← Chapters

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း (၃၆၅) ရှန်းကျီ၏ ကျေးဇူးတင်စကား... ယဇ်ပူဇော်ပစ္စည်းများ ပြည့်စုံသွားခြင်း

ကျန်းချဲ့ တွေဝေနေသည်ကို မြင်သောအခါ ကျောက်ရှန်းကျီ က မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

"တာအိုမိတ်ဆွေမှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား..."

ကျန်းချဲ့ ခေါင်းရမ်းလိုက်ပြီး အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။

"အခက်အခဲ ရှိလို့ မဟုတ်ပါဘူး... ရှန်းကျီ နတ်သမီးရဲ့ ယင်နဲ့ ယန် ကို ညီမျှအောင် ဘယ်လို ကူညီပေးရမလဲ ဆိုတာကို ကျုပ်လည်း မသိလို့ပါ... အရင်တုန်းက ယင်ယန် မိစ္ဆာမီးတောက်ကို သိမ်းပိုက်နိုင်ခဲ့တာ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုက အရမ်းကြီးမားခဲ့လို့ပါ... ဒါပေမဲ့ ရှန်းကျီ နတ်သမီးမှာ တစ်ခုခု အကြံဉာဏ် ရှိတယ်ဆိုရင်တော့... ကျုပ် အနေနဲ့ စမ်းကြည့်ပေးလို့ ရပါတယ်..."

"ဒါ..."

ကျောက်ရှန်းကျီ ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပြည့်နှက်သွားပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားရလေသည်။

သူမ ကိုယ်တိုင်လည်း ယင်နှင့် ယန် ညီမျှစေရန် အတွက် မည်သည့် အကြံဉာဏ်ကောင်းမှ မရှိချေ။ ထို့ကြောင့်ပင် ဤအချိန်အထိ ဤပြဿနာကို မဖြေရှင်းနိုင်ဘဲ တောင့်ခံနေခဲ့ရခြင်း ဖြစ်လေသည်။ သို့သော် ကျန်းချဲ့ က အလွတ်ရုန်း ငြင်းဆန်နေခြင်း မဟုတ်ကြောင်းကို သူမ ကောင်းစွာ သိရှိထားလေသည်။

မည်သို့ပင်ဆိုစေ ယင်နှင့် ယန် ကို ညီမျှအောင် လုပ်ဆောင်သည် ဆိုသည်မှာ ပါးစပ်ဖြင့် ပြောရုံမျှဖြင့် လုပ်ဆောင်နိုင်သော ကိစ္စမျိုး လုံးဝ မဟုတ်ချေ။ လက်တွေ့ အသုံးချနိုင်မည့် နည်းလမ်း တစ်ခု သေချာပေါက် လိုအပ်လေသည်။

သူတို့ နှစ်ယောက်ကြားရှိ လေထုမှာလည်း ဤအချိန်တွင် အလွန် တိတ်ဆိတ် ငြိမ်သက်သွားခဲ့လေသည်။

"တာအိုမိတ်ဆွေကျန်း ရဲ့ ယင်ယန် မိစ္ဆာမီးတောက်ကို ကျမကို တစ်ချက်လောက် ပြပေးလို့ ရမလား..."

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောက်ရှန်းကျီ က ကျန်းချဲ့ကို ကြည့်ကာ မေးလိုက်လေသည်။ သူမ သည် ကျန်းချဲ့၏ ယင်ယန် မိစ္ဆာမီးတောက် ထံမှနေ၍ အကြံဉာဏ် အချို့ ရရှိနိုင်ရန် မျှော်လင့်နေခြင်း ပင်ဖြစ်သည်။

"ရတာပေါ့..."

လင်းကျန့်တောင် သည် မြောက်ပိုင်း ချီမိသားစု၏ မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ပြီး ကျောက်ရှန်းကျီ သည်လည်း သူ့ကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ဖူးသူ ဖြစ်လေသည်။ ယင်ယန် မိစ္ဆာမီးတောက် ၏ စွမ်းအားများကို ပြသရုံမျှက အများကြီး ဝန်လေးစရာ မရှိချေ။

စကားဆုံးသည်နှင့် ချက်ချင်းပင် မျက်ခုံးနှစ်ခုကြားတွင် အဖြူနှင့် အနက်ရောင် နတ်ဘုရား သင်္ကေတ နှစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ နောက်တစ်ခဏတွင်တော့ အလွန် ပြင်းထန်သော အဖြူနှင့် အနက်ရောင် မီးတောက်များ က ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားလေသည်။

အဖြူနှင့် အနက်ရောင်များ အချင်းချင်း ရောယှက်နေပြီး ယင်နှင့် ယန် အချင်းချင်း ပေါင်းစပ်သွားလေသည်။

ကျောက်ရှန်းကျီ သည် ယင်ယန် မိစ္ဆာမီးတောက်ကို စူးစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများမှာ အလွန် လေးနက်နေလေသည်။

အချိန်အနည်းငယ်မျှ ကြာပြီးနောက် ကျောက်ရှန်းကျီ ထံမှ စကားသံ ထွက်မလာသည်ကို မြင်သောအခါ ကျန်းချဲ့ သည် အသိစိတ် ဖြင့် ယင်ယန် မိစ္ဆာမီးတောက်ကို အသုံးပြု၍ အလွန် ကြီးမားသော ယင်ယန် ထိုက်ကျိ ပုံသဏ္ဌာန်ကြီး တစ်ခုကို ဖန်တီးလိုက်ပြီး လေဟာနယ်ထက်တွင် တွဲလောင်း ချိတ်ဆွဲထားလိုက်လေသည်။

အဖြူနှင့် အနက်ရောင် နှစ်ခု အချင်းချင်း ရောယှက် ပေါင်းစပ်သွားပြီး ယင်ထဲတွင် ယန်ပါဝင်ကာ ယန်ထဲတွင် ယင်ပါဝင်နေလေသည်။

"ဒါက..."

ယင်ယန် ထိုက်ကျိ ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ ကျောက်ရှန်းကျီ ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေသည်။

ကျန်းချဲ့ က ချက်ချင်း ရှင်းပြလိုက်လေသည်။

"ဒီလိုမျိုး ယင်နဲ့ ယန် ပေါင်းစပ်တဲ့ နည်းလမ်းကို ကျုပ် ကိုယ်တိုင် မတော်တဆ စဉ်းစားမိခဲ့တာပါ... အဲ့ဒါကို အသုံးပြုပြီးတော့မှ ယင်ယန် မိစ္ဆာမီးတောက်ရဲ့ စွမ်းအားတွေကို အကြီးအကျယ် တိုးတက်လာအောင် လုပ်နိုင်ခဲ့တာ... ဒါက ရှန်းကျီ နတ်သမီးအတွက် အကြံဉာဏ် တစ်ခုခု ရနိုင်မလား ဆိုတာတော့ မသိဘူး..."

"တာအိုမိတ်ဆွေက တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ... သိုင်းအဆင့် သတ်မှတ်ချက် စာရင်းရဲ့ နံပါတ်တစ် နေရာနဲ့ တကယ်ကို ထိုက်တန်ပါတယ်... ဒီလိုမျိုး ယင်နဲ့ ယန် အချင်းချင်း ရောယှက် ပေါင်းစပ်တာက အပြင်ပန်းကြည့်ရင် သာမန်လို့ ထင်ရပေမဲ့... တကယ်တမ်းကျတော့ အတွင်းထဲမှာ အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေ ပါဝင်နေတယ်... နောက်ပိုင်းကျရင် ဒါက ကြီးမားတဲ့ မဟာနတ်စွမ်းရည် တစ်ခု ဖြစ်လာနိုင်တယ်..."

ကျောက်ရှန်းကျီ က လေးနက်စွာဖြင့် ပြောလိုက်လေသည်။

သူမ၏ ဤစကားက ကျန်းချဲ့၏ ရင်ထဲတွင် အတွေးတစ်ခု ပေါက်ဖွားသွားစေခဲ့လေသည်။

'မဟာနတ်စွမ်းရည်... ယင်ယန် ထိုက်ကျိ ပုံသဏ္ဌာန်...'

'ကြည့်ရတာ တကယ်ပဲ စမ်းသပ်ကြည့်လို့ ရနိုင်တဲ့ ပုံပဲ...'

အချိန်အနည်းငယ်မျှ ကြာပြီးနောက် ကျန်းချဲ့ သည် ယင်ယန် မိစ္ဆာမီးတောက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးလည်း မူလအတိုင်း ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

"တာအိုမိတ်ဆွေ ဘယ်လိုမြင်လဲ... ရှန်းကျီ နတ်သမီးရဲ့ ယင်နဲ့ ယန် အချိုးအစား ညီမျှအောင် ကူညီပေးနိုင်မယ် ထင်လား..."

ကျန်းချဲ့ က မေးလိုက်လေသည်။

ကျောက်ရှန်းကျီ က ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်စွာ တွေးတောနေလေသည်။ ကျန်းချဲ့၏ ထိုက်ကျိ ပုံသဏ္ဌာန်ထံမှ သူမ အကြံဉာဏ် အချို့ ရရှိလိုက်သည့် အလား ပင်ဖြစ်သည်။ သို့သော် ထိုအတွေးမှာ အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိသေးချေ။

"တာအိုမိတ်ဆွေ ဘယ်လိုထင်လဲ... ဘယ်လို နည်းလမ်းမျိုး ရှိနိုင်မယ်လို့ ထင်လဲ... ဒါမှမဟုတ် ကျမ နေရာမှာသာ တာအိုမိတ်ဆွေ ဆိုရင်... ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်လို စဉ်းစားမလဲ..."

ကျောက်ရှန်းကျီ က ကျန်းချဲ့ကို ကြည့်ကာ သူ၏ အမြင်ကို သိချင်နေလေသည်။

သူမ သည် ကျန်းချဲ့ အသက်ငယ်ရွယ် သောကြောင့် သူ့ကို တစ်ခါမှ အထင်မသေးခဲ့ဖူးချေ။

သိုင်းအဆင့် သတ်မှတ်ချက် စာရင်း၏ နံပါတ်တစ်... သိုင်းလျှို့ဝှက်နယ်မြေ၏ နံပါတ်တစ်...

ဤအရာများ ကပင် ကျန်းချဲ့ ၏ ထူးခြား ပြောင်မြောက်မှုများကို အပြည့်အဝ ပြသနေလေပြီ။ သူမ ကိုယ်တိုင် ပင်လျှင် သူမ ငယ်ရွယ်စဉ် အချိန်က ကျန်းချဲ့နှင့် နှိုင်းယှဉ်ပါက အများကြီး နိမ့်ကျသည်ဟု ခံစားမိလေသည်။

"အကယ်၍သာ ကျုပ်က ရှန်းကျီ နတ်သမီး နေရာမှာ ဆိုရင်..."

ကျန်းချဲ့ သည် ကျောက်ရှန်းကျီ ၏ စကားကို ကြားပြီးနောက် လေးနက်စွာ တွေးတောနေလေသည်။

လေထုမှာလည်း နောက်တစ်ကြိမ် တိတ်ဆိတ် ငြိမ်သက်သွားပြန်လေသည်။ အသက်ရှူ အကြိမ်ရေ ဆယ်ကြိမ်ခန့် ကြာသည်အထိ သူတို့ နှစ်ယောက်လုံး စကားမပြောကြချေ။

ကျောက်ရှန်းကျီ က အားနာသော မျက်နှာထားဖြင့်...

"တာအိုမိတ်ဆွေကျန်း စိတ်ထဲ မထားပါနဲ့... ကျမ က ဒီတိုင်း သက်သက် မေးကြည့်ရုံလေးပါ..."

ကျန်းချဲ့ က ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ကျောက်ရှန်းကျီ ကို မလွှဲတမ်း စူးစိုက်ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အကယ်၍ ကျုပ်ကသာ ရှန်းကျီ နတ်သမီး အခု လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရမယ် ဆိုရင်... ကျုပ် အရှေ့မှာ လျှောက်ရမယ့် လမ်းကြောင်း နှစ်ခုပဲ ရှိတယ်..."

ကျောက်ရှန်းကျီ ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားလေသည်။ ဤမျှလောက် အချိန်တို အတွင်းတွင် အကြံဉာဏ် ထွက်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ချက်ချင်းပင် မေးလိုက်လေသည်။

"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး..."

"ပထမ တစ်ခုကတော့ အရမ်း ရိုးရှင်းပါတယ်... အစောက ကျုပ်ပြောခဲ့သလိုပဲ... ထိုက်ယင် ဝိညာဉ်စွမ်းအင်တွေ အရမ်း များပြားနေပြီ ဆိုမှတော့ ညီမျှသွားအောင် ထိုက်ယန် ဝိညာဉ်စွမ်းအင်ကို သွားရှာရမှာပေါ့... ဒီနည်းလမ်းက အန္တရာယ် များပေမဲ့လည်း... ဒါက လမ်းကြောင်း တစ်ခုပါပဲ... အဲ့ဒီအချိန်ကျရင် ကျုပ်က ယင်ယန် ထိုက်ကျိ ပုံသဏ္ဌာန်ကို အခြေခံပြီးတော့... ယင်ယန် မိစ္ဆာမီးတောက်ကို အသုံးပြုပြီး ရှန်းကျီ နတ်သမီးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကာ ယင်နဲ့ ယန် အချိုးအစား မညီမျှမှုကို အရင်ဆုံး ဖိနှိပ်ပေးမယ်... ပြီးတော့မှ ဖြည်းဖြည်းချင်း ညီမျှအောင် ချိန်ညှိပေးမယ်... ဒါပေမဲ့ ဒီလို လုပ်ရင် အန္တရာယ် တစ်ခုတော့ ရှိတယ်... အဲ့ဒါက ရှန်းကျီ နတ်သမီးရဲ့ ခန္ဓာကိုယ်ထဲက ယင်နဲ့ ယန် စွမ်းအင် နှစ်ခုလုံးက အရမ်းကို အစွမ်းထက်နေတယ် ဆိုရင်... အကယ်၍ အချိုးအစား မညီမျှဘူး ဆိုရင်... တွေးလို့တောင် မရနိုင်တဲ့ ပြောင်းပြန် ရိုက်ခတ်မှုတွေကို ခံရလိမ့်မယ်... ပြီးတော့ ကျုပ်က သေချာပေါက် ကူညီပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး..."

ကျန်းချဲ့ ၏ စကားများကို နားထောင်ရင်း ကျောက်ရှန်းကျီ က ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။ ဤသည်မှာ သူမ ၏ အစောပိုင်းက စိတ်ကူးလည်း ဖြစ်လေသည်။ သို့သော် အလွန် အန္တရာယ် များလွန်းပြီး အကယ်၍ အနည်းငယ် အမှားအယွင်း ဖြစ်သွားပါက ယွမ်ယင်း အကြီးအကျယ် ဒဏ်ရာ ရရှိသွားနိုင်သဖြင့် ယခုအချိန်အထိ သူမ စွန့်စားရန် တွန့်ဆုတ်နေခဲ့ခြင်း ပင်ဖြစ်သည်။

"ဒါဆို တာအိုမိတ်ဆွေ ပြောတဲ့ ဒုတိယ နည်းလမ်းကရော..."

"စွမ်းအင်တွေကို ဖယ်ထုတ်ပစ်ဖို့ပဲ..."

"စွမ်းအင်တွေကို ဖယ်ထုတ်ပစ်မယ်..."

ကျန်းချဲ့ ခေါင်းညိတ် လိုက်လေသည်။

"ထိုက်ယင် ဝိညာဉ်စွမ်းအင်တွေ အရမ်း အစွမ်းထက်လွန်းလို့ အချိုးအစား မညီမျှတာ ဆိုမှတော့... ဘာဖြစ်လို့ ကျင့်စဉ် ဒါမှမဟုတ် ထူးဆန်းတဲ့ ရတနာ တစ်ခုခုကို အသုံးပြုပြီး ထိုက်ယင် ဝိညာဉ်စွမ်းအင် တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ဖြည်းဖြည်းချင်း ဖယ်ထုတ် မပစ်တာလဲ... ဒီလို လုပ်ရင် ကျင့်ကြံခြင်း အဆင့်တွေ ကျဆင်းသွားနိုင်ပေမဲ့... ကျုပ် ထင်တာကတော့ ဒါက အလုံခြုံဆုံး နည်းလမ်းပဲ..."

ကျောက်ရှန်းကျီ ၏ မျက်နှာထားမှာ ချက်ချင်း တောင့်တင်းသွားပြီး အနည်းငယ် မသက်မသာ ဖြစ်သွားလေသည်။

ဤနည်းလမ်းကို သူမ ဆရာဖြစ်သူ ထံတွင် အကြံဉာဏ် တောင်းခံခဲ့ဖူးပြီး လက်တွေ့လည်း အသုံးပြုခဲ့ဖူးလေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ သည် ထိုက်ယင် ရုပ်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး မူလအနှစ်သာရ စွမ်းအားမှာ အလွန် ကြောက်စရာ ကောင်းလွန်းလှပေသည်။

သူမ ကိုယ်တိုင်ကပင် အလွန် ကြီးမားသော အရင်းအမြစ် ကြီးတစ်ခု ဖြစ်နေလေရာ ထို ထိုက်ယင် ဝိညာဉ်စွမ်းအင် များမှာ အပြင်ဘက်သို့ လုံးဝ ဖယ်ထုတ်၍ မရနိုင်ချေ။ အပြင်ဘက်သို့ အနည်းငယ် ထွက်သွားသည်နှင့် မျက်တောင်တစ်ခတ် အတွင်း သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက်လာမြဲ ပင်ဖြစ်သည်။

ထူးဆန်းသော ရတနာများ ကိုလည်း သူမ စမ်းသပ် အသုံးပြုခဲ့ဖူးသော်လည်း အမြဲတမ်း အသုံးမဝင် ခဲ့ချေ။

သူမ အနေဖြင့် ထိုက်ယင် ရုပ်ခန္ဓာ၏ မူလအနှစ်သာရ ကို အပြည့်အဝ စွန့်လွှတ်လိုက်မှသာ ဤပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်လေသည်။ သို့သော် ဤအရာမှာ သူမ ၏ စဉ်းစားမှု ထဲတွင် လုံးဝ မပါဝင်ချေ။ အကယ်၍သာ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အပြည့်အဝ ဆုံးရှုံးသွားပါက သူမ သည် တစ်သက်လုံး ဓမ္မရုပ်တု အဆင့်တွင်သာ သောင်တင်နေမည် ဖြစ်ပြီး ယွမ်ရှန် အဆင့်သို့ လုံးဝ တက်လှမ်းနိုင်တော့မည် မဟုတ်ချေ။

နောက်ပိုင်းကျမှ သူမ စဉ်းစားမိသော နည်းလမ်းတစ်ခု ရှိလေသည်။

၎င်းမှာ သူမနှင့် အဆင့်တူညီသော မဟာသိုင်းသခင်ကြီး တစ်ယောက်ကို ရှာဖွေပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အနီးကပ် ချေဖျက် စုပ်ယူခိုင်းရန် ပင်ဖြစ်သည်။ ဤသို့ဖြင့်သာ သူမ၏ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အပြင်ဘက်သို့ အောင်မြင်စွာ ဖယ်ထုတ်နိုင်ရန် မျှော်လင့်ချက် ရှိလေသည်။

သို့သော် ပြဿနာမှာ ဤသို့ လုပ်ဆောင်မည် ဆိုပါက သူမကို ကူညီမည့်သူ သည် ထိုက်ယင် ဝိညာဉ်စွမ်းအင် ၏ ဖျက်ဆီးမှုများကို ခံရမည် ဖြစ်ပြီး ရလဒ်မှာ သူမထက်ပင် ပိုမို ဆိုးရွား သွားနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမ သည် ထိုက်ယင် ရုပ်ခန္ဓာ ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

အခြား သူတစ်ယောက် အတွက် ကတော့ ထိုက်ယင် ရုပ်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး ရှန်ရှန်းအဆင့်သို့ ရောက်ရှိနေသော မဟာသိုင်းသခင်ကြီး တစ်ယောက်ကို ထပ်မံ ရှာဖွေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။

သူမ အနေဖြင့် စိတ်ရောကိုယ်ပါ အားစိုက်ထုတ်၍ တပည့် တစ်ယောက်ကို ပျိုးထောင်ကာ သူမ၏ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အတင်းအကျပ် ချေဖျက် စုပ်ယူခိုင်းပြီး ထိုတပည့် ၏ ကျင့်ကြံခြင်း လမ်းကြောင်းကို အဆုံးသတ်ပစ်မှ သာ ဖြစ်နိုင်မည် ဖြစ်လေသည်။

သို့သော် ဤသို့ လုပ်ဆောင်မည် ဆိုပါက ပြဿနာ တစ်ခု ထပ်မံ ပေါ်လာပြန်လေသည်။

ပထမဆုံး အနေဖြင့် ထိုက်ယင် ရုပ်ခန္ဓာ ဆိုသည်မှာ အလွန် ရှားပါးလှပေသည်။ မြင့်မြတ်တဲ့ ရုပ်ခန္ဓာ လောက် မရှားပါးသော်လည်း ဝိညာဉ်ရုပ်ခန္ဓာ သို့မဟုတ် ရွှမ်ရုပ်ခန္ဓာ ကဲ့သို့သော ရုပ်ခန္ဓာ မျိုးထက်တော့ ရှာဖွေရန် အများကြီး ခက်ခဲလှပေသည်။ ထို့အပြင် သူမ တွင် အချိန်အများကြီး လည်း မကျန်တော့ချေ။

သူမကို ကူညီနိုင်မည့် သူတစ်ယောက်ကို ပြန်လည် ပျိုးထောင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

မဟာသိုင်းသခင်ကြီး တစ်ယောက်ကို အတင်းအကျပ် ဖမ်းဆီး၍ လုပ်ဆောင်ခိုင်းရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ထိုက်ယင် ဝိညာဉ်စွမ်းအင်ကို ချေဖျက် စုပ်ယူရသည့် လုပ်ငန်းစဉ်မှာ အလွန် ခက်ခဲ ကြမ်းတမ်းလှပြီး အကယ်၍ တစ်ဖက်လူက သေချာ ပူးပေါင်း ပါဝင်ခြင်း မရှိပါက သူမ၏ အသက်အန္တရာယ် ကို တစ်ဖက်လူ၏ လက်ထဲသို့ အပ်နှင်းလိုက်သလို ပင်ဖြစ်သွားမည် ဖြစ်လေသည်။

"တာအိုမိတ်ဆွေ ဘယ်လိုမြင်လဲ..."

ကျောက်ရှန်းကျီ ၏ မျက်နှာထား အနည်းငယ် မသက်မသာ ဖြစ်နေသည်ကို မြင်သောအခါ ကျန်းချဲ့ က ဆက်လက် မေးမြန်းလိုက်လေသည်။

ကျောက်ရှန်းကျီ သက်ပြင်း ဖွဖွလေး တစ်ချက် ချလိုက်ပြီး သူမ၏ အတွေးအချို့ နှင့် အန္တရာယ် များကို သေချာစွာ ရှင်းပြလိုက်လေသည်။

ကျန်းချဲ့ ဤစကားများကို နားထောင်ပြီးနောက် ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။

"ဒီလိုဆိုရင် ဒါက သေလမ်းပဲ မဟုတ်လား..."

ကျောက်ရှန်းကျီ တိတ်ဆိတ် ငြိမ်သက်သွားပြီး နေဝင်ဆည်းဆာ အချိန်တွင် တဖြည်းဖြည်း နိမ့်ဆင်းသွားသော နေမင်းကြီးကို အဝေးမှ ငေးကြည့်နေလေသည်။

"အချိန်အခါနဲ့ ကံကြမ္မာပါပဲ... အရင်တုန်းက ကျမ ကျင့်ကြံခြင်း အဆင့်တွေ မြန်မြန် တိုးတက်ဖို့ အတွက် ထိုက်ယင် ဝိညာဉ်စွမ်းအင်တွေကို အရာအားလုံးကို လျစ်လျူရှုပြီး ချေဖျက် စုပ်ယူခဲ့တာ... အခု ပြန်တွေးကြည့်တော့ အရင်တုန်းက ရွေးချယ်မှုက အမှားတစ်ခု ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်..."

"ထားလိုက်ပါတော့... တာအိုမိတ်ဆွေ ပြောတဲ့ ပထမ နည်းလမ်းကိုပဲ စမ်းသပ်ကြည့်တော့မယ်... တကယ်လို့ ယင်နဲ့ ယန် ကို အချိုးအစား ညီမျှအောင် မလုပ်နိုင်ဘူး ဆိုရင်လည်း... ကျမ ရဲ့ ကံတရားက ဒီလောက်ပဲ ရှိတယ်လို့ မှတ်ယူလိုက်တော့မယ်..."

"ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး... ထိုက်ယင် ရုပ်ခန္ဓာ... ထိုက်ယင် ဝိညာဉ်စွမ်းအင် တွေကို ချေဖျက် စုပ်ယူမယ်..."

ကျန်းချဲ့ ၏ မျက်မှောင် အနည်းငယ် ပင့်တက်သွားပြီး ချက်ချင်းပင် ပြောလိုက်လေသည်။

"ရှန်းကျီ နတ်သမီး... ကျုပ်က အသင့်တော်ဆုံး သူ ဖြစ်နေလိမ့်မယ်..."

"ဟင်..."

ကျောက်ရှန်းကျီ အနည်းငယ် ကြက်သေသေ သွားပြီး ချက်ချင်း နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။

ကျန်းချဲ့ က ဆက်ပြောလိုက်လေသည်။

"ရှန်းကျီ နတ်သမီး ရဲ့ အခက်အခဲ က ထိုက်ယင် ဝိညာဉ်စွမ်းအင် တွေကို ချေဖျက် စုပ်ယူပေးဖို့ မဟာသိုင်းသခင်ကြီး တစ်ယောက် ရှာဖို့ပဲ မဟုတ်လား... ဒါက သာမန် လူတွေ အတွက်တော့ အရမ်းကို အန္တရာယ် များတဲ့ ကိစ္စ ဖြစ်နိုင်ပေမဲ့ ကျုပ်အတွက်ကတော့... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ကျုပ်ဆီမှာ ယင်ယန် မိစ္ဆာမီးတောက် အခြေခံ ရှိနေလို့ ထိုက်ယင် ဝိညာဉ်စွမ်းအင် တွေကို ချေဖျက် စုပ်ယူလို့ ရပါတယ်... ထိုက်ယင် ရုပ်ခန္ဓာ ရှိတဲ့သူမှ လုပ်နိုင်တာ မဟုတ်ပါဘူး... ကျုပ်လည်း လုပ်နိုင်ပါတယ်..."

ကျန်းချဲ့ ဤသို့ ပြောလိုက်ခြင်းမှာ သူက သဘောကောင်းလွန်း နေ၍ မဟုတ်ဘဲ သူ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိပြီး အန္တရာယ်လည်း အလွန် နည်းပါးသောကြောင့် ပင်ဖြစ်သည်။ ထို့အပြင် ကျောက်ရှန်းကျီ ၏ ကိုယ်ပေါ်ရှိ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အသုံးပြု၍ သူ၏ ယင်ယန် မိစ္ဆာမီးတောက် ၏ စွမ်းအားများကိုလည်း မြှင့်တင်နိုင်မည် ဖြစ်လေသည်။

ယင်ယန် ထိုက်ကျိ နည်းလမ်း ရှိနေသရွေ့ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို အလွန်အမင်း များပြားစွာ ချေဖျက် စုပ်ယူခြင်း မရှိပါက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အချိုးအစား ညီမျှ သွားနိုင်မည် ဖြစ်လေသည်။

"ဒါ... ဒါက..."

ကျန်းချဲ့ ၏ စကားများက ကျောက်ရှန်းကျီ အတွက် လမ်းသစ် တစ်ခုကို ဖွင့်လှစ်ပေးလိုက်သလို ပင်ဖြစ်သည်။ သူမ ချက်ချင်း မျက်လုံးများ တောက်ပသွားပြီး သေချာ စဉ်းစားကြည့်လိုက်ရာ ကျန်းချဲ့ ပြောသည်မှာ အမှန်တကယ်ပင် အလွန် အဓိပ္ပာယ် ရှိနေကြောင်း တွေ့လိုက်ရလေသည်။

သို့သော် တကယ်လို့ ကျန်းချဲ့ ချေဖျက် စုပ်ယူလိုက်တဲ့ ထိုက်ယင် ဝိညာဉ်စွမ်းအင် တွေ အရမ်း များသွားရင် ဘယ်လို လုပ်မလဲ။

သူမ သည် နှစ်ပေါင်း ရာချီအောင် စုဆောင်းထားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ ထိုက်ယင် ဝိညာဉ်စွမ်းအင် များမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြား နေခဲ့ပြီဖြစ်သည်။ သာမန် လူတစ်ယောက် အနေဖြင့် အလွယ်တကူ အချိုးအစား ညီမျှအောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။

"ဒါက အရမ်း အန္တရာယ် များလွန်းပါတယ်..."

ကျောက်ရှန်းကျီ ၏ မျက်နှာပေါ်တွင် တွေဝေသော အမူအရာများ ပေါ်လွင်နေပြီး သူမကြောင့် ကျန်းချဲ့ အန္တရာယ် ကျရောက်သွားမည်ကို သူမ လုံးဝ မလိုလားချေ။ သူမ၏ ကိုယ်ရည်ကိုယ်သွေး အရ လည်း လက်ခံနိုင်စွမ်း မရှိသလို အကယ်၍ ကျန်းချဲ့ သာ ဒဏ်ရာ အနည်းငယ် ရသွားမည် ဆိုလျှင်တောင် မှ...

မြောက်ပိုင်း ချီမိသားစု နှင့် တော်ဝင်နန်းတော် က သူမကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။

ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"ဒါက အရန် နည်းလမ်း တစ်ခု သက်သက်ပါပဲ... အသင့်တော်ဆုံး နည်းလမ်းကတော့ ရှန်းကျီ နတ်သမီး ထိုက်ယန် ဝိညာဉ်စွမ်းအင် တွေကို ချေဖျက် စုပ်ယူပြီး ယင်နဲ့ ယန် ကို အချိုးအစား ညီမျှအောင် လုပ်တာက အကောင်းဆုံးပါပဲ... အဲ့ဒီလို လုပ်နိုင်ရင် အခြေခံအုတ်မြစ် တွေလည်း ပိုခိုင်မာလာပြီး ကျင့်ကြံခြင်း အဆင့်တွေလည်း အများကြီး တက်လာနိုင်တယ်... ကျုပ် ရှိနေတာက ရှန်းကျီ နတ်သမီး အတွက် အာမခံချက် တစ်ခုပါ... အနည်းဆုံးတော့ ရှန်းကျီ နတ်သမီး နောက်ဆုံး ယင်နဲ့ ယန် အချိုးအစား မညီမျှဘဲ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးရမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်အောင် ကူညီပေးနိုင်ပါတယ်..."

"အကယ်၍ အဲ့ဒီလိုမျိုး ဆိုရင်တော့... ရှန်းကျီ တကယ်ကို ကျေးဇူးတင်ပါတယ်..."

ကျောက်ရှန်းကျီ က အလွန် ရိုးသားစွာ ဖြင့် ပြောလိုက်လေသည်။

"နတ်သမီး အရမ်း စောပြီး ကျေးဇူး မတင်ပါနဲ့ဦး... ကျုပ် ကူညီပေးတာက အလကား မဟုတ်ပါဘူး... ကျုပ် ကူညီပေးတဲ့ အတွက် နတ်သမီး ဘက်ကလည်း တစ်ခုခု ပြန်ပေးဆပ် ရပါလိမ့်မယ်..."

"တာအိုမိတ်ဆွေကျန်း သာ ပွင့်ပွင့်လင်းလင်း ပြောပါ... ရှန်းကျီ လုပ်နိုင်သမျှ ဆိုရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး..."

ကျောက်ရှန်းကျီ သည် ကျန်းချဲ့ ၏ အကူအညီက အခမဲ့ ဖြစ်သင့်သည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးချေ။ ကူညီခြင်းမှာ သံယောဇဉ် ကြောင့်ဖြစ်ပြီး မကူညီခြင်းမှာ သူ၏ အခွင့်အရေး သာဖြစ်သည်။

အကျိုးအမြတ် တစ်ခုခု တောင်းခံခြင်းမှာ လုံးဝ သဘာဝကျလေသည်။

မည်သို့ပင်ဆိုစေ သူတို့ နှစ်ယောက် ကြားတွင် တွေ့ဆုံဖူးသည်မှာ သုံးကြိမ် သာ ရှိသေးသည် မဟုတ်ပါလော။

ဤသို့ဖြင့်သာ သူတို့ နှစ်ယောက်စလုံး စိတ်အေးချမ်းသာစွာ ရှိနိုင်မည် ဖြစ်လေသည်။

"ကျုပ် တောင်းဆိုတာက အများကြီး မဟုတ်ပါဘူး... အဲ့ဒီအချိန်ကျရင် နတ်သမီး ဆီကနေ အဖိုးတန်တဲ့ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ရတနာ အချို့ကို တောင်းကောင်း တောင်းလိမ့်မယ်... ဒါမှမဟုတ် နတ်သမီး ယင်နဲ့ ယန် အချိုးအစား ညီမျှသွားပြီး ပြဿနာတွေ ရှင်းလင်း သွားတဲ့အခါကျရင် ကျုပ်ရဲ့ လက်အောက်မှာ ဆယ်နှစ်တိတိ အစေခံ ရလိမ့်မယ်..."

ကျန်းချဲ့ အလွန် တည်ကြည် လေးနက်စွာ ဖြင့် ပြောလိုက်လေသည်။

ပထမ အချက်မှာ အနာဂတ် တွင် ယဇ်ပူဇော်ရန် အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ပြီး ဒုတိယ အချက် ကတော့ ကျန်းချဲ့ အနေဖြင့် သူ၏ အလုပ်များကို ကူညီ လုပ်ဆောင်ပေးမည့် အစွမ်းထက်သူများ ပိုမို လိုအပ်နေသောကြောင့် ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျောက်ရှန်းကျီ သာ ယင်နှင့် ယန် အချိုးအစား မညီမျှသော ပြဿနာကို ဖြေရှင်းနိုင်သွားပါက ယွမ်ရှန်အဆင့် သို့ တက်လှမ်းနိုင်ပြီး အရှင်သခင် တစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။ သူမ ၏ သာမန် မဟုတ်သော တိုက်ခိုက်ရေး စွမ်းအားများကို ထည့်သွင်း စဉ်းစားမည် ဆိုပါက ကျန်းချဲ့ အနေဖြင့် အလွန် အကျိုးအမြတ် များမည်မှာ အသေအချာ ပင်ဖြစ်သည်။

"ဆယ်နှစ်... ကောင်းပါပြီ... ရှန်းကျီ သဘောတူပါတယ်..."

ကျောက်ရှန်းကျီ က လေးနက်စွာ ဖြင့် ခေါင်းညိတ် လိုက်လေသည်။

မကြာမီ မှာပင်...

သူတို့ နှစ်ယောက် သဘောတူညီမှု ရရှိသွားပြီးနောက် ကိုယ်စီ စိတ်နှလုံးမိစ္ဆာ သွေးကျိန်စာများ ကျိန်ဆိုလိုက်ကြလေသည်။ ကျန်းချဲ့ သည် ကျောက်ရှန်းကျီ ယင်နှင့် ယန် အချိုးအစား ညီမျှသွားစေရန် အစွမ်းကုန် ကူညီပေးရမည် ဖြစ်ပြီး ကျောက်ရှန်းကျီ ကတော့ ကျိန်စာပြု ခဲ့ရလေသည်။

ယင်နှင့် ယန် အချိုးအစား ညီမျှသွားပြီးနောက် သူမ သည် ကျန်းချဲ့ အတွက် ယခုအချိန်အထိ အတည်မပြုရသေးသော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ရတနာ သုံးခုကို ရှာဖွေပေးရမည် ဖြစ်ပြီး ထိုသို့ မဟုတ်ပါက ကျန်းချဲ့ ၏ လက်အောက်တွင် ဆယ်နှစ်တိတိ အစေခံ ရမည် ဖြစ်လေသည်။

ကျိန်စာများ အတည်ဖြစ်သွားပြီးနောက် စာချုပ် လည်း ပြီးမြောက်သွားခဲ့လေပြီ။

ကျောက်ရှန်းကျီ ၏ ရင်ထဲတွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ကြီးတစ်ခုကို ချလိုက်ရသည့် အလား ပေါ့ပါးသွားပြီး ကျန်းချဲ့ကို ကျေးဇူးတင်သော အမူအရာ ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"တာအိုမိတ်ဆွေ ကူညီပေးတာက အဖိုးအခ တစ်ခု ပေးရတယ် ဆိုပေမဲ့... ရှန်းကျီ ကတော့ တာအိုမိတ်ဆွေ ရဲ့ အကူအညီ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့ ၏ အကူအညီ က သူမ အတွက် လမ်းသစ် တစ်ခုကို အမှန်တကယ်ပင် ဖွင့်လှစ် ပေးလိုက်ခြင်း ဖြစ်သည်။ မဟုတ်သေးဘူး တိတိကျကျ ပြောရမည် ဆိုလျှင် အသက်ရှင်ရန် လမ်းကြောင်း တစ်ခု ပင်ဖြစ်သည်။

ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"နတ်သမီး ကျေးဇူးတင်စရာ မလိုပါဘူး... ကျုပ်က နတ်သမီးကို တစ်ကြိမ် ကူညီပေးမယ်... နတ်သမီးကလည်း ကျုပ်ကို အကြိမ်ရေ အများကြီး ပြန်ကူညီပေးရမှာပဲလေ... ဒါက အပေးအယူ တစ်ခု သက်သက်ပါပဲ..."

"ဒါ့အပြင် လင်းကျန့်တောင် နဲ့ မြောက်ပိုင်း ချီမိသားစု က အဆက်အသွယ် အရမ်း နက်ရှိုင်းတယ် ဆိုတော့... ကျုပ်တို့ နှစ်ယောက် က အချင်းချင်း ကိုယ့်လူတွေလို ဖြစ်နေပါပြီ..."

ကျောက်ရှန်းကျီ သည် ကျန်းချဲ့ ၏ တစ်ကြိမ် အကြိမ်ရေ အများကြီး ဆိုသော စကားများကို ကြားလိုက်ရသောအခါ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း အသေးစိတ် မစဉ်းစားတော့ဘဲ ခေါင်းညိတ်ကာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ရှန်းကျီ ကတော့ တာအိုမိတ်ဆွေကို ကျေးဇူးတင်ပါတယ်..."

"ကျုပ်တို့ နှစ်ယောက် ကြားမှာ ကျိန်စာတွေတောင် ဆိုပြီးနေပြီပဲ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုတော့ပါဘူး... ဒီလို လုပ်ရအောင် ကျုပ် အခု ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲကို သွားဖို့ ပြင်ဆင်ထားတယ်... နတ်သမီးကို ဒုက္ခပေးရတာ အားနာပေမဲ့... ဒီနေရာ ကနေ ကျုပ်ကို စောင့်ရှောက်ပေးထားဖို့ အကူအညီ တောင်းလို့ ရမလား..."

"တာအိုမိတ်ဆွေ သွားသာ သွားပါ... ရှန်းကျီ ဒီနေရာမှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ လာပြီး အနှောင့်အယှက် ပေးခွင့် ပြုမှာ မဟုတ်ပါဘူး..."

ကျောက်ရှန်းကျီ ခေါင်းညိတ် လိုက်ပြီး အလွန် ခိုင်မာသော ယုံကြည်ချက် တစ်ခုကို ပြသလိုက်လေသည်။

ကျန်းချဲ့ ပြုံးလိုက်ပြီး လုံးဝ တွေဝေ နေခြင်း မရှိတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ အစီအရင် သော့ လေးခု က လေဟာနယ် ထက်သို့ ချက်ချင်း ပျံတက်သွားပြီး ၎င်းတို့ အချင်းချင်း အကြားတွင် အလင်းတန်းများ အဆက်မပြတ် ချိတ်ဆက် သွားကြလေသည်။ အချိန်အနည်းငယ်မျှ ကြာပြီးနောက် ထို အလင်းတန်းများ အားလုံး တစ်နေရာတည်း သို့ စုစည်း သွားကြလေသည်။

လေဟာနယ် ထက်သို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားပြီး မျက်တောင်တစ်ခတ် အတွင်း အစိမ်းရောင် အလင်းတန်းများ လင်းလက်နေသော တံခါးပေါက် တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာလေသည်။

ယခင်က အစီအရင် သော့ ငါးခု နှင့် နှိုင်းယှဉ်ပါက သော့ လေးခု ဖြင့် ဖန်တီးထားသော တံခါးပေါက် ၏ အလင်းတန်း များမှာ အလွန် မတည်မငြိမ် ဖြစ်နေလေသည်။ ပွင့်လာသည် နှင့် တစ်ပြိုင်နက် ချက်ချင်း ပြိုကွဲ သွားတော့မည့် အလား ဖြစ်နေလေသည်။

တံခါးပေါက် မှ ထွက်ပေါ်လာသော အလွန် ကြီးမားလှသည့် ဖိအားကြီး ကို ခံစားကြည့်ပြီးနောက် ကျန်းချဲ့ သည် လုံးဝ တွေဝေ နေခြင်း မရှိဘဲ ခြေတစ်လှမ်း တိုးကာ တံခါးပေါက် အတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားလေတော့သည်။

"နတ်သမီး... အစောင့်အရှောက် လုပ်ပေးဖို့ ဒုက္ခပေးလိုက်ပါပြီ..."

ကျောက်ရှန်းကျီ လည်း ကျန်းချဲ့ ၏ အလွန် အန္တရာယ် များလှသော လုပ်ရပ်ကြောင့် အကြီးအကျယ် ထိတ်လန့်သွားရလေသည်။ ကျန်းချဲ့ သည် သော့ လေးခု ကိုသာ စုဆောင်းနိုင်ခဲ့လိမ့်မည် ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့ချေ။ ချက်ချင်း ပင် အသံကျယ်ကျယ် ဖြင့် အော်ဟစ် သတိပေး လိုက်လေသည်။

"တာအိုမိတ်ဆွေ... လျှို့ဝှက်နယ်မြေ ထဲမှာ အချိန် အကြာကြီး လုံးဝ မနေခဲ့နဲ့နော်... မဟုတ်ရင် လျှို့ဝှက်နယ်မြေ က တာအိုမိတ်ဆွေ ကို အထဲမှာ အပိတ်လှောင် ခံရအောင် လုပ်သွားလိမ့်မယ်..."

"ကောင်းပါပြီ..."

နောက်ဆုံး အသံ ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့ ၏ လူရိပ် လည်း တံခါးပေါက် အတွင်းတွင် လုံးဝ ပျောက်ကွယ် သွားလေတော့သည်။

ရွှမ်လင် လျှို့ဝှက်နယ်မြေ သို့ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက် လာရသဖြင့် ကျန်းချဲ့ ၏ ရင်ထဲတွင် ခံစားချက် မျိုးစုံ ရောယှက် နေလေသည်။ ပထမဆုံး အကြိမ် ဝင်ရောက် စဉ် က သူသည် မွေးရာပါအဆင့် တွင်သာ ရှိသေးပြီး လျှို့ဝှက်နယ်မြေ အတွင်း ရောက်မှသာ သိုင်းသခင် အဖြစ်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုအခါ တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်း...

သူသည် ရှန်ရှန်းအဆင့် သို့ပင် ရောက်ရှိ သွားခဲ့လေပြီ။

ဤမျှလောက် မြန်ဆန်သော ကျင့်ကြံခြင်း အမြန်နှုန်း ကြောင့်ပင် အပြင်ဘက် တွင် သူ့ကို အစွမ်းထက် သူတစ်ယောက် ဝင်စား လာခြင်း ဖြစ်သည်ဟု ကောလာဟလ များ ပျံ့နှံ့ နေခြင်းမှာ အံ့သြစရာ လုံးဝ မရှိတော့ချေ။

အချိန်ဆွဲ နေခြင်း လုံးဝ မရှိဘဲ လျှို့ဝှက်နယ်မြေ ၏ မြေပုံကို ယူဆောင် ကာ ကျန်းချဲ့ သည် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ဗောဓိ ဥယျာဉ် ရှိရာ အရပ်သို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။ ယခု လက်ရှိ သူ၏ အမြန်နှုန်း ဖြင့် အချိန် လုံးဝ မဖြုန်းတီး ပါက...

တစ်ရက် အတွင်း ပြည်နယ် တစ်ခုစာ ကို လုံးဝ ဖြတ်ကျော် နိုင်စွမ်း ရှိလေသည်။

ရွှမ်လင် လျှို့ဝှက်နယ်မြေ သည် အလွန် မသေးငယ် သော်လည်း ပြည်နယ် တစ်ခုစာ လောက်တော့ လုံးဝ မကြီးမား နိုင်ကြောင်း အလွန် ရှင်းလင်း ထင်ရှား လှပေသည်။

အချိန် တစ်နာရီ ပင် မပြည့် သေးမီ အချိန်အတွင်း ကျန်းချဲ့ သည် ဤခရီးစဉ် ၏ ပန်းတိုင် သို့ အောင်မြင်စွာ ရောက်ရှိ လာခဲ့လေပြီ။

ဗောဓိ ဥယျာဉ်။

ယခု အချိန်တွင် ဘေးပတ်ဝန်းကျင် ၌ ယခင်က သူ ချန်ထားရစ် ခဲ့သော တိုက်ပွဲ အကြွင်းအကျန် များကို မြင်တွေ့ နေရဆဲ ပင်ဖြစ်သည်။ ပေ ဆယ်ဂဏန်း ခန့် ရှည်လျားသော ဓားချက် ကြီး တစ်ခု က အလွန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တည်ရှိ နေဆဲ ပင်ဖြစ်သည်။

ဗောဓိ သစ်ပင် ၏ အရှေ့တွင် ရပ်ကာ ကျန်းချဲ့ အချိန် အနည်းငယ် မျှ လေ့လာ အကဲခတ် နေလိုက်လေသည်။

ထို့နောက် သူ၏ လက်ကို ဆန့်ထုတ် ကာ သစ်ခေါက် ၏ အပေါ်သို့ တင်လိုက်လေသည်။

စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်သည် နှင့် ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ထံမှနေ၍ အလွန် ကြီးမားလှသော စုပ်ယူခြင်း စွမ်းအား ကြီး တစ်ခု ချက်ချင်း ထွက်ပေါ် လာလေသည်။

မျက်တောင်တစ်ခတ် အတွင်း ပေဆယ်ဂဏန်း ခန့် ကြီးမားသော ဗောဓိ သစ်ပင် အိုကြီး မှာ မျက်စိရှေ့တွင် ပင် အလွန် လျင်မြန်သော နှုန်းဖြင့် ညှိုးနွမ်း သွားလေတော့သည်။

သူ၏ မူလအနှစ်သာရ များ အားလုံး အပြည့်အဝ စုပ်ယူ ခြင်း ခံလိုက်ရလေပြီ။

All Chapters