အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) အလှည့်အပြောင်း
သောက်လိုက်သည့် အဖျားကျဆေးမှာ အာနိသင်ပြလာသဖြင့် ကျိုးချန်ယဲ့ သည် ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားခဲ့လေ၏။
"လောင်ကျိုး... လောင်ကျိုး... ထတော့လေ..."
"ဟင်..."
ကျိုးချန်ယဲ့သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သော အခါ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် အဆောင်တစ်ခုတည်း၌ နေထိုင်သည့် ဝမ်အိုက်တန့် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
"လောင်ကျိုး... ဘယ်လိုနေလဲ... သက်သာရဲ့လား..."
ဝမ်အိုက်တန့်က စိုးရိမ်တကြီးဖြင့် ပြောလာခဲ့လေသည်။
"ငါ ထမင်းစားဆောင်ကနေ စားစရာနည်းနည်း ယူလာပေးတယ်... မအိပ်ခင် အရင်ထပြီး နည်းနည်းလောက် စားလိုက်ဦးလေ..."
"ကျေးဇူးပဲ အိုက်တန့်... ငါ အိပ်ပျော်သွားတာ ဘယ်လောက်တောင် ကြာသွား ပြီလဲ..."
ကျိုးချန်ယဲ့က မေးလိုက်လေသည်။
"တစ်နေ့လုံး အိပ်နေတာပဲ... ငါ မင်းအတွက် ခွင့်တိုင်ပေးထားတယ်လေ..."
ဝမ်အိုက်တန့်က ပြောရင်းနှင့် ကျိုးချန်ယဲ့ စားရလွယ်ကူစေရန်အတွက် ခုတင် ခေါင်းရင်း၌ မှီ၍ထိုင်နိုင်အောင် ကူညီပေးလိုက်လေ၏။
"ဪ... ဒါနဲ့ ဒီနေ့ ဧည့်ခန်းမှာ မင်းအတွက် စာတစ်စောင် ရောက်နေတယ်... ငါ အပြန်လမ်းမှာ ကြုံတာနဲ့ ယူလာပေးတာ..."
ဝမ်အိုက်တန့်သည် သူ၏ စစ်စိမ်းရောင် လွယ်အိတ်ထဲမှ စာတစ်စောင်ကို ထုတ်ကာ ကျိုးချန်ယဲ့ထံသို့ ကမ်းပေးလိုက်လေသည်။
ကျိုးချန်ယဲ့ ကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း ထျန်ရှောင်ယာ ထံမှ ပေးပို့လိုက်ခြင်း ဖြစ်ပေသည်။
"ကျေးဇူးပဲ အိုက်တန့်..."
ကျိုးချန်ယဲ့သည် ထမင်းဘူးကို ဘေးသို့ခဏချထားလိုက်ပြီးနောက် ထိုစာ အိတ်ကို လှမ်းယူလိုက်လေရာ ၎င်းမှာ ပိဿာတစ်ထောင်ခန့် လေးလံနေသကဲ့ သို့ သူ၏စိတ်ထဲ၌ ခံစားလိုက်ရလေ၏။
မူလခန္ဓာကိုယ်ပိုင်ရှင် ပီကင်းသို့ တက္ကသိုလ်တက်ရန် ရောက်ရှိလာကတည်းက ထျန်ရှောင်ယာ၏ စာများမှာ တစ်ခါမျှ ပြတ်တောက်သွားခြင်း မရှိခဲ့ချေ။
ဝေးလံလှသော လျောင်နင်ပြည်နယ်မှ စာတစ်စောင်သည် ကျောင်း၏ ဧည့်ခန်း သို့ နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ရောက်ရှိလာလေ့ရှိပေသည်။
ထိုစာထဲတွင် ကောက်ကောက်ကွေးကွေး ရေးသားထားသော နေ့စဉ်လူမှုရေး နှုတ်ဆက်စကားများအပြင် တွန့်ကြေနေသော ယွမ်ငွေအချို့နှင့် စားသောက် ကုန်ကူပွန် တစ်စောင်၊ နှစ်စောင်တို့ အမြဲတမ်း ပါရှိနေတတ်လေ၏။
ကျေးလက်ဒေသ၌ သူမအတွက် လုပ်အားရမှတ်များ ရရှိရန်မှာ မလွယ်ကူလှ သော်လည်း မြို့ပေါ်၌ရှိနေသော မူလပိုင်ရှင်မှာ အစားအသောက်နှင့် အဝတ်အ ထည်များ မလုံလောက်မည်ကို သူမက အမြဲတမ်း စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေ သည်။
အစပိုင်းတွင် မူလပိုင်ရှင်က "ငွေနှင့် ကူပွန်များ ရရှိပါသည်၊ စိတ်မပူပါနှင့်" ဟူ ၍ စာအနည်းငယ် ပြန်ရေးလေ့ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထို စာများကို ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ မှတ်ယူလာခဲ့လေသည်။
သူသည် စာအိတ်များကို ဖွင့်ရာတွင်လည်း တဖြည်းဖြည်းနှင့် ပေါ့လျော့လာ ခဲ့ပြီး နောက်ပိုင်းတွင် စာအိတ်ထဲမှ ငွေနှင့် ကူပွန်များကိုသာ နှိုက်ယူကာ စာထဲ တွင် ရေးသားထားသည်များကို တစ်ချက်မျှပင် ကြည့်ရှုခြင်းမရှိဘဲ စားပွဲ ထောင့်သို့ ပစ်ထားတတ်လာခဲ့လေသည်။
သူသည် တက္ကသိုလ်ဘဝ၌ အသားကျလာပြီး ဌာနအတွင်း ထင်ပေါ်ကျော်ကြား သူတစ်ဦး ဖြစ်လာသောအခါ ထိုစာများကို ဖွင့်ဖတ်ရန်ပင် ပျင်းရိလာခဲ့တော့ ပေသည်။
ဧည့်ခန်းရှိ အဘိုးအိုထံမှ စာကို လက်ခံရရှိသည့် အခါတိုင်း သူသည် စာကို အိတ်ထဲသို့ ထိုးထည့်ထားလိုက်ပြီး အဆောင်သို့ ပြန်ရောက်သောအခါ ခုတင် ဘေးရှိ စာအုပ်ပုံထဲသို့ ပစ်ထည့်ကာ မည်သည့်အခါမျှ ပြန်လည် အာရုံစိုက် ခြင်းမရှိတော့ချေ။
သို့သော်လည်း မိုင်ပေါင်းထောင်ချီ ဝေးကွာသော ကျေးလက်ဒေသ၌မူ ထျန် ရှောင်ယာသည် နေ့စဉ်နှင့်အမျှ စာပြန်လာမည့်အချိန်ကိုသာ မျှော်လင့်နေခဲ့ရ လေသည်။
သူမသည် သူမပြောချင်သော စကားလုံးများကို စာလုံးအရေးအသား မလှမည် စိုးသဖြင့်လည်းကောင်း၊ မှာကြားလိုသည်များ ကျန်ရစ်မည်စိုးသဖြင့် လည်း ကောင်း အကြိမ်ကြိမ် အခါခါ ပြင်၍ ရေးသားခဲ့ရပေသည်။
စာကို ပေးပို့ပြီးနောက်တွင်လည်း သူမသည် နေ့တိုင်း တပ်ဖွဲ့ရုံးသို့ သွား ရောက်ကာ မေးမြန်းလေ့ရှိပြီး အလုပ်လုပ်နေချိန်တွင်ပင် စိတ်လွင့်နေတတ် လေသည်။
ဤအချက်ကို တွေးမိသောအခါ ကျိုးချန်ယဲ့သည် ခုတင်ခေါင်းရင်းရှိ စာအုပ် အချို့ကို ယူကာ လှန်လှောကြည့်လိုက်လေသည်။
သူ၏ မှတ်ဉာဏ်ထဲ၌ မှန်ကန်နေမည်ဆိုလျှင် ထျန်ရှောင်ယာက သူမတွင် ကိုယ်ဝန်ရှိနေကြောင်း မူလပိုင်ရှင်အား အသိပေးထားသည့် စာကို မူလပိုင်ရှင် က ခုတင်ခေါင်းရင်းရှိ စာအုပ်များကြားထဲတွင်ပင် ပေါ့ပေါ့ဆဆ ညှပ်ထားခဲ့ ခြင်း ဖြစ်လေ၏။
စာအုပ်အားလုံးနီးပါးကို လှန်လှောကြည့်ပြီးနောက်တွင် ကျိုးချန်ယဲ့သည် ဖွင့်ဖတ်ခြင်း မရှိသေးသော ထိုစာအိတ်ကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့တော့ လေသည်။
ဤစာမှာ ယခင်ဘဝတုန်းက ထျန်ရှောင်ယာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက် ရချိန်တွင် မူလပိုင်ရှင်ထံ ရေးသားခဲ့သော စာဖြစ်ကြောင်း ကျိုးချန်ယဲ့ သိ လိုက်လေသည်။
ကျိုးချန်ယဲ့သည် စာအိတ်ပေါ်ရှိ ပေးပို့သူ၏ အချက်အလက်များကို အကြာ ကြီး စိုက်ကြည့်နေခဲ့ပြီး မည်သည့်စကားမျှ မဆိုခဲ့ချေ။
အတန်ကြာပြီးနောက် သူသည် စာအိတ်ကို ဂရုတစိုက် ဖွင့်လိုက်လေရာ စား သောက်ကုန်ကူပွန်အချို့နှင့် ဆယ်ယွမ်တန် ငွေစက္ကူတစ်ရွက် ထွက်ကျလာခဲ့ လေသည်။
ထိုအရာများမှာ ပေါ့ပါးလှသော်လည်း ကျိုးချန်ယဲ့၏ ရင်ထဲ၌မူ လေးလံစွာ ခံစားလိုက်ရလေသည်။
သူသည် စာအိတ်ထဲမှ စာရွက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ရာ စာရွက် တစ်ရွက်လုံး၌ စိပ်စိပ်လေး ရေးသားထားသော စာလုံးများမှာ ထျန်ရှောင်ယာ ၏ ဂရုစိုက်မှုများဖြင့် ပြည့်နှက်လျက်ရှိနေခဲ့ပေသည်။
စာ၏ အဆုံးပိုင်းတွင် ထျန်ရှောင်ယာက သူမတွင် ကိုယ်ဝန်ရှိနေသည့် အ ကြောင်းနှင့် ထိုဝမ်းသာစရာ သတင်းကို မူလပိုင်ရှင်နှင့် ဝေမျှထားခြင်းဖြစ် လေသည်။
စာထဲတွင် ထျန်ရှောင်ယာ၏ ချစ်ခြင်းမေတ္တာများမှာ ဒီရေကဲ့သို့ တိုးဝင်လာ သည်ကို ကျိုးချန်ယဲ့ ခံစားလိုက်ရသလို သူမ ဖုံးကွယ်ထားသော စိုးရိမ်တကြီး ဖြစ်နေသည့် စိတ်ကိုလည်း သတိပြုမိလိုက်လေသည်။
"ဖတ်လို့ ပြီးပြီလား... အိမ်က စာလား..."
ဝမ်အိုက်တန့်က စပ်စုလိုသော စိတ်ဖြင့် မေးလိုက်လေ၏။
"အင်း... ငါ့ဇနီးဆီက စာပါ..."
ကျိုးချန်ယဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"မင်းမှာ ဇနီး ရှိနေတာလား... ကျေးလက်ကလား..."
ဝမ်အိုက်တန့်က အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။ သူနှင့် ကျိုးချန်ယဲ့မှာ အဆောင်ဖော်အဖြစ် ဤမျှကြာအောင် နေလာခဲ့သော်လည်း ကျိုးချန်ယဲ့က သူ၏ဇနီးအကြောင်း တစ်ခွန်းမျှ ပြောဖူးခြင်း မရှိသောကြောင့် ဖြစ်ပေသည်။
ယခင်က ကျိုးချန်ယဲ့ထံသို့ လစဉ် စာများ ရောက်လာတတ်ပြီး ငွေနှင့် ကူပွန် များ အမြဲပါလာတတ်သဖြင့် ကျိုးချန်ယဲ့၏ မိဘများထံမှ စာဟုသာ သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေ၏။
"မင်းကတော့ လုပ်ပြီ... ငါ့ကို ဒီလောက်တောင် ဖုံးကွယ်ထားတယ်ပေါ့... ငါတို့ က ညီအစ်ကိုတွေလို ပေါင်းလာတာ... မင်းနဲ့အတူ လူပျိုကြီးဘဝနဲ့ အဆုံးထိ အတူတူ ဖြတ်သန်းမယ်လို့တောင် ငါက စဉ်းစားထားတာ... မင်းမှာကတော့ တိတ်တိတ်လေး လူရှိနေပြီကိုး..."
ဝမ်အိုက်တန့်က အမူအရာ ပိုပိုသာသာဖြင့် ပြောလိုက်လေသည်။
"တော်လိုက်တော့..."
ကျိုးချန်ယဲ့၏ မျက်နှာပေါ်တွင် ငြိုငြင်သော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့ လေသည်။
"ဟဲဟဲ... ငါတို့ ရှင်းဟွာ တက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနရဲ့ ကျောင်းကောင် ချောလေးကို ဖမ်းစားနိုင်တဲ့ မရီးက ဘယ်လောက်တောင် ချောမောလှပနေ မလဲ မသိဘူး... ငါ ဘယ်တော့လောက်မှ တွေ့ခွင့်ရမလဲ..."
ဝမ်အိုက်တန့်က မျက်ခုံးပင့်ကာ ပြောလိုက်လေသည်။
"ဘာတွေ ချောတာလဲ... ဘယ်သူနဲ့ တွေ့မှာလဲ... မင်းတို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ..."
ထိုအချိန်၌ လျူကျန့်ကော်သည် အခန်းတံခါးကို ဖွင့်ကာ ဝင်လာခဲ့ပြီး သူ၏ နောက်တွင် စာအုပ်အချို့ကို ပိုက်ထားသော လီဝေကျွင်းလည်း ပါလာခဲ့လေ သည်။
၎င်းတို့၏ အဆောင်မှာ လေးယောက်ခန်းဖြစ်ပြီး အခန်းဖော် သုံးဦးမှာ လျူကျန့်ကော်၊ ဝမ်အိုက်တန့်နှင့် လီဝေကျွင်း တို့ ဖြစ်ကြလေ၏။
လျူကျန့်ကော်မှာ မူလပိုင်ရှင်ကဲ့သို့ပင် ရှန်ဟိုင်းမြို့သား ဖြစ်သည်။ နိုင်ငံတော် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပသည့်အခါ သူသည်လည်း ရှင်းဟွာ တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့လေ၏။
လျူကျန့်ကော်မှာ အဆောင်တွင် အသက်အကြီးဆုံး ဖြစ်သောကြောင့် အခြား သူများကို အမြဲတစေ ဂရုစိုက်လေ့ရှိပေသည်။
ဝမ်အိုက်တန့်၏ မိသားစုမှာမူ ပီကင်းဒေသခံများ ဖြစ်ကြလေသည်။ သူ၏ ဖခင်မှာ ကုန်တိုက်ကြီးတစ်ခု၏ မန်နေဂျာဖြစ်ပြီး မိခင်မှာ ရပ်ကွက်ကော်မတီ ရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သည်ဟု ဆိုကြလေ၏။ သူ့တွင် အစ်မနှစ်ဦး ရှိပြီး သူသည် အငယ်ဆုံးသား ဖြစ်သဖြင့် မိဘများ၏ အချစ်တော်လည်း ဖြစ် ပေသည်။
လီဝေကျွင်းမှာမူ စာကြည့်တိုက်သို့ အမြဲတမ်း သွားတတ်သူဖြစ်သည်။ ပုံမှန် အားဖြင့် သူသည် စာဖတ်ခြင်းမှလွဲ၍ အခြားကိစ္စများကို စိတ်မဝင်စားသလို လူမှုရေးလည်း မလုပ်တတ်ချေ။ ထို့ကြောင့် ဝမ်အိုက်တန့်က သူ့အား စာအုပ် ကြီး ဟု မကြာခဏ ခေါ်လေ့ရှိလေသည်။
"လောင်လျူ... မင်း ပြန်လာတာ အတော်ပဲ... ငါ မင်းကို ကမ္ဘာပျက်မတတ် ဝမ်းသာစရာ သတင်းတစ်ခု ပြောပြမယ်... လောင်ကျိုးမှာ ဇနီး ရှိနေပြီတဲ့ ဟေ့..."
ဝမ်အိုက်တန့်သည် အဖော်ရသွားသကဲ့သို့ ထိုသတင်းကို လျူကျန့်ကော်တို့ထံ သို့ ချက်ချင်းပင် မျှဝေလိုက်လေတော့သည်။
လျူကျန့်ကော်နှင့် အခြားသူများမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်သက်သွား ကြသည်ကို ကြည့်ပြီး ဝမ်အိုက်တန့်မှာ စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်း ချလိုက်မိလေသည်။ အမှန်တကယ်ပင် နှိုင်းယှဉ်ကြည့်လိုက်မှသာ မိမိကိုယ် မိမိ ပျော်ရွှင်နိုင်ခြင်း ဖြစ်ပေသည်။
"ချန်ယဲ့... မင်းကတော့ သိုသိပ်လှချည်လား... ဟိုဘက်က အကဌာနက ကျောင်းသူချောချောလေးက မကြာခဏဆိုသလို မင်းကို လာရှာနေတာ ဆိုတော့... မင်းတို့ နှစ်ယောက် တွဲနေကြတယ်လို့ ငါတောင် ထင်နေတာ..."
လျူကျန့်ကော်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။
"အဲ့လို မဟုတ်ပါဘူး... သူ့ရဲ့ အစ်ကိုကလည်း စက်မှုပညာရပ်ကို လေ့လာနေ တာလေ... သူ့အစ်ကိုက နားမလည်တဲ့ အခက်အခဲတွေ ရှိနေလို့ သူက တစ် ဆင့် ငါ့ကို လာရှာတာပါ... အဲ့ဒါကြောင့် ငါက သူ့ကို တစ်ခါ၊ နှစ်ခါလောက် ရှင်း ပြပေးခဲ့တာပဲ ရှိပါတယ်..."
ကျိုးချန်ယဲ့သည် လျူကျန့်ကော်က စေတနာနှင့် သတိပေးနေခြင်းဖြစ်ကြောင်း သိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤခေတ်ကာလတွင် ဂုဏ်သိက္ခာမှာ အလွန်တရာ အရေးကြီးသောကြောင့် ဖြစ်ပေသည်။
ထို့အပြင် ချင်းရှောင်ယွန်းသည် ဤအကြောင်းပြချက်ကို အသုံးပြု၍ မူလ ပိုင်ရှင်အား ချဉ်းကပ်ခဲ့ခြင်းမှာ အမှန်ပင်ဖြစ်ပြီး မူလပိုင်ရှင်မှာလည်း ဤအချိန် ၌ ချင်းရှောင်ယွန်းနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်လေသည်။
သို့သော် ယခုအခါတွင် သူသည် ဤခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိ လာ ပြီဖြစ်ရာ ယခင်ဘဝက သူမ ပြုလုပ်ခဲ့သမျှအတွက် ပြန်လည်ပေးဆပ်စေရ မည်ဖြစ်ပြီး ယခုအချိန်သည် ချင်းရှောင်ယွန်းနှင့် အဆက်အသွယ် ဖြတ်ရန် အတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေတော့သည်။
"ကောင်းပြီလေ... မင်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိရင်တော့ ပြီးတာပါပဲ..."
လျူကျန့်ကော်က ပြောလိုက်လေသည်။
"မီးပိတ်ဖို့ အချိန်နီးပြီ... အားလုံး အမြန်သွားပြီး မျက်နှာသစ်… ခြေလက်ဆေး ကြတော့လေ..."
လီဝေကျွင်းက သူ၏ ကြွေဇလုံကို တစ်ဖက်က ကိုင်ရင်းနှင့် လူတိုင်းကို သတိ ပေးလိုက်လေ၏။
အားလုံးသည်လည်း မိမိတို့၏ တစ်ကိုယ်ရေသုံး ပစ္စည်းများကို ယူဆောင်ကာ ရေချိုးခန်းရှိရာသို့ လျှောက်လှမ်းသွားကြလေတော့သည်။