← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) - လှုပ်ခါ၍မရနိုင်ခြင်း (၂)

သူသည် ချူချင်းကို ကြည့်လိုက်၏။

"တော်တဲ့ကောင်လေးပဲ... မင်း ဒါကို ဘယ်လိုသိသွားတာလဲ..."

"ရဲရဲဝံ့ဝံ့ ခန့်မှန်းပြီး စေ့စေ့စပ်စပ် သက်သေရှာတာပေါ့..."

ချူချင်းက ပြောလိုက်၏။

"တစ်လမ်းလုံး လာခဲ့တဲ့တစ်လျှောက်မှာ လော့ချန်ကာကွယ်ရေးက အရမ်းကို တင်းကျပ်လွန်းတာကို ကျုပ်မြင်ခဲ့ရတယ်... ပြီးတော့ သခင်ဝမ်ကလည်း သိုင်းပညာ ပြိုင်ဘက်ကင်းတဲ့သူတစ်ယောက်ပဲ..."

"ဒီလို အခြေအနေမျိုးမှာ ခင်များကို လုပ်ကြံဖို့ ကြံစည်တာက ကောင်းကင်ပေါ် တက်ဖို့ထက်တောင် ပိုပြီးခက်ခဲဦးမယ်..."

လော့ချန်၏ ကာကွယ်ရေးအဆင့်အတန်းနှင့်ဆိုလျှင် နျဲ့ကျင့်ထိုင်၏ မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းထက်မှ ထိပ်သီးပညာရှင်များ ကိုယ်တိုင်လာရောက်လှုပ်ရှားလျှင်ပင် အချည်းနှီးသာ ပြန်သွားရပေလိမ့်မည်။

အမှန်တကယ်တွင် ဝမ်ဖူစန်းနှင့်ရင်ဆိုင်ရပါက အသက်ရှင်လျက် ပြန်သွားနိုင်ရန် အခွင့်အရေးရှိမရှိဆိုသည်မှာလည်း မသေချာသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

"ဒါလေးနဲ့လား..."

ဝမ်ဖူစန်းသည် မျက်မှောင်ကြုတ်ကာ ချူချင်းကိုကြည့်လိုက်၏။ သူသည် ဤအကြောင်းပြချက်မှာ မခိုင်လုံသေးဟု ထင်ရှားစွာ ခံစားနေရပေသည်။

ချူချင်းက ပြုံးလိုက်၏။

"ဒုတိယသခင်က ခင်များ ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ ပြောတုန်းက ဘာမှမဖုံးကွယ်ထားဘူး..."

"အခုအချိန်မှာ လော့ချန်က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်ပဲ...သခင်ဝမ်ဆိုတဲ့နာမည်က လော့ချန်ရဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်တယ်..."

"ဒုတိယသခင်ဝမ်က ဘယ်လိုပဲကြည့်ကြည့် လူမိုက်တစ်ယောက် မဟုတ်တာ သေချာတယ်... ဒီလိုမျိုး ကိုယ့်အားနည်းချက်ကို ထုတ်ဖော်ပြသတာက သိသိသာသာကို ပုံမှန်မဟုတ်ဘူး..."

"တကယ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေက ဒါကိုအခွင့်ကောင်းယူပြီး သခင်ဝမ် ဒဏ်ရာရနေတုန်း အသက်ကိုလာနှုတ်ဖို့ ကြံစည်ကြမယ်ဆိုရင်... သတိလက်လွတ်ဖြစ်လိုက်တာနဲ့ ဘေးဒုက္ခကြီး ဖြစ်လာနိုင်တယ်..."

"ကျုပ် သေချာစဉ်းစားကြည့်တော့ အကြောင်းပြချက်က တစ်ခုတည်းပဲ ရှိနိုင်တယ်..."

"အဲဒါကတော့ တမင်တကာ ဟန်ဆောင်နေတာပဲ..."

သူသည် ဤနေရာအထိပြောပြီးသောအခါ ရေငတ်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဘေးသို့လျှောက်သွားကာ မိမိအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်လေသည်။

သူသည် အနံ့ခံကြည့်ပြီးနောက် တစ်ငုံသောက်လိုက်၏။

"တမင်တကာလုပ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာကိုတော့ ကျုပ် လောလောဆယ် မသိသေးဘူး..."

"ဘာလို့လဲဆိုတော့ ဒုတိယသခင်ဝမ်က လူကောင်းလား လူဆိုးလားဆိုတာ ကျုပ်မသိသေးလို့ပဲ..."

"ဝမ်ရို လာခဲ့တဲ့လမ်းတစ်လျှောက်မှာ နှစ်ကြိမ်တောင် လုပ်ကြံခံခဲ့ရတယ်... ဒါကြောင့် လော့ချန်ထဲမှာ သူမအပေါ် မကောင်းကြံချင်တဲ့သူ ရှိနေတယ်လို့ ကျုပ်သံသယဝင်မိတယ်..."

"တကယ်လို့ အဲဒီလူက ဒုတိယသခင်ဝမ်သာ ဖြစ်မယ်ဆိုရင် သူက ခင်များဒဏ်ရာရနေတဲ့ သတင်းကို တမင်တကာ လူတိုင်းသိအောင်ဖြန့်တာကလည်း ဖြစ်နိုင်ခြေရှိတာပဲ..."

"ဒါပေမဲ့ နောက်ပိုင်းမှာ ဒုတိယသခင်ဝမ်နဲ့အတူ ခင်များရဲ့ ခြံဝင်းထဲကို ရောက်လာတဲ့အခါကျတော့..."

"ဒုတိယသခင်ဝမ်ရဲ့ သမီးဖြစ်သူ ဝမ်ခယ်ရန်ကပါ ဒီမှာပြုစုပေးနေတာကို တွေ့လိုက်ရတယ်..."

"ခင်များရဲ့ ခြံဝင်းကလည်း သူ့အပေါ် ဘာမှပိတ်ပင်ထားတာ မရှိဘူး... ကြည့်ရတာ ခင်များက ဒီဒုတိယညီအပေါ် အရမ်းကို ယုံကြည်ပုံရတယ်..."

"ဒါကြောင့် သူက ဒီလိုမျိုးသတင်းလွှင့်တာက ခင်များရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်လိမ့်မယ်လို့ ကျုပ်သံသယဝင်မိတာပေါ့..."

"ပြောရရင် ဒါက ခင်များတို့ ညီအစ်ကိုနှစ်ယောက် တမင်တကာ ထောင်ချောက်ဆင်ထားတာပဲ..."

"လုပ်ကြံခံရဟန်ဆောင်၊ ဒဏ်ရာရဟန်ဆောင်ပြီး ထောင်ချောက်ပြဇာတ်တစ်ခုကို ကပြလိုက်တာပေါ့... ဒါမှ ဆူပူထကြွနေတဲ့ကောင်တွေကို ရှင်းလင်းပစ်နိုင်မှာ မဟုတ်လား..."

လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် ချူချင်းသည် ဝမ်ဖူစန်းကို လှည့်ကြည့်လိုက်၏။

"သခင်ဝမ်... ဒီဂျူနီယာက ရဲရဲဝံ့ဝံ့မေးပါရစေ... ကျုပ် ပြောတာမှန်ရဲ့လား..."

ဝမ်ဖူစန်းသည် ချူချင်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ရို၏ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

"ရိုအာ... ဒီကောင်လေးက သမီးယုံကြည်ရတဲ့သူလား..."

ဝမ်ရိုသည် တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

ဝမ်ဖူစန်းသည် ထိုအခါမှခေါင်းညိတ်လိုက်ပြီး ချူချင်းကို ကြည့်လိုက်တော့၏။

"ဒါကြောင့်ကိုး... ရိုအာလေးက ဘာလို့ မင်းကို အထဲအထိ အတင်းခေါ်လာချင်ရတာလဲဆိုတာ..."

"မင်း သူမရဲ့ဘေးမှာ ရှိနေပေးရင် ဒီကောင်မလေးက ဦးနှောက်သုံးစရာတောင် မလိုတော့ဘူးပဲ..."

"သူမက မွေးရာပါပျင်းရိတတ်တဲ့သူဆိုတော့ မင်းက သူမကို စိတ်အေးလက်အေး ဖြစ်စေတာပေါ့..."

သူသည် စကားကို ခေတ္တရပ်လိုက်၏။

"မင်း ပြောတာမှန်တယ်... အခုအချိန်မှာ လော့ချန်က အရေးကြီးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်... ထျန်းကျီးအမိန့်တော်ပြား သတင်းက အရမ်းကိုပျံ့နှံ့နေပြီး လူပေါင်းစုံကလည်း စုဝေးရောက်ရှိနေကြတယ်..."

"ဒါပေမဲ့လည်း ပြောရရင် ထျန်းကျီးအမိန့်တော်ပြားက ကိစ္စသိပ်မရှိသေးဘူး..."

"ငါ့ကို တကယ်စိုးရိမ်ပူပန်စေတာကတော့... ဘယ်ကမှန်းမသိတဲ့လူတစ်စုက ငါတို့ လော့ချန်တောင်ရဲ့ ပတ်ပတ်လည်မှာ ချောင်းမြောင်းနေကြတာပဲ..."

"သခင်ဝမ်က အဲဒါဘယ်သူတွေလဲဆိုတာ သိလား..."

ဝမ်ဖူစန်းသည် ခေါင်းကို ခါယမ်းလိုက်၏။

"သိရင် ကောင်းတာပေါ့... အဲဒီလူတွေက လှုပ်ရှားမှုတွေ အရမ်းကိုလျှို့ဝှက်လွန်းပြီး ငါနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ကြဘူး..."

"ဒါပေမဲ့ ငါ သံသယဝင်တာကတော့..."

"ထျန်းကျီးကိစ္စက သူတို့လက်ချက် ဖြစ်လိမ့်မယ်ဆိုတာပဲ..."

"ကျုပ်ကြားတာကတော့ ထျန်းကျီးအမိန့်တော်ပြားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လော့ချန်တောင်ရဲ့ ဘိုးဘေးဝမ်ထျန်းဟန်က... သေခါနီးဖြစ်နေတဲ့ ထျန်းကျီးရသေ့ကို ကယ်တင်ခဲ့လို့ ရခဲ့တာဆို..."

ဝမ်ဖူစန်းသည် ဝမ်ရိုကို အနည်းငယ်တုံ့ဆိုင်းစွာ ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်၏။

"တကယ်ပဲ အဲဒီလိုကိစ္စရှိခဲ့တယ်..."

ချူချင်းက ပြုံးလိုက်၏။

"သခင်ဝမ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ဝမ်ဖူစန်းသည် ထျန်းကျီးအမိန့်တော်ပြားသတင်း ပျံ့နှံ့သွားကတည်းက ယခုအချိန်အထိ ထျန်းကျီးအမိန့်တော်ပြား ရှိကြောင်းကို တစ်ခါမျှ ဝန်မခံခဲ့ဖူးပေ။

ယနေ့တွင် ဝမ်ရိုကသာ ချူချင်းကို မယုံကြည်ခဲ့လျှင် သူသည်လည်း ဤကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောပြလိမ့်မည် မဟုတ်ချေ။

ဝမ်ဖူစန်းသည် သက်ပြင်းချကာ ပြုံးလိုက်၏။

"ငါ့သမီးလေးက မင်းကို ယုံကြည်တယ်... ငါကလည်း ငါ့သမီးလေးကို ယုံကြည်တယ်..."

သူသည် စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဆက်လက်ပြောကြားလိုက်၏။

"ဒါပေမဲ့လည်း ထျန်းကျီးအမိန့်တော်ပြားက ဘယ်လောက်နောက်ခံကြီးမားပါစေ... ဘာမှအသုံးမဝင်ပါဘူး..."

"ဘာလို့လဲဆိုတော့ ဘယ်သူမှ ထျန်းကျီးတောင်ကြားရဲ့ တည်နေရာကို မသိကြလို့ပဲ... ဒီအမိန့်ပြားက ငါတို့ လော့ချန်တောင်မှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ... ငါတို့ လော့ချန်ကလည်း နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ ထျန်းကျီးတောင်ကြားကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူး..."

မည်သူမျှ ထျန်းကျီးတောင်ကြား၏ တည်နေရာကို မသိရှိကြပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ထျန်းကျီးအမိန့်တော်ပြားကို ရရှိသွားလျှင်ပင် ထျန်းကျီးရသေ့၏ အမွေအနှစ်ကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

သို့မဟုတ်ပါက လော့ချန်တောင်သည် ဤနှစ်များတစ်လျှောက်တွင် ထျန်းကျီးတောင်ကြားကို အကြိမ်ပေါင်းရာနှင့်ချီ၍ ပြောင်းရွှေ့သိမ်းပိုက်ပြီးလောက်ပြီ ဖြစ်ပေသည်။

‘ဒါဆိုရင် တစ်ဖက်လူက ဘာဖြစ်လို့ ဒီလိုနည်းလမ်းမျိုးနဲ့ မငြိမ်မသက်ဖြစ်အောင် ဖန်တီးချင်နေရတာလဲ။’

ချူချင်းသည် ဝမ်ဖူစန်းကို မော့ကြည့်လိုက်၏။

"သခင်ဝမ်က ထျန်းကျီးအမိန့်တော်ပြားကိစ္စက အရေးမကြီးဘူးလို့ပြောမှတော့... အခုလို လုပ်ကြံခံရသလိုဟန်ဆောင်တာက တစ်ဖက်လူကို လှုပ်ရှားလာအောင် ဆွဲဆောင်ချင်လို့ပေါ့လေ..."

ဝမ်ဖူစန်းသည် ခေါင်းညိတ်ပြလိုက်၏။

ချူချင်းကမူ ခေါင်းခါယမ်းလိုက်လေသည်။

"သခင်ဝမ်က ကိုယ့်ကိုယ်ကို အရမ်းကို ယုံကြည်တာမလို့ ထျန်းကျီးအမိန့်ပြားကိစ္စက လူတိုင်းသိသွားရင်တောင် လော့ချန်က ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ထင်နေတာပဲ..."

"ဒါပေမဲ့ ခင်များ ပြောပုံအရဆိုရင် တစ်ဖက်လူက လော့ချန်တောင်ရဲ့ ပတ်ပတ်လည်မှာ ချောင်းမြောင်းနေတာ ကြာပြီ..."

"သူတို့က သခင်ဝမ်အကြောင်းကိုလည်း အထင်သေးလို့ မရလောက်အောင် သိထားကြလိမ့်မယ်..."

"ဒါကြောင့် ထျန်းကျီးအမိန့်ပြားက လော့ချန်တောင်ကို မခြိမ်းခြောက်နိုင်ဘူးဆိုတာကို သူတို့လည်း သိနေလောက်တယ်..."

"ဒါပေမဲ့ သူတို့က ဒါကိုအခွင့်ကောင်းယူပြီး ပြဿနာရှာနေတုန်းပဲဆိုတော့... ထျန်းကျီးအမိန့်ပြား တစ်ခုတည်းတင် မဟုတ်ဘူးဆိုတာကို ပြနေတာပဲ..."

ဝမ်ဖူစန်းသည် အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဒါဆို မင်းထင်တာကတော့ သူတို့မှာ ဘယ်လိုနည်းလမ်းတွေ ရှိနေနိုင်သေးလဲ..."

"ထျန်းကျီးအမိန့်ပြားက အစပျိုးမှုတစ်ခုပဲ ဖြစ်လိမ့်မယ်... ထျန်းကျီးတောင်ကြား... တကယ်လို့ သူတို့က ထျန်းကျီးတောင်ကြား ဘယ်မှာရှိလဲဆိုတာကို သိနေကြရင်ရော..."

ချူချင်းသည် ရုတ်တရက် ဝမ်ဖူစန်းကို မော့ကြည့်လိုက်၏။

"တကယ်လို့ သူတို့က ထျန်းကျီးတောင်ကြား ဘယ်မှာရှိလဲဆိုတာကို သိနေပြီး... ဒီသိုင်းပြိုင်ပွဲနဲ့ သမက်ရွေးချယ်ပွဲ အခွင့်အရေးကို အသုံးချပြီး ဒီသတင်းကို ဖြန့်လိုက်မယ်ဆိုရင်ရော..."

ဝမ်ဖူစန်း၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး မျက်မှောင်များကို တင်းကျပ်စွာ ကြုတ်လိုက်တော့၏။

"ဒါပေမဲ့ သူတို့က ထျန်းကျီးတောင်ကြားကို ဘယ်လိုလုပ်သိနိုင်မှာလဲ..."

"ဒါဆိုရင်တော့ သူတို့က တကယ်ဘယ်သူတွေလဲဆိုတာကိုသိဖို့ လိုအပ်လိမ့်မယ်..."

ချူချင်းသည် သက်ပြင်း ခပ်ဖွဖွချလိုက်၏။

"သခင်ဝမ်မှာ သံသယရှိတဲ့သူရှိလား..."

ဝမ်ဖူစန်းသည် ခေါင်းခါယမ်းလိုက်၏။

"ရှိရင် ကောင်းတာပေါ့..."

"သခင်ဝမ်မှာ မရှိရင်တောင် ကျုပ်ဆီမှာတော့ ဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်..."

ချူချင်းသည် တိုးညင်းစွာ ပြောလိုက်၏။

"သခင်ဝမ်... ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်းကို ကြားဖူးလား..."

"ကောင်းကင်မိစ္ဆာဂိုဏ်း..."

ဝမ်ဖူစန်းသည် ချက်ချင်းပင် ပြောလိုက်၏။

"ထျန်းဝူမြို့နဲ့ ရှင်တောက်မြို့မှာ ပေါ်လာခဲ့တဲ့ အဲဒီဂိုဏ်းလား..."

“သခင်လေး... ဒီဂိုဏ်းအကြောင်းကို မင်း ဘယ်လောက်အထိသိထားသလဲ..."

"အများကြီးတော့ မသိပါဘူး... ကြားဖူးနားဝအရဆိုရင် ကောင်းကင်မိစ္ဆာဂိုဏ်းကို အထင်သေးလို့ မရဘူး... အထဲကလူတွေအားလုံးက ထိပ်သီးပညာရှင်တွေချည်းပဲ..."

"ပြီးတော့ သူတို့က အင်အားလည်းကြီးသလို... အကြံအစည်လည်းကြီးတယ်..."

"ထျန်းဝူမြို့နဲ့ ရှင်တောက်မြို့က ကြံစည်မှုနှစ်ခုလုံးက သူတို့လက်ချက်တွေချည်းပဲ..."

"တကယ်လို့ သူတို့က လော့ချန်တောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရင်ဆိုင်ချင်ပြီး ထျန်းကျီးတောင်ကြားကို ရှာဖွေချင်တယ်ဆိုရင်တော့ သူတို့အတွက် သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်လောက်ဘူး..."

ချူချင်းသည် ခေတ္တမျှစဉ်းစားလိုက်ပြီး ထပ်မံမေးမြန်းလိုက်၏။

"သခင်ဝမ်က ဒီလိုသိုင်းပြိုင်ပွဲနဲ့ သမက်ရွေးချယ်ပွဲကို လုပ်ရတာကရော ဘာအတွက်ကြောင့်လဲ..."

"ဒါကတော့..."

ဝမ်ဖူစန်းသည် ပြုံးလိုက်၏။

"ပထမတစ်ချက်ကတော့ ဒီလူတွေကို မျှော်လင့်ချက်တစ်ခု ပေးထားချင်လို့ပဲ... မဟုတ်ရင် သူတို့က နေ့တိုင်းအားယားပြီး ငါ့ကို ပြဿနာလာရှာနေကြလိမ့်မယ်..."

"ဒုတိယတစ်ချက်ကတော့... အမှန်အတိုင်း ပြောရရင် ငါ့တူမလေးက အချစ်ရေးကြောင့် စိတ်ညစ်နေရတယ်..."

"ဒီလိုလုပ်တာကလည်း သူမကို အကျပ်ကိုင်ပြီး သင့်တော်တဲ့ခင်ပွန်းကောင်းတစ်ယောက် ရှာပေးနိုင်မလားဆိုတာကို ကြည့်ချင်လို့ပဲ..."

"နောက်ဆုံးကျရင်တော့ ထျန်းကျီးအမိန့်တော်ပြားကို သူ့ကိုပေးလိုက်ပြီး ဒီထျန်းကျီးအမိန့်ပြားက ငါတို့ လော့ချန်တောင်ဗိမာန်မှာ ရှိနေတယ်... ငါတို့ လော့ချန်တောင်ဗိမာန်ရဲ့ ပိုင်ဆိုင်မှုပဲဆိုတာကို လူတိုင်းကို အသိပေးလိုက်မှာပေါ့..."

"ဘယ်သူမဆို ဒါကို လိုချင်တပ်မက်တယ်ဆိုရင် အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရင်ဆုံး စဉ်းစားထားရလိမ့်မယ်..."

ချူချင်းသည် ဆွံ့အသွားရ၏။ အချိန်အတော်ကြာ စဉ်းစားနေခဲ့သမျှမှာ လွန်လွန်ကဲကဲတွေးတောနေခဲ့ခြင်းသာ ဖြစ်ပြီး အမှန်တကယ်တွင် ဝမ်ဖူစန်း၏အတွေးမှာ အလွန်ပင် ရိုးရှင်းလှပေသည်။

အပြင်ဘက်တွင် မည်မျှပင် ဆူညံပွက်လောရိုက်နေပါစေ လော့ချန်တောင်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုအဘိုးကြီးက အေးစက်စွာ ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။

"လော့ချန်တောင်က သိုင်းလောကမှာ ရပ်တည်လာခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီ... သာမန် ထျန်းကျီးအမိန့်ပြား တစ်ခုတည်းနဲ့တင်မကဘဲ ဒီလိုလူပေါင်းစုံ စုဝေးလာရုံနဲ့ ပျက်စီးသွားမှာမဟုတ်ဘူး..."

"ငါက ဒီသိုင်းပြိုင်ပွဲကိုအသုံးချပြီး ဒီလူတွေကို အသိပေးလိုက်ချင်တာပဲ... သူတို့က ငါတို့လော့ချန်တောင်ကို မလွှမ်းမိုးနိုင်သလို ငါဝမ်ဖူစန်းကိုလည်း ဘယ်တော့မှ လှုပ်ခါနိုင်မှာ မဟုတ်ဘူး…”

All Chapters