← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း (၃၆၁) မြို့စားဘွဲ့ချီးမြှင့်ပြီး စစ်သူကြီးအဖြစ် ခန့်အပ်ခြင်း... ရာထူးနှင့် ဂုဏ်သိက္ခာများ တိုးမြှင့်ပေးခြင်း

နောက်တစ်နေ့ မက်မွန်ခြံ။

မက်မွန်ပန်းများ အပြည့်အဝ ပွင့်လန်းနေပြီး နွေဦးရာသီအလား အလွန် သာယာလှပနေဆဲ ပင်ဖြစ်သည်။

ချီကျန်းနန်နှင့် ကျန်းချဲ့တို့ မျက်နှာချင်းဆိုင် ထိုင်နေကြဆဲ ပင်ဖြစ်သည်။

ယမန်နေ့က အတိုင်းပင် ဖြစ်သော်လည်း သူတို့နှစ်ယောက် ကြားရှိ လေထုမှာတော့ လုံးဝ ကွာခြားနေလေသည်။ ယမန်နေ့က ယောက္ခထီးနှင့် သမက် အလွန် ရင်းနှီးသော အခြေအနေ ဖြစ်သော်လည်း ယနေ့တွင်တော့ လေထုထဲတွင် အနည်းငယ် ဖိနှိပ်မှုများ ပါဝင်နေလေသည်။

"မနေ့က ဒီမြို့စားရဲ့ ဆုံးဖြတ်ချက်ကို မင်း သိပြီးပြီ မဟုတ်လား..."

နောက်ဆုံးတွင်တော့ ချီကျန်းနန်က အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲကာ တိုက်ရိုက် မေးလိုက်လေသည်။

ကျန်းချဲ့ ခေါင်းညိတ်လိုက်လေသည်။ ယမန်နေ့က ချီနင်ပင်းက ဤသတင်းကို သူ့ထံသို့ လာရောက် ပြောပြခဲ့ပြီး ဖြစ်လေသည်။ သူကိုယ်တိုင်လည်း ဤကိစ္စအတွက် အနည်းငယ် အံ့အားသင့်နေမိလေသည်။ သေချာသည်ကတော့ သူ အံ့အားသင့်ရခြင်းမှာ ချီကျန်းနန် အလျော့ပေးလိုက်ခြင်းကြောင့် မဟုတ်ချေ။

အမှန်တကယ်တော့ သူ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်းမှာ ဆယ်ရာခိုင်နှုန်း အပြည့်အဝ ယုံကြည်ချက် ရှိနေသောကြောင့် ပင်ဖြစ်သည်။

တကယ်တမ်း သူ အံ့အားသင့်ရခြင်းမှာ ချီကျန်းနန် ဤမျှလောက် အလျင်အမြန် အလျော့ပေးလိုက်ခြင်းကို ပင်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ချီကျန်းနန်က သူ့ကို ရာထူးဂုဏ်သိက္ခာဖြင့် ခေါ်ဝေါ်ရန် ပြောခဲ့သော်လည်း ကျန်းချဲ့ကတော့ ထိုမျှလောက် မိုက်မဲမည် မဟုတ်ချေ။ ဦးလေးဟုသာ ဆက်လက် ခေါ်ဝေါ်ပြီး မိမိ၏ အနေအထားကို တတ်နိုင်သမျှ နှိမ့်ချထားလိုက်လေသည်။

"မင်းကောင်လေး ဉာဏ်ရည်ထက်မြက်တယ် မင်း တွေးထားတဲ့အတိုင်းပဲ ချီမိသားစုမှာ အဆင့်တက်လှမ်းပြလိုက်တဲ့ အကွက်က ချီမိသားစုရဲ့ အကြီးအကဲ အများစုကို မင်းအပေါ် အထင်ကြီးသွားစေခဲ့တယ် အဲ့ဒီအတွက် ဒီမြို့စားက မင်းရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ရတာပဲ..."

"ဒါပေမဲ့ ဒီမြို့စား မင်းကို ပြောချင်တာက ဒီတစ်ကြိမ် ငါက နင်ပင်းနဲ့ ဝမ်ကျင်းတို့အတွက် အလျော့ပေးလိုက်တာ အကယ်၍ နောက်ပိုင်းမှာ မင်းသာ သူတို့ကို စိတ်ဆင်းရဲအောင် လုပ်မယ်ဆိုရင် ဒီမြို့စားက လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး..."

ချီကျန်းနန်၏ မျက်နှာထားမှာ အလွန် တည်ကြည်လေးနက်နေပြီး စကားလုံး တစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်လေသည်။

ကျန်းချဲ့လည်း ချက်ချင်း တည်ကြည်သွားလေသည်။

"ဦးလေး စိတ်ချပါ ကျွန်တော်မျိုး သေချာပေါက် ရင်ထဲမှာ အမြဲတမ်း မှတ်ထားပါ့မယ်..."

ကျန်းချဲ့ကို အလွန် ရှုပ်ထွေးသော မျက်နှာထားဖြင့် တစ်ချက် ကြည့်လိုက်ပြီး ချီကျန်းနန် သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်လေသည်။ အမှန်တကယ်တော့ သူသည် ကျန်းချဲ့ကို ခြိမ်းခြောက်ရန်အတွက် အခြားသော ကြမ်းတမ်းသည့် စကားများကိုလည်း ပြောနိုင်သေးလေသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းက ကျန်းချဲ့၏ ရင်ထဲတွင် မကျေနပ်မှုများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ပြီး အခြား မည်သည့် အကျိုးကျေးဇူးမျှ မရှိနိုင်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။

အလျော့ပေးလိုက်ပြီ ဖြစ်မှတော့ အတင်းအကျပ် မာနထောင်လွှား ပြနေရန် လုံးဝ မလိုအပ်တော့ချေ။

အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မက်မွန်ပန်း ပွင့်ဖတ်အချို့က လက်ဖက်ရည်ခွက် အတွင်းသို့ ကျဆင်းသွားလေသည်။ လက်ချောင်းလေး တစ်ချက် ခေါက်လိုက်ရာ လက်ဖက်ရည်အိုး အတွင်းမှ ရေနွေးများက မြွေငယ်လေး တစ်ကောင်အလား လက်ဖက်ရည်ခွက် အတွင်းသို့ ဖြည်းညင်းစွာ စီးကျလာပြီး ကျန်းချဲ့အတွက် မက်မွန်ပန်း လက်ဖက်ရည် တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးလိုက်လေသည်။

"ငါ့မှာ နင်ပင်းနဲ့ ဝမ်ကျင်းဆိုတဲ့ သမီး နှစ်ယောက်ပဲ ရှိတယ် သူတို့ အမေ ရှိနေတုန်းက ငါ ကတိပေးခဲ့ဖူးတယ် သူတို့ နှစ်ယောက်စလုံးကို သေချာ စောင့်ရှောက်ပါ့မယ်လို့ အခုတော့ ငါ မလုပ်နိုင်ခဲ့ဘူး နောက်ပိုင်းမှာ မင်းက ငါ့ကိုယ်စား သေချာ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်..."

ကျန်းချဲ့သည် လက်ဖက်ရည်ကို ယူ၍ သောက်လိုက်ပြီး အလွန် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်လေသည်။

မက်မွန်ပန်း လက်ဖက်ရည် တစ်ခွက်ဖြင့် ယမန်နေ့က မကျေနပ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

ချီကျန်းနန်လည်း ယမန်နေ့က ကိစ္စကို ထပ်မံ မပြောတော့ဘဲ ဆက်ပြောလိုက်လေသည်။

"ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စအတွက်တော့ ဒီမြို့စား တတ်နိုင်သလောက် ကူညီပေးပါ့မယ် မနေ့ကပဲ လင်းကျန့်တောင်ဆီကို အစီအရင်သော့ သွားငှားဖို့ လူလွှတ်လိုက်ပြီ ဝေ့မိသားစု ဘက်ကိုတော့ နောက်နှစ်ရက်လောက် နေရင် ငါ့ရဲ့ စာကို ယူပြီး မင်း ကိုယ်တိုင် သွားလိုက်ပါ..."

ဤစကားကို ကြားလိုက်ရသောအခါ ကျန်းချဲ့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားလေသည်။ ယမန်နေ့က အလွန် ဒေါသထွက်နေခဲ့သော ချီကျန်းနန်သည် သူ၏ ကိစ္စများအတွက် အားတက်သရော ကူညီပေးနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အလွန် အံ့အားသင့်သွားမိလေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

"ဒါက နဂါးကျား တာအိုဂိုဏ်းနဲ့ ငါတို့ ချီမိသားစုရဲ့ အစီအရင် သော့တွေပဲ မင်း သေချာ သိမ်းထားလိုက် မင်း ရွှမ်လင် လျှို့ဝှက်နယ်မြေထဲကို သွားပြီး ဘာလုပ်မလဲ ဆိုတာကို ဒီမြို့စား မမေးတော့ပါဘူး ဒါပေမဲ့ အဲ့ဒါက အင်အားကြီး မိသားစုတွေ အားလုံး အတူတကွ ပိုင်ဆိုင်တဲ့ နေရာဆိုတော့ အရမ်းကြီး လွန်လွန်ကျွံကျွံ မလုပ်မိစေနဲ့..."

ချီကျန်းနန်က သတိပေးစကား ပြောကြားလိုက်လေသည်။

ကျန်းချဲ့က ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းရှိ ရတနာများ အားလုံးကို အကုန်အစင် ယူဆောင်သွားမည်ကို သူ အနည်းငယ် စိုးရိမ်နေမိလေသည်။

"ကျွန်တော်မျိုး နားလည်ပါတယ်..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။ အမှန်တကယ်တော့ ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းရှိ ရတနာ အများစုကို ယခုအခါတွင် သူ လုံးဝ စိတ်မဝင်စားတော့ချေ။ သူ သွားရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယဇ်ပူဇော် ပစ္စည်းများကို ရယူရန်အတွက်သာ ဖြစ်လေသည်။

ချီကျန်းနန်က ကျန်းချဲ့ကို အချိန်အနည်းငယ်မျှ စူးစိုက်ကြည့်လိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေဟာနယ်တွင် လှိုင်းဂယက်များ ထသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တံခါးပေါက် တစ်ခု ပွင့်လာလေသည်။

၎င်းမှာ ချီမိသားစု၏ အဖိုးတန်ဆုံးသော နောက်ဘက် တောင်တန်းရှိ လျှို့ဝှက်နယ်မြေ ပင်ဖြစ်သည်။

"မင်ရှန် တာအို ကျောက်တိုင် ရှိတဲ့ နေရာကို မင်းလည်း သိပြီးသားပဲလေ ဒီတစ်ကြိမ်တော့ ဒီမြို့စား မင်းနဲ့ အတူ လိုက်မလာတော့ဘူး..."

ကျန်းချဲ့သည် ချီကျန်းနန်ကို ခါးညွှတ်၍ အရိုအသေ ပေးလိုက်ပြီးနောက် လုံးဝ တွေဝေနေခြင်း မရှိဘဲ လျှို့ဝှက်နယ်မြေ တံခါးပေါက် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။

အလယ်ပိုင်းဒေသ မြို့တော်။

တာ့ကျိုး တော်ဝင်နန်းတော် ဖုန်းထျန်း နန်းဆောင်။

ယခုအချိန်တွင် ကျန်းချဲ့ မင်ရှန် တာအို အရှိန်အဝါများကို ရယူနေစဉ် ဖုန်းထျန်း နန်းဆောင် အတွင်း၌လည်း ခုနစ်ရက် တစ်ကြိမ် ကျင်းပလေ့ရှိသော နန်းတော် အစည်းအဝေးကို ပြုလုပ်နေလေသည်။

ဝိညာဉ် သစ်သားများဖြင့် ပြုလုပ်ထားသော နန်းဆောင် တိုင်လုံးကြီးများတွင် နဂါးနှင့် ဖီးနစ်ငှက် များ၏ ပုံစံများကို ထွင်းထုထားပြီး ဝိညာဉ် ကျောက်စိမ်းများဖြင့် ခင်းကျင်းထားသော ကြမ်းပြင်ကလည်း အမှောင်ရောင် အလင်းတန်းများ လင်းလက်နေလေသည်။

ဖုန်းထျန်း နန်းဆောင် တစ်ခုလုံးမှာ အလွန် ခမ်းနား ကြီးကျယ်ပြီး ဩဇာတိက္ကမ အပြည့်အဝ ရှိလေသည်။ အထူးသဖြင့် အထက်နေရာရှိ ရွှေရောင် နဂါးပလ္လင်ကြီး ပေါ်တွင် အလွန် ကြီးမားလှသော အရှိန်အဝါကြီး တစ်ခု လွှမ်းခြုံနေလေသည်။

အောက်ဘက်တွင် အမတ်ကြီးများ အရာရှိ တစ်ရာနီးပါးခန့်က လက်ဝဲနှင့် လက်ယာ နှစ်ဖက်ခွဲ၍ ရပ်နေကြလေသည်။

ဌာနခြောက်ခုမှ အမတ်ကြီးများနှင့် ဒုတိယ အမတ်ကြီးများ တာ့ကျိုး စစ်တပ်မှ အဆင့်မြင့် စစ်သူကြီးများ မြို့တော်တွင် ရှိနေသော အရာရှိကြီးများ အားလုံး ဤနေရာတွင် အပြည့်အစုံ ရှိနေကြလေသည်။

ကျန်းချဲ့နှင့် အတူတကွ လုပ်ဆောင်ခဲ့ဖူးသော ကျိုးဖူကုန်း ရှန်တင့်ကျိုးနှင့် တောင်ပိုင်း နတ်ဘုရား အစောင့်အရှောက် ချန်ချင်းဖန် တို့လည်း ဟေးယာ၏ အနက်ရောင် နန်းတွင်း ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အလွန် တည်ကြည် လေးနက်သော မျက်နှာထားဖြင့် ရပ်နေကြလေသည်။

သို့သော် သူတို့ ကိုယ်တိုင် ပင်လျှင် စစ်ဘက်ဆိုင်ရာ ဒုတိယတန်း တွင်သာ နေရာယူ နိုင်စွမ်း ရှိလေသည်။

သူတို့၏ အရှေ့ဘက်တွင် ရှိနေသော သူများမှာတော့ ဒုတိယ အဆင့် အထက်ရှိသော တိုင်းပြည်၏ အဓိက မဏ္ဍိုင် အမတ်ကြီးများ သာ ဖြစ်ကြလေသည်။

ထိုအထဲမှ နှစ်ယောက်မှာ ကွန်ဖြူးရှပ် လမ်းစဉ်မှ လက်ဝဲနှင့် လက်ယာ အမတ်ချုပ်ကြီး နှစ်ပါး ဖြစ်ပြီး နောက်ထပ် နှစ်ယောက် အနက် တစ်ယောက်မှာ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် ခန့်ညား ထည်ဝါသော တာ့ကျိုး နိုင်ငံတော်၏ မြို့စားကြီးနှင့် စစ်တပ်၏ စစ်သေနာပတိချုပ် ပင်ဖြစ်သည်။

နောက်ဆုံး တစ်ယောက်မှာတော့ အနက်ရောင်ကို အခံထား၍ ရွှေရောင် လိုင်းများဖြင့် နဂါး ပုံသဏ္ဌာန် ရေးဆွဲထားသော ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

ဆံပင်များကို သေသပ်စွာ စည်းနှောင်ထားပြီး တစ်ကိုယ်လုံးမှ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားကြီး တစ်ခု ထွက်ပေါ်နေလေသည်။

ထိုသူမှာ အခြားသူ မဟုတ်ဘဲ တာ့ကျိုး နိုင်ငံတော်၏ ဦးရီးတော် ဖြစ်သူ ခေါက်ရှန်း နတ်မင်းကြီး ကျီချန်တောက် ပင်ဖြစ်သည်။

ဖုန်းထျန်း နန်းဆောင် တစ်ခုလုံးတွင် မည်သည့် အသံမျှ မထွက်ပေါ်ဘဲ အလွန် တိတ်ဆိတ် ငြိမ်သက်နေပြီး လေထုမှာလည်း အလွန် ဖိနှိပ်မှု ရှိနေလေသည်။

"ဒေါင်..."

အလွန် ကျယ်လောင်သော ခေါင်းလောင်းသံကြီး တစ်ခု အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားလေသည်။

ထို့နောက် အလွန် စူးရှသော အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

"အရှင်မင်းကြီး ကြွရောက်လာပါပြီ..."

ဖုန်းထျန်း နန်းဆောင်၏ ဘေးဘက် တံခါးပေါက်မှ ရွှေရောင် ကန့်လန့်ကာကို မိန်းမစိုး နှစ်ယောက်က ဆွဲဖွင့်လိုက်ပြီး အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး လူတစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် နဂါးပလ္လင်ဆီသို့ လျှောက်လှမ်းလာလေသည်။

သူ၏ အဝါရောင် ဝတ်ရုံပေါ်တွင် ခြေသည်း ငါးချောင်းပါသော ရွှေရောင် နဂါးကြီး တစ်ကောင်ကို ထွင်းထုထားလေသည်။

သူ၏ အဆင့်အတန်း ကိုတော့ သီးသန့် ပြောနေစရာ မလိုအပ်တော့ချေ။

တာ့ကျိုး နိုင်ငံတော်၏ ဆယ့်နှစ်ဆက်မြောက် ဧကရာဇ်မင်း ယွမ်ခန်း ဧကရာဇ် ကျီဝန်ဟောင် ပင်ဖြစ်သည်။

နဂါးဝတ်ရုံကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ယွမ်ခန်း ဧကရာဇ်သည် ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် နဂါးပလ္လင် ပေါ်တွင် ထိုင်လိုက်လေသည်။

ခန္ဓာကိုယ် ပိန်ပါးပြီး မျက်နှာ ဖြူရော်နေကာ ဆံပင်များတွင်ပင် ဖြူနေသော အပင်အချို့ ပါဝင်နေသော်လည်း သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါ ကတော့ အလွန် ကြီးမားလှပေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ်မင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။

အလယ်ပိုင်းဒေသ ပြည်နယ် ဆယ့်နှစ်ခုလုံး၏ အရှင်သခင် ပင်ဖြစ်သည်။

"အမတ်တို့ အားလုံး အရိုအသေ ပေးကြပါ..."

ယွမ်ခန်း ဧကရာဇ်၏ ဘေးတွင် ရပ်နေသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ် မိန်းမစိုး တစ်ယောက်က စူးရှသော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်..."

"အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်..."

အမတ်ကြီးများ အရာရှိများ အားလုံး ခါးညွှတ်၍ ဧကရာဇ်မင်းကို လေးစားမှု ပြသလိုက်ကြလေသည်။ သို့သော် တာ့ကျိုး တော်ဝင်နန်းတော်၏ စည်းမျဉ်းအရ အထူး အခမ်းအနားများမှလွဲ၍ ဒူးထောက်၍ အရိုအသေ ပေးရန် မလိုအပ်ချေ။

သို့သော် လူတိုင်း အရိုအသေ ပေးနေချိန်တွင် ခြွင်းချက် တစ်ယောက်တော့ ရှိနေလေသည်။

ထိုသူမှာ ခေါက်ရှန်း နတ်မင်းကြီး ကျီချန်တောက် ပင်ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ ယိမ်းပြလိုက်ပြီး ခါးညွှတ်၍ အရိုအသေ ပေးခြင်း မရှိချေ။ အကြောင်းအရင်းမှာ သူသည် ဧကရာဇ်မင်း၏ ဦးရီးတော် တော်စပ်သောကြောင့် ပင်ဖြစ်သည်။

တာ့ကျိုး နိုင်ငံတော် တစ်ခုလုံး၏ ခေါက်ရှန်း နတ်မင်းကြီး ဖြစ်ပြီး အမည်တပ်၍ ခေါ်ဝေါ်ခြင်း မပြုရ၊ နန်းတော် အတွင်းသို့ အမြန် လျှောက်လှမ်းရန် မလိုအပ်၊ ဓားကိုင်ဆောင်၍ နန်းတော် အတွင်းသို့ ဝင်ရောက်ခွင့် ရှိသူ အစရှိသော အလွန် မြင့်မားလှသော အခွင့်အရေးများကို ပိုင်ဆိုင်ထားသူ ပင်ဖြစ်သည်။

အရေးအကြီးဆုံး အချက်မှာ ဤအခွင့်အရေးများကို ယွမ်ခန်း ဧကရာဇ်က ပေးအပ်ခဲ့ခြင်း မဟုတ်ဘဲ ယခင် ဧကရာဇ်မင်းက ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်း ပင်ဖြစ်သည်။

အမတ်များ အားလုံး၏ အထက်တွင် အပြည့်အဝ ရပ်တည်နေနိုင်သူ ပင်ဖြစ်သည်။

"အမတ်တို့ အားလုံး မတ်တတ် ရပ်နိုင်ပါပြီ..."

ယွမ်ခန်း ဧကရာဇ်၏ အသံက အလွန် တိုးညှင်းသော်လည်း အလွန် အစွမ်းထက်လှပြီး ဖုန်းထျန်း နန်းဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

အမတ်များ အရာရှိများ အားလုံး မတ်တတ် ရပ်လိုက်ကြလေသည်။

အနီရောင် ဝတ်ရုံဝတ် မိန်းမစိုးက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်၍ အော်ဟစ်လိုက်လေသည်။

"တင်ပြစရာ ရှိရင် တင်ပြကြပါ မရှိရင် ညီလာခံ ရုပ်သိမ်းပါမယ်..."

"အရှင်မင်းကြီး ကျွန်တော်မျိုး တင်ပြစရာ ရှိပါတယ်..."

အမတ် တစ်ယောက်က ဘေးဘက်သို့ တစ်လှမ်း ထွက်လာပြီး ခါးညွှတ်၍ အရိုအသေ ပေးလိုက်လေသည်။

"ပြောပါ..."

"မြောက်ပိုင်း လူရိုင်းတွေရဲ့ သံတမန်တွေက မြို့တော်ကို ဝင်ရောက်ဖို့အတွက် စာချွန်လွှာ တင်သွင်းထားပါတယ် အရှင်မင်းကြီး ခွင့်ပြုပေးပါဖို့ တောင်းပန်အပ်ပါတယ်..."

ယွမ်ခန်း ဧကရာဇ်၏ မျက်လုံးများ လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးပင် စကားတစ်ခွန်း ပြောလိုက်လေသည်။

"ခွင့်ပြုတယ်..."

တာ့ကျိုး နိုင်ငံတော်နှင့် မြောက်ပိုင်း လူရိုင်းများ အကြားတွင် နှစ်စဉ်နှစ်တိုင်း စစ်ပွဲများ ဆင်နွှဲနေကြပြီး အသေအလဲ တိုက်ခိုက်နေကြသော်လည်း နှစ်ဖက်စလုံးမှ သံတမန်များ ကတော့ သုံးနှစ်လျှင် တစ်ကြိမ် အပြန်အလှန် သွားရောက်လေ့ ရှိကြလေသည်။ ဤအရာများကို သူ ကောင်းစွာ အသားကျနေခဲ့လေပြီ။

ထို့နောက် ပေါ့ပေါ့ပါးပါးပင် ဆက်လက် မေးမြန်းလိုက်လေသည်။

"သံတမန်တွေရဲ့ စာရင်းထဲမှာ အရင်နှစ်တွေကနဲ့ မတူတာများ ပါသေးလား..."

"အရှင်မင်းကြီးကို တင်ပြပါရစေ အရင်နှစ်တွေနဲ့ မတူတာကတော့ ဒီတစ်ကြိမ် သံတမန်တွေထဲမှာ မြောက်ပိုင်း လူရိုင်းတွေရဲ့ မင်းသား ဇာကူမုက ဒုတိယ သံတမန်အဖြစ် လိုက်ပါလာပါတယ် ကျွန်တော်မျိုး ထင်တာကတော့ တစ်ခုခု ပြောင်းလဲလာနိုင်ချေ ရှိပါတယ်..."

"မြောက်ပိုင်း လူရိုင်းမင်းသား ဇာကူမုလား..."

ယွမ်ခန်း ဧကရာဇ်က ဖြည်းညင်းစွာ ရေရွတ်လိုက်ပြီး အောက်ဘက်ရှိ နဂါးပုံသဏ္ဌာန် ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ်ကို လှမ်းကြည့်ကာ မေးလိုက်လေသည်။

"ဦးရီးတော် အနေနဲ့ ဒီလူရဲ့ အကြောင်းကို သိထားတာများ ရှိလား..."

ကျီချန်တောက်က မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ အနောက်ဘက်တွင် ရှိနေသော ကျိုးဖူကုန်းကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ကျိုးဖူကုန်း ချက်ချင်း သဘောပေါက်သွားပြီး အလျင်အမြန် ခါးညွှတ်၍ ပြောလိုက်လေသည်။

"အရှင်မင်းကြီးကို တင်ပြပါရစေ မြောက်ပိုင်း လူရိုင်းတွေရဲ့ ခေါင်းဆောင်ကြီး ဆီမှာ သားတော် ခြောက်ယောက် ရှိပါတယ် ယန်အမတ် ပြောတဲ့ ဇာကူမု ဆိုတာက စတုတ္ထမြောက် သားတော် ဖြစ်ပါတယ် ဟေးယာ ကနေ စုံစမ်းသိရှိထားတဲ့ သတင်းတွေ အရဆိုရင် ဒီလူက သန့်စင်တဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ပါရမီ အရမ်း ထူးချွန်ပါတယ် ငယ်ငယ်လေး ကတည်းက ထျန်းလန် တောင်တန်းက လူရိုင်း နတ်ဘုရား ကျောင်းတော်မှာ ကျင့်ကြံခဲ့တာပါ ကျင့်ကြံခြင်း အဆင့်ကိုတော့ တိတိကျကျ မသိရသေးပေမဲ့ ရွှေအမြုတေ အဆင့်ရဲ့ အထွတ်အထိပ် လောက်တော့ ရှိမယ် ထင်ပါတယ်..."

"သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ ပြီးတာနဲ့ ချက်ချင်းဆိုသလို ဒီမြောက်ပိုင်း လူရိုင်းမင်းသားက တာ့ကျိုး နိုင်ငံတော်ကို သံတမန်အဖြစ် ရောက်လာတယ်ဆိုတော့ ဟဲဟဲ ကြည့်ရတာ ဒီလူက တာ့ကျိုး နိုင်ငံတော်က လူငယ် သိုင်းပညာရှင်တွေနဲ့ အစွမ်း လာပြိုင်ချင်တဲ့ ပုံပဲ..."

ယွမ်ခန်း ဧကရာဇ်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး အနည်းငယ် လှောင်ပြောင်လိုသော လေသံဖြင့် ပြောလိုက်လေသည်။

"မြောက်ပိုင်း လူရိုင်းတွေရဲ့ နေရာက အရမ်း ခေါင်းပါးပြီး သိုင်းပညာ တိုးတက်ဖို့လည်း အရမ်း ခက်ခဲပါတယ် ဇာကူမုသာ တာ့ကျိုး နိုင်ငံတော်ကို လာပြီး အစွမ်းလာပြမယ်ဆိုရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့ အတူတူပါပဲ အရှင်မင်းကြီး စိုးရိမ်ပူပန်နေစရာ လုံးဝ မလိုပါဘူး..."

အမတ် တစ်ယောက်က ခပ်ဖျော့ဖျော့ ပြုံးကာ အထင်သေးသော လေသံဖြင့် ဝင်ပြောလိုက်လေသည်။

မြောက်ပိုင်း လူရိုင်းများက နှစ်စဉ်နှစ်တိုင်း နယ်စပ်ကို လာရောက် တိုက်ခိုက်နေကြသော်လည်း အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်း လူရိုင်းများ ကြားတွင် ကွာဟမှု မည်မျှ ကြီးမားကြောင်းကို လူတိုင်း ကောင်းစွာ သိရှိထားကြလေသည်။

တော်ဝင်နန်းတော်က အမြဲတမ်း အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းမှာ အလယ်ပိုင်းဒေသက ညံ့ဖျင်းနေသောကြောင့် မဟုတ်ချေ။ တော်ဝင်နန်းတော်က စွမ်းအားများ အားလုံးကို အပြည့်အဝ စုစည်း၍ အသုံးမချနိုင်သောကြောင့် သာဖြစ်လေသည်။

အမှန်တကယ်တော့ မြောက်ပိုင်း လူရိုင်းများ ဖြစ်စေ တောင်ပိုင်း ယွဲ့နိုင်ငံမှ လူများဖြစ်စေ အလယ်ပိုင်းဒေသ၏ ပါရမီရှင်များ ထွက်ပေါ်လာမှုနှင့် နှိုင်းယှဉ်ပါက အများကြီး နိမ့်ကျလွန်းလှပေသည်။

"လူရိုင်းတွေ သက်သက်ပါပဲ..."

ယွမ်ခန်း ဧကရာဇ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လုံးဝ ဂရုမစိုက်သော အမူအရာဖြင့်

"ငါကိုယ်တော်က လုံးဝ စိုးရိမ်ပူပန်နေတာ မဟုတ်ပါဘူး သူက လာချင်တယ်ဆိုရင်လည်း လာပါစေပေါ့ နောက်ထပ် တင်ပြစရာတွေ ရှိသေးလား..."

"ကျွန်တော်မျိုး တင်ပြစရာ ရှိပါတယ်..."

ထုံးတမ်းစဉ်လာဌာန အမတ်ကြီးက ရှေ့သို့ တစ်လှမ်း တိုးထွက်လာလေသည်။

"ပြောပါ..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင်မင်းကြီး အမိန့်ပေးထားတဲ့ ယွဲ့ပြည်နယ်က ကျန်းချဲ့ရဲ့ ဆုချီးမြှင့်မှု ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထုံးတမ်းစဉ်လာဌာနက အရာရှိတွေက သေချာ တိုင်ပင်ဆွေးနွေး ပြီးပါပြီ အဘက်ဘက်ကနေ စဉ်းစား တွက်ချက်ကြည့်ပြီးတဲ့နောက် ကျန်းချဲ့ရဲ့ ရာထူးကို တစ်ဆင့် တိုးမြှင့်ပြီး တတိယအဆင့် အရာရှိအဖြစ် ခန့်အပ်ဖို့နဲ့ မြို့စားဘွဲ့ချီးမြှင့်ဖို့ အသင့်တော်ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်..."

"အရှင်မင်းကြီး အနေနဲ့ အတည်ပြု ဆုံးဖြတ်ပေးဖို့ တောင်းပန်အပ်ပါတယ်..."

"တတိယအဆင့် အရာရှိနဲ့ မြို့စားဘွဲ့ချီးမြှင့်မယ်..."

ယွမ်ခန်း ဧကရာဇ်က ဤစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အောက်ဘက်တွင် ရှိနေသော အမတ်များကို ကြည့်ကာ လေးနက်စွာဖြင့် မေးလိုက်လေသည်။

"ထုံးတမ်းစဉ်လာဌာနက တင်ပြလာတဲ့ အဆိုပြုချက်ကို မင်းတို့တွေ ဘယ်လိုသဘောရလဲ..."

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့် ကျန်းချဲ့ သေချာပေါက် အရမ်းကို ဝမ်းသာပျော်ရွှင် နေမှာပါ..."

"ကျွန်တော်မျိုး ထောက်ခံပါတယ် ကျန်းချဲ့ရဲ့ နောက်ခံကို ကျွန်တော်မျိုး လေ့လာကြည့်ဖူးပါတယ် ဆင်းရဲတဲ့ မိသားစုကနေ ဆင်းသက်လာပေမဲ့ ရည်မှန်းချက် ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ အရေးအကြီးဆုံးက သူက အရမ်း ငယ်ရွယ်သေးတယ် ပြီးတော့ တော်ဝင်နန်းတော် အတွက်လည်း ရှန့်ဟိုင်မြို့မှာ သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ် နေရာကို အရယူပေးနိုင်ခဲ့တယ်..."

"လောက တစ်ခွင်လုံးမှာ နာမည်ကျော်ကြား လာခဲ့တယ်ဆိုတော့ မြို့စားဘွဲ့ချီးမြှင့်တာက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို သေချာပေါက် ပိုပြီး ထင်ရှားစေမှာပါ..."

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ် ကျန်းချဲ့ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းနဲ့ တတိယအဆင့် အရာရှိအဖြစ် ခန့်အပ်တာက တကယ်ကို သင့်တော်ပါတယ်..."

အမတ်များကလည်း ဧကရာဇ်မင်း၏ သဘောထားကို ကောင်းစွာ ရိပ်မိကြသဖြင့် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် ထောက်ခံကြပြီး ကျန်းချဲ့၏ ဘက်မှနေ၍ ပြောဆိုပေးကြလေသည်။

ကျန်းချဲ့သည် အလွန် ရှားပါးလှသော ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်ပြီး နောင်တစ်ချိန်တွင် တော်ဝင်နန်းတော်၏ အဓိက မဏ္ဍိုင်ကြီးတစ်ခု သေချာပေါက် ဖြစ်လာမည်ဟု ချီးကျူးကြလေသည်။

ဤအချိန်တွင် တစ်ခုတည်းသော ဝင်ရောက် ထောက်ခံခြင်း မရှိသူမှာ ခေါက်ရှန်း နတ်မင်းကြီး ကျီချန်တောက်နှင့် သူ၏ လက်အောက်ရှိ ဟေးယာမှ အရာရှိများ သာဖြစ်ကြလေသည်။

"ဦးရီးတော်ရဲ့ အမြင်ကရော ဘယ်လိုရှိလဲ..."

ယွမ်ခန်း ဧကရာဇ်သည် ကျီချန်တောက်၏ မျက်နှာပေါ်တွင် အနည်းငယ် မကျေနပ်မှုများ ရှိနေသည်ကို သတိထားမိသဖြင့် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်လေသည်။

ကျီချန်တောက်၏ မျက်နှာထားက အလွန် အေးစက်ခက်ထန်နေပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

"ကျုပ် ထင်တာကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်..."

"ဘာတွေများ မသင့်တော်လို့လဲ ဦးရီးတော်က ကျန်းချဲ့ကို မြို့စားဘွဲ့ချီးမြှင့်ဖို့ မသင့်တော်ဘူးလို့ ထင်နေတာလား..."

"တကယ်ကို မသင့်တော်ပါဘူး..."

ကျီချန်တောက်က ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။

ဤစကားကို ကြားလိုက်ရသည်နှင့် ဖုန်းထျန်း နန်းဆောင် အတွင်းရှိ အမတ်များ အားလုံး၏ အကြည့်များက သူ့ထံသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြလေသည်။

သူတို့၏ အမြင်တွင် ကျန်းချဲ့သည် ဟေးယာက ဖော်ထုတ် တွေ့ရှိခဲ့သော လူတစ်ယောက် ဖြစ်ရာ သူတို့ အနေဖြင့် ကျန်းချဲ့အတွက် ရာထူးနှင့် ဂုဏ်သိက္ခာများကို ပိုမို ရရှိအောင် တောင်းဆိုပေးသင့်သည် မဟုတ်ပါလား။ လုံးဝ ကန့်ကွက်ရန် မသင့်တော်ချေ။

ထုံးတမ်းစဉ်လာဌာန အမတ်ကြီး တစ်ယောက်တည်းသာ မျက်မှောင် အနည်းငယ် ကျုံ့သွားပြီး ဤကိစ္စကို အလွန် လေးနက်စွာဖြင့် စဉ်းစားနေမိလေသည်။

"ဒါဆို ဦးရီးတော်က ဘယ်လို ဆုချီးမြှင့်မျိုးက ပိုပြီး သင့်တော်မယ်လို့ ထင်လဲ..."

ယွမ်ခန်း ဧကရာဇ်က အသံနိမ့်နိမ့်ဖြင့် မေးလိုက်လေသည်။

ကျီချန်တောက်၏ အလွန် နက်ရှိုင်းသော မျက်လုံးများက နန်းဆောင် အတွင်းရှိ အမတ်များ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးထွက်လာလေသည်။

"ကျုပ်က ကျန်းချဲ့ကို နယ်စားဘွဲ့ချီးမြှင့်ဖို့နဲ့ ရာထူးကိုလည်း ဒုတိယ အဆင့် အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုပါတယ်..."

ဝုန်း...

ဤစကား တစ်ခွန်းက ဖုန်းထျန်း နန်းဆောင် အတွင်းတွင် ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့ပြီး အလွန် ကြီးမားသော လှိုင်းဂယက်ကြီးကို ဖြစ်ပေါ်သွားစေခဲ့လေသည်။

"ခေါက်ရှန်း နတ်မင်းကြီးရဲ့ စကားက သိပ်ပြီး မသင့်တော်ဘူး ထင်တယ်နော် ကျန်းချဲ့ ရှန့်ဟိုင်မြို့ရဲ့ တိုက်ပွဲမှာ တော်ဝင်နန်းတော်အတွက် အလွန် ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို ယူဆောင်လာပေးပြီး သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ် နေရာကို ရယူနိုင်ခဲ့တာက တော်ဝင်နန်းတော်ရဲ့ ဩဇာအာဏာတွေကို ကြီးမားလာစေတယ် ဆိုတာ မှန်ပါတယ် ဒါပေမဲ့ ကျန်းချဲ့ရဲ့ အဲ့ဒီလောက်လေးပဲ ရှိတဲ့ အကျိုးဆောင်မှုနဲ့ ဘယ်လိုလုပ်ပြီး နယ်စားဘွဲ့ချီးမြှင့်လို့ ရမှာလဲ..."

"ဟုတ်ပါတယ် နယ်စားဆိုတာ ငါတို့ တာ့ကျိုး နိုင်ငံတော်ရဲ့ ဒုတိယ အမြင့်ဆုံး ဂုဏ်ပုဒ်ပဲလေ အကျိုးဆောင်မှု ကြီးကြီးမားမား မရှိဘဲနဲ့ နယ်စားဘွဲ့ မပေးရဘူး ဆိုတာ အရင် ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းတွေပါ ကျန်းချဲ့ရဲ့ အကျိုးဆောင်မှုက ကြီးတယ်ဆိုရင်လည်း ကြီးတယ် သေးတယ်ဆိုရင်လည်း သေးပါတယ်..."

"ဘယ်လို အကြောင်းပြချက်နဲ့မှ နယ်စားဘွဲ့ချီးမြှင့်လို့ မရနိုင်ပါဘူး..."

"ကျွန်တော်မျိုး ထင်တာကတော့ ခေါက်ရှန်း နတ်မင်းကြီးရဲ့ စကားက တော်တော်လေးကို စည်းလွတ်ဘောင်လွတ် ဖြစ်နေပြီလို့ ထင်ပါတယ် ကျန်းချဲ့က ဟေးယာရဲ့ ဒုတိယ အကြီးအကဲ ဆိုတဲ့ နာမည်ကို ယူထားပေမဲ့ ခေါက်ရှန်း နတ်မင်းကြီးက ဒီလိုမျိုး ဘက်လိုက်လို့ မရပါဘူး သတင်းသာ အပြင်ကို ပျံ့နှံ့သွားရင် လူတွေက ဘယ်လို ယုံကြည် လက်ခံနိုင်ကြတော့မှာလဲ..."

"မှန်ပါတယ် တကယ်လို့ ကျန်းချဲ့ကိုသာ နယ်စားဘွဲ့ချီးမြှင့်လိုက်မယ်ဆိုရင် နယ်စပ်တွေမှာ တော်ဝင်နန်းတော်အတွက် သွေးထွက်သံယို အသေအလဲ တိုက်ခိုက်နေကြတဲ့ စစ်သူကြီးတွေနဲ့ စစ်သားတွေက ဘယ်လို ခံစားကြရမလဲ သူတို့ တစ်သက်လုံး အသေအလဲ ကြိုးစား တိုက်ခိုက်လာခဲ့တာတွေက လူငယ်တစ်ယောက် ရယူလာတဲ့ ဂုဏ်သိက္ခာလောက်တောင် အရေးမပါဘူးလို့ ဖြစ်သွားမှာပေါ့..."

ဖုန်းထျန်း နန်းဆောင် အတွင်းရှိ အမတ်အများစုက သူတို့၏ အမြင်များကို အဆက်မပြတ် ထုတ်ဖော် ပြောဆိုလာကြလေသည်။

ကျီချန်တောက်က ကျန်းချဲ့အတွက် တောင်းဆိုပေးသော ဆုချီးမြှင့်မှုကို အလွန် မကျေနပ် ဖြစ်နေကြလေသည်။

ဟေးယာမှ အရာရှိများနှင့် လက်တွေ့ အာဏာများကို ကိုင်စွဲထားသော စစ်သူကြီး အချို့သာ လုံးဝ ဝင်ရောက် ပြောဆိုခြင်း မရှိကြချေ။

အပြင်ပန်းအရ ကြည့်မည်ဆိုလျှင် ကျီချန်တောက်သည် အလွန် အင်အား နည်းပါးနေသည့်အလား ပင်ဖြစ်သည်။

သို့သော် ထိုနေရာတွင် ရှိနေသော လူတိုင်း ကောင်းစွာ ခံစားသိရှိ နိုင်သည်မှာ အလွန် တည်ငြိမ် အေးဆေးနေသော ကျီချန်တောက်သည် ထိုအမတ်များကို လုံးဝ အရေးမစိုက်ကြောင်း ပင်ဖြစ်သည်။ သူတို့ ပြောနေသော စကားများကို အဓိပ္ပာယ် မရှိသော အရာများ အဖြစ်သာ သတ်မှတ်ထားသည့်အလား ပင်ဖြစ်သည်။

"နန်းဆောင် အတွင်းမှာ ဆူပူအော်ဟစ်ခြင်း မပြုရ..."

အနီရောင် ဝတ်ရုံဝတ် မိန်းမစိုးက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ် သတိပေးလိုက်လေသည်။

မိန်းမစိုး ဆိုသည်မှာ ဧကရာဇ်မင်း၏ အသံကို ကိုယ်စားပြုသူများ ဖြစ်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်းထျန်း နန်းဆောင် တစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားခဲ့လေသည်။

"ဦးရီးတော် ကျန်းချဲ့ရဲ့ အကျိုးဆောင်မှုက တကယ်ပဲ မသေးပါဘူး ဒါပေမဲ့ သူက သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ် နေရာကိုပဲ ရယူနိုင်ခဲ့တာပါ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ နယ်စားဘွဲ့ချီးမြှင့်ဖို့ မသင့်တော်ပါဘူး..."

ယွမ်ခန်း ဧကရာဇ်၏ မျက်နှာပေါ်တွင် အနည်းငယ် မကျေနပ်သော အမူအရာများ ပေါ်လွင်နေလေသည်။

ကျီချန်တောက်က အေးစက်သော မျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြန်ဖြေလိုက်လေသည်။

"ခင်ဗျားတို့ အားလုံး မေ့သွားကြပြီလား မသိဘူး မကြာခင်တုန်းကပဲ ကျန်းချဲ့က ထျန်းနန်နယ်စပ်ကနေ တောင်ပိုင်းယွဲ့နိုင်ငံရဲ့ စစ်တပ်တွေ ကျူးကျော်လာတာကို အောင်မြင်အောင် ကာကွယ်နိုင်ခဲ့တဲ့ အကျိုးဆောင်မှု ရှိတယ်ဆိုတာကိုလေ အဲ့ဒီတိုက်ပွဲမှာ ကျန်းချဲ့က တောင်ပိုင်းယွဲ့နိုင်ငံရဲ့ မဟာသိုင်းသခင်ကြီး လေးယောက်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့တယ်..."

"တောင်ပိုင်းယွဲ့နိုင်ငံရဲ့ လက်ရွေးစင်စစ်သည် သောင်းချီကိုလည်း သတ်ဖြတ်ခဲ့တယ် တောင်ပိုင်းဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ် ဒီအကျိုးဆောင်မှုတွေကို ခင်ဗျားတို့ အားလုံး မေ့သွားကြပြီလား သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲမှာလည်း ကျန်းချဲ့က ချင်းထျန်းဂိုဏ်းက သူပုန်တွေကို အောင်မြင်အောင် နှိမ်နှင်းနိုင်ခဲ့တယ် အလယ်ပိုင်းဒေသ ပြည်နယ် ဆယ့်နှစ်ခုလုံးက ပါရမီရှင် လူငယ်တွေကို အပြည့်အဝ ဖိနှိပ်နိုင်ခဲ့တယ်..."

"တော်ဝင်နန်းတော်ရဲ့ ဩဇာအာဏာတွေကို အကြီးအကျယ် တိုးတက်လာစေခဲ့တယ် ဒီအကျိုးဆောင်မှု နှစ်ခုပေါင်းတာတောင် နယ်စားဘွဲ့ချီးမြှင့်လို့ မရဘူးလား ဒုတိယ အဆင့် အရာရှိအဖြစ် ခန့်အပ်လို့ မရဘူးလား..."

ဤစကားကို ကြားလိုက်ရသည်နှင့် ဖုန်းထျန်း နန်းဆောင် အတွင်းရှိ အမတ်အများအပြား၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြပြီး အချို့သော သူများကတော့ လျှို့ဝှက်စွာ ခေါင်းမော့ကာ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်မင်းကို လှမ်းကြည့်လိုက်ကြလေသည်။

သို့သော် မျက်နှာကို ဖုံးကွယ်ထားသော ပုလဲကန့်လန့်ကာကြောင့် ဧကရာဇ်မင်း၏ မျက်နှာထားကို သူတို့ ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြချေ။

"ဒီကိစ္စ ငါကိုယ်တော်လည်း နည်းနည်းလေး မေ့သွားမိတယ် ထုံးတမ်းစဉ်လာဌာနက ဘယ်လို လုပ်လိုက်တာလဲ ဘယ်လိုလုပ်ပြီး ဒီလောက် ကြီးမားတဲ့ အမှားအယွင်းမျိုးကို လုပ်ရဲရတာလဲ..."

ယွမ်ခန်း ဧကရာဇ်၏ မျက်နှာထား လုံးဝ မကောင်းတော့ဘဲ တိုက်ရိုက်ပင် အော်ဟစ် ကြိမ်းမောင်းလိုက်လေသည်။

"ဒါက အရှင်မင်းကြီး ခွင့်လွှတ်ပါ ကျွန်တော်မျိုး အသက်ကြီးလာတော့ ဒီကိစ္စကို သတိမထားမိဘဲ မေ့လျော့သွားခဲ့ပါတယ်..."

ထုံးတမ်းစဉ်လာဌာန အမတ်ကြီးက လုံးဝ တွေဝေနေခြင်း မရှိဘဲ မိမိ၏ အမှားကို ချက်ချင်း ဝန်ခံလိုက်လေသည်။ ဤရလဒ်ကို သူ အစောကြီး ကတည်းက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည့်အလား ပင်ဖြစ်သည်။

"အသက်ကြီးလာပြီ ဆိုရင်လည်း အိမ်ပြန်ပြီး အနားယူသင့်ပြီ နန်းတော်ထဲမှာ ဆက်နေတာက တိုင်းပြည်ရဲ့ ကိစ္စတွေကို နှောင့်နှေးစေရုံ သက်သက်ပဲ ရှိလိမ့်မယ်..."

ကျီချန်တောက်၏ အသံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်လေသည်။

"ဒါ..."

ထုံးတမ်းစဉ်လာဌာန အမတ်ကြီးက ခေါင်းမော့ကာ အထက်နေရာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်သော ချွေးများ ချက်ချင်း စီးကျလာလေသည်။

ယွမ်ခန်း ဧကရာဇ်က ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် အောက်ဘက်တွင် ရှိနေသော အမတ်များကို သေချာစွာ စူးစမ်း အကဲခတ်နေပြီး ကျီချန်တောက်၏ မျက်နှာထားကို လုံးဝ လှည့်ကြည့်ခြင်း မရှိဘဲ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။

"လစာ တစ်နှစ်ဖြတ်မယ် နောက်လူတွေ မှတ်လောက်သားလောက် ဖြစ်သွားအောင် ပညာပေးရမယ်..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ထုံးတမ်းစဉ်လာဌာန အမတ်ကြီးက အလျင်အမြန် ခါးညွှတ်၍ အရိုအသေ ပေးလိုက်လေသည်။

All Chapters