← Chapters

အခန်း ၂၁၃၈

Vol. 149 Ch. 2138

အခန်း ၂၁၃၈

Vol. 149 Ch. 2138

အပိုင်း ( 2138 ) ကောင်းကင်ဧကရာဇ်၏ အကူအညီ။

လုမင်သည် ကောင်းကင်ဘုံကို ဆန့်ကျင်ကာ နယ်မြေဆယ်ခုတိုက်ပွဲ၏ ချန်ပီယံအဖြစ် ပေါ်ထွက်လာခဲ့သည်။ သူသည် ပါရမီရှင်အားလုံး၏ ထိပ်ဆုံး အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့၏။

ဤနယ်မြေဆယ်ခုတိုက်ပွဲတွင် လုမင်က အတောက်ပဆုံးသောသူဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ မည်သူမျှ သူနှင့် နှိုင်းယှဉ်၍မရပါ။

သူသည် ယွမ်ရှင်း၊ ထျန်းမင်နှင့် ကောင်းကင်ကမ္ဘာ၏ ပါရမီရှင်များကိုပင် အနိုင်ယူခဲ့သည်။ ဤအရာက သမိုင်းမှတ်တမ်းများတွင် ကမ္ပည်းတင်ကျန်ရစ်ရန် သေချာနေခဲ့ပြီ။

ယခင်က လူတိုင်းသည် လုမင်၌ အတိုင်းအဆမဲ့သော အနာဂတ်ရှိပြီး သူ၏ အနာဂတ် အောင်မြင်မှုများက စိတ်ကူးကြည့်ရန်ပင် မစွမ်းသာဟု ထင်မှတ်ခဲ့ကြသည်။ သူက အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူတို့ တွေးခဲ့ကြ၏။

အင်အားကြီး အဖွဲ့အစည်းအချို့ကမူ လုမင်နှင့် မိတ်ဆွေဖွဲ့ရန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ပင် စီစဉ်ခဲ့ကြသည်။

သို့သော်လည်း ယခုအခါတွင်မူ ကောင်းကင်ဧကရာဇ်က လုမင်ကို သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်မည်မဟုတ်ဘဲ သူ၏ တစ်သက်တာလုံး ဧကရာဇ်တစ်ပိုင်းနယ်ပယ်၌သာ ပိတ်မိနေလိမ့်မည်ဟု ပြောလိုက်ပြီ။

မည်သူမျှ ကောင်းကင်ဧကရာဇ်၏ စကားကို သံသယမဝင်ရဲကြချေ။

လုမင်၏ ကံကြမ္မာက အဆုံးအဖြတ်ပေးခြင်း ခံလိုက်ရပြီဟု ဆိုနိုင်သည်။

"နှမြောစရာပဲ၊ ရှားမှရှားတဲ့ ပါရမီရှင်တစ်ယောက်အတွက်... တကယ့်ကို နှမြောစရာပဲ"

အဓိက အင်အားစုများမှ အချို့လူများက သက်ပြင်းချလိုက်ကြသည်။ သူတို့က လုမင်နှင့် မိတ်ဆွေဖွဲ့ရန်၊ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် စီစဉ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုစိတ်ကူးကို လက်လွှတ်လိုက်ကြပြီ။

သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်ပါက၊ သူ မည်မျှပင် သန်မာနေပါစေ ဤအဓိက အင်အားစုများ၏ အလေးအနက်ထားခြင်းကို ခံရတော့မည် မဟုတ်ချေ။

သိုင်းဧကရာဇ်နယ်ပယ်အောက်တွင် သူက မည်မျှအထိ သန်မာနိုင်ပါမည်နည်း။

မည်သည့် အစစ်အမှန်ဧကရာဇ်မဆို သူ့ကို အလွယ်တကူ အမှုန့်ကြိတ်ပစ်နိုင်သည်။

"ဟားဟားဟား...၊ ကောင်းကင်မှာ အမြင်ရှိတယ်... ကောင်းကင်မှာ အမြင်ရှိတယ်"

ဟန်မိသားစု၊ ဟဲမိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်းနှင့် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေ၏ ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားသော အင်အားစုများက သူတို့၏ ရင်ထဲ၌ ဟားတိုက်ရယ်မောနေခဲ့ကြသည်။

သူတို့ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြရ၏။ ဤအရာက ကောင်းကင်ဘုံမှ ပေးသနားသော ကောင်းချီးတစ်ခုပင်။

ယခင်က လုမင် ပြသခဲ့သည့် စွမ်းဆောင်ရည်များသည် သူတို့ကို ကြောက်ရွံ့လွန်း၍ သွေးပျက်စေခဲ့သည်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်ခဲ့ရ၏။

လုမင်က အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး သူတို့နှင့် စာရင်းဟောင်း လာရှင်းမည်ကို စိုးရိမ်ခဲ့ကြသည်။

သို့သော်လည်း ယခုအခါ လုမင်က သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်တော့ပေ။ သူ၏ တစ်သက်တာလုံး ဧကရာဇ်တစ်ပိုင်းနယ်ပယ်၌သာ ပိတ်မိနေတော့မည် ဖြစ်ရာ သူတို့အတွက်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ပါ။

ဧကရာဇ်တစ်ပိုင်းတစ်ဦးက မည်မျှသန်မာနေပါစေ၊ အဆုံးတွင် ဘာတတ်နိုင်ပါဦးမည်နည်း။

'ပြိုင်ဘက်ကင်း အမှိုက်ခန္ဓာတဲ့လား၊ ဟားဟားဟား'

ဟဲမိသားစုမှ မဟာဧကရာဇ်က လှောင်ပြောင်လိုက်သည်။ သူသည် လုမင်၏ ကောင်းကင်ဧကရာဇ်ခန္ဓာဖြင့် ရိုက်နှက်ခြင်း ခံခဲ့ရဖူးသဖြင့် အမြဲတမ်း ရန်ငြိုးဖွဲ့ထားခဲ့ပေသည်။

လုမင်အပေါ် ရန်ငြိုးရှိနေသည့်သူများအတွက် သည်ထက် ပိုမိုကောင်းမွန်သောသတင်း မရှိနိုင်တော့ချေ။

အခြားတစ်ဖက်တွင်မူ၊ လုမင်နှင့် ရင်းနှီးကျွမ်းဝင်သူများမှာ စိတ်သောကရောက်ကုန်သည်။ သူတို့က သက်ပြင်းချလိုက်ကြတော့သည်။

"ကောင်းကင်ကြီးက မတရားဘူး"

ဖီးနစ်နန်းတော်မှ အကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်သည်။

ဤကဲ့သို့ ထူးချွန်ပြောင်မြောက်သော ပါရမီမျိုးမှာ ယွမ်လု၏ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။ သို့သော်လည်း သူက သိုင်းဧကရာဇ်သို့ အဆင့်တက်လှမ်းရန် ခက်ခဲနေသည်။ ဤအရာက တကယ်ကို စိတ်မကောင်းစရာပင်။

ဧကရာဇ် ဝူရှန်းနှင့် ဦးလေးခုန်းတို့လည်း သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြရသည်။

"ဧကရာဇ်အရှင်... သမိုင်းမှာ ဘယ်သူကမှ ဒီအချုပ်အနှောင်တွေကို ဖျက်ဆီးပြီး သိုင်းဧကရာဇ်နယ်ပယ်ထဲကို ခြေမချနိုင်ခဲ့ဘူးလားဗျာ"

ဦးလေးခုန်းက မေးမြန်းလိုက်သည်။

"မရှိဘူး၊ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ အတင်းအကျပ် အဆင့်တက်လှမ်းဖို့ ကြိုးစားခဲ့တဲ့သူတွေအားလုံး သေဆုံးခဲ့ကြရတယ်။ ကျန်တဲ့သူတွေကတော့ သူတို့ရဲ့ တစ်သက်တာလုံး ဧကရာဇ်တစ်ပိုင်းအဆင့်မှာပဲ ပိတ်မိနေခဲ့ကြတယ်"

ကောင်းကင်ဧကရာဇ်က ခေါင်းခါယမ်းလိုက်သည်။ သူသည်လည်း နှမြောတသ ဖြစ်မိပေသည်။

ဦးလေးခုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ အချိန်တိုအတွင်းမှာပင် နှစ်ပေါင်းများစွာ အိုမင်းရင့်ရော်သွားသည့်အလား ဖြစ်သွားခဲ့ရတော့သည်။

'ဟားဟားဟား... ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်။ သူက အမှိုက်တစ်စပဲ ဖြစ်သွားတာပဲ။ နောက်ဆုံးတော့ ငါ သူ့အတွက် စိတ်ပူနေစရာ မလိုတော့ဘူး'

'သူက အမှိုက်တစ်စပါပဲ။ ငါက သူ့ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်လိုမျိုးတောင် သဘောထားခဲ့မိသေးတယ်'

ဟန်မိသားစု၊ ဟဲမိသားစု၊ ရွှေကျီးကန်းမျိုးနွယ်စုနှင့် အခြားသော အင်အားစုများမှ လူများ၏ မျက်နှာများတွင် အပြုံးများ ဝေဆာလျက် ရယ်မောလိုက်ကြသည်။

ဟုတ်သည်၊ သူတို့က ထိုအရာကို အပြင်သို့ ထုတ်မပြောရဲကြချေ။ သူတို့၏ ရင်ထဲ၌သာ တွေးတောနေကြခြင်း ဖြစ်သည်။

'အမှိုက်တစ်စပဲ၊ သူက အခုလောလောဆယ် သန်မာနေပေမဲ့ အရာရာတိုင်းမှာ ငါ သူ့ကို ကျော်ဖြတ်ဖို့ သိပ်မကြာတော့ဘူး'

ကစဉ့်ကလျား၏ သားတော် ယွမ်ရှင်းက အေးစက်စွာ ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင် သူက ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ။

လုမင်က သိုင်းဧကရာဇ်အဖြစ် အဆင့်မတက်လှမ်းနိုင်တော့သဖြင့် သူ၏ ပြိုင်ဘက် ဖြစ်လာရန် အရည်အချင်း မရှိတော့ချေ။

'ငါက အနာဂတ်မှာ မင်းကို ငါ့ရဲ့ ကိုယ်ပိုင်လက်နဲ့ အနိုင်ယူချင်သေးတာ။ ငါက တကယ်ပဲ အမှိုက်တစ်စကို ရှုံးခဲ့တာပဲ။ ဟားဟားဟား'

ထျန်းမင်က သူ့ရင်ထဲ၌ အေးစက်စွာ ရယ်မောလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"နှမြောစရာပဲ။ သူက တကယ့်ကို ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်ခဲ့တာ"

ကောင်းကင်ကမ္ဘာ၏ ပါရမီရှင်များထဲမှ ဆံပင်ခရမ်းရောင်နှင့် လူငယ်က သက်ပြင်းချလိုက်လေသည်။

"မဟုတ်ဘူး။ ကျွန်မရဲ့ ဆရာက သေချာပေါက် အဆင့်တက်နိုင်မှာ"

"လုမင်က အချုပ်အနှောင်တွေကို မဖျက်ဆီးနိုင်ဘူးဆိုတာကို ကျွန်မ မယုံဘူး"

လုရှန်းရှန်းနှင့် အခြားသူများကမူ ၎င်းကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

"မဟုတ်ဘူး၊ ငါ အဆင့်တက်လှမ်းနိုင်တယ်... ငါ သိုင်းဧကရာဇ်နယ်ပယ်ထဲကို သေချာပေါက် ခြေချမှာပဲ။ ကောင်းကင်ကတောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

လုမင်၏ မျက်လုံးများ နီမြန်းနေခဲ့သည်။ သူက လက်သီးကို တင်းတင်းဆုပ်ထားခဲ့၏။ သူ့အသံထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ရယ်စရာပဲ။ ကောင်းကင်ဧကရာဇ်ကတောင် ပြောပြီးပြီကို သူက အခုထိ မယုံသေးဘူး။ စိတ်ကူးယဉ်နေတာပဲ"

ဝမ်မိသားစုမှ လူလတ်ပိုင်းအမျိုးသားတစ်ဦးက မနေနိုင် လှောင်ပြောင်လိုက်သည်။ သို့သော်လည်း လူအများစု၏ ဒေါသအကြည့်များက ကျရောက်လာရာ ချက်ချင်း ပါးစပ်ပိတ်သွားရတော့သည်။

"မင်းက အတင်းအကျပ် အဆင့်တက်ချင်တာလား"

ကောင်းကင်ဧကရာဇ်က လုမင်ကို စိုက်ကြည့်လိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ကျွန်တော်က အချုပ်အနှောင်တွေကို သေချာပေါက် ဖျက်ဆီးပစ်နိုင်မှာပါ။ လမ်းဆိုတာက လူတွေ ဖန်တီးခဲ့တာပဲလေ... ရှေးလူကြီးတွေ မလုပ်နိုင်ခဲ့ရုံနဲ့ ကျွန်တော် မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး"

လုမင်၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေခဲ့သည်။

ရှေးခေတ်ကာလများကတည်းက အသန်မာဆုံးနိယာမ အမျိုးအစား နှစ်ခုကို တစ်ချိန်တည်းမှာ မည်သူမျှ နားမလည်နိုင်ခဲ့ချေ။ သူကတော့ အောင်မြင်ခဲ့သည် မဟုတ်လား။

"သိုင်းဧကရာဇ်နယ်ပယ်ကို အတင်းအကျပ် အဆင့်တက်လှမ်းဖို့ ကြိုးစားတာက အသက်အန္တရာယ်များလိမ့်မယ်။ မင်း ဆုံးဖြတ်ပြီးပြီလား"

ကောင်းကင်ဧကရာဇ်က ထပ်မံမေးလိုက်သည်။ သူ့မျက်လုံးများထဲတွင် ချီးကျူးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

သူသည်လည်း တိတ်ဆိတ်စွာ သက်ပြင်းချမိသည်။ လုမင်၏ ပါရမီ၊ စိတ်စွမ်းအားနှင့် လုမင်၏ ခိုင်မာသော သိုင်းပညာနှလုံးသား(တာအိုနှလုံးသား)တို့မှာ တကယ့်ကို ချီးကျူးစရာ ကောင်းပေသည်။ အကယ်၍ လုမင်တွင်အမှိုက်ခန္ဓာကိုယ်မျိုးသာ မရှိခဲ့လျှင် သူ၏ အနာဂတ်မှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။ သူ့အတွက် ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းရန်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပါ။

"ကျွန်တော် သေချာပေါက် အောင်မြင်ရမယ်"

လုမင်၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေခဲ့သည်။

"ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို ပြင်ဆင်ဖို့ ဆယ်ရက် အချိန်ပေးမယ်။ ဆယ်ရက်ကြာပြီးရင် ငါ မင်းကို ကူညီပြီး သိုင်းဧကရာဇ်နယ်ပယ်ကို အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးမယ်"

ကောင်းကင်ဧကရာဇ်၏ အသံက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

လူတိုင်း အံ့ဩတုန်လှုပ်သွား၏။ ဤအရာက မိုးလောက်ကြီးသော အခွင့်အရေးတစ်ခုပင်။

'ဟာကွာ'

ဟန်မိသားစု၊ ဟဲမိသားစု၊ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ ရွှေကျီးကန်းမျိုးနွယ်စု၊ ဝမ်မိသားစုနှင့် အခြားသော အင်အားစုများမှာ တုန်လှုပ်သွားခဲ့ကြရသည်။ သူတို့အားလုံး လက်မခံချင်သလို မနာလို ဖြစ်သွားခဲ့ကြရ၏။

ကောင်းကင်ဧကရာဇ်က ကူညီပေးတော့မည် ဖြစ်သည်။

မူလက လုမင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းနိုင်တော့ဟု ကြားသိရချိန်တွင် သူတို့ အလွန် ဝမ်းမြောက်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ ကောင်းကင်ဧကရာဇ်၏ အကူအညီဖြင့် လုမင် အောင်မြင်သွားမည်ကို သူတို့ စိုးရိမ်နေကြတော့သည်။

သူတို့အားလုံး လုမင် မအောင်မြင်စေရန် တိတ်တဆိတ် ဆုတောင်းနေခဲ့ကြသည်။

လုရှန်းရှန်းနှင့် အခြားသူများအတွက်မူ သူတို့ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြရ၏။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်အရှင်"

လုမင်သည် ကောင်းကင်ဧကရာဇ်ထံသို့ လေးနက်စွာ ဦးညွှတ်လိုက်သည်။

သူသည် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခြင်း ဖြစ်၏။ ကောင်းကင်ဧကရာဇ်က ဤကဲ့သို့ ကူညီပေးလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ခဲ့ချေ။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်အရှင်"

ဦးလေးခုန်းနှင့် ဧကရာဇ် ဝူရှန်းတို့ကလည်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်အရှင်"

ထို့နောက် လုရှန်းရှန်း၊ အိုးရန်မော့လီ၊ ချင်ယွဲ့၊ ဟွမ်လင်နှင့် အခြားသူများ အားလုံးကလည်း ဦးညွှတ်လိုက်ကြလေသည်။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်အရှင်"

ထို့နောက်တွင် ယွမ်တောင်ရှိ လူအများအပြားကလည်း ကောင်းကင်ဧကရာဇ်ထံသို့ သူတို့၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် ဦးညွှတ်လိုက်ကြသည်။

ဥပမာအားဖြင့် ရှေးဟောင်းရှန့်မျိုးနွယ်၊ ဟွမ်မျိုးနွယ်နှင့် အခြားသော အင်အားစုများ ဖြစ်ကြသည်။

တိုင်းတပါးမျိုးနွယ်စုများက ယွမ်တောင်တွင် ကမောက်ကမ ဖြစ်အောင် ဖျက်ဆီးနေခဲ့စဉ်က၊ လုမင်နှင့် မဟာဧကရာဇ် အနည်းငယ်တို့သည် သူတို့၏ အသက်ကို စွန့်စားကာ တိုင်းတစ်ပါးအမျိုးနွယ်စုများ အသုံးပြုခဲ့သည့် ဟင်းလင်းပြင်လမ်းကြောင်းကို ချိတ်ပိတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိကြသဖြင့် လုမင်အပေါ် ကျေးဇူးတင်နေကြခြင်း ဖြစ်သည်။

"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်အရှင်"

နောက်ဆုံးတွင် အဆုံးမဲ့နတ်ဆိုးနယ်မြေ၏ ထာဝရမဟာဧကရာဇ်နှင့် နတ်ကံကြမ္မာနယ်မြေအပါအဝင် အခြားသော ဒေသများမှ ကျွမ်းကျင်သူအချို့ကပင် ကောင်းကင်ဧကရာဇ်ထံသို့ သူတို့၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့ကြပေသည်။

သူတို့ထဲမှ အများစုမှာ သဘောထားသေးသိမ်ကြသူများ မဟုတ်ကြဘဲ လုမင်နှင့်လည်း မည်သည့် ရန်ငြိုးမျှ မရှိကြပါ။

လုမင်၏ ပါရမီက မြင့်မားလွန်းဖြင့် သူသာ တိတ်ဆိတ်စွာ ကျဆုံးသွားရပါက နှမြောစရာ ကောင်းမည်ဟု ခံစားကြရသည်။

သူတို့အားလုံးက ပါရမီရှင်များကို တန်ဖိုးထားကြသဖြင့် ကောင်းကင်ဧကရာဇ်ထံသို့ သူတို့၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့ကြခြင်း ဖြစ်ပေသည်။

"ယဉ်ကျေးနေစရာမလိုပါဘူး၊ ငါကလည်း ပါရမီရှင်တွေကို တန်ဖိုးထားတတ်သူပဲ။ အတုမရှိတဲ့ ပါရမီရှင်တစ်ယောက် ပျက်စီးသွားမှာကို ငါလည်း ဒီအတိုင်း ထိုင်မကြည့်နိုင်ပါဘူး။ ဒီဆယ်ရက်အတွင်းမှာ လုမင် အဆင့်တက်လှမ်းနိုင်အောင် ကူညီဖို့အတွက် ငါ အစီရင် တည်ဆောက်ထားလိုက်မယ်။ ဒါပေမဲ့..."

ကောင်းကင်ဧကရာဇ်က လုမင်ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"လုမင်၊ ငါ တစ်ခုကိုတော့ ရှင်းအောင် ကြိုပြောထားရမယ်။ ငါ့ရဲ့ အကူအညီရှိရင်တောင် အဆင့်တက်နိုင်ချေက သိပ်မမြင့်မားဘူး။ နောက်ပြီး မင်း မအောင်မြင်ရင် ကောင်းကင်ကမ္ဘာကို ငါခေါ်သွားမှာ မဟုတ်ဘူး။ အခုချိန်က တိုင်းတပါးမျိုးနွယ်ခြားတွေနဲ့ စစ်ဖြစ်နေချိန်ဖြစ်လို့ အရင်းအမြစ်တိုင်းက အရမ်းအဖိုးတန်တယ်။ မင်းက သိုင်းဧကရာဇ်မဖြစ်နိုင်ရင် ကောင်းကင်ကမ္ဘာရဲ့ အကျော်အမော်တွေက မင်းအတွက် အရင်းအမြစ်တွေကို ဖြုန်းတီးမှာမဟုတ်ဘူးလေ။ မင်းနားလည်ရဲ့လား"

All Chapters