← Chapters

အခန်း ၁၄၂

Vol. 12 Ch. 142

အခန်း ၁၄၂

Vol. 12 Ch. 142

အခန်း ၁၄၂

ဝမ်ကျူး၏ မိခင်က "စိတ်မပူပါနဲ့ ငါ့သမီးက ဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ သူတို့ သမီးကို ထောင်ချရဲပါ့မလား ဘယ်သူကများ ထောင်ချရဲမှာလဲ" ဟု ပြောသည်။

ဝမ်ကျူး၏ မိဘများသည် လုံးဝ စိုးရိမ်ခြင်းမရှိဘဲ လျူရှောင်နန်ကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။

အစ်ကိုတစ်ယောက် သေတာလောက်က ဘာများကြီးကျယ်လို့လဲ။

ဒီကိစ္စကို တရားစွဲစရာ လိုလို့လား။

ဝမ်ကျူး၏ ဖခင်က "လျူရှောင်နန်တို့ မိသားစုက တကယ်ပဲ ရူးနေတာ။ အစ်ကိုတစ်ယောက် သေတာပဲဟာ အဲဒါလည်း သတ်သေတာပဲလေ။ ငြိမ်းချမ်းစွာပဲ ပို့ဆောင်လိုက်ရမှာ။ သူတို့ကပဲ အတင်း အမှုရှုပ်အောင် လုပ်နေတယ်။ သူတို့တရားစွဲတာက ဝမ်ကျူးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေတယ် မဟုတ်ဘူးလား ပြီးတော့ ဝမ်ကျူးရဲ့ တက္ကသိုလ်တက်ရမယ့် အချိန်တွေကိုပါ ဖျက်ဆီးနေတာ။ အဲဒီကိစ္စကြောင့် ငါ့သမီး မဟာဘွဲ့အတွက် ရှင်းဟွာတက္ကသိုလ် မတက်နိုင်တော့ရင် သူတို့ တာဝန်ယူနိုင်မှာလား" ဟု ပြောသည်။

....

ထိုအချိန်တွင် တရားရုံး ပြန်လည်စတင်သည်။

တရားရုံးအတွင်းဝန်က "အခု တရားသူကြီးချုပ် လီခန်းက ဒီအမှုအတွက် စီရင်ချက်ကို ဖတ်ကြားတော့ပါမယ်။ အားလုံး မတ်တတ်ရပ်ကြပါ" ဟု ပြောသည်။

လူတိုင်းမှာ အရှိန်အဟုန်ဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

လီခန်းလည်း မတ်တတ်ရပ်ပြီး တရားရုံးတူကို ကိုင်လိုက်သည်။

"ကဲ... အခု ဒီအမှုအတွက် အပြီးသတ် စီရင်ချက်ကို ငါ ဖတ်ကြားမယ်..."

"တရားခံ ဝမ်ကျူး... မင်းက သေဆုံးသူ လျူဂျွန်နဲ့ တွဲနေတဲ့အချိန်တုန်းက လက်ထပ်မယ်ဆိုတဲ့ စကားကို ခုတုံးလုပ်ပြီး သူ့ဆီကနေ ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ လိမ်လှည့်ပြီး တောင်းခဲ့တယ်။

ရင်သားကင်ဆာ ကာကွယ်ဆေးထိုးဖို့၊ အာမခံကြေးသွင်းဖို့၊ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့နဲ့ ပန်းဆိုင်ဖွင့်ဖို့ ဆိုတဲ့ မဟုတ်မမှန်တဲ့ အကြောင်းပြချက်တွေနဲ့ လျူဂျွန်ဆီကနေ ငွေပေါင်း ယွမ် ၆၃၃,၄၈၂ တိတိကို လိမ်လည်ရယူခဲ့တယ်ဆိုတာ သက်သေကအထင်အရှားပဲ"

"ဒါတင်မကသေးဘူး... မင်းက လီချန်ကွမ်း၊ ဝမ်အိုက်ချင်းနဲ့ လော့ကိုထျန်း ဆိုတဲ့ အမျိုးသား သုံးဦးထံကနေလည်း... ဒီလို လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းမျိုးနဲ့တင် ငွေပေါင်း ယွမ် ၆၀၀,၀၀၀ကျော်ကို ထပ်ပြီး လိမ်ယူခဲ့သေးတယ်"

"ဒါ့အပြင်... မင်းရဲ့ ဒီလို ရက်စက်ပြီး အတ္တဆန်တဲ့ လုပ်ရပ်တွေက လျူဂျွန်ကို သေကြောင်းကြံစည်အောင် တွန်းပို့ခဲ့တာဖြစ်လို့ မင်းမှာ သူ့သေဆုံးမှုအတွက် သွယ်ဝိုက်ပြီး တာဝန်ရှိတယ်။ မင်းရဲ့ လုပ်ရပ်တွေက တကယ့်ကို ရွံရှာဖို့ကောင်းသလို တရားရုံးရဲ့ စည်းကမ်းနဲ့ ဥပဒေကိုလည်း အကြိမ်ကြိမ် မျက်ကွယ်ပြုပြီး စိန်ခေါ်ခဲ့တယ်။ တရားခွင်တစ်ခုလုံးမှာလည်း မင်းဘက်က နောင်တရတဲ့အရိပ်အယောင် လုံးဝ မပြသခဲ့တဲ့အတွက် မင်းကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး"

"ဝမ်ကျူး... မင်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၆၆ အရ... ငွေကြေးပမာဏ ယွမ် ၅ သိန်းထက်မကတဲ့ ကြီးမားတဲ့ လိမ်လည်မှုကြီးကို ကျူးလွန်ခဲ့တာ.."

"ဒါကြောင့်... တရားရုံးအနေနဲ့ မင်းကို သေဆုံးသူ လျူဂျွန်ရဲ့ မိသားစုထံ ၆၃၃,၄၈၂ ယွမ်၊ လီချန်ကွမ်းထံ ၁၂၀,၀၀၀ ယွမ်၊ ဝမ်အိုက်ချင်းထံ ၂၀၀,၀၀၀ ယွမ်နဲ့ လော့ကိုထျန်းထံ ၂၈၀,၀၀၀ ယွမ်တို့ကို မပျက်မကွက် ပြန်လည်ပေးဆပ်ဖို့ အမိန့်ချမှတ်တယ်"

"ပြီးတော့... မင်းရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက်... မင်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်"

"ဒီအမှုအတွက် စီရင်ချက် ပြီးဆုံးပြီ"

တရားသူကြီး လီခန်းက တရားရုံးတူဖြင့် ထပ်မံ ထုလိုက်သည်။

စီရင်ချက်မှာ ချမှတ်ပြီးသွားပြီ ဖြစ်သည်။

[တစ်သက်တစ်ကျွန်း……ဝမ်ကျူး တစ်သက်တစ်ကျွန်း ကျပြီ…..]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာတော့ ပေါက်ကွဲသွားတော့သည်။

[၆၆၆၆၆၆၆၆၆၆၆၆]

[ကောင်းလိုက်တဲ့ စီရင်ချက် တန်းပြီး တစ်သက်တစ်ကျွန်းပဲ ဟားဟား]

[တစ်သက်တစ်ကျွန်းက ထိုက်တန်ပါတယ်။ ဝမ်ကျူးက ပိုက်ဆံတွေ အများကြီး လိမ်ပြီး လျူဂျွန် သေဆုံးအောင် လုပ်ခဲ့တာ။ သေဒဏ်မပေးတာတောင် သူမအတွက် ကံကောင်းနေပြီ။]

[ထိုက်တန်ပါတယ်။ တစ်သက်တစ်ကျွန်းပဲ တရားသူကြီးက တကယ်ကို အရည်အချင်းရှိတာပဲ]

[ရှေ့နေဂူက အံ့သြဖို့ကောင်းတယ် တစ်သက်တစ်ကျွန်းနဲ့ အဆုံးသတ်လိုက်တာ ဝမ်ကျူးလို မိန်းမမျိုးက ထောင်ထဲမှာပဲ နေသင့်တာ။]

[ဟားဟား တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။ သူမဘဝက ပြီးဆုံးသွားပြီ။]

အင်တာနက်အသုံးပြုသူများမှာ ပျော်ရွှင်စွာ လက်ခုပ်တီးနေကြသည်။

ရွှယ်ချင်းချင်းမှာလည်း ဂူချန်ကို လေးစားစွာ ကြည့်နေသည်။

သူတို့၏ အကြီးအကဲမှာ တကယ်ကို ထူးချွန်သူ ဖြစ်သည်။

အစကတည်းက ခက်ခဲမည်ဟု ထင်ထားခဲ့သော အမှုကို ဂူချန်က အထောက်အထားများ ရှာဖွေပြီး ပိုက်ဆံများ ပြန်ရအောင် လုပ်ပေးရုံသာမက တစ်သက်တစ်ကျွန်းအထိ ထောင်ချနိုင်ခဲ့သည်။ တစ်သက်တစ်ကျွန်း ဒါက အထိုက်တန်ဆုံး ပြစ်ဒဏ်ပပဲ။

လျူရှောင်နန် တစ်ယောက် ကြက်သေသေသွားသည်။

တစ်သက်တစ်ကျွန်း...

လျူရှောင်နန်မှာ ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာသည်။

သူမ တကယ်ကို ပျော်ရွှင်နေမိသည်။

တစ်သက်တစ်ကျွန်းဆိုသည်မှာ လွယ်လွယ်ရလာသည့်အရာ မဟုတ်ပေ။ ထို့အပြင် ဝမ်ကျူးထံမှ ငွေကြေးအားလုံးကို ပြန်လည်တောင်းဆိုနိုင်တော့မည်ပင်။

လျူရှောင်နန်သည် ဂူချန်ဘက်သို့ လှည့်ကြည့်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။ ဂူချန်က သူမကို အမြန်ဆုံး ထူမပေးလိုက်သည်။

လျူရှောင်နန်မှာ ဂူချန်၏ ရင်ခွင်ထဲတွင် ခိုနားလျက် အဆက်မပြတ် ငိုကြွေးနေတော့သည်။ ဂူချန်ကတော့ ဘာမျှမပြောဘဲ တိတ်ဆိတ်နေသည်။

အမှုနိုင်ခဲ့သော်လည်း လျူရှောင်နန်၏ အစ်ကိုကို ဘယ်တော့မှ ပြန်မရနိုင်တော့သည်မှာ အမှန်ပင်။

ဝမ်ကျူးကို တစ်သက်တစ်ကျွန်း ချမှတ်လိုက်ရုံနှင့် ဘာမှ ပြောင်းလဲသွားနိုင်မည် မဟုတ်ပေ။

ဝမ်ကျူးမှာမူ တစ်သက်တစ်ကျွန်း ကျပြီဟု ကြားလိုက်ရချိန်တွင် မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

မဖြစ်နိုင်... ဒါ မဖြစ်နိုင်ဘူး...

"မဟုတ်ဘူး... မဟုတ်ဘူး... ငါ... ငါ ဘာလို့ တစ်သက်တစ်ကျွန်း ကျရမှာလဲ..."

"ငါက... ငါက ယောကျာ်းတွေဆီကနေ ပိုက်ဆံအနည်းငယ်လေးပဲ တောင်းခဲ့တာ မဟုတ်ဘူးလား...

ငါ သိတဲ့၊ ငါနဲ့ တွဲတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဒီလိုပဲ သူတို့ယောကျာ်းတွေဆီက ပိုက်ဆံတောင်းနေကြတာပဲလေ...

ငါတို့တွေမှာ ချမ်းသာတဲ့ကောင်တွေဆီက ငွေညှစ်နည်းဆိုပြီး အမည်ရတဲ့ WeChat ဂရုအဖွဲ့တောင် ရှိသေးတယ်...

ဘယ်သူက ပိုက်ဆံပိုရလဲဆိုပြီး အချင်းချင်းတောင် အပြိုင်အဆိုင် လုပ်နေကြတာ..."

"အဲဒီ သူငယ်ချင်းတွေအားလုံးဘာမှမဖြစ်ဘဲ အပြင်မှာ ကောင်းကောင်းမွန်မွန် နေနေကြတာကို ဘာဖြစ်လို့ ငါတစ်ယောက်တည်း ဘာဖြစ်လို့ ငါတစ်ယောက်တည်းပဲ ထောင်ကျရမှာလဲ...

ဒါ မတရားဘူး... တရားမမျှတဘူး..."

ဝမ်ကျူးက "ကျွန်မ မကျေနပ်ဘူး ရှင်တို့အားလုံးက လူတွေကို အနိုင်ကျင့်နေတာ ကျွန်မမှာ ရှေ့နေမရှိလို့ အနိုင်ကျင့်တာ။ ဒါက လိမ်လည်မှု မဟုတ်ဘူး။ အရမ်းကို အဖြစ်များတဲ့ ကိစ္စပဲ။ ကျွန်မ သူငယ်ချင်းတွေလည်း ဒီလိုပဲ တောင်းနေတာ။ ဘာလို့ ကျွန်မကိုပဲ ထောင်ချရမှာလဲ ဘာလို့ ကျွန်မကိုပဲ အနိုင်ကျင့်ရတာလဲ" ဟု အော်ဟစ်သည်။

"ကျွန်မ ထောင်ကျသွားပြီး ထွက်လာတဲ့အခါ ဘယ်သူက ကျွန်မကို လိုချင်တော့မှာလဲ။ ကျွန်မ ဘယ်လို အိမ်ထောင်ပြုရမလဲ။ ဘယ်သူက ကျွန်မရဲ့ စိတ်ဖိစီးမှုတွေကို တာဝန်ယူမှာလဲ။ ကျွန်မရဲ့ နှစ် ၂၀ အတွက် ဘယ်သူက လျော်ကြေးပေးမှာလဲ။ ကျွန်မက အဖိုးမဖြတ်နိုင်တဲ့သူပါ"

"ဘာလို့ ကျွန်မ ပိုက်ဆံတွေ ပြန်ပေးရမှာလဲ။ ကျွန်မ လုံးဝ မပေးဘူး ရှင်တို့ကို တရားစွဲမယ် တိုင်ကြားမယ်။ ရှင်တို့က လူတွေရဲ့ သွေးကို စုပ်ပြီး အသက်ဆက်နေတဲ့သူတွေပဲ ကျွန်မမှာ ရှေ့နေမရှိလို့ အနိုင်ကျင့်နေတာ"

"ကျွန်မ အယူခံဝင်မယ် စောင့်နေကြ"

ဝမ်ကျူး၏ မိဘများလည်း မတ်တတ်ရပ်ကာ "ဒါ ဘယ်လို စီရင်ချက်လဲ လျူရှောင်နန်က အစ်ကိုတစ်ယောက် ဆုံးရှုံးတာနဲ့ ငါ့သမီးကို တစ်သက်တစ်ကျွန်း ချတယ်ပေါ့။ ပိုက်ဆံတွေကို လျူဂျွန်ကိုယ်တိုင် ပေးတာမဟုတ်လား။ တရားသူကြီးတွေ တကယ်ကို အရည်အချင်း မရှိကြဘူး" ဟု ဆူညံစွာ အော်ဟစ်ကြသည်။

ဝမ်ကျူး၏ မိခင်က "ဟုတ်တယ် တရားသူကြီးတွေမှာ ပြဿနာရှိတယ်။ ရှင်တို့ စီရင်ချက်က ဥပဒေနဲ့ မညီဘူး။ ငါ့သမီးက ဘယ်လိုလုပ် လိမ်လည်မှု ဖြစ်ရမှာလဲ။ လျူဂျွန်သေတာက သူကိုယ်တိုင် သတ်သေတာပဲ ငါ့သမီး အပြစ်လား ငါ့သမီး ဘာလုပ်မိလို့လဲ။ ရှင်တို့ကို တိုင်မယ် တိုင်ကို တိုင်ပစ်မယ်" ဟု အော်ဟစ်ကာ တရားရုံးအတွင်း ဆူညံပွက်လောရိုက်သွားသည်။

သူတို့သည် ရှင်းလင်းချက်ကို လိုချင်ကြသည်။

သူတို့သမီးမှာ ရည်းစားထားရင်း ပိုက်ဆံတောင်းခြင်းပင်။

ဝမ်ကျူးကလည်း "ကျွန်မ ပိုက်ဆံ ပြန်မပေးဘူး တစ်ပြားမှ မပေးဘူး ဒုတိယအကြိမ် စီရင်ချက် ပြန်တောင်းမယ် တရားစွဲမယ်" ဟု အော်သည်။

ထိုအခါ တရားသူကြီး လီခန်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ဝမ်ကျူး၏ မိဘများကို တရားရုံးအတွင်း ဆူညံပွက်လောရိုက်မှုကျူးလွန်ခြင်းဖြင့် ဖမ်းဆီးကာ ခေါ်ဆောင်သွားကြတော့သည်။

All Chapters