကွဲသွားခဲ့ရ၏။ သူ့ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး သွေးများ အန်ထွက်လာတော့သည်။

သူ့မျက်နှာက ဖြူလျော်သွားပြီး အလွန်ပင် ကြည့်ရဆိုးနေခဲ့သည်။

သူ ရှုံးနိမ့်သွားခဲ့ပြီ။ ယွမ်လုမှ လူတစ်ဦးကို ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

"ကောင်းတယ်ဟေ့"

ယွမ်လုမှ လူငယ်အများအပြားက အော်ဟစ်ပြီး အောင်ပွဲခံလိုက်ကြသည်။

ယွမ်လုက နောက်ဆုံးတွင် တိုက်ပွဲတစ်ခု အနိုင်ရရှိခဲ့ပြီဖြစ်ရာ သူတို့၏ ရှုံးနိမ့်မှုက ထိုမျှလောက် မဆိုးရွားတော့ချေ။

လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် အခြားသူများသည်လည်း ခုန်ပေါက်ကာ အောင်ပွဲခံလိုက်ကြသည်။

"မင်း ဆက်တိုက်ချင်သေးလား"

လုမင်က လီယိုကို စိုက်ကြည့်လိုက်၏။

"ထပ်လာစမ်း"

လီယိုက အရှုံးပေးရန် ဝန်လေးနေပြီး ဟိန်းဟောက်လိုက်သည်။

"ဂိုဏ်းတူညီလေး... တော်တော့"

ဤအခိုက်အတန့်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခုက တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။ ၎င်းမှာ ခရမ်းရောင်ဆံပင်နှင့် လူငယ်ပင် ဖြစ်သည်။

လီယိုက ခရမ်းရောင်ဆံပင်နှင့် လူငယ်ကိုတော့ အလွန်နာခံပုံရပြီး ချက်ချင်း ရပ်တန့်သွားခဲ့ပေသည်။

"ဂိုဏ်းတူညီလေး... မင်းက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း ဆက်တိုက်နေရင်လည်း အရှုံးပဲ ရင်ဆိုင်လိမ့်မယ်။ ငါပဲ လုပ်လိုက်ပါ့မယ်"

ခရမ်းရောင်ဆံပင်နှင့် လူငယ်က ပြုံးလိုက်၏။

"အစ်ကိုကြီး... အစ်ကိုကြီးက တိုက်ခိုက်မလို့လား"

လီယို အံ့ဩသွားခဲ့သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ပြီး သူနဲ့ တိုက်ခိုက်လို့ရတာပဲ"

ခရမ်းရောင်ဆံပင်နှင့် လူငယ်က ပြောလိုက်၏။

"ခင်ဗျားတိုက်ခိုက်ဖို့ မလိုပါဘူး။ ဒီတိုက်ပွဲကို ကျုပ်လက်ကိုပဲ အပ်လိုက်မယ်ဆိုရင် ဘယ်လိုလဲ"

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ယခင်က ယွမ်ရှင်းကို အနိုင်ယူခဲ့သည့် မီးခိုးရောင်ဝတ်ရုံနှင့် လူငယ် ဖြစ်၏။ ယခုအချိန်တွင် သူက ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ခင်ဗျားလုပ်ရင်လည်း ရတာပဲ"

"မင်းက လုမင်... ဟုတ်လား။ တိုက်ကွက်ထုတ်စမ်း... မင်းရဲ့ ခွန်အားကို ငါ့ကို ပြစမ်းပါ"

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ပြောလိုက်သည်။ သူ့လက်ထဲတွင် ဒယ်စောက်အိုးကြီးတစ်လုံး ဖွဲ့တည်ဖြစ်ပေါ်လာခဲ့၏။

"ဝုန်း"

လုမင်လည်း တစ်ဖက်လူနှင့် အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်တော့သည်။ နှိုင်းယှဉ်၍မရအောင် ကြီးမားသော ကစဉ့်ကလျားတူကြီးက တစ်ဖက်လူထံသို့ ထုချလိုက်သည်။

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က တိုက်ခိုက်ဝံ့သဖြင့် လီယိုထက် ပိုမိုသန်မာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ လုမင်လည်း တွန့်ဆုတ်မနေဘဲ သူ့အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဒယ်စောက်အိုးကြီးက လည်ပတ်သွားပြီး လုမင်ကို ဖိနှိပ်လိုက်၏။

နိယာမ အမျိုးအစား နှစ်ခု။

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်သည်လည်း နိယာမ အမျိုးအစား နှစ်ခုကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ တစ်ခုမှာ အသန်မာဆုံး နိယာမ ဖြစ်ပြီး အခြားတစ်ခုက ဘုရင်နိယာမပင်။ သို့သော်လည်း လီယိုကဲ့သို့ပင် သူ၏ ဘုရင်နိယာမက ဒုတိယအဆင့်သို့ မရောက်ရှိသေးပါ။

သို့သော်ငြားလည်း သူ၏ အာဒိကပ္ပနိယာမကို ကျွမ်းကျင်မှုက ပိုမိုနက်နဲသည်။

"ဝုန်း"

ကစဉ့်ကလျားတူနှင့် ဒယ်စောက်အိုးကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြသည်။ လုမင်သည် ကစဉ့်ကလျားတူမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရ၏။ လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်ခွာသွားရတော့သည်။

သို့သော်၊ ဒယ်စောက်အိုးကြီးမှာလည်း လွင့်ထွက်သွားခဲ့ရပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။

"သူက လီယိုထက် ပိုသန်မာတာပဲ"

လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ တစ်ဖက်လူ၏ အာဒိကပ္ပ နိယာမကို ကျွမ်းကျင်မှုက ပိုမိုနက်နဲပြီး ပိုလည်းသန်မာပေသည်။

သို့သော်လည်း လုမင်က မကြောက်ရွံ့ခဲ့ချေ။ သူက စိတ်လှုပ်ရှားရုံသာ ရှိခဲ့သည်။

သူ၏ စွမ်းရည်များကို သန့်စင်ပေးမည့် အခြားလူတစ်ယောက် ရောက်ရှိလာခြင်း ဖြစ်၏။

လုမင်က လေထဲသို့ လှမ်းဝင်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်ထံသို့ ပြေးဝင်သွားတော့သည်။

"ဝုန်း... ဝုန်း..."

ကွက်ကျော် တစ်ဆယ်ကျော်ပြီးနောက်တွင် လုမင်က အနည်းငယ် အားနည်းနေခဲ့သော်လည်း ရှုံးနိမ့်မသွားခဲ့ချေ။ သူက တိုက်ခိုက်ရင်းနှင့် ပိုမိုသန်မာလာခဲ့သည်။ တိုက်ပွဲအတွင်း၌ နတ်ဘုရားစွမ်းရည်၏ နက်နဲမှုများအား ပိုမို နားလည်သဘောပေါက်လာခဲ့၏။

"မင်းက ငါ့ကို ဓားသွေးကျောက်လို အသုံးချချင်တာလား။ မဖြစ်နိုင်ဘူးကွ... ငါက မင်းနဲ့ တိုက်ဖို့ ငါ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထားမယ်လို့ မပြောခဲ့ဘူး"

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က အေးစက်စွာ ပြောလိုက်သည်။ နောက်အခိုက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းက ယခင်ကထက် များစွာ ပိုမိုသန်မာသည်။

ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်...

ဤအရာက မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ စစ်မှန်သော ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။ သူက ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။ သူသည် ကြယ်လေးပွင့် ဗလာနယ်ဧကရာဇ် ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်သည်။

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်၏ ကျင့်ကြံခြင်းက ပေါက်ကွဲထွက်လာပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း တဟုန်ထိုး ထိုးတက်သွားတော့သည်။

"ရှုံးနိမ့်လိုက်တော့"

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒယ်စောက်အိုးကြီးက လုမင်ထံသို့ ထပ်မံဖိချလိုက်၏။ ၎င်း၏ စွမ်းအားက ယခင်ကထက် များစွာ ပိုမိုသန်မာသည်။

ဒယ်စောက်အိုးကြီးက တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး ဟင်းလင်းပြင်ကို ဖိချလိုက်၏။

လုမင်က လျင်မြန်စွာ နောက်ဆုတ်လိုက်သော်လည်း ဒယ်စောက်အိုးကြီးမှာ သူ့နောက်သို့ အံ့မခန်း အရှိန်အဟုန်ဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်။

"ဝုန်း..."

လုမင်က ကစဉ့်ကလျားတူဖြင့် ထုရိုက်လိုက်သည်။ ကောင်းကင်ယံက ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့၏။ လုမင်၏ ခန္ဓာကိုယ်ကလည်း တုန်ခါသွားခဲ့ရကာ မီတာအနည်းငယ် အကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။

သူ၏ လက်မောင်းက အနည်းငယ် တုန်ခါသွားခဲ့ပြီး လက်မနှင့် လက်ညှိုးကြားရှိ အရေပြားမှာလည်း စုတ်ပြဲသွားခဲ့ကာ သွေးများ စိမ့်ထွက်လာခဲ့သည်။

သိုင်းဧကရာဇ်နယ်ပယ်တွင် အဆင့်တစ်ခုစီ၏ ကွာခြားချက်က ကြီးမားလွန်းလှသည်။

ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်က ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်ထက် များစွာ ပိုမိုသန်မာ၏။

၎င်းသည် သာမန် ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးသာ ဖြစ်ခဲ့ပါက လုမင်သည် သူ့ကို သတ်ဖြတ်နိုင်သည်။ သို့သော်လည်း၊ မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် သူ့ထက် အဆင့်မြင့်သော ပြိုင်ဘက်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသူဖြစ်ရာ လုမင်သည်လည်း သူ့ကို မယှဉ်နိုင်ခဲ့ချေ။

"ဝုန်း"

ဒယ်စောက်အိုးကြီးက ထပ်မံလှုပ်ခတ်သွားပြီး လုမင်အပေါ်သို့ ဖိနှိပ်ကျရောက်လာပြန်သည်။ လုမင်လည်း တစ်ဖန် လွင့်ထွက်သွားခဲ့‌ပြန်တော့သည်။ သူ့သွေးများက ဆူပွက်လာခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့ရသည်။

'ငါ တတိယသွေးမျိုးဆက် စွမ်းအားကိုပဲ အသုံးပြုရတော့မယ်'

လုမင်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ၏ အတွေးတစ်ခုဖြင့် တတိယမျိုးဆက်မှ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းသွားခဲ့၏။ လုမင်၏ ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းတန်း အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

လုမင်၏ အရှိန်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး သူ၏ သတ်ဖြတ်လိုစိတ်ကလည်း အဆုံးမဲ့ ဖြစ်လာတော့သည်။

"ဒုန်း"

လုမင်က ကစဉ့်ကလျားတူဖြင့် ထုနှက်ပြီး ဒယ်စောက်အိုးကြီးကို လွင့်ထွက်သွားစေခဲ့သည်။

"အလိုလေး...."

ပတ်ဝန်းကျင်တွင် အသက်ရှူသံပြင်းပြင်းများကို ကြားလိုက်ရသည်။

ရေတွက်မရနိုင်သော လူအများက ပါးစပ်အဟောင်းသားဖြင့် လုမင်ကို စိုက်ကြည့်နေခဲ့ကြ၏။

လုမင်တွင် စွမ်းအင်များ ကျန်ရှိနေသေးသည်။ ယခင်က လုမင်သည် သူ့အစွမ်းကုန် အသုံးပြုခဲ့ပုံ မရချေ။

ဤအရာက အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

သူတို့ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထျန်းမင်၊ ယွမ်ရှင်းနှင့် အခြားသူများသည်လည်း တုန်လှုပ်သွားခဲ့ကြရသည်။

လုမင်က သူ့စွမ်းအားအပြည့် အသုံးမပြုဘဲ သူတို့ကို အနိုင်ယူခဲ့ခြင်း ဖြစ်၏။ ၎င်းက သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရပေသည်။

"ဒါက အဲဒီ လျှို့ဝှက်ကျင့်စဉ်ပဲ"

ဟန်ရှင်းဟဲ၏ မျက်နှာက အလွန်ပင် ကြည့်ရဆိုးနေခဲ့သည်။

ယခင်က ကြာပန်းကမ္ဘာတွင် လုမင်သည် သူ့ကို အနိုင်ယူရန်အတွက် ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့ဖူးသည်။

ဟန်မိသားစ၊ ဟဲမိသားစုနှင့် အခြားအင်အားစုများမှ ကျွမ်းကျင်သူအချို့မှာမူ ပို၍ပင် တုန်လှုပ်သွားခဲ့ကြရ၏။

လုမင်က ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

ကောင်းကင်ကမ္ဘာ၏ ပါရမီရှင်အချို့မှာလည်း အမူအရာများ လေးနက်နေကြတော့သည်။

"သတ်"

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က ဒယ်စောက်အိုးကို ခြေနင်းလိုက်ပြီး လုမင်ထံသို့ ပြေးဝင်သွားခဲ့သည်။ လုမင်က မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

တတိယသွေးမျိုးဆက်၏ စွမ်းအားကို ငှားရမ်းပြီးနောက် လုမင်၏ တိုက်ခိုက်ရေးစွမ်းရည်က များစွာ တိုးတက်လာခဲ့သည်။ သူက မီးခိုးရောင်ဝတ်ရုံဝတ် လူငယ်နှင့် အပြန်အလှန် ဆက်လက်တိုက်ခိုက်ခဲ့ပြီး အသာစီးပင် ရရှိလာတော့သည်။

"ကိုင်း... ဒီမှာတင် ရပ်လိုက်ကြရအောင်ပါ"

ထိုအခိုက်တွင်၊ ကြည်လင်သောအသံတစ်ခုကို ကြားလိုက်ကြရသည်။

All Chapters