အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း (၃၆၃) အတိတ်နှင့်မတူသော ပစ္စုပ္ပန်... ဝေ့မိသားစု၏ ရိုသေလေးစားမှု
ယွဲ့ပြည်နယ် လင်ယွမ်ဒေသ... ဝေ့မိသားစု၏ နယ်မြေ။
ကျန်းချဲ့သည် အနက်ရောင်ဝတ်ရုံကို ဆင်မြန်းလျက် လေဟာနယ်ထဲမှ ထွက်ပေါ်လာလေသည်။ သူ၏ အစွမ်းထက်သော အရှိန်အဝါများကို လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်လွှတ်ထားပြီး အရှေ့ဘက်ရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများကို ကြည့်ကာ လက်နောက်ပစ်လျက် ရပ်နေလိုက်သည်။ ထို့နောက် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
"ထျန်းနန်က ကျန်းချဲ့ပါ ဝေ့မိသားစုက တာအိုမိတ်ဆွေတို့ကို တွေ့ဆုံခွင့်ပြုပါ..."
ယခုအချိန်တွင် ကျန်းချဲ့သည် ယခင်က ထိုက်အန်းမြို့မှ သာမန်လူငယ်လေး လုံးဝ မဟုတ်တော့ချေ။ ရှန်ရှန်းအဆင့်သို့ တက်လှမ်းကာ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပြီး သူ၏ ကိုယ်ပိုင် အစွမ်းထက်သော ခွန်အားများနှင့် လောကတစ်ခွင် ကျော်ကြားနေသော ဂုဏ်သတင်းများကြောင့် ထိပ်တန်း အင်အားစုများထဲမှ တစ်ခုဖြစ်သော လင်ယွမ် ဝေ့မိသားစုကိုပင် တန်းတူ ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်လေသည်။
ထို့ကြောင့်ပင် သူသည် ယောက္ခထီးဖြစ်သူ ချီကျန်းနန်နှင့် ပြေလည်သွားပြီးနောက် မြောက်ပိုင်း ချီမိသားစု နယ်မြေမှ လျင်မြန်စွာ ထွက်ခွာခဲ့ပြီး လင်ယွမ်ဒေသ သို့ တိုက်ရိုက် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။
ကျယ်လောင်ဟိန်းဟောက်သော အသံကြီးက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ရှန်ရှန်းအဆင့်၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ထုတ်လွှတ်လိုက်ရာ မျက်တောင်တစ်ခတ် အတွင်း ဝေ့မိသားစု တစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့လေသည်။
ချက်ချင်းပင် အလင်းတန်း ဆယ်ခုကျော် ကောင်းကင်သို့ ပျံတက်လာကြပြီး ကျန်းချဲ့ ရှိရာ အရပ်သို့ တိုက်ရိုက် ဦးတည်လာကြလေသည်။
ပေဆယ်ဂဏန်းခန့် အကွာသို့ ရောက်ရှိမှသာ ရပ်တန့်သွားကြလေသည်။
ထိုအထဲတွင် အရှိန်အဝါ သုံးခုမှာ ရှန်ရှန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျန်ရှိနေသော ဆယ်ယောက်ကျော်မှာတော့ ရွှေအမြုတေအဆင့် သိုင်းသခင်များ သာ ဖြစ်ကြလေသည်။
ခေါင်းဆောင်ဖြစ်သူမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလယ်တည့်တည့်တွင် နေရာယူထားလေသည်။ မျက်နှာပေါက်မှာ လေးထောင့်စပ်စပ် ရှိပြီး သေချာကြည့်မည်ဆိုပါက ဝေ့ကျွင်းကျဲ နှင့် အနည်းငယ် ဆင်တူနေသည်ကို တွေ့နိုင်လေသည်။ သူ၏ အဆင့်အတန်း ကိုတော့ သီးသန့် ပြောနေစရာပင် မလိုတော့ချေ။ လင်ယွမ် ဝေ့မိသားစု၏ ခေါင်းဆောင် ဝေ့ချန်ဖျင် ပင်ဖြစ်သည်။
အခြား မဟာသိုင်းသခင်ကြီး နှစ်ယောက်အနက် တစ်ယောက်မှာ မျက်နှာစိမ်းဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းညွှတ်နေလေသည်။
နောက်ဆုံး တစ်ယောက်မှာတော့ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူယော်နေပြီး အိုမင်းရင့်ရော်နေသော မျက်နှာထားရှိကာ ယခင်က ရွှမ်လင် လျှို့ဝှက်နယ်မြေတွင် ကျန်းချဲ့နှင့် တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးသော ဝေ့မိသားစု၏ အကြီးအကဲ ဝေ့ချန်ကျဲ့ ပင်ဖြစ်သည်။
"အဆွေတော်က ထျန်းနန် စစ်တပ်က တပ်မှူးချုပ် ကျန်းချဲ့ တာအိုမိတ်ဆွေ ကျန်း လား..."
ဝေ့ချန်ဖျင် က ကျန်းချဲ့ကို သေချာစွာ စူးစမ်းအကဲခတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အနည်းငယ် သံသယဝင်နေသော အမူအရာများ ဖြတ်ပြေးသွားလေသည်။ အနည်းငယ် မသေချာသည့် အလားပင်ဖြစ်သည်။
ကျန်းချဲ့ ရှန်ရှန်းအဆင့်သို့ တက်လှမ်းသွားကြောင်း သတင်းကို ချီမိသားစုက တမင်သက်သက် ဖုံးကွယ်ထားခြင်း မရှိသော်လည်း ဒုတိယအကြီးအကဲ ချီထျန်းဟယ် ၏ အမိန့်ကြောင့် အချိန်တိုအတွင်း အပြင်သို့ သတင်း ပေါက်ကြားသွားခြင်း မရှိသေးချေ။
ယခုအချိန်အထိ ချီမိသားစုဝင်များသာ ကျန်းချဲ့ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာကြောင်းကို သိရှိထားကြလေသည်။ ဝေ့မိသားစုကတော့ သတင်း လုံးဝ မရရှိသေးချေ။
"ဝေ့မိသားစုခေါင်းဆောင်က မျက်စိရှင်တာပဲ..."
ကျန်းချဲ့ က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး မိမိ၏ အမည်ကို ဝန်ခံလိုက်လေသည်။ တစ်ဖက်လူ ခေါ်ဝေါ်သော တာအိုမိတ်ဆွေ ဆိုသည့် အမည်နာမ ကိုလည်း သဘာဝကျကျပင် လက်ခံလိုက်လေသည်။
ချီမိသားစုဝင် အများအပြားက ကျန်းချဲ့၏ နာမည်ကို တိုက်ရိုက် ခေါ်ဝေါ်ကြခြင်းမှာ ကျန်းချဲ့နှင့် ချီဝမ်ကျင်းတို့ လက်ထပ်မည့် ကိစ္စကြောင့် သူတို့အကြားတွင် ဆွေမျိုး ဆက်စပ်မှုများ ရှိနေသောကြောင့် ပင်ဖြစ်သည်။ ရာထူးနှင့် ခေါ်ဝေါ်လျှင် အလွန် အလှမ်းဝေးသွားမည် ဖြစ်ပြီး တာအိုမိတ်ဆွေ ဟု ခေါ်ဝေါ်ရန်လည်း မသင့်တော်သဖြင့် နာမည်ကိုသာ တိုက်ရိုက် ခေါ်ဝေါ်ကြခြင်း ဖြစ်လေသည်။
သို့သော် အပြင်ဘက်တွင်တော့ အဆင့်တူသူများက သူ့ကို တာအိုမိတ်ဆွေ ဟု ခေါ်ဝေါ်ကြမည် ဖြစ်ပြီး အဆင့်နိမ့်သူများ ကတော့ စီနီယာ ဟု ခေါ်ဝေါ်ကြရမည် သာဖြစ်သည်။
ဝေ့မိသားစု အကြီးအကဲ ဝေ့ချန်ကျဲ့ ကလည်း တွေဝေသော မျက်နှာထားဖြင့် မိသားစုခေါင်းဆောင်ကို ခေါင်းညိတ်ပြလိုက်ပြီး ကျန်းချဲ့ အစစ်အမှန် ဖြစ်ကြောင်းကို အတည်ပြုပေးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေလေသည်။
ယခုနှစ် အစောပိုင်းက ရွှမ်လင် လျှို့ဝှက်နယ်မြေတွင် ကြုံတွေ့ခဲ့ရသည်ကို ပြန်လည် တွေးတောမိသွားလေသည်။ ထိုအချိန်က ကျန်းချဲ့၏ ကျင့်ကြံခြင်း အဆင့်မှာ မွေးရာပါအဆင့် သာ ရှိသေးပြီး သူ့ကို စီနီယာ ဟု ခေါ်ဝေါ်ခဲ့ရကာ သူတို့ နှစ်ယောက်ကြားရှိ အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားခဲ့လေသည်။ ယခုအခါ တစ်နှစ်ပင် မပြည့်သေးမီ အချိန်အတွင်း ကျန်းချဲ့သည် သူနှင့် တန်းတူ ရင်ပေါင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။
ထိုမျှမက ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အရှိန်အဝါများကို ခံစားကြည့်ပြီးနောက် အကယ်၍ အမှန်တကယ် တိုက်ခိုက်ရမည် ဆိုပါက သူကိုယ်တိုင်ပင် ကျန်းချဲ့၏ ပြိုင်ဘက် မဖြစ်နိုင်ဟုပင် ကြိုတင် ခံစားနေရလေသည်။
မည်သို့ပင်ဆိုစေ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ တွင် မှတ်တမ်းတင်ထားသော ပုံရိပ်များ ထွက်ပေါ်လာခဲ့ဖူးသည် မဟုတ်ပါလား။ ထိုအချိန်ကပင် ကျန်းချဲ့သည် ရှန်ရှန်း အစောပိုင်းအဆင့် ၏ တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်နေခဲ့လေပြီ။ ယခု ကျင့်ကြံခြင်း အဆင့်များ အကြီးအကျယ် တိုးတက်လာပြီ ဖြစ်ရာ စွမ်းအားများ လည်း ပိုမို ကြောက်စရာ ကောင်းလာမည်မှာ အသေအချာ ပင်ဖြစ်သည်။
ဝေ့ချန်ဖျင် ချက်ချင်းပင် အပြုံးတစ်ပွင့် ဖန်တီးလိုက်ပြီး
"ညီလေးကျန်း ဒီလောက် မြန်မြန်ဆန်ဆန် ကြီး ရှန်ရှန်းအဆင့်ကို ရောက်သွားလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး တကယ်ကို ဝမ်းသာဂုဏ်ယူစရာပဲ ယွဲ့ပြည်နယ်ရဲ့ သိုင်းပညာရှင်တွေအတွက် စံပြပုဂ္ဂိုလ် တစ်ယောက်ပါပဲ ရှန်ရှန်းအဆင့် တက်လှမ်းခြင်း အခမ်းအနားကို ဘယ်တော့ လုပ်မလဲ မသိဘူး ကျုပ်လည်း လာပြီး ဝိုင်အရက်လေး တစ်ခွက်လောက်တော့ သောက်ချင်သေးတယ်..."
"အခမ်းအနား ကတော့ မလုပ်တော့ပါဘူး ဒါပေမဲ့ အစ်ကိုဝေ့ အချိန်အားမယ် ဆိုရင်တော့ လာမယ့်လ လဆန်း တစ်ရက်နေ့မှာ ကျင်းပမယ့် ကျုပ်ရဲ့ မင်္ဂလာပွဲကိုတော့ သေချာပေါက် ကြွရောက်ပေးပါ..."
တစ်ဖက်လူက မျက်နှာသာပေးမှတော့ ကျန်းချဲ့ကလည်း သဘာဝကျကျပင် ယဉ်ကျေးမှု ပြန်လည် ပြသလိုက်လေသည်။
"ဟားဟားဟား ကောင်းပါပြီ ကောင်းပါပြီ ကျုပ် သေချာပေါက် လာခဲ့ပါ့မယ် ဒါနဲ့ ညီလေးကျန်း ဒီတစ်ခေါက် ဝေ့မိသားစုကို ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ..."
ဝေ့ချန်ဖျင် ဆက်လက် မေးမြန်းလိုက်လေသည်။
"ကျုပ်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ခုရှိလို့ အစ်ကိုဝေ့ကို အကူအညီ လာတောင်းတာပါ..."
ကျန်းချဲ့ က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
ဝေ့ချန်ဖျင် သဘောပေါက်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်ကာ ဖိတ်ခေါ်လိုက်လေသည်။
"ညီလေးကျန်း ငါတို့ အထဲသွားပြီး အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့..."
"ကောင်းပါပြီ..."
ဝေ့ချန်ဖျင် က ကျန်းချဲ့ကို ဤမျှလောက် ရိုသေလေးစားနေခြင်းမှာ အကြောင်းပြချက် မရှိဘဲ လုပ်ဆောင်နေခြင်း လုံးဝ မဟုတ်ချေ။ ပထမဆုံး အချက်မှာ ကျန်းချဲ့သည် အစစ်အမှန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်ပြီး သာမန် မဟာသိုင်းသခင်ကြီး များလောက်သာ မကချေ။
သူသည် မြောက်ပိုင်း ချီမိသားစု၏ သမက်တော် ဖြစ်သလို ရှန့်ဟိုင်မြို့ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ ၏ နံပါတ်တစ် လည်း ဖြစ်သည်။ ယခုအခါ တော်ဝင်နန်းတော်က သတ်မှတ်ထားသော သိုင်းအဆင့် သတ်မှတ်ချက် စာရင်း၏ နံပါတ်တစ် နေရာကို ရယူထားသူ ဖြစ်ပြီး တော်ဝင်နန်းတော် ၏ အင်အားကြီးမားသော ကြယ်ပွင့်သစ် တစ်ပွင့် သေချာပေါက် ဖြစ်လာတော့မည် ဖြစ်လေသည်။
သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် မဟာမိုးကြိုးအသံ ဘုန်းကြီးကျောင်းမှ ဘုန်းကြီး ဆန်ကျန့် နှင့် သူ တိုက်ခိုက်ခဲ့သော မှတ်တမ်းတင် ပုံရိပ်ကို ကြည့်ရှုဖူးသူ တိုင်းက ကျန်းချဲ့တွင် သိုင်းသူတော်စင် ဖြစ်လာမည့် အရည်အချင်းများ အပြည့်အဝ ရှိနေကြောင်း လက်ခံထားကြလေသည်။ ဤကဲ့သို့သော တည်ရှိမှုမျိုးကို ဝေ့မိသားစု အနေဖြင့် အလွန် ယဉ်ကျေးစွာ ဆက်ဆံသင့်ပေသည်။
ထို့အပြင် ကျန်းချဲ့ ယခုအခါ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာပြီဖြစ်ရာ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုများ တည်ငြိမ်သွားပါက အချိန်သိပ်မကြာခင်မှာပင် တော်ဝင်နန်းတော်၏ နယ်စားပယ်စား အရာရှိကြီး တစ်ယောက် သေချာပေါက် ဖြစ်လာတော့မည် ဖြစ်လေသည်။ သူ၏ ဩဇာအာဏာမှာ လင်ယွမ် ဝေ့မိသားစုထက် လုံးဝ နိမ့်ကျမည် မဟုတ်ချေ။
ပို၍ပင် အလားအလာ ကောင်းမွန်နေသေးလေသည်။
ထိုအရာများအပြင် ကျန်းချဲ့ သည် တောင်ပိုင်းယွဲ့ နိုင်ငံ၏ စစ်တပ်ကြီးကို သတ်ဖြတ်ခဲ့သော ကြောက်မက်ဖွယ် စစ်ပွဲမှတ်တမ်းများလည်း ရှိနေသလို နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သော လုပ်ရပ်များကလည်း ရှိနေသေးလေသည်။ ဤကဲ့သို့သော သူမျိုးကို ညီအစ်ကို အဖြစ် ခေါ်ဝေါ်ပေါင်းသင်း၍ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်သင့်ပေသည်။
ထိုအရာများအပြင် နောက်ထပ် ဆက်ဆံရေး တစ်ခုလည်း ရှိနေသေးလေသည်။ ၎င်းမှာ ကျန်းချဲ့နှင့် သူ၏ ညီမဖြစ်သူ ဝေ့ယိုရုံ တို့ အလွန် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြခြင်း ပင်ဖြစ်သည်။
မကြာသေးမီ ကပင် ဝေ့ယိုရုံ က သူ့ထံသို့ စာပို့လာပြီး သူမနှင့် ကျန်းချဲ့တို့ အဆက်အသွယ် ရှိကြောင်းကို အရိပ်အမြွက် ပြောကြားလာကာ လင်ယွမ် ဝေ့မိသားစု အနေဖြင့် ကျန်းချဲ့နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားသင့်ကြောင်း အကြံပြုလာခဲ့လေသည်။
မူလက သူသည် ကျန်းချဲ့ ကဲ့သို့သော တော်ဝင်နန်းတော်၏ မျက်နှာသစ် အရာရှိ တစ်ယောက်နှင့် ဆက်ဆံရေး နီးကပ်လာအောင် မည်သို့ လုပ်ဆောင်ရမည်ကို ခေါင်းခဲနေခဲ့လေသည်။ ယခုအခါတွင်တော့ ကျန်းချဲ့ ကိုယ်တိုင် အိမ်တိုင်ရာရောက် လာပြီး အကူအညီ တောင်းခံလာပြီဖြစ်ရာ ဤအခွင့်အရေးကို အသုံးချ၍ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရမည် သာဖြစ်သည်။
မြောက်ပိုင်း ချီမိသားစု လောက် အလျင်အမြန် လက်ဦးမှု မရယူနိုင်ခဲ့သော်လည်း အကယ်၍ နောင်တစ်ချိန်တွင် ကျန်းချဲ့သာ သိုင်းသူတော်စင် အမှန်တကယ် ဖြစ်လာခဲ့မည် ဆိုပါက ဝေ့မိသားစု အနေဖြင့် ဤ အစောပိုင်း ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ဆက်ဆံရေးကြောင့် အကျိုးကျေးဇူး အများအပြား ရရှိနိုင်မည် မှာ အသေအချာ ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ လင်ယွမ် ဝေ့မိသားစု သည် ထိပ်တန်း အင်အားစု တစ်ခုအဖြစ် သတ်မှတ်ခံထားရသော်လည်း ပြဿနာမှာ ထို ထိပ်တန်း အင်အားစုများထဲတွင် အနိမ့်ဆုံး အလွှာ၌သာ ရှိနေခြင်း ပင်ဖြစ်သည်။ မြောက်ပိုင်း ချီမိသားစုနှင့် ယှဉ်ပြိုင်ရန် ဆိုသည်ကို အသာထား နဂါးကျား တာအိုဂိုဏ်းနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး ကွာခြားနေသေးလေသည်။
အမှန်တကယ်တော့ လင်ယွမ် ဝေ့မိသားစု ကြီးထွားလာခဲ့သည်မှာ လွန်ခဲ့သော နှစ်ရာဂဏန်း အတွင်းက သာ ဖြစ်ပြီး အစွမ်းအထက်ဆုံး သူမှာ ရှန်ရှန်း နောက်ပိုင်းအဆင့် ရှိသော ဘိုးဘေး အရှင်သခင် တစ်ပါးသာ ရှိလေသည်။ ထိုသူ ကိုယ်တိုင် ပင်လျှင် ယခုအခါ ရှန်ရှန်း အလယ်အလတ်အဆင့် တွင်သာ ရှိနေသေးလေသည်။
ဝေ့ချန်ဖျင် သည် ကျန်းချဲ့ကို ဝေ့မိသားစု အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး တစ်ဖက်မှလည်း ကျန်းချဲ့ကို ဧည့်ခံရန်အတွက် ဧည့်ခံပွဲ အမြန်ဆုံး ပြင်ဆင်ရန် အစေခံများကို အမိန့်ပေးလိုက်လေသည်။ အခြားတစ်ဖက် တွင်တော့ ကျန်းချဲ့ကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင် အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် သွားလေသည်။
နှစ်ဖက်စလုံး နေရာယူပြီးနောက် ဝေ့ချန်ဖျင် က စကားဝှက်များ မပြောတော့ဘဲ တိုက်ရိုက်ပင် စကားစလိုက်လေသည်။
"ညီလေးကျန်း ဘာပြောစရာ ရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ ကျုပ် လုပ်ပေးနိုင်သမျှ ဆိုရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး..."
ဤစကားမှာ အကန့်အသတ် တစ်ခု သတ်မှတ်လိုက်ခြင်း ပင်ဖြစ်သည်။ ကျန်းချဲ့ တောင်းဆိုလာမည့် အရာများ အလွန် ခက်ခဲလွန်းနေမည်ကို သူ အနည်းငယ် စိုးရိမ်နေမိလေသည်။
"အစ်ကိုဝေ့ကို မဖုံးကွယ်တော့ပါဘူး ကျုပ် ဒီကို လာတာက ရွှမ်လင် လျှို့ဝှက်နယ်မြေ ရဲ့ အစီအရင် သော့ ကို လာငှားတာပါ..."
ကျန်းချဲ့ ကလည်း ပွင့်ပွင့်လင်းလင်း ပင် ပြောပြလိုက်လေသည်။
"ရွှမ်လင် လျှို့ဝှက်နယ်မြေ လား..."
စကားတစ်ခွန်းက ဝေ့ချန်ဖျင် ကို ချက်ချင်း မှင်သက်သွားစေခဲ့လေသည်။ ကျန်းချဲ့ ဤကိစ္စအတွက် လာရောက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဟုတ်ပါတယ် ရွှမ်လင် လျှို့ဝှက်နယ်မြေ ပါ ကျုပ်က အဲ့ဒီ လျှို့ဝှက်နယ်မြေထဲကို သွားဖို့ အရေးကြီး ကိစ္စလေး တစ်ခုရှိနေလို့ ဝေ့မိသားစု ကို အကူအညီ လာတောင်းရတာပါ..."
"ညီလေးကျန်း ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲကို ဝင်တာ တစ်ခုခု သွားယူမလို့ မဟုတ်လား..."
"ဟုတ်ပါတယ် ဝိညာဉ်ရတနာ တစ်ခု သွားယူမလို့ပါ..."
ဝေ့ချန်ဖျင် က ဝိညာဉ်လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး အချိန်အနည်းငယ်မျှ စဉ်းစားလိုက်လေသည်။
"ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ချင်တယ် ဆိုရင် အစီအရင် သော့တွေကို အရင်ဆုံး စုဆောင်းဖို့ လိုအပ်တယ် မဟုတ်ရင် တားမြစ် အစီအရင်တွေကို ဖျက်ဆီးပစ်ဖို့ပဲ တတ်နိုင်လိမ့်မယ် ဒါပေမဲ့ ကျုပ် သိထားသလောက် ဆိုရင် ချီမိသားစု နဲ့ လင်းမိသားစု က ရန်သူတွေလေ ညီလေးကျန်း အနေနဲ့ လင်းမိသားစု ဆီကနေ အစီအရင် သော့ကို သွားငှားနိုင်ဖို့ သေချာရဲ့လား..."
"ကျုပ် ဒီကို ရောက်လာကတည်းက သေချာပေါက် ယုံကြည်ချက် ရှိလို့ပါ အစ်ကိုဝေ့ အနေနဲ့ ကျုပ် မျက်နှာကို ထောက်ထားပြီး အစီအရင် သော့လေး ငှားပေးဖို့ မျှော်လင့်ပါတယ်..."
"အစီအရင် သော့ တစ်ခုလောက် ကတော့ ပြဿနာ မရှိပါဘူး ကျုပ် ချက်ချင်း လူလွှတ်ပြီး ယူခိုင်းလိုက်ပါ့မယ်..."
အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဝေ့ချန်ဖျင် သည် ကျန်းချဲ့၏ တောင်းဆိုချက်ကို ချက်ချင်း သဘောတူလိုက်လေသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ သည် နှစ်အနည်းငယ် ကြာတိုင်း တစ်ကြိမ် ဖွင့်လှစ်လေ့ ရှိပြီး အတွင်းရှိ ဝိညာဉ်ရတနာ များမှာလည်း ကန့်သတ်ချက် အများအပြား ရှိလေသည်။ ကျန်းချဲ့ သွားရောက် ယူဆောင်မည် ဆိုလျှင်တောင် မှ အများကြီး ယူဆောင်နိုင်မည် မဟုတ်ချေ။ ငှားလိုက်၍ လည်း ပြဿနာ မရှိနိုင်ချေ။
သို့သော် အကယ်၍သာ သူ ငှားရမ်းခြင်း မပြုပါက ကျန်းချဲ့ နှင့် ရန်သူ ဖြစ်သွားသည်နှင့် အတူတူပင် ဖြစ်လေသည်။ ဝေ့မိသားစု အနေဖြင့် ဆုံးရှုံးမှုများ အလွန် ကြီးမားသွားမည် ဖြစ်လေသည်။ ယင်းနှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့ ကဲ့သို့သော ကြယ်ပွင့်သစ် တစ်ပွင့်နှင့် မိတ်ဆွေ ဖွဲ့ထားခြင်းက ပိုမို ကောင်းမွန်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဝေ့..."
ဤတစ်ကြိမ် ဤမျှလောက် အံ့မခန်း ချောမွေ့ အဆင်ပြေသွားလိမ့်မည်ဟု ကျန်းချဲ့ ကိုယ်တိုင်ပင် လုံးဝ ထင်မှတ် မထားခဲ့ချေ။
သူ၏ ခန့်မှန်းချက် အရ ဆိုလျှင် အနည်းဆုံးတော့ ဝေ့မိသားစု အနေဖြင့် တောင်းဆိုချက် အချို့ကို ပြောဆိုလာမည် ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ သူ စကားစလိုက်သည် နှင့် တစ်ပြိုင်နက် ချက်ချင်း သဘောတူ လိုက်လေသည်။
ဤအချက်ကပင် မိမိ၏ ယခုလက်ရှိ အဆင့်အတန်း ကို ပြန်လည် အကဲဖြတ်ရန် သူ့ကို သတိပေးလိုက်သလို ပင်ဖြစ်သည်။ ရှန်ရှန်းအဆင့် သို့ ရောက်ရှိသွားပြီ ဆိုသည်နှင့် တကယ်ကို ကွာခြားသွားခဲ့လေပြီ။
သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ တွင် ရရှိခဲ့သော ဂုဏ်သတင်း များနှင့် ပေါင်းစပ်လိုက်မည် ဆိုပါက ယခုအချိန်တွင် သူ့ကို အလယ်ပိုင်းဒေသ တစ်ခုလုံး တုန်လှုပ်စေသူ ဟု ခေါ်ဝေါ်လျှင်တောင် လွန်မည် မဟုတ်ချေ။ ထို့အပြင် သူ ရှန်ရှန်းအဆင့် သို့ တက်လှမ်းသွားကြောင်း သတင်းများသာ အပြင်သို့ ပျံ့နှံ့သွားမည် ဆိုပါက အလွန် ကြီးမားသော လှိုင်းဂယက် ကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာဦးမည် မှာ အသေအချာ ပင်ဖြစ်သည်။
အခြား တစ်ဖက်တွင်တော့ ဝေ့ကျွင်းကျဲ သည် ကျန်းချဲ့ ရောက်ရှိနေကြောင်း ကြားလိုက်ရသည်နှင့် အလျင်အမြန် ပင် ဧည့်ခန်းမဆောင် အတွင်းသို့ ပြေးဝင်လာပြီး ကျန်းချဲ့ကို လာရောက် တွေ့ဆုံလေသည်။ မျက်နှာပေါ်တွင်လည်း အလွန် ဝမ်းသာပျော်ရွှင် နေသော အမူအရာများ ပေါ်လွင်နေလေသည်။
"အစ်ကိုကျန်း အစ်ကိုကျန်း ဘယ်လိုလုပ်ပြီး ဝေ့မိသားစု ဆီကို ရုတ်တရက် ရောက်လာရတာလဲ..."
ယခင်က ရှန့်ဟိုင်မြို့ တွင် လုကျဲ့ယွင် နှင့် မိတ်ဆက်ပေးစဉ် က ကျန်းချဲ့ သူ့ကို မျက်နှာသာ ပေးခဲ့သဖြင့် အလွန် ဝမ်းသာ ခဲ့ရလေသည်။ ထိုကိစ္စ ပြီးနောက် ထိုအကြောင်းပြချက် ဖြင့် ပါရမီရှင် အများအပြား ၏ အာရုံစိုက် မှုကို သူ ရရှိခဲ့လေသည်။ အထူးသဖြင့် လုကျဲ့ယွင် သည် သူ့အပေါ် အလွန် ကျေးဇူးတင် ခဲ့လေသည်။
သို့သော် သူ၏ ထို ကျေးဇူးတင်မှုများ ကတော့ ကျန်းချဲ့ ၏ အပေါ်သို့သာ ကျရောက်သွားခဲ့လေသည်။
ယခုအခါ သူသည် ဝေ့မိသားစု၏ သခင်လေး မဟုတ်တော့ဘဲ အခြား မျိုးနွယ်စုခွဲ တစ်ခုမှ ပါရမီရှင် တစ်ယောက် က ထိုနေရာကို လုယူသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ အဆင့်အတန်း မှာ အလွန် မြင့်မား နေဆဲပင် ဖြစ်သည်။ ဝေ့ချန်ဖျင် ၏ အချစ်ဆုံး သားတော် တစ်ယောက် ဖြစ်နေဆဲ ပင်ဖြစ်သည်။
ယခုတစ်ကြိမ် ကျန်းချဲ့ လင်ယွမ် ဝေ့မိသားစု ထံသို့ လာရောက်ရခြင်းမှာ သေချာပေါက် ကိစ္စတစ်ခုခု အကူအညီ တောင်းခံရန် လာခြင်းဖြစ်ကြောင်း သူ ရိပ်မိနေလေသည်။ အကယ်၍ စကားပြောဆိုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက ကျန်းချဲ့ကို တတ်နိုင်သမျှ ကူညီပေးရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲ က ကျန်းချဲ့ အပေါ် သူ့ကို အပြည့်အဝ အရှုံးပေးသွားစေခဲ့လေသည်။ သူနှင့် ကျန်းချဲ့ အကြားရှိ ကွာဟမှု မှာ တစ်တန်းတည်း လုံးဝ မဟုတ်ကြောင်းကို အပြည့်အဝ နားလည် သဘောပေါက် သွားခဲ့ပြီး ကျန်းချဲ့ ၏ ကြီးမားလှသော အလားအလာ များကိုလည်း ကောင်းစွာ သိမြင်ထားသဖြင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုခြင်း ပင်ဖြစ်သည်။
ဝေ့ချန်ဖျင် မျက်နှာ မည်းမှောင်သွားပြီး ချက်ချင်းပင် အော်ဟစ် ကြိမ်းမောင်းလိုက်လေသည်။
"ဘာ အစ်ကိုကျန်း လဲ အဖေက တာအိုမိတ်ဆွေကျန်း နဲ့ ညီအစ်ကိုတွေလို ဆက်ဆံနေတာ မင်းက ဦးလေးကျန်း လို့ ခေါ်မှ သင့်တော်မှာပေါ့..."
သူတို့ သားအဖ နှစ်ယောက်စလုံး က ကျန်းချဲ့ ကို ညီအစ်ကို ဟု ခေါ်ဝေါ်မည် ဆိုပါက ထို ဆက်ဆံရေး ကြီးက ဘာကြီး ဖြစ်သွားတော့မည်နည်း။
သူ့ကို အထက် တစ်ဆင့် မြှင့်တင်ရန် ဆိုသည်မှာ သာ၍ပင် မဖြစ်နိုင်ချေ။ ယခု လက်ရှိ အဆင့်အတန်း အရ ဆိုလျှင် သူဖြစ်စေ ကျန်းချဲ့ ဖြစ်စေ တန်းတူ ဆက်ဆံခြင်း ကသာ အသင့်တော်ဆုံး ပင်ဖြစ်သည်။ အကယ်၍သာ လူကြီး တစ်ယောက်လို မာနထောင်လွှား ပြနေမည် ဆိုပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု များကိုသာ ဖြစ်ပေါ်စေမည် ဖြစ်လေသည်။
"ဟာ ဦးလေးကျန်း ဟုတ်လား..."
ဝေ့ကျွင်းကျဲ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်သွားသော အမူအရာများ ပေါ်လွင်နေပြီး ဖခင်ဖြစ်သူ က ရုတ်တရက် ဤကဲ့သို့ ပြောဆိုလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူ၏ အမြင်တွင် ကျန်းချဲ့ သည် အမြဲတမ်း သူနှင့် မျိုးဆက် တစ်ခုတည်း သာ ဖြစ်သည် မဟုတ်ပါလား။
ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လူကြီး တစ်ယောက် ဖြစ်သွားရတာလဲ။
ကျန်းချဲ့ က လက်ကာပြလိုက်ပြီး သူတို့၏ ခေါ်ဝေါ်မှု ပြဿနာ ပိုမို ဆိုးရွားလာမည်ကို ဝင်ရောက် တားဆီးလိုက်လေသည်။
"အစ်ကိုဝေ့ ဒီလို လုပ်စရာ မလိုပါဘူး ကျုပ်နဲ့ ကျွင်းကျဲ ကလည်း အရမ်း ရင်းနှီးတဲ့ မိတ်ဆွေတွေပါပဲ တစ်ယောက်တစ်မျိုးစီ သီးသန့်ပဲ ခေါ်ကြတာပေါ့..."
ဦးလေးကျန်း တို့ အစ်ကိုကျန်း တို့ ဆိုတာက တကယ်တမ်း စဉ်းစားကြည့်လျှင် အရမ်းကို ရှုပ်ထွေး လွန်းလှပေသည်။
ဝေ့ချန်ဖျင် ကတော့ မျက်နှာကို တည်တည်ထား၍ ပြောလိုက်လေသည်။
"တာအိုမိတ်ဆွေကျန်း က မကြာသေးခင်ကပဲ ရှန်ရှန်းအဆင့်ကို တက်လှမ်းသွားပြီး မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်နေပြီ လုံးဝ ရိုင်းစိုင်းလို့ မရဘူး..."
ယခင်က ကျန်းချဲ့နှင့် ဝေ့ကျွင်းကျဲ တို့ အကြားတွင် ပြဿနာ အနည်းငယ် ရှိခဲ့ဖူးကြောင်းကို ဝေ့ချန်ဖျင် ကောင်းစွာ သိရှိထားလေသည်။ အလွန် ရင်းနှီးသော မိတ်ဆွေများ ဆိုသည်မှာ ကျန်းချဲ့ က မျက်နှာသာ ပေး၍သာ ထိုသို့ ပြောဆိုနေခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ဝေ့ကျွင်းကျဲ အနေဖြင့် လက်တွေ့ အခြေအနေကို သေချာစွာ မြင်တွေ့နိုင်စေရန် သတိပေးရမည် သာဖြစ်သည်။
"ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး..."
ဝေ့ကျွင်းကျဲ နေရာတွင်ပင် မှင်သက်သွားပြီး လုံးဝ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကျန်းချဲ့ကို ကြည့်နေလေသည်။
ယခုအချိန်မှသာ သူနှင့် ကျန်းချဲ့တို့ အကြားတွင် အလွန် ထူထပ်သော အတားအဆီး ကြီးတစ်ခု ခြားနားသွားပြီ ဖြစ်ကြောင်းကို သူ ကောင်းစွာ သဘောပေါက် သွားခဲ့လေသည်။ ထို့အပြင် ဤ ကွာဟမှု ကြီးမှာ အချိန်ကြာလာသည်နှင့် အမျှ ပိုမို ကြီးမား လာတော့မည် ဖြစ်လေသည်။
ဝေ့ကျွင်းကျဲ သက်ပြင်း ကြီးကြီး တစ်ချက် ချလိုက်ပြီး အလျင်အမြန် သတိပြန်ဝင်လာကာ ကျန်းချဲ့ကို ခါးညွှတ်၍ အရိုအသေ ပေးလိုက်လေသည်။
"စီ စီနီယာကျန်း..."
ဤ အရိုအသေ ပေးခြင်းမှာ ကျန်းချဲ့ ၏ ရှန်ရှန်းအဆင့် ကျင့်ကြံခြင်း အတွက် ဖြစ်သလို သူတို့ နှစ်ယောက် ကြားရှိ အလွန် ကြီးမားလှသော ကွာဟမှု ကြီးအတွက် လည်း ဖြစ်လေသည်။ နောက်ပိုင်းတွင် သူ၏ ပါးစပ်မှ အစ်ကိုကျန်း ဟူသော စကားလုံး ကို လုံးဝ ထုတ်ပြော၍ ရမည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။
ဖခင်ဖြစ်သူ ကိုယ်တိုင် ပင်လျှင် ယဉ်ကျေးစွာ ဆက်ဆံနေရသူ တစ်ယောက် ကို ဝေ့မိသားစု၏ သခင်လေး ပင် မဟုတ်တော့သော သူတစ်ယောက် က တန်းတူ ဆက်ဆံရန် ဆိုသည်မှာ လုံးဝ အရည်အချင်း မရှိတော့ချေ။
ကျန်းချဲ့ က လက်ကာပြလိုက်လေသည်။
"ကျွင်းကျဲ မင်း အရမ်း ယဉ်ကျေးလွန်းနေပါပြီ အစ်ကိုဝေ့ ကလည်း စောစောက အလကား သက်သက် ပြောလိုက်တာပါ ငါတို့တွေ နောက်ပိုင်းကျရင် တစ်ယောက်တစ်မျိုးစီ သီးသန့်ပဲ ခေါ်ကြတာပေါ့..."
ဝေ့ကျွင်းကျဲ က အလျင်အမြန် ပင် ခေါင်းငုံ့လိုက်လေသည်။
"ကျွင်းကျဲ အဲ့ဒီလို မလုပ်ရဲပါဘူး..."
ဝေ့ကျွင်းကျဲ ကို အချိန်အနည်းငယ်မျှ စူးစိုက်ကြည့်ပြီးနောက် ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆက်လက်၍ အတင်းအကျပ် မတောင်းဆိုတော့ချေ။ မည်သို့ပင်ဆိုစေ သူနှင့် ဝေ့ကျွင်းကျဲ တို့ အကြားရှိ ဆက်ဆံရေး မှာ သာမန်မျှသာ ဖြစ်သည် မဟုတ်ပါလား။
အချိန်အနည်းငယ်မျှ စကားပြောဆို ပြီးနောက် ဧည့်ခံပွဲ စတင်လေသည်။
ဝေ့မိသားစု သည် ကျန်းချဲ့ကို အလွန် ကြီးမားသော ဧည့်ဝတ်ကျေပွန်မှု များကို ပြသခဲ့လေသည်။ ဝေ့မိသားစု ခေါင်းဆောင် နှင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး များ ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပေးကြပြီး ဝေ့မိသားစု ၏ သခင်လေး နှင့် ဝေ့ကျွင်းကျဲ တို့ပင်လျှင် အရန် အဖြစ်သာ နေရာယူ နိုင်ကြလေသည်။
ယခုအချိန်တွင် ကျန်းချဲ့ သည် အသက်အရွယ် အလွန် ငယ်ရွယ်သေးသော်လည်း သူ၏ အဆင့်အတန်း မှာတော့ အများကြီး ပြောင်းလဲ သွားခဲ့လေပြီ။
ဧည့်ခံပွဲ တွင် စကားဝိုင်း များမှာ အလွန် အသက်ဝင် နေလေသည်။ တော်ဝင်နန်းတော် က သူ့ကို မည်သည့် ဆုချီးမြှင့်မှု များ ပေးအပ်မည်နည်း နယ်စားဘွဲ့ ရနိုင်ခြေ ရှိမရှိ စသည်တို့ကို ဝေ့ချန်ဖျင် က အလွန် သိချင်စိတ် ပြင်းပြစွာ ဖြင့် မေးမြန်း ခဲ့လေသည်။
သို့သော် ဤကိစ္စ အတွက် ကျန်းချဲ့ ကတော့ ခေါင်းရမ်းရုံ သာ တတ်နိုင်လေသည်။
သူ မပြောချင်၍ မဟုတ်ဘဲ သူကိုယ်တိုင် လည်း လုံးဝ မသိရှိ သေးသောကြောင့် ပင်ဖြစ်သည်။ သို့သော် အသေးစိတ် အခြေအနေ များကို မသိရှိရသေး သော်လည်း သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ မှ အကျိုးဆောင်မှု များနှင့် ယခင်က ထျန်းနန် တိုက်ပွဲ မှ အကျိုးဆောင်မှု များကို ပေါင်းစပ်လိုက်မည် ဆိုပါက အနည်းဆုံးတော့ မြို့စားဘွဲ့ တစ်ခုတော့ ရရှိနိုင်မည် ဟု သူ ယုံကြည်ထားလေသည်။
ရာထူး အဆင့်အတန်း လည်း သေချာပေါက် တိုးတက်လာမည် ဖြစ်လေသည်။ တတိယအဆင့် အရာရှိ ဆိုသည်မှာ အနိမ့်ဆုံး သာ ဖြစ်ပြီး ဒုတိယ အဆင့် အရာရှိ အဖြစ် ခန့်အပ် ခံရမည် ဆိုလျှင်တောင် လုံးဝ မဖြစ်နိုင်စရာ အကြောင်း မရှိချေ။ သို့သော် ထိုအရာများ အားလုံးမှာ သူ ရှန်ရှန်းအဆင့် သို့ တက်လှမ်းသွားကြောင်း သတင်းများ အပြင်သို့ ပျံ့နှံ့သွားမှ သာ ဖြစ်လေသည်။
ဝေ့ကျွင်းကျဲ သည် လက်တွေ့ အခြေအနေကို သိရှိသွားပြီးနောက် မိမိ၏ နေရာကို အလျင်အမြန် ပင် နေရာချထား နိုင်ခဲ့လေသည်။
"စီနီယာကျန်း လာမယ့်လ လဆန်း တစ်ရက်နေ့ကျရင် မင်္ဂလာပွဲ ရှိတယ်ဆိုတော့ အဲ့ဒီအချိန်ကျရင် ကျွန်တော် လည်း လာပြီး ဝိုင်အရက်လေး တစ်ခွက်လောက် သောက်လို့ ရမလား..."
"ကျွင်းကျဲ အချိန်အားတယ် ဆိုရင်တော့ ကျုပ်က သေချာပေါက် ကြိုဆိုပါတယ်..."
ဝေ့ကျွင်းကျဲ အလွန် လေးနက်စွာ ဖြင့် ခေါင်းညိတ် လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
ချီမိသားစု သို့ သွားရောက်ရမည့် ခရီးစဉ် အတွက် သူ၏ ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ပေါက်ဖွား လာခဲ့လေသည်။ မဟုတ်သေးဘူး တိတိကျကျ ပြောရမည် ဆိုလျှင် ဤအခွင့်အရေး ကို အသုံးချ ၍ ချီနင်ပင်း ကို နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံ ချင်သောကြောင့် ပင်ဖြစ်သည်။
သူနှင့် တစ်ဖက်လူ တို့ အကြားတွင် လုံးဝ မဖြစ်နိုင်တော့ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။ သူ ကြိုးစား ခဲ့ဖူးသော်လည်း လုံးဝ အသုံးမဝင် ခဲ့ချေ။ သို့သော် ဘာကြောင့်မှန်း မသိဘဲ ကျန်းချဲ့ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာသည်ကို တွေ့လိုက်ရပြီးနောက် ချီနင်ပင်း ကို တစ်ကြိမ်လောက် သွားတွေ့ချင်စိတ် ပေါ်လာမိလေသည်။ အဝေးမှနေ၍ တစ်ချက်လောက် လှမ်းကြည့်ရလျှင်ပင် ကျေနပ်ပြီ ဖြစ်လေသည်။
ဝေ့မိသားစု ၏ သခင်လေး ကလည်း ချက်ချင်းပင် ဝင်ရောက် ပြောဆိုလိုက်လေသည်။
"စီနီယာကျန်း ကျွန်တော် လည်း လာချင်ပါတယ်..."
ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
"ကောင်းပါပြီ အဲ့ဒီအချိန်ကျရင် မြောက်ပိုင်း ချီမိသားစု နယ်မြေကနေ ခင်ဗျားတို့ အားလုံးကို စောင့်နေပါ့မယ်..."
စားသောက်ပြီးစီး သွားသောအခါ ကျန်းချဲ့ သည် ဝေ့မိသားစု ၏ အစီအရင် သော့ ကို ယူဆောင် ကာ လင်ယွမ်ဒေသ မှ ထွက်ခွာ လာခဲ့လေသည်။ ဝေ့မိသားစု ခေါင်းဆောင် ဝေ့ချန်ဖျင် ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပို့ဆောင် ပေးခဲ့ပြီး ကျန်းချဲ့ အပေါ် အလွန် ကြီးမားသော ဧည့်ဝတ်ကျေပွန်မှု များနှင့် လေးစားမှု များကို ပြသခဲ့လေသည်။
ကျန်းချဲ့ ဝေ့မိသားစု မှ ထွက်ခွာ သွားပြီး သိပ်မကြာမီ အချိန်အတွင်းမှာပင် ကျန်းချဲ့ ရှန်ရှန်းအဆင့် သို့ တက်လှမ်း သွားပြီး မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာကြောင်း သတင်း များမှာ သိုင်းလောက တစ်ခွင်လုံး တွင် အလွန် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့လေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မရေမတွက်နိုင်သော သိုင်းပညာရှင် များ အားလုံး အကြီးအကျယ် တုန်လှုပ် သွားကြလေသည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့ အဆင့် တက်လှမ်း သွားသည်မှာ အလွန် မြန်ဆန် လွန်းလှပေသည်။ ယခု သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ ပြီးဆုံးသွားသည်မှာ ရက်အနည်းငယ် သာ ရှိသေးသော်လည်း ကျန်းချဲ့ ဤမျှလောက် အလွယ်တကူ အဆင့် တက်လှမ်း သွားခဲ့ပြီလား။
တစ်ချိန်တည်း မှာပင် သိုင်းပညာရှင် အများစု ကလည်း အလွန် သိချင်စိတ် ပြင်းပြ လာကြလေသည်။ ကျန်းချဲ့ ၏ ရှန်ရှန်းအဆင့် အဆင့်တက်လှမ်းမှု တွင် ကောင်းကင်နှင့် မြေကြီး၏ နိမိတ်လက္ခဏာ ဘယ်နှစ်ခုများ ထွက်ပေါ်လာခဲ့သနည်း။