← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄) နေရာလွတ်ထဲတွင် ပစ္စည်းများ သိုလှောင်ခြင်း (၃)

(၁၀) မိနစ်ခန့် ကားမောင်းပြီးနောက် ကျိုးချန်ယဲ့သည် လမ်းဘေးရှိ ရှေး ဟောင်းပုံစံ ဆိုင်တစ်ဆိုင်ကို မြင်တွေ့လိုက်လေ၏။

သူ သိုလှောင်ရန် လိုအပ်နေသော ပစ္စည်းများ ထိုနေရာတွင် ရှိနေမည်ဟု သူ ခံစားလိုက်ရပေသည်။ ထို့ကြောင့် သူသည် ကားကိုရပ်ကာ ဆိုင်ထဲသို့ အလျင် အမြန် ဝင်သွားခဲ့လေသည်။

ကျိုးချန်ယဲ့သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ၎င်းဆိုင်တွင် လွမ်းဆွတ်ဖွယ် ရှေးဟောင်းပစ္စည်းများကို အဓိထား ရောင်းချနေသည်ကို တွေ့ လိုက်ရပြီး ပစ္စည်းအမျိုးအစားများမှာလည်း အတော်လေး ပြည့်စုံလှပေ သည်။

ဥပမာအားဖြင့် ဖိုအဲဗား၊ ဖလိုင်းပီဂျင်နှင့် ဖီးနစ် အစရှိသော အမှတ်တံဆိပ်များ ပါဝင်သည့် (၂၈) လက်မ ရှေးဟောင်း စက်ဘီးကြီးများ၊ ပျားနှင့်လိပ်ပြာ တံ ဆိပ် ရှေးဟောင်း အပ်ချုပ်စက်များ၊ အရည်အသွေးမြင့် အမျိုးသားနှင့် အမျိုး သမီးသုံး လက်ပတ်နာရီ အတုများ၊ ရှေးဟောင်း ရေနွေးဗူးများ၊ လက်နှိပ် ဓာတ်မီးများ၊ ကြွေဇလုံများ၊ အလုပ်လုပ်ရာတွင် သုံးသော လက်အိတ်များ အပြင် အရွယ်အစားစုံလင်သော လွတ်မြောက်ရေးဖိနပ်များ၊ သားရေဖိနပ် များနှင့် အဝတ်ဖိနပ်များ စသည်တို့ပင် ဖြစ်လေသည်။

"မင်္ဂလာပါ... ဘာများဝယ်ချင်လို့လဲခင်ဗျာ..."

အရောင်းကောင်တာ အနောက်ဘက်ရှိ အသက်အရွယ် အနည်းငယ်ရနေပြီ ဖြစ်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးက မေးလိုက်လေ၏။

"သူဌေး... ခင်ဗျားဆိုင်မှာ ပစ္စည်းတွေ တော်တော်စုံတာပဲ..."

"ဟုတ်တယ်... မကြာသေးခင်က ရှေးဟောင်းစတိုင်လ်တွေ ခေတ်စားနေတယ် မဟုတ်လား... ငါလည်း ငွေနည်းနည်းပါးပါး ရမလားဆိုပြီး ပစ္စည်းတစ်သုတ် ဝယ်ထားလိုက်တာ၊ အခုတော့ ဘာမှမရဘဲ အရင်းအနှီးတွေ မြုပ်သွားတာပဲ... လူလေး... ဘာများ လိုချင်လို့လဲ... ငါ လျှော့ဈေးနဲ့ ရောင်းပေးပါ့မယ်..."

လူလတ်ပိုင်း သူဌေးမှာ ကျိုးချန်ယဲ့အား မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့် လာခဲ့လေသည်။

"သူဌေး... ကျွန်တော် ဒါတွေ အကုန်ယူမယ်... မကြာခင် မွေးရပ်မြေကို ပြန် တော့မှာဆိုတော့ အဘိုးနဲ့ အဘွားက ဒီပစ္စည်းတွေကို တအားသဘောကျ တာ..."

ကျိုးချန်ယဲ့က သူ၏စိတ်ထဲတွင် တွေးတောလိုက်လေ၏။

"ဒီအရာတွေကို ဝယ်ပြီးသွားရင်တော့ စားဝတ်နေရေးဆိုတဲ့ အထဲက ဝတ်ဆင် ရေး အပိုင်းအတွက် ပြင်ဆင်တာ အကြမ်းဖျင်း ပြီးသွားပြီပဲ..."

ဤအချိန်တွင် ကျိုးချန်ယဲ့၏ အာရုံသည် ဆိုင်ရှင်၏ ရှေ့ရှိ အရောင်းကောင် တာဆီသို့ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရလေသည်။ ကောင်တာ၏ ပထမ အထပ်တွင် လှပသော ဆံထုံးအလှဆင်ပစ္စည်းများ၊ ဆံကြိုးများ၊ ဆံညှပ်များ၊ ကလမ်အဆီများ၊ မျက်နှာလိမ်းခရင်မ်များ၊ အရောင်အသွေးစုံလင်သော ဆပ် ပြာမွှေးများ၊ အဝတ်လျှော်ဆပ်ပြာများ၊ ပလတ်စတစ် မှန်များ (အနောက် ဘက်တွင် အမျိုးသမီး အနုပညာရှင်များ၏ ပုံများပါရှိသည်)၊ နှုတ်ခမ်းနီများ စသည်တို့ဖြင့် ပြည့်နှက်နေခဲ့လေ၏။

ဒုတိယအထပ်တွင်မူ (၁၉၇၀) ပြည့်လွန်နှစ်များက တာ့ချန်မင်၊ ပန်ဒါနှင့် ကျုံး ဟွာ အစရှိသော အရည်အသွေးမြင့် ဆေးလိပ်အတုများ၊ ဆေးရွက်ကြီးပုံများ နှင့် လက်ဖက်ခြောက်မှုန့်များ အပါအဝင် လက်ဖက်ခြောက် အမျိုးမျိုးတို့ဖြင့် အလျှံအပယ် ရှိနေခဲ့ပေသည်။

ကျိုးချန်ယဲ့က ကောင်တာကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"သူဌေး... ကျွန်တော် ဒါတွေကိုပါ ယူမယ်..."

"ကောင်းပါပြီ..."

ဆိုင်ရှင်ဖြစ်သူက ဂဏန်းတွက်စက်ကို ကောက်ကိုင်လိုက်ပြီး

"ပြန်ဖျက်မယ်... ပြန်ဖျက်မယ်..." ဟုရေရွတ်ကာ ခလုတ်များကို စတင် နှိပ် တော့လေ၏။

"ဟလို... စုစုပေါင်းက နှစ်သိန်းငါးသောင်းလေးထောင်သုံးရာခြောက်ဆယ် ကျပါတယ်... လိပ်စာလေး ပေးထားခဲ့ပါ၊ ဒီနေ့ည ရှစ်နာရီမှာ ပစ္စည်းတွေ ထုပ်ပိုးပြီး လူကြုံနဲ့ ပို့ခိုင်းလိုက်ပါ့မယ်... ဒါပေမဲ့ စရန်ငွေ ငါးသောင်းတော့ အရင်ပေးဖို့ လိုမယ်နော်..."

သူဌေး၏ မျက်လုံးများမှာ ပြုံးရွှင်မှုကြောင့် ပျောက်လုမတတ် ဖြစ်နေခဲ့ပြီး သူ ၏ အသံမှာလည်း ပျော်ရွှင်မှုများ ကူးစက်ကာ နူးညံ့နေခဲ့လေသည်။ သူသည် အလွန်တရာ ဖားယားနေခဲ့ပြီး သူ၏ ဇနီးဖြစ်သူအား ချော့မော့စဉ်ကပင် ဤမျှ လောက် ဖားယားခဲ့ဖူးခြင်း မရှိလောက်ချေ။

ကျိုးချန်ယဲ့သည် ဆိုင်ထဲမှ ထွက်လာပြီးနောက် နာရီကို တစ်ချက်ကြည့် လိုက် ရာ ညနေ လေးနာရီ ထိုးနေပြီ ဖြစ်သည်ကို တွေ့လိုက်ရလေ၏။ ထိုစဉ်မှာပင် သူ၏ ဗိုက်ထဲမှ တဂွီဂွီ မြည်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။

"ငါ တစ်နေ့လုံး ဘာမှ မစားရသေးပါလား... အရင်ဆုံး ဗိုက်ဖြည့်ဖို့ နေရာတစ် ခုခု သွားရှာဦးမှပဲ..."

ကျိုးချန်ယဲ့က သူ၏ ဗိုက်ကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်လေ၏။

လမ်းသွယ်လေးထဲမှ အစားအသောက်နံ့များ သယ်ဆောင်လာသော လေပြေ လေး တိုက်ခတ်လာခဲ့ရာ သူသည် ထိုအနံ့ခံရင်း ရင်းနှီးနေသော အိမ်သုံးဟင်း လျာများ ရောင်းချသည့် စားသောက်ဆိုင်လေးတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ လေသည်။

သူ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဆိုင်ရှင်အမျိုးသမီးက နွေးထွေးစွာ နှုတ် ဆက်လာခဲ့လေသည်...။

"ကျိုးချန်ယဲ့ လာတယ်ပေါ့... နေရာဟောင်းမှာပဲလား... ဒီနေ့ မင်း ပင်ပန်းနေပုံ ရတယ်… အများကြီး စားသွားဦးနော်..."

ထိုသို့ပြောရင်း ဆိုင်ရှင်အမျိုးသမီးက ကျိုးချန်ယဲ့၏ အော်ဒါကို ယူရန် ဘေးရှိ စားပွဲထိုးလေးအား လက်ဟန်ပြလိုက်လေ၏။

ကျိုးချန်ယဲ့သည် သူ၏ နက်တိုင်ကို အနည်းငယ် ဖြေလျှော့လိုက်ပြီး ပြတင်း ပေါက်ဘေးရှိ ခုံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ထိုင်လိုက်ပြီး နောက် သူ့အား နှုတ်ဆက်ရန် လာသော စားပွဲထိုးလေးအား လက်ယပ်ခေါ် လိုက်လေသည်။

"ပုံမှန်အတိုင်းပဲ ပေးပါ..."

ကျိုးချန်ယဲ့က ဩရှရှ အသံဖြင့် ပြောလိုက်လေ၏။

မကြာမီမှာပင် ဟင်းလျာများ အားလုံး ရောက်ရှိလာခဲ့ပြီး စားပွဲကြီးတစ်ခုလုံး ပြည့်သွားခဲ့လေသည်။ ကျိုးချန်ယဲ့သည် အလျင်အမြန်ပင် အားပါးတရ စတင် စားသောက်လေတော့၏။

ဆယ်မိနစ်ကျော် အကြာတွင် ကျိုးချန်ယဲ့သည် သူ၏ တူများကို အရိုးထည့် သော ပန်းကန်ပြားပေါ်တွင် တင်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များဖြင့် ဆီပေနေသော စားပွဲခင်းကို ဖိထားလျက် အနီးသို့ ရောက်လာသော စားပွဲထိုး လေးအား လက်ယပ်ခေါ်လိုက်လေသည်။

သူ၏ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ပြီး အစားအသောက် စားပြီး ခါစဖြစ်သဖြင့် ထိုင်းမှိုင်းနေမှုနှင့် ငြင်းဆန်၍မရသော သွက်လက်ထက်မြက် သည့် အငွေ့အသက်တို့ ရောယှက်နေခဲ့ပေသည်။

"ဒီတစ်ခါ စံနှုန်းအတိုင်း ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေနဲ့ စားပွဲ အလုံး တစ်ရာစာ ပြင်ဆင်ပေးပါ… ပြီးတော့ သောက်စရာတွေကို နှစ်ဆတိုးပေး... မနက်ဖြန် မွန်းတည့်ချိန် မတိုင်ခင် ဒီလိပ်စာကို ပို့ပေးပါ..."

ထိုသို့ပြောရင်း သူသည် လိပ်စာရေးထားသော စာရွက်တစ်ရွက်ကို အိတ်ကပ် ထဲမှ ထုတ်ယူကာ ဘေးရှိ စားပွဲထိုးလေးထံသို့ ကမ်းပေးလိုက်လေ၏။

စားပွဲထိုးလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် မှတ်စုစာအုပ်ကို အလျင် အမြန် ထုတ်ယူကာ ရေးမှတ်လိုက်လေသည်...။

"ကောင်းပါပြီ... မနက်ဖြန် အချိန်မီ ထုပ်ပိုးပြီး လာပို့ပေးပါ့မယ်..."

"အင်း..."

ကျိုးချန်ယဲ့သည် မတ်တတ်ရပ်လိုက်ပြီး သူ၏ ဝတ်စုံအင်္ကျီအောက်နားလန်ကို သပ်ရပ်အောင် ဆွဲချလိုက်ကာ ပိုက်ဆံအိတ်ထဲမှ ငွေစက္ကူတစ်ထပ်ကို ပေါ့ပေါ့ ပါးပါး ထုတ်ယူလိုက်ပြီး စရန်ငွေအဖြစ် စားပွဲပေါ်သို့ ပုတ်ချလိုက်လေ၏။

"မီးဖိုချောင်ကို သေချာ စောင့်ကြည့်ထားပေးနော် … ဘာအမှားအယွင်းမှ မဖြစ်စေနဲ့..."

သူသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်မံဖြည့်စွက် ပြောလိုက်လေသည်...။

"အရိုးထဲကနေ ကွာကျလာလောက်တဲ့အထိ နူးအိနေတဲ့ ကျောက်သကြားနဲ့ ချက်ထားတဲ့ ဝက်လက်ပေါင်း တစ်ခွက်ပါ ထပ်ထည့်ပေးပါ..."

ထိုသို့ပြောပြီးနောက် သူသည် အချိန်ဆွဲမနေတော့ဘဲ တံခါးကို တွန်းဖွင့်ကာ လမ်းသွယ်အဝရှိ ညနေဆည်းဆာ အလင်းရောင်ထဲသို့ လျှောက်သွားခဲ့လေ တော့သည်။

ည ခုနစ်နာရီအချိန်တွင် ကောက်နှံများကို အချိန်မီ ပို့ဆောင်ပေးခဲ့လေသည်။ ကျိုးချန်ယဲ့သည် သော့ကို ထုတ်ယူကာ ဂိုဒေါင်ကိုဖွင့်လိုက်ပြီး အလုပ်သမား များအား ကားပေါ်မှ ပစ္စည်းများ ချခိုင်းလိုက်လေ၏။ ထို့နောက် သူသည် ကျန် ရှိနေသော ငွေများကို အလျင်အမြန် ပေးချေလိုက်တော့လေသည်။

"လူလေး... မင်းနဲ့ အလုပ်တွဲလုပ်ရတာ တကယ် ဝမ်းသာပါတယ်... နောက် နောင် ဆန်၊ ဂျုံ၊ စားသုံးဆီ ဒါမှမဟုတ် တခြားတစ်ခုခု လိုအပ်ရင် ငါ့ကို သေချာပေါက် ဆက်သွယ်လိုက်နော်... နောက်တစ်ခါဆိုရင် လျှော့ဈေး ပေးပါ့ မယ်..."

သူဌေးက ကျိုးချန်ယဲ့၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ရင်း ပြောလိုက်လေ သည်။

"ကောင်းပါပြီ..."

ကျိုးချန်ယဲ့က လက်ကို ပြန်လည် ဆုပ်ကိုင် နှုတ်ဆက်လိုက်လေ၏။

ဆန်နှင့် ဆီဆိုင်ပိုင်ရှင် ထွက်ခွာသွားပြီး နာရီအနည်းငယ်အကြာတွင် အခြား ပစ္စည်းများ လာရောက်ပို့ဆောင်သော ကုန်တင်ကားများမှာ တစ်စီးပြီးတစ်စီး ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။

အလုပ်သမားများအား ကျန်ရှိနေသော ငွေများ ရှင်းလင်းပေးချေပြီးနောက် ကုန်တင်ကားများ ထွက်ခွာသွားသည်ကို ကြည့်ကာ ကျိုးချန်ယဲ့သည် ဂိုဒေါင် ထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်လေ၏။

ပစ္စည်းများ အပြည့်အလျှံ ရှိနေသော ဂိုဒေါင်ကြီးကို ကြည့်ရင်း သူသည် လက် ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကုန်ပစ္စည်းများ အားလုံးမှာ စနစ်နေရာလွတ် ထဲတွင် သေသပ်စွာ ပေါ်လာခဲ့လေတော့သည်။

သူသည် ဗလာကျင်းသွားသော ဂိုဒေါင်ကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်တွင် ကျေနပ်အားရမှု အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ အသိစိတ်မှာ မြူနှင်းဖြူဖြူများ ဖုံးလွှမ်းနေသော ရင်းနှီးကျွမ်းဝင်သည့် ထိုနေရာလွတ်ထဲသို့ နစ်မြုပ်သွားခဲ့လေ တော့သည်။

စိတ်ထဲမှ အနည်းငယ် တွေးတောလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့ သည် ထိုနေရာလွတ်၏ ကျယ်ဝန်းသော မြေကွက်လပ်ပေါ်တွင် ရောက်ရှိသွား ခဲ့လေတော့သည်။

All Chapters