အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း (၃၆၆) အဆင့်တက်လှမ်းခြင်း... သဘာဝတရားနှင့် တစ်သားတည်းဖြစ်တည်ခြင်း အဆင့်
ရှေ့မှောက်တွင် ညှိုးနွမ်းသွားသော ဗောဓိတာအိုသစ်ပင်ကို ကြည့်ရင်း ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
ဤတစ်ကြိမ် ယဇ်ပူဇော်ပစ္စည်းများကို စုဆောင်းရသည်မှာ သူ့အတွက်တော့ အတော်လေး ချောမွေ့သည်ဟု ဆိုရပေမည်။
မြောက်ပိုင်းချီမိသားစု၏ အကူအညီဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ယဇ်ပူဇော်ပစ္စည်း နှစ်မျိုးလုံးကို အပြည့်အစုံ စုဆောင်းနိုင်ခဲ့ချေပြီ။
နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ရွှမ်ထျန်းနဂါးပြောင်းလဲခြင်း ကျင့်စဉ်၏ ရှန်ရှန်းအဆင့် နောက်ဆက်တွဲကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးရန်ပင် ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင်တော့ မဖြစ်သေးချေ။
သူ၏ အချိန်များက ကန့်သတ်ချက် ရှိနေလေသည်။
ယဇ်ပူဇော်ချိန်က အလွန်မြန်ဆန်ပြီး ခြောက်နာရီခန့် အချိန်ရနိုင်မည်ဟု ခန့်မှန်းထားသော်လည်း သူကတော့ လုံးဝ စွန့်စားပြီး အချိန်မဖြုန်းလိုချေ။
မဟုတ်ပါက ရွှမ်လင်လျှို့ဝှက်နယ်မြေထဲတွင် ပိတ်မိသွားနိုင်သည်။
ပြန်ထွက်ချင်လျှင်ပင် အလွန်ခက်ခဲသွားပေလိမ့်မည်။
သိုင်းသူတော်စင်အဆင့် အစွမ်းထက်သူတစ်ယောက်က ဝင်ရောက်စွက်ဖက်ပြီး လေဟာနယ်ကို ရိုက်ခွဲပေးမှသာ ထွက်လာနိုင်မည်ဖြစ်သည်။
လုံးဝ တွေဝေနေခြင်းမရှိဘဲ ဗောဓိတာအိုသစ်ပင်၏ မူလအနှစ်သာရကို သိမ်းယူပြီးနောက် ကျန်းချဲ့သည် လှည့်ထွက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ထွက်ပေါက်ရှိရာသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။
လျှို့ဝှက်နယ်မြေ ထွက်ပေါက်။
ကျောက်ရှန်းကျီသည် ကျောဘက်တွင် ဓားကိုလွယ်ထားကာ မတ်မတ်ရပ်နေပြီး ထက်မြက်သော အရှိန်အဝါများကို ရုပ်သိမ်းထားလေသည်။
အကြောင်းမူကား ယခုအခါ သူမသည် မျှော်လင့်ချက်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်တည်း။
ခန္ဓာကိုယ်တွင်းရှိ ယင်နှင့် ယန်ကိုသာ ညီမျှအောင် လုပ်နိုင်မည်ဆိုပါက သူမသည် ချက်ချင်းပင် အဆင့်တက်လှမ်းကာ ယွမ်ရှန်အဆင့်သို့ ရောက်ရှိပြီး မီးကပ်ဘေးကို ကျော်ဖြတ်ကာ အရှင်သခင်တစ်ပါး ဖြစ်လာနိုင်ပေသည်။
ပြီးလျှင် သိုင်းသူတော်စင်အဆင့်ကိုပင် လှမ်းမျှော်ကြည့်နိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်သည်။
ထို့အပြင် နောက်ဆုံးတွင် ယင်နှင့် ယန် ညီမျှအောင် လုပ်ဆောင်ခြင်းက မအောင်မြင်ခဲ့လျှင်တောင်မှ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ချေ။
ကျန်းချဲ့က သူမ၏ ထိုက်ယင်ဝိညာဉ်စွမ်းအင်များကို ကူညီဖယ်ထုတ်ပေးမည်ဖြစ်ရာ သူမ၏ မူလအနှစ်သာရကို တတ်နိုင်သမျှ ကာကွယ်ထားနိုင်မည်ဖြစ်သည်။
တစ်ကြိမ် မအောင်မြင်လျှင်တောင်မှ နောက်ထပ် အကြိမ်ကြိမ်အခါခါ ထပ်မံကြိုးစားနိုင်သေးလေသည်။
ခေါင်းပေါ်တွင် ဖိစီးနေသော တောင်ကြီးတစ်လုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ စိတ်နှလုံးများ မည်မျှအထိ ပေါ့ပါးသွားကြောင်းကို သိသာထင်ရှားလှပေသည်။
ရုတ်တရက် အနာဂတ်အကြောင်းကို တွေးတောနေသော ကျောက်ရှန်းကျီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး အစိမ်းရောင် တံခါးပေါက်ဆီသို့ အကြည့်ရောက်သွားလေသည်။
နောက်တစ်ခဏတွင် ကျန်းချဲ့သည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ပေါ်လာပြီး အစီအရင်သော့ပြားကို အသုံးပြုလိုက်ရာ လျှို့ဝှက်နယ်မြေ တံခါးပေါက်လည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေတော့သည်။
"ရှန်းကျီနတ်သမီး အစောင့်အရှောက် လုပ်ပေးရတာ ပင်ပန်းသွားပြီ..."
ကျန်းချဲ့က လက်ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"တာအိုမိတ်ဆွေကျန်းက အရမ်းကို ယဉ်ကျေးလွန်းနေပြီ အစောကပဲ တာအိုမိတ်ဆွေ ပြောခဲ့တယ် မဟုတ်လား တာအိုမိတ်ဆွေက ကျမကို တစ်ကြိမ် ကူညီပေးရင် ကျမကလည်း အကြိမ်ရေ အများကြီး ပြန်ကူညီပေးရမယ် ဆိုတာလေ ဒါက အချင်းချင်း ကူညီတာပါပဲ ပြီးတော့ ကျမက ဒီနေရာမှာ စောင့်နေရုံ သက်သက်ပါ ဘာအန္တရာယ်မှ မရှိပါဘူး တကယ် မထင်မှတ်ထားတာက တာအိုမိတ်ဆွေကျန်း ဒီလောက် မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မယ် ဆိုတာကိုပဲ..."
ကျောက်ရှန်းကျီက ပြုံးရွှင်စွာ ပြောလိုက်လေသည်။
သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်များ လိမ်းကျံထားခြင်း မရှိသော်လည်း အလွန် လှပကျက်သရေ ရှိနေပြီး ယခင်က မြင်တွေ့ခဲ့ရသော အေးစက်စက် အသွင်အပြင်နှင့် လုံးဝ ခြားနားနေလေသည်။
ကျန်းချဲ့၏ ရင်ထဲတွင်လည်း အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။
အမှန်တကယ်တော့ ကျောက်ရှန်းကျီ သည် ရေခဲတမျှ အေးစက်နေသူ မဟုတ်ဘဲ အပြင်ပန်းသာ အေးစက်ပြီး အတွင်းစိတ် နွေးထွေးသူ တစ်ယောက် ဖြစ်နေခြင်း ပင်တည်း။
"ဘယ်လိုပဲဖြစ်ဖြစ် နတ်သမီးကို ကျေးဇူးတင်ပါတယ်..."
စကားအနည်းငယ် ပြောဆိုပြီးနောက် ကျောက်ရှန်းကျီက နှုတ်ဆက်စကား ဆိုလိုက်လေသည်။
"ကျမ ထိုက်ယန် ဝိညာဉ်စွမ်းအင် တွေကို ပြန်သွား ပြင်ဆင်ရဦးမယ် တာအိုမိတ်ဆွေကျန်းနဲ့ အချိန်အကြာကြီး မနေနိုင်တော့ဘူး တာအိုမိတ်ဆွေကျန်းရဲ့ မင်္ဂလာပွဲ ပြီးတဲ့အခါကျရင် ကျမတို့ ယင်နဲ့ ယန် ကို အချိုးအစား ညီမျှအောင် စတင်လုပ်ဆောင်ကြရင် ဘယ်လိုလဲ..."
"ကောင်းပါပြီ မင်္ဂလာဆောင် ပြီးတဲ့အခါကျရင် စလုပ်ကြတာပေါ့ ဒါပေမဲ့ ကျုပ်ရဲ့ မင်္ဂလာပွဲကိုတော့ နတ်သမီး သေချာပေါက် လာခဲ့ရမယ်..."
ကျောက်ရှန်းကျီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ထဲရှိ ဓားမှာ လေနှင့်အပြိုင် ကြီးထွားလာပြီး ဆယ်ပေကျော် ရှည်လျားသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။
သူမက ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ဓားပေါ်တွင် ခိုင်မာစွာ ရပ်တန့်လိုက်ကာ ကျန်းချဲ့ကို ပြုံးပြလိုက်လေသည်။
"တကယ်တော့ ကျမက ဒီလိုမျိုး ဆူညံတဲ့ ပွဲလမ်းသဘင်တွေကို သိပ်မနှစ်သက်လှပါဘူး ဒါပေမဲ့ တာအိုမိတ်ဆွေကျန်းရဲ့ မင်္ဂလာပွဲ ဆိုတော့လည်း ကျမ သေချာပေါက် လာပြီး မင်္ဂလာအရက်လေး တစ်ခွက်လောက်တော့ လာသောက်ရမှာပေါ့..."
"ကောင်းပါပြီ ဒါဆို ကျုပ်က ချီမိသားစု နယ်မြေ ကနေ နတ်သမီး အလာကို စောင့်နေပါ့မယ်..."
"သွားခွင့်ပြုပါဦး..."
"ကောင်းပါပြီ..."
ကျောက်ရှန်းကျီကို နှုတ်ဆက်ပြီးနောက် ကျန်းချဲ့သည် မြောက်ပိုင်း ချီမိသားစု ရှိရာသို့ ချက်ချင်း ပြန်မသွားခဲ့ချေ။
ယခင်က အဆင့်တက်လှမ်းမှုမှာ ချီမိသားစုကို လုံလောက်အောင် အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။ အံ့အားသင့်မှုများ လွန်ကဲလွန်းပါကလည်း မကောင်းနိုင်ချေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျန်းချဲ့သည် တစ်ကိုယ်တည်း ယဇ်ပူဇော်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးရုံ သက်သက်ဖြစ်ရာ လှုပ်ရှားမှု သိပ်ကြီးမားမည် မဟုတ်ဘဲ ကြီးကြီးမားမား အန္တရာယ်လည်း မရှိနိုင်ဟု ကျန်းချဲ့ ယုံကြည်ထားလေသည်။
သေချာသည်ကတော့ လိုအပ်သော ကာကွယ်မှုများကို ပြုလုပ်ထားရမည်ဖြစ်ပြီး ချီရွှယ်မိစ္ဆာသခင်ကို အစောင့်အရှောက် လုပ်ပေးရန် အကူအညီ တောင်းခံရမည် ဖြစ်လေသည်။
ထို့နောက် သူသည် အနီးအနားရှိ တောင်တန်းများထဲတွင် သင့်တော်သော နေရာတစ်ခုကို ရှာဖွေလိုက်လေတော့သည်။
"စီနီယာ ကျုပ် ခဏလောက် တံခါးပိတ်ပြီး ရတနာတစ်ခုကို ချေဖျက်ရဦးမယ် အဲ့ဒီအချိန်ကျရင် စီနီယာက ကျုပ်အတွက် ခဏလောက် အစောင့်အရှောက် လုပ်ပေးဖို့ မျှော်လင့်ပါတယ်..."
ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားထဲမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"အစောင့်အရှောက် လုပ်ပေးရတာက ပြဿနာ မဟုတ်ပါဘူး ဒါပေမဲ့ မင်းက ငါ့ရဲ့ မေးခွန်းတစ်ခုကို အရင်ဖြေရမယ်..."
"ဘာမေးခွန်းလဲ..."
"မင်းကောင်လေးက အဲ့ဒီ ဓားသမားမလေးကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား..."
ချီရွှယ်မိစ္ဆာသခင်က ရုတ်တရက် မေးလိုက်လေသည်။
ကျန်းချဲ့၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
"စီနီယာက ဘာသဘောနဲ့ ပြောတာလဲ..."
"ဘာသဘောမှ မရှိပါဘူး မင်းရဲ့ ပုံမှန်အကျင့်စရိုက်နဲ့ သိပ်မကိုက်ညီဘူးလို့ ခံစားရလို့ပါ အဲ့ဒီ ဓားသမားမလေးကို ငါလည်း မြင်ပါတယ် ရုပ်ရည်ကလည်း မဆိုးဘူး ခန္ဓာကိုယ် ကောက်ကြောင်းကလည်း လှတယ် စရိုက်ကလည်း အပြင်ပန်းသာ အေးစက်ပြီး အတွင်းစိတ်က နွေးထွေးတဲ့ ပုံစံမျိုးဆိုတော့ သေချာပေါက် မင်း သဘောကျမယ့် ပုံစံမျိုးပဲလေ အစောက ဘာလို့ အဲ့ဒီလောက်တောင် ရိုးသားတဲ့ ပုံစံမျိုး ဖမ်းနေတာလဲ ကူညီပေးတာကို အကြောင်းပြပြီး တစ်ခုခု တောင်းဆိုဖို့တောင် မစဉ်းစားဘူးလား..."
"စီနီယာ ကျုပ်အပေါ် အထင်လွဲနေပြီ ထင်တယ် ကျုပ်က မိန်းမကိစ္စတွေကို သိပ်မရှောင်ကြဉ်ဘူး ဆိုပေမဲ့ မိန်းမမြင်တာနဲ့ သွားရည်ကျနေတဲ့ သူမျိုးတော့ လုံးဝ မဟုတ်ပါဘူး တာအိုမိတ်ဆွေကျောက် က လင်းကျန့်တောင်ရဲ့ ဂိုဏ်းချုပ်လောင်း တစ်ယောက်ပါ စွမ်းအားကလည်း အရမ်း ကြောက်စရာကောင်းတယ် ကျုပ် သူ့ကို ကူညီပေးတာက နောက်ပိုင်း သူက ကျုပ်ကို ပြန်ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်လို့ပါ..."
ချီရွှယ်မိစ္ဆာသခင်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်လေသည်။
"ကောင်လေး မင်း စကားတစ်ခွန်း ကြားဖူးလား ရှင်းပြလေလေ ပိုပြီး သံသယဝင်စရာ ကောင်းလေလေ ဆိုတာကိုလေ အရင်တုန်းက ငါ သံသယပဲ ရှိသေးတာ အခုတော့ သေချာသွားပြီ မင်းက အချိန်မရွေး သူ့ကို အိပ်ယာပေါ် ဆွဲတင်တော့မှာ သေချာတယ်..."
"ရွှယ်မိစ္ဆာသခင် ကျုပ်ရဲ့ နာမည်ကောင်းကို လာမဖျက်ဆီးနဲ့..."
"ဒါဆို ငါတို့ လောင်းကြေးထပ်ကြမလား..."
"ဘာလောင်းမှာလဲ..."
"မင်း တကယ် လောင်းရဲလို့လား..."
"ကျုပ်က ရိုးရိုးသားသား နေထိုင်ပြီး ရိုးရိုးသားသား အလုပ်လုပ်တဲ့သူပါ ဘာလို့ မလောင်းရဲရမှာလဲ..."
တောင်တန်းတစ်ခု အတွင်း။
ကျန်းချဲ့သည် တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများကို မှိတ်ကာ အသက်ရှူသွင်း ရှူထုတ် လုပ်နေလေသည်။
ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားသည် လေဟာနယ်ထက်တွင် တွဲလောင်းချိတ်ဆွဲထားပြီး သွေးရောင် လူရိပ်တစ်ခုမှာ ထင်ရှားတစ်လှည့် ပျောက်ကွယ်တစ်လှည့် ဖြစ်နေလေသည်။
ဘေးပတ်ဝန်းကျင် တစ်ဝိုက်တွင်လည်း ကျန်းချဲ့က တားမြစ်အစီအရင် အထပ်ထပ်ကို ချထားလေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ရုတ်တရက် တိုက်ခိုက်လာမည် ဆိုလျှင်တောင်မှ သူ အချိန်မီ တုံ့ပြန်နိုင်စွမ်း ရှိလေသည်။
စိတ်အာရုံများကို ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် အတွင်းသို့ သွင်းလိုက်ပြီးနောက် ကျန်းချဲ့၏ ရင်ထဲတွင် ရေကန်တစ်ခုလို အလွန် တိတ်ဆိတ် ငြိမ်သက်နေလေသည်။
'ယဇ်ပူဇော်မည့် ရည်မှန်းချက် - ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်၏ ရှန်ရှန်းအဆင့် ကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးရန်...'
'ယဇ်ပူဇော်ရမည့် ပစ္စည်းများ - ဗောဓိ တာအို သစ်ပင်၏ မူလအနှစ်သာရ မင်ရှန် တာအို အရှိန်အဝါ သုံးခု သက်တမ်း အနှစ်နှစ်ဆယ် လျှော့ချခံရမည် လက်ကျန် သက်တမ်း သုံးရာနှစ်ဆယ် ယဇ်ပူဇော်မည်လား...'
လုံးဝ တွေဝေနေခြင်း မရှိဘဲ ကျန်းချဲ့ စိတ်အာရုံကို လှုပ်ရှားလိုက်လေသည်။
'ယဇ်ပူဇော်မည်...'
မျက်တောင်တစ်ခတ် အတွင်း အလင်းတန်းများ လင်းလက်သွားပြီး ကောင်းကင်ကျောက်တိုင်၏ နတ်ဘုရား သင်္ကေတများ အပေါ်တွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
အချိန်တိုလေး အတွင်းမှာပင် ယဇ်ပူဇော်ရာ ကောင်းကင်ကျောက်တိုင် တစ်ခုလုံးကို အလင်းတန်းများက ဖုံးလွှမ်းသွားလေတော့သည်။
ထို့နောက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဇ်ပူဇော်ပစ္စည်းများ အပေါ်သို့ ဖုံးလွှမ်းသွားလေသည်။
အလင်းတန်းများ လင်းလက်နေစဉ် ဗောဓိ တာအို သစ်ပင်၏ မူလအနှစ်သာရ နှင့် မင်ရှန် တာအို အရှိန်အဝါ သုံးခုစလုံး အလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့သည် သူ၏ ကိုယ်ပိုင် အသက်စွမ်းအင်များ ထိုစွမ်းအား၏ လျင်မြန်စွာ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရလေသည်။
အနှစ်နှစ်ဆယ် သက်တမ်း။
ယခုအခါ ကျန်းချဲ့ တွင် သက်တမ်း အနှစ်သုံးရာ အတိအကျ ကျန်ရှိနေသေးလေသည်။
ကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးရာတွင် အသုံးပြုလိုက်ရသဖြင့် အနည်းငယ် နှမြောစရာ ကောင်းသော်လည်း ကျန်းချဲ့ကတော့ အလွန် တန်သည်ဟု ခံစားရလေသည်။
အကြောင်းမူကား ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင်က ပေါင်းစပ်ဖန်တီးပေးလိုက်သော ကျင့်စဉ်သည် သူ့အတွက် အသင့်တော်ဆုံး ကျင့်စဉ် သေချာပေါက် ဖြစ်လာမည် ဖြစ်သောကြောင့် ပင်တည်း။
တစ်ကြိမ် ကျင့်ကြံအောင်မြင်သွားသည်နှင့် သူ၏ စွမ်းအားများ သူ၏ အခြေခံအုတ်မြစ်များ အားလုံး အကြီးအကျယ် တိုးတက်လာမည် ဖြစ်လေသည်။
ယဇ်ပူဇော်ပစ္စည်းများ အားလုံး အပြည့်အဝ ဝါးမျိုခံလိုက်ရပြီးနောက် နောက်ထပ် အလင်းတန်းတစ်ခု လင်းလက်လာပြီး ကျန်းချဲ့၏ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်း ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားပြီး ကမ္ဘာလောကကြီး တစ်ခုလုံး ပြောင်းလဲသွားလေတော့သည်။
သူ မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် သူ၏ အရှေ့ရှိ မြင်ကွင်းများမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
သူသည် ကမောက်ကမ လေဟာနယ် တစ်ခု အတွင်းတွင် ရောက်ရှိနေပြီး ဘေးပတ်ဝန်းကျင် တစ်ဝိုက်တွင် ညစ်ညမ်းသော လေစီးကြောင်းများသာ ရှိနေလေသည်။
ရှင်းလင်းစွာ မမြင်တွေ့နိုင်ဘဲ မျက်စိတစ်ဆုံး လုံးဝ မကြည့်နိုင်ချေ။ မျက်မြင်မရသော လေစီးကြောင်း တစ်ခုက သူ့ကို ရစ်ပတ် ဖုံးလွှမ်းထားသည့် အလား ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နက်ရှိုင်းသော သိမြင်နားလည်မှု တစ်ခုက သူ၏ စိတ်နှလုံးထဲသို့ စီးဝင်လာလေသည်။
နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်။
ထို သတင်းအချက်အလက် များမှာ ယခင်က သူ ကျင့်ကြံခဲ့ဖူးသော နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ပင်ဖြစ်သည်။
သူ၏ ပထမဆုံးသော မွေးရာပါ ကျင့်စဉ် ဖြစ်ရာ ကျန်းချဲ့က ၎င်းအပေါ်တွင် အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ရှိနေလေသည်။ သို့သော် အနည်းငယ် ကွာခြားချက်လေး တစ်ခု ရှိနေလေသည်။
ထို သိမြင်နားလည်မှု များသည် သူ ကျင့်ကြံခဲ့သော နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် နှင့် အနည်းငယ် ကွာခြားနေလေသည်။
ဝိညာဉ်ရေးရာ အရ ဆင်တူသော်လည်း ပုံပန်းသဏ္ဌာန် အရ ကွာခြားနေလေသည်။
အကြမ်းဖျင်းအားဖြင့် အတူတူပင် ဖြစ်သော်လည်း သွေးကြောများ အတွင်း ချီစွမ်းအင် လည်ပတ်ပုံ ကဲ့သို့သော အသေးစိတ် အချက်အလက် များတွင်တော့ ကြီးမားသော ကွာခြားချက်များ ရှိနေလေသည်။
သေချာသည်ကတော့ ဒုတိယအကြိမ် စီးဝင်လာသော သိမြင်နားလည်မှုက ပိုမို အဆင့်မြင့်မားကြောင်း အလွန် သိသာ ထင်ရှားလှပေသည်။
တစ်ချိန်တည်းမှာပင် ပြန်လည် သိမြင်နားလည်ထားသော နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် သည် သူ၏ အခြေခံအုတ်မြစ်များကို ဖြည်းညင်းစွာ ပြောင်းလဲပေးနေလေသည်။
ကျန်းချဲ့ အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ထို သိမြင်နားလည်မှု ၏ ထူးခြားဆန်းကြယ်မှု များကို လျင်မြန်စွာ သဘောပေါက် နားလည်သွားလေသည်။
ချက်ချင်းပင် ပိုမို ပြီးပြည့်စုံသော နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်လေတော့သည်။
မွေးရာပါ အစောပိုင်းအဆင့် မှနေ၍ မွေးရာပါ နောက်ပိုင်းအဆင့် အထိ...
ကျန်းချဲ့သည် အချိန်များကို မေ့လျော့သွားသည့် အလား တစ်လှမ်းချင်းစီ စတင် ကျင့်ကြံနေပြီး ဘေးပတ်ဝန်းကျင်ရှိ သိပ်သည်းလှသော မူလစွမ်းအင် များကို ချေဖျက် စုပ်ယူကာ ကျင့်ကြံခြင်း အဆင့်များကို မြှင့်တင်နေလေသည်။
နွေဦး ကုန်ဆုံး၍ ဆောင်းဦး ရောက်လာပြီး အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
အချိန် မည်မျှ ကြာသွားသည်ကို မသိရဘဲ ကျန်းချဲ့ သည် နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်ကို အစမှ အဆုံး ပြန်လည် ကျင့်ကြံခဲ့လေသည်။
ယခင်က ကျင့်ကြံမှု များနှင့် နှိုင်းယှဉ် ကြည့်လိုက်သောအခါ ပြန်လည် ကျင့်ကြံထားသော နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် က ပိုမို အစွမ်းထက်ကြောင်း သေချာပေါက် သိရှိလိုက်ရလေသည်။
မူလ ကျင့်စဉ်ထက် နှစ်ဆယ် ရာခိုင်နှုန်း ခန့် ပိုမို အစွမ်းထက်မည်ဟု သူ ခန့်မှန်းမိလေသည်။
ဤ နှစ်ဆယ် ရာခိုင်နှုန်းကို အထင်မသေးသင့်ချေ။ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် သည် မူလကတည်းက ထိပ်တန်း ကျင့်စဉ် တစ်ခု ဖြစ်ရာ နောက်ထပ် နှစ်ဆယ် ရာခိုင်နှုန်း ထပ်မံ အစွမ်းထက် လာမည် ဆိုပါက ကျန်းချဲ့ ၏ စွမ်းအားများ လည်း ထိုပမာဏ အတိုင်း တိုးတက်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။
ကျန်းချဲ့ သည် နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံ ပြီးစီးသွားသောအခါ နောက်ထပ် သိမြင်နားလည်မှု တစ်ခုက သူ၏ စိတ်နှလုံးထဲသို့ ထပ်မံ စီးဝင်လာပြန်လေသည်။
ဤတစ်ကြိမ်တွင်တော့ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ပင်ဖြစ်သည်။
အပြင်ဘက်တွင်။
ချီရွှယ်မိစ္ဆာသခင် သည် ကျန်းချဲ့ တံခါးပိတ် ကျင့်ကြံနေသည်ကို ဆက်လက် စောင့်ကြည့် နေလေသည်။
ယခင်က အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ အရ ကျန်းချဲ့ တံခါးပိတ် ကျင့်ကြံတိုင်း သူ၏ စွမ်းအားများ အကြီးအကျယ် တိုးတက်လာလေ့ ရှိကြောင်းကို သူ ကောင်းစွာ သဘောပေါက် ထားလေသည်။
သို့သော် ဤတစ်ကြိမ် တွင်တော့ သူ အပြည့်အဝ မသေချာတော့ချေ။
အကြောင်းမူကား ကျန်းချဲ့ အဆင့်တက်လှမ်း ခဲ့သည်မှာ ရက်အနည်းငယ် သာ ကြာသေးသောကြောင့် ပင်ဖြစ်သည်။
'အခု ချက်ချင်းကြီး ဓမ္မရုပ်တု အဆင့်ကို တက်လှမ်းတော့မှာလား...'
ချီရွှယ်မိစ္ဆာသခင် ၏ ရင်ထဲတွင် တိတ်ဆိတ် ရေရွတ်လိုက်လေသည်။
အကယ်၍ အခြားသူ တစ်ယောက် သာ ဆိုပါက သူ လုံးဝ ယုံကြည်မည် မဟုတ်ချေ။
သို့သော် ကျန်းချဲ့ ၏ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများ က အလွန် ထူးခြား ဆန်းကြယ် လွန်းနေသည် မဟုတ်ပါလော။
သူ၏ အမြင်တွင် ကျန်းချဲ့ သည် အမြဲတမ်း အံ့ဖွယ် ကိစ္စရပ် များကို ဖန်တီးနေသူ ပင်ဖြစ်သည်။
မကြာမီ မှာပင် အချိန် တစ်နာရီ ၏ လေးပုံတစ်ပုံ ခန့်သာ ကြာမြင့် သေးချိန်တွင် ချီရွှယ်မိစ္ဆာသခင် ရုတ်တရက် ကြက်သေသေ သွားလေသည်။
ကျန်းချဲ့ ၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေကြောင်း သတိထားမိလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အမည်မသိ တာအို အရှိန်အဝါ ကြီးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
တစ်ကိုယ်လုံး မှာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ဖြင့် ဖုံးလွှမ်း နေသည့် အလား ပင်ဖြစ်သည်။
'ဒီကောင်လေး ဘာတွေ လုပ်နေတာလဲ...'
ဤအချိန်တွင် ချီရွှယ်မိစ္ဆာသခင် ၏ ရင်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့ သည် လည်း ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံ ပြီးစီးသွားခဲ့လေပြီ။
ယခင်က အတိုင်းပင် ကျန်းချဲ့ ထပ်မံ၍ ပြောင်းလဲ သွားပြန်လေသည်။ တစ်ဖန် ပြန်လည် ကျင့်ကြံရခြင်းက ကွာဟချက် များကို ပိုမို ရှင်းလင်းစွာ ခံစား သိရှိစေလေသည်။
ယခုအချိန်တွင် သူ့ရင်ထဲ၌ အနည်းငယ် မျှော်လင့်ချက် များ ပြည့်နှက် နေလေသည်။
နောက်တစ်ဆင့် ကတော့ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်၏ နောက်ဆက်တွဲ ကျင့်စဉ် ပင် ဖြစ်တန်ကောင်းလေသည်။
မျက်တောင်တစ်ခတ် အတွင်း ပိုမို အစွမ်းထက်သော သိမြင်နားလည်မှု တစ်ခုက ကျန်းချဲ့ကို ဖုံးလွှမ်း သွားလေသည်။
ကျန်းချဲ့ ၏ အမြင်အာရုံ ထဲတွင် နဂါးပုံသဏ္ဌာန် လေဟာနယ် စွမ်းအင်လှိုင်း များက အရပ်လေးမျက်နှာ မှနေ၍ အဆက်မပြတ် စုစည်း လာပြီး သူ၏ ထံသို့ အရူးအမူး အရှိန်အဟုန် ဖြင့် စီးဝင် လာကြလေသည်။
ဝုန်း...
တိုးညှင်းသော ကွဲအက်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့ ထို သိမြင်နားလည်မှု ကို လက်ခံ ရရှိသွားချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများ အားလုံး ချက်ချင်း ပျက်စီး သွားပြီး ဟင်းလင်းပြင် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ယခင်က အတွေ့အကြုံများ အရ ကျန်းချဲ့ သည် လက်တွေ့ ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာပြီဟု ထင်မှတ် လိုက်သော်လည်း သူ မျက်လုံးဖွင့် ကြည့်လိုက်သောအခါ နေရာတွင်ပင် ကြက်သေသေ သွားရလေသည်။
အကြောင်းမူကား ယခုအချိန်တွင် သူသည် စိတ်ကူးယဉ် ကမ္ဘာထဲတွင် ရှိနေဆဲ ပင်ဖြစ်သောကြောင့် တည်း။
သို့သော် ယခင်က ကမောက်ကမ လေဟာနယ် မျိုး မဟုတ်တော့ဘဲ နောက်ထပ် စိတ်ကူးယဉ် ကမ္ဘာ တစ်ခု ပင်ဖြစ်သည်။
'ဒါက ဘာကြီးလဲ...'
ကျန်းချဲ့ ၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
သို့သော် မကြာမီ မှာပင် တစ်ခုခု မှားယွင်းနေကြောင်း သူ ချက်ချင်း သတိပြုမိ လိုက်လေသည်။
သူ၏ အစစ်အမှန် ခန္ဓာကိုယ် ကြီး လုံးဝ ပျောက်ကွယ် သွားပြီး သူကိုယ်တိုင် သည် လေပြေလေး တစ်သုတ် အဖြစ် ပြောင်းလဲ သွားကာ ကောင်းကင်နှင့် မြေကြီး အကြားတွင် လွင့်မျော နေလေသည်။
လေတိုက်ရာသို့ တိမ်တိုက်များ လွင့်မျော သွားပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး အလွန် တိတ်ဆိတ် ငြိမ်သက် နေလေသည်။
ကျန်းချဲ့ သည် ယခုအချိန်တွင် သူ့ကိုယ်သူ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဘေးပတ်ဝန်းကျင် ၏ အပြောင်းအလဲ များ အတိုင်း သာ လိုက်ပါ လှုပ်ရှား နေရလေသည်။
လေ အဖြစ်သို့ ပြောင်းလဲ သွားသလို တိမ်တိုက် အဖြစ် လည်း ပြောင်းလဲ သွားလေသည်။
ကျန်းချဲ့ တဖြည်းဖြည်း ထုံထိုင်း လာလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့တွင် အချိန် အတိုင်းအတာ ဆိုသော အသိဉာဏ် လုံးဝ မရှိတော့ချေ။
အစပိုင်း တွင် လေပြေလေး တစ်သုတ် အဖြစ် ပြောင်းလဲ သွားပြီး နောက်ပိုင်းတွင် တိမ်တိုက် အဖြစ် ပြောင်းလဲ သွားကာ ထိုမှတစ်ဆင့် သစ်ပင် တစ်ပင် အဖြစ်သို့ ပြောင်းလဲ သွားပြန်လေသည်။
ဧရာမ ကျောက်တုံးကြီး တစ်ခု အဖြစ်သို့ လည်း ပြောင်းလဲ သွားခဲ့လေသည်။
မိုးကြိုး... ပင်လယ်ရေ... ငါးများ... သစ်ပင် ပန်းမန်များ... မြေကြီး များ အထိ ပင်...
ကျန်းချဲ့ သည် ပုံစံ မျိုးစုံ သို့ အဆက်မပြတ် ပြောင်းလဲ နေပြီး အစပိုင်းက စိတ်လှုပ်ရှား မှုများ မှာ တဖြည်းဖြည်း ထုံထိုင်း မှု အဖြစ်သို့ ပြောင်းလဲ သွားလေတော့သည်။
ယခုအချိန် အထိ ကျန်းချဲ့ သည် သူ၏ အသိစိတ်များ လုံးဝ ပျောက်ကွယ် သွားပြီး ကောင်းကင်နှင့် မြေကြီး ၏ အစိတ်အပိုင်း တစ်ခု အဖြစ်သို့ အပြည့်အဝ ပြောင်းလဲ သွားပြီဟု ခံစား လိုက်ရလေသည်။
သတိမထား မိလောက်အောင် သေးငယ်သော လေတိုက်ရာသို့ လွင့်ပါ နေသည့် သစ်ရွက်ခြောက် လေး တစ်ရွက် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ဘယ်အချိန် မှ ပြန်လည် နိုးထ လာမည်ကို သူ မသိရှိတော့ချေ။ ထို အသိဉာဏ် ပင် လုံးဝ ပျောက်ကွယ် သွားခဲ့လေပြီ။
အလွန် ရှည်လျားလှသော အချိန် ကာလ များ အတွင်း သူ၏ အသိစိတ်များ ကလည်း တဖြည်းဖြည်း အရည်ပျော် ပျောက်ကွယ် နေလေသည်။
နောက်ဆုံးတွင်တော့ သူသည် လူသား တစ်ယောက် ဖြစ်ကြောင်းကို ပင် လုံးဝ မေ့လျော့ သွားခဲ့ပြီး ခန္ဓာကိုယ် မှသည် အသိစိတ် အထိ ကောင်းကင်နှင့် မြေကြီး အကြားသို့ အပြည့်အဝ ပေါင်းစပ် ဝင်ရောက် သွားလေတော့သည်။
သို့သော် အပြင်ဘက် တွင်တော့ လုံးဝ ခြားနားသော မြင်ကွင်း တစ်ခု ဖြစ်ပေါ် နေလေသည်။
ချီရွှယ်မိစ္ဆာသခင် ၏ မျက်လုံးများ အပြူးသား ဖြစ်နေပြီး ကျန်းချဲ့ ကို လုံးဝ မယုံကြည် နိုင်သော အမူအရာ ဖြင့် ကြည့်ရှု နေလေသည်။
ကျန်းချဲ့ သည် ကျင့်ကြံခြင်း အဆင့်ကို တက်လှမ်း နေခြင်း မဟုတ်ဘဲ အဆင့် တက်လှမ်း ခြင်း ထက် ပိုမို ကြီးမားသော ကိစ္စ တစ်ခုကို လုပ်ဆောင် နေလိမ့်မည် ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
"စိတ်နှလုံးက သဘာဝတရား ကြီးနဲ့ ပေါင်းစပ်သွားတယ် သဘာဝတရား နဲ့ တစ်သားတည်း ဖြစ်တည်ခြင်း..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ချီရွှယ်မိစ္ဆာသခင် မျက်မှောင်ကို တင်းတင်း ကျုံ့ထား လိုက်ပြီး ရင်ထဲတွင် သံသယ များနှင့် နားမလည် နိုင်မှု များ အပြည့်အဝ ဖြစ်ပေါ် နေလေသည်။
ကျန်းချဲ့ သည် ဤမျှလောက် လွယ်လွယ်ကူကူ ဖြင့် သဘာဝတရား နှင့် တစ်သားတည်း ဖြစ်တည်ခြင်း ကို ဘယ်လိုလုပ် ရရှိသွား သနည်း ဆိုသည်ကို သူ လုံးဝ နားမလည် နိုင်အောင် ဖြစ်နေရလေသည်။
သို့သော် မျက်စိရှေ့ရှိ မြင်ကွင်း ကတော့ သူ့ကို မယုံမရှိ အောင် ဖိအားပေး နေလေသည်။
သူ၏ အမြင်တွင် ကျန်းချဲ့ သည် ကျောက်တုံး ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော်လည်း တစ်ကိုယ်လုံးရှိ အရှိန်အဝါ များမှာ အပြည့်အဝ ပျောက်ကွယ် သွားခဲ့လေပြီ။
သေဆုံး သွားခြင်း မဟုတ်ဘဲ သဘာဝတရား ကြီးထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ် ဝင်ရောက် သွားခြင်း ပင်ဖြစ်သည်။
ခန္ဓာကိုယ် က သဘာဝတရား ကြီးနဲ့ ပေါင်းစပ်သွားသလို စိတ်နှလုံး ကလည်း သဘာဝတရား ကြီးနဲ့ ပေါင်းစပ် သွားလေသည်။
လူတစ်ကိုယ်လုံး မှာ မျက်စိရှေ့တွင် ရှိနေသော်လည်း မည်သည့် အရှိန်အဝါ ကိုမှ လုံးဝ ခံစား ၍ မရနိုင်တော့ချေ။
ဘေးပတ်ဝန်းကျင် တစ်ဝိုက်တွင် လည်း တာအို အရှိန်အဝါ များ အဆက်မပြတ် လည်ပတ် နေပြီး သဘာဝတရား နှင့် တစ်သားတည်း ဖြစ်တည်ခြင်း ၏ လက္ခဏာရပ်များ အပြည့်အဝ ပေါ်လွင် နေလေသည်။
ယခင်က ချီရွှယ်မိစ္ဆာသခင် သည် ယွမ်ရှန်အဆင့် သို့ ရောက်ရှိ နေချိန် တွင် လောကီ လူသားများ အကြား၌ ဆယ်စုနှစ် များစွာ တရားထိုင် ကျင့်ကြံ ခဲ့ပြီး မှ သာ ဤ အခြေအနေ သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်လေသည်။
ကျန်းချဲ့ ၏ ယခု လက်ရှိ အပြောင်းအလဲ များသည် ထို အခြေအနေ မျိုး သေချာပေါက် ဖြစ်ကြောင်း သူ အပြည့်အဝ အတည်ပြု နိုင်လေသည်။
သို့သော် သူ အလွန်အမင်း ထိတ်လန့် နေမိလေသည်။
အကြောင်းမူကား ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ တစ်ခု ဖြစ်နေသောကြောင့် ပင်တည်း။
သဘာဝတရား နှင့် တစ်သားတည်း ဖြစ်တည်ခြင်း ဆိုသည်မှာ သိုင်းစိတ်ဆန္ဒ ၏ ပြီးပြည့်စုံသော အခြေအနေ တစ်ရပ် ဖြစ်ပြီး ယွမ်ရှန်အဆင့် ရှိသော အရှင်သခင် များ သာလျှင် နားလည် သဘောပေါက် နိုင်သော အရာ ဖြစ်လေသည်။
ယွမ်ရှန်အဆင့် အောက်ရှိ မဟာသိုင်းသခင်ကြီး များ ထဲတွင် ဤမျှလောက် နက်နဲသော အခြေအနေ သို့ ရောက်ရှိ နိုင်သူ ဆိုသည်မှာ လက်ချိုး ရေတွက် လို့ ရလောက်အောင် ပင် ရှားပါး လွန်းလှပေသည်။
အရာအားလုံး က ကိုယ်ပိုင် သိမြင်နားလည် နိုင်စွမ်း အပေါ် တွင် သာ အပြည့်အဝ မူတည် နေလေသည်။
'ဒါမှမဟုတ် ငါနဲ့ ဒီကောင်လေး ရဲ့ ကွာဟမှု က တကယ်ပဲ ဒီလောက်တောင် ကြီးမား နေတာလား...'
ချီရွှယ်မိစ္ဆာသခင် သည် ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး သံသယ ဝင်လာလေသည်။ ယခင်က သူသည် လည်း မိစ္ဆာ လမ်းစဉ် ၏ ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ် ခံခဲ့ရဖူး သည် မဟုတ်ပါလော။
သို့သော် ကျန်းချဲ့ နှင့် နှိုင်းယှဉ် လိုက်သောအခါ သူသည် အသုံးမကျသော အမှိုက် တစ်ကောင် အလား ဖြစ်သွား ရလေသည်။
'တစ်ခုခု မှားနေပြီ ဆယ့်နှစ်ရာခိုင်နှုန်း လောက်ကို မှားယွင်း နေပြီ...'
ချီရွှယ်မိစ္ဆာသခင် ချက်ချင်း သတိပြန်ဝင် လာလေသည်။
အကယ်၍ ယခင် က အကြိမ်များ ကို မနည်း ဖြေရှင်း ချက် ပေး၍ ရနိုင် သေးသော်လည်း ယခု ကျန်းချဲ့ ၏ အပြောင်းအလဲ ကတော့ သိမြင်နားလည် နိုင်စွမ်း ကောင်းမွန်လွန်း နေသည် ဟု ပြောရုံ ဖြင့် လုံးဝ ဖြေရှင်း ၍ မရနိုင်တော့ချေ။
တစ်စုံတစ်ယောက် က ဤမျှလောက် လွယ်လွယ်ကူကူ ဖြင့် ဤ အခြေအနေ သို့ ရောက်ရှိ နိုင်လိမ့်မည် ဟု သူ လုံးဝ မယုံကြည် နိုင်ချေ။
သေချာသည် ကတော့ ကျန်းချဲ့ တွင် ယခင် ဘဝ က အမွေအနှစ် များ ပါလာခြင်း သာ ဖြစ်ရမည်။
သို့သော် လုံးဝ မမှန်ကန် သလို လည်း သူ ခံစား နေရပြန်လေသည်။ အကြောင်းမူကား ကျန်းချဲ့ ပြသ ခဲ့သော ဗဟုသုတ နှင့် အတွေ့အကြုံ များ က အစွမ်းထက် သော အရှင်သခင် ကြီး တစ်ပါး ဝင်စား လာသည့် ပုံစံမျိုး လုံးဝ မဟုတ်သောကြောင့် ပင်ဖြစ်သည်။
ဤသည်မှာ အဖြေရှာ မရသော ပြဿနာ ကြီး တစ်ခု အဖြစ်သို့ ရောက်ရှိ သွားလေတော့သည်။
ချီရွှယ်မိစ္ဆာသခင် တစ်ယောက် ခေါင်းစား မတတ် တွေးတော နေစဉ် မှာပင် ကျန်းချဲ့ လက်တွေ့ ကမ္ဘာသို့ ပြန်လည် ရောက်ရှိ လာလေပြီ။
သူ လိုက်ပါ စီးမျော ခဲ့သော သစ်ရွက်ခြောက် လေး လုံးဝ ပျက်စီး ပျောက်ကွယ် သွားပြီးနောက် စိတ်ကူးယဉ် ကမ္ဘာကြီး လည်း ချက်ချင်း ပျက်စီး သွားခဲ့လေသည်။
တစ်ချိန်တည်း မှာပင် အလွန် များပြားလှသော သိမြင်နားလည် မှုများ က သူ၏ စိတ်နှလုံးထဲသို့ အဆက်မပြတ် စီးဝင် လာလေတော့သည်။
မျက်လုံး ဖွင့်လိုက်ရာ ကျန်းချဲ့ ၏ မျက်ဝန်းများ ထဲတွင် အလင်းတန်းများ လင်းလက် သွားလေသည်။
ဘေးပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် သူ အရာရာကို ကြည့်ရှု သော ရှုထောင့် များ ပြောင်းလဲ သွားကြောင်းကို ရုတ်တရက် သတိပြု မိလိုက်လေသည်။
ပိုမို၍ လက်တွေ့ ကျလာသည့် အလား ပင်ဖြစ်သည်။
ဘေးပတ်ဝန်းကျင် ရှိ အရာအားလုံး မှာ လုံးဝ ကွာခြား သွားခဲ့လေပြီ။
ခြေအောက်ရှိ ကျောက်တုံး ဘေးနားရှိ မြက်ပင်များ ဆံပင်ကို တိုက်ခတ် သွားသော လေပြေလေး များ အားလုံး မှာ လုံးဝ ကွာခြား သွားသည့် အလား ပင်ဖြစ်သည်။
သူ လက်တစ်ချက် ဝှေ့ယမ်း လိုက်ရုံ ဖြင့် သဘာဝတရား ကြီး၏ စွမ်းအား များကို အလွယ်တကူ ဆင့်ခေါ် အသုံးပြု နိုင်စွမ်း ရှိသွားသည့် အလား ပင်ဖြစ်သည်။
ယခင်က သူ တိုက်ခိုက် ခဲ့စဉ် က အခြေအနေ များနှင့် နှိုင်းယှဉ် ပါက အလွန် ကြီးမားသော အပြောင်းအလဲ ကြီး တစ်ခု ပင်ဖြစ်သည်။
သွယ်ဝိုက်သော နည်းလမ်း ဖြင့် သူ၏ သဘာဝတရား ကြီး၏ စွမ်းအား များကို ထိန်းချုပ် နိုင်စွမ်း က ပိုမို အစွမ်းထက် လာခဲ့လေပြီ။
ထိုနည်းတူစွာ ပင် သူ၏ တိုက်ခိုက်ရေး စွမ်းအား များ ကလည်း လျှို့ဝှက်စွာ ဖြင့် အကြီးအကျယ် တိုးတက် လာခဲ့လေပြီ။
'ဒါက သဘာဝတရား နဲ့ တစ်သားတည်း ဖြစ်တည်ခြင်း များလား သိုင်းစိတ်ဆန္ဒ ရဲ့ ပြီးပြည့်စုံတဲ့ အခြေအနေ လား...'
ကျန်းချဲ့ ရုတ်တရက် ဤ အဖြစ်နိုင်ဆုံး သော အရာကို တွေးတော မိလိုက်လေသည်။
အချိန် အနည်းငယ် မျှ စဉ်းစား ပြီးနောက် ကျန်းချဲ့ ၏ ဦးနှောက် ထဲရှိ ကျင့်စဉ် နှင့် ပတ်သက်သော အလွန် များပြားလှသည့် သိမြင်နားလည် မှုများ ကလည်း လျှင်မြန်စွာ ပြောင်းလဲ လာကြလေသည်။
ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ၏ အကူအညီ ဖြင့် ရှန်ရှန်းအဆင့် ကျင့်စဉ် တစ်ခု ကို ကိုယ်တိုင် ဖန်တီး နိုင်ခဲ့ပြီ ဖြစ်ကြောင်း သူ ကောင်းစွာ ခံစား သိရှိ လိုက်ရလေသည်။
မဟုတ်သေးဘူး...
ကိုယ်တိုင် ဖန်တီး ခဲ့ခြင်း မဟုတ်ချေ။
နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် နှင့် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် တို့၏ အခြေခံ အုတ်မြစ် များ အပေါ် တွင် မူတည် ၍ ဆင့်ကဲ ပြောင်းလဲ လာသော ကျင့်စဉ် တစ်ခု သာ ဖြစ်လေသည်။
ပိုမို လျှို့ဝှက်ဆန်းကြယ် ပြီး ပိုမို ထူးခြားကာ ပိုမို အစွမ်းထက် လာခဲ့လေပြီ။
ထို့အပြင် သူ ကိုယ်တိုင် လည်း ဤ ကျင့်စဉ် သစ် ကြီးကို သဘာဝကျကျ ပင် အောင်မြင်စွာ ပြောင်းလဲ ကျင့်ကြံ ပြီးစီး သွားခဲ့လေပြီ။
ဦးနှောက် ထဲရှိ ထို အစစ်အမှန် ကျင့်စဉ် ကြီးကို ခံစား ကြည့်ပြီးနောက် ကျန်းချဲ့ သည် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ဟု ဆက်လက် ခေါ်ဝေါ် ရန် မသင့်တော် တော့ကြောင်း သဘောပေါက် သွားလေသည်။
အသင့်တော်ဆုံး သော အမည်နာမ တစ်ခု ကို ရွေးချယ် ပေးရမည် သာ ဖြစ်လေသည်။
အကြောင်းမူကား ဤ ကျင့်စဉ် သည် သူ့အတွက် သီးသန့် ဖန်တီး ပေးထားပြီး သူနှင့် အသင့်တော်ဆုံး သော ကျင့်စဉ် တစ်ခု ဖြစ်နေသောကြောင့် ပင်တည်း။