← Chapters

အခန်း ၁၃၈

Vol. 12 Ch. 138

အခန်း ၁၃၈

Vol. 12 Ch. 138

အခန်း ၁၃၈

"မင်းက ဘဝအသစ်တစ်ခု စတင်ချင်သေးတယ်တဲ့လား လျူဂျွန်အတွက်ရော ဘဝအသစ်တစ်ခု စတင်ဖို့ အခွင့်အရေး ရှိသေးလို့လား"

"လျူဂျွန်ကို ချစ်ခင်တဲ့သူ ဘယ်လောက်များသလဲဆိုတာ မင်း သိလား သူ ပြန်လာဖို့ စောင့်မျှော်နေတဲ့သူ ဘယ်လောက်များသလဲဆိုတာ မင်း သိရဲ့လား"

"တစ်နှစ်ကို ယွမ် နှစ်သိန်း၊ သုံးသိန်း ရှာနိုင်တဲ့ လျူဂျွန်ရဲ့ ဘဝဆိုတာ ဘာလဲဆိုတာ မင်း သိလား ကမ္ဘာပေါ်မှာ နှစ်သိန်း၊ သုံးသိန်း ရှာနိုင်သူ ဘယ်နှစ်ယောက် ရှိမယ်လို့ မင်း ထင်လဲ"

"မင်းကြောင့် လျူဂျွန်ဟာ McDonalds တစ်ခါမှ မစားခဲ့ရဘူး ပို့ဆောင်ခ ယွမ်ငါးဆယ်ပြား ပိုပေးရမှာစိုးလို့ အော်ဒါကိုတောင် ဖျက်ခဲ့ရတဲ့သူ"

"သူမှာတဲ့ အစားအသောက်တွေက ယွမ် ၁၂ ယွမ်ထက် မကျော်ဘူး အချိန်အများစုမှာ ယွမ် ၁၀ ယွမ်အောက်ပဲ မှာစားခဲ့တာ"

"မင်းကရော"

"နိုက်ကလပ်မှာ ယောက်ျားလေးတွေကို ပိုက်ဆံပေး၊ ပျော်ပါးနေတဲ့အချိန်မှာ မင်း လျူဂျွန်ကို တစ်ခါလေးများ သတိရခဲ့ဖူးလား KTV မှာ ယွမ်ထောင်ဂဏန်းတန် အရက်တွေကို တခြားသူတွေအတွက် မှာပေးနေတဲ့အချိန်မှာ မင်း လျူဂျွန်အကြောင်း တွေးမိခဲ့လား"

"မင်း လျူဂျွန်ပိုက်ဆံတွေနဲ့ ထောင်တန်တဲ့ ပိုက်ဆံအိတ်တွေ၊ အဝတ်အစားတွေ ဝယ်နေတဲ့အချိန်မှာ ဒီပိုက်ဆံတွေ ဘယ်ကလာသလဲဆိုတာ မင်း တွေးဖူးလား"

"လျူဂျွန်က ကိုယ့်ကိုကိုယ်တောင် မသုံးစွဲရက်ဘဲ သူရှိသမျှ အကုန် မင်းကို ပေးခဲ့တာ"

"မင်းကရော ညဘက် လျူဂျွန်ကို အိပ်တော့မယ်လို့ လိမ်ပြောပြီးမှ တခြားလူတစ်ယောက်နဲ့ ဟိုတယ်သွား၊ ညတွင်းချင်းပဲ ပျော်ပါးပြီး ကာကွယ်ဆေးတွေ ဝယ်သုံးခဲ့တာ မဟုတ်လား"

"လျူဂျွန်က မင်းကိုတွေ့ဖို့ တောင်တန်းမြို့ကို လာခဲ့တာ တစ်နှစ်အတွင်း ၂ ကြိမ်ပဲ တွေ့ရတယ် သူ မင်းကို တစ်ခါလေးများ ထိတွေ့ခွင့် ရခဲ့သလား ဟိုတယ်ရော လိုက်ပို့ခဲ့ဖူးလား"

"သူ ဗိုက်ဆာတဲ့အချိန် မင်း သူ့ကို ပိုက်ဆံလွှဲခိုင်းတယ်။ ဒါပေမဲ့ သူ့မှာ တစ်ပြားမှ မကျန်တော့ဘူး ရှိသမျှ အကုန် မင်းဆီ လွှဲပေးထားလို့"

"မင်းက အခု တစ်ခွန်းတည်းနဲ့ အစကနေ ပြန်စချင်တယ်တဲ့လား"

"လျူဂျွန်ရဲ့ မိဘတွေ၊ လျူဂျွန်ရဲ့ ညီမကကော ဘဝကို ဘယ်လို ပြန်စရမှာလဲ"

"ကလေးတစ်ယောက် ဆုံးရှုံးရတဲ့ ဝေဒနာကို မင်း သိလား"

"လျူဂျွန် ပေးတဲ့ ပိုက်ဆံတွေက စိတ်ဆန္ဒအလျောက်လို့ မင်း ပြောတယ်နော်။ ဟုတ်တယ် လျူဂျွန်က သူ့သဘောနဲ့ သူ ပေးတာပဲ။ ဒါပေမဲ့ ဒါက မင်း ဥပဒေမချိုးဖောက်ဘူးလို့ ပြောတာလား"

"ဓားကိုင်ထားတဲ့ လူဆိုးက ပိုက်ဆံတောင်းရင် မင်းက ကြောက်လို့ ပိုက်ဆံတွေ အကုန်ပေးလိုက်တယ် ဆိုပါစို့။ အဲဒါဆို အဲဒီလူဆိုးက ပြစ်မှုမမြောက်ဘူးလို့ ပြောလို့ရမလား ဟမ်"

"မင်း လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို မင်း ခံယူရလိမ့်မယ်"

"ဝမ်ကျူး မင်းက လျူဂျွန်ရဲ့ ချစ်ခြင်းမေတ္တာကို အခွင့်ကောင်းယူပြီး အမြဲတမ်း ပိုက်ဆံတွေပဲ တောင်းနေခဲ့တာ။ နောက်ဆုံးတော့ သူ အရာအားလုံး ဆုံးရှုံးပြီး စိတ်ပျက်အားငယ်စွာနဲ့ မြစ်ထဲခုန်ချသွားခဲ့တာ"

"မင်း သူ့ကို တွန်းချလိုက်တာ မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူခုန်ချတာကို မင်း ကြည့်နေခဲ့ပြီး ရဲကိုတောင် ဖုန်းမဆက်ပေးခဲ့ဘူး။ ဒါနဲ့ မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေတာလား"

ဂူချန်က လက်ထောက်ဖြစ်သူ ရွှယ်ချင်းချင်းကို ကြည့်လိုက်သည်။

သူမက USB တစ်ခုကို ထုတ်ပေးလိုက်သည်။

"ဒါက ဖြစ်စဉ်ဖြစ်တဲ့ညက တံတားနားက CCTV မှတ်တမ်းပါ။ ရုပ်ပုံတွေ ဝါးနေပေမဲ့ လျူဂျွန် မြစ်ထဲမခုန်ချခင်မှာ ဝမ်ကျူးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ပြသနေပါတယ်"

တရားရုံးအတွင်းရှိ ဧရာမ စခရင်ပေါ်တွင် ဗီဒီယိုကို ပြသလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှာ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။

[ဟမ်]

[လျူဂျွန် မခုန်ချခင် ဝမ်ကျူးနဲ့ တွေ့ခဲ့တာလား]

[ဝမ်ကျူး လျူဂျွန်ခုန်ချတာကို သိနေတာလား။ ဘာလို့ ရဲကို ဖုန်းမဆက်တာလဲ ဘာလို့လဲ]

ဗီဒီယိုထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗီဒီယိုဖုန်းဖြင့် အငြင်းပွားနေကြသည်။ ထောင့်စွန်းတွင်မူ တံတားပေါ်၌ လူနှစ်ယောက် ရပ်နေသည်ကို မြင်နေရသည်။

တစ်ယောက်မှာ လျူဂျွန်၊ တစ်ယောက်မှာ ဝမ်ကျူးဖြစ်ကာ သူတို့နှစ်ယောက် တကယ်ပင် တွေ့ဆုံခဲ့ကြခြင်းပင်။

ဗီဒီယိုမှတ်တမ်းအရ အဆိုပါ အဖြစ်အပျက်မှာ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ နံနက် ၄:၄၀ နာရီတွင် ရိုက်ကူးထားခြင်းပင်။

လျူဂျွန် မြစ်ထဲခုန်ချခဲ့သည်မှာ နံနက် ၄:၄၃ နာရီတိတိ ဖြစ်သည်။ ၃ မိနစ်သာ ကွာခြားပါသည်။

သို့သော် ဗီဒီယိုမှာ အလွန်ဝေးကွာသော နေရာမှ ရိုက်ကူးထားခြင်းဖြစ်၍ တံတားပေါ်တွင် လျူဂျွန်နှင့် ဝမ်ကျူးတို့ ငြင်းခုံနေသည်ကို ဝေဝါးစွာသာ မြင်ရသည်။

ဗီဒီယိုမှတ်တမ်းအစပိုင်းတွင် အနီးအနားမှ ဖြတ်သွားသော စုံတွဲတစ်တွဲမှာလည်း သူတို့၏ စကားများခြင်းတွင် အာရုံရောက်နေသဖြင့် ဝေးကွာသော တံတားပေါ်မှ လူနှစ်ဦးကို သတိမပြုမိခဲ့ကြပေ။

ထို့နောက် နောက်ထပ် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာသည်။

ဂူချန်က "ဒါက တံတားနဲ့ မီတာ ၅၀၀ ခန့်အကွာက Audi A6 ကားတစ်စီးရဲ့ Dashcam မှတ်တမ်းပါ။ အဲဒီအချိန်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားကင်မရာက ဝမ်ကျူးနဲ့ လျူဂျွန်တို့ ငြင်းခုံနေတာကို မိသွားပါတယ်။ အချိန်က ၄:၀၃ နာရီ၊ ဖြစ်စဉ်မဖြစ်ခင် မိနစ် ၄၀ အလိုပါ" ဟု ရှင်းပြသည်။

ယခုဗီဒီယိုမှာ အလွန်ရှင်းလင်းနေသည်။

ဗီဒီယိုတွင် လျူဂျွန်သည် ဝမ်ကျူးအား ပြန်လည်စေ့စပ်ရန် တောင်းပန်နေသည်။

လျူဂျွန်က ပန်းစည်း ၇၈၀ ကို ဝယ်ယူခဲ့သော်လည်း ဝမ်ကျူးက အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

ဝမ်ကျူး "ငါ နင့်ကို မချစ်တော့ဘူး။ ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့တော့။ နင်က ငါ့ကို ငါလိုချင်တာတွေ မပေးနိုင်ဘူး"

လျူဂျွန် "ဘာလို့လဲ ဘေဘီ။ ဘေဘီက သူငယ်ချင်းယောက်ျားလေးတွေနဲ့ ပိုက်ဆံသုံးပြီး ဟိုတယ်အတူသွားတာကို ငါ စိတ်မကောင်းဖြစ်ရုံပါ။ Esports ဟိုတယ်မှာ သူငယ်ချင်း ၃ ယောက်နဲ့ ဂိမ်းဆော့မယ်လို့ ပြောတော့ ငါ စိုးရိမ်တာပေါ့"

ဝမ်ကျူး "ဘာလို့ ငါမလုပ်ရမှာလဲ သူတို့က ငါ့သူငယ်ချင်းတွေပဲ။ ဟိုတယ်မှာ အတူနေတာ ဘာဖြစ်လဲ လူတွေ အများကြီးပဲ။ နင်က ငါ့ကို မကောင်းတာတွေးနေတာလား သူတို့က ဂိမ်းကောင်းကောင်းဆော့တတ်လို့နဲ့ ငါ့ကို လိုက်ကယ်ပေးလို့ သူတို့ကို ဟိုတယ်မှာ အစားအသောက် ကျွေးတာ ဘာမှားလို့လဲ"

လျူဂျွန် "ဒါဆို အဲဒီနေ့က မင်းရဲ့ အွန်လိုင်းစျေးဝယ်ခြင်းထဲမှာ ပေါ်လာတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး အော်ဒါက ဘာလဲ ဘာဖြစ်တာလဲ"

ဝမ်ကျူး "နင် ငါ့ကို မယုံဘူးလား"

လျူဂျွန် "မဟုတ်ပါဘူး ကိုယ် ဘေဘီကို ယုံပါတယ်..."

ဝမ်ကျူး "အဲဒါက ငါ့သူငယ်ချင်းတစ်ယောက်အတွက်ပါ။ သူက တခြားသူနဲ့ အဆင်ပြေသွားလို့ ငါ့ကို ဝယ်ခိုင်းတာ။ မင်းက အမြဲတမ်း တွေးလွန်နေတာပဲ။ ငါ့ကို မယုံဘူးဆိုရင်လည်း ငါတို့ လမ်းခွဲကြရအောင်"

လျူဂျွန် "ကိုယ် မင်းကို မယုံတာ မဟုတ်ပါဘူး..."

ဝမ်ကျူး "ပိုက်ဆံနည်းနည်း သုံးတာ ဘာဖြစ်လဲ သူငယ်ချင်းတွေကို ကျွေးတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ မင်းက ဒါကိုတောင် ဂရုစိုက်နေတာလား။ မင်းက ငါ့ရဲ့ ကိုယ်ကျင့်တရားကို သံသယဝင်နေတာ မင်းနဲ့ ငါနဲ့ လုံးဝ မသင့်တော်ဘူး။ လမ်းခွဲကြရအောင် မင်းက ငါ့အတွက် ပိုက်ဆံသုံးဖို့ နှမြောနေတာပဲ။ မင်းရဲ့ ပိုက်ဆံအနည်းငယ်လေးအတွက်နဲ့... ငါက ပိုက်ဆံကြောင့် မင်းနဲ့တွဲနေတာလား"

လျူဂျွန် "ကိုယ် မနှမြောပါဘူး... ကိုယ်က မင်းကို ထိခိုက်မှာ စိုးရိမ်လို့ပါ..."

ဝမ်ကျူး "နင်က ပိုက်ဆံကို မနှမြောဘူး ဟုတ်လား နင် လိမ်နေတာ နင် လိမ်နေတာ"

"ငါ အခု နင့်ဖုန်းထဲက ပိုက်ဆံတွေကို ငါ့ဆီ လွှဲချင်တယ် နင် သဘောတူလား"

လျူဂျွန် "အွန်း ကိုယ် သဘောတူပါတယ်။ ပိုက်ဆံဆိုတာ ပြန်ရှာလို့ ရပါတယ်။ ကိုယ် မင်းကို တကယ်ကြိုက်တာပါ"

ဝမ်ကျူး "ဒါဆို ဖုန်းပေး အခုချက်ချင်း လွှဲမယ်။ စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ ရေးမယ်။ ရတယ်မလား နင် ပိုက်ဆံ မနှမြောဘူးဆိုတာ သက်သေပြဖို့လေ"

လျူဂျွန်က ဖုန်းပေးလိုက်သည်။

ဝမ်ကျူးက ယွမ် ၈၈,၀၀၀ ကို လွှဲပြီး စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်းဟု မှတ်သားလိုက်သည်။

ဝမ်ကျူး ပိုက်ဆံလွှဲနေစဉ်အတွင်း လျူဂျွန်က ဝမ်ကျူး၏ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထိုအခါ သူမြင်လိုက်ရသည်မှာ ဝမ်ကျူး မကြာခဏ ပြောလေ့ရှိသော ယောကျာ်းလေးသူငယ်ချင်းထံမှ WeChat စာတိုများပင်။

"ဘေဘီ မနက်ဖြန်တော့ ကွန်ဒုံး မသုံးဘဲ ကိုယ် လုပ်ချင်တယ် အဲ့ဒါက အရမ်းကောင်းလို့။ မနက်ဖြန် လာမှာလား"

"ဘေဘီ ကိုယ့်ဆီမှာ ပိုက်ဆံ မကျန်တော့ဘူး။ မင်း အခန်းလေး ဘာလေး ကြိုငှားထားပေးပါလား။ မနက်ဖြန်လာခဲ့မယ်နော် ချစ်တယ် ဘေဘီလေး…"

All Chapters