အခန်း ၆၇၀
Vol. 45 Ch. 670
အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၆၇၀
ထိုသို့ပင် တစ်ချက်ပြီးတစ်ချက် ထိုးနှက်ချက်များမှာ ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်!
"မင်း ငါ့ကို မပြောဘူးပေါ့၊ ဟုတ်လား"
ခေါင်းမာလှသော ထိုအမျိုးသားကို ကြည့်ရင်း နျဉ်ယွိယွမ် ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူ၏ အသံမှာ အေးစက်လှပြီး သူ၏ လက်ထဲရှိ အထက်မြက်ဆုံး ဓားမြှောင်တစ်စင်းဖြင့် ကစားနေသကဲ့သို့ပင်။ လူတစ်ယောက်ကို အရှင်လတ်လတ် အပိုင်းပိုင်း ဖြတ်တောက်နေသကဲ့သို့ ခံစားရစေသည်!
"မလောပါနဲ့၊ ငါတို့ အေးအေးဆေးဆေး ကစားလို့ ရပါတယ်... ငါတို့ အဖွဲ့ချုပ်ရဲ့ နည်းလမ်းတွေကို မင်း ကောင်းကောင်းကြီး မြည်းစမ်းခွင့် ရစေရမယ်!"
...
ထို့နောက်တွင် နျဉ်ယွိယွမ်သည် တကယ်ပင် သူပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်! လူတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခြင်းမှာ နည်းပညာတစ်ခု ဖြစ်ကြောင်း သိထားရမည်။ ရိုက်နှက်ရုံသက်သက်ဖြင့် ဘာထူးမည်နည်း။
အေးစက်စွာ ရယ်မောပြီးနောက် နျဉ်ယွိယွမ်၏ လက်သီးများသည် ထိုသူ၏ အသည်းရှိရာ နေရာကိုသာ ရည်ရွယ်၍ တစ်ချက်ပြီးတစ်ချက် ကျရောက်သွားသည်။ သူသည် သူ၏ လက်သီးအားကိုလည်း အလွန်တိကျစွာ ထိန်းချုပ်ထားသည်! ထိုသို့သော အရှိန်အဟုန်အောက်တွင် ထိုသူ၏ အသည်းမှာ ချက်ချင်း ပေါက်ထွက်သွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ကိုယ်တွင်းအင်္ဂါများ တုန်ခါနေခြင်း၊ လိမ်တွန့်နေခြင်းနှင့် ပြတ်တောက်နေခြင်းတို့ကို ရှင်းလင်းစွာ ခံစားနေရသည်! စိတ်ပိုင်းဆိုင်ရာ ဖိအားနှင့် ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုတို့မှာ အကြောက်ရွံ့ဆုံး ဖြစ်စေသည်!
"ကွဲသွားပြီလား"
နျဉ်ယွိယွမ်က မျက်ခုံးပင့်ကာ မေးရင်း သူဘာသာ ပြန်ဖြေလိုက်သည်။ "ကွဲသွားလောက်ပြီ ထင်တယ်။ ဒါဆို နောက်တစ်နေရာကို ပြောင်းရအောင်၊ အစာအိမ်ကော ဘယ်လိုလဲ"
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ထိုသူ၏ ခန္ဓာကိုယ်ရှိ နှလုံးမှလွဲ၍ ကျန်ရှိသော ကိုယ်တွင်းအင်္ဂါ အားလုံးကို နျဉ်ယွိယွမ်က ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီးသွားပြီ ဖြစ်သည်! သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးမှာ လူနှင့်ပင် မတူတော့လောက်အောင် နှိပ်စက်ခံလိုက်ရသည်! တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်မှာ ကောင်းသည့်နေရာ တစ်နေရာမှ မရှိတော့ဘဲ သွေးချင်းချင်းနီနေသော လူတစ်ယောက်နှင့် မခြားတော့ပေ!
အစပိုင်းတွင် ထိုအမျိုးသားမှာ တော်တော်လေး ခံနိုင်ရည် ရှိခဲ့သည်။ နျဉ်ယွိယွမ်၏ အမျိုးမျိုးသော နည်းလမ်းများကို အံကြိတ်ကာ နာကျင်ကြောင်းပင် အသံမထွက်ဘဲ အောင့်ခံခဲ့သည်... သို့သော် နောက်ပိုင်းတွင် နျဉ်ယွိယွမ်က သူ၏ အထူးစွမ်းအင်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။
ထက်မြက်လှသော လေဓားများမှာ သူ၏ အရေပြား အစိတ်အပိုင်းတိုင်းကို ရက်ရက်စက်စက်နှင့် စေ့စေ့စပ်စပ် ဖြတ်တောက်ကာ သွေးကြောတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အာရုံကြော အဆုံးသတ်တိုင်းကို လှုံ့ဆော်လိုက်သည်... ထိုသို့သော ထိတ်လန့်ဖွယ် ခံစားချက်မှာ လူတစ်ယောက်ကို ရူးသွပ်သွားစေရန် လုံလောက်လှသည်!
နာကျင်စွာ အော်ဟစ်သံများမှာ လူတိုင်း၏ နားထဲသို့ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုသို့ ရင်ကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်သံများမှာ အလွန်ကျယ်လောင်လွန်းသဖြင့် ဘေးမှ ကြည့်နေသူများပင် ကြက်သီးမွေးညင်းထကာ တစ်ကိုယ်လုံး အေးစက်သွားကြသည်!
သို့သော်လည်း ဤကိစ္စကို စတင်ခဲ့သူမှာမူ လှပသော မြင်ကွင်းတစ်ခုကို ကြည့်နေသကဲ့သို့ပင် တည်ငြိမ်သော အမူအရာ ရှိနေသည်။ သူ၏ နှုတ်ခမ်းထောင့်များပင် အနည်းငယ် တွန့်ချိုးနေသေးသည်... တောက်! ဒီကွာခြားချက်က တကယ့်ကို ထင်ရှားလွန်းလှသည်! ပတ်ဝန်းကျင်မှ လူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်မတတ် ဖြစ်သွားကြရသည်!
ယခင်က နျဉ်ယွိယွမ်သည် လူထု၏ ရှေ့မှောက်တွင် မော့ချူးနှင့်အတူ ရှိနေသည့်အခါ လူတိုင်းကို ပေးခဲ့သော အထင်အမြင်မှာ 'နွေးထွေးသော အမျိုးသား' နှင့် 'သစ္စာရှိသော ခွေးလေး' ကဲ့သို့ ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် လူတိုင်းသည် သူ၏ အခြားသော အထောက်အထားဖြစ်သည့် စစ်ဒေသ၏ စစ်သေနာပတိချုပ်ဆိုသည်ကို မေ့လျော့နေခဲ့ကြပုံရသည်! သူသည် သေနတ်ကျည်ဆန်များနှင့် သွေးချောင်းစီးသော တိုက်ပွဲများကြားမှ တစ်လှမ်းချင်းစီ တက်လှမ်းလာခဲ့သူ ဖြစ်သည်ဆိုသည်ကိုပင် မေ့သွားကြသည်! ရက်စက်မှုပိုင်းတွင် သူသည် မည်သူ့ထက်မျှ လျော့နည်းမည် မဟုတ်ပေ!
ယခုအချိန်တွင် အေးစက်တည်ငြိမ်နေသော နျဉ်ယွိယွမ်ကို စိုက်ကြည့်ရင်း လူတိုင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်နေကြသည်! ရှေ့မှ ဤလူအား ယခင်က နွေးထွေးစွာ ပြုံးပြတတ်သော အမျိုးသားနှင့် ယှဉ်တွဲ၍ပင် မမြင်နိုင်တော့ပါ...
ဘုန်း!
နျဉ်ယွိယွမ်က ရုတ်တရက် အရှေ့သို့ တစ်လှမ်းတိုးကာ စစ်သားများ ဖမ်းချုပ်ထားသော မျက်မှန်နှင့် အမျိုးသား၏ မေးစေ့ကို တိုက်ရိုက်ပင် ဆွဲဖြုတ်လိုက်သည်။ သူက နွေဦးလေညင်းကဲ့သို့ ပြုံးရင်း ပြောလိုက်သည်။
"ဘာလို့လဲ၊ မင်း ကြောက်နေတာလား။ အဆုံးသတ်ချင်ပြီလား"
တောက်! အဲဒီလို နူးညံ့တဲ့ အပြုံးနဲ့ ရက်စက်တဲ့ စကားလုံးတွေကို တွဲပြီး မပြောလို့ မရဘူးလား။ ဒီခံစားချက်က အရမ်း ထူးဆန်းလွန်းတယ်! ရှောင်ချူး မြန်မြန်ပြန်လာပြီး မင်းရဲ့ ဒီမိစ္ဆာကြီးကို ထိန်းလိုက်ပါဦး! ကျွန်တော်တို့လို သာမန်လူတွေက ဒါကို တကယ် လက်မခံနိုင်ဘူး!
...
လူတိုင်း၏ တုန်လှုပ်မှုကို ဂရုမစိုက်ဘဲ နျဉ်ယွိယွမ်သည် ပို၍ပင် ဖြူစင်စွာ ပြုံးလိုက်သည်။ သူ၏ အကြည့်များမှာ ထိုလူအုပ်စုအပေါ်သို့ အေးစက်စွာ ဝဲကြည့်လိုက်သည်။
"အင်း... အဲဒါတော့ မရဘူး! မင်းတို့ အားလုံးက ရှောင်ချူး ဘယ်မှာလဲဆိုတာ မပြောခင်အထိ ကောင်းကောင်းမွန်မွန် ရှိနေရမယ်! မဟုတ်ရင်... မင်းတို့ ငါနဲ့ ဘယ်လို ဆက်ကစားတော့မလဲ"
တစ်ယောက်ပြီး တစ်ယောက်... နျဉ်ယွိယွမ်သည် မည်သည့် ကရုဏာမျှ မပြပေ။ အော်ဟစ်သံများမှာ ရုပ်ရှင်ပြန်ပြနေသကဲ့သို့ လူတိုင်း၏ နားထဲတွင် အမြဲမပြတ် ပဲ့တင်ထပ်နေသည်။ တစ်ခါတစ်ရံတွင် တစ်ယောက်စ နှစ်ယောက်စ၏ သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်...
နောက်ဆုံးတွင် ခန္ဓာကိုယ်နှင့် စိတ်ဓာတ် နှစ်ခုလုံး၏ ပြင်းထန်သော ဖိအားအောက်တွင် တစ်စုံတစ်ယောက်မှာ မခံနိုင်တော့ပေ! အမျိုးသားတစ်ဦးမှာ မြေပြင်ပေါ်သို့ ခွေကျသွားသည်။ သူ၏ မျက်နှာတွင် မျက်ရည်နှင့် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့သည်။
"ကျွန်တော် ပြောပါမယ်၊ ကျွန်တော် ပြောပါမယ်!"
ထိုစကားကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ်သည် အသက်ဝင်လာခဲ့သည်။ သူသည် ခပ်ငုံ့ငုံ့ထိုင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ပြောစမ်း!"
"ကျွန်တော်... ကျွန်တော်တို့ သူမကို အရင်ဆုံး ခေါ်ထုတ်သွားပြီး... ပြီးတော့ အိပ်ဆေး ထိုးလိုက်ပါတယ်"
ထိုအမျိုးသားက တုန်ယင်နေသော အသံဖြင့် ပြတ်တောင်းပြတ်တောင်း ပြောလိုက်သည်။
"ပြီးတော့... ပြီးတော့ သူမရဲ့ မျက်နှာကို ပြောင်းလိုက်ပြီး သေတ္တာရဲ့ အကန့်ထဲကို ထည့်လိုက်ပါတယ်၊ ပြီးတော့ ဒီအဖွဲ့ထဲကို ခိုးဝင်ပြီး ထွက်သွားဖို့ ကြိုးစားခဲ့တာပါ..."
"မင်းကို ငါ မေးနေတာက ရှောင်ချူး ဘယ်မှာလဲဆိုတာ!"
နျဉ်ယွိယွမ်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်! သူ၏ စိတ်ရှည်နိုင်စွမ်း အားလုံးမှာ ယခုအချိန်တွင် ကုန်ဆုံးသွားပုံရပြီး သူ၏ ခန့်ညားသော မျက်နှာမှာလည်း ပြင်းထန်သော ဒေါသကြောင့် အနည်းငယ် ပုံပျက်နေတော့သည်!
"ကျွန်တော်... ကျွန်တော် မသိပါဘူး..."
ထိုအမျိုးသားမှာ ကြောက်လန့်ပြီး ကြောင်သွားပုံရသည်။ သူသည် သူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ထပ်ခါတလဲလဲ ပြောနေတော့သည်။
"ကျွန်တော်တို့... ကျွန်တော်တို့ သူမကို သေတ္တာထဲ သေသေချာချာ ထည့်ထားခဲ့တာပါ၊ ဒါပေမဲ့... ဘာလို့လဲတော့ မသိဘူး၊ ခင်ဗျား သေတ္တာကို ဖွင့်လိုက်တဲ့အချိန်မှာ အထဲကလူက အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်သွားတာပဲ။ ပျောက်သွားပြီ!"
ထိုစကားကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ်သည် သူ၏ မျက်လုံးများကို မပိတ်ဘဲ မနေနိုင်တော့ပေ! ပျောက်သွားတယ်။ မရှိတော့ဘူးလား။ ရှောင်ချူးက သူမဘာသာသူမ ထွက်ပြေးသွားတာလား၊ ဒါမှမဟုတ် နောက်ထပ် လူအုပ်စုတစ်ခုက ခေါ်သွားတာလား။
သူတို့ပြောသည့်အတိုင်းဆိုလျှင် ရှောင်ချူးမှာ အိပ်ဆေး အထိုးခံထားရသဖြင့်... နောက်ဆုံးဖြစ်နိုင်ခြေမှာ ပို၍ မြင့်မားနေသည်! ထို့ပြင် သူသည် ဤနေရာတွင် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူက ရှောင်ချူးကို အခြားနည်းလမ်းများဖြင့် ခေါ်ထုတ်သွားပြီးလောက်ပြီ ဖြစ်သည်!
ထိုသို့ တွေးမိလိုက်သည့်အခါ နာကျင်မှုနှင့် ဒေါသတရားများမှာ လှိုင်းလုံးကြီးများကဲ့သို့ နျဉ်ယွိယွမ်ကို လွှမ်းမိုးသွားတော့သည်! သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာပင် ရပ်နေမိသည်။ သို့သော်လည်း ၎င်းမှာ မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းနှင့် တူလှသည်။ ပို၍ တိတ်ဆိတ်လေ ပို၍ ကြောက်စရာကောင်းလေပင်! သူနှင့် နီးကပ်စွာ ရှိနေသူများသည် နျဉ်ယွိယွမ်၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ ခြေထောက်များပင် ပျော့ခွေသွားကြရသည်!
သွားပြီ... သွားပြီ... လူတိုင်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားကြရသည်! နျဉ်ယွိယွမ်သည် လုံးဝကို ရက်စက်သွားတော့မည့် ပုံပေါ်နေသည်!
တောက်! ခုနက မိစ္ဆာကြီးရဲ့ ပုံစံကတောင် ကြောက်စရာ ကောင်းနေပြီကို! အခုထက် ပိုပြီး ရက်စက်သွားမယ်ဆိုရင်... ဘုရားရေ! သူတို့ ဆက်ပြီး မတွေးရဲတော့ပါ! ပစ္စည်းတွေ သိမ်းပြီး မြန်မြန်ပြန်တာကမှ ပိုကောင်းဦးမည်! ဒီနေရာမှာ ဆက်မနေသင့်တော့ပါဘူး။
လူတိုင်းက တိတ်တဆိတ် ပစ္စည်းသိမ်းပြီး ဆုတ်ခွာရန် ပြင်နေကြစဉ်မှာပင် တိတ်ဆိတ်နေသော နေရာလတ်တွင် သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"နျဉ်ယွိယွမ်..."
ချက်ချင်းပင် နျဉ်ယွိယွမ်၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်! သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်! ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အမျိုးသမီးတစ်ဦးသည် သူ့ထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေပြီး အလွန်အမင်း မောပန်းနေသည့် ပုံပေါ်သည်...
"အယ် ဒီအမျိုးသမီးက ဘယ်သူလဲ"
"တောက်! အခုလိုအချိန်မှာ ဗိုလ်ချုပ်နျဉ်ကို ခေါ်ရဲသေးတယ်၊ သူမက တကယ် သတ္တိရှိတာပဲ!"
"အင်း... အဲဒါ မဟုတ်သေးဘူး။ ဒီလူရဲ့ မျက်နှာသွင်ပြင်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"
"ဟုတ်တယ်၊ အခုပြောမှပဲ ငါလည်း တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရတယ်"
လူတိုင်း ဘာဖြစ်နေမှန်း မသိခင်မှာပင် နျဉ်ယွိယွမ်သည် ရုတ်တရက် အပြေးအလွှား ရောက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ထိုအမျိုးသမီး၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်!
"ရှောင်ချူး!"
နျဉ်ယွိယွမ်၏ ဝမ်းသာအားရ အော်ဟစ်သံထဲတွင် ရှိုက်သံအချို့ပင် ပါဝင်နေပုံရသည်။
... ဘာ?! ရှောင်ချူးလား။ အတော်ကြာမှ လူတိုင်း သဘောပေါက်သွားကြတော့သည်! ရင်းနှီးနေသော မျက်နှာသွင်ပြင်နှင့် ထိုအမျိုးသမီးမှာ မော့ချူး ဖြစ်နေသည်ကိုး!
ဪ! ဟုတ်သားပဲ! ခုနက လူတွေက ရှောင်ချူးရဲ့ ရုပ်ရည်ကို ပြောင်းလဲထားတယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား။ မမှတ်မိကြတာ မဆန်းပါဘူး... ဒါပေမဲ့ နျဉ်ယွိယွမ်ကတော့ တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားတယ်၊ ဒါက တကယ့်ကို စစ်မှန်တဲ့ အချစ်ပါပဲ! လူတိုင်းက တအံ့တဩနှင့် သက်ပြင်းချလိုက်ကြသည်!
ခုနလေးတင် မှောင်မိုက်ပြီး ကြောက်စရာကောင်းနေသော နျဉ်ယွိယွမ်ကို ကြည့်ပါဦး။ မော့ချူးကို မြင်လိုက်ရသည်နှင့် သူသည် သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများကို ချက်ချင်းပင် ထိန်းချုပ်လိုက်ပြီး အလွန် နူးညံ့သွားတော့သည်! ဒီအပြောင်းအလဲက စာအုပ်စာမျက်နှာ လှန်တာထက်တောင် ပိုမြန်သေးသည်!
"အော့ - "
ထိုအချိန်တွင် မော့ချူးက ရုတ်တရက် ပျို့တက်လာပြီး သူမ၏ မျက်နှာမှာ ဖြူလျော့သွားသည်! လူတိုင်း၏ နှလုံးသားလေးများလည်း တုန်လှုပ်သွားကြရသည် အမလေး၊ ဘာမှ ထပ်မဖြစ်ပါစေနဲ့တော့။ သူတို့ရဲ့ နုနယ်တဲ့ အာရုံကြောတွေက တကယ်ကို မခံနိုင်တော့ပါဘူး...
နျဉ်ယွိယွမ်မှာလည်း အလွန်အမင်း ထိတ်လန့်သွားရသည်။ သူက အလွန် စိုးရိမ်တကြီးဖြင့် အမြန်မေးလိုက်သည်။
"ရှောင်ချူး၊ နေလို့ မကောင်းဘူးလား။ ဒါမှမဟုတ် သူတို့ ထိုးလိုက်တဲ့ အိပ်ဆေးက တစ်ခုခု ဖြစ်လို့လား။ နေဦး! ကိုယ် ကျုံးဝမ်ကို အခုချက်ချင်း ခေါ်လိုက်မယ်!"
"ဘာမှ မဖြစ်ပါဘူး။"
မော့ချူးက ထွက်သွားတော့မည့် နျဉ်ယွိယွမ်ကို အမြန်လှမ်းတားကာ ခေါင်းခါလိုက်သည်။
"ကျွန်မ နည်းနည်း ပျို့ချင်နေလို့ပါ... ရှင့်ရဲ့ ကိုယ်ပေါ်က သွေးနံ့က အရမ်း ပြင်းနေတယ်..."
ခုနက နျဉ်ယွိယွမ် လူတွေကို နှိပ်စက်နေစဉ်က သူ၏ ကိုယ်ပေါ်တွင် သူတို့၏ သွေးများ မလွဲမသွေ ပေကျံနေခဲ့သည်... သူ၏ အဝတ်အစားပေါ်မှ စေးကပ်နေသော သွေးကွက်များကို ငုံ့ကြည့်ရင်း နျဉ်ယွိယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ 'ငါ ဘာလို့ အဲဒီတုန်းက သတိမထားမိခဲ့တာလဲ! မဟုတ်ရင် ရှောင်ချူးကို ဒီလောက်အထိ နေရခက်ပြီး ပျို့အန်အောင် လုပ်မိမှာ မဟုတ်ဘူး...' ဟု သူ တွေးလိုက်မိသည်။
နျဉ်ယွိယွမ်သည် သူ၏ အဝတ်များကို ချက်ချင်း ချွတ်ပစ်လိုက်ပြီး သူ၏ သန်မာထွားကျိုင်းသော အပေါ်ပိုင်း ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။ သူက နူးညံ့စွာ မေးလိုက်သည်။
"အခု သက်သာသွားပြီလား။ အန်ချင်သေးလား။"
နျဉ်ယွိယွမ်၏ စိုးရိမ်နေသော မျက်လုံးများကို ကြည့်ရင်း မော့ချူးက ပျို့ချင်နေဆဲ ဖြစ်သော်လည်း ခေါင်းခါပြလိုက်သည်။
"ရပါပြီ။ အများကြီး သက်သာသွားပါပြီ။"
ထိုစကားကို ကြားမှ နျဉ်ယွိယွမ် သက်ပြင်းချနိုင်တော့သည်။ မော့ချူး ပြုံးကာ ခေါင်းမော့လိုက်သည်။ သူမ၏ အကြည့်မှာ မတော်တဆ သူ၏ အနောက်ဘက်သို့ ရောက်သွားသည်... ထို့နောက် မလှမ်းမကမ်းတွင် သွေးချင်းချင်းနီနေသော 'သွေးလူသား' အချို့ကို တွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး တကယ့်ကို သနားစရာကောင်းလှသည်!
"ရှောင်ချူး၊ မကြည့်နဲ့!"
နျဉ်ယွိယွမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မော့ချူး၏ မျက်လုံးများကို သူ၏ လက်များဖြင့် အမြန် ကာလိုက်သည်။ ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ။ မော့ချူးက ထိုမြင်ကွင်းကို မြင်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများ နီမြန်းလာပြီး ပြင်းထန်သော သွေးနံ့ကို ရနေတော့သည်! ခေတ္တမျှ သူမ၏ အစာအိမ်မှာ ပြင်းထန်စွာ ရုန်းကန်လာတော့သည်။
အော့ - မော့ချူးက ခေါင်းငုံ့ကာ ထပ်ခါထပ်ခါ ပျို့အန်နေတော့သည်။ နျဉ်ယွိယွမ်က သူမ၏ ကျောကို ဂရုတစိုက် ပုတ်ပေးရင်း စိတ်မကောင်းဖြစ်မှုနှင့် စိုးရိမ်မှုတို့ဖြင့် ပြောလိုက်သည်။
"ကိုယ် ကျုံးဝမ်ကို အခုချက်ချင်း လာကြည့်ခိုင်းမယ်။ မင်း ဒီလောက်အထိ မအန်ဖူးပါဘူး..."
ထိုစကားကို ကြားလိုက်ရသည့်အခါ မော့ချူးက ကြောင်သွားသည်! အန်တယ်လား။ ဖြစ်နိုင်တာက သူမ... သူမ...
နျဉ်ယွိယွမ်၏ အဝတ်ပေါ်မှ သွေးကွက်များကို ငုံ့ကြည့်ရင်း မော့ချူးသည် သူမ၏ ရာသီသွေး မလာသည်မှာ နှစ်လရှိပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်! သူမ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်! သူမ၏ ရင်ထဲမှ သံသယ မျိုးစေ့မှာ ချက်ချင်းပင် အပင်ပေါက်လေး ဖြစ်လာတော့သည်!
"ရှောင်ချူး၊ ဘာဖြစ်လို့လဲ"
နျဉ်ယွိယွမ်က မော့ချူး၏ ထူးဆန်းသော အပြုအမူကို သတိထားမိပြီး စိုးရိမ်တကြီးဖြင့် အနားတိုးလာသည်။
"ပျို့အန်တာအပြင် တခြား နေလို့မကောင်းတာ ရှိသေးလား။ အောင့်မထားနဲ့၊ ကိုယ့်ကို အကုန်ပြောပြ။"
"ဟို..."
အတော်ကြာ စဉ်းစားပြီးနောက် မော့ချူးက ငိုင်ငိုင်လေးနှင့် ပါးစပ်ဟလိုက်သည်။
"နျဉ်ယွိယွမ်၊ ကျွန်မ ထင်တာ... ဖြစ်နိုင်တာက... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ ထင်တယ်!"