← Chapters

အခန်း ၁၄၄

Vol. 12 Ch. 144

အခန်း ၁၄၄

Vol. 12 Ch. 144

အခန်း ၁၄၄

ဝမ်ကျူး၏ ပထမဆုံး တွေးမိသည့်အချက်မှာ မိဘများ၏ အိမ်ကို ရောင်းခိုင်းရန်နှင့် အဘိုးအဘွားများ၏ အိမ်ကိုပါ ရောင်းခိုင်းရန် ဖြစ်သည်။

ဒါမှမဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး အဲဒီလောက်များတဲ့ လျော်ကြေးတွေကို ပေးနိုင်မှာလဲ...

လျူရှောင်နန်ရဲ့ ခွင့်လွှတ်မှုကိုရော... ငါ ဘယ်လိုမျက်နှာမျိုးနဲ့ သွားပြီး တောင်းပန်ရမှာလဲ... ဘယ်လိုလုပ်ရမှာလဲ...

ဝမ်ကျူးသည် အလွန်တရာ ကြောက်လန့်နေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

သို့သော် သူမသည် ဥပဒေနှင့် ပတ်သက်၍ အနည်းငယ် နားလည်ထားသည်။

တရားလိုက ခွင့်လွှတ်လိုက်လျှင် ပြစ်ဒဏ်ပေါ့သွားနိုင်သည်ဟု သူမ ယုံကြည်နေသည်။

ဝမ်ကျူးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် "ကျွန်မ မှားပါတယ်။ တကယ် မှားသွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ တကယ် နောင်တရပါတယ်။ မိဘတွေကို အိမ်ရောင်းခိုင်းပြီး ပိုက်ဆံရှာပေးပါ့မယ်။ ဘယ်လောက် လိုချင်လဲ" ဟု မေးသည်။

"ကျွန်မ ပိုက်ဆံ ပေးနိုင်ပါတယ်။ ဘယ်လောက် လိုချင်လဲ။ ခွင့်လွှတ်ပေးပါလားဟင် အမှုကို ရုပ်သိမ်းပေးပါ။ ကျွန်မကို ဘာမှ မလုပ်ပါနဲ့။ ကျွန်မက အခုမှ ငယ်သေးတာ။ ရှေ့ရေးက ကျန်သေးတယ်။ ကျွန်မ ချစ်သူထားချင်သေးတယ်၊ ပိုက်ဆံသုံးချင်သေးတယ်၊ ဘဝကို ပျော်ချင်သေးတယ်။ ထောင်မကျချင်ဘူး အစ်မရယ်၊ တကယ် ထောင်မကျချင်ဘူး။ အစ်မက ကျွန်မကို ထောင်ထဲ ပို့လိုက်လောက်အောင် တကယ်ပဲ ရက်စက်မှာလား"

ဝမ်ကျူးသည် လျူရှောင်နန်ကို ကြည့်ကာ "အစ်မရယ် ဒါက ပထမဆုံးအကြိမ်မို့ ခွင့်လွှတ်ပေးလိုက်ပါ။ လျူဂျွန်ကတော့ ဆုံးပါးသွားပြီ။ အသက်ရှင်ကျန်ရစ်သူတွေကို ပိုကောင်းအောင် နေထိုင်ခွင့် မပေးသင့်ဘူးလား။ လျူဂျွန်က ကျွန်မကို အများကြီး ချစ်ခဲ့တာ သူလည်း ကျွန်မ ထောင်ကျတာကို မလိုချင်လောက်ပါဘူး။ အမှုကို ရုပ်သိမ်းပေးလိုက်ပါ။ ကျွန်မ ပိုက်ဆံနဲ့ လျော်ကြေးပေးပါ့မယ်။ ကျန်တဲ့ ၅ သိန်း ၃ သောင်းကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပါ့မယ်။ ပြီးတော့ အစ်မကို ပိုက်ဆံ ပေးပါ့မယ်။ ဘယ်လောက် လိုချင်လဲ ၅ ထောင် ပေးမယ်လေ။ မရဘူးဆိုရင် ၁ သောင်းပေးပါ့မယ်။ အမှုကို ရုပ်သိမ်းပေးပါနော်" ဟု တောင်းပန်သည်။

လျူရှောင်နန်က မျက်မှောင်ကြုတ်ကာ "၁ သောင်း" ဟု ပြန်မေးသည်။

ဝမ်ကျူးက ခေါင်းညိတ်ကာ "အစ်မရယ် ၁ သောင်းက အများကြီးပါ။ အစ်မက တက္ကသိုလ်ကျောင်းသူပဲဟာ ၁ သောင်းနဲ့ ဘယ်လောက်ကြာကြာ နေနိုင်မလဲ သိလား ဘယ်လောက်တန်တဲ့ အစားအသောက်တွေ စားနိုင်မလဲ ပုံမှန် တက္ကသိုလ်ဘွဲ့ရတစ်ယောက်တောင် ၁ သောင်းရဖို့ ၃ လ ကြာတယ်။ ၁ သောင်း မလုံလောက်ဘူးလား ဒါဆို ၁ သောင်းခွဲ ၁ သောင်းခွဲပေးမယ် တက္ကသိုလ်ကျောင်းသူတစ်ယောက် ၅ လစာပဲ အမှုကို ရုပ်သိမ်းပေးပါနော်" ဟု ပြောလိုက်သည်။

ဝမ်ကျူးအတွက်မူ ငွေ ၁ သောင်းဆိုသည်မှာ ရရန်မလွယ်ကူလှပေ။

သူမသည် ချမ်းသာသည့်သူများထံမှ ငွေညှစ်ရန် ကြိုးစားခဲ့သော်လည်း အများစုမှာ ပိုက်ဆံမရှိသူများသာ ဖြစ်သည်။

လျူဂျွန်ကဲ့သို့သောသူမှာ အလွန်ရှားပါးသည်။

သူမ တစ်သက်တာလုံး စုဆောင်းမိသမျှမှာ ၁ သန်းကျော်သာ ရှိပြီး ငွေရှာရသည်မှာ အလွန်ခက်ခဲသည်ဟု သူမ ခံစားနေရသည်။

ယခု သူမတွင် ပိုက်ဆံမရှိတော့သဖြင့် ၁ သောင်းခွဲ ပေးလိုက်လျှင် လျူရှောင်နန် ကျေနပ်သွားမည်ဟု ထင်နေသည်။

လျူရှောင်နန် ဘာမှမပြောသဖြင့် ဝမ်ကျူးက အံကြိတ်ကာ "၂ သောင်း ၂ သောင်းထက် မပိုဘူး အမှုကို ရုပ်သိမ်းပေးပါ။ အစ်မကို ၂ သောင်း ပေးမယ် ၂ သောင်းရဖို့ အချိန်အကြာကြီး ကြာတတ်တယ်။ ခွင့်လွှတ်ကြောင်း စာတစ်စောင်လောက် ရေးပေးလိုက်ပါ။ အမှုကို ရုပ်သိမ်းပေးလိုက်ရင် ၂ သောင်း ချက်ချင်း ပေးမယ်" ဟု ထပ်ပြောသည်။

ဝမ်ကျူးသည် လျူရှောင်နန်သာ ခွင့်လွှတ်ကြောင်း စာရေးပေးပြီး အမှုကို ရုပ်သိမ်းလိုက်သည်နှင့် ချက်ချင်း ထွက်ပြေးရန် စီစဉ်ထားသည်။

သူမ၌ ပိုက်ဆံ တစ်ပြားမျှ ပေးလိုစိတ် မရှိပေ။ အမှုရုပ်သိမ်းပြီးနောက် လျူရှောင်နန်က ပိုက်ဆံတောင်းလာပါက သူမက ပြန်လည် တရားစွဲဆို၍ ခြိမ်းခြောက်ငွေတောင်းသည်ဟု ပြန်စွပ်စွဲရန်ပင် ကြံစည်ထားသည်။

ဝမ်ကျူး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူမ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ဘဝကို ပြန်လည်ပျော်ပါးရန်နှင့် ငွေရှာရန် နည်းလမ်းများကို ကြိုတင် စဉ်းစားထားပြီးဖြစ်သည်။

လျူရှောင်နန်မှ သူမကို တကယ်ခွင့်လွှတ်ပေးဖို့ မျှော်လင့်သော်လည်း စိတ်ရင်းမှန်ဖြင့် မဟုတ်ပေ။

ဝမ်ကျူးက အံတင်းတင်းကြိတ်ကာ "တကယ်ပါပဲ ၂ သောင်းဆိုတာ အများကြီးနော် သာမန်အလုပ်သမားတစ်ယောက် ၂ သောင်းစုဖို့ ဘယ်လောက်ကြာမလဲဆိုတာ သိလား လစာ ၅ ထောင်ရရင်တောင် တစ်လကို ၁ ထောင်ပဲ စုနိုင်မှာ။ နေ့စဉ်စားရိတ်၊ ကားအရစ်ကျ၊ အိမ်အရစ်ကျတွေနဲ့ ဆိုရင် ၂ သောင်းစုဖို့ နှစ်နှစ်တောင် ကြာနိုင်တယ်။ တက္ကသိုလ်ကျောင်းသူတစ်ယောက်အတွက် ၂ သောင်းဆိုတာ အများကြီးပါပဲ" ဟု အော်ပြောသည်။

ဝမ်ကျူးသည် လျူရှောင်နန်ရှေ့တွင် ဒူးထောက်ရင်း "အစ်မရယ် ကျေးဇူးပြုပြီး ကူညီပါ။ ကျွန်မ သာမန်ဘဝနဲ့ပဲ နေချင်တာပါ။ ဘာပဲဖြစ်ဖြစ် လျူဂျွန်ကတော့ ပြန်မလာနိုင်တော့ဘူး။ လျူဂျွန်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ။ လျူဂျွန်လည်း ကျွန်မကို ကောင်းကောင်းနေစေချင်မှာပါ" ဟု ပူဆာသည်။

လျူရှောင်နန်က အေးစက်စက် လေသံဖြင့် "၂ သောင်း သာမန်လူတစ်ယောက် ၂ သောင်းစုဖို့ ဘယ်လောက်ကြာမလဲဆိုတာ မင်းလည်း သိသားပဲနော်" ဟု ပြန်မေးသည်။

ဝမ်ကျူး "…."

ဝမ်ကျူး "အစ်မ ဘာကို ဆိုလိုတာလဲ"

လျူရှောင်နန်က "ငါ့အစ်ကိုက နင့်ကို နှစ်နှစ်အတွင်း ၆ သိန်းကျော် ပေးခဲ့တယ်။ သူက ပို့ဆောင်ရေးလုပ်ရင်း တစ်ခါမှ ၁၀ ယွမ်ထက် ပိုမသုံးခဲ့ဘူးဆိုတာ သိလား။ သူ အိပ်ချိန်ကလွဲရင် အလုပ်လုပ်နေတာ၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေထက်တောင် ပိုကြိုးစားတယ်။ အဲဒါကို နင်က ၂ သောင်းက အများကြီးလို့ ပြောတာလား နင် ငါ့အစ်ကိုဆီက ဘယ်လောက်များ လိမ်ယူခဲ့တာလဲ" ဟု ပြောလိုက်သည်။

ဝမ်ကျူးက "ငွေတွေအားလုံး ပြန်ပေးမယ်လို့ ပြောနေတာပဲလေ။ အစ်မ အမှုကို ရုပ်သိမ်းပေးမယ်ဆိုရင် ၂ သောင်းတောင် ပိုပေးဦးမှာ" ဟု ခေါင်းငုံ့ကာ မျက်ရည်များဖြင့် ပြန်ပြောသည်။ "ပြီးတော့ အစ်ကိုက သူ့သဘောနဲ့ သူပေးတာပါ။ ကျွန်မ သူ့ကို အစားအသောက် ချွေတာခိုင်းတာ မဟုတ်ဘူး။ သူကိုယ်တိုင် ရွေးချယ်ခဲ့တာလေ... အစ်မ ဒါ ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူး ဟုတ်တယ်မလား"

လျူရှောင်နန်က ဝမ်ကျူးကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။

ဂူချန်နှင့် ရွှယ်ချင်းချင်းလည်း ထွက်ခွာရန် ပြင်ဆင်ကြသည်။

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။

အင်တာနက်အသုံးပြုသူများကမူ ဝမ်ကျူး၏ တောင်းပန်ပုံကို မြင်ပြီး အမျက်ဒေါသ ထွက်နေကြသည်။

[လျူရှောင်နန် သူမကို ခွင့်မလွှတ်လိုက်နဲ့]

[ခွင့်မလွှတ်ပါနဲ့ သူတို့ကို ထောင်ထဲမှာပဲ တစ်သက်လုံး ပိတ်ထားလိုက်ပါ]

[တစ်သက်တစ်ကျွန်းက မဖြစ်မနေ ချမှတ်သင့်တယ်]

ဝမ်ကျူးသည် လျူရှောင်နန်၏ ဘောင်းဘီကို ဆွဲကိုင်ထားလျက် "လျူရှောင်နန် ကျေးဇူးပြုပြီး ခွင့်လွှတ်စာလေး ရေးပေးပါ။ ဘယ်လောက်ပဲ ဖြစ်ဖြစ်ပါ။ ကျွန်မ ဘဝက အများကြီး ကျန်သေးတယ်။ လျူဂျွန်သေသွားတာနဲ့ ကျွန်မဘဝကို ဖျက်ဆီးပစ်ရမှာလား။ ကျွန်မ ဒူးတောင် ထောက်ပြီး တောင်းပန်နေပြီလေ ထပ်ပြီး ဘာလိုချင်သေးတာလဲ" ဟု အော်ဟစ်လိုက်သည်။

ဝမ်ကျူးက မလွှတ်တမ်း ဆွဲကိုင်ထားသဖြင့် လျူရှောင်နန်သည် သူမဘက်ကို လှည့်ကြည့်လိုက်သည်။

ဖြောင်း…..

လျူရှောင်နန်သည် ဝမ်ကျူး၏ ပါးကို အားရပါးရ ရိုက်ချလိုက်ပြီးနောက် ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

"ဖယ်စမ်း….."

All Chapters